← Chapters

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃

Vol. 7 Ch. 63

အခန်း ၆၃ စံအိမ် တိုက်ခိုက်ခံရခြင်း

ဆွေးနွေးမှုအပြီးတွင် ဟူဖေးသည် ရှောင်ဖန်းရှိရာ စံအိမ်သို့ သွားရောက်ပြီး တံခါးကို ဖျက်ဆီး၍အတွင်းရှိလူအားလုံးကို ဖမ်းဆီးရန် ဝမ်ပေါင်ကို အဖွဲ့တစ်ခုဦးဆောင်၍ စေလွှတ်ရန် ဆုံးဖြတ်လိုက်သည်။

သူကိုယ်တိုင် မသွားရခြင်းမှာဟူဖေးက အလွန်အမင်းသတိကြီးလွန်းသောကြောင့်ဖြစ်၏။

တခြားလူများ ရှင်းရှင်းလင်းလင်း မသိနိုင်သော်လည်း ယခုကဲ့သို့သော အခြေအနေမျိုးတွင် လူများကို ဦးဆောင်ကာ ချင်းယွင်တောင်အိမ်ရာသို့ လာရဲပြီး ဝေမိသားစုမှ မိန်းမနှစ်ယောက်ကိုပင် ခေါ်ဆောင်သွားရဲသောသူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်း ဟူဖေး၏ စိတ်ထဲတွင် သိနေသည်။

ထိုသူမှာ သေချာပေါက် စွမ်းရည်ရှင်တစ်ဦးဖြစ်ရမည်။ရန်သူ၏ စွမ်းရည်ကို အသေအချာမသိရသေးမီ သတိထားခြင်းက ပိုကောင်း၏။

မကြာမီ ဝမ်ပေါင်သည်သက်တော်စောင့်အဖွဲ့ဝင် ခြောက်ဦးကိုဦး‌ဆောင်ပြီးခံတပ်ကြီးထဲမှ ထွက်လာခဲ့သည်။

"ညီအစ်ကိုတို့ ၊ ဒီတစ်ကြိမ်တော့ ဆရာကြီးရဲ့ ရှေ့မှာ မျက်နှာမပျက်စေနဲ့ ။ ငါတို့ အလုပ်ကို‌ကောင်းကောင်းလုပ်ရမယ်"

"ငါ မင်းတို့ကို ပြောပြမယ် ၊ ဝေမိသားစုက မိန်းမနှစ်ယောက်အပြင် အတွင်းထဲက တခြားမိန်းမတွေကလည်းတအားလှတယ်။ ငါတို့ ဒီတစ်ကြိမ် ကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် ဆရာကြီးက အသားစားရင် ငါတို့လည်း ဟင်းရည်သောက်ခွင့်ရမယ်"

ဝမ်ပေါင်သည် လက်ထဲမှ အော်တိုရိုင်ဖယ်သေနတ်ကို မြှောက်လိုက်ပြီး သူတို့အားလုံး နားလည်သောမသတီစရာအပြုံးမျိုး ပြုံးလိုက်၏။

"ဟီးဟီး ။ ဒါဆိုရင် ငါတို့က ဟင်းရည်တင် သောက်ရမှာ မဟုတ်ဘူး ။ ခိုလှုံရာထဲမှာ မိန်းမအများကြီးရှိတယ် ၊ ဆရာကြီး တစ်ယောက်တည်းတော့ အကုန်နိုင်မှာ မဟုတ်ဘူး ။ ငါတို့လည်း အသားကို ဝဝလင်လင် စားရနိုင်တာပဲ"

သက်တော်စောင့်တစ်ဦးက ရယ်မောရင်း ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ သက်တော်စောင့်အများစုသည် တပ်မက်သောစိတ်များဖြင့် တက်ကြွသွားကြ၏။

ထို့ကြောင့် ဝမ်ပေါင်နှင့် အဖွဲ့ဝင် ခြောက်ဦးသည် စကားပြောဆို ရယ်မောရင်း ရှောင်ဖန်း၏စံအိမ်တံခါးအဝင်ဝသို့ ရောက်ရှိလာကြသည်။

"သွား။ တံခါးကို တိုက်ဖွင့်စမ်း"

ဝမ်ပေါင်က လက်ဝှေ့ယမ်းကာအမိန့်‌ ပေးလိုက်၏။

အမျိုးသားနှစ်ဦးက သေတ္တာအမည်းကို ဖွင့်ကာ တံခါးဖျက်တုံးကို ထုတ်ယူလိုက်ကြသည် ။ သူတို့သည်စံအိမ်၏ အဝင်တံခါးမကြီးကို စတင်တိုက်ကြတော့၏။

အချက်တစ်ဆယ်ကျော်မျှ တိုက်ပြီးနောက် တံခါးဖျက်နေသော အမျိုးသားနှစ်ဦးမှာ မောဟိုက်လာကြသည် ။

"ဒါက မဟုတ်သေးပါဘူး။ ဒီတံခါးက ဘာလို့ ဒီလောက်တောင် ခိုင်နေရတာလဲ ။ ပွင့်မသွားတာကို ထားလိုက်ပါဦး ၊ တံခါးပေါ်မှာ အစအနလေးတောင် မထင်ဘူး"

တစ်ယောက်က အသက်ကို လုရှူရင်း ပြောလိုက်၏။

ထိုစကားကို ကြားရသောအခါ ဝမ်ပေါင်က ရှေ့သို့ တိုးလာပြီး စံအိမ်တံခါးကို စမ်းသပ်ကြည့်လိုက်သည်။

သုံးထားသောပစ္စည်းအမျိုးအစားက သာမန်အတိုင်း ဖြစ်ပြီးမည်သည့် ထူးခြားချက်ကိုမျှမတွေ့ရချေ။

"လူလဲပြီး ဆက်ထုစမ်း"

နောက်ထပ် လူနှစ်ဦး လဲလှယ်ကာ အချက်ပေါင်းများစွာ ထပ်မံထုရိုက်သော်လည်း တံခါးမှာ လုံးဝ မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည် ။ ၎င်းကလူတိုင်းကို အံ့ဩသွားစေ၏။

သူတို့ ယခင်က တခြားစံအိမ်တံခါးများကို အချက်အနည်းငယ်အတွင်းမှာဖွင့်နိုင်ခဲ့၏။အခုတံခါးကထူးဆန်းလှသည်။

သို့သော် ဝမ်ပေါင်ကတံခါးမပွင့်လျှင် ပြတင်းပေါက်မှန်များကို ရိုက်ခွဲမည့်သူ ဖြစ်၏။မှန်ကတံခါး‌လောက်ခိုင်ခံ့မည်ဟုသူမထင်ချေ။

သို့သော်စံအ်ိမ်၏ ပထမထပ်မှာ ထူထပ်သော ဆီးနှင်းများအောက်တွင် နစ်မြုပ်နေပြီး ဒုတိယထပ်မှပြတင်းပေါက်အချို့သာပေါ်နေ၏။

ဆီးနှင်းများကချောနေသဖြင့်ထိုအပေါ်ကြာရှည်တက်ရပ်ရန်မဖြစ်နိုင်ပေ။

ထို့ကြောင့် ဝမ်ပေါင်နှင့် တခြားလူများသည် ပထမထပ် ပြတင်းပေါက်များအနီးရှိ ဆီးနှင်းပုံကို ဂေါ်ပြားဖြင့် စတင်တူးဆွကြတော့သည်။ ပြတင်းပေါက်တစ်ခုခုဆီသို့ လမ်းပွင့်ရန် မျှော်လင့်ချက်ဖြင့် ဖြစ်၏။

သို့သော် ဆီးနှင်းများကထူထပ်လွန်းသဖြင့် သူတို့ အကြာကြီးတူးဆွသော်လည်း ပြတင်းပေါက်တစ်ခုမျှ ပေါ်မလာခဲ့ချေ ။

"မရဘူး ၊ အပြင်မှာ အရမ်းအေးတယ် ။ ငါတို့ ဒီထက်ပိုကြာကြာ နေရင် ခံနိုင်မှာ မဟုတ်ဘူး"

တစ်ယောက်က ပြောလိုက်၏ ။

"ဟုတ်တယ် ၊ ပြန်ပြီး ခေတ္တနားကြရအောင် ။ ငါတို့ ကိရိယာတွေ ယူလာပြီး လူတွေ ပိုခေါ်ပြီး အတူတူ လာလုပ်ကြတာပေါ့"

အခြားတစ်ယောက်က ထပ်လောင်းပြောလ်ိုက်သည်။

ဝမ်ပေါင်သည်လည်း အလွန်အမင်း ခံရခက်နေပြီ ဖြစ်၏။သူတို့ နွေးထွေးစွာ ဝတ်ဆင်ထားသော်လည်း ဆီးနှင်းများကို အကြာကြီးတူးဆွရသဖြင့်အားအင်ကုန်ခမ်း‌နေပြီဖြစ်သည်။

သူတို့ ဒီထက်ပိုပြီး နေထိုင်ပါက တစ်ခုခုဖြစ်သွားနိုင်သဖြင့် သူသည် လူများကို ဦးဆောင်ကာ ခိုလှုံရာဆီသို့ ပြန်သွားခဲ့၏ ။

ဝမ်ပေါင်တို့အဖွဲ့ ထွက်ခွာသွားပြီးနောက် ရှောင်ဖန်းသည် ဒုတိယထပ် ပြတင်းပေါက်မှ ခွာလိုက်သည် ။ သူ့နောက်တွင် မိန်းမများ လိုက်ပါလာကြ၏။

"စောစောက လူတွေထဲမှာ ကျူးယွန်းချန်နဲ့ ဟူဖေးတို့ မပါတာ သေချာလား"

ရှောင်ဖန်းက သူ့ဘေးရှိ ဝေကျိချင်းကို မေးလိုက်သည်။

"သခင်ကြီး၊ ကျွန်မ သေချာကြည့်ခဲ့ပါတယ်၊ သူတို့ အဲဒီထဲမှာ မပါဘူး"

ဝေကျိချင်းက ရိုသေစွာ ပြန်ဖြေပြီးနောက် ဝေလင်ယွန်း၏ ဘေးသို့ ပြန်ဆုတ်သွား၏။

"အဘိုးကြီးရှောင်၊ ရှင်က အရာရာကို အလွန်အကျွံ တွေးနေတာပဲ ။ စောစောက ကျွန်မအပြင်ကို ထွက်သွားရင် သူတို့အားလုံးကို အမြန်ဆုံး ခုတ်သတ်ပစ်လို့ ရတာပေါ့ ။ ကြည့်စမ်း ၊ အခုတော့ သူတို့ ထွက်သွားကြပြီ"

ယွမ်ချင်းမေက ဘေးမှ ညည်းညူလိုက်၏။

"နင်က တကယ့်ကို အူတူတူပဲ ။ ဒီလူ တွေကို ခုတ်သတ်လိုက်လို့ ဘာထူးမှာလဲ ၊ အဓိကလူတွေက ခံတပ်ထဲမှာ ပုန်းနေတုန်းပဲလေ။ နင်က မြက်ပင်ကို ရိုက်ပြီး မြွေကိုထိတ်လန့်စေတာမျိုးပဲ လုပ်တတ်တယ်"

ကျူချမ်းချမ်းက လှောင်ပြောင်လိုက်သည်။

"ဒီမြေခွေးမ သေနာမ ၊နင် တစ်ခါလောက် ဆရာ မလုပ်ရရင် မနေနိုင်ဘူးလား"

ယွမ်ချင်းမေက ကျူချမ်းချမ်းကို ဒေါသတကြီး ကြည့်ရင်း ပြောလိုက်၏။

"ကဲ တော်ကြတော့ ၊ မငြင်းကြနဲ့တော့"

ရှောင်ဖန်းက လက်ယမ်းကာ မိန်းမနှစ်ဦး၏ စကားများခြင်းကို အမြန်တားဆီးလိုက်သည်။

"အဘိုးကြီးရှောင် ၊ ကျွန်မထင်တာတော့ သူတို့ရဲ့ အင်အားကို တဖြည်းဖြည်းချင်း လျှော့ချတာလည်း အဆင်ပြေပါတယ် ။ ငါတို့က ကျူးယွန်းချန်နဲ့ ဟူဖေး နှစ်ယောက်လုံး ထွက်လာတာကို မဖြစ်မနေ စောင့်နေဖို့ မလိုပါဘူး"

ယွဲ့ဟွာက ဘေးမှ သူမ၏ ထင်မြင်ချက်ကို ပြောလာ၏။

ရှောင်ဖန်းသည် ခေါင်းကုတ်ကာ ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မရဘူး ၊ ငါတို့ အနည်းဆုံးတော့ဟူဖေး ထွက်လာတာကိုစောင့်ပြီးမှလှုပ်ရှားရမယ် ။ မဟုတ်ရင် ဒီလို လက်အောက်ငယ်သားလေးတွေကို သတ်ရုံနဲ့အရာမ‌ရောက်ဘူး"

ထိုစဉ် တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော ဝေလင်ယွန်းက ရုတ်တရက် စကားဆိုလာ၏။

"သခင်ကြီး ၊ ကျွန်မထင်တာတော့ တစ်ခုခု မှားနေပြီ"

" နင့်ရဲ့ အမြင်ကို ပြောပြစမ်းပါဦး"

ရှောင်ဖန်းက ဝေလင်ယွန်းကို လှည့်ကြည့်ကာ ပြောလိုက်သည် ။

"အရင်တုန်းက ကျူးယွန်းချန်တို့ တခြားစံအိမ်တွေကိုတိုက်ခိုက်တုန်းက ကျူးယွန်းချန်ကပဲ အမြဲတမ်း ဦးဆောင်ခဲ့တာ ။ပြီးတော့ ဟူဖေးလည်း အဲဒီမှာ ပါတယ် ။ ဒါပေမဲ့ ဒီနေ့တော့ သူတို့နှစ်ယောက်လုံး မရှိကြဘူး ၊ ဒါက သေချာပေါက် ပြဿနာတစ်ခုခု ရှိနေလို့ပဲ"

" ဒါကို နင်ကိုယ်တိုင် တွေးမိတာတော့ မဟုတ်လောက်ပါဘူး ဟုတ်လား"

ရှောင်ဖန်းက ဝေလင်ယွန်းကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။

"ဝိုးး သခင်ကြီးကအရမ်းတော်တာပဲ ။ ဟုတ်တယ် ဒေါ်လေးပြောပြခဲ့တာ"

ဝေလင်ယွန်းသည် ရှောင်ဖန်းကို မျက်လုံးလေးများ အရောင်တောက်လျက် ကြည့်လိုက်၏။

ဝေကျိချင်း၏ စိတ်ခံစားချက်မှာ ယခုအချိန်တွင် အလွန် ဆိုးရွားနေသည်။ သူမ၏ တူမက ရူးနေပြီလား မသိ၊အရာရာကိုအကုန်ထုတ်ပြောနေ၏။

တကယ်လို့ စောစောက ကျူချမ်းချမ်းက မေးခဲ့ခြင်းဖြစ်လျှင် ဝေကျိချင်းသည် သူမ၏ ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောမိလိမ့်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူမသည် ကျူချမ်းချမ်း၏ ကျွန်အဖြစ် ကျရောက်နေပြီး ကျူချမ်းချမ်း၏ ရှုထောင့်မှ ကိစ္စရပ်များကို စဉ်းစားပေးသောကြောင့် ဖြစ်၏။

သို့သော် အခုက ရှောင်ဖန်း မေးနေခြင်းဖြစ်ရာ ဝေကျိချင်းသည်ရှောင်ဖန်း မေးသည်ကိုသာပြန်ဖြေခြင်း ဖြစ်သည်။

သူမတွင် အတွေးအမြင်များ ရှိနေလျှင်ပင်ရှောင်ဖန်းမမေးပါက ဦးဆောင်၍ ပြောလိမ့်မည် မဟုတ်ချေ။

စောစောက ဝေကျိချင်းသည်တူမဖြစ်သူအားသူ၏အတွေးများကို တိုးတိုးလေးပြောပြခဲ့ခြင်းဖြစ်သော်လည်း သူမကရှောင်ဖန်းကို ချက်ချင်း ပြန်ပြောပြလိမ့်မည်ဟုမထင်ထား‌ချေ။

ရှောင်ဖန်းကဝေကျိချင်းကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် စကားဆို၏။

"ကျွန် အမှတ် ၁ ရဲ့ စကားအရဆိုရင်တော့ ၊ ကျူးယွန်းချန်တို့ဘက်မှာ သေချာပေါက် တစ်ခုခု ဖြစ်နေပြီပဲ"

"ငါ သိပြီ ၊ ဟူဖေးက သေချာပေါက် ပုန်ကန်လိုက်တာပဲ ဖြစ်ရမယ် ။ ဘာပဲဖြစ်ဖြစ်သူကစွမ်းရည်ရှင်တစ်ဦးလေ။ ဒီလိုအခြေအနေမျိုးမှာ သူက ကျူးယွန်းချန်လို သာမန်လူတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာ အမြဲတမ်း နေမှာမဟုတ်ဘူး"

ကျူချမ်းချမ်းက စကားဆုံးသွားသောအခါပထမဆုံး အဖြေရသဖြင့် ဆရာမ၏ ချီးမွမ်းခြင်းကို မျှော်လင့်နေသော မူလတန်းကျောင်းသားလေးကဲ့သို့ ရှောင်ဖန်းကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်၏ ။

ရှောင်ဖန်းက ကျူချမ်းချမ်းကို လက်မထောင်ပြလိုက်သည်။

"ချမ်းချမ်း ပြောတာ မှန်တယ် ။ လက်ရှိအခြေအနေမှာ စွမ်းရည်ရှင်တစ်ဦးက သာမန်လူတစ်ယောက်ရဲ့ အောက်မှာ နေမှာမဟုတ်ဘူး ၊ သာမန်လူရဲ့ နောက်ကွယ်က အင်အားက အလွန်တရာ အားကောင်းနေရင်တော့ တစ်မျိုးပေါ့ ။ ဒါပေမဲ့ ကျူးယွန်းချန်က အဲဒီလို သာမန်လူမျိုး မဟုတ်ဘူး"

"ဒါဆိုရင် ငါတို့က ဟူဖေး ပေါ်လာတာကို စောင့်ပြီး လှုပ်ရှားလို့ ရပြီပေါ့ ဟုတ်လား"

ယွန်းချင်းမေက ဘေးမှဝင်မေးလိုက်၏ ။

"ဟုတ်တယ် ၊ သူ ပေါ်လာတာနဲ့ ငါတို့ လှုပ်ရှားလို့ရပြီ ။ ဒီတစ်ကြိမ်တော့ ချမ်းချမ်းအတွက် စွမ်းရည်ရှင် ကျွန်တစ်ယောက် ပိုရတာပေါ့"

ရှောင်ဖန်းက ပြုံးလျက် ပြောလိုက်သည် ။

"အဲဒါ ကောင်းတာပဲ ၊ ကျေးဇူးတင်ပါတယ် သခင်ကြီး"

ထိုစကားကို ကြားရသောအခါ ကျူချမ်းချမ်းသည် ရှောင်ဖန်းထံသို့ ချက်ချင်း တိုးဝင်သွားပြီးဖက်ကာ အကြိမ်ကြိမ် နမ်းလိုက်တော့၏။

ကျူချမ်းချမ်းက သူ့ကို နမ်းရှုပ်ပြီးနောက် ရှောင်ဖန်းက ဝေကျိချင်းကို ကြည့်လိုက်သည်။

"ကျွန် အမှတ် ၁ ၊ ငါနဲ့အတူ ရေချိုးခန်းထဲကို လိုက်ခဲ့စမ်း"

*********

All Chapters