← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄ ဟာလာဟင်းလင်းအမှတ်အသား

"နင်ပြောတာ အဲဒီတံခါးက ပုံမှန်ထက် ထူးဆန်းနေပြီး ဖျက်လို့မရဘူး ဟုတ်လား"

ဟူဖေးက ဝမ်ပေါင်ကို သံသယဖြင့် ကြည့်ကာ မေးလိုက်၏။

"ဟုတ်ပါတယ် ဆရာကြီး ။ ကျွန်တော်တို့ လူတွေအားလုံးတံခါးဖျက်တုံးကို သုံးခဲ့ကြပေမဲ့ ဖျက်ဆီးလို့ မရခဲ့ပါဘူး။ ဒါကခိုင်လွန်းနေပါတယ်"

"ပြတင်းပေါက်တွေကိုကော စမ်းကြည့်ပြီးပြီလား"

"မစမ်းရသေးပါဘူး။အဲဒီစံအိမ်ရဲ့ ပထမထပ် ပြတင်းပေါက်တွေက ဆီးနှင်းတွေအောက်မှာ လုံးဝနစ်မြုပ်နေပါတယ်"

"ဒုတိယထပ်ကို ရောက်ဖို့ကျတော့ ခက်ခဲပါတယ် ။ ကျွန်တော်တို့ ပထမထပ်မှာ ဆီးနှင်းတွေကို အကြာကြီး တူးဆွခဲ့ပေမဲ့ ကိရိယာတွေမရှိတာရယ် အပြင်မှာ အလွန်အေးတာရယ်ကြောင့် ပြန်ဆုတ်ခဲ့ရတာပါ ။ ဒါကြောင့် ဆီးနှင်းတွေကို အတူတူတူးဖို့ လူတွေပိုခေါ်သွားခွင့်ပြုဖို့ တောင်းဆိုချင်ပါတယ် ၊ ဒါဆိုရင် ပိုပြီး မြန်လိမ့်မယ်"

ဝမ်ပေါင်က လေးနက်စွာတောင်းဆိုလိုက်၏။

ဟူဖေးက ခဏမျှ စဉ်းစားပြီးနောက် စကားဆိုလာသည်။

"ကောင်းပြီ ။ မနက်ဖြန် မင်းနဲ့အတူ လူတစ်ဆယ် ခေါ်သွားလိုက် ။အဲဒီထဲကိုရ အောင်ဝင်ပြီး လူတွေကို ဖမ်းခေါ်လာဖို့ လုပ်"

"စိတ်ချပါ ဆရာကြီး ။ မနက်ဖြန် သူတို့အားလုံးကို သေချာပေါက် ခေါ်လာခဲ့ပါ့မယ်"

ဝမ်ပေါင်က ဖားယားသောအမူအရာဖြင့် ပြော၏။

"ဒါနဲ့ ဒီနေ့ အပြင်ထွက်ခဲ့တဲ့ ညီအစ်ကိုတွေက ..."

ဟူဖေးသည် ဝမ်ပေါင်၏ မျက်နှာကို ကြည့်လိုက်ရုံဖြင့် သူ ဘာကို ဆိုလိုသည်ကိုချက်ချင်းသိလိုက်သည်။

ဟူဖေးသည် သူ့အခန်းထဲသို့ ဝင်သွား၏။ ခဏအကြာတွင် သူသည် ကိလှပသည့် မိန်းမတစ်ဦးကို ဆွဲထုတ်လာကာ ဝမ်ပေါင်၏ ရင်ခွင်ထဲသို့ တွန်းပို့လိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာကြီး"

ဝမ်ပေါင်က ပြုံးဖြဲဖြဲဖြင့် အကြိမ်ကြိမ် အရိုအသေပြီးနောက် ထိုမိန်းမကို ဆွဲခေါ်သွားတော့၏။

ဝမ်ပေါင် ထွက်ခွာသွားသည်နှင့်ဟူဖေး၏မျက်နှာသည်အုံ့မှိုင်းသွားသည်။

ဟူဖေးသည်ဝမ်‌ပေါင်၏အပြုအမူကို မကျေနပ် သော်လည်း ယခုအချိန်တွင် သူ့အတွက် အလုပ်လုပ်ပေးမည့်လူ လိုအပ်နေသေး၏။

ဝမ်ပေါင်၏လုပ်ရပ်များသည် မိမိကိုယ်ကိုယ် သေကြောင်းကြံစည် နေခြင်းသာ ဖြစ်သည်။

ဟူဖေးသည် လောဘကြီးသူဖြစ်၏။ သူသည်ခိုလှုံရာခံတပ်ကြီးအတွင်းရှိ အရာအားလုံးကို တစ်ဦးတည်းသာပိုင်ဆိုင်လိုသည်။

အပြင်ဘက်ရှိအခြား‌နေရာမှ မိန်းမများကို ရရှိပြီးသည်နှင့် ခံတပ်အတွင်းရှိ ယောက်ျားအားလုံးကို သတ်ပစ်မည် ဖြစ်၏။ သူသည် အရာရာကို တစ်ယောက်တည်း သာစံစားလိုသူဖြစ်သည်။

နောက်တစ်နေ့ နံနက်အစောပိုင်းတွင်ရှောင်ဖန်းသည် နိုးထလာပြီး ဝေကျိချင်း၏ ပြုစုလုပ်ကျွေးမှုအောက်တွင် မျက်နှာသစ် သွားတိုက်လိုက်သည် ။ သူသည်သွားတိုက်ဆေး ညှစ်ပေးနေသော ဝေကျိချင်းကို ကြည့်လိုက်ပြီးရုတ်တရက် ပြောလိုက်သည် ။

"ကျွန် အမှတ် ၁ ၊ နင် မနေ့က ရေချိုးခန်းထဲမှာ ကောင်းကောင်း စွမ်းဆောင်နိုင်ခဲ့တယ်။ နင်ကအဲဒီ‌ဖျော် ဖြေရေးကိရိယာတွေကို တော်တော်လေး ကျွမ်းကျင်တာပဲ။ဒီညလည်း ဆက်လုပ်ကြတာပေါ့"

ထိုစကားကို ကြားရသောအခါ ဝေကျိချင်း၏ တစ်ကိုယ်လုံး တုန်ရင်သွား၏။ ၎င်းမှာအလွန် အရှက်ရစရာကောင်းသည့်အပြင်ရှောင်ဖန်းသည်ယုတ်မာလွန်းလှ၏။

မနေ့က ရှောင်ဖန်းသည် သူမကိုသာမက ဝေလင်ယွန်းကိုပါခေါ်ယူခဲ့ပြီးယုတ်မာစွာအတူဆက်ဆံခိုင်းသဖြင့် ယင်းကို သူမ လက်ခံရန် ခက်ခဲနေခြင်းဖြစ်သည်။

မနက်စာ စားသောက်ပြီးနောက် ရှောင်ဖန်းသည် ဆိုဖာပေါ်တွင်ပျင်းရိစွာမှီထိုင် နေပြီးဖန်ချင်းယွီ ကျွေးသော သစ်သီးကို စားရင်း သူ၏ စနစ်မျက်နှာပြင်ကို ဖွင့်လိုက်၏။

လက်ရှိတွင် ရှောင်ဖန်း၌ စနစ်ရမှတ် ၉၁ မှတ်ရှိသည်။

ခဏမျှ စဉ်းစားပြီးနောက် သူသည် ယနေ့တွင် မိမိ၏ ဘက်စုံစွမ်းရည်ကို စီအဆင့်သို့ မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည် ။ သူသည် ဒုတိယမြောက်စွမ်းရည်တစ်ခု နိုးထရန် ကြိုးစားမည်ဖြစ်၏။

ထို့နောက် ခွန်အား၊လျင်မြန်မှု ၊ ကိုယ်ခံစွမ်းအားနှင့် စိတ်ဝိညာဉ်စွမ်းအား အားလုံး ၄၀ သို့ ရောက်ရှိသည်အထိ စနစ်ရမှတ်များကို ခွဲဝေပေးလိုက်သည်။

စနစ်ရမှတ်များ ခွဲဝေပြီးသွားသည်နှင့် ရင်းနှီးနေသော စွမ်းအင်လှိုင်းသည် သူ၏ ခန္ဓာကိုယ်အတွင်း၌ ထပ်မံ ပေါ်ပေါက်လာပြန်၏။ စွမ်းအင်လှိုင်းများ ငြိမ်သက်သွားပြီးနောက် စနစ်၏ အကြောင်းကြားသံထွက်ပေါ်လာသည်။

[ပိုင်ရှင်သည် ဟာလာဟင်းလင်းအမှတ်အသား စွမ်းရည်ကို နိုးထခြင်း ခံရသဖြင့် ဂုဏ်ယူပါသည်]

"ကောင်းတယ်"

သူ၏ ကံကြမ္မာက အလွန်ကောင်းမွန် နေပုံရသည်။ ဘက်စုံစွမ်းရည်ကို ကျော်ဖြတ်ပြီးနောက် နောက်ထပ် စွမ်းရည်တစ်ခု ထပ်မံ နိုးထခဲ့ပြန်ပြီ။

ရှောင်ဖန်းသည်စိတ်လှုပ်ရှားစွာဖြင့် ဆိုဖာပေါ်မှ ထထိုင်ပြီးဝမ်းသာအားရဖြင့် ဖန်ချင်းယွီကို ဖက်ကာ အကြိမ်ကြိမ် နမ်းရှုပ်လိုက်၏။

ရှောင်ဖန်း၏ ရုတ်တရက် လုပ်ရပ်ကြောင့် ဖန်ချင်းယွီ၏ မျက်နှာလေးမှာ ရှက်သွေးဖြန်းကာ နီမြန်းသွားရသည် ။

[ပိုင်ရှင် - ရှောင်ဖန်း ၊ ကျား/မ - ကျား ၊ အသက် - ၇၂ နှစ် (သက်တမ်း - ၅၅ နှစ်)]

[ဘက်စုံစွမ်းရည် - စီအဆင့်]

[ခွန်အား - ၄၀ မှတ် (၀/၃)]

[လျင်မြန်မှု - ၄၀ မှတ် (၀/၃)]

[ကိုယ်ခံစွမ်းအား - ၄၀ မှတ် (၀/၃)]

[စိတ်ဝိညာဉ်စွမ်းအား - ၄၀ မှတ် (၀/၃)]

[သက်စောင့်စွမ်းအား - ၅၅ မှတ်]

[သတိပြုရန် ။ သက်စောင့်စွမ်းအားမှလွဲ၍ ၁၀ မှတ်သည် သာမန်အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ အခြေခံစံနှုန်း စွမ်းရည် ဖြစ်သည်]

[စွမ်းရည် - ဟာလာဟင်းလင်းလက်ဝါး ၊ ဟာလာဟင်းလင်းအမှတ်အသား]

[စနစ်မှတ် - ၁၁ မှတ်]

ဘက်စုံစွမ်းရည် စီအဆင့်သို့ ရောက်ရှိပြီးနောက် စွမ်းရည်တစ်ခုကို ၁ မှတ် မြှင့်တင်ရန် ကုန်ကျစရိတ်မှာ ၃ မှတ် ဖြစ်လာခဲ့သည်။

သို့သော်၎င်းမှာရှောင်ဖန်း ယခင်က ခန့်မှန်းခဲ့သည်ထက် များစွာပိုသက်သာ၏။သူသည် မူလက ကုန်ကျစရိတ် နှစ်ဆတက်လိမ့်မည်ဟု ထင်မှတ်ခဲ့ခြင်း ဖြစ်သည် ။ ကုန်ကျစရိတ်က ၁ မှတ်သာ တိုးလာလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ချေ။

[ဟာလာဟင်းလင်းအမှတ်အသား - ပစ်မှတ်တစ်ခုပေါ်တွင် အမှတ်အသားတစ်ခု ထုလုပ်သည် ။ တကယ်လို့ ပစ်မှတ်၏ ခွန်အား ၊ လျင်မြန်မှု ၊ ကိုယ်ခံစွမ်းအား ၊ စိတ်ဝိညာဉ်စွမ်းအား သို့မဟုတ် သက်စောင့်စွမ်းအား အနက် တစ်ခုခုသည် အသုံးပြုသူထက် နိမ့်ကျနေပါက ၊ သူတို့၏ ခန္ဓာကိုယ်သည် စက္ကန့်သုံးဆယ်တိုင်းတွင် ခေတ္တမျှ လှုပ်ရှားမရ တောင့်တင်းခြင်းကို ခံစားရမည် ဖြစ်သည် ။ တောင့်တင်းခြင်း ကြာမြင့်ချိန်မှာ အများဆုံး ၁ စက္ကန့်မှ အနည်းဆုံး ၀.၁ စက္ကန့်အထိ ရှိသည်]

[ပစ်မှတ်သည် အသုံးပြုသူနှင့် နီးကပ်လေလေ တောင့်တင်းချိန် ကြာမြင့်လေလေ ဖြစ်ပြီး ၊ ဝေးကွာလေလေ တိုတောင်းလေလေ ဖြစ်သည် ။ ဟာလာဟင်္လာအမှတ်အသားသည် ပစ်မှတ် သေဆုံးသည်အထိ သို့မဟုတ် အသုံးပြုသူက ပယ်ဖျက်သည်အထိ တည်ရှိနေမည် ဖြစ်သည်]

"အမလေး.... အမလေး"

ဟာလာဟင်းလင်းအမှတ်အသား၏ ဖော်ပြချက်ကို ဖတ်ပြီးနောက် ရှောင်ဖန်းသည် ရုတ်တရက် ထရပ်လိုက်ပြီး ဖန်ချင်းယွီကို ပွေ့ချီကာအကြိမ်ကြိမ်‌ ဝေ့ယမ်းလိုက်တော့၏။

ဖန်ချင်းယွီ ကြောင်သွားရ၏။ ရှောင်ဖန်းက ဒီနေ့ ဘာကြောင့် ဒီလောက်တောင် စိတ်လှုပ်ရှားနေရလဲဆိုတာ သူမ နားမလည်ချေ။

"ချင်းယွီ ၊ငါတို့ တစ်ခုခု စမ်းသပ်ကြည့်ရအောင်"

ရှောင်ဖန်းက ချင်းယွီကို ပြုံးလျက် ပြောလိုက်သည်။

"ကောင်းပါပြီ ၊ ဘာကို စမ်းသပ်ချင်လို့လဲဟင်"

ရှောင်ဖန်းသည် ဖန်ချင်းယွီအပေါ်သို့ ဟာလာဟင်းလင်းအမှတ်အသားကိုချက်ချင်း အသုံးပြုလိုက်၏။ ထို့နောက် သူက ပြောလိုက်၏။

"ချင်းယွီ ၊ ဧည့်ခန်းထဲမှာ ဟိုဟိုဒီဒီ ခဏလောက် လျှောက်ကြည့်စမ်း"

ဖန်ချင်းယွီသည် နားမလည်သော်လည်း ရှောင်ဖန်း၏ ညွှန်ကြားချက်အတိုင်း ဧည့်ခန်းထဲတွင် စတင်‌ လျှောက်လှမ်းလိုက်သည် ။

သူမ လျှောက်နေစဉ် ရုတ်တရက် ခေတ္တမျှ တန့်ခနဲ ဖြစ်သွား၏။ သူမသတိပြန်ဝင်လာချိန်တွင် လဲကျလုနီးပါး ဖြစ်သွားသဖြင့် ဖန်ချင်းယွီသည် ရှောင်ဖန်းကိုဇဝေဇဝါဖြင့် ကြည့်လိုက်သည်။

ရှောင်ဖန်းက "ချင်းယွီ ၊ ငါနဲ့ နည်းနည်းပိုပြီး ဝေးဝေးကို လျှောက်ကြည့်ဦး" ဟု ပြော၏။

ဖန်ချင်းယွီသည် လိမ္မာပါးနပ်စွာဖြင့် ဝေးဝေးသို့ လျှောက်သွားလိုက်သည်။

ရှောင်ဖန်းက အချိန်ကို ကြည့်လိုက်ရာ စက္ကန့်သုံးဆယ် ပြည့်သည်နှင့် ဖန်ချင်းယွီသည် ခေတ္တမျှ ရပ်တန့်သွား၏ ။

သို့သော် သူမသည် ရှောင်ဖန်းနှင့် ဝေးကွာလေလေ ရပ်တန့်ချိန် တိုတောင်းလေလေ ဖြစ်သည်။

ခဏအကြာတွင် ဖန်ချင်းယွီသည် စိုးရိမ်သော မျက်နှာထားဖြင့် ရှောင်ဖန်းထံသို့ပြန်လျှောက်လာပြီး ပြော၏ ။

"အဘိုးကြီးရှောင် ၊ ကျွန်မရဲ့ ခန္ဓာကိုယ်က တစ်ခုခု မှားနေသလိုပဲ။ ခန္ဓာကိုယ်ကြီးကခဏခဏ တောင့်တောင့်သွားတယ်။ကျွန်မတစ်ခုခု ဖြစ်နေတာများလား"

ရှောင်ဖန်းသည် ဟာလာဟင်းလင်းအမှတ်အသားကို ပယ်ဖျက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။

"နင့်ရဲ့ ခန္ဓာကိုယ်မှာ ဘာပြဿနာမှ မရှိပါဘူး ။ငါက နင့်အပေါ်ကို ငါ့ရဲ့ စွမ်းရည်အသစ် စမ်းသပ်လိုက်တာပါ"

ထိုစဉ် ယွန်းချင်းမေနှင့် တခြားလူများသည်လည်း အနားသို့ လျှောက်လာကြ၏။

"စွမ်းရည်အသစ်လား ။ အဘိုးကြီးရှောင် ၊ နင်က နောက်ထပ် စွမ်းရည်အသစ်တစ်ခု ထပ်ပြီး နိုးထပြန်ပြီလား ။ မြန်မြန် ပြောပြစမ်းဦး ဘာလဲဆိုတာကို"

ယွန်းချင်းမေက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

ရှောင်ဖန်းသည် မိန်းမများကို ဟာလာဟင်းလင်းအမှတ်အသားအကြောင်း ရှင်းပြလိုက်၏ ။

"ဝိုး။ သခင်ကြီး ၊ ရှင် ရဲ့ ဒီစွမ်းရည်က တကယ်ကိုအစွမ်းထက်တာပဲ ။ ဒါက ထာဝရ တည်ရှိနေတာဆိုတော့ ၊ ဒီအမှတ်အသား ခံရတဲ့သူကတော့ သေအောင် ခံရတော့မှာပဲ"

ကျူချမ်းချမ်းက သူမ၏ မျက်နှာကို လက်ဖြင့်အုပ်ကာ အာမေဍိတ်သံဖြင့် ပြောလိုက်သည် ။

"ဟားဟားဟား ၊ သေချာတာပေါ့ ။ နင်တို့ရဲ့ သခင်က ဘယ်သူလဲဆိုတာ မမေ့နဲ့လေ"

ရှောင်ဖန်းက ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်၏ ။အမှန်ပင် ရှောင်ဖန်း နိုးထခဲ့သော ဟာလာဟင်းလင်းအမှတ်အသားသည် ကောင်းလွန်းနေခဲ့သည်။

ရန်သူ၏စွမ်းရည်အားလုံးကရှောင်ဖန်းထက်သာလွန်မနေလျှင် ဟာလာဟင်းလင်းအမှတ်အသားကိုအသုံးပြုလိုက်သည်နှင့် သေချာပေါက် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။

ရှောင်ဖန်း၏ လက်ရှိ မျှတသော စနစ်မှတ် ခွဲဝေမှုနည်းလမ်းအရဆိုလျှင် ၊ အဆင့်တူ သို့မဟုတ် အဆင့်နည်းနည်း ပိုမြင့်သောလူသည်ပင် စွမ်းရည်အားလုံးတွင် သူ့ထက် သာလွန်ရန် အခြေခံအားဖြင့် မဖြစ်နိုင်ချေ။

တကယ်လို့ ရှောင်ဖန်းက ပိုပြီး အစွန်းရောက်ကာ သူ၏ စနစ်မှတ်အားလုံးကို ကုန်ကျစရိတ် အနည်းဆုံးဖြစ်သော သက်စောင့်စွမ်းအားထဲသို့သာ ပုံအောထည့်လိုက်မည်ဆိုလျှင်အသန်မာဆုံး ပုဂ္ဂိုလ်များသည်ပင် ယင်း၏ သားကောင် ဖြစ်သွားကြလိမ့်မည်။

သေချာတာကရှောင်ဖန်းသည်ထိုသို့လုပ်မည် မဟုတ်ချေ။သက်စောင့်စွမ်းအားတစ်ခုတည်းကိုသာ အာရုံစိုက်ခြင်းက သူ၏တကယ့် တိုက်ခိုက်ရေးစွမ်းရည်ကိုထိခိုက်စေသောကြောင့် ဖြစ်၏။

ဟာလာဟင်းလင်းအမှတ်အသားတွင် တိုက်ရိုက် ပျက်စီးစေနိုင်သော စွမ်းရည် မရှိသော်လည်းယင်းက အလွန်ကောင်းမွန်သောစွမ်းရည်တစ်ခုဖြစ်နေခြင်းပင်။

စွမ်းရည်ရှင်များအကြား တိုက်ပွဲတွင် တစ်ခဏမျှ လှုပ်ရှားမရ တောင့်တင်းသွားခြင်းကပင် အသက်ဆုံးရှုံးနိုင်၏ ။

ထို့ပြင် ဟာလာဟင်းလင်းအမှတ်အသား၏ အာနိသင်က အကန့်အသတ်မရှိ တည်ရှိနေမည်ဖြစ်ရာ မည်သူမျှ ယင်းကို ခံနိုင်ရည်ရှိမည် မဟုတ်ချေ။

အမျိုးသမီးများသည် ရှောင်ဖန်း၏ စွမ်းရည်အသစ် နိုးထမှုကို ပျော်ရွှင်စွာ ဆင်နွှဲနေကြစဉ်မှာပင်ရှောင်ဖန်း၏ မျက်နှာအမူအရာက ခဏမျှ တည်သွားပြီးနောက် ပြုံးလိုက်သည် ။

"မနေ့က ကောင်တွေ ရောက်လာပြန်ပြီ ၊ ပြီးတော့ ဒီတစ်ကြိမ် လူတော်တော်များများ ခေါ်လာကြတယ်"

*********

All Chapters