← Chapters

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇

Vol. 7 Ch. 67

အခန်း ၆၇ - လီကျန်းချန်၏ ရည်မှန်းချက်

လီတာကျွမ်းနှင့် သူ၏ လူများ ထွက်ခွာသွားပြီးနောက်ရှောင်ဖန်းသည်စံအိမ်အတွင်းမှ အလယ်အလတ် ခိုလှုံရာ ပြုပြင်မွမ်းမံမှုအပိုင်းအစကို ပြန်လည် သိမ်းဆည်းလိုက်၏။

ထို့နောက် သူသည် အမျိုးသမီးငယ်များ အားလုံးကို ကမ္ဘာပျက်ကပ်ခိုလှုံရာထဲသို့ ပြောင်းရွှေ့စေလိုက်သည်။

ကမ္ဘာပျက်ကပ် ခိုလှုံရာသို့ ရောက်ရှိသောအခါ ရှောင်ဖန်းသည် အလယ်အလတ် ခိုလှုံရာ ပြုပြင်မွမ်းမံမှု အပိုင်းအစကိုအသုံးပြုလိုက်၏။

အလယ်အလတ် ခိုလှုံရာ ပြုပြင်မွမ်းမံမှု အပိုင်းအစ၏ ပြုပြင်ပြောင်းလဲမှု ပြီးနောက်တွင်မူလကမ္ဘာပျက်ကပ် ခိုလှုံရာသည် ပိုမို သက်တောင့်သက်သာ ရှိလာပြီး ၎င်း၏လုံခြုံရေးမှာလည်း အလွန် မြင့်မားလာခဲ့သည်။

ကမ္ဘာပျက်ကပ် ခိုလှုံရာသည်ယခင်စံအိမ်ထက်လည်းများစွာ ကြီးမား၏။

အိပ်ခန်းများ၊ ဖျော်ဖြေရေးအခန်း၊ ကိုယ်ပိုင် ရုပ်ရှင်ရုံ၊ ရေကူးကန်၊ ဆောင်းနားခန်း၊အားကစားကွင်းများ အရာအားလုံးသည် ယခင်ကထက် များစွာ ပိုမို ကြီးမားလာ၏။

ရှောင်ဖန်းနှင့် အမျိုးသမီးငယ်များသည် သူတို့၏ အိမ်သစ်ကို ကြည့်ကာအလွန်ကျေနပ်အားရ‌နေကြသည်။

"ဟူး... တကယ်လို့ ဒီကမ္ဘာပျက်ကပ်ထဲမှာ အဘိုး‌ကြီးရှောင်နဲ့ မတွေ့ခဲ့ရင် အခုအချိန်မှာ ငါ ဘယ်လို ဘဝမျိုးနဲ့ ရှင်သန်နေမလဲဆိုတာ မတွေးရဲဘူး"

ယွမ်ချင်းမေသည် သက်ပြင်းချလျက် ညည်းတွားရှာ၏။

"မင်းသာအဘိုးကြီးရှောင်နဲ့ မတွေ့ခဲ့ရင် ဘဝအကြောင်း ဝေးလို့ အခုလောက်ဆို သေတာ ကြာလှပြီ"

ကျူချမ်းချမ်းက ဝင်ပြောလိုက်ရာ

ထိုနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ထပ်မံ ငြင်းခုံကြတော့မည်ကို မြင်သဖြင့် ရှောင်ဖန်းသည် အကြောင်းအရာကို အမြန် ပြောင်းလိုက်၏။

"ချင်းယွင်တောင် အပန်းဖြေရပ်ကွက်ထဲက ခြိမ်းခြောက်မှုတွေကို လုံးဝ ရှင်းလင်းနိုင်ခဲ့တာရယ်၊ အိမ်သစ်ကို ပြောင်းရွှေ့နိုင်ခဲ့တာရယ်ကို‌ အောင်ပွဲခံတဲနဲ့ ဒီည ငါတို့ အဝသောက်ကြတာပေါ့"

ထို့နောက်တွင်နောက်လာမည့် အချိန်ကာလများသည်ကမ္ဘာပျက်ကပ် စတင်ကတည်းက ရှောင်ဖန်း ကြုံတွေ့ခဲ့ရသမျှ အချိန်များထဲတွင် သက်တောင့်သက်သာ အရှိဆုံးအချိန်များ ဖြစ်ပုံရ၏။

ထို့အပြင် ရှောင်ဖန်းသည် အံ့အားသင့်ဖွယ်ရာ တစ်ခုကို ရရှိခဲ့သည်။ ဝေလင်ယွန်းသည် အမှန်တကယ်ပင် အောင်မြင်စွာသိမ်းပိုက် ခံလိုက်ရပြီ ဖြစ်၏။

ဝေလင်ယွန်းကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သဖြင့် ဝေကျိချင်းကိုသိမ်းပိုက်နိုင်ရန်မှာလည်း အချိန်တစ်ခုသာလိုတော့သည်။

ဝေလင်ယွန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့သော်လည်း ရှောင်ဖန်းသည် ကျူချမ်းချမ်းအားကျွန်ပြုခြင်းမှ လွှတ်ပေးရန် စိတ်ကူးမရှိပေ။ သူမ၏ တိုးတက်မှုနှုန်း ရာခိုင်နှုန်း ရာပြည့် ရောက်သည်အထိ သူ စောင့်ဆိုင်းမည် ဖြစ်၏။

ယွန်းရှန်းအခြေစိုက်စခန်း။

ဝေကျန့်ထျန်းသည် သူ၏ ရုံးခန်းထဲတွင် ထိုင်လျက် ဌာနအသီးသီးမှ ပေးပို့လာသော စာရွက်စာတမ်းများကို ဂရုတစိုက် ဖတ်ရှုနေ၏။

ထိုအချိန်တွင်ရုံးခန်းတံခါးသည် ရုတ်တရက် အပြင်ဘက်မှ တွန်းဖွင့်ခြင်း ခံလိုက်ရသည်။

၎င်းနောက်အရှိန်အဝါရှိသည့် သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်သည် ဒေါသတကြီး ဝင်ရောက်လာ၏။

"ဝေကျန့်ထျန်း... ရှင်က တကယ့်ကို နှလုံးသား မရှိတဲ့လူပဲ။ ရှင့်သမီးရဲ့ 'အသက်ဓာတ်ဆွဲပြား' မီးအိမ် ငြိမ်းသွားတာကို ရှင်က ဘာမှမဖြစ်သလို လျစ်လျူရှုထားနိုင်တယ်ပေါ့"

ရောက်လာသူမှာ ဝေကျိချင်း၏ မိခင်အရင်း ဖြစ်သော ဟယ်ဝမ်ရုံ ဖြစ်သည်။

"မေမေ... မေမေ..."

ဝေကျိကျန်းသည် တံခါးအပြင်ဘက်မှ အမြန် ပြေးဝင်၏။

"ဟွန့်... မင်းကလည်း အစ်ကိုကြီး ဖြစ်ပြီးတော့... မင်းရဲ့ ညီမအရင်းနဲ့ သမီးလေးရဲ့ 'အသက်ဓာတ်ဆွဲပြား' မီးအိမ်တွေ ငြိမ်းသွားတာကို မင်းက ဘယ်လိုလုပ် စိတ်အေးလက်အေး နေနိုင်ရတာလဲ"

"ငါ့ရဲ့ သနားစရာ သမီးလေးနဲ့ မြေးမလေး"

ဟယ်ဝမ်ရုံသည် ပြောရင်းဖြင့် ငိုယိုတော့သည်။

ဝေကျန့်ထျန်းသည် ပထမဦးစွာ အကျပ်ရိုက်နေသော ဝေကျိကျန်းကို တင်းမာသော အကြည့်ဖြင့် ကြည့်လိုက်၏။

ထို့နောက် သူသည် လက်ဝေ့ယမ်းကာ ထွက်သွားရန် အချက်ပြလိုက်သည်တည်း။

ဝေကျိကျွန်းသည် ရုံးခန်းထဲမှ ချက်ချင်း ထွက်ခွာသွားပြီး တံခါးကို ပိတ်လိုက်၏။

ဝေကျန့်ထျန်းသည် မျက်ရည်သုတ်နေသော ဇနီးဖြစ်သူကို ကြည့်ကာ ခေတ္တမျှ တိတ်ဆိတ်နေပြီးမှ စကားပြောလိုက်သည်။

"ဝမ်ရုံ... ငါ လျစ်လျူရှုထားတာ မဟုတ်ပါဘူး။ ဒါပေမဲ့ လက်ရှိ အခြေအနေအရ စီမံပေးဖို့ လုံးဝ နည်းလမ်းမရှိလို့ပါ"

ဟယ်ဝမ်ရုံသည် ခေါင်းမော့ကာ ပဝါဖြင့် မျက်ရည်များကို သုတ်လိုက်၏။

"ရှင် ဘာလို့ စီမံလို့ မရရမှာလဲ။ ရှင် နေ့တိုင်း တခြား အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေကယ်ဆယ်ဖို့ လူတွေ စေလွှတ်နေတာပဲ မဟုတ်လား။ ဒါပေမဲ့ ရှင့်ရဲ့ သမီးအရင်းနဲ့ မြေးမလေးကိုကျတော့ ဂရုမစိုက်နိုင်ဘူးပေါ့"

ဝေကျန်ထျန်းသည် သက်ပြင်းချလိုက်သည်။

"ယွန်းရှန်းအခြေစိုက်စခန်းက ကယ်ဆယ်ရေးအတွက် စေလွှတ်တဲ့လူတွေက အနီးနားက မြို့တွေမှာရှိတဲ့ အသက်ရှင်ကျန်ရစ်သူတွေပဲ။ ချင်းယွင်‌တောင်အပန်း‌ဖြေရပ်ကွက်က ငါတို့နဲ့ မဟာရှားနိုင်ငံရဲ့ တစ်ဝက်မက ကွာဝေးနေတာ။ အပြင်က အခြေအနေအရ ငါတို့ စေလွှတ်တဲ့လူတွေက အဲဒီကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ"

"ချင်းယွင်တောင်အပန်း‌ဖြေရပ်ကွက်ရဲ့ အနီးနားမှာ ဖူနျူးတောင်အခြေစိုက်စခန်း ရှိနေတာကို။ ရှင် ဖုန်းတစ်ကော်လ် ခေါ်လိုက်ရုံနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စပဲ။ ဘာလို့ ဘာမှမသိသလို နေနေရတာလဲ"

"မင်းက တုံးအလိုက်တာ။ ဒီလို အခြေအနေမျိုးမှာ လီကျန်းချန်က ရှောင်ချင်းနဲ့ ရှောင်ယွန်းတို့ကို ရှာတွေ့ရင်တောင် ဒါက ကောင်းတဲ့အရာ မဟုတ်ဘူး။ သူက သူတို့ကို ငါတို့ကို ခြိမ်းခြောက်ဖို့ ဓားစာခံအနေနဲ့ အသုံးပြုဖို့ အခွင့်အလမ်း အလွန် များတယ်"

ဝေကျန်ထျန်းက တည်ကြည်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဟွန့်... ခြိမ်းခြောက်တယ် ဟုတ်လား။ အကျိုးအမြတ်လိုချင်လို့ မဟုတ်ဘူးလား။ ရှင်က ရှင့်ရဲ့ သမီးနဲ့ မြေးမလေးအတွက် အကျိုးအမြတ် အနည်းငယ်လေးတောင် အဆုံးရှုံးမခံချင်ဘူးပေါ့။ ရှင် ဘယ်လိုလုပ် ဒီလောက်အထိ သွေးအေးပြီး နှလုံးသားမရှိရတာလဲ"

"မင်းတို့အမျိုးသမီးတွေကဒါပဲ၊အမြင်ကိုမရှိဘူး"

ဝမ်ရုံ၏စကား‌‌ကြောင့်ဝေကျန့်ထျန်းသည် အနည်းငယ် ဒေါသထွက်သွားပြီးစားပွဲပေါ်မှ စီးကရက်တစ်လိပ်ကို ယူ၍ မီးညှိကာ အကြိမ်ပေါင်းများစွာရှိုက်ဖွာလိုက်၏။

ဒါကို မြင်‌သောဟယ်ဝမ်ရုံသည် အမြန် လျှောက်လာပြီး ဝေကျန့်ထျန်း၏ လက်ထဲမှ စီးကရက်ကို လုယူလိုက်သည်။

"ကျွန်မဘာမှမသိဘူး။ သမီးနဲ့ မြေးမလေး အသက်ရှင်နေရင် လူချင်း တွေ့ချင်တယ်။ သေသွားရင်လည်း အလောင်း တွေ့ချင်တယ်"

ပြောပြီးနောက် သူမသည် ထပ်မံ ငိုယိုပြန်သည်။

ထိုအချိန်တွင် ဝေကျန့်ထျန်းသည် သူ၏ ခေါင်း ပေါက်ကွဲတော့မတတ် ခံစားလိုက်ရ၏။

သူသည် မိမိ၏ သမီးနှင့် မြေးမလေးကို ဂရုမစိုက်ခြင်း မဟုတ်ပါချေ။

လက်ရှိ အခြေအနေက သူ့ကို ထိုသို့လုပ်ရန် အမှန်တကယ် ခွင့်မပြုခြင်း ဖြစ်သည်။

ဇနီးဖြစ်သူ ဝမ်းနည်းပက်လက် ငိုကြွေးနေသည်ကို ကြည့်ကာ ဝေကျန့်ထျန်း၏ ဆုံးဖြတ်ချက်သည် ယိမ်းယိုင်လာ၏။

သူသည်လည်း အမှန်တကယ်ပင် မိမိ၏ သမီးနှင့် မြေးမလေး လက်ရှိတွင် အသက်ရှင်နေသလား သေဆုံးသွားပြီလား ဆိုသည်ကို သိလိုသည်။

လီကျန်းချန်ကို ဆက်သွယ်ဖို့ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ပေ။

အကယ်၍ သူက ဝေကျိချင်းနဲ့ ဝေလင်ယွန်းတို့ကို တကယ် ရှာတွေ့ပြီး အကျိုးအမြတ်အချို့လိုချင်တယ်ဆိုရင် လွန်လွန်ကျွံကျွံ မဟုတ်ပါကသူ သဘောတူနိုင်သည်။

ဒါပေမဲ့ တဖက်လူက လွန်လွန်ကဲကဲ တောင်းဆိုလာရင်တော့ သူသည် သမီးနဲ့ မြေးမလေးကို စွန့်လွှတ်ရုံမှတစ်ပါး အခြား ရွေးချယ်စရာ ရှိမည် မဟုတ်ချေ။

ဝေကျန်ထျန်းသည် ထရပ်လိုက်ပြီး ဇနီးဖြစ်သူ၏ ဘေးနားသို့ လျှောက်သွားကာ သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်ပေးလိုက်၏။

"ကဲပါ... ဝမ်ရုံ... မငိုပါနဲ့တော့။ ငါ လီကျန်းချန်ကို ဆက်သွယ်ပြီး ချင်းယွန်းတောင် အပန်းဖြေရပ်ကွက်ဆီ လူလွှတ်ပြီး ရှာခိုင်းလိုက်ပါ့မယ်"

ဒါကို ကြားတော့ ဟယ်ဝမ်ရုံသည် ခေါင်းမော့ကြည့်လိုက်၏။

"ကျန့်ထျန်း... ရှင် ကတိတည်ရမယ်နော်"

"ဟား... ဝမ်ရုံ... ငါတို့ လက်ထပ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိပြီပဲ။ ငါ ဘယ်တုန်းက ကတိမတည်ဖူးလို့လဲ"

ဖူနျူးတောင် မြေအောက်အခြေစိုက်စခန်း။

အနက်ရှိုင်းဆုံးနေရာရှိ ဇိမ်ခံရုံးခန်းတစ်ခုအတွင်း။

လီကျန်းချန်သည် ကြီးမားသော စားပွဲခုံကြီး၏ နောက်ကွယ်တွင် ထိုင်နေ၏။

သူ၏ အနောက်ဘက် နံရံတွင် မဟာရှားနိုင်ငံ၏ ကြီးမားသော နိုင်ငံတော်တံဆိပ်ကိုချိတ်ဆွဲထားသည်။

နိုင်ငံတော်တံဆိပ်၏ အောက်တွင်မူ လီကျန်းချန်၏ ကြီးမားသော ပုံတူပန်းချီကား ရှိ၏။

အနီးနားတွင် ဒူးဖုံး စကတ်ကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ယောက်သည် စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို စီစဉ်နေသည်တည်း။

"အတွင်းရေးမှူးဝမ်... ဝေကျန်ထျန်းရဲ့ ဒီတစ်ကြိမ် တောင်းဆိုချက်အပေါ် မင်း ဘယ်လိုထင်လဲ"

လီကျန်းချန်သည် စီကရက်တစ်လိပ်ကို ကိုင်လျက် စာရွက်စာတမ်းများ စီစဉ်နေသော အတွင်းရေးမှူးဝမ်ကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်၏။

"အကြီးအကဲ... ကျွန်မထင်တာကတော့ ဒါဟာ အခွင့်အရေးတစ်ခုပဲ ဖြစ်ပါတယ်။ အကြီးအကဲအနေနဲ့ ဝေမိသားစုအပေါ် စေတနာပြပြီး သူတို့ရဲ့ ထောက်ခံမှုကို ရယူနိုင်မယ့် အခွင့်အရေးပါ"

"တကယ်လို့ ကျွန်မတို့ ဝေကျန်ထျန်းရဲ့ သမီးနဲ့ မြေးမလေးကို ရှာတွေ့ရင် ကျွန်မတို့ လက်ထဲမှာ နောက်ထပ် ဓားစာခံတစ်ခု ရှိလာမှာ ဖြစ်ပါတယ်"

အတွင်းရေးမှူးဝမ်သည် သူမ လုပ်ဆောင်နေသည်များကို ရပ်တန့်ကာ ရိုသေစွာ ပြောလိုက်သည်။

လီကျန်းချန်သည် စီကရက်သောက်ရင်း သူ၏ အကြည့်များကို အတွင်းရေးမှူးဝမ်၏ ခန္ဓာကိုယ်အနှံ့ သို့ဖြန့်ကျက်လိုက်၏။

ခေတ္တမျှ ကြာပြီးနောက် လီကျန်းချန်သည် စီးကရက်ကို ပြာခွက်ထဲတွင် ချေဖျက်လိုက်သည်။

"

အခု ဘလူးစတားဂြိုဟ်က အကြီးအကျယ် ပြောင်းလဲသွားပြီဆိုတော့ ဒါဟာ အားပြိုင်မှု ပြင်းထန်တဲ့ ခေတ်ပဲ။ ငါ့လက်ထဲမှာ ဓားစာခံ ရှိနေရင် ငါ့အတွက်ပိုအဆင်ပြေတာပေါ့"

"သွား... လင်ရှောင်ကို ငါ့ဆီ လာခိုင်းလိုက်"

"ဟုတ်ကဲ့... အကြီးအကဲ"

အတွင်းရေးမှူးဝမ်သည် ရုံးခန်းထဲမှ အမြန် လျှောက်ထွက်သွားသည်။

ဆယ်မိနစ် ကြာပြီးနောက်။

လီကျန်းချန်၏ ရုံးခန်းတံခါးကို ခေါက်သံ ထွက်ပေါ်လာ၏။

"ဝင်ခဲ့"

လီကျန်းချန်သည် ကုလားထိုင်ပေါ်တွင် မတ်မတ် ထိုင်လိုက်သည်။

ရုံးခန်းတံခါးသည် ပွင့်သွားပြီး အသက်သုံးဆယ်ကျော် အရွယ်အေးစက်သော မျက်နှာထားရှိသည့် စစ်ဝတ်စုံဝတ် အမျိုးသားတစ်ယောက်သည် စားပွဲခုံဆီသို့ အမြန် လျှောက်လာကာ လီကျန်းချန်ကိုအလေးပြုလိုက်၏။

"အကြီးအကဲ... အထူးစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင် လင်ရှောင် သတင်းပို့ပါတယ်"

"လင်ရှောင်... ထိုင်ပါဦး"

*********

All Chapters