← Chapters

အပူဇော်ခံမီးတောက်

Vol. 100 Ch. 1375

အပူဇော်ခံမီးတောက်

Vol. 100 Ch. 1375

ပေတစ်သောင်းနယ်မြေမှာ ဝမ်လင်း၏ခန္ဓာကိုယ်ထံ ကျုံ့လာနေသည်။ သို့သော် ဝမ်လင်းသည် မင်သေသေဖြင့်သာ ဟင်းလင်းပြင်ထံ စူးစိုက်ကြည့်လျက် ရှိ၏။ သူ့မျက်နှာထက်တွင် ထူးဆန်းသောအမူအရာ ဖြစ်ပေါ်လာ၏။ သူ့ဟန်ပန်တွင် မယုံကြည်နိုင်ဟန် ဖြစ်မှု အရိပ်အမြွက် ဖြစ်ပေါ်နေသည်။

စဉ်းစားနေလျက် သူ့ခန္ဓာကိုယ်သည် လှစ်ခနဲ ပျောက်ကွယ်သွား၏။ သူက တောင်ပေါ်တွင် ပြန်ပေါ်လာ၏။ သူ ထိုင်ချလိုက်သည်။ တခဏတာ မင်သက်နေပြီးနောက် သူသည် သူ တွေ့ရှိလိုက်သည့်အရာကို ယုံကြည်ဖို့ ခက်နေဆဲသာ။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် ဝမ်လင်းသည် မျက်လုံးမှိတ်လိုက်၏။ သူ့စိတ်သည် သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရောက်လာသည်။ သူ့မူလစိတ်ဝိညာဉ်မှာ ဝဲကတော့စက်ဝန်းထက်တွင် လွင့်မြောလျက်ရှိ၏။ ထိုဝဲကတော့စက်ဝန်းအတွင်းမှာ မိုးနှင့်လေလောကတစ်ခု ဖြစ်သည်။

လေနှင့်မိုးလောကသည် သူ့ခန္ဓာကိုယ်ပြင်ပတွင် ရှိစဉ်က ပေတစ်သောင်းသာ ကျယ်ဝန်းသော်လည်း သူ့ခန္ဓာကိုယ်တွင်း၌မူ အကန့်အသတ် မရှိတော့ပေ။ ဤအခိုက်၌ ထိုနယ်မြေအတွင်း လွင့်မြောနေသော ကုန်းမြေထုများစွာ ရှိလာသည်။ ယင်းတို့အားလုံးမှာ ပျက်စီးသွားသော ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးကြောင့် ဖြစ်ပေါ်နေခြင်းပင်။

ထိုကုန်းမြေများပေါ်တွင် တိုက်ပွဲစိတ်ဝိညာဉ်များလည်း ရှိနေသည်။ ယင်းစိတ်ဝိညာဉ်များသည် ဗလုံးဗထွေးအော်ငြီးသံများ မထုတ်လွှတ်တော့ပေ။ နေရာတွင်သာ ထိုင်နေကြ၏။ ထိုစိတ်ဝိညာဉ်များ၏ ဦးခေါင်းထိပ်မှ နို့နှစ်ဖြူရောင်အခိုးအငွေ့များ ထွက်ပေါ်နေပြီး သည်နယ်မြေက စုပ်ယူပစ်သည်။ တစ်ချိန်တည်းမှာ ထိုအော်ရာများသည် ဝမ်လင်း၏စိတ်ထဲသို့ တန်းတန်းမတ်မတ် ဝင်ရောက်ကာ သူ့အနှစ်သာရငါးခုထံ ဦးတည်သည်။

ဝမ်လင်း၏အနှစ်သာရငါးခုမှာ နွေဦးရာသီပန်းပင်များကဲ့သို့ ဖြစ်၍ အဖြူရောင်အော်ရာများက ယင်းတို့ကို ဝန်းရံထားပြီး သန်မာလှသောအသက်ဓာတ်အာရုံတစ်ခုကို ပေးစွမ်းသည်။

“ဒါ…ဒါက…” ဝမ်လင်းသည် တုန်လှုပ်မိနေဆဲပင်။ သူက ထိုတုန်လှုပ်ဖွယ်ကောင်းသော နို့နှစ်ဖြူရောင်အော်ရာကို သိရှိခြင်းကြောင့် တုန်လှုပ်နေမိခြင်း ဖြစ်၏။ သူ့စိတ်ထဲတွင် မိုးကြိုးပစ်ချလိုက်သည့်အလား။

ဝမ်လင်းသည် ထိုအော်ရာနှင့် မစိမ်းပေ။ နတ်ဆိုးစိတ်ဝိညာဉ်ကုန်းမြေ၌ သူ့ရုပ်တုကို ဆယ့်သုံးနှင့်အခြားသူများ ပူဇော်သမှု ပြုလုပ်ခဲ့ချိန်က ယင်းကဲ့သို့ အော်ရာမျိုး တည်ရှိခဲ့ဖူးသည် မဟုတ်လော။

တိမ်ပင်လယ်ကြယ်အဖွဲ့အစည်းတွင် တာအိုပညာရှင်ရေနှင့် တိုက်ပွဲတုန်းကလည်း ထိုသူ၏ နောက်ဆုံးမန္တာန်တွင် ယင်းအော်ရာမျိုး ပါဝင်ခဲ့သည်။

ချိပ်ပိတ်နယ်မြေအရှင်သခင်နှင့် တာအိုသခင်အိပ်မက်ပြာတို့၏ စကားလုံးများကလည်း တတိယအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လာရန် သော့ချက်မှာ အပူဇော်ခံမီးတောက်များဟု ညွှန်ပြနေခဲ့ပေသည်။

ဝမ်လင်းသည် အပူဇော်ခံမီးတောက်က မည်သို့အရာဖြစ်မှန်း နားမလည်ပေ။ မည်သို့ဖန်တီးရမှန်းလည်း မသိပေ။ သို့ပေမည့် မိုးနှင့်လေလောကကို ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးနှင့် ပေါင်းစည်လိုက်သည့်အခါ ထိုမြင်ကွင်းသည် အံ့အားသင့်ဖွယ်ကောင်းအောင် ပေါ်လာကာ သူ့ကို ထပ်မံ စိတ်ရှုပ်ထွေးသွားစေသည်။

သည်တိုက်ပွဲစိတ်ဝိညာဉ်များမှာ သူ သတ်ခဲ့သောလူများ ဖြစ်၏။ သို့သော် ခုချိန်တွင်မူ ယင်းတို့သည် အပူဇော်ခံမီးတောက်နှင့်အတူ သူ့ကို ထောက်ပံ့ပေးမည့် တပည့်တပန်းများ ဖြစ်လာခဲ့ချေပြီ။ ထိုအဖြစ်က ဝမ်လင်း၏ကံကောင်းမှုပင်။ တာအိုသခင်အိပ်မက်ပြာသည်ပင် သူ ဝမ်လင်းကို သင်ပေးခဲ့သော ပေါင်းစည်းခြင်းတာအိုမန္တာန်က အခုလိုမျိုး ပြောင်းလဲမှုတစ်ခုကို ဖန်တီးစေလိမ့်မည်ဟု မျှော်လင့်ထားမည် မဟုတ်ပေ။

ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံးသည် မိုးကြိုးကောင်းကင်ဘုံနယ်မြေ၏ အစိတ်အပိုင်းမြေကနေ ဖြစ်ပေါ်ခဲ့သောအရာ ဖြစ်၏။ လွန်ခဲ့သော နှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က ချိပ်ပိတ်နယ်မြေအရှင်သခင် ဖန်တီးခဲ့သော မိုးကြိုးကောင်းကင်ဘုံနယ်မြေသည် ချိပ်ပိတ်နယ်မြေအစီအရင်က အပူဇော်ခံမီးတောက်များကို စုပ်ယူခြင်းကို တားဆီးဖို့အတွက် ဖြစ်ခဲ့၏။ ထိုမှသာ အပူဇော်ခံမီးတောက်သည် အတွင်းနယ်မြေ(ဝါ)ချိပ်ပိတ်နယ်မြေတွင် ပေါ်ထွက်လာနိုင်မည်။

ကောင်းကင်ဘုံနယ်မြေလေးခုသည် ဖျက်စီးခံခဲ့ရသော်လည်း ယင်းတို့သည် အပူဇော်ခံမီးတောက် ထုတ်လုပ်ဖို့အတွက် အကောင်းဆုံးသတ္တုများ ဖြစ်နေသေးသည်။ သို့ပေမည့် ထိုမျှလောက်ဖြင့် မလုံလောက်သေးပေ။ ထို့အပြင် ၎င်းအစိတ်အပိုင်းမြေသည် နတ်ဘုရားပြစ်ဒဏ်ကိုလည်း ရင်ဆိုင်ခဲ့ဖူးသေး၏။

ဆိုလိုသည်မှာ နတ်ဘုရားပြစ်ဒဏ်ဖြင့် သန့်စင်ထားသော အရာမှာ အပူဇော်ခံမီးတောက်ကို မွေးဖွားပေးနိုင်သည် ဟူ၏။

ဝမ်လင်းက ထိုပစ္စည်း(ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး)ကို ဆန်းကြယ်လက်နက်မန္တာန် အသုံးပြုဖို့အတွက် မရည်ရွယ်ဘဲ လုပ်ဆောင်ခဲ့သေး၏။ သူ့သေခြင်းရှင်ခြင်းနယ်ပယ်ကို အသုံးပြုကာ သူသည် သူ သတ်ခဲ့သောလူများ၏ စိတ်ဝိညာဉ်များကို စုပ်ယူနိုင်ဖို့ ငရဲဆယ့်ရှစ်ထပ်ကို ဖန်တီးခဲ့သည်။ ထိုမှသာ ယင်းစိတ်ဝိညာဉ်များသည် ပြန်လည်မွေးဖွားခြင်းစက်ဝန်းထဲ မဝင်ရောက်နိုင်မှာ ဖြစ်သည်။ အချိန်နှင့်အမျှ ကောင်းကင်ဘုံချိပ်ပိတ်ခြင်းတံဆိပ်တုံး၏ ငရဲဆယ့်ရှစ်ထပ်တွင် အပူဇော်ခံမီးတောက် ဖန်တီးနိုင်ဖို့ရာအတွက် စွမ်းအားများ ပြည့်လာခဲ့သည်။

သို့ရာတွင် ၎င်းကို အသက်သွင်းနိုင်မည့် အခွင့်အရေးတစ်ခု မရှိလျှင် ထိုစွမ်းအားသည် တဖြည်းဖြည်းချင်း ကွယ်ပျောက်သွားမည်သာ ဖြစ်သည်။ ဝမ်လင်းသည် မည်သည့်ထူးခြားချက်ကိုမှ တွေ့နိုင်လိမ့်မည် မဟုတ်ပေ။

ထိုအခွင့်အရေးသည် တာအိုသခင်အိပ်မက်ပြာ လေဆင့်ခေါ်ခြင်းနှင့်မိုးဆင့်ခေါ်ခြင်းတို့ကို လောကတစ်ခုအဖြစ် ပေါင်းစည်းလိုက်ချိန်က ဖြစ်ပေါ်လာခဲ့ခြင်းပင်။

ထို့နောက် ဝမ်လင်းက ဆန်းကြယ်လက်နက်မန္တာန်ကို ထိုလောကအတွင်း ထည့်ပေါင်းနိုင်ရန် ကြိုးစားခဲ့သည်။ ယင်းလုပ်ဆောင်မှုက သည်ပြောင်းလဲမှုကို ဖြစ်စေခဲ့ကာ ဤအခွင့်အရေးကို ပေါ်လာစေခဲ့ခြင်းတည်း။

တိုက်ပွဲစိတ်ဝိညာဉ်များစွာနှင့် အပူဇော်ခံမီးတောက်သည် တာအိုပညာရှင်ရေ၏ တပည့်ပေါင်းနှစ်ဘီလီယံထံမှ အပူဇော်ခံမီးတောက်ထက် များစွာ အားနည်းသော်လည်း အစစ်အမှန် အပူဇော်ခံမီးတောက်တော့ ဖြစ်နေဆဲသာ။ ၎င်းသည် တတိယအဆင့်သို့ ရောက်ရှိရန် သော့ချက်ဖြစ်သလို တတိယအဆင့်ကျင့်ကြံသူများ အသည်းအသန်ကြိုးစားနေသည့် တာအိုရတနာတစ်ခုအတွက်လည်း သော့ချက်ပင်။

ဝမ်လင်း၏အမူအရာသည် အတော်လေးကို ထူးဆန်းနေ၏။ သူသည် မျက်လုံးဖွင့်လာသည်။ သူက ငြိမ်သက်စွာ စဉ်းစားနေပြီးနောက် ယင်းအပူဇော်ခံမီးတောက်ကို သူ့စိတ်နောက်ဘက်သို့ ပစ်သွင်းထားလိုက်သည်။ တကယ်တော့ အပြာရောင်ပိုးသားကလန်၏ အပြင်ဘက်တွင် ဝတ်စုံဖြူအမျိုးသမီး၏ အန္တရာယ်ကလည်း ရှိနေသေးသည် မဟုတ်လား။ သူက ထိုရတနာကို မထင်မှတ်ဘဲ ပိုင်ဆိုင်ခဲ့သည်လျှင်ပင် ထိုအမျိုးသမီးနှင့်ပတ်သတ်သည့် ကိစ္စကို မဖြေရှင်းနိုင်ပါက ယင်းသည် အချည်းနှီးသာ ဖြစ်သွားပေမည်။

ဝမ်လင်း၏မျက်လုံးသည် လင်းလက်၏။ သူ့ညာလက်ကို ရှေ့သို့ ဆန့်ထုတ်သည်။ သိုလှောင်နေရာလွတ်အက်ကြောင်းတစ်ခု ပွင့်ဟလာပြီး ဧရာမလက်ချောင်းအရိုးတစ်ခု ပျံသန်းထွက်လာသည်။ ၎င်းလက်ချောင်းသည် လေထဲတွင် လွင့်မြောနေပုံက ကုန်းမြေတစ်ခုနှင့်ပင် တူနေတော့သည်။

ဒီရှေးဟောင်းနတ်ဘုရားလက်ချောင်းသည် ကျင့်ကြံခြင်းဂြိုဟ်တစ်ခုနှင့်ပင် တူနေသေး၏။ ယင်းသည် မူလလက်ချောင်း၏ တစ်ဝက်သာ ရှိတော့သော်လည်း ၎င်း၏အော်ရာကမူ အလွန်အမင်းသိပ်သည်းသည်။ ဝမ်လင်းသည် ထိုလက်ချောင်းအောက်မှ ရှေးဟောင်းနတ်ဘုရားအော်ရာကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်သည်။

လက်ချောင်းအတွင်းရှိ ထိုအော်ရာသည် အားကောင်းလွန်းသည်။ အထည်ဒြပ်ဖြစ်လုနီးပါးပင်။ သို့သော် ၎င်းအော်ရာကို စုပ်ယူ၍ မရနိုင်လောက်ပေ။ အကြောင်းမှာ ထိုလက်ချောင်းအတွင်း၌ ဝါးမြိုခြင်းကို ဟန့်တားထားသော စိတ်ဆန္ဒအမျှင်တန်းတစ်ခု ရှိနေခြင်းကြောင့် ဖြစ်၏။

လက်ချောင်းအရိုးတစ်ဝက်ကို စူးစိုက်ကြည့်နေလျက် ဝမ်လင်း၏ ရှေးဟောင်းနတ်ဘုရားကြယ်များ ပေါ်လာကာ ဖြည်းဖြည်းချင်း လှည့်ပတ်သည်။ သူက ၎င်းကို စုပ်ယူရန် ကြိုးစားသည်။ သို့သော် အဆုံးသပ်တွင် ကျရှုံးသွားသည်သာ။

“ထာဆန်က သူ့ကြယ်တွေ ဒီလက်ချောင်းကို ဝါးမြိုနိုင်ဖို့အတွက် အလွန်အစွမ်းထက်တဲ့ မန္တာန်တစ်ခုကို အသုံးပြုခဲ့တယ်။ သူက တတိယအဆင့်ကျင့်ကြံသူတွေကိုတောင် သူ့ ကြယ်ထဲ ဝါးမြိုပစ်နိုင်တယ်။ ဒါပေမဲ့ ဒီလက်ချောင်းရဲ့ ရှေးဟောင်းနတ်ဘုရားအော်ရာအတွင်းမှာ စိတ်ဆန္ဒတစ်ခု ရှိနေတယ်။ ဒါ့ကြောင့် သူ့အတွက် ဒါကို ဝါးမြိုနိုင်ဖို့ လွယ်လိမ့်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း ဒါဟာ ငါ့မှာ ဒီအော်ရာကို ဝါးမြိုနိုင်ဖို့ နည်းလမ်းလုံးဝ မရှိဘူးလို့ မဆိုလိုဘူး…”

ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်လာ၏။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့သိုလှောင်နေရာလွတ်ထံ နောက်တစ်ကြိမ် ဆန့်ထုတ်လိုက်သည်။

အလင်းတစ်ခု ဖျပ်ခဲ ပေါ်လာကာ လကလန်မှ အဘိုးအို၏မူလစိတ်ဝိညာဉ်နှင့်အတူ စိတ်ဝိညာဉ်ကျာပွတ် ပျံသန်းထွက်လာပြီး ဝမ်လင်းရှေ့မှောက်သို့ ရောက်သည်။

ဆံဖြူအဘိုးအို၏ မျက်လုံးမှာ မှိတ်လျက် ရှိသည်။ သူ့မျက်ခုံးနှစ်ခုကြားရှိ လခြမ်းကွေးအမှတ်အသားသည် မှိန်ဖျော့ဖျော့ လင်းနေကာ စိတ်ဝိညာဉ်ကျာပွတ်ကို ခုခံသည်။

“လကလန်က ဒီရှေးဟောင်းလက်ချောင်းအရိုးကို ပိုင်ဆိုင်ထားမှတော့ သူတို့မှာ ဒါကို အသုံးပြုနိုင်တဲ့ နည်းလမ်းအချို့ ရှိရမယ်…” ဝမ်လင်း၏အကြည့်က ဆံဖြူအဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်သို့ ကျရောက်သွားသည်။

ထိုသူ၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မား၏။ သူက အဇူရာနဂါးအင်ပါယာနှင့်ပင် ယှဉ်နိုင်လုနီးနီး ဖြစ်ကာ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်သို့ ရောက်လုနီးနီးပင်။ ဝမ်လင်းသည် ဟိုးလွန်ခဲ့သောအချိန်ကသာ သူနှင့် တွေ့ဆုံရပါက သူသည် ထိုသူ၏ပြိုင်ဘက် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။

သို့ရာတွင် ထိုလူသည် ထာဆန်၏အစွမ်းထက်တိုက်ခိုက်မှုများကို မယှဉ်နိုင်ခဲ့သည်မှာ သိသာပေ၏။ သူသည် ထာဆန်ကြောင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့၏။ ထို့နောက် လက်ချောင်း နှစ်ပိုင်းကွဲသွားချိန်၌ ရှေးဟောင်းနတ်ဘုရားအော်ရာ၏ တုန်ခါလှိုင်းကြောင့် သူ့ခန္ဓာကိုယ်ပါ ပျက်စီးသွားခဲ့ရသည်။

သူ့မူလစိတ်ဝိညာဉ်သည်ပင် ဒဏ်ရာအပြင်းအထန် ရသွားသည့်အတွက် ဝမ်လင်းက သူ့ကို ဖမ်းဆီးလိုက်နိုင်သည့် အခွင့်အရေးကို ရသွားခဲ့ခြင်းပင်။

သို့ပေမည့် ထိုအဘိုးအိုမှာ အလွန်အစွမ်းထက်လှသည်။ သူ့မူလစိတ်ဝိညာဉ်မှာ အစစ်အမှန်ခန္ဓာကိုယ်ကဲ့သို့ အထည်ဒြပ် ဖြစ်လာခဲ့သည်။ စိတ်ဝိညာဉ်ကျာပွတ်က မူလစိတ်ဝိညာဉ်များအပေါ် သိသိသာသာ သက်ရောက်နိုင်စွမ်းသာ မရှိပါက ဝမ်လင်းသည် သူ့ကို အခုလို ချိပ်ပိတ်ထားနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

ဆံဖြူအဘိုးအို၏ မူလစိတ်ဝိညာဉ်ကို စူးစိုက်ကြည့်နေရင်း ဝမ်လင်းသည် သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေကာ လက်ညွှန်လိုက်သည်။ စိတ်ဝိညာဉ်ကျာပွတ်သည် ချက်ခြင်းပင် နက်မှောင်သောအလင်းကို ထုတ်လွှတ်ကာ ကျုံ့သွား၏။ အဘိုးအို၏မူလစိတ်ဝိညာဉ်မှာ တုန်ယင်လျက် သူ့မျက်နှာသည် နာကျင်ဟန် ပေါ်သည်။ သူက မျက်လုံးဖွင့်လာကာ ဝမ်လင်းကို အေးစက်စက် ကြည့်လိုက်သည်။

“မင်းက ကြယ်ခြောက်လုံးရှေးဟောင်းနတ်ဘုရားအဆင့်ပဲ ရှိတာ။ ငါ့လကလန်ဟာ မင်းလိုလူမျိုး များစွာကို သတ်ပစ်ခဲ့ပြီးပြီး။ မင်းက ဒီအဘိုးအိုရဲ့မူလစိတ်ဝိညာဉ်ကို ဖမ်းနိုင်ခဲ့ရင်တောင် မင် ဘာလုပ်နိုင်မှာမလို့လဲ။ ဒီအဘိုးအိုရဲ့မူလစိတ်ဝိညာဉ်ဟာ အထည်ဒြပ်ဖြစ်နေခဲ့ပြီ။ မသေနိုင်တော့ဘူး…”

အဘိုးအိုသည် ညစ်ပြုံးပြုံးကာ မျက်လုံးပြန်မှိတ်သွား၏။ သူက ဝမ်လင်းကို အာရုံစိုက်မတော့ဘဲ သူ့မူလစွမ်းအင်ကို အသုံးပြုရန် ကြိုးစားလိုက်သည်။ သို့ရာတွင် စိတ်ဝိညာဉ်ကျာပွတ်ကြောင့် အရာရာမှာ သူ့အတွက် ချိပ်ပိတ်ခြင်း ခံထားရပေသည်။

ဝမ်လင်းသည် စကားမဆိုပေ။ သူ့ညာလက်ကိုသာ ဝေ့ယမ်းလိုက်၏။ သွေးအလင်းဖျပ်ခနဲလင်းလက်ကာ သွေးဓား ပေါ်လာသည်။ သူက အဘိုးအို၏မူလစိတ်ဝိညာဉ်ကို ထိုသွေးဓားဖြင့် ခပ်ကြမ်းကြမ်း ထိုးစိုက်ချလိုက်သည်။

သွေးဓားသည် ထိုအဘိုးအို၏မူလစိတ်ဝိညာဉ်ကို တိုက်ရိုက်ထွင်းဖောက်သွားသည်။ သူက နာကျင်စွာ ဟစ်အော်လိုက်ရ၏။ သူ ရုတ်တရက် မျက်လုံးဖွင့်လာကာ ဝမ်လင်းကို စိမ်းစိမ်းကြည့်သည်။ အဘိုးအိုသည် အော်ဟစ်နေရစဉ် ဝမ်လင်းက သွေးဓားကို ပင့်မြှောက်ကာ အဘိုးအို၏မူလစိတ်ဝိညာဉ် ပွင့်ဟသွားအောင် ခုတ်ပိုင်းချသည်။

သူ့မူလစိတ်ဝိညာဉ်၏ အဆီအနှစ်များစွာ ထုတ်လွှတ်သွားပြီး ဝမ်လင်းက ၎င်းတို့ကို ဝါးမြိုပစ်သည်။

“ငါက မင်းကို မသတ်နိုင်ဘူးဟုတ်လား။ ကျွန်ကလန်ဝင်ကများ ဒီလောက် မောက်မာဝံ့တယ်ပေါ့…” ဝမ်လင်း၏အသံသည် အေးစက်နေ၏။ သူက လက်ထဲရှိ သွေးဓားကို ထပ်မံ ဝေ့ယမ်းကာ အဘိုးအို၏မူလစိတ်ဝိညာဉ်ကို ဖြတ်တောက်ပြန်သည်။ အဘိုးအိုသည် ပိုနာကျင်စွာ ဟစ်အော်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်နေသည်။ သူက ဝမ်လင်းလက်ထဲရှိ သွေးဓားကို စူးနစ်စွာ ကြည့်၏။ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှုတို့ ပြည့်လာသည်။

“ဒါက…ဒါက ဘယ်လိုဓားမျိုးလဲ…”

ဝမ်လင်းသည် သူ့အမေးကို ပြန်မဖြေပေ။ သူ့အမူအရာမှာ မထူးခြားနားဟန်ဖြင့်သာ ရှိနေ၏။ သူက လက်ထဲရှိ သွေးဓားဖြင့် အဘိုးအို၏မူလစိတ်ဝိညာဉ်ထံ ဝေ့ယမ်းသည်။ အဘိုးအို၏အော်ဟစ်သံများသည် အချိန်ကြာလာသည်နှင့်အမျှ ပိုအားပျော့လာသည်။ သူသည် ဝမ်လင်း၏ ရည်ရွယ်ချက်ကို ခပ်ရေးရေး ခန့်မှန်းမိသွား၏။ သူ စတင် ထိတ်ပျာကြောက်လန့်လာသည်။

ဝမ်လင်းသည် သူ့ကို သတ်ပစ်ရန် မဟုတ်ဘဲ ဆက်တိုက်အားနည်းသထက် အားနည်းအောင် လုပ်ပေမည်။ စိတ်ဝိညာဉ်ကျာပွတ်ကြောင့်လည်း သူက ပြန်မကောင်းနိုင် ဖြစ်နေ၏။ သူက သူ့မူလစိတ်ဝိညာဉ်အဆီအနှစ်များ စိမ့်ထွက်နေလျက်ဖြင့် ကြောက်လန့်၍သာ ကြည့်နေနိုင်တော့သည်။

နာရီများစွာ ကုန်လွန်ပြီးနောက် အဘိုးအိုသည် အကန့်အသတ်တစ်ခုထိ အားနည်းလာခဲ့၏။ သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်အားလုံးမှာ စိမ့်ထွက်လာပြီး သူ့မူလစိတ်ဝိညာဉ်မှာ ဒဏ်ရာများ ပြည့်ဖုံးသည်။ သွေးဓားသည် စုပ်အားတစ်ခု ပါဝင်ကာ သူ့အသက်ဓာတ်ကိုလည်း ဓားချက်တိုင်း၌ စုပ်ယူနေ၏။ နာကျင်ရရုံတင်မကဘဲ သူသည် သေလုမြောပါး ဖြစ်လာရ၏။

ထိုအခိုက်အတန့်၌ ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သည်။ သူက သွေးဓားကို ပြန်ရုတ်သိမ်းကာ သူ့ညာလက်ကို အဘိုးအို၏မူလစိတ်ဝိညာဉ်ပေါ်သို့ ဖိနှိပ်လိုက်သည်။ သူ့နတ်ဘုရားအာရုံ ထိုးထွက်လာ၏။ သူက ထိုအဘိုးအို၏စိတ်ဝိညာဉ်ကို စတင်ရှာဖွေလေသည်။

ထိုအခါ အဘိုးအို၏ အားနည်းသွားသောအော်သံမှာ ကျယ်လောင်လာတော့၏။ သူ့ခန္ဓာကိုယ်မှာ တုန်ရီလျက် သူသည် အရူးအမူး ခုခံသည်။ သို့ပေမည့် သူ စတင်ခုခံလိုက်သည်နှင့် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ သွေးဓား ထပ်မံ ပေါ်လာ၏။ ၎င်းက အဘိုးအို၏မူလစိတ်ဝိညာဉ်ကို တိုက်ရိုက် ထွင်းဖောက်သည်။

အဘိုးအို၏ခန္ဓာကိုယ်မှာ အပြင်းအထန် တုန်ယင်နေ၏။ သူ့ခံနိုင်ရည်မှာ ပြိုပျက်ရသည်။ သူ့မျက်လုံးသည် မှိန်ဖျော့လာကာ သူ့ခန္ဓာကိုယ်သည် ဝေဝါးလာ၏။ သူက အချိန်မရွေး ပျက်စီးသွားတော့မည့်အလား။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက သူ့ညာလက်ကို မြှောက်၏။ သူ့အမူအရာသည် အလေးအနက် ဖြစ်လာသည်။

ဆံဖြူအဘိုးအို၏ မူလစိတ်ဝိညာဉ်မှာ ခုချိန်တွင် လုံးဝ ဝေဝါးနေပေပြီ။ ဖြည်းဖြည်းချင်းပင် စတင် ပျောက်ကွယ်နေ၏။ သို့ရာတွင် သူ ပျောက်ကွယ်နေစဉ် သွေးအလင်းတစ်ခုလင်းလက်ကာ သွေးဓားမှာ သူ့ဦးခေါင်းကို ထွင်းဖောက်ကာ သူ့အား လုံးဝ ဖျက်စီးသွားတော့သည်။

သူ သေသွားသည့်အခိုက်၌ ဆံဖြူအဘိုးအို၏မူလစိတ်ဝိညာဉ်မှာ လေနှင့်မိုးလောကအတွင်းရှိ ကုန်းမြေတစ်ခုပေါ်တွင် ပေါ်လာတော့၏။ သူက ထိုင်နေလျက် တုန်လှုပ်ဖွယ်ပမာဏရှိသော နို့နှစ်ဖြူရောင်အော်ရာတစ်ခုကို ပေးစွမ်းလေသည်။

“လကလန်ဟာ အတော်လေး ကြီးမားတာပဲ။ ထာဆန်နဲ့ငါ ဖျက်စီးလိုက်တဲ့အုပ်စုဟာ ကလန်ခွဲတစ်ခုအဆင့်လောက်ပဲ ရှိသေးတယ်။ ဒီရှေးဟောင်းကြယ်အဖွဲ့အစည်းမှာ လကလန်ဟာ နောက်ထပ်ကလန်ခွဲသုံးခုကျော်လောက် ရှိနေတုန်းပဲ။ ပင်မကလန်မှာ လကလန်ရဲ့ဘိုးဘေး ရှိနေတယ်။ ဒီလူဟာ တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်တယ်…”

“ဒီအဘိုးအိုက အုပ်စိုးသူကို သူ့ဘဝမှာ လုံးဝ မမြင်တွေ့ခဲ့ဖူးဘူး။ သူက ဟိုးလွန်ခဲ့တဲ့အချိန်တွေတုန်းက အုပ်စိုးသူ အတွင်းနယ်မြေကနေ ဒဏ်ရာအပြင်းအထန် ရပြီး ပြန်ပြေးလာခဲ့ပြီး ဆန်းကြယ်တဲ့နေရာတစ်ခုမှာ ဒဏ်ရာကုသနေတယ်လို့ပဲ သိထားတယ်…”

“တာအိုသခင်အိပ်မက်ပြာရဲ့ စကားတွေနဲ့ပါ ဆက်စပ်ကြည့်လိုက်ရင် ဒီအချက်ဟာ ဖြစ်နိုင်နေပြီ။ ဒီအုပ်စိုးသူဆိုတဲ့သူဟာ သူ့ဒဏ်ရာတွေကြောင့် တံခါးပိတ်ကျင့်ကြံနေတာပဲ။ ငါ့အနေနဲ့ သူ ဘယ်လောက်ထိ ပြန်ကောင်းနေပြီလဲတော့ မသိနိုင်ဘူး…”

ဝမ်လင်း၏ မျက်လုံးသည် အေးစက်လာ၏။ သူက ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။

“ထွက်ခွာဖို့ အချိန်ကြပြီ။ ဝတ်စုံဖြူအမျိုးသမီးက အခုထိ အဲ့နေရာမှာ စောင့်နေအုံးမှာ သေချာတယ်…”

***

All Chapters