← Chapters

အခန်း ၂၃

Vol. 3 Ch. 23

အခန်း ၂၃

Vol. 3 Ch. 23

အပိုင်း (၂၃) မျက်နှာပြောင်တိုက်လွန်းသော ကျင်းအန်း၊ ခြေတစ်လှမ်းလျှင် ကြာတစ်ပွင့်

“ငြိမ်ငြိမ်နေစမ်း။ ကျုပ် ရှိတယ်။ ဘာဖြစ်လို့ ပြာယာခတ်နေကြတာလဲ။” တည်ငြိမ်သော အော်သံတစ်သံ ထွက်ပေါ်လာသည်။

“ဘုန်း...”

ကျင်းအန်း၏ လက်ဝါးက အခေါင်းဖုံးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။ သူ၏ ဤလက်ဝါးရိုက်ချက်မှာ ထိုက်ဆန်းတောင်ကြီး ဖိချလိုက်သကဲ့သို့ပင်။

မူလက မငြိမ်မသက်ဖြစ်နေသော အခေါင်းမသည့် လူတန်းကြီးသည် သူ၏ ဤလက်ဝါးရိုက်ချက်ကြောင့် ပြန်လည် တည်ငြိမ်သွားတော့၏။

ဤနေရာရှိ လူများထဲတွင် ခွန်အားနှင့် ပတ်သက်လာလျှင် ပေါင်သုံးရာ အလေးချိန်ရှိသော ကြိတ်ဆုံကျောက်ကို လက်နှစ်ဖက်ဖြင့် မနိုင်သော ကျင်းအန်းကို မည်သည့် အရွယ်ရောက်ပြီး အမျိုးသားကမှ ယှဉ်နိုင်မည် မဟုတ်ချေ။

နဂါးခေါင်းဖြစ်သော ကျင်းအန်းသည် ပင်လယ်ကို ငြိမ်သက်စေသည့် အပ်ကြီးတစ်ချောင်း ဖိချလိုက်သကဲ့သို့ ယိမ်းထိုးနေသော အခေါင်းကို အချိန်မီ ထိန်းချုပ်လိုက်နိုင်၏။

ထို့ကြောင့်ပင် ပွဲအစမှာတင် မရှုမလှဖြစ်ပြီး ဒုတိယအကြိမ် အခေါင်းမြေပေါ်ကျမည့် အဖြစ်မှ သီသီလေး လွတ်ကင်းသွားခဲ့ခြင်း ဖြစ်သည်။

တာအိုဆရာအိုကြီးက မောကြီးပန်းကြီးဖြင့် အပြေးအလွှား ရောက်လာပြီး အခြေအနေကို စစ်ဆေးရင်း မေးလိုက်၏။ “ဘာဖြစ်တာလဲ။ အခေါင်းထဲမှာ လှုပ်ရှားမှု တစ်ခုခုရှိနေလို့လား။”

သူ၏ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေသည်။ ‘မဖြစ်နိုင်ဘူး။ အခု ကံကြမ္မာလုံလောက်စွာ ခိုင်မာတဲ့ နဂါးခေါင်းတစ်ယောက်ကို ရှာပြီး အခေါင်းမခိုင်းထားတာပဲ။ အခေါင်း စမ,မချင်းပဲ ချက်ချင်း ပြဿနာပေါ်လာစရာ အကြောင်း မရှိပါဘူး။”

ပြဿနာပေါ်လာမည် ဆိုလျှင်တောင် ချက်ချင်းကြီး ပေါ်လာမည် မဟုတ်ချေ။

ပထမအကြိမ် အခေါင်းမစဉ်က ခရီးအတော်ဝေးဝေး ရောက်ပြီးမှသာ ကြိုးရုတ်တရက် ပြတ်သွားပြီး အခေါင်းမြေပေါ် ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိထားရမည်။ ထို့ကြောင့် ယခုတစ်ကြိမ် ပြဿနာ ပေါ်သည်မှာ အရမ်းစောလွန်းနေသည်ဟု သူ တွေးလိုက်မိ၏။

အဖြူရောင်အခေါင်းထဲရှိ ကြမ်းကြုတ်သော သရဲက သောင်းကျန်းနေပြီး ကျင်းအန်းကို အခေါင်းမခွင့် မပေးခြင်းများ ဖြစ်နေမည်လား။

အခေါင်းတွင် ပြဿနာ ရှိ၊ မရှိ၊ ဆက်လက်၍ အခေါင်းမနိုင်ခြင်း ရှိ၊ မရှိ ဆိုသည်ကို နံ့သာတိုင် သုံးတိုင်ကို ကြည့်လိုက်ရုံဖြင့် သိနိုင်သည်။

သို့ပေမည့် တာအိုဆရာအိုကြီး အံ့အားသင့်စွာ တွေ့လိုက်ရသည်က နံ့သာတိုင် သုံးတိုင်မှာ ပုံမှန်အတိုင်းပင် ဖြစ်နေပြီး အားလုံး ညီညာစွာ လောင်ကျွမ်းနေခြင်း ဖြစ်၏။ ထူးခြားမှု တစ်စုံတစ်ရာ လုံးဝမရှိချေ။

“ဒါက အခေါင်းထဲက သရဲ သောင်းကျန်းနေတဲ့ပုံနဲ့ မတူပါလား။”

တာအိုဆရာအိုကြီးမှာ နဖူးမှ ချွေးများစို့လာပြီး မည်သို့မှ စဉ်းစား၍ မရနိုင်အောင် ဖြစ်နေ၏။ တစ်ခဏတာမျှ သူ၏ ခေါင်းထဲတွင် အကြံအစည်များ ကင်းမဲ့သွားပြီး သူ၏ ယခင်အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုများက ယခုအကြိမ် မကြာခဏ ဖြစ်ပေါ်နေသော ရုတ်တရက် ပြဿနာများကို ဖြေရှင်းနိုင်စွမ်း မရှိတော့သလို ခံစားလိုက်ရသည်။

တာအိုဆရာအိုကြီး၏ စကားကို ကြားချိန်မှာတော့ လင်းမိသားစုမှ အခေါင်းမသူ ငါးဦးသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာများ ပေါ်လာ၏။

တာအိုဆရာအိုကြီးက စိတ်မရှည်စွာ မေးလိုက်သည်။ “ဘာဖြစ်တာလဲ။”

ဤကိစ္စက တာအိုဆရာအိုကြီးကို အလွန်အမင်း စိတ်ပူပန်စေပြီး ပါးစပ်မှ တံတွေးများပင် ထွက်လာတော့မလို ခံစားနေရ၏။

ထိုလူများထဲမှ တစ်ယောက်က အတန်ကြာ တွန့်ဆုတ်နေပြီးမှ ပြန်ဖြေလိုက်၏။ “တာအိုဆရာကြီးတန်... အခေါင်းထဲမှာ ထူးဆန်းတာ တစ်ခုခု ဖြစ်နေလို့ မဟုတ်ပါဘူး။ အဲဒါက ခုနက ကျုပ်တို့ အားလုံး မတော်တဆ အားများသွားလို့ပါ။ ဒီအခေါင်းက တကယ်ကို ထူးဆန်းတယ်။ ဒီတစ်ခါ အခေါင်းမတော့ အတော်လေး ပေါ့သွားသလိုပဲ။

ပထမတစ်ခါ အခေါင်းမတုန်းက ဒီအခေါင်းက အရမ်းလေးတယ်။ အထဲမှာ ကျောက်တုံးတွေ အပြည့် ထည့်ထားသလိုပဲ။ အဲဒါကြောင့် ဒုတိယအကြိမ် အခေါင်းမတဲ့အခါမှာ ကျုပ်တို့ ညီအစ်ကိုတွေ အားလုံးက အလိုအလျောက် ခွန်အားတွေ အကုန်ထုတ်ပြီး မလိုက်မိတယ်။

ရလဒ်ကတော့ ဒီတစ်ခါ အခေါင်းမတာ တကယ့်ကို ထူးဆန်းတယ်။ ထူးထူးခြားခြား ချောမွေ့နေပြီး အလေးချိန် ကလည်း ပေါ့သွားတယ်။ အခေါင်းရဲ့ အလေးချိန်က အနည်းဆုံး ပေါင်နှစ်ရာလောက် ပေါ့သွားသလိုပဲ။ ရုတ်တရက် အားတွေလွန်သွားတော့ နိမိတ်မကောင်းတဲ့ အခေါင်းမြေပေါ်ကျမယ့် အဖြစ်နဲ့ ကြုံရမလို ဖြစ်သွားတာပါ။ ကံကောင်းလို့ ဒီတစ်ခါ သခင်လေးကျင်းအန်းက ရှေ့ကနေ အခေါင်းကို အချိန်မီ ထိန်းပေးနိုင်ခဲ့လို့ပေါ့။”

ထိုသူက ပြောရင်း ကျင်းအန်းကို ကျေးဇူးတင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သံမဏိသစ်သည် သိပ်သည်းဆများပြီး ရေပေါ်တွင် မပေါ်နိုင်ချေ။ သံမဏိသစ်ချည်း သီးသန့်ပြုလုပ်ထားသော အခေါင်းတစ်ခုသည် အနည်းဆုံး ပေါင်တစ်ထောင်ကျော် အလေးချိန် ရှိ၏။

ပေါင်တစ်ထောင်ကျော် အလေးချိန်ရှိသော အခေါင်းအတွက် ရုတ်တရက် ပေါင်နှစ်ရာလောက် လျော့သွားခြင်းက အလွန်သိသာသော ပြောင်းလဲမှုတစ်ခု ဖြစ်သည်။

သို့ပေမည့် အခြားသော လင်းမိသားစုမှ အခေါင်းမသူ အချို့ကတော့ မတူညီသော အမြင်များ ရှိနေကြ၏။

“ဒီလောက်ကြီး ပေါ့သွားမယ်လို့တော့ မထင်ပါဘူး။ ပေါင်နှစ်ရာလောက် ပေါ့မသွားပေမဲ့ ပေါင်တစ်ရာခွဲ၊ တစ်ရာ့ခြောက်ဆယ်လောက်တော့ ပေါ့သွားတာ ဟုတ်တယ်။”

“ပေါက်ကရတွေ၊ အဲဒါက အာကျူ ... မင်းဘက်က မြေပြင်အနိမ့်အမြင့်က ငါ့ထက် နည်းနည်းပိုမြင့်နေလို့ အလေးချိန်အကုန်လုံးက ငါ့ပခုံးပေါ် ရောက်နေတာလေ။ မင်း မ,ရတဲ့ အလေးချိန်က သဘာဝကျကျ လျော့သွားတာပေါ့။ ငါ့အထင်တော့ အခေါင်းရဲ့ အလေးချိန်က အနည်းဆုံး သုံးပိဿာလောက် လျော့သွားတာပဲ။”

သုံးပိဿာဆိုသည်မှာ ပေါင်သုံးရာကို ဆိုလိုခြင်း ဖြစ်သည်။

လူအများက တစ်ယောက်တစ်ပေါက် အငြင်းပွားနေကြပြီး ပေါင်တစ်ရာလျော့သွားသည်၊ ပေါင်လေးရာ လျော့သွားသည်ဟု အမျိုးမျိုး ပြောနေကြ၏။

သို့ပေမည့် အချုပ်အားဖြင့် အခေါင်း၏ အလေးချိန် လျော့သွားသည်မှာ အမှန်ဖြစ်ပြီး လူတိုင်း ကိုယ်တိုင် ကိုယ်ကျ ခံစားလိုက်ရခြင်း ဖြစ်၏။ ဤအရာက လုံးဝ အတုအယောင် မဖြစ်နိုင်ချေ။

လူတိုင်း၏ စကားများကို ခြုံငုံကြည့်ပါက ပေါင်နှစ်ရာ၊ သုံးရာခန့် လျော့ကျသွားသည်ဆိုခြင်းမှာ ယုတ္တိအရှိဆုံး ဖြစ်သည်။

တာအိုဆရာအိုကြီးသည် ထိုစကားများကို ကြားချိန်မှာတော့ ရင်ထဲမှ အလုံးကြီး ကျသွားသလို ခံစားလိုက်ရသည်။ သူ လူရှာတာ မမှားခဲ့ချေ။ ကျင်းအန်း၏ ကံကြမ္မာက အလွန်ခိုင်မာလွန်းလှပြီး အဖြူရောင်အခေါင်းထဲရှိ မိစ္ဆာကို ဖိနှိပ်ထားနိုင်စွမ်း ရှိ၏။

ဤသည်မှာ မိသားစုတစ်ခုတွင် အိမ်ထောင်ဦးစီးကို နောက်ဆုံး၌ ရှာတွေ့သွားသကဲ့သို့ပင် ဖြစ်၏။ အိမ်ကို ထိန်းကျောင်းပေးမည့် ခေါင်းဆောင်တစ်ယောက် ရရှိသွားခြင်း ဖြစ်သည်။

တာအိုဆရာအိုကြီးက ဤသည်မှာ အခေါင်းထဲရှိ အလောင်း၏ မကောင်းဆိုးဝါးအငွေ့အသက်များ ဖိနှိပ် ခံလိုက်ရပြီး ပြဿနာရှာနိုင်စွမ်း မရှိတော့ခြင်းဖြစ်ကြောင်း ရှင်းပြလိုက်၏။

ထို့နောက် ကျင်းအန်းအပါအဝင် အခေါင်းမသူ ခြောက်ဦးကို တဟုန်ထိုး အားစိုက်၍ အခေါင်းကို ခရိုင်မြို့ထဲသို့ သယ်ဆောင်သွားရန် ပြောလိုက်သည်။

သူသည် ဟင်္သာပြဒါး မျဉ်းချဆေးကြိုးကို အသုံးပြု၍ အဖြူရောင်အခေါင်းကို တစ်ခေါက် ပြန်ပတ်ရမှာဖြစ်ပြီး အခေါင်းထဲရှိ ဒုက္ခသည်အတွက် ဝိညာဉ်ချွတ်ကျမ်းများကိုလည်း ရွတ်ဖတ်ပေးရပေလိမ့်မည်။

......

သို့ပေမည့် ယခုအချိန်တွင် ကျင်းအန်းမှာ တာအိုဆရာအိုကြီး သူ၏ နားနားကပ်၍ တတွတ်တွတ် ပြောနေသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။

အဘယ်ကြောင့်ဆိုသော် အခေါင်းကို ဆက်လက်သယ်ဆောင်နေစဉ်အတွင်း ဝိညာဉ်အင်္ဂါငါးပါး လျှို့ဝှက်ကျမ်းကို လေ့ကျင့်ပြီးတည်းက ပိုမို အာရုံခံစားလွယ်လာသော ကျင်းအန်း၏ ဝိညာဉ်အာရုံသည် မမြင်ရသော နေရာတစ်ခုမှ ရင်းနှီးပြီးသားဖြစ်သလို၊ သူစိမ်းလည်း ဖြစ်နေသော တာအိုလမ်းစဉ်၏ အာရုံခံစားမှုမျိုးကို ထပ်မံ ရရှိလိုက်သောကြောင့် ဖြစ်သည်။

သူ အံ့အားသင့်သွား၏။ ‘ငါ့ကိုယ်ပေါ်ကို ကုသိုလ်ကံတွေ ကျရောက်လာတာလား။’

အစပိုင်းတွင် အံ့အားသင့်သွားသော်လည်း နောက်ပိုင်းတွင် အလွန်ဝမ်းသာသွားသည်။ ဖိနပ်ပေါက်သည်အထိ ရှာနေချိန်တုန်းက မတွေ့ရဘဲ မရည်ရွယ်ဘဲ စိုက်ပျိုးလိုက်မိသော မိုးမခပင်က အရိပ်အာဝါသပေးသော အပင်ကြီး ဖြစ်လာခဲ့သည် မဟုတ်ပါလား။

သူ အခေါင်းမပြီး ခြေတစ်လှမ်း လှမ်းလိုက်တိုင်း ကိုယ်ပေါ်သို့ ကုသိုလ်ကံများ ကျရောက်လာသည်ကို အာရုံခံစားမိနေ၏။

လူလိမ်တာအိုဆရာအို ပြောခဲ့သည့် ကုသိုလ်အများကြီး ရပါလိမ့်မည် ဆိုသော စကားက တကယ်ပဲ အမှန်ဖြစ်လာခဲ့သည်။

ကျင်းအန်း ဝမ်းသာသွားသည်။ ဤသည်ကို မည်သို့ ဖော်ပြရမည်နည်း။

‘နေက အနောက်ဘက်က ထွက်လာတာ တကယ်ပဲလား။ ခွေးပါးစပ်ကနေ ဆင်စွယ် တကယ်ပဲ ထွက်လာတာလား။ ဝက်မကြီး သစ်ပင်ပေါ် တကယ်ပဲ တက်သွားတာလား။’

ကျင်းအန်းသည် ဤမမျှော်လင့်ထားသော ဓနဥစ္စာကြောင့် ဖြစ်ပေါ်လာသည့် အလွန်အမင်း ဝမ်းသာပီတိဖြစ်မှုကို အတင်းဖိနှိပ်ထားလိုက်သည်။

“တည်ငြိမ်ရမယ်။ သေချာပေါက် တည်ငြိမ်ရမယ်။ အရမ်းကြီး အပျော် မလွန်သွားစေနဲ့။ အခေါင်း ပြုတ်ကျသွားမှာကို သတိထားရမယ်။’

ကျင်းအန်းသည် ပြင်းထန်စွာ လှုပ်ရှားနေသော စိတ်ကို ငြိမ်သက်အောင် ထိန်းချုပ်လိုက်ပြီး တစ်ဖက်မှ အခေါင်းကို ဆက်မနေရင်း အခြားတစ်ဖက်မှ သူ၏ ကိုယ်ပိုင် မျက်မြင် ကံကြမ္မာပညာကို ခိုး၍ အသုံးပြုကာ မိမိကိုယ်မိမိ ပြန်လည်စစ်ဆေးကြည့်လိုက်၏။

ကံကြမ္မာအငွေ့အသက်ကြည့်ရှုခြင်းပညာဖြင့် မိမိကိုယ်မိမိ အကဲခတ်ကြည့်လိုက်ခြင်းပင်။ ယခင်က ကုသိုလ်မှတ် တစ်ရာ့ငါးဆယ့်ရှစ်မှတ် ရှိခဲ့၏။ ယခု ကုသိုလ်မှတ်မှာ တစ်ရာ့ငါးဆယ့်ကိုးသို့ တိုးလာခဲ့သည်။

ကျင်းအန်း အစပိုင်းတွင် ဝမ်းသာသွားသော်လည်း နောက်ပိုင်းတွင် သံသယဖြစ်သွား၏။ ‘ဘာလို့ ကုသိုလ်မှတ် တစ်မှတ်ပဲ တိုးလာရတာလဲ။’

ကျင်းအန်းသည် မျက်မြင်ကံကြမ္မာပညာကို အကြိမ်အနည်းငယ် အသုံးပြုကြည့်ပြီးနောက် နောက်ဆုံးတွင် ကိစ္စတစ်ခုကို သူ သေချာသွားတော့သည်။

သတ္တဝါ အများအပြား၏ ကံကြမ္မာအငွေ့အသက်များသည် လင်းမိသားစုဝင်များ ရှိရာအရပ်မှ ထွက်ပေါ်လာပြီး နောက်ဆုံးတွင် ကုသိုလ်ကံအဖြစ် ပြောင်းလဲကာ သူနှင့် အခြား လင်းမိသားစုမှ အခေါင်းမသူ ငါးဦးအပေါ်သို့ ခွဲဝေကျရောက်သွားခြင်း ဖြစ်၏။

ကျင်းအန်း အနေဖြင့် လောလောဆယ်တွင် ထိုအကြောင်းရင်းကို နားမလည်သေးသော်လည်း ဤသည်မှာ အကြောင်းနှင့် အကျိုး သက်ရောက်မှု၊ ကောင်းသော အကြောင်းတရားကို ပျိုးထောင်ပြီး ကောင်းသော အကျိုးတရားကို ရိတ်သိမ်းရခြင်းနှင့် ဆင်တူသည်။

ကုသိုလ်ကံသည် ကျင်းအန်း တစ်ယောက်တည်းအတွက်သာ သီးသန့် မဟုတ်ချေ။ ကောင်းကင်နှင့် မြေကြီးကြားရှိ သက်ရှိသတ္တဝါတိုင်းသည် ကုသိုလ်ကံကို ဆည်းပူးနိုင်ကြပြီး အခြားသော အခေါင်းမသူ ငါးဦးသည်လည်း ကုသိုလ်ကံ၏ အကျိုးကို ခွဲဝေရရှိကြ၏။

ဖြစ်နိုင်သည်မှာ လူအများအပြား ခွဲဝေရသောကြောင့် ကျင်းအန်း အနေဖြင့် အခေါင်းကို ခြေလှမ်းတစ်ရာ လှမ်းပြီးတိုင်းမှသာ ကုသိုလ်မှတ် တစ်မှတ် ရရှိနိုင်ခြင်း ဖြစ်ပေမည်။

ကျင်းအန်းသည် လောဘမကြီးချေ။ ဤရလဒ်ကို သူ အလွန် ကျေနပ်နေပြီ ဖြစ်သည်။

လူဆိုသည်မှာ နေရောင်ခြည်က အားလုံးအပေါ် တန်းတူ လင်းလက်ပေးသလို၊ မိုးရေကလည်း အားလုံးအပေါ် တန်းတူ ရွာသွန်းပေးသင့်သည် မဟုတ်ပါလား။ ထိုသို့လုပ်မှသာ လမ်းခရီးကို ပိုမို ရှည်လျားစွာ လျှောက်လှမ်းနိုင်မှာ ဖြစ်၏။

အကယ်၍ ဤလင်းမိသားစုဝင်များ အတူမပါလာလျှင်၊ လင်းမိသားစုမှ အခြား အခေါင်းမသူ ငါးဦးက သူနှင့်အတူ အခေါင်း မ,မကူလျှင် သူတစ်ယောက်တည်း ဖြစ်နေမည် မဟုတ်ပါလား။

သူ ညသန်းခေါင်ကြီး သုသာန်ထဲ တစ်ယောက်တည်း သွားပြီး အမှောင်ထဲတွင် အလောင်းကို တစ်ယောက်တည်း သွားထမ်းမှ ရမည်လား။ ဤသည်မှာ အိပ်မက် မက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

ကျင်းအန်းသည် ယခုအချိန်တွင် သူ့ကိုယ်သူ မျက်နှာပြောင်တိုက်လွန်းသူ တစ်ယောက်အဖြစ် ပြောင်းလဲသွားသလို ခံစားနေရ၏။

အဘယ်ကြောင့်ဆိုသော် သူ၏ ယခု ခြေတစ်လှမ်းလှမ်းတိုင်း ကုသိုလ်ကံ တစ်ခုရနေခြင်းကို ခြေတစ်လှမ်းလျှင် ကြာတစ်ပွင့် ပွင့်လာသည် ဆိုသော စကားလုံးဖြင့် ဖော်ပြခြင်းက အကောင်းဆုံး အဓိပ္ပာယ် ဖော်ကျူးမှု ဖြစ်နေသောကြောင့်ပင်။

ယခု သူသည် လင်းမိသားစုဝင်များထံမှ ကုသိုလ်မှတ် ကိုးမှတ်အထိ အချောင်နှိုက်နိုင်ခဲ့ပြီ ဖြစ်သည်။

“ညီလေး... ကျုပ်တို့ ချန်ခရိုင် အရှေ့တံခါးကနေ မြို့ထဲ ဝင်ကြမယ်။ “အရှေ့တံခါးက ဝင်တာ အနီးဆုံးပဲ။ ခင်ဗျားတို့ အခေါင်းမရတာ ကြာပြီဆိုတော့ သေချာပေါက် ပင်ပန်းနေလောက်ပြီ။ လမ်းဖြတ်လျှောက်တာ နည်းရင် စောစော အနားယူလို့ ရတာပေါ့။”

တာအိုဆရာအိုကြီးသည် အလွန် ဂရုစိုက်တတ်ပြီး အသေးစိတ်အချက်အလက်များအထိ အပြည့်အဝ ဂရုတစိုက်ရှိလှ၏။

“...”

ကျင်းအန်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။ “အရှေ့တံခါးက သွားလို့ မရဘူး။”

တာအိုဆရာအိုကြီးက မေးလိုက်၏။ “ဘာလို့လဲ။”

ကျင်းအန်းက ခဏစဉ်းစားပြီးနောက် မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်လုပ်ကာ ပြန်ဖြေလိုက်သည်။ “ကျုပ် မြို့ပြင်ထွက်လာတုန်းက အရှေ့တံခါးဈေးတန်းကနေ ဖြတ်လာတာ။ ခုနက အဲဒီမှာ ချေးလှည်းတစ်စီး မှောက်သွားတာကို မြင်ခဲ့တယ်။ ချေးရေဆိုတာ လောကမှာ အညစ်အကြေးတွေ အများဆုံး စုဝေးနိုင်တဲ့ နေရာလေ။ အဲဒါကြောင့် အဖြူရောင်အခေါင်းထဲက လူကြီးမင်းနဲ့ အညစ်အကြေးတွေ ငြိစွန်းသွားမှာကို စိုးရိမ်လို့ပါ။”

တာအိုဆရာအိုကြီးက မျက်မှောင်ကြုတ်လျက် တွေးလိုက်မိ၏။ “နေ့ခင်းဘက်ကြီးမှာ ဘယ်လိုလုပ် ချေးလှည်းက မြို့ထဲ ဖြတ်သွားမှာလဲ။”

ကျင်းအန်းမှာ ဆွံ့အသွားတော့သည်။ “...”

.....................

All Chapters