← Chapters

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁

Vol. 7 Ch. 61

အခန်း ၆၁ ကံစီမံရာ

ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့တူအရီး၏ ထိတ်လန့်ခြောက်ခြားဖွယ် ကြည့်ရှုမှုအောက်၌ ကျူချမ်းချမ်းသည် သူမ၏ အသွင်ပြောင်းလဲခြင်းကို အဆုံးသတ်လိုက်၏။

မကြာမီမှာပင်ဝေကျိချင်းနှင့် ဝေလင်ယွန်းနှစ်ဦးလုံးသည် သူမ၏ ကျွန်အဖြစ်သို့ လုံးဝကျရောက်သွားကြသည်။

ကျူချမ်းချမ်းသည် ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်း ဒဏ်ခတ်ရန် လက်ထဲမှကြာပွတ်ကို မြှောက်လိုက်စဉ် ရှောင်ဖန်းက သူမကို လှမ်းတားလိုက်၏။

"ချမ်းချမ်း ၊ လုပ်ရိုးလုပ်စဉ်တွေကို ကျော်လိုက်။ ဒီနှစ်ယောက်က နည်းနည်း နုနယ်သလိုပဲ ၊ နင်က ကြာပွတ်နဲ့ရိုက်လို့ ဒဏ်ရာရသွားရင် ငါတို့ ဆေးကုပေးနေရလိမ့်မယ် ။ သူတို့ သေသွားရင် မတန်ဘူး"

"အော် ။ ကောင်းပါပြီ"

ကျူချမ်းချမ်းသည် ကြာပွတ်ကို မချင့်မရဲဖြင့် ပြန်သိမ်းလိုက်၏။

ကျူချမ်းချမ်း၏ လက်ရှိစွမ်းရည်များဖြင့်ဆိုလျှင် ဝေကျိချင်းနှင့် ဝေလင်ယွန်းကဲ့သို့ သာမန်လူများသည် သူမ၏ ကြာပွတ်ဒဏ်ကိုခံနိုင်ရည်ရှိမည်မဟုတ်ပေ။

မြောက်ပိုင်း ရှန်ကျင်းမြို့။

ယွန်းရှန်းတောင်တန်း၏ နက်ရှိုင်းသော မြေအောက်၌ ဖြစ်သည်။

ကြီးမားသော မြေအောက်မြို့တော်၏ လမ်းမများပေါ်တွင် အမျိုးမျိုးသော ရိက္ခာပစ္စည်းများ တင်ဆောင်ထားသည့် ကားများသည် အဆက်မပြတ် သွားလာနေကြ၏။

လမ်းပေါ်ရှိ လမ်းသွားလမ်းလာများသည် ယူနီဖောင်းများကိုယ်စီ ဝတ်ဆင်ထားကြပြီး အလျင်စလို လျှောက်လှမ်းနေကြသည် ။

မြို့တော်၏ အနက်ရှိုင်းဆုံးနေရာရှိ သာမန်တိုက်အဆောက်အအုံတစ်ခု၏ အတွင်း၌ဖြစ်၏ ။

ဇိမ်ခံပစ္စည်းများ မရှိသော ခန့်ညားထည်ဝါသည့် ရုံးခန်းတစ်ခုအတွင်း ဝေကျန့်ထျန်းသည် စားပွဲတွင်ထိုင်ကာ စာရွက်စာတမ်းများကို တစ်ခုပြီးတစ်ခု မျက်မှောင်ကုတ်၍ ကြည့်နေ၏ ။ ထိုစဉ် ရုံးခန်းတံခါးကို ခေါက်သံထွက်လာသည် ။

"ဝင်ခဲ့ပါ"

ဝေကျန့်ထျန်းက ခေါင်းပင်မဖော်ဘဲ ပြောလိုက်၏။

ရုံးခန်းတံခါး ပွင့်သွားပြီး အသက်ငါးဆယ်ခန့်ရှိသော အမျိုးသားတစ်ဦးသည် စားပွဲဆီသို့ အမြန်လျှောက်လာသည်။

သူ့အမူအရာသည် အလွန်လေးနက်နေ၏။ ဝေကျန့်ထျန်း မော့ကြည့်လိုက်ရာ ထိုသူမှာ သူ့သားအကြီးဆုံး ဝေကျိကျန်းဖြစ်‌နေသည် ။

"ဘာကိစ္စလဲ ။ တစ်ခုခုဖြစ်လို့လား"

ဝေကျန့်ထျန်းက မေးပြီးနောက် လက်ထဲမှ စာရွက်စာတမ်းများဆီသို့ ခေါင်းပြန်ငုံ့သွား၏ ။

"အဖေ ၊ ညီမလေးနဲ့ ရှောင်ယွန်းတို့ တစ်ခုခုဖြစ်ပြီထင်တယ် ။ သူတို့ရဲ့ အသက်အဆောင်မီးအိမ်တွေ ငြိမ်းသွားပြီ" ဟုဝေကျိကျန်းကတုံ့ဆိုင်းစွာပြောလိုက်၏။

ထိုစကားကို ကြားရသောအခါ ဝေကျန့်ထျန်း၏ လက်သည်အနည်းယ်တုန်ရင်သွားပြီး ကိုင်ထားသော စာရွက်စာတမ်းသည် လက်ထဲမှ လွတ်ကျသွား၏။

ထို့နောက်ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်ပြီး စာကြည့်မျက်မှန်ကို ချွတ်လိုက်သည်။

"ဒါက ဘယ်တုန်းက ဖြစ်တာလဲ"

"တစ်နာရီတောင် မပြည့်သေးဘူး"

ပြန်ဖြေသောဝေကျိကျန်း၏ အသံသည် အနည်းငယ် တုန်ယင်နေ၏။

ဝေကျိကျန်းသည်ဝေလင်ယွန်း၏အ ဖေဖြစ်ပြီးယခုအချိန်တွင် အလွန်အမင်း စိုးရိမ်နေရသည်။

"ဒါကို မင်းအမေ သိလား" ဝေကျန့်ထျန်းက ဖြည်းညှင်းစွာ မေးလိုက်၏။

"ကျွန်တော် မပြောရသေးဘူး"

"ဒါဆို သူမကို မပြောနဲ့တော့" ဝေကျန့်ထျန်းက လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

"အဖေ ၊ ဒါက ကျူးယွန်းချန် လက်ချက်ပဲ ဖြစ်ရမယ် ။ ကျွန်တော် ချင်းယွင်တောင်အိမ်ရာကို ဒုံးကျည်နဲ့ပစ်ဖို့ အမိန့်ပေးရမလား"

ဝေကျိကျန်းက တိုးညှင်းတုန်ရီသောအသံဖြင့်မေးလိုက်သည်။

ဝေကျန့်ထျန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ဖြည်းညှင်းစွာ ပြောလိုက်၏ ။

"မလိုပါဘူး ။ ရှောင်ချင်းနဲ့ ရှောင်ယွန်းတို့ဟာ သူတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူအတွက် ပေးဆပ်လိုက်ရတာပဲ။ သူတို့ဘာသာသူတို့ အပြစ်ရှာခဲ့တာ။အခု နိုင်ငံက အကျပ်အတည်းဖြစ်နေတာ ၊ ငါတို့ရဲ့ အာရုံစိုက်မှုက သူတို့အပေါ်မှာ မရှိသင့်ဘူး"

"ဒါပေမဲ့ အဖေ ၊ ကျွန်တော်တို့က ညီမလေးနဲ့ ရှောင်ယွန်းတို့ကို ဒီအတိုင်း အလကား အသေခံလိုက်ရတော့မှာလား"

ဝေကျိကျန်းက မကျေနပ်သလို ပြောလိုက်သည်။

"သူတို့ သေသွားပြီလို့ ဘယ်သူပြောလဲ"

ဝေကျန့်ထျန်းက ဝေကျိကျန်းကို ကြည့်ပြီး ပြောလိုက်၏။

"ဒါပေမဲ့ သူတို့ရဲ့ အသက်အဆောင်မီးအိမ်တွေ အကုန်ငြိမ်းသွားပြီလေ"

"ဟွန်း ။ ငြိမ်းသွားတာက သူတို့ သေသွားတာကို မဆိုလိုဘူး ။ ဖြစ်နိုင်တာက သူတို့ဘာသာသူတို့ချွတ်လိုက်တာ၊ဒါမှမဟုတ် တခြားလူတစ်ယောက်ယောက်က အတင်းအဓမ္မ ချွတ်ပစ်လိုက်တာလည်း ဖြစ်နိုင်တယ်"

ဝေကျန့်ထျန်းက အေးစက်စွာ ပြောလိုက်၏။

"အဲဒီကောင်မလေး နှစ်ယောက်ကတော့ သူတို့ဘာသာသူတို့ ဘယ်တော့မှ ချွတ်မှာမဟုတ်ဘူး ၊ တခြားလူက ချွတ်လိုက်တာပဲ ဖြစ်ရမယ် ။ ကျူးယွန်းချန် ၊ သူပဲ ဖြစ်ရမယ် ။ သူကလွဲရင် အဲဒီနေရာမှာ လုပ်ရဲမယ့်လူ ငါမမြင်မိဘူး"

ဝေကျိကျန်းက လက်သီးကိုကျစ်ကျစ်ပါအောင် ဆုပ်ရင်း ပြောလိုက်သည် ။

"မိသားစုအဘိုးအဘွားတွေက အသက်အဆောင်ကို တီထွင်ကတည်းက ဒါက သာမန်လူတွေကိုပဲခြောက်လှန့်နိုင်တာ။ တကယ့် အားကောင်းတဲ့လူတွေက ဒါမျိုးတွေကို ဂရုမစိုက်ဘူး ။ ကျူးယွန်းချန်၊ သူမဟုတ်ဘူးလို့ ငါထင်တယ် ။ အနည်းဆုံးတော့ သူက အခုအချိန်မှာ မလုပ်ရဲသေးဘူး ။ ဒါက တခြားလူတစ်ယောက်ယောက်ရဲ့ လက်ချက်ပဲ ဖြစ်ရမယ်"

ဝေကျန့်ထျန်းကတွေးတွေးဆဆ ဖြည်းညှင်းစွာ ပြောလိုက်၏ ။

"အဖေ ၊ဖုနျူးတောင်အခြေစိုက်စခန်းက ချင်းယွင်တောင်အိမ်ရာနဲ့ မဝေးဘူး။ ကျွန်တော်တို့ လီကျန့်ချန်ကို ဆက်သွယ်ပြီး ချင်းယွင်တောင်အိမ်ရာကို လူလွှတ်ကြည့်ခိုင်းရင် မကောင်းဘူးလား ။ တကယ်လို့ ညီမလေးနဲ့ ရှောင်ယွန်းတို့ကို တွေ့ရင် သူတို့ ကယ်တင်နိုင်လိမ့်မယ်"

ဝေကျိကျန်းက အကြံပြုလိုက်သည်။

"မိုက်မဲတဲ့စိတ်ကူးပဲ ။ လက်ရှိအခြေအနေက ဘာလဲ ။ နိုင်ငံက ဒီလိုအခြေအနေမျိုး ရောက်နေတာ ၊ ငါတို့အောက်ကလူတွေမှာ သူတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်တွေ မရှိဘူးလို့ မင်းထင်နေလား"

"သူတို့က ရှောင်ချင်းနဲ့ ရှောင်ယွန်းတို့ကို တွေ့ရင်မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိမလာနိုင်ဘူးလား" ဝေကျန့်ထျန်းက ပြတ်သားစွာ ပြောလိုက်၏ ။

အဖေဖြစ်သူ၏ စကားကို ကြားရသောအခါ ဝေကျိကျန်းသည် ကိစ္စ၏ အဓိကအချက်ကို ချက်ချင်း သဘောပေါက်သွားသည်။

ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့ အသက်ရှင်နေသေးလျှင်ပင် ၊ သူတို့ကို တွေ့ရှိသွားပါက ဝေမိသားစုကို ခြိမ်းခြောက်ရန် ဓားစာခံအဖြစ် အသုံးချခံရမည်မှာ သေချာသလောက် ရှိနေ၏ ။

"ဒါဆို ညီမလေးနဲ့ ရှောင်ယွန်းတို့ကို ဘယ်လိုလုပ်မလဲ"

ဝေကျိကျန်းက အဖေဖြစ်သူ၏ ဆိုလိုရင်းကို နည်းနည်း နားလည်သွားသည် ။

"သေတာရှင်တာသူတို့ကံအတိုင်းပဲ ။ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကို သူတို့ဘာသာရှာပါစေ"

"ဒါနဲ့ ၊ မိသားစုရဲ့ မျိုးဆက်သစ်တွေထဲမှာ စွမ်းရည်နိုးထမှု အခြေအနေက ဘယ်လိုလဲ" ဟုဝေကျန့်ထျန်းက မေးလိုက်၏ ။

"လင်ကျဲနဲ့ လင်ယုတို့ နှစ်ယောက်လုံး စွမ်းရည်နိုးထပြီးပြီ ၊ အခု စစ်ဆေးအကဲဖြတ်မှုကို ခံယူနေကြတယ် ။ တခြား မိသားစုဝင်တွေလည်း နိုးထဖို့အတွက် ကြိုးစားနေကြပါတယ်"

"ကောင်းတယ် ။ ငါတို့ အရှိန်မြှင့်ရမယ် ။ ခေတ်ကာလတွေ ပြောင်းလဲသွားပြီ ၊ ငါတို့ ဝေမိသားစု နောက်ကျကျန်ခဲ့လို့မဖြစ်ဘူး"

ဝေကျန့်ထျန်းက ပြတ်သားသော အကြည့်ဖြင့် ပြောလိုက်၏။

ထိုအချိန်တွင်ချင်းယွင်‌တောင်အပန်း‌ ဖြေစခန်းရှိရှောင်ဖန်း၏စံအိမ်ကြီးအတွင်း၌ ဖြစ်သည် ။

ဝေကျိချင်း၏ စိတ်ထဲတွင် ယခုအချိန်၌ အရှက်ရမှုများဖြင့် ပြည့်နှက်နေ၏။

မူလက ကျူချမ်းချမ်း၏ ကျွန်အဖြစ် ကျရောက်ပြီးနောက် ၊ မိမိနှင့် ဝေလင်ယွန်းတို့သည် အလွန်ဆုံးရှိမှ အစေခံအလုပ်ကိုသာ လုပ်ရမည်ဟု ဝေကျိချင်းထင်မှတ်ခဲ့သည် ။

သို့သော် ရှောင်ဖန်းက သူတို့ကို လူတိုင်း၏ နေ့စဉ်လိုအပ်ချက်များကို လုပ်ခိုင်းရုံသာမက ကုလားထိုင်ပေါ်တွင် ထိုင်ခွင့်မ‌ပေးခဲ့ချေ ။ သူတို့ အလုပ်မရှိသည့်အခါ ကြမ်းပြင်ပေါ်တွင်သာ ဒူးထောက်နေရသည်။

သူတို့ကို ပေးထားသည့် အစေခံယူနီဖောင်းများသည်ပင် စုတ်ပြဲနွမ်းဖတ်နေပြီး၎င်းက သူမတို့တွက်အဆိုးရွားဆုံးသော အရှက်ခွဲခံရမှု ဖြစ်၏။

၎င်းကဝေကျိချင်းကို အလွန်အမင်းခံရခက်စေသည်။ သူမ၏သတင်းတစ်ခုပေးပြီး အစားအစာ အနည်းငယ်နှင့် လဲလှယ်ရန် အကြံအစည်သည် ယခုကဲ့သို့ အဆုံးသတ်မျိုး ဖြစ်လာလိမ့်မည်ဟုသူမမမျှော်လင့်ထားခဲ့ချေ။

လူမဆန်သော အကောင်ရှောင်ဖန်း။ ဝေကျိချင်းသည် သူ့ကို အရိုးထဲကပါနာကျည်းမိ၏။

ဝေကျိချင်းကို ထိတ်လန့်စေသော အခြားအချက်တစ်ခုရှိသေးသည်။ ယင်းမှာ သူမ၏ တူမဖြစ်သူ ဝေလင်ယွန်းက နည်းနည်း မူမမှန်ဖြစ်နေခြင်းဖြစ်၏။

ပုံမှန်အားဖြင့် ရှောင်ဖန်းက အမိန့်မပေးလျှင် သူတို့သည် မည်သည့်အရာကိုမျှ ဦးဆောင်၍ မလုပ်ကြချေ ။

သို့သော် သူမ၏ တူမသည် ရှောင်ဖန်းအတွက် အလုပ်များစွာကို မိမိသဘောဆန္ဒအလျောက်လုပ်ပေးနေပြီး ၊ သူမက လိုလိုလားလား လုပ်နေသည့်အတိုင်း ဖြစ်နေကာ မိမိနှင့် လုံးဝမတူတော့ချေ ။

ဒါကဝေကျိချင်းကိုကြောက်ရွံ့စေသည်။ရှောင်ဖန်းတွင် လူတစ်ယောက်၏ စိတ်နှလုံးကို ပြောင်းလဲနိုင်သော အရာတစ်ခုခု ရှိနေမလားဟု သူမ တွေးကြောက်နေမိ၏ ။

"ကျွန် အမှတ် ၁ ၊ ဒီသခင်အတွက် အအေးသွားငှဲ့စမ်း"

ဝေကျိချင်းက စိတ်ရှုပ်ထွေးစွာဖြင့် ကြမ်းပြင်ပေါ်တွင် ဒူးထောက်နေစဉ် ရှောင်ဖန်း၏ အသံသည် ရုတ်တရက် ထွက်ပေါ်လာ၏။

*********

All Chapters