← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅ သားကောင်ထွက်လာပြီ

ရှောင်ဖန်း၏ အပန်းဖြေစံအိမ်အပြင်ဘက်၌ ဖြစ်သည်။

ဝမ်ပေါင်သည် လူစုကို ဦးဆောင်ကာ စကားပြောဆို ရယ်မောရင်း လျှောက်လှမ်းလာ၏။

"ကျူးယွန်းချန်ကတော့ တကယ်ကို ရွေးတတ်တာပဲ။မနေ့ညကမိန်းမကတော့အော်နေတာရှယ်ပဲ ၊ပြန်တွေးရင်းနဲ့ထပ်နွှဲချင်နေပြီ"

"ဟဲဟဲ ၊ မင်းပြောတာ အမှန်ပဲ"

"ဒီနေ့ ငါတို့ ဒီစံအိမ်ထဲကို အတင်းဝင်ပြီး လူတွေကို ဖမ်းခေါ်သွားမယ်။ ဆရာကြီးက ငါတို့ကို ပျော်ပါးဖို့အတွက် မိန်းမအချို့ ဆုချလိမ့်မယ် ၊ ဟားဟားဟား"

"စိတ်မပူပါနဲ့ ၊ အလုပ်ကို ကြိုးစားလုပ်ရင် ဆရာကြီးက လူတိုင်းကို သေချာပေါက် စိတ်ကျေနပ်စေမှာပါ"

ဝမ်ပေါင်နှင့် အဖွဲ့သည် စံအိမ်အရှေ့သို့ ရောက်ရှိလာသည်နှင့် ဆီးနှင်းများကို တူးဆွရန် လူအင်အားကို စတင်စီစဉ်ကြတော့၏။

ဟူဖေးက သူတို့ကို မိန်းမများ ဆုချလိမ့်မည်ဟူသော မျှော်လင့်ချက်ဖြင့်သူတို့အုပ်စုသည် ခွန်အားများ ပြည့်နှက်နေကြပြီးလူတစ်ဆယ်ကျော်သည် အလှည့်ကျ တူးဆွကြရာမကြာမီသူတို့သည်စံအိမ်၏ ပထမထပ်ရှိ ပြတင်းပေါက်တစ်ခုကိုတူးဖော်မိကြ၏။

"ပေါ်လာပြီဟေ့။ တံခါးဖျက်တုံးယူခဲ့စမ်း"

"ဟင် ... ဘာဖြစ်လို့ ဒီပြတင်းပေါက်မှန်ကအတွင်းထဲကအရာတွေကို မမြင်ရတာလဲ"

"နင်က နားမလည်ဘူးပဲ ။ ဒါကို နည်းပညာမြင့် ချောင်းကြည့်မှန်လို့ ခေါ်တယ် ၊ အတွင်းထဲကို မမြင်ရတာ သဘာဝပဲလေ"

"မြင်ရတာ မမြင်ရတာ ဘာဂရုစိုက်ရမှာလဲ ။ ငါတို့ ရိုက်ခွဲလိုက်ရင် အရာအားလုံးကို မြင်ရမှာပဲ"

"လာပြီ လာပြီ ။ တံခါးဖျက်တုံး ရောက်လာပြီ"

"တစ် ၊ နှစ် ၊ သုံး "

"တစ် ၊ နှစ် ၊ သုံး "

ရှောင်ဖန်းသည် ပြတင်းပေါက်နောက်ကွယ်တွင် ရပ်ကာ အပြင်ဘက်ရှိလူများက အချက်ကျကျ အော်ဟစ်၍ ပြတင်းပေါက်ကို ထုရိုက်နေကြသည်ကို ကြည့်ရင်း နှုတ်ခမ်းထောင့်က နည်းနည်း ကွေးညွတ်သွား၏ ။

ထုကြစမ်းပါ ။ ထုကြစမ်းပါ ။ နင်တို့ မောပြီးသေမလား ကြည့်ရသေးတာပေါ့။

ခဏမျှ ကြည့်ပြီးနောက်ပျင်းရိလာသဖြင့် ရှောင်ဖန်းသည်ဆိုဖာဆီသို့သွားကာ ဂိမ်းဆော့နေလိုက်တော့၏။

ဝမ်ပေါင်နှင့် သူ၏လူများသည် အပြင်ဘက်တွင် အကြာကြီး ထုရိုက်ခဲ့ကြသည် ။ သူတို့ ထုရိုက်လေလေ အခြေအနေက ပိုပြီး မူမမှန်လေလေ ဖြစ်လာ၏ ။

"ဒါက ဘာမှန်လဲ ။ ငါတို့ ဒီလောက်အကြာကြီး ထုတာတောင် အက်ကြောင်းတစ်ကြောင်းလေးတောင် မထင်ဘူး" တစ်ယောက်က အော်ဟစ်လိုက်သည် ။

ဝမ်ပေါင်သည် မိမိရှေ့ရှိ မှန်ပြတင်းပေါက်ကို ကြည့်ကာခေါင်းကိုက်သွားရ၏။ ဒါက ဘယ်သူ့စံအိမ်လဲ ။ ဘာလို့ ဒီလောက်တောင် ခိုင်မာအောင် တည်ဆောက်ထားရတာလဲ။

ကျူးယွန်းချန်၏ခံတပ်တွင် အသုံးပြုထားသော ပစ္စည်းများထက်ပင် ပိုကောင်းပုံရ၏။

ဝမ်ပေါင်သည် တွေးလေလေ ပိုပြီး စိတ်မသက်မသာ ဖြစ်လေလေ ဖြစ်သဖြင့် ဟူဖေးထံ သတင်းပို့ရန် ဆုံးဖြတ်လိုက်၏။

"မင်းပြောတာ အဲဒီစံအိမ်ရဲ့ မှန်ပြတင်းပေါက်တွေကို ရိုက်ခွဲလို့မရဘူး ဟုတ်လား ။ အက်ကြောင်းတောင် မထင်ဘူးပေါ့"

ဟူဖေးသည် ဝမ်ပေါင်၏ သတင်းပို့မှုကို ကြားရပြီးနောက် ယုံကြည်ရန် ခက်ခဲနေ၏ ။

"ဟုတ်ပါတယ် ဆရာကြီး ။ အဲဒီစံအိမ်က နည်းနည်း ထူးဆန်းတယ် ။ ဘယ်သူ့ဟာလဲတော့ ကျွန်တော်မသိဘူး ၊ ဒါပေမဲ့ အရမ်းခိုင်မာအောင် တည်ဆောက်ထားတယ်"

ဝမ်ပေါင်က လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

ဟူဖေးက‌ ခေတ္တမျှတုံ့ဆိုင်းသွားပြီးနောက် မေးလိုက်၏။

"ဒါဆိုရင် မင်းတို့ အဲဒီလောက်အထိ ထုရိုက်နေတာတောင် အတွင်းထဲက ဘာလှုပ်ရှားမှုမှ မရှိဘူးလား"

"လုံးဝမရှိပါဘူး ။ အတွင်းထဲကလူတွေကတော့ ကြောက်လို့ တုန်နေကြပြီ ထင်တယ်"

အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဟူဖေးသည်ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် ဆုံးဖြတ်လိုက်၏။

၎င်းနောက်ဟူဖေးသည် ဝမ်ပေါင်ကို ခေါ်ကာခံတပ်ကြီးထဲမှ ထွက်လာခဲ့သည်။ထူးဆန်း‌သောစံအိမ်သို့ ရောက်ရှိသောအခါ သတိထား၍ ချဉ်းကပ်လိုက်၏။ သူသည် တံခါးဖျက်တုံးကို ကိုယ်တိုင်ယူကာ ပြတင်းပေါက်ကို အကြိမ်အနည်းငယ်ပင် ထုရိုက်ကြည့်ခဲ့သည်။

"ဒီအိမ်က တကယ်ပဲ ထူးဆန်းတယ်"

ဟူဖေးကမေးစေ့ကို ပွတ်ရင်းပြောလိုက်၏။

"ဆရာကြီး ၊ ဒါဆိုကျွန်‌တော်တို့ ဘာဆက်လုပ်ကြမလဲ" ဟုဝမ်ပေါင်က ဘေးမှ မေးလိုက်သည်။

"ဒီလိုလုပ်၊ အနားက သစ်ပင်တွေကနေ သစ်ကိုင်းအချို့ခုတ်ပြီးအောက်ခံစင်တစ်ခု လုပ်ခိုင်းလိုက်။ အဲဒါကို ဒီပြတင်းပေါက်အပြင်ဘက်မှာ ဆင်ပြီး တံခါးဖျက်တုံးကို ဆွဲချိတ်ပြီး ဆက်တိုက်ထုစမ်း"

ဟူဖေးက ပတ်ဝန်းကျင်ကို ကြည့်ပြီးနောက်ပြောလိုက်၏ ။

"ဒါက တကယ့် အကြံကောင်းပဲ ၊ လူသက်သာတာပေါ့ ။ ငါတို့ ဆက်တိုက်ထုရင်မပွင့်ဘူးဆိုတာ မယုံဘူး"

"ကဲ တော်တော့ ၊ ဖားမနေနဲ့တော့ ၊ သွားပြီး စီစဉ်လိုက်တော့"

ဟူဖေးက ရယ်မောကာ ပြော၏ ။

ထိုအချိန်တွင် စံအိမ်အတွင်း၌ ရှောင်ဖန်းသည် မိန်းမများနှင့်အတူ ပြတင်းပေါက်တွင် ရပ်နေကြသည် ။

"အမျိုးသမီးကျွန် အမှတ် ၁ ၊ ဒီလူက ဟူဖေးဆိုတာ သေချာလား"

ရှောင်ဖန်းက အပြင်ဘက်ရှိ အရပ်ရှည်ရှည်လူကို ညွှန်ပြရင်း မေးလိုက်၏။

"သခင်ကြီး ၊ဒီလူက တကယ်ပဲ ဟူဖေးပါ"ဟု ဝေကျိချင်းက ပြန်ဖြေလိုက်သည်။

ရှောင်ဖန်းသည် ယွန်းချင်းမေဘက်သို့ လှည့်ကာပြောလိုက်၏။

"ချင်းမေ ၊ ခဏနေရင် နင်က အဖွဲ့ကို ဦးဆောင်ရမယ် ။ နင့်ရဲ့ စွမ်းရည်ကို အသုံးပြုပြီး အပြင်ကိုထွက်၊ပြီးရင်အခြားလူတွေကို သတ်ပစ်။ ဟူဖေးကိုတော့ ငါ့အတွက် ထားခဲ့လိုက်"

ယွမ်ချင်းမေက ခေါင်းညိတ်ပြီး ပြောသည်။

"ကောင်းပါပြီ"

"ယွဲ့ဟွာ ၊ ခဏနေရင် ချင်းမေရဲ့ စွမ်းရည်တွေကို မြှင့်တင်ပေးဖို့ သူ့အပေါ်နင့်ရဲ့ စွမ်းရည်ကို အသုံးပြုလိုက်"

ရှောင်ဖန်းက ယွဲ့ဟွာကိုထပ်မံညွှန်ကြားလိုက်၏ ။

"ကောင်းပါပြီ"

ထိုသို့ပြောပြီးနောက် ရှောင်ဖန်းသည် သူ၏ ဟင်းလင်းပြင်သိုလှောင်ခန်းအတွင်းမှ မီးသတ်ပုဆိန် နှစ်လက်ကို ထုတ်ယူကာ ယွန်းချင်းမေထံသို့ ပေးလိုက်၏။

နောက်ထပ် သူသည် ဖန်ချင်းယွီ ပြုလုပ်ထားသော စွမ်းရည်များကို ၂၀ ရာခိုင်နှုန်း တိုးမြှင့်ပေးသည့် အထူးအစားအစာ တစ်ခုကို သူမအား ပေးလိုက်သည်။

ရှောင်ဖန်းသည်အသေးစိတ်ပြင်ဆင်‌နေခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် ရန်သူဘက်တွင် လူတစ်ဆယ်ကျော် ရှိနေပြီး လူတိုင်းတွင် သေနတ် ရှိကြသည် ။ တကယ်လို့ မိမိတို့ဘက်မှ ထိခိုက်ဒဏ်ရာရမှု ရှိလာပါက အရှုံးက အမြတ်ထက် ပိုကြီးသွားလိမ့်မည်။

"ပြင်ဆင်ကြတော့ ။ ချင်းမေ ၊ အဲဟာကို စားလိုက် ။ ငါ တံခါးဖွင့်လိုက်တာနဲ့ ၊ ယွဲ့ဟွာ ၊ နင့်ရဲ့ စွမ်းရည်ကို ချင်းမေအပေါ် အသုံးပြုလိုက်"

ရှောင်ဖန်းသည်စံအိမ်၏ အဝင်တံခါးမကြီးထံသို့ လျှောက်သွားလိုက်သည် ။

"ငါ အဆင်သင့်ပဲ"

အထူးအစားအစာကို မျိုချပြီးနောက် ယွန်းချင်းမေသည် ပုဆိန်နှစ်လက်ကို ကိုင်ကာ တံခါးဝတွင် စိတ်အားထက်သန်စွာ ရပ်နေ၏။

ရှောင်ဖန်းက တံခါးကို ဆွဲဖွင့်လိုက်သည်နှင့် ယွဲ့ဟွာသည် ယွမ်ချင်းမေအပေါ်သို့ သေခြင်းရှင်ခြင်း ငွေအပ်စွမ်းရည်ကို ချက်ချင်း အသုံးပြုလိုက်တော့သည် ။

တစ်ချိန်တည်းမှာပင် ယွန်းချင်းမေသည် မုန်တိုင်းကဲ့သို့ အပြင်သို့ ပြေးထွက်သွား၏ ။

ယွန်းချင်းမေ၏ ခွန်အားနှင့် လျင်မြန်မှု စွမ်းရည်များသည် ၂၀ မှတ်အထက်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်၏ ။

၂၀ ရာခိုင်နှုန်း အစားအစာ စွမ်းရည်မြှင့်တင်မှု ၊ ၃၀ ရာခိုင်နှုန်း သေခြင်းရှင်ခြင်းငွေအပ် စွမ်းရည်မြှင့်တင်မှု ၊ ပြီးတော့ သူမ၏ ခွန်အားနှင့် လျင်မြန်မှုကို နှစ်ဆတိုးစေသည့် ယွမ်ချင်းမေ၏ ကိုယ်ပိုင်စွမ်းရည် အာနိသင်တို့ကြောင့်ယခုအခါ ယွန်းချင်းမေ၏ ခွန်အားနှင့် လျင်မြန်မှုသည် ၆၀ မှတ်အထက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည် ။

သူမ၏ အရှိန်က အလွန်မြန်လွန်းသဖြင့် ရိပ်ခနဲ ရိပ်ခနဲအရိပ်များသာ ကျန်ရစ်ခဲ့ပြီး သူမ ပြေးသွားစဉ် ထူထပ်သော ဆီးနှင်းများကို လွင့်စင်သွားစေသည် ။ အပြင်ဘက်ရှိ ဟူဖေးနှင့် တခြားလူများသည် တုံ့ပြန်ရန် အချိန်ပင်မရလိုက်ကြချေ ။

ပထမဆုံး ခေါင်းတစ်လုံး ပြတ်ထွက်သွားပြီး ပြတ်တောက်သွားသော လည်ပင်းမှ သွေးများ ပန်းထွက်လာသောအခါမှသာတစ်ယောက်က ရုတ်တရက်အော်ဟစ်လိုက်တော့သည်။

"ပစ်ကြစမ်း ။ မြန်မြန် ပစ်ကြ။ သူက စွမ်းရည်ရှင်တစ်ဦးပဲ"

သေနတ်သံများ၊အော်ဟစ်သံများဆူညံသွား၏။

ဟူဖေးသည် မိမိရှေ့ရှိ မြင်ကွင်းကြောင့် ကြောင်အသွားသည်။ အတွင်းထဲက စွမ်းရည်ရှင်က ထိုမျှအထိ သန်မာလိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ထိုအချိန်လေးအတွင်းမှာတင် သူ၏ လူအများစုမှာ သေဆုံးသွားကြပြီ ဖြစ်ပြီး ရန်သူ၏ မျက်နှာကိုပင် သူ သေသေချာချာ မမြင်လိုက်ရချေ။

သူ သတိပြန်ဝင်လာပြီးနောက် ဟူဖေး၏ စိတ်ထဲတွင် ပထမဆုံး ပေါ်လာသော အတွေးမှာထွက်ပြေးရန် ဖြစ်၏။

ဟူဖေးသည် လှည့်၍ ခံတပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့်ပြေးတော့၏ ။

ဟူဖေး ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးစဉ်မှာပင်သူ၏ လည်ပင်းက ရုတ်တရက် တင်းကြပ်သွားသလို ခံစားလိုက်ရသည်။ ဟူဖေးက စမ်းကြည့်လိုက်ရာ သူ့လည်ပင်းတွင် ကြိုးကွင်းတစ်ခု စွပ်မိနေပြီဖြစ်သည်။

ထိုကြိုး ဘယ်ကရောက်လာမှန်းသူမသိချေ။ကြိုး၏ အခြားတစ်ဖက်ကိုမူ ချောမောခန့်ညားသော လူငယ်တစ်ဦးကကိုင်ထားသည်ကိုတွေ့လိုက်ရ၏။

ဟူဖေးသည် ကြိုးကို ဖြတ်တောက်ပစ်ရန် သူ၏ ခွန်အားကို အသုံးပြုပြီးထိုလူငယ်နှင့်ဆန့်ကျင်ဖက်ခံတပ်ကြီးဆီသို့ ဆက်လက်ပြေးသွားရန်ပြင်လိုက်၏။

သို့သော်ခြေတစ်လှမ်းပင် မလှမ်းရသေးမီ သူ၏ ခန္ဓာကိုယ်ကြီးက ရုတ်တရက် တောင့်တင်းသွားပြီး ဆီးနှင်းပုံထဲသို့ မှောက်လျက်လဲကျသွားတော့သည်။

ချက်ချင်းဆိုသလိုပင် နောက်ထပ် ကြိုးကွင်းတစ်ခုက သူ့လည်ပင်းတွင် လာစွပ်ပြန်၏။ သူ့နောက်ကွယ်မှ လူငယ်သည်လည်း လျင်မြန်စွာ ချဉ်းကပ်လာနေသည်။

ရန်သူက ပို၍ပို၍ နီးကပ်လာသည်ကို မြင်သောအခါဟူဖေးသည် သူ၏ စွမ်းရည်ကို ချက်ချင်းအသုံးပြုလိုက်တော့၏။

သူ၏ အဝတ်အစားများသည် လျင်မြန်စွာ ကြီးထွားလာသော ကြွက်သားများကြောင့် စုတ်ပြဲထွက်သွားသည် ။ သူသည် တစ်ကိုယ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော ကြွက်သားများအ‌ မြှောင်းလိုက်ထွက်ပေါ်လာတော့၏ ။

ဟူဖေး၏ အသွင်ပြောင်းလဲသွားသော ပုံစံကို မြင်သောအခါသူ့ကိုလိုက်လံဖမ်းဆီးနေသော ရှောင်ဖန်းကမအောင့်နိုင်ဘဲရီ‌လိုက်၏။

"ဟား ဟားး နင်က တကယ်ကို ရုပ်ဆိုးလွန်းတယ်"

ထို့နောက် သူသည် ဟာလာဟင်းလင်းလက်ဝါး စွမ်းရည်ကို ဆက်တိုက်အသုံးပြုလိုက်သည်။

သူသည် ဟင်းလင်းပြင်သိုလှောင်ခန်းအတွင်းမှ ကြိုးများကို အဆက်မပြတ် ထုတ်ယူကာ ဟူဖေး၏ လည်ပင်း ၊ လက်မောင်းများနှင့် ခြေကျင်းဝတ်များတွင် ပတ်ချည်လိုက်၏။

ဟူဖေးသည်မိမိကိုယ်ပေါ်ရှိ ကြိုးများကို အဆက်မပြတ် ဆွဲဖြတ်နေရသဖြင့် ရှောင်ဖန်းကို တိုက်ခိုက်ရန် အချိန် လုံးဝမရှိချေ။

ဟူဖေးကို အခံရခက်ဆုံး ဖြစ်စေသည့်အချက်မှာသူ၏ ခန္ဓာကိုယ်ကြီးက ဆန်းကြယ်စွာဖြင့်ခဏခဏ တောင့်တောင့်သွားခြင်းဖြစ်၏။

*********

All Chapters