← Chapters

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀

Vol. 7 Ch. 70

အခန်း ၇၀ ရန်သူလှုပ်ရှားမှငါလှုပ်ရှားမယ်

နာရီဝက်ခန့် ကုန်လွန်ပြီးနောက် လင်ရှောင်သည် မျက်နှာသေဖြင့် ပြန်ရောက်လာ၏။

သို့သော် သူ၏မျက်ဝန်းထဲ၌ရှိ‌နေသော စိတ်ပျက်ရိပ်ကို ဟယ်ချူယောင်ကသတိထားမိလိုက်သည်။

"ဘာဖြစ်လို့လဲ။ ရှင်ရှာနေတဲ့ လူနှစ်ယောက်ကို မတွေ့ဘူးလား"

ဟယ်ချူယောင်က ခပ်ဖွဖွ ပြုံးရင်း မေးလိုက်သည်။

လင်ရှောင်ကဟယ်ချူယောင်ဘက်သို့ လှည့်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏။

"ဒုဗိုလ်ကြီးဟယ်၊ တချို့အချိန်တွေမှာ အများကြီးသိလွန်းတာက ကောင်းတဲ့အရာမဟုတ်ဘူး"

"ဟီးဟီး၊ ဗိုလ်ကြီးလင်၊ ကျွန်မတို့ ရှင့်အတွက် စားစရာ ချန်ထားပေးပါတယ်။ သွားစားလိုက်ပါဦး"

ဟယ်ချူယောင်က ပြုံးလျက် ရှေ့ကအကြောင်းအရာကို ဆက်မပြောတော့ပေ။

နောက်တစ်နေ့ နံနက်စောစော။

ရှောင်ဖန်း အိပ်ရာမှထပြီး မကြာမီမှာပင် ကျူချမ်းချမ်းသည် ပျာပျာသလဲ ပြေးဝင်လာပြီး သူမ၏မျက်နှာတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေ၏။

"အဘိုးကြီးရှောင်၊ လီတာကျွမ်းက သတင်းပို့လာတယ်။ မနေ့ကစစ်သားတွေချင်းယွင်တောင်အပန်း‌ဖြေရပ်ကွက်ဘက်ကို ဦးတည်ပြီးလာနေပြီတဲ့"

ရှောင်ဖန်း ခဏမျှ တိတ်ဆိတ်သွားပြီး သူ့ကို အဝတ်အစားလဲပေးရန် ပြင်ဆင်နေသော ဝေကျိချင်းနှင့် ဝေလင်ယွန်းတို့ကို လှမ်းကြည့်လိုက်၏။

"ချမ်းချမ်း၊ တခြားလူတွေကို သွားအကြောင်းကြားလိုက်။ ခဏနေရင် ခန်းမထဲမှာ လူစုကြမယ်"

ကျူချမ်းချမ်း ထွက်သွားပြီးနောက် ရှောင်ဖန်းသည် ဝေကျိချင်း၏ ခါးကိုဖက်ကာ မိမိရှေ့သို့ ဆွဲခေါ်ပြီးထားလိုက်သည်။

"ကျွန်နံပါတ်တစ်၊ မင်းရဲ့မိသားစုက မင်းကိုလာကြိုဖို့ လူလွှတ်လိုက်ပုံရတယ်။ မင်း စိတ်လှုပ်ရှားပြီးပျော်နေပြီလား"

ဝေကျိချင်းကမရုန်းကန်သလိုဘာမှလည်းပြန်မပြောပေ။ သို့သော် သူမ၏မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်အချို့ပေါ်လာ၏။

"ကောင်းတယ်။ မင်းမျက်ဝန်းထဲက အဲဒီအကြည့်အတွက် မင်း ကောင်းမွန်တဲ့ ဆုလာဘ်တစ်ခု ရလိမ့်မယ်" ဟု ရှောင်ဖန်းက ရယ်မောကာ ပြောလိုက်သည်။

ရှောင်ဖန်း ခန်းမထဲသို့ ရောက်သောအခါ အခြားအမျိုးသမီးများသည် ရောက်နှင့်နေကြပြီး ဆူညံစွာ စကားပြောကာ ဆွေးနွေးနေကြ၏။

ထိုအထဲတွင် ယွမ်ချင်းမေ၏ အသံက အကျယ်ဆုံး ဖြစ်သည်။

"အဲဒီအုပ်စု ရောက်လာရင် မနေ့ကလိုပဲ ပြန်လုပ်ကြတာပေါ့။ ယွဲ့ဟွာ၊ နင် ငါ့ကို ဆေးထိုးပေး၊ အဘိုးကြီးရှောင်နဲ့ ငါအပြင်ထွက်ပြီး သူတို့ကို အကုန် ခုတ်သတ်ပစ်မယ်"

ယွန်းချင်းမေက စကားပြောရင်း သူမ၏လက်သီးကို ပြင်းထန်စွာ ဝှေ့ယမ်းပြ၏။

"ချင်းမေ၊ နင်က မိန်းကလေးတစ်ယောက်ပဲဟာ။ဒီလောက်ထိ အကြမ်းမဖက်လို့ မရဘူးလား။ အမြဲတမ်း လူတွေကို ခုတ်သတ်ပစ်မယ်လို့ပဲ ပြောနေတော့ ငါတောင် ကြောက်လာပြီ" ဟု ရှောင်ဖန်းက ဝင်လာရင်း နောက်ပြောင်လိုက်သည်။

"ဟင်း။ မတတ်နိုင်ဘူးလေ။ရှင်ကအားမသုံးပေးနိုင်တော့ အလှပဂေးလေးဖြစ်တဲ့ ငါ့မှာ အားအင်တွေ လျှံထွက်နေပြီး ဘယ်မှာ ထုတ်ရမှန်း မသိဖြစ်နေတာ။ အဲဒီအားတွေကို လျှော့ချဖို့ အပျော်သဘောနဲ့ လူတွေကို ခုတ်သတ်ရမှာပဲ"

ယွမ်ချင်းမေက ရှောင်ဖန်းကို မျက်စောင်းထိုး၍ပြောလိုက်၏။

ဒီယွမ်ချင်းမေကတော့... သူမကို သင်ခန်းစာတစ်ခု မပေးရင် သူ ဘယ်လောက် စွမ်းလဲဆိုတာ မေ့နေပုံရသည်။

ရှောင်ဖန်းလျှောက်သွားပြီး ယွန်းချင်းမေ၏ တင်ပါးကို တစ်ချက် ဖြတ်ရိုက်လိုက်၏။

ယွန်းချင်းမေက တဟီးဟီးရယ်ကာ ရှောင်ဖန်းကို မျက်နှာပြောင်ပြလိုက်သည်။

"ကဲ၊ နောက်ပြောင်တာတွေ တော်ပြီ။ ငါ သံသယရှိတာက ဒီစစ်သား‌တွေက သူတို့နှစ်ယောက်အတွက် လာတာ ဖြစ်မယ်"

ရှောင်ဖန်းကဝေကျိချင်းနှင့် ဝေလင်ယွန်းတို့ကို လက်ညှိုးထိုးပြ၏။

"မြို့တော်ကလား။ အဲဒါမဖြစ်နိုင်ဘူး‌ လေ။ မြို့တော်က ဒီကနေ ကီလိုမီတာ နှစ်ထောင်နီးပါး ဝေးတာလေ" ဟုယွဲ့ဟွာကအံ့ဩစွာ‌ ရေရွတ်လိုက်သည်။

"ဟုတ်တယ်၊ ပြီးတော့ ဒီလိုရာသီဥတုမျိုးမှာ လေယာဉ်တွေတောင် ပျံသန်းလို့ မရဘူး ထင်တယ်။ သူတို့ ဒီကို ဘယ်လို ရောက်လာမှာလဲ"

ဖန်ချင်းယွီကလည်းယွဲ့ဟွာ၏အမြင်ကိုဝင်‌ထောက်ခံလိုက်၏။

ရှောင်ဖန်းက ဝေကျိချင်းကို ကြည့်လိုက်ပြီး

"ကျွန်နံပါတ်တစ်၊ မင်း ဒါကို ဘယ်လို မြင်လဲ"

ထိုစကားကို ကြားသောအခါ ဝေကျိချင်းက ရှေ့သို့ တစ်လှမ်းတက်လာ၏။

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ဒီအုပ်စုက ဖူနျူးတောင်စခန်းက ဖြစ်ဖို့ အများဆုံးပဲ။ ကျွန်မအဖေက သူတို့ကို ဆက်သွယ်လိုက်တာ ဖြစ်ရမယ်"

သူမ၏ မိသားစုနောက်ခံကြောင့် ဝေကျိချင်းသည် မဟာရှားနိုင်ငံအတွင်းရှိ စစ်အခြေစိုက်စခန်းများနှင့် ပတ်သက်၍ အတိုင်းအတာတစ်ခုအထိ နားလည်ထားသည်။

ထိုသတင်းကြောင့် ရှောင်ဖန်းမျက်‌မှောင်အနည်းငယ်ကုပ်သွား၏။

"ဖူနျူးတောင်စခန်းလား။ အဲဒီမှာ အခြေအနေက ဘယ်လိုလဲ"

"သခင်ကြီးကို သတင်းပို့ပါတယ်၊ ဖူနျူးတောင်စခန်းက ထောက်ပံ့ရေး စခန်းတစ်ခု ဖြစ်တယ်လို့ ကျွန်မအဖေ ပြောတာ တစ်ခါကြားဖူးတယ်။ အဲဒီမှာ မဟာဗျူဟာမြောက် ပစ္စည်းတွေ အများကြီး သိမ်းဆည်းထားတယ်"

"အဲဒီ ဖူနျူးတောင်စခန်းရဲ့ လက်နက်တွေနဲ့ တပ်ဖြန့်ထားမှု အခြေအနေကော" ဟု ရှောင်ဖန်းက ထပ်မံ မေး၏။

"ကျွန်မ ဒါမျိုးတွေကို ဘယ်လိုလုပ် သိမှာလဲ။ အဲဒါက စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်လေ။ စခန်းရှိတယ်ဆိုတာပဲ ကျွန်မ သိတာ၊ တခြားအရာတွေကိုတော့ ရှင်းရှင်းလင်းလင်း မသိဘူး"

ဝေကျိချင်းပြောသည်က မှန်သည်ဟု ရှောင်ဖန်းယူဆလိုက်၏။

ဝေကျိချင်းအနေဖြင့် ဖူနျူးတောင်စခန်း ရှိမှန်း သိနေသည်ကပင် တော်တော်ကောင်းနေပြီ ဖြစ်သည်။

သူမ၏အဖေက စစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦး ဖြစ်သဖြင့် မိသားစုဝင်များကို အသေးစိတ် အချက်အလက်များအား ပေါ့ပေါ့ဆဆ ပြောပြလိမ့်မည် မဟုတ်ပေ။

သို့သော် ရှောင်ဖန်း နားမလည်နိုင်သော အချက်တစ်ချက် ရှိသည်။

လက်ရှိ အခြေအနေတွင်ဝေကျိချင်း၏အဖေက သူ၏လက်အောက်ငယ်သားများကို အမှန်တကယ်အမိန့်ပေးနိုင်ဆဲ ဖြစ်ပါ့မလား။

တောင်တွေက မြင့်ပြီး ဧကရာဇ်က ဝေးကွာနေသည့်အတွက် လက်အောက်ငယ်သားများသည် မိမိတို့ဘာသာ စိတ်ကူးစိတ်သန်းများ ရှိမလာနိုင်ဘူးလား။

အဆုံးတွင် ရှောင်ဖန်းသည် ရန်သူကမလှုပ်ရင် ငါလည်းမလှုပ်ဘူး၊ ရန်သူကလှုပ်ရင် ငါကကစဥ့်ကလျားလှုပ်မယ် ဆိုသည့် မူဝါဒကို ကျင့်သုံးရန် ဆုံးဖြတ်လိုက်၏။

သူ အခြေအနေကို အရင် စောင့်ကြည့်ရမည်။

မည်သည့်အရာကိုမျှမလုပ်ဆောင်မီ ဖူနျူးတောင်စခန်းတွင် ဘာတွေဖြစ်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိအောင်လုပ်ခြင်းက အကောင်းဆုံး ဖြစ်လိမ့်မည်။

ထိုသို့တွေးပြီးနောက် ရှောင်ဖန်းက အမျိုးသမီးများကို ညွှန်ကြားလိုက်၏။

ထို့နောက် သူသည် ယွမ်ချင်းမေ၊ ကျူချမ်းချမ်းနှင့် ဝေကျိချင်းတို့ကို ခေါ်ကာ ကမ္ဘာပျက်ကပ် ခိုလှုံရာစခန်းမှ ထွက်၍ သူတို့ ယခင်က နေထိုင်ခဲ့သော စံအိမ်သို့ သွားခဲ့သည်။

သူသည် ဖူနျူးတောင်စခန်းမှ ရောက်လာမည့် အုပ်စုကို ထိုနေရာမှစောင့်ဆိုင်းရန် ရည်ရွယ်ထားခြင်းဖြစ်၏။

"ဗိုလ်ကြီး၊ ကျွန်တော်တို့ ရောက်ပြီ"

လီရှောင်ဖန်းသည် နှင်းများထဲတွင် မြုပ်နေပြီး တံခါးထိပ်နားသာ မြင်ရတော့သော ချင်းယွင်တောင်အပန်း‌ဖြေအိမ်ရာ၏ ဝင်ပေါက်ကို ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်၏။

"အရှိန်မြှင့်ပါ။ အတွင်းကို ရောက်တာနဲ့ အနားယူဖို့ စံအိမ်တစ်လုံး ရှာကြမယ်"

လင်ရှောင်က အိမ်ရာ၏ ဝင်ပေါက်ကို လှမ်းကြည့်ရင်း မြန်မြန်ဆန်ဆန် အမိန့်ပေးလိုက်သည်။

ယွန်းကျဲရွာမှ ချင်းယွင်တောင်အပန်းဖြေအိမ်ရာအထိအကွာအဝေးသည် ကီလိုမီတာ နှစ်ဆယ်ရှိ၏။

လင်ရှောင်နှင့် သူ၏အဖွဲ့သည်ထိုခရီးကို ဖြတ်ကျော်ရန် ငါးနာရီကျော် ကြာမြင့်ခဲ့သည်။

စွမ်းရည်ရှင်များမှာ အဆင်ပြေသော်လည်း အထူးစစ်ဆင်ရေးအဖွဲ့မှ သာမန်အဖွဲ့ဝင်လေးဦးမှာမူ ၎င်းတို့၏ ကန့်သတ်ချက်သို့ ရောက်ရှိနေပြီ ဖြစ်၏။

သူတို့သည် ယခုအချိန်တွင်အနားယူရန်နေရာတစ်ခုကိုလိုအပ်နေပြီဖြစ်သည်။

အိမ်ရာအတွင်းသို့ ဝင်ရောက်ပြီးနောက် လင်ရှောင်နှင့် အခြားသူများသည် နှင်းထဲတွင် မြုပ်နေပြီး ဒုတိယထပ် ၏ပြတင်းပေါက်များသာ ပေါ်နေသော စံအိမ်တစ်လုံးကို လျင်မြန်စွာ တွေ့ရှိခဲ့ကြ၏။

ပြတင်းပေါက်ကို ရိုက်ခွဲပြီးနောက် သူတို့အုပ်စုသည် စံအိမ်၏ အတွင်းပိုင်းသို့ မြန်မြန်ဆန်ဆန် ဝင်ရောက်ခဲ့ကြသည်။

အတွင်းသို့ ရောက်သည်နှင့် လင်ရှောင်နှင့် သူ၏အထူးစစ်ဆင်ရေးအဖွဲ့ဝင်များသည် အခန်းတိုင်းကို လျင်မြန်စွာ စတင်ရှာဖွေကြ၏။

အဆုံးတွင် သူတို့သည် စံအိမ်၏ ခန်းမဆောင်ထဲ၌ အမျိုးသား အလောင်းတစ်လောင်းကိုသာ တွေ့ရှိခဲ့ကြသည်။

"အေးခဲပြီးသေတာလား"

ဝင်ပေါက်နားရှိ အလောင်းကို မြင်သောအခါ ဝမ်ရှောင်လီသည် ခြေတစ်လှမ်း နောက်ဆုတ်ရင်း ပြောလိုက်၏။

"ဟီးဟီး၊ မင်း ဘယ်လောက်အထိ သတ္တိကြောင်လဲ ကြည့်စမ်း။ မင်း စွမ်းရည်တစ်ခုသာ နိုးထမလာခဲ့ရင် မင်းရဲ့တစ်သက်မှာ အထူးစစ်ဆင်ရေးအဖွဲ့ထဲကို လုံးဝ ဝင်နိုင်မှာ မဟုတ်ဘူး" ဟု လီရှောင်ဖုန်းက လှောင်ပြောင်လိုက်သည်။

"ကျွန်တော်လည်း မဝင်ချင်ပါဘူး၊ ခင်ဗျားတို့ကပဲ အတင်းဝင်ခိုင်းတာလေ" ဟု ဝမ်ရှောင်လီက မကျေမနပ် ပြန်ပြောလိုက်၏။

ယခင်ကသာမန်ဝန်ထမ်းတစ်ဦးဖြစ်သော ဝမ်ရှောင်လီသည် ကမ္ဘာပျက်ကပ် စတင်ပြီးနောက်စွမ်းရည်တစ်ခုနိုးထလာခဲ့သည်။

နောက်ပိုင်းတွင် သူသည် ဟီချူယောင်နောက်သို့ လိုက်ပါခဲ့ပြီး လင်ရှောင်နှင့် အခြားသူများက ဖူနျူးတောင်စခန်းသို့ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ကာ ထို့နောက်တွင် စခန်း၏ အထူးစစ်ဆင်ရေးအဖွဲ့သို့ ဝင်ရောက်ရန် တောင်းဆိုခြင်း ခံခဲ့ရသည်။

"ကဲ၊ ရန်မဖြစ်ကြနဲ့တော့။ ဒီလူက အေးခဲသေတာ မဟုတ်ဘူး၊ ခေါင်းကိုရိုက်ခံရလို့ သေတာ"

ဟယ်ချူယောင်က အလောင်းဘေးမှ မတ်တတ်ရပ်လိုက်၏။

လင်ရှောင်သည် အလောင်းကို လှမ်းကြည့်ရင်း မျက်မှောင်ကုတ်လိုက်သည်။

"ရှောင်ဖုန်း၊ သူ့ကို စံအိမ်အပြင်ဘက်ကို သွားလွှင့်ပစ်လိုက်"

"ဟုတ်ကဲ့ ဗိုလ်ကြီး"

လီရှောင်ဖုန်းက အလောင်းနားသို့ မြန်မြန်လျှောက်သွားပြီး ဝမ်ရှောင်လီကို ပြောလိုက်၏။

"လာ ကူညီဦး။ ငါ သူ့ကို ဒုတိယထပ်ကို သယ်ပြီး ပြတင်းပေါက်ကနေ လွှင့်ပစ်မလို့"

၎င်းကို မြင်သောအခါ ဝမ်ရှောင်လီ တုံ့ဆိုင်းသွားသည်။

လီရှောင်ဖုန်းက ပြုံးဖြဲဖြဲဖြင့်စနောက်လိုက်၏။

"မင်းက အလောင်းတစ်လောင်းရဲ့ ဘေးမှာ တစ်ညလုံး အနားယူချင်တာတော့ မဟုတ်ဘူးမလား"

ထိုအခါမှ ဝမ်ရှောင်လီက ကူညီရန် ရှေ့သို့ တက်လာခဲ့သည်။

"ဗိုလ်ကြီးလင်၊ ဒီနေရာက အခြေအနေက သိပ်ပြီး အေးချမ်းပုံမရဘူး"

ဟယ်ချူယောင်က စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် ပြော၏။

လင်ရှောင်သည် ခဏမျှ တိတ်ဆိတ်သွားပြီးမှ စကားဆိုသည်။

"အရင် အနားယူကြ၊ ငါ ခဏနေရင် အပြင်ထွက်ပြီး အခြေအနေကို နည်းနည်း သွားထောက်လှမ်းလိုက်ဦးမယ်"

*********

All Chapters