← Chapters

အခန်း ၁၆

Vol. 2 Ch. 16

အခန်း ၁၆

Vol. 2 Ch. 16

အပိုင်း (၁၆) ပဲ... ပဲ... ပဲ... ပဲ...

အမိန့်တော် ဖြန့်ကြက်ခြင်း...

ဘုရင်များ၏ လမ်းစဉ်တွင်မူ ထိုအရာသည် စစ်တပ်နှင့် နန်းတွင်း အရာရှိများ၏ ရာထူးများကို အမိန့်ပေး ချီးမြှင့်နိုင်သော ဘုရင်များ၏ ပညာရပ် ဖြစ်သည်။

လောကီပညာရပ်များတွင်မူ ထိုအရာသည် နတ်အဖြစ် တင်မြှောက်သော ပညာရပ် ဖြစ်၏။

နေနှင့်လ၊ ကောင်းကင်နှင့် မြေကြီး၊ တောင်တန်းများနှင့် မြစ်ကြီးများ၊ နတ်ဆိုးများနှင့် တစ္ဆေများ အရာအားလုံးကို နတ်အဖြစ် တင်မြှောက်နိုင်သည်။

ကျင်းအန်းသည် စိုးရိမ်ပူပန်စွာဖြင့် ဟိုဘက်ဒီဘက် လမ်းလျှောက်နေခဲ့ပြီး မျက်မှောင်များမှာလည်း ပြင်းထန်စွာ ကြုတ်ထားလျက် ရှိနေ၏။

ကွမ်ဖျင်ညာဘက်ဟောကြားချက် အာရုံခံစားမှုမှတ်တမ်းထဲရှိ ကွမ်ဖျင်စန်းရန်၏ လှည့်လည်သွားလာမှု မှတ်တမ်းများအရဆိုလျှင် မြက်ပင်လေးတစ်ပင်၊ သစ်ပင်တစ်ပင် ဖြစ်စေ၊ လူ သို့မဟုတ် တိရစ္ဆာန် ဖြစ်စေ အားလုံးတွင် ကိုယ်ပိုင် ကုသိုလ်စွမ်းအားများ ရှိကြပြီး အနည်းအများသာ ကွာခြားခြင်း ဖြစ်သည်။

ဥပမာအားဖြင့် နွေဦးရာသီတွင် လူတစ်ယောက် ခရီးထွက်ရာ၌ တောင်ပေါ်သို့ တက်ရောက် လည်ပတ်ရင်း တောင်အောက်သို့ ချော်ကျသွားခဲ့ရာ ချောက်ကမ်းပါးပေါ်ရှိ နွယ်ပင်တစ်ပင်က ကယ်တင်လိုက်သောကြောင့့်် အသက်အန္တရာယ်မှ လွတ်မြောက်သွားခဲ့ပါက ထိုအရာသည် နွယ်ပင် ရရှိသင့်သော ကုသိုလ်စွမ်းအား ဖြစ်၏။

အခြားဥပမာတစ်ခု အနေဖြင့် အိမ်ရှိ တိရစ္ဆာန်က သခင်ကို ကယ်တင်ခဲ့ခြင်းသည်လည်း တိရစ္ဆာန် ရရှိသင့်သော ကုသိုလ်စွမ်းအားဖြစ်ပြီး သခင်ဖြစ်သူက ကျေးဇူးတင်သောစိတ်ဖြင့် ထိုတိရစ္ဆာန်ကို ကောင်းမွန်စွာ စောင့်ရှောက် ပေးကာ သတ်ဖြတ်စားသောက်ခြင်း မပြုတော့ခြင်းမျိုး ဖြစ်သည်။

ထို့အပြင် တောင်ထဲသို့ ထင်းခုတ်သွားသော ထင်းခုတ်သမားသည် ရုတ်တရက် မိုးသက်မုန်တိုင်း ကျရောက်လာ သောကြောင့့်် တောင်ကျောက်ဆောင်အောက်တွင် မိုးခိုခဲ့ခြင်းသည်လည်း ကျောက်ဆောင် ရရှိသင့်သော ကုသိုလ်စွမ်းအား ဖြစ်၏။

ဆေးမြစ်ရှာဖွေသူ ကလေးငယ်က မြွေဖြူလေးတစ်ကောင်ကို ကယ်တင်ခဲ့ပြီးနောက် ထိုမြွေဖြူလေးက ကျေးဇူးဆပ်သည့် အနေဖြင့် နေ့စဉ် အဝေးကြီးမှနေ၍ ကြွက်များ၊ ဖားများနှင့် ငှက်များကို ဖမ်းဆီးကာ ကလေးငယ်ထံသို့ ယူဆောင်လာသည်။

မိမိကိုယ်တိုင် ဆာလောင်မွတ်သိပ်နေသည့်တိုင် ရေတစ်စက်မှ မသောက်ဘဲ ကလေးငယ်၏ အသက်ကယ် ကျေးဇူးကို ဆပ်ခြင်းသည်လည်း ကလေးငယ် ရရှိသင့်သော ကုသိုလ်စွမ်းအား ဖြစ်၏။

……..

ကောင်းကင်နှင့် မြေကြီးရှိ သက်ရှိအားလုံးသည် အသံတော်၏ အမြင်တွင် အားလုံး တန်းတူညီမျှ ရှိကြပြီး အညစ်အကြေးစွန့်ရာ နေရာမှ နင်းကြမ်းတုံးတစ်တုံး ဖြစ်စေ၊ သက်ရှိ ကင်းမဲ့နေသော ကျောက်တံတားတစ်စင်း ဖြစ်စေ အထင်သေးမည် မဟုတ်ချေ။

တည်ရှိနေသရွေ့ အကြောင်းတရားများနှင့် အကျိုးတရားများ အားလုံးတွင် ရစ်ပတ်နေကြသည်။

သို့ပေမည့် ကျင်းအန်းသည် သူ၏ ကုသိုလ်စွမ်းအားများက အခြားသူများနှင့် အနည်းငယ် မတူညီကြောင်း တွေ့ရှိလိုက်ရ၏။

အခြားသူများသည် ကုသိုလ်ကောင်းမှုများကို အပြင်းအထန် ပြုလုပ်ကာ ကုသိုလ်စွမ်းအားများကို အပြင်းအထန် စုဆောင်းကြခြင်းမှာ အကြောင်းတရားများနှင့် အကျိုးတရားများ ရစ်ပတ်နေသောကြောင့် ဖြစ်သည်။

လောကီပညာရှင်များသည် ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကို ကာကွယ်ရန်နှင့် ဗုဒ္ဓဘာသာ ဘုန်းကြီးများသည် ငရဲမီး လောင်ကျွမ်းခြင်းကို ကာကွယ်ရန် ဖြစ်ကာ အတိုချုပ်ပြောရလျှင် အသက်ရှင်ချင်စိတ် ပြင်းပြလွန်းလှ သောကြောင့်ပင်။

ထိုအရာမှာ လူတစ်ဦး၏ အချက်အလက်များ ဗဟိုဘဏ်၏ ချေးငွေမှတ်တမ်းစနစ်ထဲသို့ ဝင်ရောက်ရှိသွားသည်နှင့် ဆင်တူသည်။

ချေးငွေမှတ်တမ်းကို ငွေသားအဖြစ် တိုက်ရိုက်ပြောင်းလဲသုံးစွဲ၍ မရနိုင်သကဲ့သို့ ငွေကြေးသုံးစွဲခွင့်ကိုလည်း တိုက်ရိုက်ဖန်တီးပေးနိုင်မည် မဟုတ်သော်လည်း၊ ထိုအရာသည် ကြုံတွေ့နေရသော ပြဿနာအများအပြားကို လျော့ပါးသက်သာစေနိုင်စွမ်းရှိ၏။

ထို့အပြင် တစ်ခါတစ်ရံတွင် အပြင်သို့ ထွက်ခွာသည့်အခါ၌ လမ်းဘေးမှ ငွေစအချို့ကို ကောက်ရခြင်း သို့မဟုတ် ပျံသန်းနိုင်သော ဓားရတနာကဲ့သို့သော ထူးခြားသည့် အရာဝတ္ထုများကို ရရှိခြင်းမျိုးကဲ့သို့သော အခွင့်အရေးများကို ဖန်တီးပေးနိုင်သည်။

သို့ပေမည့် ကျင်းအန်း၏ ကုသိုလ်စွမ်းအားများကတော့ ငွေသားအဖြစ် ပြောင်းလဲ၍ ရနိုင်သည်လား။

[ကုသိုလ်စွမ်းအား ပမာဏ - တစ်ရာ့ငါးဆယ့်ရှစ်]

ကျင်းအန်း၏ စိတ်ထဲတွင် ဆန်းကြယ်လှသော အသိအမြင်တစ်ခု ဖြစ်ပေါ်လာခဲ့ပြီး ဤတစ်ကြိမ် စားပွဲပေါ်ရှိ ဆေးဝါးများကို အမိန့်တော် ဖြန့်ကြက်ရာတွင် ကုသိုလ်စွမ်းအား တစ်ရာ ကုန်ဆုံးသွားခဲ့ကြောင်း သိရှိလိုက်ရ၏။

ကျင်းအန်းသည် ဤသို့ တွေးမိသွားချိန်မှာတော့ ချက်ချင်း ပျော်ရွှင်သွားခဲ့တော့၏။ ကျင်းအန်းသည် အိမ်တံခါးကို တွန်းဖွင့်လိုက်သည်။

ခြံဝင်းထဲတွင် ချည်နှောင်ထားပြီး တစ်နေ့လုံး မည်သည့် သောကမှ မရှိဘဲ ဝမ်းသာအားရဖြင့် မုန်လာဥနီကို ကိုက်စားနေသော ဆိတ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေခဲ့၏။

ထိုဆိတ်မိုက်လေးသည် ကျင်းအန်းက မိမိကို တစ်ချိန်လုံး စိုက်ကြည့်နေသည်ကို မြင်ချိန်မှာတော့ ပါးစပ်ထဲရှိ မုန်လာဥနီကို ရုတ်တရက် မစားချင်တော့ဘဲ မုန်လာဥနီကို ဝါးနေသော ပါးစပ် လှုပ်ရှားမှုများ ရပ်တန့်သွားကာ ကျင်းအန်းအား သနားစရာကောင်းသော မျက်လုံးများဖြင့် စိုက်ကြည့်နေခဲ့သည်။

လူတစ်ယောက်နှင့် ဆိတ်တစ်ကောင်၊ အချင်းချင်း မျက်လုံးချင်း ဆုံနေကြ၏။

“ဟူး...”

ကျင်းအန်းသည် နောက်ဆုံးတွင် ဆိတ်ကို အမိန့်တော် ဖြန့်ကြက်ကြည့်ရန် ကြိုးစားမည့် အတွေးကို စွန့်လွှတ်လိုက်တော့သည်။

ယခုအခါတွင် ပိုင်ရှင်၌ အပိုပစ္စည်းများ များများစားစား မရှိတော့သောကြောင့် အသုံးမကျသည့် နေရာများတွင် အလဟဿ မကုန်ဆုံးစေသင့်ချေ။

ကျင်းအန်းက သူ့အား ကြည့်ခြင်းကို ရပ်တန့်လိုက်သည်ကို မြင်ချိန်မှာတော့ ဆိတ်သည် ပဲခနဲ တစ်ချက် အော်လိုက်ပြီး မြေပေါ်သို့ ကျသွားသော မုန်လာဥနီကို ပြန်ကောက်ကာ ကြောက်ရွံ့မှုကို ဖြေဖျောက်လိုက်၏။

ဤတိရစ္ဆာန်လေးက ကျင်းအန်းသည် ၎င်းအား တကယ်ပဲ သတ်ဖြတ်ကာ ဆိတ်သား၊ ဆိတ်ကလီစာ အိုးပူလုပ်စားတော့မည်ဟု ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကျင်းအန်းသည် ရှေ့ခန်းမသို့ သွားရောက်ကာ ဆိုင်မှ အလုပ်သမားလေးကို ရှာဖွေပြီး မီးဖိုချောင်မှ ဆေးကြိုအိုးတစ်လုံးနှင့် မီးဖိုငယ်တစ်ခုကို ဝယ်ယူခဲ့၏။

သူသည် အလင်းဖွင့်ခံထားရသော ထိုဆေးဝါးများ၏ အာနိသင် တကယ်ပဲ ပြောင်းလဲသွားခြင်း ရှိမရှိ စမ်းသပ်ကြည့်ချင်ခြင်း ဖြစ်သည်။

ဆေးခန်းမှ ကလေးငယ် အတင်းအကြပ် ရောင်းချခဲ့သော ဤဆေးနည်းမှာ ဂျင်ဆင်းနှင့် တန်ကွေ့ သွေးအားတိုး ဆေးရည် ဟု အမည်ရသည်။ သွေးအားကို ပြင်းထန်စွာ တိုးပွားစေသည့် အာနိသင် ရှိ၏။

ဆေးနာမည်အတိုင်းပင် ထိုဆေးဝါးများထဲတွင် အရေးကြီးဆုံး ဆေးမှာ ဂျင်ဆင်းနှင့် တန်ကွေ့ ဖြစ်၏။ ထိုဆေးဝါးများသည် သက်တမ်း ကြာလေလေ ဆေးအာနိသင် ပိုမို ကြီးမားလေလေ ဖြစ်သည်။

ကျင်းအန်း၏ ဤဆေးနည်းမှာ သာမန် တောဂျင်ဆင်းနှင့် တန်ကွေ့များသာ ဖြစ်သောကြောင့့်် ဆေးအာနိသင်မှာ သာမန်လူများအတွက်သာ သွေးအားတိုးစေရန် ဖြစ်၏။

ရှေးခေတ်မှ ယနေ့အထိ ဆေးဆိုင်များနှင့် လက်ဖက်ခြောက်ဆိုင်များသည် အကျိုးအမြတ် အလွန် များပြားသော လုပ်ငန်းများ ဖြစ်ကြပြီး ဆေးဝါးများနှင့် လက်ဖက်ခြောက်များကို ခြောက်သွေ့အောင် ထိန်းသိမ်းထားရန်နှင့် အစိုဓာတ်ဝင်ကာ မှိုတက်ခြင်းမှ ကာကွယ်ရန်အတွက် ကြမ်းတမ်းသော ပိုးစာရွက်များကို အသုံးပြု၍ ထုပ်ပိုးလေ့ ရှိကြသည်။

ပိုးစာရွက်များသည် နူးညံ့ပြီး ခိုင်ခံ့သောကြောင့့်် စာအုပ်များ ပြုလုပ်ရန် အလွန် သင့်တော်သည်။ အရည်အသွေးညံ့ ပိုးစာရွက်များနှင့် အစွန်းအစ ပိုးစာရွက်များကို အရပ်ထဲတွင် ကြမ်းတမ်းသော ပိုးစာရွက်များဟု ခေါ်ဆိုကြပြီး ထိုအရာတို့သည် ဆေးဆိုင်များနှင့် လက်ဖက်ခြောက်ဆိုင်များ၏ လက်ထဲသို့ ရောက်ရှိသွားကာ ဆေးဝါးများနှင့် လက်ဖက်ခြောက်များကို ထုပ်ပိုးရာတွင် အသုံးပြုကြခြင်း ဖြစ်၏။

ကျင်းအန်းသည် ကြိုးများကို ဖြည်ကာ ပိုးစာရွက်များကို တစ်လွှာချင်း ဖယ်ရှားလိုက်သည့် အချိန်မှာတော့ ပြင်းထန်လှသော ဆေးရနံ့များသည် အချုပ်အနှောင်မှ လွတ်မြောက်သွားသော နဂါးတစ်ကောင်ကဲ့သို့ ထိန်းချုပ်၍ မရနိုင်တော့ဘဲ အခန်းတစ်ခုလုံးတွင် ဆေးရနံ့များ ပြည့်နှက်သွားခဲ့သည်။

တိုင်းရင်းဆေးများ၏ စူးရှသော အနံ့ဆိုးများ မရှိဘဲ သစ်ဥသစ်ဖုများ၏ သန့်စင်သော ရနံ့များသာ ရှိနေသောကြောင့့်် ကျင်းအန်းသည် အံ့ဩစွာ ရေရွတ်မိလိုက်၏။ “မွှေးလှချည်လား။”

ကျင်းအန်းသည် တစ်ချက် ရှူရှိုက်လိုက်ရုံဖြင့် စိတ်ဓာတ်များ တက်ကြွလာကာ ခန္ဓာကိုယ်တစ်ခုလုံးရှိ ပင်ပန်း နွမ်းနယ်မှုများ ပျောက်ကွယ်သွားပြီး လန်းဆန်းတက်ကြွလာခဲ့၏။ မျက်လုံး နှစ်လုံးသည်လည်း တောက်ပလာခဲ့သည်။

“ဤဆေးက အရမ်း ဆန်းကြယ်တာပဲ။”

ကျင်းအန်းသည် ဂျင်ဆင်းပြားကို ယူ၍ နမ်းရှိုက်ကြည့်လိုက်ရာ သူ၏ မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့၏။ “ဒီဂျင်ဆင်းပြားက ယခင်က ပစ္စည်းဟောင်း စုဆောင်းသူ တစ်ဦးရဲ့ အိမ်မှာ ကံကောင်း ထောက်မစွာနဲ့ မြင်တွေ့ခဲ့ရဖူးတဲ့ အနှစ် သုံးဆယ် သက်တမ်းရှိ ချန်ပိုင်တောင် တောဂျင်ဆင်းနဲ့ မတူဘူးပဲ။ ဂျင်ဆင်းရဲ့ ရနံ့က အများကြီး ပိုမို သန့်စင်နေတယ်။ ပြီးတော့ အရောင်ကလည်း အများကြီး ပိုရင့်နေတယ်။ ဒီအရာက အနှစ်တစ်ရာ သက်တမ်းရှိတဲ့ ဂျင်ဆင်းများ ဖြစ်နေမလား။”

ကျင်းအန်းသည် နောက်ထပ်တစ်ကြိမ် အံ့အားသင့်သွားခဲ့ရပြန်သည်။ ‘ကုသိုလ်စွမ်းအား တစ်ရာနဲ့ အနှစ်တစ်ရာ သက်တမ်းရှိ ဆေးဝါးတွေကို အမိန့်တော် ဖြန့်ကြက် ဖန်တီးနိုင်တာလား။’

ကျင်းအန်းသည် မထိန်းချုပ်နိုင်သော စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်ချက်များဖြင့် ဝယ်ယူလာခဲ့သော ထင်းများ၊ မီးဖိုငယ်နှင့် ဆေးကြိုအိုးများကို ထုတ်ယူကာ မီးအပူရှိန်ကို ထိန်းချုပ်လျက် ဆေးရည်ကို ဂရုတစိုက် စတင် ကြိုချက်လိုက်၏။

မီးအပူရှိန် အားကြီးမှုကို လျှော့ချကာ မီးနည်းနည်းဖြင့် ဆေးအာနိသင်များ ထွက်ပေါ်လာအောင် တဖြည်းဖြည်း ကြိုချက်လိုက်ရာ ထိုမွှေးကြိုင်လှသော သစ်ဥသစ်ဖု ရနံ့များသည် ပိတ်ထားသော တံခါးနှင့် ပြတင်းပေါက် အက်ကွဲကြောင်းများမှတစ်ဆင့် အပြင်ဘက်သို့ပင် ပျံ့နှံ့သွားခဲ့သည်။

ခြံဝင်းထဲတွင် ဝါးပင်ငယ်ဘေး၌ ချည်နှောင်ထားသော တာအိုဘုန်းကြီး ဝူကျန့်၏ ဆိတ်သည် ဝါးခြင်းတောင်းထဲသို့ ခေါင်းငုံ့ကာ မုန်လာဥနီကို တစ်ချိန်လုံး အရသာရှိစွာဖြင့် ကိုက်စားနေခဲ့သော်လည်း ရုတ်တရက် ဆိတ်သည် ခေါင်းမော့ကာ အိမ်ဘက်သို့ လှမ်းကြည့်လိုက်၏။

ပါးစပ်ထဲရှိ မုန်လာဥနီသည်လည်း ဘုတ်ခနဲ မြေပေါ်သို့ ကျဆင်းသွားခဲ့၏။ ထိုအရာက ရုတ်တရက် အရသာ မရှိတော့သလို ဖြစ်သွားခဲ့၏။

“ပဲ... ပဲ... ပဲ... ပဲ...”

“ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ...”

‘ဒီဆိတ်မိုက်လေးက ဘာဖြစ်လို့ အော်နေတာလဲ။ ပြီးတော့ ဒီဆိတ်မိုက်လေးက အစားမက်တယ်၊ ဂျီးများတယ်၊ ပါးစပ်နံတယ်၊ ပြီးတော့ နေရာတကာ အညစ်အကြေး စွန့်တတ်သေးတယ်။ မူလက ကဗျာဆန်ဆန် လှပနေတဲ့ ဝါးတောလေးက အခုဆိုရင် အနားကပ်သွားတာနဲ့ ရက်ပေါင်း လေးဆယ့်ကိုးရက်လောက် ကြာအောင် ထားထားတဲ့ သေးနံ့တွေကို ရနေရပြီ။ အားနည်းချက်တွေ အရမ်း များလွန်းတယ်။ အရေးကြီးဆုံးက ဘာမှ အသုံးမဝင်တာပဲ။’

“အင်း... ဒီဆိတ်မိုက်လေးကို အသုံးချဖို့ အချိန်တန်ပြီ။ မင်းကို စမ်းသပ်ခံ ကြွက်ဖြူလေးအဖြစ် အသုံးပြုရ တော့မယ်။” ကျင်းအန်းက ဆုံးဖြတ်ချက် ချလိုက်သည်။

“ကျွီ...”

ကျင်းအန်းသည် အိမ်တံခါးကို တွန်းဖွင့်လိုက်ပြီး လက်ထဲတွင် ဆေးပန်းကန်ကို ကိုင်ဆောင်လျက် ထွက်လာသည့် အချိန်မှာတော့ ခြံဝင်းထဲတွင် ချည်နှောင်ထားသော ဆိတ်သည် ပိုမို ဆူညံစွာ အော်ဟစ်နေခဲ့၏။

“ပဲ... ပဲ.. ပဲ...”

သက်ရှိအားလုံးတွင် ဝိညာဉ်အသိ ရှိကြသည်။ ဤဆိတ်သည် တာအိုဘုန်းကြီး ဝူကျန့်၏ ဘေးတွင် အမြဲ လိုက်ပါလာခဲ့ သောကြောင့့်် ဆိတ်သည် အလွန် လည်လှကာ ကျင်းအန်း၏ လက်ထဲရှိ ဆေးရည်မှာ ကောင်းမွန်သောအရာ ဖြစ်ကြောင်း သိရှိနေသည်။

ထို့ကြောင့်ကျင်းအန်း၏ လက်ကို အပြင်းအထန် လျှာဖြင့် လျက်ချင်နေသော လျှာတွင် ဆူးငယ်များ ပါရှိသည့် ခွေးတစ်ကောင်အဖြစ် ပြောင်းလဲသွားတော့မတတ်ပင်။ မဟုတ်ပေ။ အဓိက သူလိုချင်သည်မှာ လက်ထဲရှိ ဆေးရည်ကို ဖြစ်၏။

ကျင်းအန်းက ရယ်မောလျက် ပြောလိုက်သည်။ “ဆိတ်လေး... ဆိတ်လေး... ငါ မင်းအပေါ် သဘောကောင်းတယ် မဟုတ်လား။ ဘာကောင်းတဲ့အရာပဲ ရှိရှိ မင်းကို အရင်ဆုံး ကျွေးဖို့ ချန်ထားတာပဲ။ မင်း တကယ်ပဲ ဝိညာဉ်အသိ ရှိတယ်ဆိုရင် နောင်တစ်ချိန် ငါ ဒုက္ခရောက်ပြီး ထမင်းမစားနိုင်တော့အခါ မင်းရဲ့ အသားကို လှီးပြီး ကျေးဇူးရှင်ကို သစ္စာရှိရှိ ကျွေးမွေးရမယ်နော်။ မင်း သဘောတူတယ် ဆိုရင် ခေါင်းညိတ်ပြလိုက်။”

ကျင်းအန်းသည် ဆေးပန်းကန် ကိုင်ထားသော လက်ကို အပေါ်အောက် အနည်းငယ် လှုပ်ရှားလိုက်ရာ ဆိတ်မိုက်လေး၏ မျက်လုံးထဲတွင် အလွန် မွှေးကြိုင်လှပြီး အရသာရှိမည့် ဆေးရည်ကိုသာ အာရုံစိုက်နေ သောကြောင့့်် ခေါင်းကိုလည်း အပေါ်အောက် လိုက်လံ လှုပ်ရှားနေခဲ့၏။

“ကောင်းပြီ။ သက်ရှိအားလုံးမှာ ဝိညာဉ်အသိ ရှိတယ်ဆိုတာ တကယ် မှန်တာပဲ။ မင်းက ကျေးဇူးသိတတ်တဲ့ ဆိတ်တစ်ကောင်ဆိုတာ ငါ သိနေတယ်။ အလဟဿ ကျွေးမွေးခဲ့ရတာ မဟုတ်ဘူးပဲ။ ဟား... ဟား... ဟား...” ကျင်းအန်းသည် ရယ်မောလျက် လက်ထဲရှိ ဆေးပန်းကန်ကို ချထားလိုက်သည်။

ကြွေပန်းကန်လုံးထဲရှိ ဆေးရည်မှာ ပန်းကန်၏ ငါးပုံတစ်ပုံခန့်သာ ရှိပြီး ဆေးရည် နှစ်ဇွန်းစာခန့်သာ ဖြစ်သည်။ အကြောင်းမှာ ကျင်းအန်းသည်ဆေးအာနိသင် အရမ်း ပြင်းထန်သွားမည်ကို စိုးရိမ်ပြီး ဆိတ်ကို တကယ်ပဲ ထိခိုက်သွားမည်ကို ကြောက်ရွံ့သောကြောင့် ဖြစ်၏။

သူသည် တိရစ္ဆာန်များအပေါ်တွင် မေတ္တာတရား ရှိသူ ဖြစ်သည် မဟုတ်ပါလား။

ဆေးပန်းကန်ကို ချထားလိုက်သည်နှင့် တပြိုင်နက် ဆေးရနံ့၏ ဆွဲဆောင်မှုကြောင့် မျက်လုံးများ ပြူးကျယ်နေခဲ့ပြီ ဖြစ်သော ဆိတ်သည် တံတွေးများ ပြည့်နှက်နေသည့် နီရဲသော လျှာရှည်ကြီးကို ထုတ်ကာ ရိုင်းစိုင်း ကြမ်းတမ်းစွာဖြင့် အပြင်းအထန် လျှာဖြင့် လျက်လေတော့သည်။

...............

All Chapters