← Chapters

ပြဠာန်းထားသောတိုက်ပွဲ (၅)

Vol. 100 Ch. 1367

ပြဠာန်းထားသောတိုက်ပွဲ (၅)

Vol. 100 Ch. 1367

အစီအရင်ကနေ ထွက်ခွာလာခဲ့ပြီးလျှင် ဝမ်လင်းသည် ထာဆန်က သူ့ကို အလွတ်မပေးမှာကို သိပေ၏။ ခုချိန်တွင် သူက ဒဏ်ရာအပြင်းအထန် ရထားသေးသည်။ သို့သော် သူသည် အံတင်းတင်းကြိတ်ကာ အရူးအမူး ဝါးမြိုပစ်နေ၏။ လကလန်ဝင်အားလုံးက သန်မာသည်တော့မဟုတ်။ လူတစ်သိန်းတွင် အများစုသည် သူ့တိုက်ချက်တစ်ခုကိုပင် မခံနိုင်ပေ။

ဝမ်လင်းသည် ရှေ့သို့ ဆက်သွားနေလျက် မရေမတွက်နိုင်သောလူများကို ဝါးမြိုပစ်နေ၏။ သူ့ဒဏ်ရာများသည် အံ့အားသင့်ဖွယ်ကောင်းသောနှုန်းဖြင့် ပြန်ကောင်းမွန်လာနေသည်။ သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး သူ့ဟာသူ ပြန်ပြုပြင် ကောင်းမွန်၏။ ဒဏ်ရာများ အလျင်အမြန် ပြန်ကောင်းမွန်နေသည်။

လကလန်ကြယ်နယ်မြေတစ်ခုလုံးမှာ ရှုပ်ထွေးနေ၏။ ကျင့်ကြံခြင်းဂြိုဟ်ပေါ်တွင် ထိုင်နေသော အကြီးအကဲများအားလုံးသည် နတ်ဘုရားချိပ်ပိတ်ခြင်းအစီအရင် ပျက်စီးသွားချိန်၌ သွေးအန်လိုက်ကြရသည်။ သို့သော် သူတို့အားလုံးက အာရုံစိုက်ကာ အလေးအနက် ထားလာကြ၏။ သူတို့၏မျက်လုံးများ အနီရောင် စတင်တောက်ပသည်။ ထို့နောက် သူတို့ထဲမှ တစ်ချို့သည် ဝမ်လင်းကနေ ဖြစ်ပေါ်နေသော အနက်ရောင်အခိုးအငွေ့များထံသို့ ဦးတည်လာသည်။ ကျန်သူများက ဆံဖြူအဘိုးအို၏ဦးဆောင်မှုအောက်တွင် ထာဆန်ထံ တိုးဝင်လာကြသည်။

ဆံဖြူအဘိုးအိုက မာန်သွင်းကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ သူ့ခန္ဓာကိုယ်သည် စတင် ချဲ့ကားလာပြီး သူ့မျက်ခုံးနှစ်ခုကြားတွင် လခြမ်းကွေးအမှတ်အသားမှာ လှည့်ပတ်၏။ သူ့ခန္ဓာကိုယ်သည် ပေထောင်ချီရှည်လျားလာပြီး ရှေးဟောင်းနတ်ဘုရားတစ်ပါးနှင့် တူညီလုနီးနီး ဖြစ်လာသည်။

ယင်းမန္တာန်သည် လကလန်က သူတို့ကိုယ်တိုင် ရှေးဟောင်းနတ်ဘုရားများ ဖြစ်လာရန် တာဆူ၍ နှစ်ပေါင်းမရေမတွက်နိုင်ကြာပြီးနောက် ဖန်တီးခဲ့သော မန္တာန်ပင်။

သူသာ ထိုကဲ့သို့ ခန္ဓာကိုယ်ကြီးမားလာခြင်း မဟုတ်။ စုစုပေါင်း ထိုကဲ့သို့ ခန္ဓာကိုယ်ကြီးမားလာသူ ကိုးယောက် ရှိ၏။ သူတို့ကိုးယောက်သည် ဧရာမခန္ဓာကိုယ်အဖြစ် ပြောင်းလဲကာ ကြောက်မက်ဖွယ်စွမ်းအားကို ပိုင်ဆိုင်လာသည်။ သူတို့သည် ထာဆန်နှင့် တိုက်ခိုက်နေလျက် တုန်ဟည်းမြည်သံများ ပဲ့တင်ထပ်သည်။

သို့ပေမည့် သူတို့သည် ထာဆန်၏ ပြိုင်ဘက် မဟုတ်ပေ။ ထာဆန်သည် မာန်သွင်းလိုက်၏။ သူတို့အားလုံး နောက်သို့ လွင့်စင်ထွက်သွားသည်။

ဝမ်လင်းထံ တိုးဝင်လာသော အဘိုးအိုများ နီးကပ်လာချိန်တွင်မူ သူသည် လောကနှင့်တစ်သားတည်း ပေါင်းစပ်ကာ ပျောက်ကွယ်သွား၏။ ထို့နောက် သူသည် နေရာတိုင်းတွင် ပြန်ပေါ်လာကာ အရူးအမူး စတင် ဝါးမြိုသည်။

ဗလုံးဗထွေးအော်သံဟစ်သံများ လေဟာနယ်တလျှောက် ပဲ့တင်ထပ်၏။ အခုချိန်တွင် လကလန်ဝင် သုံးသောင်းကျော်ကို ဝမ်လင်းက ဝါးမြိုခဲ့ပြီးပင်။ သူ့ဒဏ်ရာအများစုမှာလည်း ချက်ခြင်းလိုလို ပြန်ကောင်းမွန်လာခဲ့ပေပြီ။ သည်တစ်ကြိမ်၌၌ လကလန်၏အကြီးအကဲများ သူ့ထံ တိုးဝင်လာသည်ကို စောင့်မနေတော့ဘဲ ဝမ်လင်းက သူတို့ထံ ခုန်ပေါက်ဝင်ရောက်၏။

ထာဆန်သည် မာန်သွင်းလိုက်၏။

“ငါ့အတွက် တစစီ ဖြစ်သွားစမ်း…” ပေါက်ကွဲသံတစ်ချက်နှင့်အတူ ရှေးဟောင်းနတ်ဘုရားတစ်ပါးအသွင် တုပထားသော အဘိုးအိုများထဲမှ တစ်ယောက်သည် ထာဆန်၏လက်သီးချက်ကြောင့် ပေါက်ကွဲသွားသည်။ သို့ရာတွင် သူ့ခန္ဓာကိုယ် မပျက်စီးသွားခင် အနက်ရောင်အခိုးအငွေ့များသည် ချက်ခြင်းပင် ထိုအဘိုးအိုကို ထွေးခြုံသွား၏။ ဝမ်လင်းက သည်နေရာရှိ တိုက်ပွဲကို အာရုံမပြတ် ထားထား၏။ သူက ထိုအဘိုးအိုကို မသေခင် ထွေးခြုံပစ်ပြီးနောက် စတင် ဝါးမြိုပစ်၏။

လကလန်တစ်ခုလုံး ရှုပ်ထွေးနေ၏။ လကလန်မှ လူများသည် အလျင်အမြန် နောက်ဆုတ်ကြသည်။ သူတို့၏မျက်နှာထက်တွင် တုန်လှုပ်ကြောက်ရွှံ့မှုများ ပြည့်နေသည်။ အခုတကြိမ်သည် သူတို့အများစု သက်ရှိရှေးဟောင်းနတ်ဘုရားတစ်ပါးကို မျက်လုံးဖြင့် ပထမဆုံး မြင်ရတာ ဖြစ်သလို ထိုရှေးဟောင်းနတ်ဘုရားတစ်ပါးကလည်း မည်မျှ အစွမ်းထက်ပုံကို ပထမဆုံး တွေ့မြင်ရတာလည်း ဖြစ်သည်။

ထာဆန်နှင့်ဝမ်လင်းတို့က ပထမဆုံးအကြိမ်အဖြစ် အတူပူးပေါင်းကြသော်လည်း သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကောင်းစွာ နားလည်ကြ၏။ သို့ရာတွင် ထိုပူးပေါင်းမှုသည် သူ စောနကအဘိုးအိုကို ပေါက်ကွဲစေခဲ့ပြီးနောက် ဝမ်လင်းထံ သူ့ညာလက်ကို လှမ်းဆန့်ထုတ်လိုက်ချိန်တွင်တော့ ပျက်စီးသွားခဲ့လေပြီ။

“မင်း ပြောခဲ့တာ မှန်လား၊မှားလား ငါ ဂရုမစိုက်ဘူး။ မင်း ဒီနေ့တော့ လွတ်နိုင်မှာ မဟုတ်တော့ဘူး…”

ဝမ်လင်းသည် နဂိုထဲက သတိနှင့်နေနေ၏။ ထာဆန်၏ညာလက် သူ့ထံ ဆန့်တန်းလာချိန်တွင် သူက နှာခေါင်းရှုံ့သည်။ သူသည် နောက်ဆုတ်လိုက်ရင်း သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုဖြစ်စေသည်။ သူက ထာဆန်ထံ လှမ်းအော်ဟစ်လိုက်၏။

“ရှေးဟောင်းနတ်ဘုရားမန္တာန်…ဆန်းကြယ်နတ်ဘုရားကြယ်…” သူ ထိုသို့ ပြောရင်း သူ့လက်ကို သူ့မျက်ခုံးနှစ်ခုကြားသို့ ညွှန်သည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်ခြောက်လုံးသည် စတင်လှည့်ပတ်ကာ ပျံသန်းထွက်လာ၏။

ယင်းကြယ်များသည် ဧရာမဝဲကတော့အသွင် ဖြစ်ပေါ်သည်။ ထိုမြင်ကွင်းသည် ထာဆန် သူ့ကြယ်များဖြင့် ကျင့်ကြံသူများကို ဝါးမြိုပစ်သည့်မြင်ကွင်းနှင့် တုန်လှုပ်ဖွယ် ဆင်တူနေသည်။

အစတုန်းက ဝမ်လင်းသည် အခုလိုမျိုး ရှေးဟောင်းနတ်ဘုရားမန္တာန်များကို အသုံးမပြုနိုင်ပေ။ သူထံ၌ ထိုမန္တာန်ကို ထောက်ပိုးပေးမည့် ရှေးဟောင်းနတ်ဘုရားစွမ်းအား မရှိပေ။ သို့သော် သူက အရာအားလုံးကို တွက်ချက်နေခဲ့၏။ သူ လေဟာနယ်မန္တာန်ကို အသုံးပြုခဲ့ချိန်က သူသည် ထာဆန် သွန်းလောင်းပေးခဲ့သော ရှေးဟောင်းနတ်ဘုရားစွမ်းအားကို တစ်ဝက်တိတိ ထိန်ချန်သိမ်းထားခဲ့သည်။ ထိုကဲ့သို့ တစ်ဝက်သာ အသုံးပြုခဲ့ခြင်းကြောင့် ရှေးဟောင်းနတ်ဘုရားလက်ချောင်းကြောင့် ထာဆန် ဒဏ်ရာ ရရှိသွားခဲ့၏။ အခုချိန်တွင် ဒုတိယတစ်ဝက်ကို အသုံးပြုလိုက်ခြင်းပင်။

ထိုစဉ် သည်ဝဲကတော့ ပေါ်လာကာ အစွမ်းထက်ရှေးဟောင်းနတ်ဘုရားအော်ရာကို ပေးစွမ်းသည်။ ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားစွမ်းအင်အားလုံး၊ အစောပိုင်း မန္တာန်မှ ထိန်ချန်ထားခဲ့သော စွမ်းအင်များအပါအဝင်ကို ယခုမန္တာန်တွင် အသုံးပြုလိုက်ခြင်းပင်။

ထာဆန်၏လက်သီးချက်က သည်ဝဲကတော့နှင့် ချက်ခြင်း ထိပ်တိုက်တွေ့သည်။ ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ ထို့နောက် သူက နောက်သို့ အလျင်အမြန် ဆုတ်သည်။ သူ့ညာလက်ကို ပင့်မြှောက်ကာ ချက်ခြင်းပင် သွေးဓားဖြင့် ခုတ်ပိုင်းချသည်။

ထာဆန်သည်လည်း သက်သာသည် မဟုတ်ပေ။ သူက ဆက်တိုက်ဆိုသလို ဒဏ်ရာရထားသည့်အပြင် ဝမ်လင်းက ရှေးဟောင်းနတ်ဘုရားမန္တာန်တစ်ခုကို အသုံးပြုနိုင်လိမ့်မည်ဟုလည်း ထင်မထားမိခဲ့ပေ။ သူက ဝဲကတော့အတွင်းမှ အဆုံးမဲ့စုပ်အားတစ်ခုကို ခံစားမိ၏။ သူ့လက်သီးချက်အတွင်းရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအား တစိတ်တပိုင်းသည်ပင် ထိုဝဲကတော့၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။

သူ့ညာလက်မှာ ထုံထိုင်းသွားကာ တဒင်္ဂတန့်သွား၏။ သည်အခိုက်တွင် ဝမ်လင်း၏ သွေးဓားက သူ့ညာလက်ဝါးကို ခုတ်ပိုင်းဖြတ်သည်။

ထားသည် ထာဆန်၏လက်ညှိုးကို ဖြက်တောက်သွား၏။ သူတို့နှစ်ယောက် တိုက်ပွဲစသည်နှင့် ဝမ်လင်းက ထာဆန်အပေါ် ဒဏ်ရာ အပြင်းအထန်ရအောင် လုပ်လိုက်နိုင်သည်။

ထာဆန်၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ် ပြည့်နှက်သွားသည်။ သည်အခိုက်တွင် သူသည် ဝါးမြိုမည့်အကြောင်းကို မတွေးတော့ပေ။ သူက သတ်ချင်သွား၏။ သတ်၊ သတ်၊ သတ်၊သတ်။ သူနှင့် ကလန်တူသည့် ဝမ်လင်းကို သတ်ချင်သည်။

သို့ပေမည့် ဝမ်လင်းနှင့်ထာဆန်တို့ တိုက်ပွဲစရုံ ရှိသေး ထာဆန်ကြောင့် ဒဏ်ရရသွားသော ဆံဖြူအဘိုးအိုက နောက်သို့ ချက်ခြင်း ဆုတ်၏။ သူ့အသွင်က ကြမ်းကြုတ်နေ၏။ သူ့ပါးစပ်ထောင့်မှလည်း သွေးများစီးကျနေသည်။ သူသည် ဝမ်လင်းက ထာဆန်၏ ပြိုင်ဘက်မဟုတ်သည်ကိုလည်း မြင်သည်။ ရှေးဟောင်းနတ်ဘုရားနှစ်ယောက်ကြား အနိုင်ရသူတစ်ယောက်ကို ဆုံးဖြတ်ပြီးဖြစ်သည့်နောက် သူတို့၏ လကလန်မှာ ကံဆိုးမိုးမှောင်ကျကာ သေဆုံးသည့်အထိ ဖြစ်လာနိုင်ပေသည်။

ထို့အတွက်ကြောင့် သူက အခုအခိုက်အတန့်ကို အသုံးချမည်ပင်။

“ရောင်းရင်းကလန်ဝင်တို့…သင်တို့ရဲ့ လစိတ်ဝိညာဉ်ကို ဖျက်စီးပြီး လကလန်အတွက် စတေးပါ…”

ဆံဖြူအဘိုးအို၏ခန္ဓာကိုယ်သည် စတင်ရောင်ကိုင်းလာကာ သူက အောက်သို့ ခပ်ကြမ်းကြမ်း လက်ညွှန်လိုက်ပြီး စူးရှရှအော်ဟစ်လိုက်သည်။ “လကလန်ရဲ့ရတနာ၊ ရှေးဟောင်းနတ်ဘုရားအကြွင်းအကျန်အရိုးကို ထပ်မံ ဆင့်ခေါ်ခြင်း…”

သူ့စကားလုံးများ ပဲ့တင်ထပ်သွားသည်နှင့် သူ့ခန္ဓာကိုယ်ကို ဝန်းရံထားသော လအလင်းသည် ကြောက်မက်ဖွယ်ကောင်းလာသည်။ အောက်သို့ ထိုးစိုက်နေသော ရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် လေထဲသို့ ထပ်မံ ကြွတက်ကာ ထာဆန်ထံ ဦးတည်သည်။

ထိုရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် အလွန်မြန်၏။ ထာဆန်သည် အဘက်ဘက်မှ တိုက်ခိုက်ခံနေရပြီး လူများစွာနှင့် ရင်ဆိုင်လျက် ရှိသည်။ ဝမ်လင်းကြောင့် သူ့လက်ချောင်း ပြက်တောက်သွားသည့်အတွက် သူသည် ဒေါသပုန်ထနေလေသည်။ သူက သူ့လက်နှစ်ဖက်ကို ဝေ့ယမ်းကာ ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ဖမ်းယူ၏။ သူက ထိုလက်ချောင်းအားကို တောင့်မခံနိုင်သည့်အလား သူ့ခန္ဓာကိုယ်သည် ဖောင်းကြွလာသည်။ သူက မာန်သွင်း၏။ သူ့ကြယ်များ အလျင်အမြန် လှည့်လည်သည်။ သူ့ကြယ်များထဲမှ တစ်လုံးတွင် တတိယအဆင့်ကျင့်ကြံသူတစ်ယောက်လည်း ရှိနေ၏။ သူက တွေဝေမနေဘဲ ၎င်းကျင့်ကြံသူကို ဖောက်ခွဲရန်ပြင်သည်။

ဖောက်ခွဲအားသည် ထာဆန်ထံ၌ ပြည့်နှက်၏။ သူက လက်ချောင်း၏အရှိန်ကို လျော့ကျစေသည်။ သူ့မျက်ခုံးနှစ်ခုကြားမှ ကြယ်များသည် ပျံသန်းထွက်လာကာ ဝဲကတော့အသွင် ဖြစ်တည်သည်။

“ဒီတော့ ဒါဟာ ကြယ်ကိုးလုံးရှေးဟောင်းနတ်ဘုရားရဲ့ လက်ချောင်းမဟုတ်ဘူး။ ဒါပေမဲ့ ကြယ်ကိုးလုံးနဲ့ အလွန်တရာနီးစပ်တဲ့ တစ်ယောက်ရဲ့ လက်ချောင်းပဲ။ ငါ့အတွက် ဝါးမြိုပစ်မယ်…”

သူက ထိုကြယ်ကိုးလုံးအဆင့်နီးနီး ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို တတိယအဆင့်ကျင့်ကြံသူများကဲ့သို့ သူ့ကြယ်များအတွင်း စုပ်ယူပစ်ရန် ကြံသည်။ သည်အခိုက်တွင် သူ့ကြယ်များအတွင်း အစောပိုင်းက စုပ်ယူခဲ့သော တတိယအဆင့်ကျင့်ကြံသူအမျိုးသမီးကလွဲ၍ မည်သူမျှ မကျန်ရှိတော့ပေ။

ထိုအဖြစ်ကြောင့် ဝမ်လင်းသည်ပင် တုန်လှုပ်မိရ၏။ သူသည် ထာဆန်၏ရူးသွပ်မှုအပေါ် မထိတ်လန့်မိဘဲ မနေနိုင် ဖြစ်ရသည်။ သူသည် အရင်က ရူးသွပ်သူများကို တွေ့မြင်ခဲ့ဖူး၏။ သို့သော် မည်သူကမျှ ထာဆန်လောက် မရူးသွပ်ကြပေ။

လက်ချောင်းအတွင်းရှိ ရှေးဟောင်းနတ်ဘုရားအော်ရာသည် နေမင်းအလား။ ယင်းကိုစုပ်ယူရန် မဖြစ်နိုင်ပေ။

ဝမ်လင်း၏မျက်လုံးသည် ရုတ်တရက် လက်ခနဲ ဖြစ်သွားကာ ထူးဆန်းသောအလင်း ဖြစ်ပေါ်သည်။

“သူတောင် စုပ်ယူနိုင်ရင် ငါလည်း လုပ်နိုင်တယ်…” ဝမ်လင်းသည် အံတင်းတင်းကြိတ်သည်။ သူက ထိုအခွင့်အရေးကို လွယ်လင့်တကူ လက်မလွှတ်လိုပေ။ အထူးသဖြင့် ထာဆန်က သည်ရှေးဟောင်းနတ်ဘုရားလက်ချောင်းကို ဝါးမြိုပစ်ရန် ကြိုးစားနေချိန်ပင်။ သည်အခွင့်အရေးက တစ်သက်တွင်တစ်ခါသာ ရနိုင်ကောင်း၏။

ဝမ်လင်းသည် ပြတ်သားသည့်စိတ်ရှိသူပင်။ သူက ဆုံးဖြတ်ပြီးသည်နှင့် တွေဝေမနေတတ်ပေ။ သူက နောက်သို့ ဆက်မဆုတ်တော့ဘဲ ရှေ့သို့ တိုးဝင်လာ၏။ သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်းထံ နီးကပ်လာကာ သွေးဓားဖြင့် ခုတ်ပိုင်းချသည်။

ဘန်းခနဲ ကျယ်လောင်စွာ ပေါက်ကွဲ၏။ သွေးဓားကြောင့် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ထာဆန်သည် အရူးအမူး စုပ်ယူနေစဉ် ယင်းလက်ချောင်းသည် နှစ်ပိုင်းကွဲထွက်သွားသည်။

သွေးဓား၏ ထက်ရှမှုမှာ ကြောက်မက်ဖွယ်ရာတည်း။

ထိုလက်ချောင်းသည် ရုတ်တရက် ပျက်စီးကာ ပြင်းထန်သောတုန်ခါလှိုင်း ပျံ့နှံ့သည်။ ထိုအား၏ အများစုသည် ထာဆန်ထံ တိုးဝင်ကာ သူကို နာကျင်စွာ အော်ဟစ်သွားစေသည်။ ထိုဖိသိပ်အားက သူ့ခန္ဓာကိုယ်ကို ထိမှန်ချိန်တွင် သူသည် ပါးစပ်အပြည့် သွေးအန်ထုတ်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ နောက်သို့ အလျင်အမြန် ဆုတ်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။ ထိုအားသည် လက်ချောင်းကို တဝက်ကွဲထွက်စေကာ သူ့ကြယ်အတွင်း ဝင်ရောက်သွားပြီး သူ့ကြယ်တစ်လုံး၏ ချိပ်ပိတ်ခြင်း ခံလိုက်ရသည်။

သို့ပေမည့် ထာဆန်မှာလည်း ဒဏ်ရာအပြင်းအထန် ရသွား၏။ ထို့ကြောင့် သူက သွေးဆက်တိုက်အန်လိုက်ရခြင်းပင်။ သို့သော် သူသည် ဝမ်လင်းနောက် လိုက်လံခြင်းကို လက်မလွှတ်ပေ။ သူက သူ့ကိုယ်သူ လွင့်ထွက်သွားရာကနေ အတင်းအကြပ် ရပ်တန့်စေသည်။ သည်အခိုက်တွင် သူ့ကြယ်အတွင်း ချိပ်ပိတ်ထားသော တတိယအဆင့်ကျင့်ကြံသူအမျိုးသမီးသည် တောက်ပသောအလင်းကို ထုတ်လွှတ်လာ၏။

ထာဆန်၏ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူ့အမူအရာသည် ကြီးစွာ ပြောင်းလဲသွားသည်။ မထင်မှတ်စွာဖြင့် သူသည် ဝမ်လင်းနောက် လိုက်လံခြင်းကို စွန့်ပစ်ကာ သွေးအန်လျက် အလျင်အမြန် ထွက်ပြေးသွားသည်။

ထိုလက်ချောင်းပျက်စီးသွားရကနေ ဖြစ်ပေါ်သည့် တုန်ခါလှိုင်းမှာ ပျံ့လွင့်ရိုက်ခတ်၏။ လကလန်မှ ဆံဖြူအဘိုးအိုလည်း ထိုတုန်ခါလှိုင်း၏ ထိမှန်ခြင်း ခံရသည်သာ။ သူ့ခန္ဓာကိုယ်မှ တစီစီအသံများ ထွက်ပေါ်လာပြီး သူ သွေးအန်လိုက်ရ၏။ ထို့နောက် သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားသည်။ သူ့အားနည်းသွားသော မူလစိတ်ဝိညာဉ်သည် အသက်မနည်းရှင်ရအောင် ထွက်ပြေးသည်။

ပတ်ဝန်းကျင်ရှိ လကလန်ဝင်များသည်လည်း ထိုတုန်ခါလှိုင်း၏ ထိမှန်ခြင်းမှ မလွတ်ပေ။ သူတို့သည် ပေါက်ကွဲကာ လူများစွာမှာ သေဆုံးကုန်၏။

ဝမ်လင်းသည်လည်း လက်ချောင်းနှင့်အနီးကပ်ဆုံးတွင် ရှိနေသဖြင့် သွေးအန်လိုက်ရသည်သာ။ ပေါက်ကွဲအားအများစုက ထာဆန်ထံ ဦးတည်သွားသော်လည်း တစိတ်တပိုင်းကမူ ဝမ်လင်းထံ ရောက်ရှိသွားခဲ့သည်။

သို့သော် သူသည် ထိုအားကို တောင့်မခံနိုင်ပေ။ သို့ပေမည့် တုန်ခါလှိုင်းက နီးကပ်လာချိန်တွင် ဝမ်လင်းသည် မာန်သွင်းလိုက်၏။ အပြာရောင်မီးတောက်၊ ကောင်းကင်ဘုံမိုးကြိုး၊ ကံမ္မာ၊ သေခြင်းရှင်ခြင်း၊ အမှန်နှင့်အမှားတို့သည် သူ့ခန္ဓာကိုယ်ထံမှ ပေါက်ကွဲထွက်လာ၏။

အနှစ်သာရငါးခုသည် တစ်ချိန်တည်း ထွက်ပေါ်လာကာ ထိုတုန်ခါလှိုင်းကို ခုခံရန် ဝဲကတော့အသွင် ဖြစ်တည်သည်။ တစ်ပြိုင်နက်တည်းမှာ ဝမ်လင်းမျက်လုံးသည် အနီရောင် ဖျပ်ခနဲလင်းလက်ကာ ဂျီနယ်ပယ် ထိုးထွက်သည်။

ဝမ်လင်းသည် နောက်သို့ ဆက်တိုက်ဆုတ်နေ၏။ သူက ရှေးဟောင်းနတ်ဘုရားလက်ချောင်း တစ်ဝက်နီးပါးကို သယ်ဆောင်ကာ လောကနှင့်တစ်သားတည်း ပေါင်းစပ်သည်။ သူက ဟင်းလင်းပြင်ကွေးညွတ်ခြင်းကို အသုံးပြုကာ ထွက်သွားရန် ပြင်သည်။

သို့ရာတွင် သူ မထွက်သွားခင်လေး၌ သူ့မျက်လုံးသည် ချင်းချင်းနီရဲကာ ပင်ပန်းမှုတို့ ပြည့်နှက်၏။ ထို့အပြင် သူ့မျက်လုံးအတွင်း၌ အေးစက်မှု ဖျပ်ခနဲ ပေါ်သည်။ အတွေးတစ်ချက်ဖြင့်ပင် ကျာပွတ်တစ်ခု သူ့အား ဝန်းရံသွားသည်။

စိတ်ဝိညာဉ်ကျာပွတ်။

ထိုကျာပွတ် ထွက်ပေါ်လာသည်နှင့် ၎င်းက ချက်ခြင်းပင် ရှည်ထွက်လာပြီး ထွက်ပြေးသွားသော ဆံဖြူအဘိုးအို၏ မူလစိတ်ဝိညာဉ်ကို ထွေးပတ်သည်။ တင်းခနဲ့ စောင့်ဆွဲကာ ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်သည် နောက်ပြန်ပါလာ၏။ ထို့နောက် ဝမ်လင်းသည် ဧရာမရှေးဟောင်းနတ်ဘုရားလက်ချောင်းတစ်ဝက်ကို သယ်ဆောင်ရင်း သည်လကလန်ကြယ်နယ်မြေကနေ ပျောက်ကွယ်သွားတော့သည်။

ဤခရီးမှာ သူ့အတွက် အကျိုးရှိခဲ့လေပြီ။

***

All Chapters