← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈ - အထူးစစ်ဆင်ရေးအဖွဲ့ခေါင်းဆောင်

လင်ရှောင်သည် ကုလားထိုင်ပေါ်တွင် နေရာယူပြီးနောက်လီကျန်းချန်သည် စားပွဲပေါ်ရှိ စီးကရက်ဘူးကို ယူ၍ စီးကရက်တစ်လိပ် ထုတ်ကာ သူ့အား ကမ်းပေးလိုက်၏။

"လင်ရှောင်... အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ လေ့ကျင့်ရေးတွေ ဘယ်လိုရှိလဲ"

လီကျန်းချန်က ကြင်နာသော အပြုံးဖြင့် မေးလိုက်သည်။

"အကြီးအကဲကို သတင်းပို့ပါတယ်...။ အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ လေ့ကျင့်ရေးတွေ ပုံမှန်အတိုင်း တိုးတက်နေပါတယ်"

လင်ရှောင်သည် မတ်တတ်ရပ်လျက် ပြောလိုက်၏။

လင်ရှောင်၏ အမူအရာကို မြင်တော့ လီကျန်းချန်သည် စိတ်ကျေနပ်စွာဖြင့် လက်ကို အောက်သို့ နှိပ်ပြကာ ပြန်ထိုင်ရန် အချက်ပြလိုက်သည်။

"မင်းတို့က ငါတို့ ဖူနျူးတောင်အခြေစိုက်စခန်းရဲ့ အထူးရွေးချယ်ထားတဲ့ အထက်တန်းလွှာတွေပဲ။ နိုင်ငံတော်ရဲ့ အနာဂတ်က မင်းတို့အပေါ်မှာ တည်နေတာမို့ လေ့ကျင့်ရေးကို လျစ်လျူရှုလို့ မဖြစ်ဘူး"

"စိတ်ချပါ အကြီးအကဲ... ကျွန်တော် တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မယ်လို့ အာမခံပါတယ်"

လင်ရှောင်သည် နောက်တစ်ကြိမ် မတ်တတ်ရပ်ပြန်သည်။

"ကဲပါ... ဒီလောက်အထိ တင်းကျပ်မနေပါနဲ့။ ထိုင်ပြီး စကားပြောရအောင်"

လီကျန်းချန်က ပြုံးလျက် ပြော၏။

"ငါ မင်းကို ခေါ်လိုက်ရတဲ့ အကြောင်းရင်းက တာဝန်တစ်ခု ပေးအပ်ဖို့ပဲ။ မင်းအနေနဲ့ မပျက်မကွက် အောင်မြင်အောင် လုပ်ဆောင်ရမယ်"

"အကြီးအကဲ... တာဝန်ရဲ့ အသေးစိတ်အချက်အလက်တွေကို မိန့်ကြားပေးပါ"

လီကျန်းချန်က သူ့ကို တာဝန်ပေးအပ်တော့မည် ဖြစ်ကြောင်း ကြားသဖြင့် လင်ရှောင်၏ မျက်နှာထားသည် ပိုမို တည်ကြည်သွားသည်။

ဆယ်မိနစ် ကုန်လွန်သွား၏။

လင်ရှောင်သည် ထရပ်လိုက်ပြီး အလေးပြုလိုက်သည်။

"စိတ်ချပါ အကြီးအကဲ... ကျွန်တော် တာဝန်ကို အောင်မြင်အောင် ထမ်းဆောင်မယ်လို့ အာမခံပါတယ်"

"ကောင်းပြီ... သွားတော့။ မင်းက ငါ့ရဲ့ မျှော်လင့်ချက်တွေကို ပျက်ပြယ်စေမှာ မဟုတ်ဘူးလို့ ငါ ယုံကြည်တယ်"

လင်ရှောင် ထွက်ခွာသွားပြီးနောက် လီကျန်းချန်သည် သူ၏ စားပွဲပေါ်ရှိ ဆက်သွယ်ရေး ခလုတ်တစ်ခုကို နှိပ်လိုက်သည်။

"အတွင်းရေးမှူးဝမ်... ငါ အနည်းငယ် ပင်ပန်းနေလို့ အနားယူဖို့ လိုတယ်"

ဖူနျူးတောင်အခြေစိုက်စခန်း။

၎င်းသည် မဟာရှားနိုင်ငံ၏ တောင်ဘက်-အလယ်ပိုင်းဒေသရှိ ဖူနျူးတောင်တန်းများအတွင်း တည်ရှိ၏။

မူလက ၎င်းသည် မဟာရှားစစ်တပ်၏ အလယ်အလတ်စား မဟာဗျူဟာမြောက် အရန်ပစ္စည်း အခြေစိုက်စခန်းများထဲမှ တစ်ခု ဖြစ်သည်။

၎င်းတွင် အမျိုးမျိုးသော ရိက္ခာများနှင့်လက်နက်ခဲယမ်း အချို့ အပါအဝင် မဟာဗျူဟာမြောက် ထောက်ပံ့ရေး ပစ္စည်းအမြောက်အမြားကို အဓိက သိုလှောင်ထားခြင်း ဖြစ်၏။

လက်နက်များနှင့် ပတ်သက်၍ လေယာဉ် မရှိခြင်းမှလွဲ၍ တင့်ကား အနည်းငယ်နှင့် ဒုံးကျည်ပစ်လွှတ်သည့် ယာဉ်တစ်စီး အပါအဝင် အခြား အရာအားလုံး ရှိသည်။

မဟာဗျူဟာမြောက် အရန်အခြေစိုက်စခန်းတစ်ခု ဖြစ်သည့်အားလျော်စွာ ၎င်းတွင် စစ်စခန်းချခြင်း သဘာဝအတိုင်း ရှိ၏။

ပစ္စည်းများ၏ လုံခြုံရေးကို ကာကွယ်ရန်အတွက် လူတစ်ထောင်ဆံ့ ခြေလျင်တပ်ရင်းတစ်ရင်းနှင့် အထူးစစ်ဆင်ရေးတပ်စုတစ်စုတို့သည်ထိုနေရာတွင် အမြဲတမ်း စခန်းချ နေထိုင်ကြသည်။

လီကျန်းချန်သည်အခြေစိုက်စခန်း၏ ကွပ်ကဲရေးမှူး ဖြစ်၏။

ပုံမှန်အားဖြင့် တောင်နက်ပိုင်းအတွင်းရှိ ပစ္စည်းလုံခြုံရေး အဆောက်အအုံများထဲသို့ ဝင်ရောက်ခွင့် မပြုချေ။ ၎င်းတို့ကို ကာလအပိုင်းအခြားအလိုက် စစ်ဆေးသည့် ဝန်ထမ်းများအတွက်သာ ဖွင့်လှစ်ပေးလေ့ရှိသည်။

အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ် ကျရောက်သည့် ပထမဦးဆုံး သီတင်းပတ်အတွင်း လီကျန်းချန်သည် ကန့်ကွက်မှုအားလုံးကို ပယ်ချခဲ့ပြီး မြေအောက်အခြေစိုက်စခန်း အဆောက်အအုံများကို ဖွင့်လှစ်ရန် အမိန့်ပေးခဲ့ကာ အရာရှိများနှင့် စစ်သည်များ အားလုံးကို ဝင်ရောက်စေခဲ့၏။

ဒါကြောင့်မို့ ဖူနျူးတောင်အခြေစိုက်စခန်းသည် အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ်အတွင်း သေဆုံးဒဏ်ရာရသူ လုံးဝ မရှိခဲ့ခြင်း ဖြစ်သည်။

အခြေစိုက်စခန်း၏ မြေအောက်လုံခြုံရေး အဆောက်အအုံများနှင့် ထောက်ပံ့ရေး ပစ္စည်းများကို ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်အသုံးပြုခြင်းသည် စစ်ခုံရုံးသို့ ရောက်ရှိနိုင်သည့် ကြီးလေးသော ပြစ်မှု ဖြစ်သော်လည်း လီကျန်းချန်က ကန့်ကွက်မှုများကို ပယ်ချစဉ်တွင် မိမိကသာ တာဝန်အားလုံးကို ယူမည်ဟု ပြောကြားခဲ့၏။

ထိုလုပ်ရပ်သည် စစ်ဗိုလ်ချုပ်များနှင့် စစ်သည်များကြားတွင် လီကျန်းချန်သည်ကြီးမားသော ဂုဏ်သတင်းနှင့် ထောက်ခံမှုကို ရရှိခဲ့သည်။

၎င်းက လီကျန်းချန်အနေဖြင့် ဖူနျူးတောင်အခြေစိုက်စခန်းကို လုံခြုံစွာ အုပ်ချုပ်နိုင်မည့် အခြေခံအုတ်မြစ် ဖြစ်လာခဲ့၏။

အလွန်အမင်း အေးစက်သော ကမ္ဘာပျက်ကပ် စတင်ပြီး တစ်လအကြာတွင် မဟာရှားနိုင်ငံတစ်ဝှမ်းရှိ မြေအောက်အခြေစိုက်စခန်းများအနေဖြင့် မိမိတို့၏ အခြေအနေအပေါ် မူတည်၍ အသက်ရှင်ကျန်ရစ်သူများကို တတ်နိုင်သမျှ လက်ခံရန် မြို့တော်မှ အမိန့်များ ရောက်ရှိလာသည်။

ဒါက ဘေးဒုက္ခအပြီး ပြန်လည်ထူ ထောင်ရေးအတွက် နိုင်ငံတော်၏ အရင်းအမြစ်များကို ထိန်းသိမ်းရန် ဖြစ်၏။

ထိုသို့သော အမိန့်ကြောင့်ပင် နေရာအနှံ့ရှိ အခြေစိုက်စခန်း ကွပ်ကဲရေးမှူးများ၏ စိတ်ထဲတွင် ရည်မှန်းချက်များနှင့်ပြည့်လာခဲ့ခြင်း ဖြစ်သည်။

သူတို့ထဲတွင် လီကျန်းချန်ကဲ့သို့ ရည်မှန်းချက်ကြီးမားသော လူများစွာ ပါဝင်၏။

သို့သော်တာဝန်ခံ အခြေစိုက်စခန်း ကွပ်ကဲရေးမှူး အားလုံးသည် အာဏာကို ချောမွေ့စွာ ထိန်းသိမ်းနိုင်ခဲ့ခြင်း မရှိပေ။

စွမ်းအင်ရှင်များ ပေါ်ထွက်လာပြီးနောက်ကွပ်ကဲရေးမှူး အများအပြားမှာ ထိုသူများ၏ အစားထိုးခြင်းကို ခံခဲ့ရသည်။

မည်သည့်စွမ်းအင်မျှ မရှိသော သာမန်လူတစ်ယောက် ဖြစ်သည့်တိုင် လီကျန်းချန်အနေဖြင့် ဖူနျူးတောင်အခြေစိုက်စခန်းတွင် အာဏာကို ဆုပ်ကိုင်ထားနိုင်ခြင်းက သူသည် အတော်အတန် အရည်အချင်းရှိပြီး ကောက်ကျစ်သူ ဖြစ်ကြောင်း သက်သေပြနေ၏။

လင်ရှောင် ဦးဆောင်သော အထူးစစ်ဆင်ရေးတပ်စုတွင် လင်ရှောင် ကိုယ်တိုင် အပါအဝင် စွမ်းအင်ရှင် ခြောက်ယောက် ရှိနေသည်။

လင်ရှောင်မှလွဲ၍ အခြား သုံးယောက်မှာ ကမ္ဘာပျက်ကပ် စတင်ပြီးနောက် စွမ်းအင်ရှင်များအဖြစ် နိုးထလာခဲ့ကြသည့် မူလ အထူးစစ်ဆင်ရေး အဖွဲ့ဝင်များ ဖြစ်ကြ၏။

ကျန်ရှိသော နှစ်ယောက်မှာမူ စွမ်းအင်နိုးထလာပြီးမှ တပ်စုထဲသို့ စည်းရုံးခေါ်ယူခြင်း ခံခဲ့ရသည့် အသက်ရှင်ကျန်ရစ်သူများ ဖြစ်ကြသည်။

အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေသည့် ကာလတစ်ခု ကုန်လွန်ပြီးနောက်.မူလ စစ်သည် တစ်ထောင်ကျော် အပါအဝင် ယခုအခါ ဖူနျူးတောင်အခြေစိုက်စခန်းတွင် လူဦးရေ သုံးထောင်နီးပါး ရှိနေပြီ ဖြစ်၏။

လီကျန်းချန်သည်ယခုအချိန်သည် ထူးခြားသော အချိန်ကာလ ဖြစ်ပြီး လူတိုင်း ရှင်သန်နိုင်ရေးအတွက် အစီအမံများ လိုအပ်သည်ဟူသော အကြောင်းပြချက်ကို အသုံးပြုခဲ့သည်။

သူသည် ထိုလူ သုံးထောင်ကို မတူညီသော လူတန်းစားများအဖြစ် ခွဲခြားလိုက်၏။

မည်သည့် ကျွမ်းကျင်မှုမျှ မရှိသော အသက်ရှင်ကျန်ရစ်သူများသည် အနိမ့်ဆုံး လူတန်းစား ဖြစ်လာကြသည်။

သူတို့သည် အနည်းဆုံးသော ရိက္ခာကိုသာ စားသုံးရပြီး အဆိုးရွားဆုံးသော နေရာများတွင် နေထိုင်ရ၏။

နေ့တိုင်း သူတို့သည် ဂျင်နရေတာများကို လည်ပတ်ရန်အတွက် ကိုယ်အားကို အသုံးပြုရသည်။

ကျွမ်းကျင်မှုရှိသော လူများသည် ကျွမ်းကျင်မှုမရှိသူများထက် တစ်ဆင့် မြင့်မားပြီး သူတို့၏ ရရှိသော အခွင့်အရေးမှာလည်း ပိုမိုကောင်းမွန်၏။

သို့သော်အရည်အချင်းရှိသူများမှာ အင်ဂျင်နီယာ နယ်ပယ်မှ လူများသာ ဖြစ်ကြသည်။ ဘဏ္ဍာရေး၊ အနုပညာ၊ ယဉ်ကျေးမှု နှင့်အရောင်းနယ်ပယ်မှ လူများသည် ယခုခေတ်တွင် အသုံးမဝင်သောသူများအဖြစ် သတ်မှတ်ခြင်း ခံရ၏။

သူတို့၏ အထက်တွင်မူ မူလ စစ်သည်များ ရှိကြသည်။ သူတို့၏ ရရှိသော အခွင့်အရေးမှာပိုမို ကောင်းမွန်လှ၏။

ဝတ်ဆင်စားသောက်ရန် လုံလောက်ရုံသာမက ကာလအပိုင်းအခြားအလိုက် ဆေးလိပ်နှင့် အရက် အနည်းငယ်ကိုလည်း ထောက်ပံ့ခြင်း ခံရ၏။

ဘာပဲဖြစ်ဖြစ် သူတို့က လီကျန်းချန် အုပ်ချုပ်ရေး၏ အဓိက အခြေခံအုတ်မြစ် ဖြစ်သောကြောင့် သူသည် သူတို့ကို ကောင်းမွန်စွာဆက်ဆံထားခြင်းဖြစ်သည်။

၎င်းနောက်တွင် သုတေသီ အချို့နှင့် အထူးစစ်ဆင်ရေး အဖွဲ့ဝင်များ ရှိကြသည်။ သူတို့၏ ရရှိသော အခွင့်အရေးမှာ သာမန်စစ်သည်များထက် သိသိသာသာ ပိုကောင်း၏။

သုတေသီများကို လင်ရှောင်က အသက်ရှင်ကျန်ရစ်သူများ ရှာဖွေစဉ်အတွင်း တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး သူတို့သည် ဇီဝနည်းပညာ ကုမ္ပဏီတစ်ခုမှ သုတေသနနှင့် ဖွံ့ဖြိုးရေး ဝန်ထမ်းများ ဖြစ်ကြသည်။

လီကျန်းချန်ကသူတို့ကို စွမ်းအင်နိုးထလာစေမည့် နည်းလမ်းများကို သုတေသနပြုရန်အတွက်မြင့်မားသော အခွင့်အရေးများကို ပေးထားခြင်း ဖြစ်၏။

သူတို့၏ အထက်တွင်မူ စွမ်းအင်ရှင်များနှင့် အခြေစိုက်စခန်း၏ အဆင့်မြင့် အရာရှိများ ရှိကြပြီး သူတို့၏ ရရှိသော အခွင့်အရေးမှာ အလွန်များပြားလှသည်။

လူတိုင်းတွင် ကိုယ်ပိုင်အိပ်ဆောင် ရှိကြပြီး စားနပ်ရိက္ခာ ထောက်ပံ့မှုများပြားကာဆေးလိပ်နှင့် အရက် ထောက်ပံ့မှုမှာ အကန့်အသတ် မရှိချေ။

အမြင့်ဆုံး အဆင့်မှာ လီကျန်းချန် ကိုယ်တိုင် ဖြစ်သည်။ သူသည် ၂၄ နာရီပတ်လုံး သီးသန့် ဝန်ဆောင်မှုပေးသည့် အဖွဲ့ရှိသော စည်းစိမ်အရှိဆုံး အခန်းတွဲတွင် နေထိုင်၏။

လင်ရှောင် ပြန်ရောက်လာပြီးနောက် သူသည် အထူးစစ်ဆင်ရေးတပ်စု၏ အဖွဲ့ဝင်အားလုံးကို ချက်ချင်း စုဝေးလိုက်သည်။

ထို့နောက် လင်ရှောင်သည် စွမ်းအင်ရှင် သုံးယောက်နှင့် သာမန် အထူးစစ်ဆင်ရေး အဖွဲ့ဝင် လေးယောက်ကို ရွေးချယ်လိုက်၏။ သူ ကိုယ်တိုင် အပါအဝင် တာဝန်အတွက် လူ စုစုပေါင်း ရှစ်ယောက် ရှိသည်။

အထူးစစ်ဆင်ရေးအဖွဲ့၏ ရှင်းလင်းတင်ပြချက် အခန်းတွင်း၌ပရိုဂျက်တာသည် မြေပုံတစ်ခုကို မျက်နှာပြင်ပေါ်သို့ ထိုးပြနေ၏။

"အားလုံးပဲ... ဒါက ငါတို့ရဲ့ တာဝန် ရည်မှန်းချက်ပဲ။ ဖူနျူးတောင်အခြေစိုက်စခန်းနဲ့ ကီလိုမီတာ ၁၀၀ အကွာမှာရှိတဲ့ ချင်းယွင်အပန်း‌ဖြေအိမ်ရာ ဖြစ်တယ်။ ငါတို့ အဲဒီမှာ လူနှစ်ယောက်ကို ရှာဖွေပြီး သူတို့ကို ဘေးကင်းလုံခြုံစွာ ခေါ်ဆောင်လာရမယ်"

လင်ရှောင်သည် တည်ကြည်သော မျက်နှာထားဖြင့် ညွှန်တံလေးကို ကိုင်လျက် မျက်နှာပြင်ပေါ်ရှိ ချင်းယွင်အပန်း‌ဖြေအိမ်ယာ၏ တည်နေရာကို ညွှန်ပြလိုက်သည်။

"ခေါင်းဆောင်လင်... ငါတို့ဘက်က စွမ်းအင်ရှင် သုံးယောက်နဲ့ အထူးစစ်ဆင်ရေး အဖွဲ့ဝင် လေးယောက်အထိ စေလွှတ်ဖို့ လိုအပ်တဲ့ အဲဒီ လူနှစ်ယောက်က ဘယ်သူတွေမို့လို့လဲ"

ဟယ်ချူယောင်က မေးလိုက်၏။ သူမ၏ လှပသော မျက်လုံးများသည် မျက်နှာပြင်ပေါ်ရှိ ချင်းယွင်‌တောင်အိမ်ယာဆီသို့ စိုက်ကြည့်နေသည်။

ဟယ်ချူယောင်၏ မေးခွန်းကို ကြားတော့ လင်ရှောင်သည် မျက်မှောင်ကြုတ်လိုက်ပြီး

"ဒုတိယခေါင်းဆောင်ဟယ်... မမေးသင့်တဲ့အရာကို မမေးနဲ့။ မင်းက အရင်က စစ်သားတစ်ယောက် မဟုတ်ခဲ့ပေမဲ့ အခု အထူးစစ်ဆင်ရေးအဖွဲ့ထဲ ဝင်လာပြီဆိုရင် စစ်သားတစ်ယောက် ဖြစ်သွားပြီ။ စစ်သားဆိုတာ အမိန့်ကို နာခံဖို့ပဲ လိုတယ်"

ထိုလှပသော "ရဲမေချောလေး" အပေါ် လင်ရှောင်၏ သဘောထားမှာ ယဉ်ကျေးသည်ဟု သတ်မှတ်နိုင်၏။

ဒါက ဟယ်ချူယောင်၏ ထူးကဲသော အလှအပကြောင့်သာမက သူမသည် စွမ်းအင်ရှင်တစ်ယောက် ဖြစ်ပြီး အတော်အတန် အင်အားကြီးမားသူ ဖြစ်သောကြောင့်လည်း ဖြစ်သည်။

"ခေါင်းဆောင်လင်... ကျွန်မ တောင်းပန်ပါတယ်။ ဒါက အရင်က အလုပ် အလေ့အထဟောင်း ဖြစ်နေလို့ မဖျောက်နိုင်သေးတာပါ"

ဟယ်ချူယောင်က ပြုံးလျက် ပြောလိုက်၏။ပြောပြီးနောက် ဟယ်ချူယောင်သည် မြေပုံပေါ်ရှိချင်းယွင်‌ တောင်အိမ်ရာကို အလေးအနက် တွေးတောနေဟန်ဖြင့် စိုက်ကြည့်နေ တော့သည်။

*********

All Chapters