← Chapters

အားနည်းလွန်းတယ်

Vol. 46 Ch. 640

အားနည်းလွန်းတယ်

Vol. 46 Ch. 640

သွေးမျိုးနွယ်စု ကျင့်ကြံသူသောင်းချီ၏ အသက်များကို စုပ်ယူပြီးသည့်နောက် ကောင်းကင်ထက်တွင် ရှိနေသော မဟူရာအဆိပ်သခင်၏ မျက်ဝန်းများမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် တောက်ပနေပြီး လောကကို ဖျက်စီးတော့မည့် ကောင်းကင်မိစ္ဆာအလား ထင်မှတ်ရသည်။

အဆိပ်မြူများသည် ကောင်းကင်နှင့်မြေပြင် တစ်ခုလုံးကို လွှမ်းခြုံထားပြီး ဓားထောင်ချီမြို့တော်သည်ပင် အဆိပ်၏ တိုက်စားခြင်း စွမ်းရည်များကြောင့် ဖြည်းညင်းစွာ အရည်ပျော်ကျသွားရသည်။ ထိုအဖျက်စွမ်းအင်မှာ အမှန်တကယ် ကျောချမ်းဖွယ်ရာပင်။

"ဟမ်.... မင်းက အဆိပ်မြူတွေထဲမှာတောင် အသက်ရှင်နိုင်သေးတယ်ပေါ့။"

မဟူရာအဆိပ်သခင်မှာ မြူခိုးများကြား ကြည့်ရှုလိုက်ပြီးနောက် အန်လင်းအားတွေ့ကာ အံ့အားသင့်သွားရသည်။

သူလက်တစ်ချက် လှုပ်လိုက်သည်နှင့် အဆိပ်မြူများမှာ အန်လင်းထံ ကြမ်းတမ်းစွာ ပျံဝဲသွားသည်။

အန်လင်းသည် ပြင်းထန်သော တိုက်ခိုက်မှုကို ရင်ဆိုင်ရတော့မည် ဖြစ်ပါသော်လည်း မည်သည့်ခုခံမှုမှ မလုပ်ပေ။

သူ၏စစ်နတ်ဘုရားခန္ဓာသည် ယခုကဲ့သို့ တိုက်ခိုက်မှုမျိုးကို ကောင်းစွာခံနိုင်သည် မဟုတ်လော။

ဧကရာဇ်ဇီဝေးနှင့် တိုက်ခိုက်ခဲ့ပြီးနောက် သူသည် စစ်နတ်ဘုရားခန္ဓာ၏ ခုခံကာကွယ်နိုင်စွမ်းအား အသေအချာ သဘောပေါက် နားလည်ခဲ့သည်။ ထို့ကြောင့်ပင် ယခုတိုက်ခိုက်မှုသည် စစ်နတ်ဘုရား ခန္ဓာ၏ ခုခံကာကွယ်ရေးအား ထိုးဖောက်ရန် အလွန်အားနည်းနေကြောင်း သိရှိလိုက်ခြင်းပင်။

ဝုန်း.......

မဟူရာအဆိပ်မြူလှိုင်းများ အန်လင်းထံ ရောက်ရှိလာသည်။

အန်လင်းသည် အဆိပ်မြူများအား ထိန်းချုပ်နေသောသူ၏ တည်နေရာကို သိရှိစေနိုင်ရန် အံ့ဖွယ်အာရုံအား ဖြန့်ကျက်လိုက်သည်။

ဘန်း....

ကြောက်မက်ဖွယ် အဆိပ်မြူများကြောင့် လေထုသည်ပင် တွန့်လိမ်ပေါက်ကွဲကုန်လေပြီ။

အန်လင်းသည် လေစိတ်ဝိဉာဉ်နည်းစနစ်နှင့် လေဓားတို့အား အသုံးပြုကာ မဟူရာအဆိပ်သခင်ထံ ပျံဝဲသွားသည်။

အဖြူရောင် အလင်းတန်းတစ်ခုသည် မည်းနက်နေသော အဆိပ်ငွေ့များကြား ဖောက်ထွက်ကာ မဟူရာအဆိပ်သခင်ထံ ရောက်ရှိလာသည်။

မဟူရာအဆိပ်သခင်မှာလည်း လျင်မြန်စွာ ရှောင်ရှားကာ အန်လင်းအား လက်သည်းရှည်များနှင့် တိုက်ခိုက်လိုက်သည်။

ရွှပ်.....

ထက်ရှလှသော လက်သည်းများမှာ အန်လင်း၏ ခန္ဓာကိုယ်ပေါ် အနက်ရောင် အကြောင်းများ ဖြစ်သွားစေသည်။

အန်လင်း၏ အဝတ်အစားများ ဆုတ်ပြဲကာ ခန္ဓာပိုယ်ထဲသို့ ကြောက်မက်ဖွယ် စွမ်းအင်များ ဝင်ရောက်လာပြီး စူးရှလှသော နာကျင်မှုများအဖြစ် ပြောင်းလဲသွားသည်။ မဟူရာအဆိပ်သခင်၏ လက်သည်းများသည် အန်လင်းအား နာကျင်စေပါသော်လည်း ခန္ဓာကိုယ်တွင် ခြစ်ရာတစ်ခုပင် မကျန်ရစ်ခဲ့ပေ။

မည်သို့ပင်ဆိုစေကာမူ မဟူရာအဆိပ်သခင်၏ ပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် အန်လင်းမှာ အဝေးသို့ လွင့်ထွက်သွားရသည်။

မဟူရာအဆိပ်သခင်မှာ အံ့အားသင့်သွားပါသော်လည်း အချိန်ဆွဲမနေပဲ အန်လင်းထံ ပြေးဝင်သွားသည်။

"ငါ့ရဲ့ မဟူရာအဆိပ်နယ်ပယ်မှာ ငါ့ရဲ့အရှိန်ရော၊ အစွမ်းရောက ပြိုင်ဘက်ကင်းပဲ။ မင်းငါ့ကို မယှဉ်နိုင်ဘူး။"

မဟူရာအဆိပ်သခင်မှာ ထက်ရှသော လက်သည်းများအား လေထဲတွင် ဝေ့ယမ်းလိုက်သည်နင့် တိုက်စားခြင်းပြင်းသော မဟူရာအဆိပ်မြူများမှာ အန်လင်းအား တိုက်ခိုက်လာတော့သည်။

အန်လင်းသည် အဆုံးမဲ့ညဓားသိုင်းအား ထုတ်ဖော်ကာ ဓားပုံရိပ်ပေါင်းများစွာ ထွက်ပေါ်စေလိုက်သည်နှင့် တစ်ကီလိုမီတာဝန်းကျင်ရှိ ပတ်ဝန်းကျင်မှာ သိမ့်သိမ့်တုန်လာသည်။

အန်လင်း၏ အရှိန်နှင့်စွမ်းအင်သည် မဟူရာအဆိပ်သခင်ထက် လျော့နည်းနေသောကြောင့် တစ်ကြိမ်တိုက်ခိုက်တိုင်း သုံးကြိမ်တိုင်တိုင် ပြန်ထိနေသည်။

သွေးမျိုးနွယ်စု၏ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင်ကြံသူ ဖြစ်သောကြောင့် မဟူရာအဆိပ်သခင်မှာ လွန်စွာသန်မာပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေပါသော်လည်း မိစ္ဆာရှင်းဓားကြောင့် ရလာသော ဒဏ်ရာများမှာ ကောင်းလုနီးပါး ဖြစ်နေပြီပင်။

"ဟားဟားဟား....သွေးမျိုးနွယ်စုကို ဘယ်သူကမှ ယှဉ်မတိုက်နိုင်ပါဘူးကွာ။"

အသာစီးရလာသော မဟူရာအဆိပ်သခင်မှာ စိတ်ကျေနပ်လာပြီး တိုက်ခိုက်မှုများလည်း ပိုမိုအားကောင်းလာသည်။

တီနာ၏ အလင်းစက်ဝန်းအတွင်း ရှိနေသော ကျောင်းသားများမှာ စိတ်မသက်မသာ ဖြစ်နေကြလေပြီ။

မည်းနက်နေသော အဆိပ်ငွေ့များကြောင့် တိုက်ပွဲအား ရှင်းလင်းသဲကွဲစွာ မမြင်ရပါသော်လည်း မဟူရာအဆိပ်သခင်၏ လှောင်ရယ်သံအရ အန်လင်းမှာ ဖိနှိပ်ခံနေရပုံ ရှိသည်။

ကျောင်းသားများအားလုံးမှာ တစ်ယောက်လက်တစ်ယောက် ဆွဲကိုင်ကာ အန်လင်းအတွက် လေးလေးနက်နက် ဆုတောင်းပေနေမိကြသည်။

"စီနီယာတီနာ....သူ့ကိုသွားကူညီပေးလိုက်ပါလား။ ကျွန်တော်တို့ကို မြူတွေမရှိတဲ့ နေရာမှာ ထားခဲ့ပေးရင် ရပါပြီ။"

ကျောင်းသားတစ်ဦး အကြံပြုလိုက်သည်။

အခြားသူများမှာလည်း မဆိုင်းမတွ သဘောတူလာကြသည်။

၎င်းတို့သည် အန်လင်းအတွက် ဝန်ထုပ်ဝန်ပိုးများ မဖြစ်လိုပေ။ ယခုအခါ အန်လင်း၏ အခြေအနေမှာ ဆိုးရွားနေသောကြောင့် ပြတ်သားသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်သင့်သည်။

ကျောင်းသားများ၏ အကြံပေးမှုကြောင့် တီနာ အံ့သြသွားရသည်။

၎င်းတို့သည်လည်း အန်လင်းကဲ့သို့ပင် လူကောင်းများ ဖြစ်ကြလေသည်။

"အဲ့လိုမလုပ်နိုင်ဘူး။ မြူတွေက အခုထက်ပိုပြီး ပျံ့လာရင် နင်တို့ထိခိုက်ကုန်လိမ့်မယ်။"

တီနာ ချိုသာစွာ ပြုံးလိုက်သည်။

"ပြီးတော့ ငါ့သခင်က အရမ်းသန်မာတာ။ လွယ်လွယ်နဲ့ ရှုံးမှာမဟုတ်ဘူး။"

သူမ၏ မျက်ဝန်းများမှာ အန်လင်း အနိုင်ရမည်ကို ယုံကြည်နေသည့်အလား တောက်ပလို့နေသည်။

သူမ၏ ယုံကြည်ချက်ကြောင့် အန်လင်း၏ အရူးအမူး ပရိတ်သတ်များသည်ပင် ရှက်ရွံ့သွားရသည်။

တီနာ၏စိတ်ထဲတွင် အန်လင်းသည် အချိန်မရွေး မှီခိုနိုင်သူဖြစ်ပြီး လုံခြုံသော စိတ်ခံစားချက်ကိုလည်း ပေးစွမ်းနိုင်သည်။

ထို့ကြောင့် အန်လင်းကိုယ်တိုင် အကူအညီ မတောင်းလာပါက သူမအနေဖြင့် တိုက်ပွဲအတွင်း ဝင်ပါစရာ မရှိပေ။ အန်လင်းသည် အမြဲလိုလို အောင်ပွဲဝင်နေကြ မဟုတ်ပါလော။

အဖြူရောင် ဓားပုံရိပ်သည် မည်းနက်နေသော အဆိပ်ငွေ့များမား ဖယ်ရှားကာ အမှောင်ခွင်း အလင်းဆောင်မည့် နတ်ဘုရားလက်နက် တစ်ခုအလား မဟူရာအဆိပ်သခင်ထံ ရောက်ရှိလာသည်။

အဆုံးမဲ့ည....အာရုဏ်ဦး.....

မဟူရာအဆိပ်သခင်မှာ အမူအရာ ပြောင်းလဲသွားပြီး လေဟာပြင်မြူခိုး အကာအရံတစ်ခု ဖန်တီးလိုက်ပါသော်လည်း မျက်စိတမှိတ်အတွင်း ဖျက်စီးခံလိုက်ရကာ ဓားပုံရိပ်မှာ သူ၏ခန္ဓာကိုယ်အား နှစ်ပိုင်းဖျက်ပစ်လိုက်သည်။

သွေးစများမှာ နေရာအနှံ့ ပြန့်ကြဲသွားပြီး ကောင်းကင်ထက်တွင် ရှိနေသော လူငယ်လေးမှာ စစ်နတ်ဘုရား တစ်ပါးအသွင် တင့်တယ်နေကာ ရောင်စဉ်ဖြူများ တောက်ပနေသော မိစ္ဆာရှင်းဓားသည် လောကတခွင် ထွန်းလင်းနေစေသည်။

ခန္ဓာကိုယ် နှစ်ပိုင်းပြတ်သွားသော မဟူရာအဆိပ်သခင်၏ သွေးစများမှာ မိုးစက်မိုးပေါက်များအလား မြေပြင်ပေါ် ရွာကျလာလေသည်။

အကန့်အသတ်မဲ့သော အဆိပ်မြူများမှာ ဓားအလင်းကြောင့် ရှင်းလင်းခံလိုက်ရပြီး ဓားထောင်ချီမြို့တော်ပေါ် နေရောင်ခြည်များ ပြန်လည်ကျဆင်းလာသည်။

"သူနိုင်သွားလား။"

ကျောင်းသားအချို့ မယုံကြည်နိုင် ဖြစ်နေသည်။

"နတ်ဘုရားအန်ကတော့ ထင်တဲ့အတိုင်း နိုင်သွားတာပဲ။"

ကျောင်းသူများမှာလည်း ပျော်ရွှင်နေကြလေပြီ။

ထိုအချိန်မှာပင် တီနာ ခေါင်းခါလိုက်သည်။

"မဟူရာအဆိပ်သခင်ကို ခံစားမိနေသေးတယ်။ တိုက်ပွဲမပြီးသေးဘူး။"

ထိုစကားကြောင့် ကျောင်းသားများအားလုံး ပါးစပ်အဟောင်းသားဖြစ်ကာ စစ်မြေပြင်အား ကြည့်ရှုလိုက်သောအခါ မဟူရာအဆိပ်သခင်၏ ခန္ဓာကိုယ်မှာ ပြန်လည်ပေါင်းစည်းသွားသည်ကို တွေ့လိုက်ရသည်။

မဟူရာအဆိပ်သခင်မှာ အနည်းငယ် ဖြူရော်နေပါသော်လည်း မာန်မချသေးပေ။

"မင်းရှုံးသွားပြီ။ မင်းရဲ့အရှိန်အဝါက အများကြီး အားနည်းနေပြီဆိုတော့ ဒီလိုတိုက်ကွက်မျိုး ဘယ်ထုတ်နိုင်တော့မှာလဲ။"

မဟူရာအဆိပ်သခင်၏ လက်သည်းများတွင် အဆိပ်ငွေ့များ ဖုံးလွှမ်းလာသည်။

"ဒါပေမယ့် ငါကတော့ အစွမ်းတွေ အများကြီး ကျန်သေးတယ်။ မင်းခံနိုင်ဖို့ ကြိုးစားလိုက်ပေါ့ကွာ။ မင်းရဲ့အသိစိတ်ကို ချိပ်ပိတ်ပြီး တသက်လုံး နှိပ်စက်ပစ်မယ်။"

အန်လင်းမှာ မောပန်းနေသောကြောင့် အသက်ရှူသံများ မြန်နေရသည်။

"အားနည်းလွန်းနေတယ်။"

"မဟုတ်ဘူး။ မင်းကအားမနည်းပါဘူး။ ပြောရရင် စိတ်ဝိဉာဉ်ဖွဲ့စည်းခြင်း အဆင့်တွေထဲမှာ မင်းလောက်သန်မာတဲ့သူကို မမြင်ဖူးဘူး။ မင်းပြိုင်ဘက်က ငါဖြစ်နေတာတော့ မင်းကံဆိုးတာပေါ့။"

မဟူရာအဆိပ်သခင်မှာ အန်လင်းအား အသိအမှတ် ပြုလိုက်သည်။

"မင်းငါ့ကို ဒူးထောက်တောင်းပန်ရင်တော့ အသက်ချမ်းသာပေးပြီး အစေခံ လုပ်ခွင့်ပေးမယ်။"

အန်လင်းမှာ မဟူရာအဆိပ်သခင်အား အရူးတစ်ယောက်လို ကြည့်ရှုလိုက်သည်။

"မင်းအထင်လွဲနေပုံပဲ။ ငါပြောတာက မင်းကအားနည်းလွန်းနေတယ်လို့။"

မဟူရာအဆိပ်သခင်: "......"

မဟူရာအဆိပ်သခင်မှာ သွေးကြောများပင် ထောင်ထလာရပြီး အန်လင်းမှာ အစေခံ မလုပ်တော့ပဲ သတ်ဖြတ်ပေးရန် တောင်းပန်လာသည်အထိ အမျိုးမျိုးသော နှိပ်စက်မှုများနှင့်သာ ရက်ရက်စက်စက် အပြစ်ပေးချင်လာတော့သည်။

"မင်းကငါ့ကို အစေခံလုပ်ချင်တာလား။"

အန်လင်း ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ငါ့မှာ အစေခံ သုံးယောက်ရှိတယ်။ သူတို့အားလုံးက မင်းတို့ သွေးမျိုးနွယ်စုက မြင့်မြတ်သောတမာန်တော်တွေပဲ။"

All Chapters