← Chapters

နတ်ဘုရားပြစ်ဒဏ်ဟာ ကပ်ဘေးလည်း ဟုတ်သလို ကံကောင်းမှုတစ်ခုလည်း ဖြစ်တယ်…

Vol. 99 Ch. 1357

နတ်ဘုရားပြစ်ဒဏ်ဟာ ကပ်ဘေးလည်း ဟုတ်သလို ကံကောင်းမှုတစ်ခုလည်း ဖြစ်တယ်…

Vol. 99 Ch. 1357

ဝမ်လင်း၏စိတ်ဝိညာဉ် ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့အတွင်း ဝင်ရောက်လာချိန်တွင် သူ တာအိုနယ်ပယ်ထဲ မဝင်ရောက်ခင်က ချိပ်ပိတ်နယ်မြေအရှင်သခင်ကို တွေ့မြင်လိုက်ရသည်။ ချိပ်ပိတ်နယ်မြေအရှင်သည် ချိပ်ပိတ်နယ်မြေအစီအရင်သည် သူ့နောက်ဆုံးနားခိုရာနေရာဟု ပြောခဲ့ဖူးလေ၏။

ဝမ်လင်းသည် ချိပ်ပိတ်နယ်မြေအစီအရင်ကို ချိုးဖျက်ဖို့ ယုံကြည်ချက်ရှိနေခြင်းမှာ သည်ချိပ်ပိတ်နယ်မြေအရှင်ကြောင့်လည်း ပါဝင်ပေသည်။ ဤက နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို ငှားယမ်းမည့် နည်းလမ်းအပြင် နောက်ထပ်နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

သူ့နတ်ဘုရားအာရုံ ပျံ့နှံ့လာသည်နှင့် သူ့မူလစိတ်ဝိညာဉ်ထဲတွင် ပျောက်ကွယ်နေသော ကောင်းကင်ဘုံဆန့်ကျင်ခြင်းပုတီးစေ့ ရုတ်တရက် ပေါ်လာတော့သည်။ ၎င်း ပေါ်လာသည်နှင့် အတွင်းမှ ကျောက်စိမ်းပြားတစ်ခုသည် ဝမ်လင်း၏ခန္ဓာကိုယ်ထံ ပျံသန်းထွက်လာသည်။

ထိုကျောက်စိမ်းပြား ပေါ်လာသည်နှင့် ကောင်းကင်နှင့်မြေကြီးပင် တုန်ရီလှုပ်ခါ ရသည်။ ကားချပ်ရှစ်ခုနတ်ဘုရားပြစ်ဒဏ်သည်ပင် လှုပ်ခါသွားရ၏။

နတ်ဆိုးကလန်အစီအရင်အတွင်း၌ မြင့်မြတ်သောအကြီးအကဲသည် သူ့ နတ်ဘုရားအာရုံကို ဖြန့်ကျက်ထားကာ နတ်ဘုရားပြစ်ဒဏ်ကို လေ့လာနေရင်း သည်ပြစ်ဒဏ်ကို ဖြတ်ကျော်နေသော ဝမ်လင်းကို အာရုံစိုက်နေမိ၏။ ကျောက်စိမ်းပြားကို တွေ့မြင်လိုက်ရသည့်အခါ ထိုသက်လတ်ပိုင်းလူ၊ မြင့်မြတ်သောအကြီးအကဲသည် တဒင်္ဂတုန်ယင်သွား၏။

ရုတ်တရက် သူ့မျက်လုံးများ ပြူးကျယ်သွားကာ မယုံကြည်နိုင် တုန်လှုပ်မိ၏။

“ကလန်ခေါင်းဆောင်ရဲ့ ကျောက်စိမ်းပြား။ သူ…သူ့ရှိမှာ ကလန်ခေါင်းဆောင်ရဲ့ ကျောက်စိမ်းပြား အမှန်တကယ် ရှိနေတာပဲ။ သူက ကလန်ခေါင်းဆောင် ယာထားခံရတဲ့ အမွေဆက်ခံသူများ ဖြစ်နေမလား…”

သက်လတ်ပိုင်းလူသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင့်ကြံခဲ့ပြီး ဖြစ်ကာ စိတ်လှုပ်ရှားခဲသည်။ သို့ပေမည့် ခုချိန်တွင် သူသည် တုန်လှုပ်မိကာ သူ့မျက်နှာသည်ပင် စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေသည်။

သူသည် တွေဝေမနေဘဲ ရှေ့သို့ ခြေလှမ်းကာ အကာအကွယ်အစီအရင်ကို ချိုးဖျက်၍ ကြယ်ရောင်စုံကောင်းကင်ထဲသို့ တိုးဝင်လိုက်သည်။ ထို့နောက် သူသည် နောက်ထပ်ခြေလှမ်းကာ ဟင်းလင်းပြင်အက်ကြောင်းအတွင်း ဝင်ရောက်လာပြီး ချိပ်ပိတ်နယ်မြေအစီအရင်ဘေးနားရှိ ဟင်းလင်းပြင်နေရာထံ ရောက်ရှိလာသည်။

သူ ရောက်ရှိလာသည်နှင့် ကျောက်စိမ်းပြားထံမှ အလင်းသည် လေဟာနယ်နေရာတွင် ပျံ့နှံ့ကာ လောကကို ထောက်ပိုးထားနိုင်သော ဧရာမသစ်ပင်ကြီးတစ်ပင် ပေါ်လာခဲ့သည်။

ထိုသစ်ပင်ကြီး ထွက်ပေါ်လာမှုက ဟင်းလင်းပြင်ကိုပါ တုန်ယင်စေ၏။ ကားချပ်ရှစ်ခုမှာ ဆန်းကြယ်သောအားတစ်ခု၏ ခြုံလွှမ်းခြင်း ခံရပြီး လှုပ်ရှားမှုအားလုံး ရပ်တန့်သွားသည်။

ထိုသစ်ပင်ကြီးသည် ဟင်းလင်းပြင်တွင် ပြည့်နှက်နေလောက်အောင် ကြီးမားလွန်းသည်။ ယင်းအပင်ပေါ်တွင် အဘိုးအိုတစ်ယောက်၏မျက်နှာအသွင် တဖြည်းဖြည်း ပေါ်လာ၏။

“ကလန်ခေါင်းဆောင်…” နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲသည် ထိုသစ်ပင်ကြီးကို စိတ်လှုပ်ရှားစွာ ကြည့်၏။ သူ့မျက်လုံးထဲတွင် အတိတ်အရိပ်တို့ ပြည့်ဖုံးနေသည်။

ထိုသစ်ပင် ပေါ်လာသည်နှင့် အဆင့်ကိုးဒေသတွင် လှုပ်ခတ်မှုကြီး ဖြစ်လာပေပြီ။ နတ်ဘုရားကလန်တွင် တာအိုပညာရှင်ရေသည် မူလတုန်းက အဆတ်မပြတ်အော်ဟစ်နေ၏။ သို့ရာတွင် ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် တုန်ရီကာ သူ့မျက်နှာထက်တွင် ကြောက်ရွှံ့မှုတို့ ပြည့်နှက်ကုန်သည်။

“ဆရာ…”

နတ်ဘုရားပြစ်ဒဏ်၏စွမ်းအားကို တိတ်တဆိတ် ဝါးမြိုနေသော ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာတစ်ပါးလည်း ရှိနေသေး၏။ သို့သော် သည်အခိုက်တွင် သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားပြီး မသေချာမရေရာဟန် ပြည့်နှက်သွားသည်။

“ချိပ်ပိတ်နယ်မြေရဲ့ အရှင်သခင်…”

ကြယ်များကြားတွင် ကောင်းကင်ဘုံချိုးဖျက်ခြင်းကလန်ခေါင်းဆောင်သည် လှမ်းလာနေ၏။ သည်အခိုက်တွင် သူလည်း ရပ်တန့်သွားသည်။ သူသည် ရှေ့တည့်တည့်သို့ ကြည့်ကာ စတင်စဉ်းစား၏။ သူ့အမူအရာမှာ အလေးအနက် ဖြစ်လာသည်။

ဟင်းလင်းပြင်ထဲ၌ သစ်ပင်ကြီးထက်ရှိ မျက်နှာထံမှ ရှေးဟောင်းအော်ရာတစ်ခု ပေးစွမ်းနေသည်။ သူသည် သူ့ဘေးပတ်ပတ်လည်သို့ ကြည့်၏။ နောက်ဆုံးတွင် သူ့အကြည့်သည် ချိပ်ပိတ်နယ်မြေအစီအရင်ထံ ကျရောက်သွားသည်။

အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချကာ ရှေးဟောင်းဆန်သော၊မောပန်းဟန်ရသော အသံတစ်ခုကို ထုတ်ဖော်သည်။

“ဆန်းကြယ်တောက်ပခြင်း…”

နတ်ဆိုးကလန်၏ မြင့်မြတ်သောအကြီးအကဲသည် တုန်ယင်ကာ အတိတ်ကို ပြန်ရောက်ရှိသွားသည့်အလား။

“ငယ်သား ဒီမှာ ရှိပါတယ်…” သူသည် တွေဝေမဆိုင်း ပြန်ဖြေ၏။

“ငါ့တာအိုရတနာကို အသုံးပြုပြီး တိမ်ပင်လယ်ကို စုစည်းပါ…အင်အားစုအားလုံးကို အဆင့်သို့ ဖြစ်နေပါစေ…။ ပြင်ပနယ်မြေနဲ့ စစ်ပွဲဟာ မကြာခင် ဖြစ်လာတော့မယ်။ ပုန်ကန်သူမှန်သမျှကို သတ်ပစ်လိုက်…”

နတ်ဆိုးကလန်၏မြင့်မြတ်သောအကြီးအကဲသည် တုန်ယင်ကာ အပေါ်သို့ မော့ကြည့်၏။ သူ့မျက်လုံးထဲတွင် အေးစက်မှုတစ်ခု ဖျပ်ခနဲ ပေါ်ကာ သူက လှမ်းအော်ပြောသည်။ “အမိန့်တိုင်းပါ…”

“ငါ့အမိန့်အရ တိမ်ပင်လယ်ကို ပြင်ဆင်ပြီးရင် ကျန်တဲ့ ကြယ်အဖွဲ့အစည်းသုံးခုရှိ သွားပြီး အရှင်တောင်ဘက်တိမ်၊ အရှင်ရှန်နီ၊ အရှင်ကောင်းကင်စစ်ပွဲတို့ကို သွားရှာပါ။ သူတို့ကို အတိတ်က သဘောတူညီမှုကို ဖြည့်ဆည်းပေးဖို့ ပြောပြလိုက်…”

“အခြားကြယ်အဖွဲ့အစည်းသုံးခုကို မင်းအနေနဲ့ အမြန်ဆုံး စုစည်းပေးတာ ငါ လိုချင်တယ်။ လေ၊မိုး၊မိုးကြိုးနဲ့ လျှပ်စီးကောင်းကင်ဘုံနယ်မြေတို့ကို တစ်ခုတည်းအဖြစ် စုစည်းပြီး တိုက်ခိုက်ဖို့လုပ်။ မဟာစစ်ပွဲကြီး မကြာခင် စတင်တော့မယ်…”

“အရှင် အမိန့်တိုင်းပါ…” နတ်ဆိုးကလန်၏မြင့်မြတ်သောအကြီးအကဲသည် စိတ်လှုပ်ရှားနေမိသည်။

ဧရာမသစ်ပင်ကြီးထက်ရှိ ရှေးဟောင်းမျက်နှာသည် အကွာအဝေးတစ်ခုထံသို့ လှမ်းကြည့်သည်။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ဆို၏။ “တာအိုကျေးကျွန်…မင်းက ဒီကိစ္စမှာ နတ်ဆိုးကလန်ကို ကူညီပေးရင် ဒီအဘိုးအိုက မင်းကို မသတ်တော့ဘူး…”

နတ်ဘုရားကလန်၏ လျှို့ဝှက်ခန်းထဲတွင် တာအိုပညာရှင်ရေသည် တုန်ယင်နေသည်။ သူ့နှဖူးထက်တွင် ချွေးများ ရွှဲနစ်နေ၏။ သူသည် ဒူးထောက်လိုက်ကာ မြေပြင်ထက်သို့ ဦးညွတ်လိုက်သည်။

“မိစ္ဆာအရှင်…သင်က ပြင်ပနယ်မြေကနေ ပြေးလာခဲ့ရပြီး ငါက သင့်ကို တစ္ဆေကလန်တစ်ခုလုံးကို ပေးအပ်ခဲ့ပြီး သင့်တပည့်ကို သင့် ပြန်ကုသဖို့အတွက် ကူညီပေးခိုင်းခဲ့တယ်။ အခု သင်ဟာ ပြန်ကောင်းမွန်လာပြီး ကြယ်ကိုးလုံးရှေးဟောင်းမိစ္ဆာ ဖြစ်လာခဲ့ပြီ။ အခု ငါတို့ သဘောတူညီမှုကို ဖြည့်ဆည်းပေးရမယ့် အချိန်ကျပြီ…”

တစ္ဆေကလန်၏အပြင်ဘက်ရှိ ရှေးဟောင်းမိစ္ဆာအရိပ်သည် လင်းလက်သွား၏။ အနည်းငယ် စဉ်းစားပြီးနောက် သူက ခေါင်းညိတ်လိုက်သည်။ သူသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ပြင်ပနယ်မြေရှိရာသို့ လှမ်းကြည့်သည်။ သူ့မျက်လုံးထဲတွင် အေးစက်မှု လှစ်ခနဲ ပေါ်ကာ အမုန်းတရား လင်းလက်သွားသည်။

ထိုကဲ့သို့ ပြောဆိုပြီးသည့်နောက် ဧရာမသစ်ပင်ကြီးပေါ်ရှိ မျက်နှာမှာ ဝမ်လင်းကို လေးနက်စွာ ကြည့်၍ နူးညံ့စွာ ပြောလိုက်သည်။ “နတ်ဘုရားပြစ်ဒဏ်ဟာ ကပ်ဘေးတစ်ခု ဖြစ်သလို ကံကောင်းမှုတစ်ခုလို့လည်း ဆိုနိုင်တယ်။ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေရဲ့ စည်းမျဉ်းကြောင့် ငါက မင်းကို ဒီထက့် ပိုမပြောပြနိုင်ဘူး။ မင်းကိုယ်မင်း ဂရုစိုက်ပါ။ နတ်ဘုရားပြစ်ဒဏ်ဟာ ရှေးဟောင်းကောင်းကင်ဘုံနယ်မြေကနေ လာခဲ့တဲ့တစ်စုံတစ်ရာတော့ မဟုတ်ဘူး။ ကောင်းကင်ဘုံအင်ပါယာတောင် သူ့နတ်ဘုရားပြစ်ဒဏ်ကို ပိုင်ဆိုင်တယ်…”

“ရှေးဦးအချိန်တွေထဲက နတ်ဘုရားပြစ်ဒဏ်တွေ ရှိတယ်။ လောက အစပြုချိန်ကတည်းက၊ သေဆုံးသွားတဲ့ကောင်းကင်ဘုံတာအို အစပြုစဉ်ကတည်းကပေါ့။ မင်း ရင်ဆိုင်နေရတဲ့ နတ်ဘုရားပြစ်ဒဏ်ဟာ သေးငယ်လှတဲ့နတ်ဘုရားပြစ်ဒဏ်တစ်ခုပဲ။ မဟာနတ်ဘုရားပြစ်ဒဏ် မဟုတ်သေးဘူး။ သက်ရှိအားလုံးကို ဖျက်စီးပစ်နိုင်တဲ့ ဂျီနတ်ဘုရားပြစ်ဒဏ် မဟုတ်သေးဘူး…”

ထိုသို့ ပြောနေရင်း သူ့မျက်လုံးသည် ဖြည်းဖြည်းချင်း ပျက်စီးသွားသည်။ ဧရာမသစ်ပင်ကြီးလည်း လေဟာနယ်အတွင်း ကွယ်ပျောက်သွားသည်။

ကျောက်စိမ်းပြားသည် သလင်းအလင်းတစ်ခုအဖြစ် ပြောင်းကာ ချိပ်ပိတ်နယ်မြေအစီအရင်ပေါ်သို့ ကျရောက်သည်။ ချိပ်ပိတ်နယ်မြေအစီအရင်သည် လွန်စွာတောက်ပကာ တုန်ယင်၏။ အစီအရင်၏ ရတနာစိတ်ဝိညာဉ်များသည် ထိုသလင်းအလင်းကို ခုခံရန်အလို့ငှာ တစ်ခုပြီးတစ်ခု ပေါ်လာကြတော့သည်။

သို့ရာတွင် ကျောက်စိမ်းပြားအတွင်းရှိ စွမ်းအားသည် အလွန်တရာ ဆန်းကြယ်သည်။ ၎င်းသည် တဖြည်းဖြည်းဖြင့် မရေမတွက်နိုင်သော အစိမ်းရောင်အမျှင်တန်းများအဖြစ် ပြောင်းလဲကာ ဧရာမချိပ်ပိတ်နယ်မြေအစီအရင်အနှံ့ ပျံ့နှံ့သွားသည်။ ထို့နောက် ၎င်းသည် တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားလေ၏။

အစိမ်းရောင်အမျှင်တန်းများ ပျောက်ကွယ်သွားသည်နှင့် လေထဲတွင် တန့်နေသော ကားချပ်ရှစ်ခုသည် ဟိန်းမြည်သံ ပြုကာ ဝမ်လင်းထံ တဖန် တိုးဝင်လာတော့သည်။

“နတ်ဘုရားပြစ်ဒဏ်ဟာ ကပ်ဘေးဟုတ်သလို ကံကောင်းမှုလည်း ဟုတ်တယ်။ ကောင်းကင်ဘုံရဲ့ ဂျီနတ်ဘုရားပြစ်ဒဏ်။ ဂျီနတ်ဘုရားပြစ်ဒဏ်…ဂျီနယ်ပယ်…”

ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွားကာ ကားချပ်ရှစ်ခုကို စူးစိုက်ကြည့်သည်။ သူ့မျက်လုံးသည် ပိုပိုတောက်ပလာ၏။ သူသည် တစ်ခုခုကို ဖမ်းဆုပ်မိလိုက်သည့်အလား။ သို့သော် မသေချာပေ။

“မင်းရဲ့ ခုလက်ရှိ ကျင့်ကြံမှုနဲ့ ဂျီနယ်ပယ်အကြောင်း စိတ်မဝင်စားနဲ့အုံး။ မင်း နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ရောက်တဲ့အချိန်မှသာ မင်းက ဒီနယ်ပယ်ကို နတ်ဘုရားပြစ်ဒဏ်ကနေ နားလည်နိုင်လိမ့်မယ်…” ဝမ်လင်း၏စီနီယာအစ်ကိုဖြစ်သူ ကောင်းကင်ဘုံအရှင်ချင်းရွှေ၏ စကားများကို သူ ပြန်ကြားယောင်မိလာသည်။

ကားချပ်ရှစ်ခုစက်ဝန်းသည် ဝမ်လင်းနှင့် နီးကပ်နေပေပြီ။ ဝမ်လင်း၏အမူအရာသည် မြန်ဆန်စွာ ပြောင်းလဲသွား၏။ ထိုစက်ဝန်းနီးကပ်လာသည်နှင့် သူ့မျက်လုံးထဲတွင် ရူးသွပ်မှု လှစ်ပေါ်ထွက်လာ၏။ သူသည် ဆုံးဖြတ်မှုတစ်ခု ပြုလုပ်လိုက်သည်။

“ငါ ဒါကို မခုခံတော့ဘူး…” ဝမ်လင်းသည် ထိုစက်ဝန်းနီးကပ်လာသည့်အခါ ခုခံရန် လက်လျှော့လိုက်ပြီး သူသည် မာန်သွင်းသံ ပြု၏။ ၎င်းစက်ဝန်းသည် သူ့ပေါ်တွင် ခပ်နှိပ်သွားလေ၏။ ၎င်းက ချက်ခြင်း ပျက်စီးကာ စာလုံးရှစ်လုံးအဖြစ် ပြောင်းလဲပြီး ဝမ်လင်း၏အရေပြားနှင့်သွေးကြေများအတွင်းသို့ ထွင်းဖောက်သွားသည်။

ကားချပ်ရှစ်ခုတွင် ကောင်းကင်နှင့်မြေကြီး ပါဝင်၏။ ထို့ကြောင့် ယင်းတို့သည် ကိုယ်ပိုင်လောကများ ရှိကြသည်။ ယင်းကားချပ်ရှစ်ခု ဝမ်လင်း၏ခန္ဓာကိုယ်ထဲ ခပ်နှိပ်သွားသည်နှင့် ဝမ်လင်း၏ခန္ဓာကိုယ်ကို ပျက်စီးသွားစေလုနီးနီး အစွမ်းထက်အားတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူသည် သွေးအန်လိုက်ရသည်။ ကားချပ်ရှစ်ခုမှာ အရင်က နန်းတော်ကိုးခုနှင့် သမူဟ ဖြစ်ကာ အံ့မခန်းချိပ်ပိတ်မှုတစ်ခု ဖြစ်တည်သည်။

ယင်းတို့သည် ဝမ်လင်း၏ခန္ဓာကိုယ်အတွင်းပိုင်းကို အရူးအမူး စတင် ဖျက်စီးလေသည်။

ကံကောင်းစွာဖြင့် ရှေးဟောင်းနတ်ဘုရားတစ်ပါးအနေဖြင့် သူ့ပြန်ကောင်းမွန်နှုန်းမှာ တုန်လှုပ်ဖို့ ကောင်းနေခြင်းပင်။ နန်းတော်ကိုးခု၊ကားချပ်ရှစ်ခု၏ တိုက်ခိုက်မှုများအောက်၌ ဝမ်လင်းသည် ကြမ်းတမ်းစွာ ဟိန်းသံ ပြု၏။ သူ့သွေးကြောများ ဖောင်းကြွနေကာ သူသည် အလျင်အမြန် ပြန်ကောင်းမွန်နေသည်။

သို့သော်လည်း ကားချပ်ရှစ်ခုမှာ အလွန်ထူးဆန်းသည်။ ယင်းတို့သည် ရုတ်တရက် ကားချပ်(၆၄)ခုအဖြစ်သို့ ပွားကာ ဆက်တိုက် ပြောင်းလဲသည်။ ထို့နောက် ကားချပ်(၁၂၈)ခုအဖြစ် ပြောင်းလဲ၏။ ထို့နောက် အဆုံးမရှိ ထပ်မံ ပြောင်းလဲတော့သည်။

ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း၌ တစီစီအသံများ ပဲ့တင်ထပ်၏။ သူ့ပေတစ်သောင်းခန္ဓာကိုယ်သည် ထိုကားချပ်စာလုံးများဖြင့် ဖုံးအုပ်နေသည်။ သွေးများ သူ့ခန္ဓာကိုယ်အနှံ့မှ ပန်းထွက်၏။

ဝမ်လင်းသည် ဝဲကတော့အတွင်းရှိ လေဟာနယ်နေရာသို့ မော့ကြည့်လျက် မာန်သွင်းကာအော်ဟစ်လိုက်သည်။ “နန်းတော်ကိုးခု၊ကားချပ်စာလုံးရှစ်ခုလောက်နဲ့ ငါ့ကို မသတ်နိုင်ဘူးကွ။ ဒီထက် ပိုအစွမ်းထက်တဲ့ နတ်ဘုရားပြစ်ဒဏ် ရှိသေးလား…။ ရှိရင် လာစမ်းပါ…”

သူ ထိုကဲ့သို့ မာန်သွင်းအော်ဟစ်လိုက်ချိန်တွင် ဝဲကတော့သည် မြည်ဟိန်းလာကာ အတွင်းမှ အလင်းတန်းခုနစ်ခု ထွက်ပေါ်လာ၏။ ထိုအလင်းတန်းခုနစ်ခုသည် ကြယ်အလင်းများပင်။

ထိုကြယ်အလင်းသည် တောက်ပ၏။ ၎င်းကြယ်အလင်းများ ဝဲကတော့ထဲမှ တဟုန်ထိုး ထွက်လာသည်နှင့် ကျင်ကြံခြင်းဂြိုဟ်ခုနစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ ယင်းတို့သည် နန်းတော်ကိုးခုကဲ့သို့ ဥက္ကာခဲများ မဟုတ်ဘဲ အစစ်အမှန်ကျင့်ကြံခြင်းဂြိုဟ်များ ဖြစ်ကြသည်။

ကျင့်ကြံခြင်းဂြိုဟ်ခုနစ်ခုသည် လွန်စွာတောက်ပ၍ ခုနစ်စင်ကြယ်အသွင် ဖွဲ့တည်၏။

နန်းတော်ကိုးခုနှင့် ကားချပ်ရှစ်ခုတို့ ပြီးနောက် အခု ခုနစ်စင်ကြယ် ထွက်ပေါ်လာပြန်ပြီ။ ထိုကြယ်ခုနစ်လုံးမှာ ဂရိအက္ခရာစဉ် အယ်ဖာ၊ဘီတာ၊ဂမ္မာ..စသဖြင့် နာမည်ရ၏။

“ကြယ်ခုနစ်လုံး…အသင်္ချေ…” ခပ်ဝါးဝါးအသံ ထွက်ပေါ်လာသည်နှင့် ကြယ်ခုနစ်လုံးသည် ရူးသွပ်ဖွယ်တောက်ပကာ လေဟာနယ်ကို ထွင်းဖောက်၏။ ယင်းတို့၏အလင်းသည် ကြယ်ရောင်စုံကောင်းကင်၊ တိမ်ပင်လယ်တို့ကို ထွင်းဖောက်ပြီး အခြားကြယ်အလင်းများနေရာတွင် အစားထိုးသည်။ လောကရှိ ကြယ်အလင်းမှ ဤကြယ်ခုနစ်လုံး၏ စုပ်ယူခြင်း ခံလိုက်ရပြီး ကောင်းကင်ဘုံတုန်လှုပ်ဖွယ်သတ်ဖြတ်ခြင်းဆန္ဒ ဖြစ်ပေါ်လာ၏။

ဤကား ကြယ်ခုနစ်လုံးသတ်ဖြတ်ခြင်းဆန္ဒ၊ ခုနစ်စင်ကြယ်သတ်ဖြတ်သူခွန်အားတည်း။

ကြယ်ခုနစ်လုံးသည် သတ်ဖြတ်လိုစိတ်ဖြစ်ကာ ခုနစ်စင်ကြယ်မှာ သတ်ဖြတ်သူလော။ ယင်းက ချိပ်ပိတ်မှုတစ်ခု မဟုတ်တော့၊ သတ်ဖြတ်ဖို့သာ ဖြစ်တော့၏။ ကြယ်ခုနစ်လုံး ချဉ်းကပ်လာသည်နှင့် အမြှီးတန်းခုနစ်ခုအသွင် ပြောင်းကာ ဝမ်လင်းထံ တိုးဝင်လာသည်။ ယင်းတို့သည် ဝမ်လင်းထံ တိုးဝင်လာသော ဓားခုနစ်လက်အလား။

ဤအခိုက်မှာပင် ခပ်ဝါးဝါးအသံသည် ထပ်မံ ထွက်ပေါ်လာပြန်၏။

“ဦးတည်ရာခြောက်ခု…အသင်္ချေ…”

ထီးတည်းနေရာရှစ်ခု၊ဦးတည်ရာခြောက်ခု။ အတူတကွ ပေါင်းစည်းခြင်းမှာ စကြဝဠာမည်မျှ အထီးကျန်ဖို့ကောင်းသည်ကို ကိုယ်စားပြုခြင်းပင်။

ဦးတည်ရာခြောက်ခုကနေ လွတ်မြောက်နိုင်သည့်အရာဟူ၍ မရှိချေ။ သင့်ခန္ဓာကိုယ် ပျက်စီးသွားခဲ့လျှင်ပင် သင့်မူလစိတ်ဝိညာဉ်သည် လွတ်မြောက်နိုင်မည် မဟုတ်ပါ။ ယင်းက ကောင်းကင်ဘုံချိပ်ပိတ်ခြင်းအစီအရင်တစ်ခု မည်၏။ ၎င်းအစီအရင်၏ ဝန်းရံခြင်းခံရပါက သင်သည် တိုက်ခိုက်ရန်တစ်ခုသာ ရှိတော့မည် ဖြစ်သည်။

အဘက်ဘက်မှ ဧရာမလိပ်ခွံခြောက်ခု ပေါ်လာပြီး ဝမ်လင်းထံ ဦးတည်ဝင်လာ၏။

သို့ရာတွင် ဦးတည်ရာခြောက်ခုဟူသော အသံ ထွက်ပေါ်လာပြီးနောက် ခပ်ဝါးဝါးအသံသည် ထပ်မံ ထွက်ပေါ်လာပြန်သည်။

“ဒြပ်စင်ငါးခု…အသင်္ချေ…”

သတ္တု၊သစ်သား၊ရေ၊မီးနှင့်မြေကြီး။ ယင်းတို့သည် ကားချပ်ရှစ်ခုနှင့်အတူ ထပ်၍ ပေါ်လာကြသော်လည်း လုံးဝ ခြားနားပေ၏။ ဒြပ်စင်ငါးခုမှာ လောက၏အစိတ်အပိုင်း မဟုတ်လား။ ဒြပ်စင်ငါးခုသာ မရှိပါက လောကသည် ပြိုပျက်စီးပေလိမ့်မည်။

ထိုစကားလုံးများ ပဲ့တင်ထွက်လာပြီးနောက် အလင်းတန်းငါးခု ရုတ်တရက် ပေါ်လာကာ ဧရာမလက်ဝါးရာငါးခု ဖြစ်ပေါ်သည်။ ထိုလက်ဝါးရာများသည် ဒြပ်စင်ငါးခုကို ကိုယ်စားပြုပေသည်။

သတ္တုလက်ဝါးသည် ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားပစ်နိုင်သည့်စွမ်းအား ရှိ၏။ ၎င်း ပေါ်လာသည်နှင့် ဘက်မရွေးသောစွမ်းအားကို ပေးစွမ်းသည်။ သစ်သားလက်ဝါးကတော့ အသက်ဓာတ်နှင့် ပြည့်ဝ၏။ ၎င်းသည်‌ သေခြင်းနှင့်ရှင်ခြင်းကြား ပြောင်းလဲမှုကို ဆက်တိုက်ဖြစ်ပေါ်စေလျက် သေခြင်းရှင်ခြင်းစွမ်းအားတစ်ခု ဖွဲ့တည်၏။

ရေနှင့်မီးလက်ဝါးတို့ကမူ ဆန့်ကျင်ဘက်အထွတ်အထိပ်ကို ဆောင်၏။ ကြောက်မက်ဖွယ်လှိုင်းများ၊ အတောမသပ်နိုင်သည့် မီးတောက်များသည် ထိုဧရာမလက်ဝါးအသွင် ဖွဲ့တည်ကာ ဝမ်လင်းထံ တိုးဝင်လာခြင်းသာ။

နောက်ဆုံးကတော့ မြေလက်ဝါးပင်။ ၎င်းသည် မြေကြီးထုကဲ့သို့ အလွန်တရာ လေးလံ၏။ ၎င်း ပေါ်လာသည်နှင့် ကြယ်များကြီးရှိ မြေကြီးစွမ်းအားအားလုံးကို စုစည်းကာ မဖျက်စီးနိုင်သောအော်ရာတစ်ခုကို ပေးစွမ်းလေသည်။

***

All Chapters