← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အပိုင်း (၁) နှစ်လပိုင်း၏ ဆယ့်နှစ်ရက်မြောက်နေ့

နှစ်လပိုင်း၊ ဆယ့်နှစ်ရက်မြောက်နေ့….

နွေဦးရာသီ၏ အလယ်ကာလဖြစ်သော မောင်းလ (အရှိန်အဟုန် အကောင်းဆုံးလ)တွင် သတ္တဝါတို့သည် ဆောင်းခိုရာမှ နိုးထလာကြ၏။

ဤကဲ့သို့ နွေဦး၏ ချမ်းစိမ့်စိမ့် ရာသီဥတုတွင် မြစ်ပြင်ထက်မှ တိုက်ခတ်လာသော လေအေးများသည် ဓားသွား တစ်ချောင်းကဲ့သို့ ထက်ရှလှ၏။ တောင်တန်းပေါင်း သိန်းချီတို့သည်လည်း ခြောက်သွေ့နေသော သင်္ချိုင်းဂူများပမာ တိတ်ဆိတ်ငြိမ်သက်နေသည်။

ယင်ရိမြစ်ကမ်းဘေးတွင် ခရိုင်မြို့တစ်မြို့ ရှိသည်။ ထိုမြို့ကို ချန်ခရိုင်ဟု ခေါ်၏။

ချန်ခရိုင်၏ မြောက်ဘက်တောင်စောင်းရှိ မညီမညာဖြစ်နေသော တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် အမွှေးတိုင် သုံးတိုင်ကို စိုက်ထူထားပြီး သေလွန်သူများအတွက် ရည်စူးသော စက္ကူပိုက်ဆံများကို ကြဲဖြန့်ထားသည်။

ကြမ်းတမ်းသော ချည်ထည် အဝတ်များကို ဝတ်ဆင်ထားသည့် အမျိုးသားနှစ်ဦးသည် ကျင်းတစ်ခုဘေးတွင် ဆောင့်ကြောင့်ထိုင်နေကြသည်။ သူတို့၏ ခြေရင်းတွင်မူ ပေါက်ပြားများနှင့် တူးဆွထားခါစ ရွှံ့မြေများ ရှိနေ၏။

ဤအချိန်တွင် လူနှစ်ဦးစလုံးသည် စကားတစ်ခွန်းမှ မဆိုကြဘဲ မြေကျင်းထဲရှိ အဖြူရောင်သုတ်ထားသော သစ်သားခေါင်းတလားကိုသာ စိုက်ကြည့်နေကြသည်။

ပြည်သူလူထု၏ ဓလေ့ထုံးတမ်းများအရ ခေါင်းတလားများကို အနီ၊ အဖြူ၊ အနက်၊ အဝါ၊ ရွှေရောင် စသည်ဖြင့် အရောင်ငါးမျိုး ခွဲခြားထားသည်။ ထိုအရာတို့တွင် တင်းကျပ်သော သတ်မှတ်ချက်များ ရှိ၏။

ဥပမာအားဖြင့် သက်တမ်းစေ့၍ ကွယ်လွန်သွားသော သက်ကြီးရွယ်အိုများ၏ အသုဘဖြစ်ပါက အနီရောင် ခေါင်းတလားကို အသုံးပြုကြသည်။

သဘာဝမဟုတ်ဘဲ သေဆုံးသူများ သို့မဟုတ် စစ်မြေပြင်တွင် ကျဆုံးသူများအတွက် အနက်ရောင် ခေါင်းတလားကို အသုံးပြုကြသည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်သည် ရေဓာတ်ကို ကိုယ်စားပြုပြီး မကောင်းဆိုးဝါး များကို ဖိနှိပ်နိုင်သောကြောင့်ပင်။

ဆင်းရဲနွမ်းပါးသူများမှာမူ ခေါင်းတလားဝယ်ရန် ငွေမရှိသောကြောင့် အလောင်းကို ဖျာဖြင့်လိပ်၍ဖြစ်စေ၊ သစ်သားပြားအချို့ဖြင့် ရိုးရှင်းသော ခေါင်းတလားပြုလုပ်၍ဖြစ်စေ သင်္ဂြိုဟ်လေ့ရှိကြသည်။

ထိုအရာများသည် အများအားဖြင့် အဝါရောင်ရှိတတ်သောကြောင့် ဆင်းရဲသားများအတွက် အဝါရောင် ခေါင်းတလားကို သုံးကြခြင်းဖြစ်၏။

ရွှေရောင်ခေါင်းတလားမှာမူ မြင့်မြတ်သော အဆင့်အတန်းရှိသည့် တော်ဝင်မျိုးနွယ်များနှင့် မှူးမတ်များသာ သုံးစွဲနိုင်သည်။

နောက်ဆုံးတစ်ခုဖြစ်သော အဖြူရောင် ခေါင်းတလားအတွက်မူ ထူးခြားသော အဓိပ္ပာယ် သတ်မှတ်ချက် ရှိနေပြန်သည်။ ထိုအရာကို အိမ်ထောင်မပြုရသေးသော အမျိုးသမီးများနှင့် အမျိုးသားများအတွက်သာ အသုံးပြုခြင်း ဖြစ်၏။

သို့ပေမည့် ရွှမ်ကျီနှင့် ချန်ဖီတို့ ရရှိထားသော သဲလွန်စများအရ ဤသင်္ချိုင်းအသစ်တွင် မြှုပ်နှံထားသူမှာ မတော်တဆ ခြေချော်ကျ၍ သေဆုံးသွားသော ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ဖြစ်ရမည်။ အဖြူရောင်ခေါင်းတလား မဖြစ်သင့်ပေ။

ချန်ဖီ၏ နှုတ်ခမ်းနှစ်ခုသည် တဆတ်ဆတ် တုန်ယင်နေပြီး ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်၏။ “အစ်ကိုရွှမ်ကျီ... ဒါက ထူးဆန်းနေပြီ။ ဘယ်လိုလုပ်ပြီး အဖြူရောင်ခေါင်းတလား ဖြစ်နေရတာလဲ။ ဒီမှာ အသစ် မြှုပ်ထားတာက ကိုယ်ဝန်ဆောင်အမျိုးသမီးလို့ ပြောထားတာ မဟုတ်ဘူးလား။ အိမ်ထောင်မကျခင် ကိုယ်ဝန် ရသွားတဲ့ မိန်းမများလား။ ဒါမှမဟုတ် ကျုပ်တို့တွေ သင်္ချိုင်းဂူကို မှားတူးမိတာလား။”

အပျိုစင်မိန်းကလေးတစ်ဦးသည် အိမ်ထောင်မပြုရသေးဘဲ ကိုယ်ဝန်ရှိလာပါက မိဘများ၊ ဆွေမျိုးများနှင့် ဘိုးဘွားများက အရှက်ရစရာအဖြစ် သတ်မှတ်ကြသည်ကို သိထားရမည်။

ကိုယ်ပိုင်ပြစ်ဒဏ်ချမှတ်မှုများ ပေါများသော ဒေသအချို့တွင်ဆိုလျှင် ထိုကဲ့သို့သော မိန်းကလေးများကို ဝက်လှောင်ချိုင့်ထဲထည့်၍ ရေနှစ်သတ်သည့် ပြစ်ဒဏ်မျိုးပင် ပေးတတ်ကြ၏။

ထိုသို့ဆိုလျှင် မည်သူက သူမအတွက် အလောင်းကို သိမ်းဆည်းပြီး သင်္ဂြိုဟ်ပေးမည်နည်း။ ထို့ကြောင့် ဤကိစ္စသည် အလွန်ထူးဆန်းနေခြင်း ဖြစ်သည်။

ရွှမ်ကျီသည် အသက်သုံးဆယ်ကျော်အရွယ်ရှိ အရပ်မြင့်မြင့် တောင့်တောင့်တင်းတင်း အမျိုးသားတစ်ဦး ဖြစ်သည်။ ချန်ဖီ၏ အသက်မှာ ရွှမ်ကျီထက် အနည်းငယ်ငယ်ပြီး ပိန်ပိန်ပါးပါးနှင့် ကိုယ်ပိုင်ဆုံးဖြတ်ချက် မရှိသူ ဖြစ်၏။

ရွှမ်ကျီက ပြောလိုက်သည်။ “မင်းက ငါ့ကိုမေးတော့ ငါက ဘယ်လိုလုပ်သိမှာလဲ။ ငါက သူ့အဖေမှ မဟုတ်တာ။ ဘာပဲဖြစ်ဖြစ် ရောက်တော့ရောက်နေပြီပဲ။ သူ ဘာဖြစ်ဖြစ် ဂရုမစိုက်နဲ့။ ခေါင်းတလားအဖုံးကို ဖွင့်ဖို့ မြန်မြန်ဆင်းပြီး ကူညီစမ်းပါ။ အလုပ်မြန်မြန်ပြီးလေ လူကို နေမထိထိုင်မသာ ဖြစ်စေတဲ့ ဒီသင်္ချိုင်းကုန်းကနေ မြန်မြန်ထွက်သွားနိုင်လေပဲ။”

ရွှမ်ကျီသည် ချန်ဖီကိုခေါ်၍ မြေကျင်းထဲသို့ ဆင်းသွားပြီးနောက် လက်ဝါးထဲသို့ တံတွေးအကြိမ်အနည်းငယ် ထွေးချလိုက်၏။

မှောင်မည်းနေသော အလင်းရောင်အောက်တွင် သူတို့နှစ်ဦးသည် ပေါက်ပြားကိုအသုံးပြု၍ ခေါင်းတလားမှ သံမှိုများကို ဆွဲနှုတ်ကြ၏။ အရှေ့အနောက် ညီညီညွတ်ညွတ်ဖြင့် အားစိုက်ထုတ်ပြီးနောက် နောက်ဆုံးတွင် ခေါင်းတလားအဖုံးကို ခက်ခက်ခဲခဲဖြင့် ဖွင့်လှစ်နိုင်ခဲ့သည်။

သို့ပေမည့် ခေါင်းတလားကို ဖွင့်ပြီးနောက် မီးတုတ်ကိုကိုင်ကာ အဖြူရောင်ခေါင်းတလားထဲသို့ လှမ်းကြည့်လိုက်ချိန်မှာတော့ သူတို့နှစ်ဦးစလုံး အလွန်အမင်း အံ့အားသင့်သွားကြ၏။

“ဘုတ်…”

သတ္တိပိုနည်းသော ချန်ဖီသည် ကြောက်လန့်တကြားဖြင့် မြေကျင်းထဲသို့ ဖင်ထိုင်လျက် လဲကျသွားတော့သည်။

ညအချိန်တွင် အပူချိန်မှာ အလွန်နိမ့်ကျနေပြီး ရှူထုတ်လိုက်သော လေငွေ့ဖြူများကိုပင် မြင်တွေ့နိုင်၏။

အဖြူရောင်ခေါင်းတလားထဲရှိ အမျိုးသမီးသည် အသက်အရွယ်အားဖြင့် များစွာမကြီးလှဘဲ ဆယ့်ခြောက်နှစ် အရွယ်ခန့်သာ ရှိသေး၏။ အသုဘ အဝတ်အစားကို ဝတ်ဆင်ထားပြီး ခါးမှာ မိုးမခကိုင်းကဲ့သို့ သေးသွယ်ကာ ဗိုက်မှာလည်း ပြားချပ်နေသည်။ ကိုယ်ဝန်ရှိနေသည့်ပုံစံ လုံးဝမပေါ်ပေ။

သို့ပေမည့် သူမ၏ လည်ပင်းတွင်မူ အနက်ရောင် ချုပ်ရိုးတစ်ကြောင်း ရှိနေသည်။ ၎င်းမှာ ခေါင်းဖြတ် ခံရပြီးနောက် ပြန်လည်ချုပ်ဆက်ထားသော ဦးခေါင်းဖြစ်နေ၏။

စောစောက ချန်ဖီလန့်သွားရခြင်းမှာ အမျိုးသမီးအလောင်း၏ လည်ပင်းရှိ အနက်ရောင်ချုပ်ရိုးကြောင့် ဖြစ်သည်။

ညအချိန်တွင် အလင်းရောင် မှိန်ဖျော့နေသောကြောင့် ပထမတစ်ချက်ကြည့်လိုက်ရာတွင် ခေါင်းတလားထဲရှိ အလောင်းပေါ်၌ လက်မခန့်တုတ်သော အဆိပ်ပြင်း ကင်းခြေများကောင်ကြီးတစ်ကောင် တွားသွားနေပြီး လူကိုကိုက်ရန် ခုန်တက်တော့မည်ဟု ထင်မှတ်သွားခြင်းဖြစ်၏။

အဖြူရောင်ခေါင်းတလားထဲရှိ အမျိုးသမီးအလောင်းတွင် အမည်းစက်များ၊ အလောင်းကွက်များ မပေါ်သေးသလို ပုပ်ဟောင်နေသော အနံ့လည်း မရှိပေ။ ထို့အစား ခပ်သင်းသင်း ကတိုးနံ့သင်းနေသေးသည်။

သေဆုံးသွားသည်မှာ ရက်အနည်းငယ်သာ ရှိသေးပြီး ခုနစ်ရက်ပင် မပြည့်သေးသည့်ပုံပေါ်သည်။ အလောင်းမှာ လတ်ဆတ်နေဆဲပင်။

အမျိုးသမီးအလောင်းသည် အလွန်လှပသေသပ်လှ၏။ မျက်နှာမှာမူ အလွန်အမင်း ဖြူရော်နေသည်။ ၎င်းမှာ သေသူဖြစ်သောကြောင့် ပုံမှန်ပင်ဖြစ်သည်။ အမျိုးသမီးအလောင်းသည် အနီရောင် အသုဘအဝတ်အစားကို ဝတ်ဆင်ထား၏။

အကယ်၍ ခြေထောက်များ ပျော့ခွေသွားလောက်အောင် ကြောက်လန့်သွားမိသောကြောင့် ယခုအချိန်အထိ သတိကောင်းကောင်း မဝင်သေးခြင်းသာ မဟုတ်ပါက ဤသေဆုံးနေသော အမျိုးသမီးသည် အလွန်တရာ လှပလွန်းကြောင်း ချန်ဖီတစ်ယောက် သေချာပေါက် အံ့သြချီးကျူးမိပေလိမ့်မည်။

အဖြူရောင်ခေါင်းတလားထဲရှိ ထူးဆန်းသော အမျိုးသမီးအလောင်းကို ကြည့်ရင်း ရွှမ်ကျီ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွား၏။

သို့ပေမည့် မျက်နှာပန်းလှလိုသော သူသည် ဟန်ကိုယ့်ဖို့လုပ်ကာ တံတွေးတစ်ချက်ထွေးလိုက်ပြီး ပြောလိုက်သည်။ “ဘာကို လန့်နေတာလဲ။ သေနေတဲ့လူပဲလေ။ ဒီမြောက်ဘက်တောင်စောင်းက သင်္ချိုင်းကုန်း တစ်ခုဆိုတော့ အခု ငါတို့ ခြေချနေတဲ့ မြေကြီးအောက်မှာ သေတဲ့လူတွေနဲ့ အရိုးခြောက်တွေချည်းပဲ မြှုပ်ထားတာ။

ဒီကနေ မြန်မြန်ထွက်သွားချင်ရင် မြန်မြန်လာပြီး ဒီအမျိုးသမီးအလောင်းကို ထူဖို့ ငါ့ကို လာကူစမ်းပါ။ သေချာမှတ်ထား… အလောင်းကို အဝတ်အစားကနေတစ်ဆင့်ပဲ ကိုင်ပြီးထူရမယ်။ အလောင်းကို တိုက်ရိုက် မထိမိစေနဲ့။ လူရှင်ရဲ့ ယန်စွမ်းအင်ကို အငှားခံရပြီး အလောင်းကောင် ထမလာအောင် သတိထား။”

ရွှမ်ကျီသည် ကြောက်လန့်တကြား မြေပေါ်တွင် ထိုင်ကျနေသော ချန်ဖီကို ခြေထောက်ဖြင့် ခပ်ဖွဖွ တစ်ချက်ကန်လိုက်၏။

ထို့နောက် ရွှမ်ကျီ၏ ခြိမ်းခြောက်ချော့မော့မှုကြောင့် ဘောင်းဘီနှင့် အင်္ကျီလက်များတွင် ရွှံ့များပေကျံနေသော ချန်ဖီသည် သင်္ချိုင်းမြေပြင်မှ ထလာကာ အဖြူရောင်ခေါင်းတလားထဲရှိ အမျိုးသမီးအလောင်းကို တုန်တုန်ယင်ယင်ဖြင့် သွားရောက်ထူမလိုက်သည်။

မည်သူသိမည်နည်း။ အားနည်းပိန်ပါးပုံရသော အမျိုးသမီးအလောင်းသည် အံ့သြစရာကောင်းလောက်အောင် လေးလံနေ၏။

ချန်ဖီသည် ပထမအကြိမ်တွင် အလောင်းကို မထူနိုင်ခဲ့ဘဲ သူ့ကိုယ်သူပင် ချော်လဲကာ ခေါင်းတလားထဲသို့ ခေါင်းစိုက်ကျသွားလုနီးပါး ဖြစ်သွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် ရွှမ်ကျီက လျင်မြန်စွာဖြင့် ချန်ဖီ၏ ဘောင်းဘီခါးပတ်ကို ဖမ်းဆွဲထားလိုက် သောကြောင့် ချန်ဖီနှင့် အမျိုးသမီးအလောင်းတို့ မျက်နှာချင်း အပ်မိမည့်အဖြစ်မှ လွတ်ကင်းသွားခဲ့၏။

ရွှမ်ကျီက စူးစူးဝါးဝါး တစ်ချက်ကြည့်လိုက်ချိန်မှာတော့ ချန်ဖီသည် ကြောက်လန့်တကြားဖြင့် အမျိုးသမီး အလောင်းကို ဆက်လက်ထူမရန် ကြိုးစားရတော့သည်။

လူသေသည် လူရှင်ထက် ပို၍လေးလံ၏။ မဟုတ်လျှင် သေလောက်အောင် လေးသည် ဟူသော စကား အဘယ်ကြောင့် ရှိလာမည်နည်း။

ဤတစ်ကြိမ်တွင်မူ အန္တရာယ်ကင်းကင်းဖြင့် အမျိုးသမီးအလောင်းကို အောင်မြင်စွာ ထူမနိုင်ခဲ့သည်။ အမျိုးသမီး အလောင်းကို ချန်ဖီက ဂျိုင်းနှစ်ဖက်မှ ညှပ်ကာ ကိုယ်တစ်ပိုင်းကို ခေါင်းတလားအစွန်းပေါ်သို့ ဆွဲတင်ထားလိုက်၏။

ထို့နောက် ရွှမ်ကျီသည် ခန္ဓာကိုယ် ပေါ့ပါးစွာဖြင့် ခုန်တက်လိုက်သည်။ သူသည် အလွန်တော်သော သိုင်းပညာရှင် တစ်ဦးဖြစ်ပုံရပြီး ခေါင်းတလားအစွန်း နှစ်ဖက်ပေါ်တွင် ခြေထောက်နှစ်ချောင်းကို မြဲမြံစွာ နင်းထားကာ အလောင်းကို ထမ်းထုတ်ရန် ပြင်ဆင်လိုက်သည်။

သူတို့နှစ်ဦးမှာ ညအချိန် လူသေအလောင်းများကို ခိုးယူကာ ငွေရှာကြသည့် သူခိုးများ ဖြစ်နေ၏။

အလောင်းကို ရွှေ့ပြောင်းလိုက်သောကြောင့် အမျိုးသမီးအလောင်း၏ အင်္ကျီကော်လာသည် အနည်းငယ် ပွင့်ဟသွားသည်။

အမျိုးသမီးအလောင်းကို တုန်တုန်ယင်ယင်ဖြင့် ထူမထားသော ချန်ဖီသည် အင်္ကျီကော်လာအတွင်းရှိ ညှပ်ရိုးအနီးမှ ဖြူဖွေးနေသော ခန္ဓာကိုယ်အစိတ်အပိုင်းကို မတော်တဆ မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများပင် ပြူးကျယ်သွားခဲ့၏။

သို့ပေမည့် ထိုအချိန်မှာပဲ မထင်မှတ်ထားသော အဖြစ်အပျက်များ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာခဲ့သည်။

“မြောင်…”

ညအချိန် သင်္ချိုင်းကုန်းထဲတွင် မည်သည့်မြက်ခင်းပြင်ထဲမှန်းမသိ ထွက်ပေါ်လာသော အမွေးအမည်းရောင်နှင့် မျက်လုံးစိမ်းများ တောက်ပနေသည့် တောကြောင်တစ်ကောင်သည် ပုပ်သိုးနေသော အလောင်းများကို စားသောက်ရန် သင်္ချိုင်းကုန်းထဲသို့ ရောက်ရှိလာ၏။

လူသေအလောင်းများနှင့် ပတ်သက်၍ ပြည်သူလူထုအကြားတွင် ကြီးမားသော တားမြစ်ချက် သုံးခု ရှိသည်။

ပထမတစ်ခုမှာ လူသေအလောင်းသည် မြေကြီးနှင့် မထိရ။

ဒုတိယတစ်ခုမှာ လူရှင်၏ ယန်စွမ်းအင်ကို လူသေအား လုံးဝအငှားမခံရ။

တတိယတစ်ခုမှာ ကြောင်၊ မြေခွေးနှင့် ကြောင်ကတိုးတို့သည် လူသေအလောင်းကို မထိရ ဟူ၍ ဖြစ်၏။

အဘယ်ကြောင့်ဆိုသော် သဘာဝမဟုတ်ဘဲ သေဆုံးသူများသည် လည်ချောင်းထဲတွင် မကျေနပ်ချက်များ တစ်ဆို့နေတတ်ပြီး ကြောင်များသည်လည်း ယင်ဓာတ်ရှိသော သတ္တဝါများဖြစ်သောကြောင့် ၎င်းတို့နှစ်ခု ထိတွေ့မိပါက ရာခိုင်နှုန်းပြည့် အလောင်းကောင် ထလာနိုင်သောကြောင့် ဖြစ်သည်။

ဤကောလာဟလသည် အမှန်ဖြစ်စေ၊ အမှားဖြစ်စေ ဤကဲ့သို့သော အခြေအနေမျိုးတွင် မယုံကြည်ခြင်းထက် ယုံကြည်ထားခြင်းက ပို၍ကောင်းပေမည်။

ရွှမ်ကျီသည် နှလုံးမှာ လည်ချောင်းဝအထိ ရောက်လာလောက်အောင် အလွန်အမင်း စိုးရိမ်တကြီး ဖြစ်သွားပြီး အော်ဟစ်လိုက်၏။ “မြန်မြန်... ဟိုခွေးသူတောင်းစား တောကြောင်ကို မြန်မြန်တား။ အဲဒီတောကြောင်ကို ခေါင်းတလားထဲခုန်ဝင်ပြီး အလောင်းကို ထိခွင့် လုံးဝမပေးနဲ့။”

ရွှမ်ကျီသည် စိုးရိမ်တကြီးဖြင့် လှမ်းဖမ်းရန် ကြိုးစားသော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ တောကြောင်သည် လျင်မြန်ဖျတ်လတ်စွာဖြင့် အဖြူရောင်ခေါင်းတလားထဲသို့ ခုန်ဝင်သွားပြီး အမျိုးသမီး အလောင်းပေါ်သို့ ခုန်တက်သွားခဲ့သည်။

ရွှမ်ကျီက ပြောလိုက်၏။ “ဒုက္ခပါပဲ။”

ရွှမ်ကျီ၏ စကားသံဆုံးသည်နှင့် အဖြူရောင်ခေါင်းတလားထဲသို့ ခုန်ဝင်သွားသော တောကြောင်သည် ရုတ်တရက် ငြိမ်သက်သွားပြီး ခေါင်းတလားအပြင်ဘက်ရှိ လူနှစ်ဦးကို စိုက်ကြည့်နေသည်ကို မြင်လိုက် ရသည်။

ထိုစိမ်းလဲ့နေသော မျက်လုံးများထဲတွင် အေးစက်မှုများနှင့် ထုံထိုင်းမှုများသာ ပြည့်နှက်နေပြီး မည်သည့် ခံစားချက်မှ မရှိတော့ပေ။ လူသေတစ်ဦး၏ မျက်လုံးများက ရွှမ်ကျီနှင့် ချန်ဖီတို့ကို စိုက်ကြည့်နေသကဲ့သို့ ဖြစ်နေ၏။

ဤတိရစ္ဆာန်သည် အမျိုးသမီးအလောင်း၏ ရင်ဘတ်ပေါ်တွင် နင်းထားလျက် ခေါင်းတလားဘေးရှိ အသက်ရှင်နေသူ နှစ်ဦးကို မလှုပ်မယှက် စိုက်ကြည့်နေ၏။

စောစောက အလွန်အမင်း ကြောက်လန့်နေခဲ့သော ချန်ဖီသည် မည်သည့်နေရာမှ ရောက်လာမှန်း မသိသော သတ္တိများဖြင့် အော်ဟစ်ဆဲဆိုလိုက်သည်။

မြေကျင်းတူးစဉ်က ထွက်လာသော ကျောက်ခဲတစ်လုံးကို ကောက်ယူကာ အဖြူရောင်ခေါင်းတလားထဲသို့ ခုန်ဝင်သွားသော တောကြောင်အား ပစ်ပေါက်လိုက်၏။ “ခွေးသူတောင်းစားလေး… အခုချက်ချင်း ထွက်မသွားဘူးလား။ ညကြီးမင်းကြီး ဒီလိုလူသူကင်းမဲ့တဲ့ သင်္ချိုင်းကုန်းကိုလာပြီး မင်းအဘိုးကို တမင်လာခြောက်နေတာလား။”

သို့ပေမည့် ထိုတောကြောင်သည် ရှောင်တိမ်းခြင်း အလျဉ်း မရှိချေ။

“ဖောင်း…”

တောကြောင်သည် ချန်ဖီပစ်ပေါက်လိုက်သော ကျောက်ခဲထိမှန်ကာ ခေါင်းတလားထဲတွင်ပင် ခေါင်းကွဲ သွေးထွက်ကာ သေဆုံးသွားခဲ့သည်။ ဤမြင်ကွင်းကို မည်သူကမှ ထင်မှတ်မထားခဲ့ချေ။

ရွှမ်ကျီက အော်ဟစ်လိုက်၏။ “ခွေးကောင် ချန်ဖီ... မင်းအဖေကို သတ်မလို့လား။ မင်းကို ပစ်ပေါက်ဖို့ ဘယ်သူက ခိုင်းလို့လဲ။ အခု ငါတို့ ဘာလုပ်ကြမလဲ။”

ချန်ဖီက ပြန်ဖြေသည်။ “အစ်ကိုရွှမ်ကျီ... ခင်ဗျားပဲ ကျုပ်ကို ကြောင်မောင်းဖို့ ပြောတာ မဟုတ်ဘူးလား။ အခု ကျုပ်တို့ ဘယ်လိုလုပ်ကြမလဲ။”

ရွှမ်ကျီက အော်ဟစ်လိုက်၏။ “မြန်မြန်ထွက်ပြေးဖို့ မလုပ်သေးဘူးလား။ သေမယ့်ဟာတွေ... အလောင်းတွေ၊ ခေါင်းတလားအဖုံးတွေကို ဂရုစိုက်မနေနဲ့တော့။ ခွေးကောင် ချန်ဖီ... မင်းက တကယ်ပဲ တုံးတာလား၊ ဒါမှမဟုတ် ငါ့ကို တမင်သက်သက် ရူးချင်ယောင်ဆောင်ပြနေတာလား။”

………………..

All Chapters