ပြဠာန်းထားသောတိုက်ပွဲ (၂)
Vol. 99 Ch. 1364
ကြယ်တစ်လုံး ဖျက်စီးပစ်ပြီးနောက် ထာဆန်၏လက်သီးချက်သည် အလွန်တရာ ပြင်းထန်လှသည်။ သူသည် အသိဉာဏ်အမွေအနှစ်ကင်းမဲ့မှုကြောင့် ရှေးဟောင်းနတ်ဘုရားမန္တာန်များစွာကို အသုံးမပြုနိုင်သော်လည်း သူ့ခန္ဓာကိုယ်စွမ်းအားဖြင့်ပင် တုန်လှုပ်ဖွယ်ရာ ကောင်းနေပေပြီ။
သည်အခိုက်အတန့်တွင် ထိုလက်သီးသည် ရှေ့သို့ တရကြမ်း တိုးဝင်လာကာ ဝမ်လင်း၏ သွေးဓားမှ ဓားစွမ်းအင်နှင့် ထိပ်တိုက်တွေ့သည်။
တုန်ဟည်းသံများ လောကတွင် ပဲ့တင်ထပ်ကာ ပတ်ဝန်းကျင်တစ်ခုလုံးကို ပျံ့နှံ့သည့် တုန်ခါလှိုင်းတစ်ခုကို ဖန်တီးသည်။
တစ်ချိန်တည်းမှာ ဝမ်လင်းရင်ဘက်မှ အတင်းအကြပ် ထိုးထွက်လာသော ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်အော်ရာလည်း ထာဆန်ထံ တိုးဝင်သွားသည်။
ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်အော်ရာသည် တုန်လှုပ်ဖွယ် ရှေးဟောင်းနတ်ဘုရားအော်ရာနှင့်အတူ ပေါက်ကွဲထွက်လေ၏။ ၎င်းက နီးကပ်လာကာ ထာဆန်၏လက်သီးချက်နှင့် ထိပ်တိုက်တွေ့သည်။
တစီစီအသံများ ပဲ့တင်ထပ်သည်။ ထာဆန်သည် သန်မာလှသော်လည်း သွေးဓားသည်လည်း ရှေးဟောင်းကောင်းကင်ဘုံအင်ပါယာကို ဒဏ်ရာ ရစေခဲ့ကာ ၎င်း၏ဇစ်မြစ်မှာ ဆန်းကြယ်လှသည်။ ဝမ်လင်း ၎င်းဓားကို စတင် ရရှိခဲ့ချိန်မှစ၍ ယင်းဓားသည် ဖျက်စီးမခံခဲ့ရပေ။
ထာဆန်၏ခန္ဓာကိုယ်က ထိုဓား၏ထက်ရှမှုကို မယှဉ်သာပေ။ သူ့လက်သီးချက် ယင်းဓားချက်နှင့် တွေ့ဆုံသည့်အခါ သွေးများ နေရာအနှံသို့ ပန်းထွက်၏။ တစ်ပြိုင်နက်တည်းမှာ ကောင်းကင်ဘုံဖြတ်ပိုင်းခြင်းပုဆိန်၏အော်ရာသည် သူ့လက်မောင်းအတွင်း တရကြမ်း ဝင်ရောက်လာ၏။ တုန်ဟည်းသံများ ဆက်တိုက် ပဲ့တင်ထပ်ကာ ထာဆန်၏လက်တစ်ဖက်အတွင်း အဖျက်အစီးတစ်ခု စတင် သောင်းကျန်းလေ၏။ ပင်ပန်းနေသော ထာဆန်မှာ ဒေါသ ဖြစ်၏။ သူ့ခန္ဓာကိုယ်သည် မထင်မှတ်စွာဖြင့် ရပ်တန့်သွားကာ နောက်သို့ပင် အနည်းငယ် တရွတ်ဆွဲသွားသေးသည်။
သူ့ခန္ဓာကိုယ် ရပ်တန့်သွားချိန်တွင် သူ့လက်မောင်းအတွင်းမှ တစီစီအသံများ ပိုကျယ်လောင်လာသည်။ အဖျက်အစီးအားက သူ့ညာလက်မောင်းထဲကနေ ထိုးထွက်တော့မလား။
ဤကား ဝမ်လင်းနှင့်ထာဆန်တို့ကြား ပထမဆုံးထိပ်တိုက်တွေ့မှုပင်။
ထာဆန် ရပ်သွား၏။ သို့သော် သူ့လက်သီးချက်၏ တစိတ်တပိုင်းကတော့ ဖြတ်သန်းလာကာ မုန်တိုင်းတစ်ခုအသွင် ပြောင်း၍ ပေတစ်သောင်းဝမ်လင်း၏ခန္ဓာကိုယ်ပေါ်သို့ နီးကပ်လာသည်။
ထိုလက်သီးချက် ရောက်ရှိလာသည်နှင့် ဝမ်လင်းက သူ့လက်ဖြင့် သူ့ရှေ့သို့ ပိတ်ဆို့သည်။ သူ့ရှေးဟောင်းနတ်ဘုရားစွမ်းအားအားလုံး မြင့်တက်ကာ လက်သီးချက်ကို ပိတ်ဆို့သည်။ ဝမ်လင်းသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုက သူ့အား ရိုက်ချလာသည့်အလား ခံစားလိုက်ရသည်။ သူ သွေးအန်လိုက်ရသည်။ သူက ရှေးဟောင်းနတ်ဘုရားရုပ်တုတစ်ခုဆီ ရောက်သည့်အထိ နောက်ဆုတ်သွားရသည်။
ဝမ်လင်း ရုပ်တုနှင့် ထိတိုက်သွားသည့်နေရာမှ အက်ကြောင်းများ စတင် ပျံ့နှံ့လာသည်။ ရှေးဟောင်းနတ်ဘုရားအော်ရာများစွာသည် ထိုးထွက်ကာ ဝမ်လင်း၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်သည်။ ယင်းအော်ရာသည် ဝမ်လင်း၏ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာများကို ချက်ခြင်းလိုလို ပြန်ကောင်းမွန်သွားစေသည်။
ဝမ်လင်းသည် မျက်မှောင်ကြုတ်ကာ သူ့ဘယ်လက်ဖြင့် သူ့နောက်ရှိ ရုပ်တုကို ပုတ်သည်။ သူသည် ဟင်းလင်းပြင်ထဲ ခြေလှမ်းကာ သူ့ဘယ်လက်ဖြင့် လက်သီးစုပ်၏။ သူ လက်သီးစုပ်လိုက်ရင်း သူ့ဘယ်လက်မှ နို့နှစ်ဖြူရောင်အလင်းလုံးငါးလုံး ပျံ့နှံ့လာသည်။ ရှေးဟောင်းအော်ရာတစ်ခု လောကတွင် ပြည့်နှက်၏။ ယင်းအလင်းလုံးများသည် လမ်းတစ်လျှောက်တွင် ဝမ်လင်း ထုတ်ယူခဲ့သော ဂြိုဟ်စိတ်ဝိညာဉ်များပင်။
“ ထာဆန်…” ဝမ်လင်းသည် မာန်သွင်းကာ သူ့ဘယ်လက်သီးချက်ကို ပစ်သွင်းလိုက်၏။ ဂြိုဟ်စိတ်ဝိညာဉ်ခုနစ်ခုသည် ပြင်းထန်သောအားနှင့်အတူ ထာဆန်ထံ တိုးဝင်သွားသည်။
သူတို့ ပျံသန်းသွားနေရင်း ဧရာမဂြိုဟ်အရိပ်ခုနစ်ခု ပေါ်ထွက်လာ၏။ ဝမ်လင်းက ထိုဂြိုဟ်များဖြင့် ထာဆန်ထံ ရိုက်ချလိုက်သည့်အလား။
ထာဆန်၏အမူအရာသည် သုန်မှုန်နေ၏။ အတိတ်တုန်းက ချိပ်ပိတ်နယ်မြေအစီအရင်တွင် သူသည် ကြယ်တစ်လုံးကို ဖျက်စီးခဲ့၏။ အခု စောနက တိုက်ပွဲတုန်းကလည်း နောက်တစ်လုံးကို ဖျက်စီးခဲ့ပေပြီ။ အခု သူ့ထံ၌ ကြယ်ခြောက်လုံးသာ ကျန်တော့၏။
ယုတ္တိကျကျဆိုပါက သူသည် ဝမ်လင်းလောက်သာ သန်မာတာ ဖြစ်သင့်၏။ သို့သော် သူသည် ထာဆန် ဖြစ်သလို ရှေးဟောင်းနတ်ဘုရားထူစီဆိုလည်း ဟုတ်ပေ၏။
ထူစီသည် နှစ်ပေါင်းရှည်ကြာလွန်းစွာ ရှင်သန်ခဲ့သူ ဖြစ်သည်။ ထိုခန္ဓာကိုယ်မှာ ကြယ်ခြောက်လုံးအဆင့် မဟုတ်ပေ။ သူ့ခန္ဓာကိုယ်သည် ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်အလားဖြစ်ဖို့ အလွန်နီးစပ်ခဲ့ပေသည်။ သူ့ကြယ်များ ပျက်စီးသွားသော်လည်း သူ့ခန္ဓာကိုယ်စွမ်းအားမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။
ထို့အပြင် ထာဆန်မှာ တတိယအဆင့်ကျင့်ကြံသူများကို သူ့ကြယ်များအတွင်း ချိပ်ပိတ်ကာ သူတို့၏စွမ်းအားများကို အသက်သွင်းနိုင်သော ပါရမီရှင်လည်း ဖြစ်သေ၏။ သူက အကြိမ်များစွာ ဖောက်ခွဲပစ်ခဲ့ပြီး ဖြစ်သော်လည်း သည်အရင်က သူ ချိပ်ပိတ်ခဲ့သော အမျိုးသမီး ရှိသေး၏။ ထို့ကြောင့် သူသည် အလွန်အစွမ်းထက်နေဆဲသာ။
ထို့အတွက်ကြောင့်မို့ သူသည် ဝမ်လင်း ခုခံနိုင်သော တစ်စုံတစ်ယောက် မဟုတ်နေပေ။
တကယ်တော့ ဝမ်လင်းသည် ထူစီထံမှ အသိဉာဏ်အမွေအနှစ်စွမ်းအားကိုသာ ရရှိခဲ့တာ ဖြစ်ပြီး ထာဆန်ကတော့ ထူစီ၏ ရုပ်ပိုင်းခန္ဓာကိုယ်စွမ်းအားကို သိမ်းပိုက်နိုင်ခဲ့သူ ဖြစ်၏။ ထူစီ၏ ခန္ဓာကိုယ်သည် တွေ့မြင်ရသူတိုင်းအဖို့ ကြောက်လန့်သွားစေနိုင်သည်။
“မင်းနဲ့ငါ ပေါင်းစည်းလိုက်ရင် ဒီနတ်ဘုရားက အတိတ်တုန်းက အထွတ်အထိပ်ကို ပြန်ရောက်ရှိနိုင်ပြီ။ မင်း ဒါကို မခုခံနိုင်ပါဘူး…” ထာဆန်က မာန်သွင်း၏။ ထို့နောက် သူသည် ရှေ့သို့ တရကြမ်း တိုးဝင်လာ၏။ သူ့လက်ကို ဝေ့ယမ်းကာ ကျင့်ကြံခြင်းဂြိုဟ်အရိပ်ခုနစ်ခုထံ လက်သီးတစ်လုံး ပစ်သွင်းလိုက်၏။
“ငါနဲ့ ပေါင်းစပ်လိုက်။ ဒါဆို ငါတို့ တော်ဝင်ရှေးဟောင်းနတ်ဘုရားစွမ်းအားရဲ့ အထွတ်အထိပ်ကို တက်လှမ်းနိုင်လိမ့်မယ်။ ဘာကြောင့်လဲ…ဘာကြောင့် မင်းက မနာခံနေရတာလဲ…” ထာဆန်က မာန်သွင်းလိုက်စဉ် သူ့လက်သီးမှာ ကျင့်ကြံခြင်းဂြိုဟ်ခုနစ်ခုနှင့် ထိပ်တိုက်တွေ့လေပြီ။
တုန်ဟည်းသံများ ပဲ့တင်ထပ်သည်။ ထိုကဲ့သို့ ထိပ်တိုက်တွေ့နေရင်း ထာဆန်၏ ဟိန်းအော်သံမှာ ပိုကျယ်လောင်လာ၏။ သူ ရှေ့ဆက်တိုးမည်ကို လောက၌ ရပ်တန့်နိုင်မည့်အရာ မရှိတော့သည့်အလား။ ကျင့်ကြံခြင်းဂြိုဟ်ခုနစ်ခုအရိပ်မှာ အပြင်းအထန် တုန်ယင်ပြီး ပျက်စီးလုတော့မတတ် ဖြစ်၏။
ဘန်းခနဲ ပေါက်ကွဲကာ ကျင့်ကြံခြင်းဂြိုဟ်စိတ်ဝိညာဉ်များထဲမှ တစ်ခုသည် ထူစီ၏လက်သီးချက်ကြောင့် ပေါက်ကွဲသွား၏။ ၎င်းပေါက်ကွဲမှုသည် ပြင်းထန်သောတုန်ခါလှိုင်းကို ဖြစ်စေကာ လေဟာနယ်ကို ဖြတ်သန်း ပျံ့နှံ့သည်။
လရောင်ပြည့်နှက်နေသော ကြယ်နယ်မြေသည်ပင် မရေမတွက်နိုင်သော အလင်းစက်များအဖြစ် ပျက်စီးကာ လွင့်ပျောက်သွား၏။
“ငါနဲ့ ပေါင်းစပ်လိုက်။ ဒါဆိုရင် ငါက အမွေအနှစ်ဥပဒေသကို ချိုးဖျက် ဖွင့်လှစ်နိုင်ပြီး ငါ့ ရှေးဟောင်းနတ်ဘုရားကလန်ရဲ့ အစွမ်းထက်မန္တာန်ကို အသုံးပြုနိုင်လိမ့်မယ်။ ဒီလောကဟာ ကြီးမားလှတယ်။ ငါ့ရှေးဟောင်းနတ်ဘုရားကလန်ဟာ နောက်တစ်ကြိမ် ပြန်လည် ဂုဏ်ဝင့်ထည် လာနိုင်လိမ့်မယ်။ မင်း…မနာခံဘူးလား…”
ထာဆန်သည် ရူးသွပ်သွားဟန် ရ၏။ ကျင့်ကြံခြင်းဂြိုဟ်စိတ်ဝိညာဉ်နှစ်ခုမှာလည်း သူ့ကြောင့် ပျက်စီးသွားခဲ့ပေပြီ။
“တကယ်တော့ မင်းလည်း အသိဉာဏ်အမွေအနှစ်ကို အသုံးမပြုနိုင်ပါဘူး။ မင်းက ရှေးဟောင်းနတ်ဘုရား မန္တာန်တွေကို သိထားရင်တောင် ဒါတွေကို သုံးနိုင်ဖို့ အစွမ်း မရှိဘူး။ ငါ ထာဆန်ကသာ ဒီမန္တာန်တွေကို အသုံးပြုနိုင်မှာ…”
ဝမ်လင်းနှင့်ထာဆန်တို့ကြား အကွာအဝေးသည် ချက်ခြင်း နီးကပ်လာခဲ့ပြီ။ ထာဆန်သည် ကြယ်ပျံတစ်စင်းကဲ့သို့ ရွှေ့လျားလာ၏။ ကျန်သည် ကျင့်ကြံခြင်းဂြိုဟ်စိတ်ဝိညာဉ်များလည်း ပျက်စီးသွားခဲ့ပေပြီ။
ရလဒ်အနေဖြင့် သည်လောာကတွင် မိုးကြိုးပစ်သံတမျှ တုန်ဟည်းသံများသာ ကျန်ရစ်လေတော့၏။ ထာဆန်၏ ဟိန်းအော်သံများပင် ထိုတုန်ဟည်းသံများ၏ ဖိနှိပ်ခြင်း ခံလိုက်ရသည်။
“မင်းမှာ ကြယ်ခြောက်လုံး ပိုင်ဆိုင်ထားပေမယ့် စွမ်းအားအမွေအနှစ် ရှိမထားဘူး။ မင်းမှာ ခွန်အားအနှစ်သာရ မပိုင်ဆိုင်ထားဘူး။ မင်းက ငါနဲ့ ယှဉ်ပြိုင်ခွင့် ရှိပါ့မလား။ ဒီလောကမှာ ငါ ထာဆန်ကသာ အစစ်အမှန် ရှေးဟောင်းနတ်ဘုရားပဲ။ ငါကသာ အမွေအနှစ်အားလုံးကို ရဖို့ အရည်အချင်း ရှိတယ်…”
ထာဆန်သည် မာန်သွင်းအော်ဟစ်လျက် ဝမ်လင်းထံ တိုးဝင်လာနေ၏။
သူ တိုးဝင်လာချိန်တွင် ဝမ်လင်းက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေပြီး သူ့ဘယ်လက်ဝါးကို ရှေ့သို့ တွန်းထုတ်သည်။ သူ့မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု ပေါ်လာ၏။ သူ့မူလစွမ်းအင်အားလုံးနှင့် ရှေးဟောင်းနတ်ဘုရားစွမ်းအား အားလုံးသည် သူ့ဘယ်လက်ဝါးထံ စီးဆင်းသည်။ ဧရာမလက်ဝါးရာတစ်ခုပေါ်လာ၏။ ချက်ခြင်းပင် သည်ဧရိယာရှိ မူလစွမ်းအင်အားလုံးလည်း စတင် စုဝေးလာသည်။
ထို့နောက် ထိုလက်ဝါးရာသည် အထည်ဒြပ် ဖြစ်လာကာ တိုးဝင်လာသော ထာဆန်ထံ ဦးတည်ဝင်ရောက်၏။
“သင်က ထူစီရဲ့ မိစ္ဆာသာသာပါပဲ။ ဒါတောင် သင်က သင့်ကိုယ်သင် နတ်ဘုရားတစ်ပါးလို့ ခေါ်ဝံ့တယ်လား…”
ဝမ်လင်းသည် မာန်သွင်းအော်ဟစ်လိုက်၏။ လက်ဝါးရာမှာ ထာဆန်ထံ နီးကပ်သွားသည်။ ထာဆန်က သူ့လက်ကို ပင့်မြှောက်ကာ ထိုလက်ဝါးရာကို အပိုင်းပိုင်းဖြတ်တောက်ပစ်ရန် ကြိုးစားသည်။
တုန်ဟည်းသံများ ပဲ့တင်ထပ်ကာ လေဟာနယ်သည် တုန်ခါ၏။ လကလန်ရှိ ကြယ်နယ်မြေသည် ပျက်စီးတော့မလို ဖြစ်လာသည်။ လက်ဝါးရာသည် ထာဆန်ကြောင့် မထင်မှတ်စွာဖြင့် နှစ်ပိုင်းကွဲထွက်သွား၏။
စစ်စိတ်ဝိညာဉ်လက်ဝါးကို အသုံးပြုပြီးနောက် ဝမ်လင်းသည် ယင်းတိုက်ချက်က ထာဆန်ကို ရပ်တန့်နိုင်လိမ့်မည်ဟု မတွေးထားပေ။ တစ်ချိန်တည်းမှာ သူက သူ့ညာလက်ဖြင့် သူ့ဘယ်လက်နောက်ကျောသို့ အတိတ်တုန်းက အရှင်လုဖူ ပြုလုပ်ခဲ့သလိုမျိုး လက်ညွှန်သည်။ အတောမသပ်မူလစွမ်းအင်များသည် သူ့ဘယ်လက်အတွင်း သွတ်သွင်းခံလိုက်ရသည့်အလား။ သူက ထာဆန်နှင့် မျက်နှာချင်းဆိုင် ထိပ်တိုက် တိုက်ခိုက်လေပြီ။
ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ သူ့ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သောဖိသိပ်အား ထိမှန်သွားသည်။ သူသည် နောက်ထပ် ရှေးဟောင်းနတ်ဘုရားရုပ်တုနားထိ လွင့်ထွက်သွား၏။ ရှေးဟောင်းနတ်ဘုရားစွမ်းအားများစွာ သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာသည်။
ထာဆန်၏ ဧရာမခန္ဓာကိုယ်သည် ဝမ်လင်း၏ တိုက်ခိုက်မှုကြောင့် တခဏ ရပ်တန့်သွားပြန်သည်။ သို့သော် သူက ရှေ့ဆက်တိုးလာ၏။ သူက သူ့ပါးစပ်ကို ဖွင့်ဟကာ ရှိုက်သွင်းလိုက်သည်။ ထိုအခါ ဤနေရာရှိ ရှေးဟောင်းနတ်ဘုရားအော်ရာ အစိတ်အပိုင်းများစွာသည် သူ့ စုပ်ယူခြင်း ခံလိုက်ရသည်။
“အားနည်းလိုက်တာ…ပျော့လိုက်တာ…။ ဝမ်လင်း…ဒီနတ်ဘုရားက မင်း ကြီးထွားလာဖို့ နှစ်ပေါင်းနှစ်ထောင်နီးပါး အချိန်ပေးခဲ့တယ်။ ဒါတောင် မင်းက အားနည်းလွန်းနေတုန်းပဲ…” ဘန်းခနဲ ပေါက်ကွဲကာ ထာဆန်သည် ရှေးဟောင်းနတ်ဘုရားရုပ်တုများ ရှိနေသော အောက်သို့ ခြေချလိုက်သည်။
သူ ခြေချလိုက်သည်နှင့် မြေပြင်ထုသည် အပြင်းအထန် တုန်ရီ၏။ သူ့ညာလက်ကို လေထဲသို့ ပင့်မြှောက်ကာ ကောင်းကင်ကို ဖုံးလွှမ်းသွားလျက် ဝမ်လင်းထံ ဆန့်ထုတ်သည်။ သူက ဝမ်လင်းကို မသတ်ချင်ပေ။ အသက်ရှင်လျက် ဖမ်းဆီးချင်တာ ဖြစ်သည်။
သူ့ လက်နီးကပ်လာချိန်တွင် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားအော်ရာကို အရူးအမူး စုပ်ယူနေ၏။ မှိန်ဖျော့ဖျော့ ခုနစ်လုံးမြောက်ကြယ် ဝဲကတော့သည် အလျင်အမြန် လှည့်ပတ်ကာ အထည်အစိုင်ခဲ ဖြစ်လာတော့မည့်အလား။
သည်နေရာရှိ ရှေးဟောင်းနတ်ဘုရားအော်ရာသည် နှစ်ပိုင်းကွဲသွား၏။ ဝမ်လင်းသည် စုပ်ယူမှု၌ ထာဆန်ကို မယှဉ်နိုင်သော်လည်း သူက ယင်းအော်ရာ၏ (၄၀) ရာခိုင်နှုန်းကို စုပ်ယူနိုင်ပေသည်။ ထာဆန်၏လက် ဆန့်ထွက်လာနေရင်း ဝမ်လင်းက မာန်သွင်းကာ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားများကို မြင့်တက်စေလိုက်၏။ ထိုသို့ ပြုလုပ်နေရင်း သွေးဓားသည် ကြောက်မက်ဖွယ်သွေးအလင်းကို ပေးစွမ်းလျက် ပျံသန်းသွားသည်။
“ရှေးဟောင်းနတ်ဘုရားမန္တာန်…နတ်ဘုရားလက်သီးချက်…” ဝမ်လင်း၏ မာန်သွင်းသံသည် ကောင်းကင်တုန်လှုပ်စေလောက်၏။ သူသည် ရှေးဟောင်းနတ်ဘုရားမန္တာန်များကို လွယ်လင့်တကူ အသုံးမပြနိုင်ပေ။ အကြောင်းမှာ ထိုမန္တာန်များသည် ရှေးဟောင်းနတ်ဘုရားစွမ်းအင် အမြောက်အများ လိုအပ်သောကြောင့်ပင်။ သူက နှစ်ပေါင်းနှစ်ထောင်လောက်သာ ရှင်သန်ခဲ့သော ရှေးဟောင်းနတ်ဘုရားတစ်ပါးသာ ရှိသေး၏။ သူသည် ထူစီကို မယှဉ်သာပေ။ သို့ပေမည့် ဒီနေရာရှိ သိပ်သည်းသောရှေးဟောင်းနတ်ဘုရားအော်ရာကို ငှားယမ်းပြီးနောက် ဝမ်လင်းသည် နှေးဖင့်ခြင်းမရှိဘဲ ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရား အသုံးပြုနိုင်သော မန္တာန်ကို အသုံးပြုလိုက်သည်။
နတ်ဘုရားလက်သီး။
သူ့လက်နှစ်ဖက်ဖြင့် လက်သီးစုပ်ဟန် ပြု၏။ သွေးဓားကို ဗဟိုတွင် ထားသည်။ ဝမ်လင်း၏ခန္ဓာကိုယ်သည် ဝဲကတော့တစ်ခုအသွင်ပြောင်းကာ ထာဆန်၏ညာလက်ထံ တိုးဝင်သွားတော့သည်။ သူက ထာဆန်၏ညာလက်နှင့် ထိပ်တိုက်တွေ့ချိန်တွင် ရှေးဟောင်းနတ်ဘုရားအရိပ်တစ်ခု ပေါ်လာသည်။
တုန်ဟည်းသံများသည် လောကကို တုန်ခါစေသည်။ နတ်ဘုရားလက်သီးသည် ချက်ခြင်းပင် ရှေးဟောင်းနတ်ဘုရားစွမ်းအားအားလုံးကို ထုတ်လွှတ်ကာ ကောင်းကင်နှင့်မြေကြီးကို ဖျက်စီးပစ်နိုင်မည့် လက်သီးချက်အသွင် ဆောင်သည်။
ထာဆန်၏ညာလက်သီးမှာ တုန်ရီကာ သူသည် လေထဲတွင် တန့်သွား၏။ ဝမ်လင်း၏ခန္ဓာကိုယ်မှလည်း သွေးများ ပန်းထွက်ကုန်သည်။ သူက သွေးအလိမ်းလိမ်းဖြင့် အောက်ဘက်သို့ လွင့်စင်ကျ၏။
“ဒီနတ်ဘုရား ဖျက်စီးတာ ခံလိုက်တော့…” ထာဆန်၏ညာလက်သည် ထုံထိုင်းသွားပြီး သူ့စိတ်ပါ လှုပ်ခတ်သွား၏။ သူသည် ဝမ်လင်းသည် အခုလောက်အချိန်တိုအတွင်း သည်လောက်ထိ တိုးတက်လာခဲ့လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။ သူက သူ့လက်ကို ဆက်လက် အသုံးမပြုနိုင်တော့ပေ။ သို့သော် သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ခြောက်လုံးကမူ ဝမ်လင်းကို ဝန်းရံပစ်ဖို့ ပျံသန်းထွက်လာလေ၏။
သူသည် ဝမ်လင်းကို တတိယအဆင့်ကျင့်ကြံသူများကို ဝါးမြိုသလိုမျိုး ဝါးမြိုပစ်တော့ပေမည်။
ထိုကဲ့သို့ သေရေးရှင်ရေး အခိုက်၌ ဝမ်လင်း၏မျက်လုံးထဲတွင် ထူးဆန်းသောအလင်းတစ်ခု လှစ်ပေါ်သွား၏။ သူက ထိုအခိုက်ကို စောင့်နေခြင်းပင်။
“ထာဆန်…ထူစီ တကယ်သေဆုံးသွားခဲ့တာလို့ မင်း ထင်နေတာလား…”
“ဘာ…” ဝမ်လင်း ထိုကဲ့သို့ ပြောလိုက်သည့်နောက် ထာဆန်ကဲ့သို့ သန်မာလှသောသူ၏ အမူအရာမှာ အကြီးအကျယ် ပြောင်းလဲသွားသည်။
ကြီးမားသော ပြောင်းလဲမှုတစ်ခု ရုတ်တရက် ဖြစ်ပွားလေသည်။
***