← Chapters

ပြဠာန်းထားသောတိုက်ပွဲ (၁)

Vol. 99 Ch. 1363

ပြဠာန်းထားသောတိုက်ပွဲ (၁)

Vol. 99 Ch. 1363

ထိုလက်သီးချက်သည် ကောင်းကင်ဘုံကိုပါ တစစီ ဖြစ်သွားနိုင်လောက်သည်။ ၎င်းက ကျင့်ကြံခြင်းဂြိုဟ်တစ်ခုလုံးစာ ဖိသိပ်အားကို သယ်ဆောင်ကာ သက်ဆင်းလာ၏။ တတိယအဆင့်ကျင့်ကြံသူသုံးယောက်ထဲတွင် တစ်ယောက်သည် စိတ်ဝိညာဉ်လေဟာနယ်အဆင့်၊ ကျန်နှစ်ယောက်ကမူ နိဗ္ဗာနလေဟာနယ်အဆင့် ဖြစ်ကြ၏။ သူတို့သည် ထာဆန်နှင့် ထိတွေ့တိုက်ခိုက်ခဲ့ဖူးပြီး ဖြစ်သည့်အတွက် ထိုလက်သီးချက်ရှေ့တွင် တည်ငြိမ်စွာ ရှိနေကြသည်။ သူတို့သည် လူစုမခွဲလိုက်ကြ။ သို့သော် တစ်ယောက်စီက သူတို့၏နဖူးကို ပြန်ထိကိုင်လိုက်သည်။

ချက်ခြင်းပင် သူတို့၏ခန္ဓာကိုယ်မှ ပြင်းထန်သောအားတစ်ခု ထွက်ပေါ်လာပြီး နတ်ဆိုးဆန်သောအလင်းတန်းသုံးခုအဖြစ် ပြောင်းကာ ထာဆန်၏လက်သီးချက်ထံ တိုးဝင်သွားကြ၏။

တုန်ဟည်းသံများ လောကတွင် မြည်ဟိန်း၏။ အက်သံများ ပဲ့တင်ထပ်သည်။ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာ၏။ တုန်ခါလှိုင်းများ ပျံ့လွင့်ကာ ဟင်းလင်းပြင်ပင် သူ့ဟာသူ နှစ်ပိုင်းကွဲထွက်တော့မလား ထင်မှတ်ရသည်။

တတိယအဆင့်ကျင့်ကြံသူများ၏ တိုက်ပွဲကား ဒီကြယ်အဖွဲ့အစည်းကို ပျက်စီးစေလောက်၏။

ထာဆန်သည် ခပ်အုတ်အုတ် ငြီးလိုက်ရပြီး သူ့မျက်လုံးထဲတွင် ရူးသွပ်ဟန် အရိပ်အမြွက်တို့ ဖြစ်ပေါ်၏။ သူ့နောက်သို့ လိုက်လာကြသော သုံးယောက်မှာ ဘယ်တော့မှ လူစုမခွဲကြပေ။ ဆယ်နှစ်တာအတွင်း သူတို့သည် လူစုခွဲသွားပြီး သူ သတ်နိုင်မည့် အခွင့်အရေးမျိုးကို လုံးဝ မပေးဖူးခဲ့ပေ။

သို့ပေမည့် ဝမ်လင်းကို တတ်နိုင်သမျှ ဖမ်းမိနိုင်ရန်အတွက် သည်သုံးယောက်ကို ဝေးဝေးမောင်းထုတ်နိုင်မှ ဖြစ်မည့်အတွက် ထာဆန်ထံတွင် ရူးသွပ်ဟန်အရိပ်အမြွက် ဖြစ်ပေါ်လာတော့၏။

“ဒီနတ်ဘုရားဘဝမှာ တတိယအဆင့်ကျင့်ကြံသူ တော်တော်များများကို သတ်ပစ်ခဲ့ပြီးပြီး။ မင်းတို့သုံးယောက်က ဆယ်နှစ်လုံးလုံး ငါ့နောက် လိုက်လံတိုက်ခိုက်ခဲ့ကြတယ်။ ဒီနတ်ဘုရားက မင်းတို့သုံးယောက်ကို တကယ်ပဲ မရင်ဆိုင်ဘူးလို့များ တွေးထင်နေကြတာလား။ ကြယ်…ဖျက်စီးခြင်း…”

သူ့မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် တောက်ပ၏။ ကြယ်များထဲမှ တစ်ခုသည် ပျံသန်းထွက်လာသည်။ ယင်းကြယ်ထံမှ နှိုင်းသာမရအောင် ထွင်းဖောက်နိုင်သောအား ပိုင်ဆိုင်သည့် တလျှံလျှံအလင်းဓာတ်ကို ပေးစွမ်းသည်။ အလွန်ဝေးသောနေရာမှ လောကနှင့်တစ်သားတည်း ပေါင်းစပ်ထားသော ဝမ်လင်းသည်ပင် ထိုဖော်ပြနိုင်စွမ်းမဲ့သော ရှေးဟောင်းနတ်ဘုရားစွမ်းအားကို ခံစားလိုက်ရပေ၏။

ထိုရှေးဟောင်းနတ်ဘုရားကြယ်သည် လင်းလက် တောက်ပရင်း ထာဆန်၏ ရူးသွပ်ဖွယ်အော်သံ ပဲ့တင်ထပ်သည်။

“ပေါက်ကွဲစမ်း…”

သူသည် ထိုတတိယအဆင့်ကျင့်ကြံသူ သုံးယောက်ကို ရပ်တန့်နိုင်ဖို့အတွက် ကြယ်တစ်လုံးကို တုံ့ဆိုင်းခြင်းမရှိ ဖျက်စီးလိုက်ပေပြီ။ ထိုအချက်က သူ ဝမ်လင်းကို ဝါးမြိုရန် မည်မျှဆုံးဖြတ်ထားကြောင်းကို ပြသနေ၏။

ရှေးဟောင်းနတ်ဘုရားကြယ်က အတောမသပ်နိုင်သော ထီးတည်းဖြစ်မှုကို ပေးစွမ်းလျက် လောကကို ဖျက်စီးနိုင်သောစွမ်းအားနှင့်အတူ ပေါက်ကွဲလေ၏။ ထိုပေါက်ကွဲမှုသည် ကျယ်ပြောကာ မုန်တိုင်းအသွင် ဖြစ်တည်ပြီး ပတ်ဝန်းကျင်ဧရိယာတစ်ခွင်သို့ ပျံ့နှံ့သည်။

ဝုန်း…ဝုန်း…ဝုန်း…ဝုန်း…။

မိုးကြိုးပစ်သံတမျှ တုန်ဟည်းသံများသည် ဒီလောကကို ပျက်စီးသွားတော့မလား ထင်ရစေ၏။ ဟင်းလင်းပြင်သည် သူ့ဟာသူ ဆုတ်ပြဲပွင့်ဟသည်။ ကြီးမားသော ဟင်းလင်းပြင်အက်ကြောင်းများ ပေါ်လာပြီး ပတ်ဝန်းကျင် ကီလိုမီတာငါးထောင်၊ ငါးသောင်း၊ငါးသိန်း ဧရိယာကို ဖုံးလွှမ်းသည်။

မရေမတွက်နိုင်သော ကျင့်ကြံခြင်းဂြိုဟ်များ၊ မရေမတွက်နိုင်သော ကျင့်ကြံသူများ၊ သက်ရှိများအားလုံး ပြာအဖြစ် ရောက်ရှိသွားတော့သည်။

ရှေးဟောင်းကြယ်အဖွဲ့အစည်း၏ အစိတ်အပိုင်းငယ်တစ်ခုသည် တုန်ခါကာ သည်ပေါက်ကွဲမှု၏ အဖျက်အစီးအားကို ခံစားလိုက်ရသည်။

တတိယအဆင့်ကျင့်ကြံသူများသည် ထိုပြင်းထန်သောအားနှင့် ရင်ဆိုင်ရသည့်အခါ သူတို့၏စွမ်းအားအပြည့်အဝကို ထုတ်လွှတ်ကြ၏။ သူတို့သည် သူတို့၏လက်နက်ရတနာများ၊ မန္တာန်များကိုပါ အသုံးပြုသည်။ သို့သော် သူတို့သည် နောက်သို့ လွင့်စင်သွားရပြီး ထိုစွမ်းအား၏ လူစုခွဲခြင်းကို ခံလိုက်ရသည်သာ။

စိတ်ဝိညာလေဟာနယ်အဆင့် အဘိုးအိုက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်ပေါ်စေနေ၏။ သူက နောက်သို့ လွင့်ထွက်ကာ သူ့မျက်နှာသည် ဖြူရောသွားသော်လည်း ဒဏ်ရာအပြင်းအထန် မရလိုက်ပေ။ ကြယ်ဖျက်စီးခြင်းစွမ်းအားသည် တစ်လွှာပြီးတစ်လွှာ လွင့်ပျောက်သွား၏။

သို့ပေမည့် ကျန်သည့် အမျိုးသားနှင့်အမျိုးသမီးတို့ကမူ သွေးအန်လိုက်ရပြီး နောက်သို့ အရူးအမူး ဆုတ်သွားရသည်။ သူတို့ရှေ့တွင် တုန်ဟည်းသံများ မြည်ဟိန်း၏။ ထို့အတွက်ကြောင့် သူတို့သုံးယောက်သည် လူစုကွဲသွားကြသည်။

“နောက်ဆုံးတော့ သူတို့ လူ ကွဲသွားပြီ…” ထာဆန်သည် သူတို့သုံးယောက်ကို လူစုခွဲနိုင်ရုံလောက်အတွက် သူ့ကြယ်တစ်လုံးကို ဖျက်စီးပစ်ဖို့ ဆန္ဒ ရှိနေပေ၏။ အခု သူတို့ လူစုကွဲသွားသည်နှင့် သူ့အတွက် ဘာမှ ကြောက်နေစရာ မလိုတော့ပေ။ သူက ရှေ့သို့ ခြေတစ်လှမ်းလှမ်း၏။ သူ့ခန္ဓာကိုယ်မှာ မယှဉ်သာအောင် ကြီးမားသည့်အတွက် တုန်ဟည်းသံများ မြည်ဟည်းသည်။ သူသည် ချက်ခြင်းပင် နိဗ္ဗာနလေဟာနယ်အဆင့် အမျိုးသားအနား ရောက်ရှိသွား၏။ သူ့မျက်ခုံးကြားရှိ ကျန်သည့် ကြယ်များသည် ဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ် လှည့်ပတ်ကာ နိဗ္ဗာနလေဟာနယ်အဆင့်လူထံ တိုးဝင်သည်။

စိတ်ဝိညာဉ်လေဟာနယ်အဆင့် အဘိုးအို၏အမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားသည်။ သူက အလျင်အမြန် အော်ဟစ်လိုက်၏။ “အရှင်စစ်မို။ နောက်ဆုတ်…” သူ့ဘေးပတ်လည်ရှိ ဟင်းလင်းပြင်တွင် လှိုင်းဂယက်များ ပေါ်လာကာ သူသည် ရှေးဟောင်းနတ်ဘုရားကြယ်များမှ ဖြစ်ပေါ်လာသော ဝဲကတော့၏ ဝန်းရံထားခြင်း ခံရသော အရှင်စစ်မိုထံ တန်းတန်းမတ်မတ် တိုးဝင်လာ၏။

အရှင်စစ်မိုသည် သက်လတ်ပိုင်းအရွယ် ရှိ၏။ သူ့မျက်လုံးသည် တောက်ပနေသည်။ ကြယ်များ နီးကပ်လာချိန်တွင် သူ့လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေကာ သူက ခပ်တိုးတိုး စတင် ရေရွတ်လိုက်သည်။ “ကောင်းကင်ဘုံတာအိုရဲ့ အကျဉ်းသား…။ မကျေမနပ်မှုအားလုံးဟာ အတိုင်းမသိကပ်ဘေးတွေကို တောင့်ခံနိုင်တယ်။ နက်ရှိုင်းတဲ့အကျဉ်းထောင်ကနေ ထွက်နိုင်ဖို့ အတွေးတစ်ချက်ပဲ လိုတယ်။ သက်ရှိအားလုံးဟာ ရှေ့ကိုပဲ ထာဝရ ဆက်လျှောက်ရမယ်။ ခေတ်သစ်ကို ရင်ဆိုင်ဖြေရှင်းရမယ်။ ကောင်းကင်ဘုံရဲ့ ဆန္ဒကနေ လွတ်မြောက်ပြီး ဘဝလမ်းကြောင်းကို ရရှိပိုင်ဆိုင်ရမယ်။ ကောင်းကင်ဘုံရဲ့ ဆန္ဒကို ချိပ်ပိတ်၊ နက်မှောင်တဲ့နေ့ရက်တွေကို ကမ္ဗည်းထွင်း၊ ကျင့်ကြံခြင်းလမ်းကြောင်းကို စောင့်နေပါ…”

သူ့အသံသည် ထူးဆန်း၏။ သူ ခပ်တိုးတိုး ရေရွတ်လိုက်သည်နှင့် ထာဆန်၏အသံသည် ပြောင်းလဲသွားသည်။ သူ့ညာလက်ကို လက်သီးစုပ်ကာ တိုးဝင်လာသော စိတ်ဝိညာဉ်လေဟာနယ်အဆင့် အဘိုးအိုထံ ထိုးချလိုက်သည်။သည့်နောက် ထာဆန်သည် မထင်မှတ်စွာဖြင့် ထိုလူ့ကို ထားခဲ့ကာ အဘိုးအိုကို ကျော်၍ နောက်ထပ် တတိယအဆင့်ကျင့်ကြံသူနား ရောက်ရှိလာတော့သည်။

ထိုသူမှာ အမျိုးသမီးတစ်ယောက် ဖြစ်၏။ သူမသည် ထာဆန်၏ ကြယ်ဖျက်စီးခြင်းကြောင့် ဒဏ်ရာ ရထားခဲ့ပေသည်။ သူမသည် နောက်ဆုတ်နေရင်း ထာဆန် ရောက်ရှိလာမှုကို သတိပြုမိသည့်အခါ မျက်မှောင်ကြုတ်သွားမိ၏။

သူမက ထာဆန်၏ လက်သီးချက် ကျရောက်လာချိန်တွင် မန္တာန်တစ်ခု အသုံးပြုရန် ပြင်၏။ သူမသည် သွေးအန်လိုက်ရပြီး တစီစီအသံများ ပဲ့တင်ထပ်သည်။ သည်အခိုက်တွင် ထာဆန်၏ကြယ်များမှ ဖြစ်ပေါ်လာသော ဝဲကတော့သည် သူမကို ဝန်းရံကာ ဆွဲငင်သည်။ သူမသည် သူ့ဒုတိယမြောက်ကြယ်အတွင်း ချိပ်ပိတ်ခံလိုက်ရသည်။

အဖြစ်အပျက်များမှာ မြန်လွန်း၏။ ထိုအမျိုးသမီးကို ချိပ်ပိတ်ပစ်ပြီးနောက် ထာဆန်သည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။

“ဒီနတ်ဘုရားမှာ အခုထိ မဖျက်စီးရသေးတဲ့ ကြယ်အနည်းငယ် ကျန်သေးတယ်။ မင်းတို့နှစ်ယောက် မှီလာမယ့်အချိန်ကို ငါ စောင့်နေမယ်…”

ထာဆန် ထွက်ခွာသွားသည့်နောက် သူ့ သုန်မှုန်သောအသံသည် ကြယ်များကြားတွင် ပဲ့တင်ထပ်ကျန်ခဲ့၏။

စိတ်ဝိညာဉ်လေဟာနယ်အဆင့် အဘိုးအိုက အရှင်စစ်မိုကိုကြည့်သည်။ သူတို့ ပါးစပ်ထောင့်တွင် ထူးဆန်းသော အပြုံးတစ်ခု တွဲခိုလာ၏။ သို့သော် ယင်းအပြုံးထဲတွင် မနာလိုမှု အရိပ်အမြွက် ပါဝင်နေ၏။ ထို့နောက် သူတို့သည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းကာ မြန်ဆန်စွာ ထွက်သွားကြတော့သည်။

“ထာဆန် လိုက်လံနေတဲ့သူကလည်း ရှေးဟောင်းနတ်ဘုရားတစ်ပါးရဲ့ အော်ရာကို ပေးစွမ်းနေတယ်။သူကလည်း တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးပဲ…”

“သူတို့က ကျန်ခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားနှစ်ပါး ဖြစ်နေမှာ ငါ စိုးရွှံမိတယ်။ ထာဆန်ကတော့ ပြဿနာ မဟုတ်တော့ဘူ။ ဒါပေမဲ့ အခြားတစ်ယောက်ကတော့…သူ့ကို ငါတို့ အမဲမလိုက်ရသေးဘူး…”

“သူတို့အတွက် ဒီလောက်ထိ အားစိုက်ထုတ်နေရအောင် တော်ဝင်ရှေးဟောင်းနတ်ဘုရားတစ်ပါးက ဘယ်လိုများ အသုံးဝင်လဲ ငါ သိချင်မိတယ်။ ပြီးတော့ အစီအရင်တွေတောင် လမ်းတစ်ဝက်မှာပဲ ပြောင်းလဲသွားခဲ့ပြီ…”

“ဒီကိစ္စဟာ ထိပ်တန်းလျှို့ဝှက်ချက်ပဲ။ ငါ ဒီအကြောင်း တချို့တလေတော့ ကြားခဲ့ဖူးတယ်။ ဒါပေမဲ့ ဘယ်လောက်မှန်ကန်လဲတော့ ငါ မသိဘူး။ ပြောကြတာကတော့ တော်ဝင်ရှေးဟောင်းနတ်ဘုရားတွေဟာ ရှေးဟောင်းကောင်းကင်ဘုံကို ဖွင့်လှစ်ပြီး ဝင်ခွင့်…”

သူတို့နှစ်ယောက်သည် အပြေးအလွှားသွားနေရင်း နတ်ဘုရားအာရုံဖြင့် စကားပို့လွှတ်နေကြခြင်းပင်။ သို့သော် စိတ်ဝိညာဉ်လေဟာနယ်အဆင့် အဘိုးအို၏ စကားမဆုံးသေးခင်မှာပင် သူ့အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားကာ သူ့စကးကို ရပ်လိုက်သည်။

သူ့ဘေးရှိ အရှင်စစ်မိုကလည်း ရှေ့တည့်တည့်သို့ လှမ်းကြည့်သည်။

သူတို့နှစ်ယောက်ရှေ့တွင် အမျိုးသမီးတစ်ယောက် ပေါ်လာ၏။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ခပ်ဝါးဝါးပုံပန်းအသွင် ရှိသည်။ သူမသည် တိတ်ဆိတ်နေ၏။ သို့သော် သူမသည် အတိုင်းမသိအကွာအဝေးများကို ဖြတ်သန်းလာနိုင်ခဲ့သည့်ပုံ ပေါ်သည်။

ထိုအမျိုးသမီးထံမှ သိမ်မွေ့လေးနက်မှုအော်ရာကို ပေးစွမ်းနေသည်။ သူမသည် သည်လောကတွင် မတည်ရှိသင့်သည့်အလား၊ ကောင်းကင်ဘုံနယ်ပယ်မှ သက်ဆင်းလာခဲ့သောသူ အလား။

“နင်တို့ နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်…” ထိုအမျိုးသမီး၏အသံမှာ သိမ်မွေ့နေ၏။ သူမသည် ညာလက်ကို ဝေ့ယမ်းသည်။ အဖြူရောင်အလင်းတန်းနှစ်ခုသည် ပျံသန်းထွက်လာကာ သူတို့၏လက်များထဲသို့ ကျရောက်သွားသည်။

“ဒါက ကတိပေးထားတဲ့အတိုင်း အဆင့်ခြောက်တာအိုစိတ်ဝိညာဉ်ပဲ…” ထိုသို့ပြောဆိုပြီးနောက် သူမသည် သူတို့နှစ်ယောက်ကို ကျော်လွန်ကာ အကွာအဝေးတစ်ခုထံသို့ ဆက်သွားလေသည်။

စိတ်ဝိညာဉ်လေဟာနယ်အဆင့်အဘိုးအိုက ထိုအဖြူရောင်အလင်းတန်းကို ကြည့်နေရင်း သူ့မျက်လုံးသည် တောက်ပနေ၏။ သူတို့နှစ်ယောက်သည် စကားမဆိုပေ။ ထို့နောက် သူတို့သည် ကြယ်များကြားတွင် ပျောက်ကွယ်သွားတော့သည်။

ကြည့်ရသည်မှာ အဖြူရောင်ဝတ်စုံနှင့်ထိုအမျိုးသမီးကသာ လောကတွင် တစ်ယောက်တည်း ကျန်နေခဲ့သည့်အလား။ ကြယ်မြစ်တစ်ခုသည် သူမ၏ ခြေထောက်အောက်တွင် ဖြစ်တည်လာဟန် တူကာ သူမသည် ထာဆန် ပျောက်ကွယ်သွားသောနေရာသို့ ဦးတည် လျှောက်လှမ်းသည်။

ဝမ်လင်းသည် ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုလျက် လကလန် ရှိရာသို့ ဆက်တိုက် ဦးတည်သွားနေ၏။ သူ့အမူအရာမှာ သုန်မှုန်နေသည်။ ထိုရှေးဟောင်းနတ်ဘုရားစွမ်းအားလှိုင်းက သူ့ကို တချို့ထင်မြင်ချက်များကို ပေးစွမ်းနေသည်။

သို့ရာတွင် အခုက အများကြီးတွေးနေရန် အချိန်မရှိပေ။ ဟင်းလင်းပြင်ကွေးညွတ်ခြင်းမန္တာန်ကို အကြိမ်များစွာ အသုံးပြုခဲ့ပြီးနောက် သူသည် လအရောင်တလျှံလျှံ ဖုံးလွှမ်းထားသော ကြယ်နယ်မြေတစ်ခုထံ ရောက်ရှိလာခဲ့ပေပြီ။ လအလင်းသည် ပတ်ဝန်းကျင်ရှိ ဂြိုဟ်များထံမှ ထွက်ပေါ်လာနေကာ လေဟာနယ်အာကာပြင်အတွင်း ပျံ့နှံ့၏။ ယင်းအလင်းမှ အလွန်ကျက်သရေ ရှိကာ အိပ်မက်နယ်မြေတစ်ခုအလား။

“ဒီနေရာပဲ…” ဝမ်လင်း၏မျက်လုံးထဲတွင် အေးစက်မှု ဖြတ်ပြေးသွား၏။ လကလန်မှာ ဤနေရာတွင် တည်ရှိ၏။

ထိုအခိုက်အတန့်တွင် သူ့နောက်မှ တုန်ဟည်းသံ ထွက်ပေါ်လာ၏။ ဝမ်လင်းသည် နောက်မလှည့်ပေ။ သူက ရှေ့သို့ ဆက်တိုးကာ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်၏။ သိပ်မကြာခင်တွင် သူသည် ရှေးဟောင်းနတ်ဘုရားအော်ရာ ပြည့်နှက်နေသော ဧရိယာတစ်ခုကို တွေ့ရှိသွား၏။

“ငါ့ကိုယ်ငါ တည်ကြက်လုပ်ပြီး ဆွဲဆောင်ရမှာလား…” ဝမ်လင်းသည် နှာခေါင်းရှုံ့၏။ ဟင်းလင်းပြင်၏ ဆုတ်ဖြဲမှုကြောင့် တုန်ဟည်းသံသည် ဤလရောင်လွှမ်းသော ကြယ်နယ်မြေတွင် ပဲ့တင်ထပ်လေ၏။

ဟင်းလင်းပြင်အက်ကြောင်း ပွင့်ဟကာ ထာဆန် လှမ်းထွက်လာ၏။ သူသည် မောပန်းနေသည်။

၎င်းမှာ အလွန်ထူးခြားဆန်းကြယ်၏။ ထိုပြင်းထန်သောအသံက လကလန်၏ အာရုံကို မစွဲဆောင်သွားပေ။ လကလန်နယ်မြေတစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်နေသည်။

ထာဆန်၏အသံသည် မိုးကြိုးသံအလား ပဲ့တင်ထပ်လာ၏။ “မင်း မလွတ်နိုင်တော့ပါဘူး…”

သူ့မျက်လုံးသည် အေးစက်၏။ သူက ဝမ်လင်းထံ ညာလက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

“ငါလည်း မပြေးပါဘူး…” ဝမ်လင်းသည် သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာ ထွက်ပေါ်နေသော နေရာသို့ ရောက်နေခဲ့ပေပြီ။ အကြည့်တစ်ချက်ဖြင့်ပင် သူသည် သိပ်သည်းသော ရှေးဟောင်းနတ်ဘုရားအော်ရာ ပေးစွမ်းနေသည့် များပြားလှသော ရှေးဟောင်းနတ်ဘုရားရုပ်တုများကို တွေ့မြင်လိုက်သည်။

သူက ရုတ်တရက် လှည့်၏။ သူ့မျက်လုံးသည် အေးစက်သွားသည်။ သူ့ခန္ဓာကိုယ်မှ ပေတစ်သောင်းအမြင့်ထိ ကြီးထွားလာ၏။ သူ့ကြယ်ခြောက်လုံးသည် အလျင်အမြန် လှည့်ပတ်ကာ သူ့ခန္ဓာကိုယ်ထံမှ ရှေးဟောင်းနတ်ဘုရားအော်ရာ မြင့်တက်လာသည်။

သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးအလင်း လင်းလက်သွားပြီး ပေထောင်ချီကြီးမားသော ဧရာမဓားအဖြစ် ထိုအလင်းက ပြောင်းလဲသွားသည်။ သူက ထာဆန်၏လက်သီးချက်ကို ခုတ်ပိုင်းချသည်။

သူသည် ရှေးဟောင်းနတ်ဘုရားရုပ်တုများ ပတ်ပတ်လည်တွင် မားမားရပ်လျက် ရှိုက်သွင်းလိုက်၏။ ရှေးဟောင်းနတ်ဘုရားအော်ရာသည် သူ့ခန္ဓာကိုယ်ထံ အရူးအမူး တိုးဝင်လာသည်။ ထိုရှေးဟောင်းနတ်ဘုရားအော်ရာသည် သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာထံ တရကြမ်း တိုးဝင်လာ၏။ သူ့ကိုယ်ပိုင်ရှေးဟောင်းနတ်ဘုရား စွမ်းအားကိုပါ ထည့်ပေါင်းလိုက်သည့်အခါ တုန်ဟည်းသံ ဖြစ်ပေါ်လေ၏။

တစီစီအသံများ ထွက်ပေါ်နေစဉ် ခပ်ရေးရေး ပုဆိန်အရိပ်တစ်ခုသည် ဝမ်လင်း၏ ရင်ဘက်ကနေ ကန်ထွက်လာ၏။

ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်၏ စွမ်းအား မရှိတော့သည်နှင့် သူ့ရင်ဘက်ပေါ်ရှိ ဒဏ်ရာမှာ အလျင်အမြန် ပြန်ကောင်းမွန်သည်။

***

All Chapters