အခန်း ၆၆
Vol. 7 Ch. 66
အခန်း ၆၆ -ဒုတိယမြောက် စွမ်းအားရှင်ကျွန်
ယွမ်ချင်းမေသည် ကျန်ရှိသော လူအားလုံးကို သတ်ဖြတ်ပြီးနောက် ရှောင်ဖန်း၏ ဘေးနားသို့ အမြန် ပြေးလာ၏။
သူမသည် ဟူဖေးကို ခုတ်သတ်ရန် အသင့်ပြင်ထားသည်။
"ချင်းမေ... မလုပ်နဲ့ဦး။ ဒီတစ်ယောက်ကို ချမ်းချမ်း ထိန်းချုပ်ဖို့ အရင် သဘောတူထားတယ် မလား"
ရှောင်ဖန်းသည် သူမကို တားဆီးရန် အမြန် ပြောလိုက်၏။
"အော်... ဟုတ်သားပဲ"
"ရော့... ချင်းမေ။ သူ ရုန်းမကန်နိုင်အောင် ဒါနဲ့ ထုလိုက်ဦး"
ရှောင်ဖန်းသည် သူ၏ သိုလှောင်မှုဟင်းလင်းပြင်ထဲမှ တူတစ်ချောင်းကို ထုတ်ကာ ယွမ်ချင်းမေအား ပေးလိုက်၏။
ယွမ်ချင်းမေသည်တူကိုယူ၍ဟူဖေးအနားသို့ ဖြည်းညှင်းစွာ လျှောက်သွား၏။
ထို့နောက်သူမသည် ဟူဖေး၏ လက်မောင်းများနှင့် ခြေသလုံးများကို ထုရိုက်တော့၏။
သူမသည် ထုရိုက်ရင်း "သေစမ်း... သေစမ်း... နိမ့်ကျတဲ့ကောင်... သေစမ်း" ဟု တိုးတိုးလေး ရေရွတ်နေလေသည်။
ရှောင်ဖန်းကနောက်မှ တဟားဟား ရယ်မောနေ၏။ ယွမ်ချင်းမေသည် ကျူချမ်းချမ်းအပေါ် မကျေနပ်ချက်များကို ပေါက်ကွဲနေခြင်း ဖြစ်ကြောင်းကောင်းစွာသိ၍ဖြစ်သည်။
မကြာမီ ရှောင်ဖန်းနှင့် ယွမ်ချင်းမေတို့၏ ညှဉ်းပန်းနှိပ်စက်မှုအောက်တွင် ဟူဖေးသည်စိတ်ဓာတ်ကျဆင်းသွားပြီး ဒူးထောက်ကာကရုဏာသက်ရန် တောင်းပန်တော့၏။
"တောင်းပန်ပါတယ်... မထုပါနဲ့တော့... မထုပါနဲ့တော့"
ဟူဖေးသည် မျက်ရည်များနှပ်ချေးများဖြင့် အော်ဟစ်ငိုယိုနေတော့သည်။
ထိုအချိန်တွင် သူသည်အလွန် နောင်တရနေပြီဖြစ်သည်။ အပြင်သို့ ထွက်လာမိခြင်းနှင့်ထိုစံအိမ်ရှိ အမျိုးသမီးများကိုလိုချင်သော လောဘစိတ်တို့အတွက် နောင်တရနေခြင်း ဖြစ်သည်။
သို့သော် နောက်ကျသွားပြီ ဖြစ်၏။ ယခုအချိန်တွင် သူသည်ညှဉ်းပန်းနှိပ်စက်မှုမှ အမြန်ဆုံး လွတ်မြောက်ရန်သာ လိုလားတော့သည်။
ရှောင်ဖန်းသည် ပြုံးလျက် စံအိမ်ဘက်သို့အချက်ပြလိုက်၏။
မကြာမီ ကျူချမ်းချမ်း၊ ဖန်ချင်းယွီနှင့် ကျန်ရှိသော လူများသည် စံအိမ်ထဲမှ ထွက်လာကြသည်။
"သခင်... အားလုံးကို ဒီလောက် မြန်မြန် ရှင်းလိုက်တာလား"
ကျူချမ်းချမ်းကရှောင်ဖန်း၏ ဘေးနားသို့ ပြေးလာပြီး သူ၏ လက်မောင်းကို ဖက်တွယ်လိုက်၏။
ဒါကို မြင်သောယွမ်ချင်းမေသည်လည်း ရှောင်ဖန်း၏ အခြား လက်မောင်းတစ်ဖက်ကို အမြန် ပြေးဖက်ကာကျူချမ်းချမ်းကိုမကျေမနပ်ကြည့်လိုက်၏။
"ချမ်းချမ်း... ဒီကောင်ကို ကျွန်ပြုလိုက်တော့"
ရှောင်ဖန်းသည် ဟူဖေးကို ညွှန်ပြလျက် ပြောလိုက်သည်။
"ဟုတ်ကဲ့... သခင်"
ကျူချမ်းချမ်းသည် ရှောင်ဖန်းကို မျက်စိတစ်ဖက် မှိတ်ပြပြီးနောက်ဟူဖေးထံသို့ လျှောက်သွားလိုက်သည်။
ဟူဖေး၏ ထိတ်လန့် အံ့သြနေသော အကြည့်အောက်တွင် ကျူချမ်းချမ်းသည် သူမ၏ အသွင်ကို ပြောင်းလဲလျုက်၏။
ထို့နောက်တွင်ကျွန်ပြုခြင်းနှင့် ပုံမှန် လုပ်ငန်းစဉ်များ ဆက်လက် လုပ်လိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်ရှိသော လူများသည် ယွမ်ချင်းမေ သတ်ဖြတ်ခဲ့သော သက်တော်စောင့်များ ချန်ထားခဲ့သည့် သေနတ်အားလုံးကို သိမ်းဆည်းကြ၏။
နောက်ဆုံး၌ ရှောင်ဖန်းသည် အလောင်းများကို အဝေးရှိ နှင်းပုံကြီးတစ်ခု၏ ဘေးတွင် ပုံထားလိုက်သည်။
"ချမ်းချမ်း... ရိုက်တာ တော်လောက်ပြီ။ ဒီကောင်ကို ကျူးယန်းချန်ရဲ့ ခိုလှုံရာဆီလမ်းပြခိုင်ရအောင်"
ရှောင်ဖန်းသည် ပြန်ရောက်လာချိန်တွင် ကျူချမ်းချမ်းက ဟူဖေးကို ကြာပွတ်ဖြင့် ရိုက်နှက်နေဆဲ ဖြစ်သည်ကို မြင်၍ တားဆီးလိုက်၏။
"ဟုတ်ကဲ့... သခင်"
ကျူချမ်းချမ်းကရှောင်ဖန်းကို ချိုသာစွာ ပြောလိုက်၏။ဟူဖေးကို ရိုက်နှက်နေစဉ်က ရှိခဲ့သော သူမ၏ ခက်ထန်သည့်ပုံစံမှာ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်၏။
"ထစမ်း... ငါတို့ကို အဲဒီခိုလှုံရာဆီ ခေါ်သွားစမ်း"
ကျူချမ်းချမ်းသည် ဒူးထောက်နေဆဲ ဖြစ်သော ဟူဖေးကိုအမိန့်ပေးလိုက်၏။
"ဟုတ်ကဲ့... သခင်မ"
မကြာမီ ဟူဖေး၏ ဦးဆောင်မှုဖြင့် ရှောင်ဖန်းတို့လူစုသည်သူတို့ နေထိုင်ရာ ဗီလာ၏ အနောက်တည့်တည့်ရှိစံအိမ်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။
၎င်းစံအိမ်ကြီးသည် ရှောင်ဖန်း၏ စံအိမ်လောက် မကြီးမားသော်လည်း အတွင်းပိုင်းတွင် ခမ်းနာစွာပြင်ဆင်ထားသည်ကိုတွေ့လိုက်ရသည်။
ဒုတိယမြောက် မြေအောက်ထပ်၏ အနောက်ဘက်ဆုံးတွင် စက်ဝိုင်းပုံစံ သတ္တုတံခါးကြီး တစ်ချပ်ရှိသည်။၎င်းမှာတစ်မီတာနီးပါးထူ၏။
ဟူဖေးက တံခါးကိုဖွင့်၍အတွင်းသို့ ဝင်ရောက်ပြီး ရှည်လျားသော စက်ြလမ်း တစ်လျှောက် ဖြတ်သန်းသွားစဉ် ၎င်းလမ်းတွင် လျှို့ဝှက်ထောင်ချောက်များ ပြည့်နှက်နေကြောင်းပြောပြ၏။
အကယ်၍ကျူးကျော်သူဝင်ရောက်လာပါက ထောင်ချောက်များသည် အဆိပ်ငွေ့များကို ထုတ်လွှတ်မည် ဖြစ်ပြီး ကျူးကျော်သူများကို နေရာ၌ပင် သေဆုံးစေမည် ဖြစ်သည်။
လမ်း၏ အဆုံးတွင် ဟူဖေးသည် အခြား စက်ဝိုင်းပုံစံ သတ္တုတံခါးတစ်ခုကို ထပ်မံ ဖွင့်လှစ်လိုက်၏။
အတွင်းသို့ ရောက်ရှိသွားသောအခါ နေရာသည် ထင်ထားသည်ထက်ပိုမ်ိုကျယ်ဝန်းနေခဲ့သည်။
၎င်းသည်ခမ်းနားစွာပြင်ဆင်ထားပြီး အမျိုးမျိုးသောအပန်းဖြေစရာများပြည့်စုံစွာ ပါရှိသည့် ကြီးမားသော စက်ဝိုင်းပုံစံ ခန်းမကြီး ဖြစ်၏။
ရှောင်ဖန်းတို့လူစုသည်ဟူဖေး၏ ဦးဆောင်မှုဖြင့်ခိုလှုံရာ တစ်ခုလုံးကို လှည့်လည် ကြည့်ရှုခဲ့ကြသည်။
သူတို့သည် သေလုမြောပါး ညှဉ်းပန်းနှိပ်စက်ခံထားရသော ကျူးယန်ချန်ကိုပင် မြင်တွေ့ခဲ့ရ၏။
ယခုအချိန်တွင် ကျူးယန်ချန်သည် မဟာရှားနိုင်ငံ၏ အချမ်းသာဆုံးလူနှင့်လုံးဝမတူတော့ပေ။
သူသည် ဟူဖေးကို မြင်သောအခါ တုန်လှုပ်ချောက်ချားမှုများသာရှိနေခဲ့သည်။
သူ၏ရှိသမျှအားကို သုံး၍အခန်းထောင့်သို့ကပ်နေပြီး သူ၏ မျက်လုံးများတွင် ဟူဖေးအပေါ် ကြောက်ရွံ့မှုများနှင့်သာပြည့်နှက်နေ၏။
ဒါကို မြင်သော ရှောင်ဖန်းသည် ဟူဖေးကို စက်ဆုပ်ရွံရှာစွာ ကြည့်လိုက်သည်။
"တောက်... မင်းက တကယ့် အရူးပဲ"
ကျူချမ်းချမ်းသည် မျက်မှောင်ကြုတ်လျက် ဟူဖေးကို သူမ၏ကြာပွတ်ဖြင့် ပြင်းထန်စွာရိုက်နှက်လိုက်၏။
အကြိမ်ပေါင်းများစွာ ရိုက်နှက်ပြီးနောက် ရှောင်ဖန်းကတားဆီးလိုက်သည်။
ကျူးယန်ချန်၏ လှပသော အတွင်းရေးမှူးအဖွဲ့နှင့်သူပြန်ပေးဆွဲထားသော အမျိုးသမီးများ၏ အခြေအနေသည်လည်းအတူတူပင်ဖြစ်သည်။
သူတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာအတော်လေးဆိုးရွားနေ၏။
အမျိုးသမီး အားလုံးနီးပါးတွင် စိတ်ဒဏ်ရာအပြင်းအထန်ရရှိနေပြီးနှစ်ယောက်မှာရူးသွားပြီ ဖြစ်၏။
ရှောင်ဖန်း အံ့သြသွားသည်မှာ ထိုအမျိုးသမီးများထဲတွင် မဟာရှားနိုင်ငံ၏ နာမည်ကျော် မင်းသမီးငယ်တစ်ယောက်ကိုပင် တွေ့လိုက်ရခြင်း ဖြစ်သည်။
ထိုမင်းသမီးငယ်သည် ဆွဲဆောင်မှုရှိသော ကိုယ်လုံးကိုယ်ပေါက်ကြောင့် လူသိများပြီး ရုပ်ရှင်များတွင် အမြဲတမ်း မျက်စိပသာဒ ဖြစ်စေသော ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လေ့ရှိ၏။
ယခုအချိန်တွင် သူမသည်လည်း ထိတ်လန့်မှုများဖြင့် ပြည့်နှက်နေပြီး မကြာသေးမီကထိုနေရာတွင်အလွန်အမင်းနှိပ်စက်ခံထားရပုံဖြစ်သည်။
"အဘိုးကြီးရှောင်... ကျူးယန်ချန်နဲ့ ဒီအမျိုးသမီးတွေကို ဘာလုပ်ကြမလဲ"
ယွမ်ချင်းမေသည် ရှောင်ဖန်းအား တိုးတိုးလေး မေးလိုက်၏။
"ရှင် သူတို့အားလုံးကို သိမ်းထားမှာတော့ မဟုတ်ပါဘူးနော်"
ရှောင်ဖန်းသည် ခေါင်းခါလိုက်သည်တည်း။ ပထမဆုံးအနေဖြင့် စနစ်သည် ထိုလူများထဲတွင် အမှတ်မြင့်သော အမျိုးသမီး ပါဝင်ကြောင်း မပြသခဲ့ပေ။
ပါဝင်ခဲ့လျှင်ပင် ရှောင်ဖန်းသည် သူတို့ကို ခေါ်ယူမည် မဟုတ်ပါချေ။
ရှောင်ဖန်းသည် သူ၏ စနစ်က အမှတ်မြင့်သော အမျိုးသမီးများကို စုဆောင်းရာတွင် ဇကာတင် ရွေးချယ်ကြောင်း သတိထားမိ၏။
မသင့်တော်ပါက စနစ်သည် အကြောင်းကြားချက် ပေးမည် မဟုတ်ပေ။
ရှောင်ဖန်း ခေါင်းခါသည်ကို မြင်တော့ ယွမ်ချင်းမေသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး လည်ပင်းလှီးသည့် အမူအရာ လုပ်ပြသည်။
ထိုအပြုအမူကြောင့်ရှောင်ဖန်းထိတ်လန့်သွားရ၏။
ယွမ်ချင်းမေကို "သက်ရှိယမမင်း" ဟု ခေါ်ဆိုခြင်းသည် လုံးဝ ပုံကြီးချဲ့ခြင်း မဟုတ်ချေ။
ထိုလူများသည်သူနှင့် ရန်ငြိုးမရှိသော လူများဖြစ်သည့်အပြင်ကျူးယန်ချန်မှလွဲ၍ ကျန်လူများမှာ အမျိုးသမီးများသာ ဖြစ်ကြပြီးယွမ်ချင်းမေသည်သူတို့အားလုံးကို သတ်ဖြတ်ချင်နေ၏။
သို့သော် ရှောင်ဖန်းသည်လည်း ယွမ်ချင်းမေ ပြောသည်မှာ မှန်ကြောင်း ခံစားမိသည်။
သူတို့ကို အသက်ရှင်လျက် ထားခဲ့ခြင်းသည် အန္တရာယ် ရှိနိုင်ပြီး သူ့အပေါ် သစ္စာစောင့်သိကြမည် မဟုတ်ပေ။
အကယ်၍ သူသာ သူတို့ကို အသက်ရှင်လျက်ထားခဲ့ပါကနောက်ပိုင်းတွင် ပေးဆပ်ရမည့် တန်ဖိုးမှာ အလွန်များပြားလိမ့်မည် ဖြစ်၏။
သူတို့အားလုံးကို သတ်ဖြတ်ရန် ဆုံးဖြတ်ခါနီးတွင်ရှောင်ဖန်းသည် ရုတ်တရက်ထိုအမျိုးသမီးများအတွက် အဆင်ပြေမည့် နေရာတစ်ခုကို တွေးမိသွားရသည်။
"ချမ်းချမ်း... ခဏနေရင် လီတာကျွမ်းကို ဆက်သွယ်ပြီး ဒီအမျိုးသမီးတွေကိုရွာဆီ ပြန်ခေါ်သွားဖို့ ပြောလိုက်ဦး"
"ကောင်းပါပြီ... ကျွန်မတို့ ပြန်ရောက်တာနဲ့ ချက်ချင်း ဆက်သွယ်လိုက်ပါ့မယ်"
"ကျူးယန်ချန်နဲ့ ဒီအမျိုးသမီးတွေကို အပြင် ခေါ်ထုတ်သွားကြ"
လူအားလုံးကို ရှင်းလင်းပြီးနောက် ထိုမြေအောက်ခံတပ်ကြီးကို သူ၏ အိမ်အသစ်အဖြစ် ပြုပြင်မွမ်းမံရန် အလယ်အလတ် ခိုလှုံရာ ပြုပြင်မွမ်းမံမှု အပိုင်းအစကို အသုံးပြုလိုခြင်းဖြစ်သည်။
အပြင်သို့ ရောက်သောအခါ ရှောင်ဖန်းသည် ဟူဖေးအား ကျူးယန်ချန်ကို သတ်ရန်အမိန့် ပေးလိုက်၏။
ခဏအကြာတွင်လီတာကျွမ်းသည် လူအချို့နှင့်အတူ ရောက်ရှိလာပြီးရှောင်ဖန်းကထောက်ပံ့ရေး ပစ္စည်းအချို့နှင့်အတူအမျိုးသမီး အားလုံးကို ပြန်ခေါ်သွားခိုင်းလိုက်သည်။
ဟူဖေးကိုလည်းမသတ်တော့ဘဲ ပုဟွေရွာကို ကာကွယ်ရာတွင်ကူညီရန်သူတို့နှင့်အတူ ထည့်လိုက်၏။
လှပသော အမျိုးသမီးများကို ရလိုက်သဖြင့်လီတာကျွမ်း၏မျက်နှာ ပေါ်မှအပြုံးမှာဖုံးဖိမနိုင်ဖြစ်နေတော့သည်။
*********