← Chapters

အခန်း ၂၈၁

Vol. 28 Ch. 281

အခန်း ၂၈၁

Vol. 28 Ch. 281

Chapter 281

~

အခန်း ၂၈၁ : နှိုင်းယှဉ်လျှင် ဒေါသထွက်စရာ

~

​ရှာကျူးက မြေပဲတစ်စေ့ကို ယူ၍ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် အနည်းငယ် ချဉ်နေသည်ကို ခံစားလိုက်ရ၏ ။

​' ဒီမြေပဲတွေက သိမ်းထားတာ တော်တော်ကြာနေပြီ ထင်တယ်.. '

​ သူ တွေးလိုက်၏ ။

​သို့ပေသိ ညီမချင် ကိုယ်တိုင် ပေးထားသောကြောင့် ဆေးခါးကြီးပင် ချိုပေသည် ။

​အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ရှာကျူးက နောက်ပြောင်လိုက်သည် ။

​" ပြောပါ.. မင်းမှာ ကိစ္စမရှိဘဲနဲ့တော့ လာမှာ မဟုတ်ဘူး.. ကိစ္စရှိရင် တိုက်ရိုက်သာ ပြော.. ကူညီနိုင်ရင် ငါ ငြင်းမှာ မဟုတ်ဘူး.. "

​" နင့်စကားက ငါ ကိစ္စမရှိရင် နင့်ဆီ လာလို့ မရဘူး ဆိုတဲ့ အတိုင်းပဲ.. "

​ချင်ဟွိုင်ရုက သူ့အား မျက်စောင်းထိုးလိုက်ပြီး မကျေမနပ် လေသံဖြင့် ပြောလိုက်သည် ။

​ရှာကျူး ပြုံးလိုက်ပြီး...

​' ဒါ.. အမှန်ပဲလေ.. '

စိတ်ထဲမှ တွေးလိုက်၏ ။

​ချင်ဟွိုင်ရု လာတိုင်း အမြဲတမ်း ကိစ္စတစ်ခုခု ရှိနေတတ်ပြီး ပိုက်ဆံလာချေးခြင်း မဟုတ်လျှင် ရိက္ခါလာချေးခြင်းသာ ဖြစ်သည် ။

​ယခု ပစ္စည်းများပါ လက်ဆောင် ယူလာသဖြင့် သူ မကူညီနိုင်သော ကိစ္စများ ပြောလာမည်ကိုပင် အနည်းငယ် စိုးရိမ်မိသွားသည် ။

​ချင်ဟွိုင်ရုက စကားလွှဲလိုက်ပြီး...

​" ကောင်းပြီလေ.. တကယ်တော့ နင့်ကို ကူညီခိုင်းစရာလေး ရှိလို့ပါ.. "

​ရှာကျူးက ငါထင်တဲ့အတိုင်းပဲ ဆိုသော မျက်နှာပေးဖြင့် မေးလိုက်သည် ။

​" ဘာကိစ္စလဲ.. "

​ချင်ဟွိုင်ရုက အသံတိုးတိုးဖြင့်...

​" ငါ အလုပ်နေရာ ပြောင်းချင်လို့.. "

​" နေရာပြောင်းမလို့.. "

​ရှာကျူး ခဏစဥ်းစားပြီးနောက် သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည် ။

​" ကောင်းပါတယ်.. အလုပ်ရုံထဲမှာက ခွန်အားသုံးရတဲ့ အလုပ်တွေချည်းပဲဆိုတော့ မင်းလို မိန်းမသားတစ်ယောက်အတွက် မလွယ်ဘူးလေ.. "

​" ဒါပေမဲ့ ခုက မီးတွင်းထဲမှာ မဟုတ်ဘူးလား.. အလုပ်သွားမယ် ဆိုရင်တောင် အနည်းဆုံးတော့ မီးတွင်းထွက်တဲ့အထိ စောင့်ရဦးမှာပေါ့.. "

​ချင်ဟွိုင်ရုက သက်ပြင်းချလိုက်ပြီး...

​" ငါတို့အိမ်ရဲ့ အခြေအနေကို နင် မသိတာကျနေတာပဲ.. "

​ဤတစ်ကြိမ်တွင်တော့ ရှာကျူး တိတ်ဆိတ်သွား၏ ။

​အမှန်ပင် ။ သူ ချင်ဟွိုင်ရုကို ဆေးရုံမှ ပြန်ပို့ပေးခဲ့သည်က မနက်ပိုင်းဖြစ်ပြီး ညနေတွင် ကျားမိသားစု၏ ညစာကို ချင်ဟွိုင်ရု ကိုယ်တိုင် ချက်ပြုတ်နေသည်ကို သူ မြင်တွေ့ခဲ့ရသည် ။

​ရှာကျူးက ညည်းတွားလိုက်သည် ။

​" ဒေါ်ကြီးကျန်းကလည်း တကယ်ပါပဲ.. အဲ့လို ယောက္ခမမျိုး ဘယ်မှာရှိမှာလဲ.. ရှေ့ဘက်ခြံက ယန်မိသားစုကို ကြည့်လိုက်ဦး.. ယွီလီ မီးတွင်းထဲမှာတုန်းက နေ့တိုင်း ကြက်တစ်ကောင် စားရတာ.. "

​" မင်းအိမ်မှာ ကောင်းကောင်း မကျွေးတာထားဦး.. ဒေါ်ကြီးကျန်းက မင်းကို အလုပ်ပါ ခိုင်းနေသေးတယ်.. တကယ်ကို..... "

​သူ မည်သို့ ဆက်ပြောရမည်ကိုပင် မသိတော့ချေ ။

​ရှာကျူးက ယွီလီအကြောင်း ပြောလာသည်ကို ကြားလျှင် ချင်ဟွိုင်ရု၏ ရင်ထဲတွင် ခါးသက်သွားသည် ။

​သူမ ထိုသို့သော ဆက်ဆံမှုကို မည်သို့လျှင် မလိုချင်ဘဲ နေမည်နည်း ။

​သို့သော် ယန်ကျီဝမ်လို ယောကျ်ားမျိုးကို ရှာတွေ့ရန်မှာ မလွယ်ကူပေ ။

​ယွီလီ ကံကောင်းပြီး ထိုသို့သော ယောကျ်ားကောင်းနှင့် လက်ထပ်ခဲ့ရသည်ဟုသာ ဆိုရမည် ။

​ဤလမ်းကြားထဲရှိ မိန်းမတိုင်းက ယွီလီကို အားကျနေကြ၏ ။

​ယန်မိသားစု တစ်ခုလုံးက သူမအပေါ် အလွန်ကောင်းကြပြီး ယန်ကျီဝမ် ဆိုလျှင် ပြောစရာပင် မလိုတော့ ။ နေ့တိုင်း သူမကို အလုပ်အပြန် သွားကြိုလေ့ရှိသည် ။

​အလုပ်ကိုပင် ယန်ကျီဝမ်က စီစဉ်ပေးခဲ့ထားသည်

။

​ပုံမှန်အားဖြင့်လည်း ယန်ကျီဝမ်က ယွီလီကို လေသံမာမာ စကားမပြောပေ ။

​ယွီလီနှင့် ယန်ကျီဝမ်တို့ ရယ်မောပြောဆိုနေကြသည်ကို မြင်ရတိုင်း သူမ ရင်ထဲတွင် ချဉ်စူးလာသည် ။

လူချင်း နှိုင်းယှဉ်လျှင် ဒေါသထွက်စရာပင် ။

​သူမက ခေါင်းခါ၍ ခါးသီးစွာ ပြုံးလိုက်ပြီး...

​" ဒါတွေ မပြောတော့ပါဘူး.. ဒါကလည်း ကံတရားပဲ နေမှာပေါ့.. "

ချင်ဟွိုင်ရု ဝမ်းနည်းသွားသည်ကို မြင်လျှင် ရှာကျူးက ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ...

​" ဒါနဲ့ ဘယ်နေရာကို ပြောင်းချင်တာလဲ.. "

​" ငါ ကန်တင်းကို လာချင်တယ်.. "

​ချင်ဟွိုင်ရုက သူမ၏ လာရင်းကိစ္စကို ထုတ်ပြောလိုက်သည် ။

​" ကန်တင်းကို လာမလို့လား.. "

​ရှာကျူး၏ မျက်လုံးများ အရောင်လက်သွားပြီး ရင်ဘတ်ကိုပုတ်ကာ ကြွားလုံးထုတ်လိုက်သည် ။

​" အဲ့တာဆို အများကြီး အဆင်ပြေသွားမှာ... ညီမချင် ငါ ပြောပြမယ်.. ကန်တင်း တစ်ဝိုက်မှာ ငါပြောတာ အတည်ပဲ.. မင်းသာ ရောက်လာရင် ဘယ်သူမှ အနိုင်မကျင့်ရဲစေရဘူး.. "

​" ဒါဆိုလည်း ငါ နင့်ကို အရင် ကျေးဇူးတင်ထားရမှာပေါ့.. "

​ချင်ဟွိုင်ရုက ပြုံးလိုက်ပြီးနောက် ...

​" ဒါပေမဲ့ နေရာပြောင်းဖို့ဆိုတာ အဲ့လောက်တော့ မလွယ်ဘူးလေ.. ကျူးဇီ( ကျူးဇီက ချစ်စနိုးနဲ့ ခေါ်တာမျိုးနော်..) .. နင် ငါ့ကို ကူညီပေးလို့ ရမလား.. "

​" အမ်.. "

​ရှာကျူး ကြက်သီးမွေးညှင်းထ သွားပြီးနောက် လက်ကာပြလိုက်သည် ။

​" ညီမချင် ငါ့ကို အထင်ကြီးလွန်းနေပြီ.. ငါ့မှာ အဲ့လောက် အရည်အချင်း မရှိဘူး.. "

​သူ ပုံမှန်အားဖြင့် ကြွားလုံးထုတ်နေချင်းသာ ဖြစ်သည် ။ စားဖိုမှူး တစ်ယောက်က ဘာများ တက်နိုင်မည်နည်း ။

​အလုပ်နေရာ ပြောင်းပေးရန်အတွက် သူ့တွင် အရည်အချင်း မရှိ ။

​ယီကျုံးဟိုင်ပင်လျှင် လုပ်ပေးနိုင်မည် မဟုတ်ချေ ။

​" ကျူးဇီ.. နင် ငါ့ကို မကူညီချင်ဘူးလား.. "

​ချင်ဟွိုင်ရုက ညည်းတွားလိုက်သည် ။

​" နင် စက်ရုံမှူးယန် နဲ့ သိတယ် မဟုတ်ဘူးလား.. သူ့ကို ကူညီခိုင်းလိုက်ရင် ရပြီလေ.. "

​" အဲ့တာက..... "

​ရှာကျူး အနည်းငယ် တွေဝေသွားသည် ။

​သူနှင့် စက်ရုံမှူးယန် အရမ်း ရင်းနှီးသည် မဟုတ် ။ စက်ရုံမှူးယန်က ဟင်းချက်ရန်အတွက် သူ့ကို လိုအပ်ရုံသာ ဖြစ်သည် ။

​ကိစ္စသေးသေးလေး ဆိုလျှင် ပြဿနာ မရှိနိုင်သော်လည်း နေရာပြောင်းရမည့် ကိစ္စကတော့ ပြောရခက်ပေသည် ။

​သူ တွေဝေနေသည်ကို မြင်လျှင် ချင်ဟွိုင်ရု စိတ်ထဲ အနည်းငယ် စိုးရိမ်သွားသည် ။

​သို့သော် အပြင်ပန်းတွင်မူ အားနာဟန်ဆောင်လိုက်သည် ။

​" ထားလိုက်ပါတော့.. နင့်ကို အကျပ်အတည်း မဖြစ်စေချင်ဘူး.. ငါ အလုပ်ရုံထဲက ခွန်အားသုံးရတဲ့ အလုပ်တွေကို မလုပ်နိုင်ပေမယ့် သည်းခံပြီး လုပ်ရင်တော့ ရနိုင်လောက်ပါတယ်... ငါက တောကလာတာဆိုတော့ အကြမ်းခံပါတယ် ... ပြဿနာ မရှိနိုင်ပါဘူးလေ.. "

​ရှာကျူးက ချင်ဟွိုင်ရု၏ ထိုပုံစံကို မည်သို့ ကြည့်ရက် ပါမည်နည်း ။

​သူ အံကြိတ်လိုက်ပြီး...

​" မင်း စိတ်ချထားလိုက်.. မနက်ဖြန်ကျရင် ငါ သွားမေးပေးမယ်.. "

​ချင်ဟွိုင်ရု ရင်ထဲ၌ ဝမ်းသာသွားပြီး တွေးလိုက်သည် ။

​' ဒီလောက်လေးများ ငါ နင့်ကို မချုပ်ကိုင်နိုင်ဘဲ နေမလား.. '

​

​

​အပြင်ပန်းတွင်တော့ ကျေးဇူးတင်သည့် ဟန်ဆောင်လိုက်ပြီး ..

​" ကျူးဇီ.. ကျေးဇူးတင်ပါတယ်.. နင်က တကယ် လူကောင်းပဲ.. "

​" ဟီးဟီး.. "

​ရှာကျူးက သဘောကျစွာဖြင့် ခေါင်းကုတ်လိုက်ပြီး ငတုံးတစ်ယောက်လို ရှက်ရယ် ရယ်လိုက်၏ ။

​...

​ဒုတိယနေ့ ရောက်သောအခါ ချင်ဟွိုင်ရု ဆေးရုံသို့ သွားပြီး သားဆက်ခြားကွင်း ထည့်လိုက်၏ ။

​သူမ အသွားအပြန်ကို အလွန် ဂရုစိုက်ပြီး သိကျွမ်းသူများ မြင်သွားမည်ကို အမြဲ သတိထားနေသည် ။

​နောက်ဆုံးတွင် မည်သူမှ မတွေ့လိုက်သည်ကို သေချာမှ သူမ သက်ပြင်းချနိုင်တော့သည် ။

​သို့သော် သူမ မသိလိုက်သည့် အချက်မှာ သူမ အိမ်သို့ ခြေချလိုက်သည်နှင့် လူတစ်ယောက်က ယန်ကျီဝမ်၏ အခန်းသို့ ကပျာကယာ သွားနေချေပြီ ။

​" ကျီဝမ်.. ညီလေး အိမ်မှာ ရှိလား.. "

​ထိုလူက ရွှီတာမော့ပင် ။

​ယခု အချိန်က ယွီလီ အလုပ်သွားသည့် အချိန်ဖြစ်၍ ရွှီတာမော့က တံခါးကို တွန်းပြီး အခန်းထဲ တိုက်ရိုက် ဝင်သွားလိုက်၏ ။

​တံခါး ပွင့်သွားသည်နှင့် အအေးဓာတ်များ ဝင်လာ၍ ယန်ကျီဝမ် ချမ်းတုန်သွားသည် ။

​သူ စောင်ကို တင်းတင်း ဆွဲခြုံလိုက်ပြီး ရွှီတာမော့အား မကျေမနပ် စိုက်ကြည့်ကာ ..

​" ဒီမယ် တာမော့.. ခင်ဗျားမှာ ပြောစရာ ကိစ္စရှိမှ ဖြစ်မယ်.. မဟုတ်ရင်တော့ ခင်ဗျားကို ကျုပ် ကောင်းကောင်း ပညာပေးရလိမ့်မယ်.. "

​ရွှီတာမော့က ယန်ကျီဝမ်၏ ခြိမ်းခြောက်မှုကို လုံးဝ ဂရုမစိုက် ။ သူ လျှောက်သွားပြီး ထိုင်လိုက်ကာ စိတ်လှုပ်ရှားစွာဖြင့် ..

​" ညီလေး.. ငါ့မှာ စိတ်လှုပ်ရှားစရာ ကိစ္စတစ်ခု ရှိတယ်.. မင်း နားထောင်မလား.. "

​" နားမထောင်ဘူး.. အိပ်တော့မယ် ကျုပ်ကို လာမနှောင့်ယှက်နဲ့.. "

​ယန်ကျီဝမ်က စောင်ဖြင့် ခေါင်းမြီးခြုံလိုက်ပြီး ရွှီတာမော့ ပြောသော စိတ်လှုပ်ရှားစရာ ကိစ္စကို စိုးစဥ်းမျှ စိတ်မဝင်စားချေ ။

​ရွှီတာမော့ ထိုအခြေအနေကို မြင်လျှင် အလွန် မကျေမနပ် ဖြစ်သွားသည် ။

​သို့သော် သူ အောင့်မထားနိုင်တော့ သဖြင့်...

​" ညီလေး.. ခုလေးတင် ငါ ဆေးရုံသွားတာ ဘယ်သူနဲ့ တွေ့ခဲ့လဲ မင်း ခန့်မှန်းကြည့်စမ်း.. "

​" အို.. "

​" ငါ ချင်ဟွိုင်ရုနဲ့ တွေ့ခဲ့တယ်.. "

​"ဟင်.."

​ယန်ကျီဝမ် ခေါင်းပြူထွက်လာသည် ။

​ရွှီတာမော့ မျက်နှာပေါ်တွင် ဂုဏ်ယူမှုများ အပြည့်ဖြစ်နေ၏ ။

​ယန်ကျီဝမ် စိတ်ဝင်စားလာမည်ကို သူ သိနေသည်ပင် ။

​သူ ဆက်၍ ပြောလိုက်သည် ။

​" ညီလေး.. ချင်ဟွိုင်ရု ဆေးရုံကို ဘာသွားလုပ်လဲဆိုတာ မင်း သေချာပေါက် ခန့်မှန်းမိမှာ မဟုတ်ဘူး.. "

​" သားဆက်ခြားကွင်း သွားထည့်တာလေ.. "

​" ဟ.. မင်း ဘယ်လိုလုပ် သိတာလဲ.. "

​ရွှီတာမော့က သူ့ကို အံ့အားသင့်စွာ ကြည့်သည် ။

​သူ ယနေ့ အနည်းငယ် နေမကောင်းဖြစ်နေ၍ ဆေးရုံသို့ ဆေးသွားဝယ်ခဲ့၏ ။

​ပြန်တော့မည့် အချိန်တွင် ချင်ဟွိုင်ရုအား မြင်လိုက်ရသည် ။

​စိတ်ထဲ သိချင်လာ၍ သူမနောက်ကို တိတ်တဆိတ် လိုက်သွားခဲ့၏ ။

​ထို့နောက် သူ့ကို အံ့အားသင့်စေသည့် သတင်းတစ်ခုကို ခိုးနားထောင်မိသွားသည် ။ ချင်ဟွိုင်ရု ဆေးရုံလာသည်မှာ သားဆက်ခြားကွင်း ထည့်ရန်ပင် ဖြစ်နေသည် ။

​သို့သော် သူမ ကလေးမွေးထားသည်မှာ မကြာသေး ။ ဤမျှ အလျင်စလို ကွင်းလာထည့်သည်မှာ မည်သည့် အတွက်နည်း ။

​ဤသတင်းကို ကြားပြီးနောက် ရွှီတာမော့ အလွန် စိတ်လှုပ်ရှားသွားပြီး မဖြစ်နိုင်သည့် ကိစ္စကြီးတစ်ခုကို ကြားလိုက်ရသလို ခံစားရကာ သူ့ညီအစ်ကိုဆီ ပြေးလာပြီး ပြောပြခြင်းပင် ။

​သို့သော် သူ မပြောရသေးခင် ယန်ကျီဝမ်က ခန့်မှန်းမိနေ၏ ။

​ရွှီတာမော့က စပ်စုဟန်ဖြင့် ..

​" ကျီဝမ်.. သူ ဘယ်လိုတွေ စဥ်းစားနေတာလဲကွာ.. ဖြစ်နိုင်တာက.. ဟီးဟီး.. "

​သူ၏ ရောဂါဟောင်း ထပြန်ပြီဆိုတာကို ယန်ကျီဝမ် သိလိုက်သည် ။

​သူ သတိပေးလိုက်၏ ။

​" ခင်ဗျား နည်းနည်း သတိထား.. ချင်ဟွိုင်ရုက အလွယ်လေး မဟုတ်ဘူး.. ဒါနဲ့ ခင်ဗျားနဲ့ လိုရှောင်အဲ အခြေအနေ ဘယ်လိုလဲ.. "

​" ငါ ကိုယ်တိုင် ကြိုးစားနေမှတော့ သေချာပေါက် ပြဿနာ မရှိဘူးပေါ့.. မကြာခင် သူ့ကို လက်ထပ်စာချုပ် သွားလုပ်တော့မှာ.. "

​" ဒါဆိုလည်း ကျွန်တော် ကြိုပြီး ဂုဏ်ပြုလိုက်ပါတယ်.. "

All Chapters