အခန်း ၆၂
Vol. 7 Ch. 62
အခန်း ၆၂ ယောက်ျားကောင်းတစ်ဦး၏စိတ်ထား
ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့ကျူချမ်းချမ်း၏ ကျွန်အဖြစ် ကျရောက်ပြီးကတည်းက ရှောင်ဖန်းသည် သူတို့ထံမှ အသုံးဝင်သော အချက်အလက်များစွာကို ရရှိခဲ့၏ ။
ဝေမိသားစု၏ အခြေအနေနှင့်ပတ်သက်၍ ပြောစရာ သိပ်မရှိချေ။
ဘာပဲဖြစ်ဖြစ် သူတို့သည် ရှောင်ဖန်းရှိရာနေရာနှင့် အလွန်ဝေးကွာသောကြောင့် လောလောဆယ်တွင် ထည့်သွင်းစဉ်းစားရန်မလိုသေးချေ။
သို့သော်တခြားတစ်ဖက်၌ကျူးယွန်းချန်သည်သူ့အတွက်တကယ့် ပြဿနာကြီးတစ်ခုဖြစ်နေရသည်။
ကျူးယွန်းချန်အကြောင်း ပြောရလျှင် ထိုလူသည် မဟာရှားနိုင်ငံ၌ ဒဏ္ဍာရီဆန်သော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်၏။
နိမ့်ပါးသော ဘဝမှ စတင်ခဲ့ပြီး သူတစ်ပါးကို လှည့်ဖြားနိုင်သည့် သူ၏ ထူးကဲသော စွမ်းရည်ကို အားကိုးကာ ရင်းနှီးမြှုပ်နှံမှုတစ်ခု ရရှိခဲ့သည်။
ထို့နောက်ထိုရင်းနှီးမြှုပ်နှံမှုကို အသုံးချ၍ ငွေကြေးပလက်ဖောင်း လုပ်ငန်းတစ်ခုကို စတင်ခဲ့၏ ။
အရှိကိုအရှိအတိုင်း ပြောရလျှင် သူသည် အတိုးကြီးစား သွေးစုပ်ဖုတ်ကောင်တစ်ဦး ဖြစ်သည်။
သူ၏ ချေးငွေလုပ်ငန်းသည် တဖြည်းဖြည်း ကြီးထွားလာပြီးနောက် ကျူးယွန်းချန်သည် နောက်ဆုံးတွင် မဟာရှားနိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာခဲ့၏။
ဝေကျိချင်း ပေးသော အချက်အလက်များအရ ကျူးယွန်းချန်သည် ယခုအကြိမ် ချင်းယွင်တောင်အိမ်ရာသို့ လာသောအခါ သူ့အနားတွင် အမြဲရှိနေတတ်သည့် လှပသော အတွင်းရေးမှူးမလေးများ အပြင် လူတစ်ဆယ်ကျော်ပါဝင်သော သက်တော်စောင့်အဖွဲ့ကိုလည်း ခေါ်ဆောင်လာခဲ့၏။
ယင်းသက်တော်စောင့်အဖွဲ့၏ ခေါင်းဆောင်မှာဟူဖေးဖြစ်ပြီး ကျူးယွန်းချန်၏ ကိုယ်ရံတော်လည်းဖြစ်ကာသူသည်စွမ်းရည်ရှင်တစ်ဦးလည်းဖြစ်သည်။
ဟူဖေး၏ စွမ်းရည်မှာအလွန်ရိုးရှင်း၏။ သူသည် မိမိ၏ ခွန်အားနှင့် ခုခံနိုင်စွမ်းကို မြှင့်တင်ရန် ကြွက်သားများကို ကြီးထွားစေနိုင်သည။
ဟူဖေးသည် ကျူးယွန်းချန်အတွက် ကျည်ဆန်များကို အကြိမ်ကြိမ် ကာကွယ်ပေးခဲ့ဖူးပြီး အပေါ်ယံဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်ဟု ဆိုကြ၏ ။
ရှောင်ဖန်း၏ အမြင်တွင်ဤကဲ့သို့သော စွမ်းရည်သည် ကြီးမားသော ခြိမ်းခြောက်မှု မဟုတ်ချေ။ ယင်းက နည်းနည်းပိုပြီး ခံနိုင်ရည်ရှိသော ပစ်မှတ်တစ်ခုမျှသာ ဖြစ်သည် ။
သို့သော် ကမ္ဘာပျက်ကပ်မတိုင်မီက ဟူဖေးကဲ့သို့ စွမ်းရည်ရှင်မျိုးသည်ပင် အလွန်တရာ ရှားပါးလှ၏ ။
ဝေကျိချင်း၏ ပြောပြချက်အရ ဟူဖေး၏ စွမ်းရည်သည် အလွန်ရိုးရှင်းပြီး ထူးခြားချက်မရှိသဖြင့်၎င်း၏ ခြိမ်းခြောက်မှုအဆင့်မှာ မမြင့်မားသောကြောင့် ကျူးယွန်းချန်သည် သူ့ကို ငွေအမြောက်အမြားပေးကာ ငှားရမ်းခွင့် ရရှိခဲ့ခြင်းဖြစ်သည်။
သို့မဟုတ်ပါက ဟူဖေးသည် နိုင်ငံတော် သို့မဟုတ် ကြီးမားသော မိသားစုတစ်ခုခု၏ ခေါ်ယူခြင်းကို ခံရသည်မှာ ကြာပြီဖြစ်၏ ။
ဟူဖေး၏ စွမ်းရည်သည် တကယ်ပဲ ထိုမျှသာလားဆိုသည်ကိုမူ ရှောင်ဖန်း အပြည့်အဝ သေချာမသိသေးချေ ။
ဘာပဲဖြစ်ဖြစ် သူသည် ဝေကျိချင်းထံမှသာ ကြားသိရခြင်းဖြစ်ပြီး သူမသည်လည်း ထိုလူနှင့်ပတ်သက်သမျှ အားလုံးကိုသိချင်မှသိပေလိမ့်မည် ။
ရှောင်ဖန်းကို အစိုးရိမ်ဆုံးဖြစ်စေသည့်အချက်မှာ ကျူးယွန်းချန်၏ လက်အောက်ရှိ သက်တော်စောင့်အဖွဲ့တွင် သေနတ်များ ရှိနေခြင်းဖြစ်၏ ။
၎င်းတို့သည် စစ်တပ်သုံး လက်နက်များ ဖြစ်ကြပြီးယင်းက ရှောင်ဖန်းဂရုစိုက်ဆုံးအရာ ဖြစ်၏ ။
မဟာရှားနိုင်ငံတွင် သာမန်လူတစ်ဦးသည် သေနတ် နှင့်ထိုကဲ့သို့သော လက်နက်မျိုးကို ရယူလိုပါက အဆက်အသွယ်မရှိဘဲ ရယူနိုင်ဖို့အလွန်ခက်ခဲလှသည်။ သူတို့တွင် ရနိုင်မည့်လမ်းရှိလျှင်ပင် လက်ကိုင်သေနတ် အနည်းငယ်မျှသာရှိလိမ့်မည်ဖြစ်သည်။
သို့သော် ကျူးယွန်းချန်ကဲ့သို့ လူမျိုးများအတွက်မူ သေနတ်များရရှိရန် အလွန်လွယ်၏။
ရှောင်ဖန်းကို စိတ်အနှောင့်အယှက်ဖြစ်စေသော အခြားပြဿနာတစ်ခုလည်း ရှိသေးသည်။ ယင်းမှာ ကျူးယွန်းချန်၏ ကမ္ဘာပျက်ကပ်ခံတပ်ကြီးသည် မြေအောက်၌ တည်ရှိပြီး သူယခုနေထိုင်သော စံအိမ်၏ အနောက်တည့်တည့်တွင် ရှိနေခြင်းဖြစ်၏။
ဝေကျိချင်းသည် ကနဦးက ကျူးယွန်းချန်၏ ဖိတ်ကြားမှုကြောင့် အတွင်းသို့ သွားရောက်လည်ပတ်ခဲ့ဖူးသည်။
ဝေကျိချင်း ပေးသော အချက်အလက်များအရ ထိုခံတပ်ကြီးသည် အလွန်ကျွမ်းကျင် သောပညာရှင်များကလုံခြုံစိတ်ချရအောင် တည်ဆောက်ထားခြင်းဖြစ်၏။
အဝင်တံခါးမကြီး တစ်ခုကိုဖွင့်ရန် ပင်အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ် လိုအပ်သဖြင့် ရှောင်ဖန်း၏ ဟင်းလင်းပြင်လက်ဝါးကို သုံး၍ ဖွင့်ရန် စိတ်ကူးမှာမဖြစ်နိုင်ချေ။
အတွင်းရှိ ပစ္စည်းများမှာလည်းဇိမ်ခံပစ္စည်းများသာဖြစ်၏။ ခံတပ်ကြီး တစ်ခုလုံးတွင် မြေအောက်၌ပင်ငါးထပ် ရှိသည်။
ယင်း၌ ရေလည်ပတ်မှုစနစ် ၊ လေထုလည်ပတ်မှုစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ် အပါအဝင် အမျိုးမျိုးသော စနစ်များ အပြည့်အစုံ တပ်ဆင်ထား၏ ။ ထို့ပြင် မြေအောက်အနက်ကြီးတွင်ရှိသောကြောင့်ခံတပ်၏ခုခံရေးသည်လည်းအလွန်ခိုင်မာလှသည်။
ထိုစဉ်က ကျူးယွန်းချန်က ဝေကျိချင်းကို မိတ်ဆက်ပြောပြခဲ့ပုံအရ ခံတပ်ကြီးသည်ဖျက်ဒုံးကျည်ဖြင့် သီးသန့်ပစ်မှတ်ထားခြင်း မခံရလျှင် သို့မဟုတ် နျူကလီယားဗုံး၏ ဗဟိုချက်က ဤနေရာတည့်တည့်တွင် မရှိလျှင် တခြားသော နည်းလမ်းများဖြင့် ယင်းကို မဖျက်ဆီးနိုင်ချေ။
ထို့ပြင် အတွင်း၌ သိုလှောင်ထားသော ရိက္ခာပစ္စည်းများကလည်းလူအယောက်နှစ်ဆယ်သည် ထိုနေရာ၌ ငါးနှစ်ကြာ နေထိုင်ရန် လုံလောက်နိုင်၏။။
၎င်းမှာအတွင်းရှိ အသေးစား မွေးမြူရေးနှင့် စိုက်ပျိုးရေးဇုန်များကို ထည့်မတွက်ရသေးချေ။ထိုအရာများနှင့်ဆိုလျှင်သူတို့သည် ပို၍ပင် ကြာရှည်စွာအသက်ရှင်နိုင်ကြမည်ဖြစ်သည်။
မိမိ၏ အိပ်ရာဘေးတွင် သူတစ်ပါးကို အေးချမ်းစွာ အိပ်စက်ခွင့် မပြုနိုင်ဟူသောမူအရ ရှောင်ဖန်းသည် ကျူးယွန်းချန်နှင့် သူ၏ သက်တော်စောင့်အဖွဲ့ဝင် အားလုံးကို သတ်ပစ်ရန် နည်းလမ်းကို စဉ်းစားနေခဲ့၏။သူ့ကိုခြိမ်း ခြောက်နေသော အရာကို အမြစ်ပြတ်ချေမှုန်းရန် ဖြစ်သည်။
သို့သော် ကံမကောင်းစွာဖြင့် ကျူးယွန်းချန်ဘက်မှ မည်သည့် လှုပ်ရှားမှုမျှ မရှိချေ ။သူသည် ရှောင်ဖန်းကို ပြဿနာရှာရန် လူလွှတ်သည်ကိုပင် မတွေ့ရသဖြင့် ရှောင်ဖန်းကိုစိတ်တိုစေ၏။
သို့သော် တခြားနည်းလမ်းမရှိချေ။ ရှောင်ဖန်းက မဖျက်ဆီးနိုင်သောခံတပ်ကြီးထဲသို့ ကိုယ်တိုင် သွားရောက်ကျူးကျော်၍မရနိုင်ပေ။
ထို့ကြောင့် ရှောင်ဖန်းသည် ရန်သူမလှုပ်လျှင် ငါမလှုပ် ၊ ရန်သူလှုပ်လျှင် ငါက ဝရုန်းသုန်းကားလှုပ်မည် ဟူသော မူကို ကျင့်သုံးရန် ဆုံးဖြတ်လိုက်သည်။
စိတ်ရှည်ရှည်ထား၍စောင့်သာ စောင့်လိုက်တော့မည်။
အမှန်တွင်ကျူးယွန်းချန်ကလည်း ရှောင်ဖန်းကို မတိုက်ခိုက်ချင်၍ မဟုတ်ချေ။ကျူးယွန်းချန်သည် မိမိကိုယ်ကိုယ်ပင် မကယ်တင်နိုင်တော့ဘဲ လက်ရှိတွင် ခံတပအတွင်း၌ လူမဆန်သော နှိပ်စက်ညှဉ်းပန်းမှုကို ခံနေရခြင်းဖြစ်သည်။
အကြောင်းမှာလွန်ခဲ့သော ရက်အနည်းငယ်ကခံတပ်အတွင်း၌ပုန်ကန်မှုတစ်ခု ဖြစ်ပွားခဲ့သောကြောင့်ဖြစ်၏။
ပုန်ကန်မှု၏ ခေါင်းဆောင်မှာ ကျူးယွန်းချန်၏ ကိုယ်ရံတော် ဟူဖေး ဖြစ်သည်။
ပုန်ကန်မှုအကြောင်း ပြောရလျှင်ကျူးယွန်းချန် ကိုယ်တိုင် ဖန်တီးခဲ့ခြင်းဖြစ်၏ ။သူကိုယ်တိုင်ပင် ယင်းကိစ္စကို တွန်းအားပေးခဲ့သဖြင့်အချိန်မတိုင်မီ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
မူလက ကမ္ဘာပျက်ကပ် ရောက်ရှိလာပြီးနောက် ပထမဆုံးလအတွင်း ကျူးယွန်းချန်နှင့် သူ၏ လက်အောက်ငယ်သားများသည် ခံတပ်အတွင်း၌ကောင်းမွန်စွာ နေထိုင်ခဲ့ကြ၏။
လူတိုင်းတွင် အစားအသောက် အပြည့်အစုံရှိပြီး သူတို့၏ နေ့ရက်များသည် ပုံမှန်ရက်များကဲ့သို့အေးအေးဆေးဆေးရှိလှသည်။
တစ်နေ့တွင် ကျူးယွန်းချန်က ဟူဖေးကို သက်တော်စောင့်အဖွဲ့အား ဦးဆောင်စေပြီး ချင်းယွင်တောင်အိမ်ရာရှိ တခြားနေထိုင်သူများကို စတင်တိုက်ခိုက်စေကာ သူတို့၏ ရိက္ခာများနှင့် မိန်းမများကို လုယူရန် ရုတ်တရက် အမိန့်ပေးလိုက်၏။
အစပိုင်းတွင်ဟူဖေးနှင့် သက်တော်စောင့်အဖွဲ့ဝင်များသည် အနည်းငယ်မဝံ့မရဲ ဖြစ်နေကြ၏။သူတို့၏ စိတ်ထဲတွင် ဤသို့လုပ်ခြင်းက ဥပဒေကို ဆန့်ကျင်နေသည်ယူဆ သောကြောင့် ဖြစ်သည်။
သူတို့သည် ကမ္ဘာပျက်ကပ်မတိုင်မီက တရားမဝင်သောအရာ အမြောက်အမြား လုပ်ခဲ့ဖူးသော်လည်းလျှို့ဝှက်စွာ လုပ်ဆောင်ခဲ့ကြ၏ ။
ထို့ပြင် ထိုနေရာက ချင်းယွင်တောင်အိမ်ရာဖြစ်ပြီး နေထိုင်သူများသည် အနည်းနှင့်အများ ထင်ပေါ်ကျော်စောသူများ ဖြစ်ကြသည်။ ထိုလူများကို တိုက်ခိုက်ခြင်းက သူတို့အတွက် နောင်တွင်ပြဿနာအချို့သယ်ဆောင်လာနိုင်၏ ။
သို့သော် ကျူးယွန်းချန်၏ စကားတစ်ခွန်းက ဟူဖေးနှင့် သက်တော်စောင့်အဖွဲ့၏ဝန်ထုပ်ဝန်ပိုးကို လုံးဝစွန့်လွှတ်စေခဲ့သည်။
ယင်းစကားက "ကမ္ဘာပျက်ကပ် ရောက်နေပြီ ၊ ဘယ်သူက ဒါတွေကို ဂရုစိုက်နေဦးမှာလဲ" ဟူ၍ ဖြစ်၏။
ထိုအချက်ကြောင့်ပင် ဟူဖေး၏ စိတ်ဓာတ်သည်လည်း စတင်ပြောင်းလဲလာခဲ့သည်။
ယောက်ျားကောင်းတစ်ဦးသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ရှင်သန်ရ၏။ သူသည် သူတစ်ပါးအောက်၌ ကြာရှည်မနေလိုတော့ချေ။
ထို့ပြင် သူက စွမ်းရည်ရှင်တစ်ဦး ဖြစ်သည် ။ ငြိမ်းချမ်းသောကာလတွင် သူသည် သူတစ်ပါးကို အားကိုးနိုင်သော်လည်း ယခုအခါ ကမ္ဘာပျက်ကပ်ဖြစ်နေပြီဖြစ်ရာ ၊ သူကိုယ်တိုင် မိမိအတွက် ကမ္ဘာတစ်ခုကို တည်ဆောက်မည်ဟုစတင်ကြံစည်လိုက်၏။
ထို့ကြောင့် လွန်ခဲ့သော ရက်အနည်းငယ်က ဟူဖေးသည် မိမိ၏သိုင်းပညာစွမ်းအားကို အားကိုး၍ သက်တော်စောင့်အဖွဲ့ကို ဦးစွာ နာခံစေပြီးနောက် ပုန်ကန်မှုကိုပြုလုပ်ခဲ့၏ ။
ဟူဖေးက သူ၏ လူများကို ဦးဆောင်ကာ ကျူးယွန်းချန်၏ အိပ်ခန်းထဲသို့ အတင်းအဓမ္မ ဝင်ရောက်သွားသောအချိန်တွင်ကျူးယွန်းချန်သည် သူ၏ အတွင်းရေးမှူးမလေးများ အုပ်စုမှ အလှပဂေးများနှင့် ချစ်တင်းနှောနေဆဲဖြစ်၏။
ဟူဖေး ရုတ်တရက် ဝင်လာသည်ကို မြင်သောအခါ ကျူးယွန်းချန်သည် အလွန်အမင်း ဒေါသထွက်သွားပြီး စည်းကမ်းမရှိသူဟု ဟူဖေးကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။
သို့သော် သူပြန်ရလိုက်သည်မှာ ယပ်တောင်ကဲ့သို့ ကြီးမားလှသောဟူဖေး၏ လက်ဝါးချက်ဖြစ်၏ ။
ထို့နောက် ဟူဖေးသည် ခိုလှုံရာခံတပ်ကြီး တစ်ခုလုံးကို ထိန်းချုပ်လိုက်သည်။
အထက်လူကြီးဖြစ်သော ကျူးယွန်းချန်မှာမူ လူရုပ်မပေါက်တော့သည့်တိုင်အောင်သူ၏ နှိပ်စက်ခြင်းကိုခံခဲ့ရ၏။
ယနေ့တွင် ကျူးယွန်းချန်ကိုအားရအောင် နှိပ်စက်ပြီးအခန်းထဲမှထွက်လာသော ဟူဖေးသည် ဝမ်ပေါင်ဟု အမည်ရသည့် လက်အောက်ငယ်သားတစ်ဦးနှင့် တိုးမိ၏။
"ဆရာကြီး ၊ ဟိုလူသစ် ဝေမိသားစုက မိန်းမနှစ်ယောက်ကို ခေါ်သွားတာ ရက်အနည်းငယ် ရှိနေပြီ ။ ကျွန်တော်တို့ သွားပြီး သူတို့အားလုံးကို ပြန်ခေါ်လာရမလား"
ဟူဖေးက မျက်လုံးများကို ထောင့်ကပ်ရင်းပြောလိုက်၏။
"ကျူးယွန်းချန် တစ်ခါက ပြောဖူးတယ် ၊ ဝေမိသားစုက မိန်းမနှစ်ယောက်မှာ ဝေမိသားစုရဲ့ အသက်အဆောင် ရှိတယ်တဲ့ ။ သူတို့ကို ထိဝံ့တဲ့ မည်သူမဆို ဝေမိသားစုကို သေချာပေါက် သိစေလိမ့်မယ်။ ငါတို့ ဝေမိသားစုကို ပြစ်မှားမရနိုင်ဘူး"
"ဆရာကြီး ၊ ဒါက သေချာပေါက် မှန်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး ။ စဉ်းစားကြည့်ပါဦး ၊ ဘယ်လိုအရာက အဲဒီလောက်အထိ ဆန်းကြယ်နေမှာလဲ ။ ငါတို့ ဒီမှာ ဝေမိသားစုကို ထိရင် သူတို့ သိမှာတဲ့လား ။ ဒါ့အပြင် တကယ်လို့ တစ်စုံတစ်ယောက်က သူတို့ကို ထိခဲ့ရင်လည်း အဲဒါက ဟိုလူသစ်ပဲ ဖြစ်လိမ့်မယ်"
"ဒါ—ငါ ထပ်ပြီး စဉ်းစားပါဦးမယ်" ဟူဖေးက နည်းနည်း တွန့်ဆုတ်နေ၏ ။
"ဆရာကြီး ၊ ကျွန်တော် အဲဒီတုန်းက မြင်ခဲ့တယ် ။အဲဒီလူသစ်အစုမှာ ယောက်ျားတစ်ယောက်ပဲ ရှိပြီး ကျန်တဲ့လူတွေက အကုန်လုံး မိန်းမတွေပဲ ၊ ပြီးတော့ သူတို့အားလုံးက အလှလေးတွေချည်းပဲ"
ဝမ်ပေါင်ကမက်လုံးပေးကာမြှူဆွယ်လိုက်၏။
"ညီအစ်ကိုတွေကို စုရုံးဖို့ ပြောလိုက် ၊ ငါတို့ သူတို့ကို တိုက်ခိုက်သိမ်းပိုက်ဖို့ ပြင်ဆင်ကြမယ်"
အလှပဂေးများအကြောင်းကြားရသောအခါ ဟူဖေးကသွားရောက်တိုက်ခိုက်ရန်ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်တော့၏။
*********