← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အပိုင်း (၃၇) ရုတ်တရက် ဖိတ်ကြားခြင်း

တည်းခိုခန်း အိမ်ရာဝင်း...

ကျင်းအန်းသည် သူ၏ နေထိုင်ရာသို့ ပြန်ရောက်နေပြီ ဖြစ်၏။

မြေကမ္ဘာချို့ယွင်းချက် ဓားသိုင်းမှာ သာမန် အဆင့် ၃ ဓားသိုင်းတစ်ခု ဖြစ်သည်။

ဟယ်ချန်၏ ရှင်းပြချက်အရ သာမန် အဆင့်၃ သိုင်းပညာများ၏ အမြင့်ဆုံး အဆင့်မှာ သိုင်းလောကသို့ ဝင်ရောက်လာသော သိုင်းသမား တစ်ယောက်သာ ဖြစ်၏။

အဆင့် ၂ သိုင်းပညာသည် ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်နိုင်သော ဆရာကြီး အဆင့် ဖြစ်၏။ အဆင့် ၁ သိုင်းပညာသည် သိုင်းလောက၏ အမြင့်ဆုံး ဆရာကြီး အဆင့်သို့ ရောက်ရှိနိုင်၏။

အမြင့်ဆုံး ဆရာကြီး အဆင့်သို့ ရောက်ရှိပါက လူတစ်ယောက်တည်းဖြင့် မြင်းစီးစစ်တပ်ကြီးကို တားဆီးနိုင်သည်။

အဆင့် ၁ ထက် မြင့်မားသော ထိပ်တန်း သိုင်းပညာ၊ နတ်ဆေးသိုင်းများ ဆိုလျှင်တော့ သိုင်းလောကမှ လူများပင်လျှင် ကြားဖူးသူ အလွန် နည်းပါးပြီး ဒဏ္ဍာရီများသာ ဖြစ်၏။

ကျင်းအန်းသည် မြေကမ္ဘာချို့ယွင်းချက် ဓားသိုင်းကို အသေးစိတ် ဖတ်ရှုကြည့်လိုက်သည်။

ဤဓားသိုင်းသည် ကြီးကျယ်ခမ်းနားသော လမ်းကြောင်းကို လိုက်နေပြီး သွေးဓားကျမ်း၏ သိုင်းကွက်များနှင့် အနည်းငယ် ဆင်တူနေ၏။

‘သိုင်းကွက်တွေက ဆင်တူနေတယ်။ ပြီးတော့ နှစ်ခုလုံးက အဆင့် ၃ သိုင်းပညာတွေပဲ ဆိုမှတော့ ငါက ဘာလို့ အပိုတွေ လုပ်ပြီး ဒါကို လေ့ကျင့်နေရအုံးမှာလဲ။ ပိုပြီး ဝန်ထုပ်ဝန်ပိုး မဖြစ်ဘူးလား။’

ကျင်းအန်းသည် ဤဓားသိုင်းက သူ လိုချင်သော အရာ မဟုတ်ကြောင်း ရင်ထဲတွင် သိနေသည်။

သူက မြေကမ္ဘာချို့ယွင်းချက် ဓားသိုင်းကို ချထားလိုက်ပြီး နောက်ထပ် သိုင်းစာအုပ်ဖြစ်သော ကျောက်စာခွဲ လက်ဝါးသိုင်း ၃၆ ကွက် ကို ကောက်ကိုင်လိုက်၏။

ဤသည်မှာ အရွတ်နှင့် အရိုးများကို ဖွင့်လှစ် လေ့ကျင့်သော သိုင်းပညာ တစ်ခု ဖြစ်၏။ တစ်ကွက် အောင်မြင်သွားတိုင်း အရွတ်နှင့် အရိုးများကို တစ်ကြိမ် ဖွင့်လှစ် လေ့ကျင့်နိုင်သည်။

ဟယ်ချန် သည် အသက် ၃၁ နှစ်ကျော်လွန်သွားချိန်၌ ခန္ဓာကိုယ် စွမ်းဆောင်ရည်များ ကျဆင်းလာကာ ရောဂါများ စွဲကပ်လာသောကြောင့် သူသည် နောက်ဆုံးတွင် အကြိမ် ၃၀ မြောက်တွင်သာ ရပ်တန့်သွားခဲ့ရ၏။

ထိုသို့ဖြစ်လင့်ကစား ဟယ်ချန်သည် ဤကိုယ်ခံပညာကို အားကိုးပြီး သိုင်းလောကတွင် နာမည်ကြီး ခဲ့သေးသည်။

သိုင်းစာအုပ်တွင် ဖော်ပြထားချက်အရ ၃၆ ကွက် အောင်မြင်သွားပါက လက်သီးတစ်ချက်ဖြင့် ကျောက်စာတိုင်ကို ခွဲနိုင်သည်ဟု ဆိုသည်။ ခွန်အားက ရဲရင့်ပြင်းထန်လှ၏။ ကျား၊ ဝံပုလွေ ကဲ့သို့ပင်။

ကျင်းအန်းသည် ရုတ်တရက် အတွေးတစ်ခု ဝင်လာခဲ့သည်။ ‘ဒီမှာပြောတဲ့ ကျောက်စာတိုင် အထူဆိုတာ သေချာပေါက် သင်္ချိုင်းကျောက်တိုင်ရဲ့ အထူ မဟုတ်ဘူးမလား။’

ကြိုးဖြင့် ချည်နှောင်ထားသော သိုင်းစာအုပ်ကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အတွင်းတွင် ဆေးညွှန်းတစ်ခု ပါရှိနေသည်ကို တွေ့လိုက်ရ၏။

“ကျား၊ ဝံပုလွေ ဆေးအရက်”

ကျား၊ ဝံပုလွေ ဆေးအရက်၏ ဆေးညွှန်းများမှာ သမင်ချို၊ တရုတ်နတ်ဆေးမြစ်၊ ဂျင်ဆင်း၊ ရှီးပဒီး စသည့် အားဖြည့်ပစ္စည်းများ ဖြစ်ကြသည်။

ဆေးညွှန်းတွင် ပါဝင်သော ဆေးဝါးများကို အစုံအလင် ဝယ်ယူရုံဖြင့် ကျင်းအန်းအတွက် ငွေတစ်ကျပ် ကုန်ကျသွားခဲ့၏။

ထိုအထဲမှ ရှားပါးသော ဆေးဝါးအချို့ကို ချန်ခရိုင်ရှိ အကြီးဆုံး ဆေးဆိုင်သို့ သွားဝယ်မှသာ ရနိုင်ခဲ့သည်။ ဤသည်မှာ သာမန်မိသားစုများ တတ်နိုင်သော အရာ မဟုတ်တော့ချေ။

ကံကောင်းစွာဖြင့် ကျင်းအန်းသည် လောလောဆယ် ငွေကြေး မလိုသေးပေ။

“အမိန့်တော် ဖြန့်ကျက်ခြင်း...”

ရင်းနှီးနေသော တာအိုလမ်းစဉ်၏ လှိုင်းလုံးများ ထပ်မံ ပေါ်လာပြန်၏။

တာအိုလမ်းစဉ်၏ လှိုင်းလုံးများ ဆုတ်ခွာသွားချိန်မှာတော့ ထိုဆေးအရက်အိုးမှာ ဆေးစိမ်ရန် ၃ လခန့် အချိန်ယူစရာ မလိုတော့ပေ။

ယခင်က ကြည်လင်သော အရက်ဖြူဖြစ်သော်လည်း ယခုအခါ ဆေးအရက်၏ အရောင်မှာ ပယင်းကဲ့သို့ ရင့်ရော်သွားပြီး အညစ်အကြေးများ ကင်းစင်ကာ ကြည်လင်နေ၏။

ကျင်းအန်းက အရက်အိုးကို ဖွင့်လိုက်သောအခါ အဆုံးအစ မရှိသော မွှေးကြိုင်လှသည့် နတ်သုဒ္ဓါအရက်၏ ရနံ့က ကျင်းအန်း၏ ဦးနှောက်ထဲသို့ ဝင်ရောက်လာသည်။

လူမှာ အနည်းငယ် မူးယစ်သွားသကဲ့သို့ ဖြစ်သွားသည်။ မျက်စိရှေ့ရှိ မြင်ကွင်းမှာ ယိမ်းထိုးနေပြီး မတ်တတ်ရပ်၍ မရနိုင်အောင် ဖြစ်နေ၏။

“ပဲ... ပဲ... ပဲ...”

“ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ... ပဲ...”

အိမ်ရာဝင်း အပြင်ဘက်မှ တာအိုဘုန်းကြီး ဝူကျန့် ထားရစ်ခဲ့သော အစားမက်သည့် ဆိတ်၏ အော်သံများ ထွက်ပေါ်လာပြီး ကျင်းအန်း၏ ခေါင်းထဲတွင် ဆူညံသွားတော့သည်။

“ပုံမှန်အချိန်တွေမှာ ရန်သူတွေ လာရင်တော့ မင်းက ဘာမှ မကူညီဘဲ နှလုံးသားမရှိသလို အိပ်နေပြီး အစားစားဖို့ကျတော့ မင်းရဲ့ နှာခေါင်းက သူခိုးထက်တောင် ပိုပြီး အနံ့ခံကောင်းသေးတယ်။” ကျင်းအန်းက ပြုံးကာ ဆဲဆိုလိုက်၏။

သူက နှမြောတွန့်တိုတတ်သူ မဟုတ်ပေ။ ပြုံးကာ ဆဲဆိုပြီးနောက် ဆေးအရက် တစ်ခွက်ကို ခပ်ကာ ခြံဝန်းထဲသို့ ထွက်လာခဲ့သည်။

ကျင်းအန်းက သူ့အသက်ကို နှမြော၍ ဆေးစမ်းရန် ကြွက်ဖြူလေး လိုအပ်နေသည်ကို လုံးဝ (လုံးဝ) ဝန်ခံမှာ မဟုတ်ပေ။ အကြောင်းမှာ သူ အဆိပ်မိပြီး သေသွားမည်ကို ကြောက်သောကြောင့်ပင်။

“ဘုတ်...”

အစားမက်သော ဆိတ်သည် ဆေးအရက် တစ်ဇွန်းစာ သောက်ပြီးသည်နှင့် ချက်ချင်း ခြေလက်လေးဖက် ဆန့်တန်းကာ မြေပေါ်သို့ လဲကျသွားပြီး မထနိုင်တော့ချေ။

ဤအရာက ကျင်းအန်းကို အလွန် ကြောက်လန့်သွားစေခဲ့၏။

သူ အလျင်အမြန် ကိုယ်ကို ကိုင်းကာ အစားမက်သော ဆိတ် အသက်အန္တရာယ် ရှိ၊ မရှိ သွားရောက် စစ်ဆေးကြည့်ချိန်မှာတော့ ငိုရခက် ရယ်ရခက် ဖြစ်သွားသည့် အမူအရာ ပေါ်လာသည်။

ဤအကောင်သည် ယခုအခါ တစ်ကိုယ်လုံး အရက်နံ့များ နံနေပြီး အရက်မူးပြီး လဲကျနေခြင်း ဖြစ်၏။

အရက်မူးပြီး လဲကျနေသူ၏ ခန္ဓာကိုယ်သည် အလွန်အမင်း လေးလံနေမှာ ဖြစ်သည်။ ဤဆိတ်သည်လည်း ခြွင်းချက် မဟုတ်ချေ။

သို့သော်ငြား အရက်မူးပြီး လဲကျနေသည်ကလည်း တစ်ခုတော့ ကောင်း၏။ ယခု နားဒုက္ခ ခံနေရမှုမှ အတော်လေး ငြိမ်သွားပြီ ဖြစ်၏။

အစားမက်သော ဆိတ်၏ နှာခေါင်းက အလွန် အနံ့ခံကောင်းလှ၏။ ပြီးခဲ့သည့် ဆယ်ရက်ကျော်အတွင်း သူ နေ့တိုင်း ခန္ဓာကိုယ်ကို အားဖြည့်ရန် ဆေးရည်များ သောက်သည့်အခါ ဤဆိတ်က အလွန် လည်ဝယ်ပြီး အကြိမ်တိုင်း ဝေစုရရန် အော်ဟစ်တောင်းဆိုလေ့ ရှိသည်။

ကျင်းအန်း၏ လက်ထဲရှိ နှစ်ရာချီသက်တမ်းရှိ အဖိုးတန် ဆေးဝါးများမှာ အလွန် တန်ဖိုးကြီးကြောင်း သူ သိပြီး အလွန်အမင်း ဆူညံနေတတ်၏။

နောက်ရက်များတွင် ကျင်းအန်းသည် နေ့ရောညပါ သိုင်းပညာကို လေ့ကျင့်နေခဲ့၏။ နေ့ခင်းဘက်တွင် ကျောက်စာခွဲ လက်ဝါးသိုင်း ၃၆ ကွက်ကို လေ့ကျင့်ပြီး ညဘက်တွင် သွေးဓားကျမ်းကို လေ့ကျင့်သည်။

......

နှစ်ရက်ခန့် ကြာချိန်မှာတော့....

ထိုနေ့တွင် ဉာဏ်ရည်ထက်မြက်သော တည်းခိုခန်း အလုပ်သမားသည် ကျင်းအန်းကို ထပ်မံ လာရှာပြန်၏။

ခြံတံတိုင်း အပြင်ဘက်တွင် ရပ်ကာ ကျင်းအန်း၏ နာမည်ကို ဆက်တိုက် အော်ခေါ်နေပြီး ကျင်းအန်း တံခါးဖွင့်၍ ထွက်လာသောအခါ စိုးရိမ်တကြီး ဖြစ်နေသော အလုပ်သမားက ကျင်းအန်းကို သတင်းကောင်း တစ်ခု ပြောပြခဲ့သည်။

ကျင်းအန်း၏ ရက်အတော်ကြာ အုံ့မှိုင်းနေသော စိတ်များကို နောက်ဆုံးတွင် တိမ်တိုက်များ ဖယ်ရှားလိုက် သကဲ့သို့ စိတ်အခြေအနေ အလွန် ကောင်းမွန်သွားစေခဲ့၏။

“သခင်လေးကျင်းအန်း ... တာအိုဆရာကြီးတန် ပြန်ရောက်လာပြီ။ တကယ်တော့ တာအိုဆရာကြီးတန်တို့ လူစုက ချန်ခရိုင် အနီးတဝိုက်မှာ တောင်တန်းတွေနဲ့ ရေပြင်တွေရဲ့ ဖုန်းရွှေကို တိုင်းတာနေတုန်း တောင်ထဲမှာ မမျှော်လင့်တဲ့ ကိစ္စ ဖြစ်ပြီး လူတစ်ယောက် ချောက်ထဲ ကျသွားတာတဲ့။

တာအိုဆရာကြီးတန်က လူကယ်ဖို့ လူတွေကို ခေါ်ပြီး ချောက်ထဲ ဆင်းသွားတယ်။ လူကို ကယ်တင်ပြီးတဲ့နောက် မတ်စောက်တဲ့ တောင်လမ်းမှာ ဒဏ်ရာရသူကို ထမ်းပြီး ရက်အတော်ကြာ လမ်းလျှောက်ခဲ့ရတယ်။ နောက်ဆုံးတော့ တောင်ထဲမှာ လူလာရှာတဲ့ လင်းမိသားစုဝင်တွေနဲ့ ဆုံတွေ့ခဲ့တာပဲ။”

ကျင်းအန်းသည် တာအိုဆရာအိုကြီးတွင် အန္တရာယ် မရှိကြောင်း ကြားလိုက်ရသောကြောင့် စိတ်အခြေအနေမှာ သဘာဝကျကျ အလွန် ကောင်းမွန်သွား၏။

သူသည် တစ်ဖက်လူကို လူလိမ်တာအိုဆရာဟု အမြဲတမ်း ဆဲဆိုနေသူဖြစ်၏။ ညသန်းခေါင်ယံ အချိန်တွင် သူ့လို သာမန်လူတစ်ယောက်ကို သုသာန်ထဲ အလောင်းသွားထမ်းခိုင်းကာ အလုပ် လုပ်ရာတွင် မသေချာမရေရာဟု ပြောဆိုနေသော်လည်း ထိုလူလိမ်တာအိုဆရာ၏ စိတ်ထားက အမှန်တကယ် မဆိုးလှချေ။ ထိုအစား အလွန် ကောင်းမွန်သူ တစ်ဦးဖြစ်သည်။

လင်းမိသားစုထံတွင် ရှိနေသော အဖြူရောင် အခေါင်းကို မြှုပ်နှံရန် နေရာတစ်ခု ရှာတွေ့ဖို့ ဆိုသည်မှာ မလွယ်ကူပေ။ ထို့ကြောင့် ကျင်းအန်းသည် တာအိုဆရာအိုကြီးတွင် ပြဿနာ တစ်ခုခု ဖြစ်မည်ကို မလိုလားခဲ့ချေ။

သူသည် လွန်ခဲ့သော ရက်များက တာအိုဆရာအိုကြီး၏ အန္တရာယ် ကင်းရှင်းရေးအတွက် အမြဲတမ်း စိုးရိမ်နေခဲ့၏။

ကျင်းအန်းသည် တာအိုဆရာအိုကြီးကို ထမင်းတစ်နပ် ကျွေးပြီး ရင်းနှီးသော မိတ်ဆွေဖွဲ့ရန်။ တာအိုဆရာအိုကြီးကို သွားရောက် ကြည့်ရှုပြီး ပြဿနာ တစ်ခုခု ရှိ၊ မရှိ မေးမြန်းရန် စဉ်းစားနေစဉ် သူ မမျှော်လင့်ထားသော လူတစ်ယောက် အိမ်တိုင်ရာရောက် ရောက်လာခဲ့သည်။

ချန်ခရိုင် အရာရှိကြီး သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော အရာရှိဖုန်းက ယနေ့ည တွေ့ဆုံရန် လူလွှတ်၍ ဖိတ်ကြားလာခဲ့၏။

ကျင်းအန်း ငြင်းဆန်တော့မည့် အချိန်တွင် တစ်ဖက်လူ ပြောလာသော နာမည်တစ်ခုက ကျင်းအန်းကို ငြင်းဆန်၍ မရအောင် ဖြစ်သွားစေခဲ့သည်။

အရာရှိဖုန်းသည် တာအိုဆရာကြီးတန်ကို အောင်မြင်စွာ ဖိတ်ကြားထားပြီး ညနေစာစားချိန်တွင် တယ်ရှန်း အရက်ဆိုင်ရှိ ဟုန်ယွန့်ခန်း ဧည့်ခန်းမဆောင်၌ အတူတကွ တွေ့ဆုံရန် စီစဉ်ထား၏။

ထို့အပြင် ကျင်းအန်း၏ စိုးရိမ်မှုများကို ဖယ်ရှားရန်အတွက် ထိုသူက ထမင်းစားဝိုင်းတွင် အရာရှိဖုန်း၊ တာအိုဆရာကြီးတန် နှင့် သူ သုံးယောက်တည်းသာ ရှိမည်ဖြစ်ပြီး စတုတ္ထမြောက် လူမရှိကြောင်း ထပ်လောင်း ပြောဆိုခဲ့သည်။

တယ်ရှန်း အရက်ဆိုင်...

ကျင်းအန်းသည် ဤအရက်ဆိုင်၏ နာမည်ကို သိထား၏။

ဤသည်မှာ ချန်ခရိုင်ရှိ နာမည်ကြီးသော အဆင့်မြင့် စားသောက်ဆိုင် တစ်ခု ဖြစ်ပြီး အရာရှိဖုန်း က ဤနေရာတွင် ဧည့်ခံရန် ရွေးချယ်ခြင်းက သူ၏ ရိုးသားမှုကို အပြည့်အဝ ပြသနေခြင်း ဖြစ်သည်။

ကျင်းအန်းတွင် တာအိုဆရာအိုကြီးကို ထမင်းတစ်နပ် ကျွေးကာ ကြိုဆိုရန် အကြံအစည် ရှိနှင့်ပြီး ဖြစ်သည်။ ယခုအခါ ဒုက္ခခံပြီး ဧည့်ခံမည့်သူ ရှိနေပြီဖြစ်ရာ သူသည် ညနေစာစားချိန်တွင် အချိန်မီ သွားရောက် တွေ့ဆုံခဲ့၏။

ကျင်းအန်းက ထမင်းတစ်နပ် စားရုံဖြင့် မည်သည့်အန္တရာယ်မှ ရှိမည်မဟုတ်ဟု ထင်ထားခဲ့သည်။

အရက်ဆိုင် အလုပ်သမား၏ ပြုံးရွှင်စွာ ကြိုဆိုမှုဖြင့် ကျင်းအန်းသည် ဟုန်ယွန့်ခန်း ဧည့်ခန်းမဆောင်သို့ ဝင်ရောက်သွား၏။

ဤအခန်းမှာ သီးသန့် အခန်းတစ်ခုဖြစ်ပြီး အပြင်လူများ မသိစေဘဲ လျှို့ဝှက်ကိစ္စများ ဆွေးနွေးရန် သင့်တော်သည်။

သူ ရောက်သွားသောအခါ အရာရှိဖုန်း နှင့် တာအိုဆရာကြီးတန် တို့က သူ့ထက် အရင် ရောက်နေကြသည်ကို တွေ့လိုက်ရ၏။

ရက်အနည်းငယ် မတွေ့ရသည့်အတွင်း တာအိုဆရာအိုကြီးမှာ အနည်းငယ် ပိန်သွားပြီး တောင်ထဲတွင် တကယ်ကို ဒုက္ခများစွာ ခံစားခဲ့ရကြောင်း သိသာလို့နေသည်။

တာအိုဆရာတန်က ပြောလိုက်သည်။ “ညီလေး... ခင်ဗျားကိုပဲ စောင့်နေတာ။ ကျုပ် ဗိုက်အရမ်းဆာနေပြီ။ အခုတော့ စားလို့ရပြီပေါ့။ အရာရှိဖုန်း... ဘာပြောစရာရှိရှိ အရင်ဆုံး ဆိုင်ရှင်ကို ဟင်းတွေ လာချခိုင်းလိုက်ပါ။ ဘာကိစ္စပဲဖြစ်ဖြစ် ထမင်းဝအောင် စားရတာလောက် အရေးမကြီးပါဘူး။ ဗိုက်ဝအောင် စားပြီးမှ အကြံအစည် တွေးဖို့ ခွန်အားရှိမှာပေါ့။”

..................

အရက်နှင့် ထမင်းကို ဝအောင် စားပြီးနောက်...

အရာရှိဖုန်းသည် တောင်ထဲတွင် နေ့စဉ်ရက်ဆက် ခြောက်သွေ့သော ရိက္ခာများကိုသာ စားခဲ့ရသော တာအိုဆရာအိုကြီးက ဤမျှလောက် အစား စားနိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

တစ်နပ်လုံး ဗိုက်အပြည့် စားသောက်နေပြီး တာအိုဆရာအိုကြီးနှင့် ကျင်းအန်းတို့ နောက်ဆုံး စားသောက် ပြီးသွားသည်ကို သူက ရင်နာစွာ ကြည့်နေခဲ့၏။ သူတို့နှစ်ဦး ဟင်းထပ်မှာမည်ကို စိုးရိမ်သောကြောင့် ယနေ့၏ အဓိကကိစ္စကို ကမန်းကတန်း စကားစလိုက်သည်။

အရာရှိဖုန်းက မျက်နှာကို တည်တင်းလိုက်ပြီး မေးလိုက်၏။ “တာအိုဆရာကြီးတန်နဲ့ သခင်လေး ကျင်းအန်းတို့... မကြာသေးခင်က ပြည်သူတွေကြားထဲမှာ ယမ်းမှုန့်တွေ တရားမဝင် သိမ်းဆည်းထားတဲ့ အမှုနဲ့ ဖမ်းဆီးထားတဲ့ တရားခံ လီတာရှန်းက ခရိုင်ထောင်ထဲမှာ သေသွားတယ်ဆိုတာကို ကြားဖူးလား။”

သူတို့နှစ်ဦးက ခေါင်းညိတ်လိုက်ကြ၏။ ဤကိစ္စနှင့် ပတ်သက်၍ သူတို့ ကြားဖူးထားကြသည်။

အရာရှိဖုန်းက မေးလိုက်၏။ “ဒါဆို ခင်ဗျားတို့ နှစ်ယောက်... လီတာရှန်း တကယ်တော့ ဘယ်လို သေသွားလဲဆိုတာ သိလား။”

တာအိုဆရာအိုကြီးသည် တာအိုဝတ်ရုံ လက်မောင်းများနှင့် ပါးစပ်တစ်ဝိုက်တွင် ဆီများ ပေကျံနေအောင် စားသောက်ထားသည်။

သို့သော်လည်း ဗိုက်မဝသေးသောကြောင့် ကြက်ပေါင်ရိုး တစ်ချောင်းကို ဆက်လက် ဝါးနေကာ မပီမသဖြင့် ဖြေလိုက်၏။ “ထောင်ထဲမှာ ရုတ်တရက် သေသွားတယ်လို့ ပြောကြတာပဲ။ အရာရှိဖုန်း ပြောတဲ့ လေသံကို ကြည့်ရတာ လီတာရှန်းရဲ့ သေဆုံးမှုက အပြင်က ကောလာဟလတွေနဲ့ မတူဘူးနဲ့ တူတယ်။”

အရာရှိဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး အခန်းထဲရှိ တာအိုဆရာအိုကြီးနှင့် ကျင်းအန်းတို့ကို တစ်ချက် ကြည့်ကာ လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ “ဒီနေ့ ပြောတဲ့ ကိစ္စတွေကို အပြင်ကို မပြောပြဖို့ ခင်ဗျားတို့ နှစ်ယောက်ကို မျှော်လင့်ပါတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် လီတာရှန်းရဲ့ သေဆုံးမှုက တကယ်ကို သာမန် မဟုတ်ဘူး။ သူ့ရဲ့ သေဆုံးပုံက အရမ်းကို ထူးဆန်းတယ်။ ကျုပ် ကြည့်ရတာတော့ လူလုပ်တာနဲ့ မတူဘူး။ အဲဒီအစား....”

အရာရှိဖုန်းသည် အနည်းငယ် ရပ်တန့်သွားပြီး အလွန် လျှို့ဝှက်ကာ ရှောင်ကြဉ်နေသည့် အမူအရာဖြင့် ဆက်ပြောလိုက်သည်။ “ဒီရက်ပိုင်းအတွင်း ကျုပ် ခင်ဗျားတို့ နှစ်ယောက်ကို စောင့်ကြည့်နေခဲ့တယ်။ ခင်ဗျားတို့ နှစ်ယောက်ရဲ့ စွမ်းရည်က သာမန်လူတွေရဲ့ သွေးသားမျက်လုံးနဲ့ မှန်းဆလို့ ရတဲ့အရာ မဟုတ်ဘူးဆိုတာ သိတယ်။ ခင်ဗျားတို့ နှစ်ယောက်လုံး သာမန်လူတွေ မျက်စိနဲ့ မမြင်ရတဲ့ အရာတွေကို မြင်နိုင်ကြတယ်။

ဒါကြောင့် ခင်ဗျားတို့ နှစ်ယောက်ကို ကျုပ်နဲ့အတူ ခရိုင်ထောင်ကို လိုက်သွားပြီး လီတာရှန်းရဲ့ တကယ့် သေဆုံးရတဲ့ အကြောင်းရင်းက ဘာလဲဆိုတာကို စုံစမ်းဖို့ အကူအညီ တောင်းချင်ပါတယ်။”

အမြဲတမ်း စကားမပြောဘဲနေသော ကျင်းအန်းက ဤအချိန်တွင် ဝင်မေးလိုက်၏။ “လီတာရှန်းရဲ့ အမှုက ပိတ်သွားပြီ မဟုတ်ဘူးလား။ အရာရှိကြီး သုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ အရာရှိကျန့်က လီတာရှန်းရဲ့ အပေါင်းအပါ အားလုံးကို ရှင်းလင်းပြီးပြီ မဟုတ်ဘူးလား။”

သို့ပေမည့် အရာရှိဖုန်းသည် ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။

အရာရှိဖုန်း၏ တိတ်ဆိတ်မှုကို မြင်သောအခါ ကျင်းအန်းသည် တစ်ခုခုကို တွေးမိသွားသကဲ့သို့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ မေးလိုက်၏။ “အရာရှိဖုန်းက အစိုးရရုံးထဲမှာ သစ္စာဖောက် ရှိနေတယ်လို့ သံသယ ဝင်နေတာလား။ အရာရှိဖုန်းက လုပ်ဖော်ကိုင်ဖက် အရာရှိကျန့် ကို သံသယ ဝင်နေတာလား။”

...........

All Chapters