← Chapters

ပြန့်ကြဲမိုးကြိုးကလန်၏ အဆင့်သတ်မှတ်ချက်

Vol. 101 Ch. 1382

ပြန့်ကြဲမိုးကြိုးကလန်၏ အဆင့်သတ်မှတ်ချက်

Vol. 101 Ch. 1382

ထိုအဘိုးအိုသည် ဝမ်လင်းကို တိုက်ရိုက်စူးစိုက်ကြည့်နေ၏။ သူက သူ့ကြောက်ရွှံ့မှုကို ဖုံးကွယ်မထားနိုင်ပေ။ သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်ဟန် ဖြစ်နေသည်။ သူက တံခါးပိတ်ကျင့်ကြံနေရုံသာ ဖြစ်၍ သူ သတိမပြုမိဘဲ လှိုဏ်ဂူတံခါးသည် ပွင့်ဟလာခဲ့ခြင်းပင်။

သူ နှစ်ပေါင်းရာချီ ကျင့်ကြံမှုအတွင်း အခုလိုမျိုး အံ့ဖွယ်ဆန်းကြယ်မှုမျိုးကို လုံးဝ မကြုံဖူးခဲ့ပေ။ သူ့ အရေပြားကိုပါ ကြက်သီးထသွားစေသည်က လှိုဏ်ဂူအတွင်းသို့ လှမ်းဝင်လာသူမှာ သူနှင့် ရင်းနှီးလှသော ပုံရိပ်တစ်ခု ဖြစ်နေတာပင်။

သည်လှိုဏ်ဂူ၌ အတားအဆီးများစွာ ရှိ၏။ အချို့မှာ အရင်ကတည်းက ရှိပြီး အများစုမှာ သည်အဘိုးအို နှစ်ပေါင်းများစွာ ချခင်းထားသော အတားအဆီးများပင်။ ယင်းတို့အားလုံး အသက်ဝင်သည်နှင့် အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူဆို ကျိန်းသေပေါက် သေရပေလိမ့်မည်။ စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများပင်လျှင် အနည်းငယ်မျှ သတိချွတ်ချော်သွားသည်နှင့် ဒဏ်ရာအပြင်းအထန် ရသွားနိုင်ပေမည်။

သို့သော် ခုချိန်၌ သူက သည်အတားအဆီးများ လင်းလက်အသက်ဝင်မှုအောက်တွင်ပင် အေးအေးဆေးလျှောက်လှမ်းလာနေသော ရင်းနှီးသောပုံရိပ်ကို ကြည့်နေမိပေ၏။

ထိုအခိုက်အတန့်တွင် အဘိုးအို၏ဦးရေပြားမှာ ထုံထိုင်းသွားမိ၏။ တစ်ဖက်လူ၏ အေးစက်စက်အကြည့်က သူ့စဦးစိတ်ဝိညာဉ်ကိုပါ နာကျင်သွားစေသည်။ ထိုအကြည့်က သူ့ခန္ဓာကိုယ်ကိုပါ ထွင်းဖောက်သွားသည့်အလား။ သူ့စဦးစိတ်ဝိညာဉ်ပင် မလွတ်မြောက်နိုင် ဖြစ်ရသည်။

ထိုလူ့ထံမှ ပြင်းထန်သောဖိအားတစ်ခု ထွက်ပေါ်နေ၏။ သူ့ခြေလှမ်းတိုင်းသည် သူ့စဦးစိတ်ဝိညာဉ်ကို ချနင်းပစ်နေသည့်အလား။ အဘိုးအို၏မျက်နှာသည် ချက်ခြင်းဖြူရော၏။ ထို့နောက် သူ သွေးအန်ထုတ်လိုက်ရသည်။ သူက ထိုင်လျက် တွားသွားကာ ကြောက်လန့်တကြား နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိ၏။ သူ ထရပ်ရန်ပင် အချိန်မရ ဖြစ်သွား၏။

“ယု…ယုဖေ…”

ဝမ်လင်းသည် အတားအဆီးအလွှာများကို ဖြတ်ကာ လှိုဏ်ဂူအတွင်း ဝင်ရောက်လာခဲ့ပေပြီ။ သူ့အကြည့်က စဦးစိတ်ဝိညာဉ်အဆင့်ဂျူနီယာထံ ကျရောက်သွားပြီးနောက် ဒီလှိုဏ်ဂူကို သေချာ့လေ့လာကြည့်သည်။

ထိုလှိုဏ်ဂူသည် မသေးငယ်လှပါ။ ကျောက်တုံးအခန်း ခြောက်ခန်းရှိကာ တောင်ကြားကို ဖြတ်သန်းသွား၏။ ထို့အပြင် တောင်ကြားထံ ဦးတည်နေသည့် လမ်းငယ်တစ်ခုလည်း ရှိနေသေးသည်။

ရေစီးသံများပါ ကြားရနိုင်၏။ မြစ်ရေသည် တောင်ကြားဆီ စီးဆင်းနေသည်။ သည်လှိုဏ်ဂူတွင် မွှေးရနံ့တစ်ခုလည်း ပြည့်နှက်နေသည်။ ဒီနေရာတွင် စိတ်ဝိညာဉ်ဆေးပင် တော်တော်များများ ပေါက်ရောက်နေသည်မှာ သိသာသည်။

ထိုလှိုဏ်ဂူသည် အဖုအထစ်များ ကင်း၏။ ကျောက်သားနံရံများသည် အလွန်ချောမွတ်သည်။ ကြေးမုံများအလား။ သည်လှိုဏ်ဂူမျက်နှာကြက်တွင် အစီအရင်တစ်ခု ဖြည်းဖြည်းချင်း လှည့်ပတ်နေ၏။ ၎င်းအစီအရင် အသက်ဝင်သည်နှင့် လှိုဏ်ဂူနံရံမှာ ဝေဝါးသွားပြီး လှိုဏ်ဂူအတွင်းကနေ အပြင်ဘက်ကို လှမ်းမြင်ရနိုင်သည်။

စဦးစိတ်ဝိညာဉ်အဘိုးအို၏ နှလုံးသားမှာ ခုန်ပေါက်နေ၏။ သူက လှုပ်ပင် မလှုပ်ဝံ့ချေ။ သူ့မျက်လုံးထဲရှိ မယုံကြည်နိုင်မှုသည် အားကောင်းနေဆဲပင်။ သူ့အမြင်တွင် ဝမ်လင်းသည် ဤလှိုဏ်ဂူ၏ ပိုင်ရှင်တစ်ယောက်ဖြစ်ကာ အေးဆေးစွာ လှည့်ပတ်ကြည့်နေဟန် တူနေ၏။

ဝမ်လင်းသည် လှိုဏ်ဂူမျက်နှာကြက်ကို မော့ကြည့်လိုက်သည်။

သူ ခေါင်းမော့လိုက်ချိန်၌ စဦးစိတ်ဝိညာဉ်အဘိုးအို၏မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် ဖြစ်ပေါ်သွား၏။ သူက တဟုန်ထိုး ဝင်ရောက်လာသည်။ သူက စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူများ အသုံးပြုနိုင်သော တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ခြင်းပင်။

တည်နေရာရွှေ့ပြောင်းခြင်းအစွမ်းသည် စဦးစိတ်ဝိညာဉ်နှင့် အမြုတေဖွဲ့တည်ခြင်းအဆင့်ကြား အသိသာဆုံး ကွာဟမှု ဖြစ်၏။ တည်နေရာရွှေ့ပြောင်းခြင်းအစွမ်း ပိုင်ဆိုင်ထားသော စဦးစိတ်ဝိညာဉ်အဆင့်မွန်းစတားအိုတစ်ယောက်သည် အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူများထက် အစများစွာ ပိုအစွမ်းထက်ပေ၏။

သူက ဝမ်လင်းနောက်သို့ ဖျပ်ခနဲ ပေါ်လာ၏။ ထို့နောက် သူ့ပါးစပ်ကို ဟလိုက်ရာ အစိမ်းရောင်အလင်းတန်းတစ်ခု ထိုးထွက်သွားသည်။ ထိုအစိမ်းရောင်အလင်းတန်းထဲ၌ မိုးကြိုးတန်းတစ်ခု ပါဝင်သည်။ ထိုမိုးကြိုးထံမှ တစ္ဆေငြီးသံများပါ ထွက်ပေါ်လျက် ၎င်းသည် ဝမ်လင်းထံ တိုက်ရိုက် တိုးဝင်သွားသည်။

အဘိုးအိုက ရလဒ်ကို ကြည့်ပင် မကြည့်နိုင်ချေ။ သူ့အသက်ကယ်ရတနာကို အသုံးပြုလိုက်ပြီးနောက် သူသည် ဒီလှိုဏ်ဂူမှ ထွက်ပြေးနိုင်ရန် တည်နေရာရွှေ့ပြောင်းခြင်းကို ထပ်မံ အသုံးပြုသည်။

သို့ပေမည့် သူ ထွက်ပြေးလိုက်ရုံ ရှိသေး သူ့မျက်လုံးသည် ပြူးကျယ်သွား၏။ သူသည် လေထဲတွင် အေးခဲသွားသည်။ သူ့မျက်နှာထက်မှ အေးစက်စက်ချွေးစေးများ စီးကျလာသည်။ သူ့နောက်တွင် ရှိသင့်သော ဝမ်လင်းသည် ရုတ်တရက်ကြီး သူ့ရှေ့တွင် ပေါ်လာကာ သူ့ကို အေးစက်စက် ကြည့်နေလေ၏။

“ငါ မင်းကို သွားခွင့်ပြုလို့လား…” ဝမ်လင်းက သူ့လက်နှစ်ချောင်းဖြင့် ထိုအစိမ်းရောင်မိုးကြိုးတန်းကို ကိုင်ထားသည်။ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ အဘိုးအို၏ခန္ဓာကိုယ်သည် နောက်ပြန်လွင့်စင်ထွက်သွားသည်။ သူက သွေးအပြည့် အန်ထုတ်လိုက်ရ၏။ သူသည် လှိုဏ်ဂူနံရံနှင့် သွားစောင့်သည်။ သူ့မျက်လုံးထဲတွင် အလွန်အမင်းကြောက်လန့်မှု ပြည့်နေလျက် အလန့်တကြား ဆိုသည်။ “မင်း…မင်းက ဘယ်လိုလုပ် အခုလောက် အစွမ်းထက်လာရတာလဲ…”

ဝမ်လင်းသည် သူ့လက်နှစ်ချောင်းကို ညှပ်လိုက်ရာ အစိမ်းရောင်မိုးကြိုးတန်းသည် ချက်ခြင်း သဲလွန်စမရှိ ပျောက်ကွယ်သွားလေ၏။

ထိုမြင်ကွင်းကာ အဘိုးအို၏စိတ်ကို တူဖြင့် ထုချလိုက်သကဲ့သို့ပင်။ သူ့မျက်နှာ ပိုဖြူရောလာ၏။ သူ့စဦးစိတ်ဝိညာဉ်ပါ ပိုအားနည်းလာသည်။ သူ့ပါးစပ်ထောင့်မှ သွေးနက်များ စီးကျလာ၏။

“မင်း ငါ့ကို မသတ်နိုင်ပါဘူး။ ဒီကလန်မှာ သတ်ဖြတ်တာကို ခွင့်မပြုထားဘူး။ မင်း ငါ့ကို သတ်ခဲ့ရင် မိသားစုရဲ့ အကြီးအကဲက မင်းကို…” အဘိုးအိုသည် ကြောက်လန့်မှုနှင့် ပြည့်နေ၏။ ဝမ်လင်း၏ခွန်အားသည် သူစိတ်ကူးနိုင်သည်ထက် ပိုနေ၏။ သူက အမြုတေဖွဲ့တည်ခြင်းအဆင့်က သူ့ကို ဆန္ဒရှိသလို အနိုင်ကျင့်နိုင်မည်ဟု လုံးဝ မတွေးထားဖူးခဲ့ပေ။

သို့ပေမည့် သူ့စကား မဆုံးခင်မှာပင် ဝမ်လင်း၏နတ်ဘုရားအာရုံသည် ပျံ့နှံ့လာကာ မမြင်ရသောဧရာမလက်တစ်ဖက်အဖြစ် ပြောင်းကာ အဘိုးအို၏ ဦးခေါင်းထက် ဖိနှိပ်လာပြီး သူ့စိတ်ဝိညာဉ်ကို ရှာဖွေလေသည်။

ထိုစဦးစိတ်ဝိညာဉ်အဆင့် အဘိုးအို၏မှတ်ဉာဏ်များကို ကြည့်ရှုပြီးနောက် ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်သွားကာ သူသည် စတင် စဉ်းစားကြည့်သည်။

သူက ပြန့်ကြဲမိုးကြိုးကလန်၏ လူများကို မသတ်ခဲ့ပေ။ သို့သော် သူက ရရှိခဲ့သော မှတ်ဉာဏ်များအရ သူသည် ပြန့်ကြဲမိုးကြိုးကလန်အပေါ် အတော်အတန် နားလည်သဘောပေါက်လာ၏။

“သူတို့က ပြန့်ကြဲနေထိုင်ကြတဲ့ ဒီနည်းလမ်းကို အသုံးပြုကြတာပဲ။ ဒါက သူတို့ကို တိုက်ခိုက်ဖို့ သင်ယူနိုင်တာ၊ အားကြီးသူနိုင်စတမ်း ဥပဒေသကို သိလာဖို့၊ မျိုးဆက်သစ်ခေါင်းဆောင်တွေကို မွေးဖွားလာစေဖို့အတွက် ဖြစ်လာစေတယ်…”

“ကလန်ဝင်တော်တော်များများ နေထိုင်ကြတဲ့ မိခင်ဂြိုဟ်သုံးခုကလွဲလို့ ကျန်တဲ့ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်သုံးခုမှာ ကလန်ဝင်တွေဟာ လက်တွေ့မြေပြင်စမ်းသပ်မှုတွေ ရှိနေကြတယ်။ နှစ်တစ်ရာကြာတိုင်း မြင့်မြတ်နယ်မြေကို ဝင်ဖို့အတွက် နေရာတစ်ခု သတ်မှတ်ပြီး ဒီကျင့်ကြံခြင်းဂြိုဟ်ဆယ့်သုံးခုလုံးရဲ့ လူတိုင်းဟာ ဒီနေရာအတွက် တိုက်ခိုက်ဖို့ လိုအပ်ကြတယ်…”

“သူတို့က မြင့်မြတ်တဲ့နယ်မြေထဲ ဝင်ရောက်နိုင်တာနဲ့ ထာဝရမိုးကြိုးနဲ့ ကိုယ်တိုင်ကိုယ်ကျ ဆက်နွှယ်မှု ပြုလာနိုင်ပြီး သူတို့ရဲ့ အမှတ်အသားဟာလည်း ပိုမိုအစွမ်းထက်လာလိမ့်မယ်။ ဒါဟာ မြင့်မြတ်နယ်မြေထဲ ဝင်ရောက်နိုင်တဲ့ လူတိုင်းရဲ့ စွမ်းအားကိုလည်း များစွာ တိုးတက်စေနိုင်တယ်…”

“နောက်ထပ်ပြိုင်ပွဲ ကျင်းပဖို့အတွက် ခုနစ်နစ်ပဲ လိုတော့တယ်။ ဒါပေမဲ့ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ သူတို့ကလန်ဝင်တွေကို ယှဉ်ပြိုင်စေတဲ့ နည်းလမ်းဟာ စိတ်ဝင်စားစရာပဲ။ ဒီပြိုင်ပွဲက ကျင့်ကြံခြင်းအဆင့် ဒါမှမဟုတ် တိုက်ပွဲစွမ်းရည်အပေါ် မမှီခိုဘဲ မိုးကြိုးသလင်းကျောက်တွေနဲ့ပဲ သက်ဆိုင်နေတယ်…”

“ဒီခုနစ်နစ်အတွင်းမှာ မိုးကြိုးသလင်းကျောက်အများဆုံး ရတဲ့သူဟာ မြင့်မြတ်တဲ့ကုန်းမြေကို ဝင်ခွင့် ရလိမ့်မယ်။ ဒါဟာ ငါလက်လွှတ်ပေးလို့ မဖြစ်တဲ့ အခွင့်အရေးတစ်ခုပဲ။ ငါသာ မြင့်မြတ်တဲ့ကုန်းမြေထဲ ဝင်ရောက်နိုင်ရင် ထာဝရမိုးကြိုးကို စုပ်ယူနိုင်ပြီ…” အဘိုးအို၏မျက်ခုံးကြားရှိ မိုးကြိုးအမှတ်အသားသည် တလက်လက် ဖြစ်ကာ ကျောက်စိမ်းပြားတစ်ခု ပျံသန်းထွက်လာ၏။

သည်ရှေးဟောင်းကြယ်အဖွဲ့အစည်းမှ လူများသည် သိုလှောင်အိတ်အသုံးပြုခဲ၏။ သူတို့၏မျက်ခုံးနှစ်ခုကြားမှ အမှတ်အသားတွင် သိုလှောင်နေရာလွတ်တစ်ခုပါ ပါဝင်ကာ အတွင်း၌ အရာရာကို နေရာချထား၍ ရသည်။

လက်ထဲတွင် ကျောက်စိမ်းပြားကို ကိုင်ထားလျက် ဝမ်လင်းက ၎င်းပေါ်ရှိ နတ်ဘုရားအာရုံကို မထိခိုက်စေဘဲ အတွင်းရှိ ပါဝင်မှုများကို လွယ်လင့်တကူ တွေ့မြင်နိုင်သည်။

ထိုကျောက်စိမ်းပြားတွင် အမြဲတမ်း အသက်ဝင်နေသော အစီအရင်တစ်ခု ပါရှိကာ လောကနှင့်တသားတည်း ပေါင်းစည်းနေ၏။ ကျောက်စိမ်းပြားအတွင်းရှိ အချင်းအရာများသည် အမြဲတစေ ပြောင်းလဲနေသည်။ ၎င်းသည် အဆင့်သတ်မှတ်ချက်စာရင်းတစ်ခု ဖြစ်၏။

ထိုစာရင်းတွင် နာမည်ပေါင်း ရှစ်ရာ ပါဝင်၏။ နာမည်တစ်ခုစီ၏နောက်တွင် နံပါတစ်ခုစီ ရှိကြသည်။ ထိုနံပါတ်များသည် မိုးကြိုးသလင်းကျောက်များကို ကိုယ်စားပြုပေသည်။

ပြန့်ကြဲမိုးကြိုးကလန်၌ လူရှစ်ရာမက ရှိသည်မှာ ထင်ရှားပေသည်။ သို့သော် ထိုအဆင့်သတ်မှတ်ချက်စာရင်းတွင်မူ ထိပ်ဆုံးရှစ်ရာသာ ဝင်ရောက်နိုင်သည်။

ဝမ်လင်းသည် ထိပ်ဆံးရှိနာမည်ကို ကြည့်ကာ မျက်မှောင်ကြုတ်သွားသည်။ မိုးကြိုးသလင်းကျောက်ပေါင်း (၁၉၀၀,၀၀၇,၀၀၀)။ ထိုထိပ်ဆုံးရှိလူ၏ အမည်မှာ အရှင်ထင်းရှုး ဖြစ်၏။

“(၁၃၀၀,၀၀၉,၀၀၀) မိုးကြိုးသလင်းပေါင်း…” အဆင့်နှစ်ရှိ လူ၏အမည်ကတော့ ကြာပွင့် ဖြစ်၏။

ထိုစာရင်းကို မြန်မြန်ဆန်ဆန် ကြည့်ရှုလိုက်ပြီးနောက် အဆင့်ရှစ်ရာသည်ပင် မိုးကြိုးသလင်းပေါင်း လေးသိန်းကျော် ပိုင်ဆိုင်ထားပေသည်။ လှိုဏ်ဂူအတွင်းရှိ သည်အဘိုးအိုကတော့ မိုးကြိုးသလင်းပေါင်း ခုနစ်သောင်းသာ ပိုင်ဆိုင်ထားသဖြင့် သူ့ပိုင်ဆိုင်မှုမှာ ပမွှားဟု ဆိုနိုင်၏။

မိုးကြိုးသလင်းကျောက်များသည် နာမည်တစ်ခု၊ သို့တည်းမဟုတ် အရာတတ္ထုများ မဟုတ်ကြပါ။ ယင်းတို့ကို ရရှိဖို့ နည်းလမ်းအထွေထွေ ရှိသည်။ အမြန်ဆုံးနည်းလမ်းသည် ပြန့်ကြဲမိုးကြိုးကလန်ကို ဆက်ကြေးသဘောမျိုး ပေးခြင်းပင်။ မန္တာန်များ၊ဆေးလုံးများ၊ ဆေးဝါးပစ္စည်းများ၊ အပူဇော်ခံမီးတောက်များ စသဖြင့် အရာများနှင့် သူတို့သည် မိုးကြိုးသလင်းကို လဲလှယ်နိုင်ကြသည်။

အပူဇော်ခံမီးတောက်သည် အမြင့်ဆုံး ဖြစ်ကာ ကျန်သည့်အရာများသည် အဆင့်သတ်မှတ်ချက်ပေါ် မူတည်သည်။

အခုလိုသဘောမျိုးကို တွေ့ကြုံရသည်မှာ ဝမ်လင်းအဖို့ ပထမဆုံးတော့ မဟုတ်ပေ။ နတ်ဆိုးစိတ်ဝိညာဉ်ကလန်၌လည်း အလားတူ သဘောမျိုး စစ်ပွဲအကျိုးပြုမှုအမှတ်ကို အသုံးပြုခဲ့သည်ကို ဝမ်လင်း အတိတ်တုန်းက ကြုံခဲ့ဖူးသည်။ သည်နေရာတွင်တော့ မိုးကြိုးသလင်းများကို အသုံးပြုခြင်း ဖြစ်သည်။ ထိုနည်းလမ်းဖြင့် ပြန့်ကြဲမိုးကြိုးကလန်သည် ကလန်တစ်ခုလုံးကို စုဝေးစည်းရုံးနိုင်၏။ ထိုနည်းလမ်းက ကလန်ဝင်များ၏ ကျင့်ကြံမှုကို တိုးတက်စေရုံသာမက ရင်းမြစ်များစွာကိုလည်း စုဆောင်းနိုင်စေမည် ဖြစ်သည်။

“ဒါက စိတ်ဝင်စားစရာပဲ…” ဝမ်လင်း၏မျက်လုံးသည် တလက်လက် ဖြစ်နေ၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ အဘိုးအို၏မျက်ခုံးကြားမှ မိုးကြိုးအမှတ်အသားသည် လုံးဝ အသက်ဝင်လာကာ အတွင်းရှိ အရာအားလုံးမှာ ဝမ်လင်း၏ ယူဆောင်ခြင်း ခံလိုက်ရသည်။

ဝမ်လင်းသည် ထိုအဘိုးအိုကို မသတ်ပေ။ သူက ပြန့်ကြဲမိုးကြိုးကလန်သည် ကလန်ဝင်များကြား သတ်ဖြတ်ခြင်းကို တင်းကြပ်စွာ တားမြစ်ထားမှန်း သိ၏။ လူသတ်မှုတစ်ခုဖြစ်သည်နှင့် တစ်စုံတစ်ယောက်သည် စုံစမ်းစစ်ဆေးရန် ရောက်လာပေလိမ့်မည်။

ဝမ်လင်းက ထိုအဘိုးအိုကို ဆက်၍ အာရုံစိုက်မနေတော့။ သူက လှိုဏ်ဂူအတွင်းနက်ပိုင်းထံမှ တောင်ကြားထံသို့ လှမ်းလျှောက်လာသည်။ ရေစီးသံသည် ပိုရှင်းလင်းလာ၏။ သူနှင့် သိပ်မဝေးသောနေရာတွင် မြစ်ငယ်တစ်ခု စီးဆင်းနေ၏။

မြစ်ကမ်းဘေးနှစ်ဖက်လုံးတွင် စိတ်ဝိညာဉ်ဆေးပင်အမြောက်အများ ပေါက်ရောက်နေလေ၏။ ဝမ်လင်းကို စွဲဆောင်စေဆုံးက မိုးကြိုးအငွေ့အသက် ပေးစွမ်းနေသော တောင်ကြားနံရံတွင် ပေါက်ရောက်နေသော အပင်ပင်။ ထိုအပင်သည် ခုနစ်ပေခန့် ရှိကာ အစိမ်းရောင်သစ်သီးခြောက်လုံး ရှိနေ၏။

ထိုအပင်ကို ဝမ်လင်း လေ့လာနေစဉ် အလင်းတန်းလေးခုသည် ဒီလှိုဏ်ဂူရှိ ဦးတည်လာနေ၏။ သူတို့သည် အသက်ကြီးကြီးအမျိုးသားလေးယောက် ဖြစ်သည်။ တစ်ယောက်ချင်းစီက ဓားပျံတစ်လက်စီကို စီးနင်းလာကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ စဦးစိတ်ဝိညာဉ်အလယ်အဆင့်တွင် ရှိ၏။ ထိုသူ့မျက်နှာထက်တွင် အထင်သေးဟန်တစ်ခု ရှိကာ သူ့မျက်လုံးတို့သည် အေးစက်၏။

သူ့နောက်ရှိ သုံးယောက်ထဲမှ တစ်ယောက်က ရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “ဦးလေး…ချီဇီရဲ့ လှိုဏ်ဂူဟာ ရှေ့နားလေးမှာပါ။ သူက ဒီကီလိုမီတာငါးထောင်အတွင်းရဲ့ စဦးစိတ်ဝိညာဉ်အစောပိုင်းအဆင့် မွန်းစတားအိုတစ်ယောက်ပဲ။ သူက လွန်ခဲ့တဲ့နှစ်များကတည်းက ရတနာတော်တော်များများကို လုယူခဲ့တယ်…”

စဦးစိတ်ဝိညာဉ်အလယ်အဆင့် အဘိုးအိုက ခေါင်းညိတ်လိုက်၏။ သူက ဂရုမစိုက်ဟန်ဖြင့် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “သိပ်ကောင်းတယ်။ ဒီကိစ္စပြီးရင် မင်းတို့သုံးယောက် ကောင်းကင်ဘုံမိုးကြိုးကလန်ကို ဝင်ရောက်နိုင်ပြီး မင်းတို့ရဲ့ အကျိုးဆောင်မှုအတွက် ဆုလဒ် ရလိမ့်မယ်။ ငါတို့ ကောင်းကင်ဘုံမိုးကြိုးကလန်ကို ကူညီပေးတဲ့အတွက် မင်းတို့ကို ကောင်းကောင်းဆက်ဆံပေးမှာ သဘာဝပဲ…”

အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်၏ မျက်လုံးထဲတွင် ပျော်ရွှင်ကျေနပ်သွားကြ၏။ အစောပိုင်းက စကားဆိုလိုက်သော သူက အလျင်အမြန် ကျေးဇူးတင်ကြောင်းပြကာ သူက ရယ်မောလိုက်သည်။ “ဦးလေးက ဒီရတနာတွေနဲ့ မိုးကြိုးသလင်းကျောက်တွေကို ကျိန်းသေပေါက် လဲလှယ်နိုင်စွမ်း ရှိမှာပါ။ အဲ့ကျင်ရင် မိုးကြိုးကောင်းကင်ဘုံကလန်မှာ သင့်ရဲ့အဆင့်အတန်းဟာလည်း တော်တော်မြင့်မားသွားလိမ့်မယ်…”

စဦးစိတ်ဝိညာဉ်အလယ်အဆင့်ကျင့်ကြံသူက ထိုအမြုတေအဆင့်ကျင့်ကြံသူကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “ငါက ငါ့အတွက် ဒီမိုးကြိုးသလင်းတွေကို အသုံးပြုမှာ မဟုတ်ဘူး။ ငါက ဒါတွေကို ကလန်ခေါင်းဆောင်ရှိ ပေးလိုက်မှာ။ ငါတို့ ကောင်းကင်ဘုံမိုးကြိုးကလန်‌ခေါင်းဆောင်ဟာ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်နဲ့ အတော်လေးကို နီးကပ်နေပြီ။ သိပ်မကြာခင် သူက အဆင့်သတ်မှတ်ချက်တွေထဲ ဝင်ရောက်နိုင်တော့မှာ ဖြစ်တယ်…”

သူ ထိုသို့ ပြောလိုက်သည့်နောက် အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ သုံးယောက်သည် သူ့ကို ပို၍ လေးစားသွားကြသည်။

***

All Chapters