← Chapters

စီနီယာအတွက်

Vol. 101 Ch. 1383

စီနီယာအတွက်

Vol. 101 Ch. 1383

ထိုတောင်ကြားထဲရှိ မိုးကြိုးသစ်သီးတစ်လုံးစီ၏ ပတ်လည်တွင် သေးမျှင်သောလျှပ်စီးတန်းများ ရောထွေးယှက်တင် ဖြစ်နေ၏။

“ဒါက မိုးကြိုးသစ်သီးပဲ…” ဝမ်လင်းသည် လက်ဆန့်ထုတ်လိုက်ရာ ထိုသစ်သီးများထဲမှ တစ်လုံးသည် သူ့လက်ထဲသို့ ပျံသန်းလာသည်။ သူက ထိုအစိမ်းရောင်သစ်သီးကို သေသေချာချာ ကြည့်လိုက်၏။ ၎င်းသစ်သီးတွင် မိုးကြိုးစွမ်းအားအချို့ ပါဝင်နေ၏။ ၎င်းသည် ခန္ဓာကိုယ်အတွင်းအပြင်ကို တိုးတက်စေနိုင်ပြီး မိုးကြိုးမန္တာန်များ အသုံးပြုဖို့အတွက် သာ၍ သင့်တော်ပေသည်။

“ချီဇီနဲ့ ယုဖေရဲ့ မှတ်ဉာဏ်ထဲမှာ ဒီမိုးကြိုးသစ်သီးတစ်လုံးကို မိုးကြိုးသလင်းကျောက်တစ်လုံးနဲ့ လဲလှယ်နိုင်တယ်…” ဝမ်လင်းသည် ထိုသစ်သီးကို ကြည့်ရုံသာ ကြည့်ကာ မြိုမချပေ။ ထိုအစား သူက သစ်သီးကို ခွဲချေလိုက်ရာ မိုးကြိုးတစ်ခု ပေါ်လာပြီး သူ့ညာလက်ဖြင့် သူ၏မူလစိတ်ဝိညာဉ်ထဲ စုပ်ယူလိုက်သည်။

ဝမ်လင်းသည် သူ့မျက်လုံးကို မှိတ်ကာ ထိုသစ်သီးထံမှ မိုးကြိုးစွမ်းအားကို တိတ်တဆိတ် လေ့လာနေသည်။ ခဏအကြာတွင် သူက မျက်လုံးပြန်ဖွင့်လာသည်။ သူ့မျက်လုံးထဲတွင် မိုးကြိုးနှင့် ပြည့်သည်။ သူ့အကြည့်က တောင်ကြားမှသည် လှိုဏ်ဂူအပြင်ထိ ထွင်းဖောက်သွားပြီး ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ငါက သွားလုယူတော့မလို့ပဲ။ ဒါပေမဲ့ တစ်စုံတစ်ယောက်က သူတို့ကိုယ်သူတို့ ငါ့ရှိလာကမ်းလှမ်းမယ်လို့ မထင်ထားမိဘူး…”

ထိုအခိုက်၌ အလင်းတန်းလေးခုသည် လှိုဏ်ဂူအနီးအနားသို့ ရောက်လာကြပေပြီ။ စဦးစိတ်ဝိညာဉ်အလယ်အဆင့်အဘိုးအိုပင် စကားဆိုစရာ မလိုဘဲ အမြုတေကျင့်ကြံသူများထဲမှ တစ်ယောက်သည် လှမ်းလျှောက်လာကာ အော်ပြောလိုက်သည်။ “ချီဇီ…ကောင်းကင်ဘုံမိုးကြိုးကလန် ဒီမှာ ရောက်နေပြီ။ ထွက်လာပြီး ငါတို့ကို လာနှုတ်ဆက်…”

ထိုအသံသည် လှိုဏ်ဂူအတွင်း၌ အချိန်ကြာသည့်အထိ ပဲ့တင်ထပ်နေ၏။

စဦးစိတ်ဝိညာဉ်အဆင့်အဘိုးအိုက လှိုဏ်ဂူအပြင်ဘက်ရှိ အတားအဆီးများထံ ငုံ့ကြည့်ကာ မျက်မှောင်ကြုတ်သည်။ ဝမ်လင်းအဖို့တော့ သည်အတားအဆီးများမှာ ပမွှားသာ။ သို့သော် ဤအဘိုးအိုအတွက်တော့ ယင်းအတားအဆီးများသည် အန္တရာယ်အာရုံကို ခပ်ရေးရေး ပေးစွမ်းနေပေသည်။

“ဒီချီဇီက စဦးစိတ်ဝိညာဉ်အဆင့်မွန်းစတားအို ဖြစ်လာမှတော့ သူ့ကို လျှော့တွက်လို့ မရနိုင်ဘူး။ ဒီလှိုဏ်ဂူအပြင်ဘက်က အတားအဆီးတွေဟာ မရိုးရှင်းဘူး…”

သူသည် စကားပြောဆိုလိုက်သော စောနက အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူကို ရပ်တန့်ကာ သုန်မှုန်စွာ ပြောလိုက်သည်။

“ရောင်းရင်းကျင့်ကြံသူချီ…ငါက ချိုးသဲဟိုင်ပါ…ကောင်းကင်ဘုံမိုးကြိုးကလန်ရဲ့ မြင့်မြတ်တဲ့အကြီးအကဲလေးယောက်ထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်…။ ဒီနေ့ ငါ ရောက်လာခဲ့တာဟာ ငါတို့ကလန်ခေါင်းဆောင် ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်တွေထဲကို သိပ်မကြာခင် ရောက်ရှိတော့မှာ။ ရောင်းရင်းကျင့်ကြံသူချီက လက်နက်ရတနာအချို့နဲ့ ဆေးလုံးအချို့ကို ငါ့ရှိ ပေးနိုင်မလား မေးကြည့်ချင်ပါတယ်…” သူ့အသံသည် သုန်မှုန်နေ၏။ သူသည် သူ့စဦးစိတ်ဝိညာဉ်အလယ်အဆင့် ကျင့်ကြံမှုကို သူ့အသံထဲသို့ ထည့်သွင်းထားပေသည်။

သူ့အသံ ပဲ့တင်ထပ်လာချိန်တွင် လှိုဏ်ဂူတံခါးသည် တုန်ဟည်းကာ ပွင့်ဟလာသည်။ တစ်စုံတစ်ခု အပြင်ဘက်သို့ လွင့်ထွက်လာ၏။ ၎င်းအရာမှာ မေ့မြောနေသော ချီဇီပင်။

ထိုရုတ်တရက် ပြောင်းလဲမှုသည် အမြုတေအဆင့်ကျင့်ကြံသူ သုံးယောက်ကို မင်သက်သွားစေပြီး ချိုးသဲဟိုင်၏ မျက်လုံးသူငယ်အိမ်ကို ကြုံ့သွားစေလေ၏။

“မင်းတို့ သူ့ကို လာရှာတာလား…” လှိုဏ်ဂူအတွင်းမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။ ထိုအသံနောက်တွင် ဝတ်စုံဖြူနှင့်ဝမ်လင်း ကပ်ပါလာ၏။ သူက တည်ငြိမ်စွာ ဖြည်းဖြည်းချင်း ဂူအပြင်ဘက်သို့ လှမ်းလာရင်း ဖိအားတစ်ခု မသိမသာ ပျံ့နှံ့သည်။

“မင်း…မင်းက ယုဖေပဲ…” အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူများထဲမှ တစ်ယောက်သည် ယုဖေကို အကြည့်တစ်ချက်ဖြင့်ပင် မည်သူမှန်း သိသွား၏။ သို့ရာတွင် ထိုဖိအားအောက်၌ သူ့အမြုတေမှာ တုန်ယင်သွားပြီး သူ့အသံသည် မယုံကြည်နိုင်ဟန်ဖြင့် ပြည့်နှက်သည်။

စဦးစိတ်ဝိညာဉ်အဘိုးအိုက ဝမ်လင်းကို စူးစိုက်ကြည့်၏။ သူ့စဦးစိတ်ဝိညာဉ်ပါ တုန်ယင်ကာ သူသည် မကောင်းသောခံစားချက်ကို ရနေသည်။ ဝမ်လင်းသည် နေရာတွင်ပင် ရပ်နေ၏။ သို့သော် ထိုအဘိုးအိုသည် သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်လိုက်သော်လည်း မည်သည့်အရာကိုမျှ မတွေ့ရပေ။ ထိုလူသည် တည်ရှိမနေသည့်အလား။

သူက ထိုခံစားချက်ကို သူ့ကလန်ခေါင်းဆောင်ထံမှသာ ခံစားမိဖူးသည်။ သို့ပေမည့် သူက ကလန်ခေါင်းဆောင် ဒီနေရာတွင်ပင် ရှိနေလျှင်ပင် သူ့ကလန်ခေါင်းဆောင်ကပါ ထိုလူ့ကို ထောက်လှမ်းနိုင်စွမ်း ရှိလိမ့်မည် မဟုတ်ပေ။

သူ့ဦးရေပြားပါ ထုံထိုင်းမိသွားစေသည်က ထိုလူ့ထံမှ ထွက်ပေါ်လာနေသော ဖိအားပင်။ ထိုဖိအားသည် အလွန်တရာ အားကောင်းလှ၏။ ထိုဖိအားအောက်တွင် သူ့ခန္ဓာကိုယ်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအင်ကိုပါ ရပ်တန့်သွားစေသည်။

သူ့နှဖူးထက်၌ အေးစက်စက်ချွေးများ စိုရွှဲနေ၏။ ချိုးသဲဟိုင်က သတွေးကိုပင် ခက်ခက်ခဲခဲ မြိုချနေရသည်။ သူက နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်၍ သူ့လက်နှစ်ဖက်ကို ယှက်ကာ ပြောလိုက်သည်။ “ဒီအဘိုးအိုဟာ ဒီချီဇီကို မသိပါဘူး။ အခုက ငါ သူနဲ့ ပထမဆုံးလာတွေ့တာပါ။ ရောင်းရင်းကျင့်ကြံသူက ဒီလှိုဏ်ဂူကို အရင်ရောက်နေမှတော့ ဒီအဘိုးအို ထွက်သွားပါတော့မယ်။ ဒါက နားလည်မှုလွဲတာပါ။ နားလည်မှု လွဲတာလေးပါ…”

သူက သူ့စဦးစိတ်ဝိညာဉ်တုန်ယင်မှုကို အတင်းအကြပ် ဖိနှိပ်ကာ နောက်သို့ ဖြည်းဖြည်းချင်း ဆုတ်သည်။ သူက သူ့ရှေမှလူသည် သူ လုံးဝ မခုခံနိုင်လောက်သည့်အထိ အစွမ်းထက်လှသူဟု ခံစားမိနေသည်။ သူက ပြန်ဆုတ်ကာ သူ့ကလန်ကိုယ်သူ ပြန်တာသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

အမြုတေဖွဲ့တည်ခြင်းအဆင့် ကျင့်ကြံသူသုံးယောက်သည် တစ်ခုခုမှားနေသလို ခံစားရ၏။ သူတို့သည်လည်း ကြောက်လန့်ဟန် ပေါ်နေကာ သည်နေရာကနေ ထွက်သွားရန် ဟန်ပြင်နေကြသည်။

“မင်းတို့က ဒီလိုမျိုး ထွက်သွားကြတော့မလို့လား…” ဝမ်လင်းသည် အပြုံးမမည်သောအပြုံးဖြင့် ထိုလေးယောက်ကို ကြည့်သည်။

ထိုအကြည့်က ချိုးသဲဟိုင်၏နှလုံးကို တစ်ချက် ခုန်ပေါက်သွားစေသည်။ သူက တုံ့ဆိုင်းမနေဘဲ လက်ဝေ့ယမ်းကာ ဒိုင်းအဖြစ် အမြုတေအဆင့်ကျင့်ကြံသုံးယောက်ကို ဝမ်လင်းထံ ပစ်လွှတ်လိုက်၏။ ထို့နောက် သူက အလျင်အမြန် ဆုတ်ကာ တည်နေရာရွှေ့ပြောင်းရန် ပြင်သည်။

ပြန့်ကြဲမိုးကြိုးကလန်သည် တစ်ယောက်နှင့်တစ်ယောက် သတ်တာ ခွင့်မပြုထားပေ။ သို့ပေမည့် ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပစ်တာသည်လည်း သွယ်ဝိုက်သောနည်းဖြင့် သတ်ပစ်တာဟု ဆိုနိုင်သည် မဟုတ်လား။ ထိုအဘိုးအိုက ဤအချက်ကို ကောင်းကင်းသိကာ အကြိမ်များစွာလည်း လုပ်ဖူးခဲ့၏။ ဤအခိုက်တွင် သူက ကြောက်လန့်နေမိပြီဖြစ်ကာ သူ့အတွေး၌ ထွက်ပြေးဖို့သာ ရှိတော့၏။

ဝမ်လင်းသည် စဦးစိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ တည်နေရာရွှေ့ပြောင်းခြင်းကို လစ်လျူရှုကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်၏။ အမြုတေဖွဲ့တည်ခြင်းအဆင့်သုံးယောက်လုံး နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူတို့၏မျက်ခုံးကြားရှိ အမှတ်အသားများလည်း ပျက်စီးသွားပြီး ရတနာများစွာ ပျံသန်းထွက်လာကြသည်။ ဝမ်လင်းက ထိုရတနာအားလုံးကို သိမ်းဆည်းလိုက်၏။ ထို့နောက် သူက ကောင်းကင်ထက်သို့ ခြေလှမ်းလိုက်သည်။

အမြုတေဖွဲ့တည်ခြင်းအဆင့် သုံးယောက်လုံးသည် သွေးအန်လိုက်ရပြီး မြေပြင်ထက်သို့ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျကုန်ကြ၏။ သူတို့၏အမြုတေများမှာလည်း ပျက်စီးသွားလေပြီ။ သူတို့သည် မသေသော်လည်း သူတို့၏ကျင့်ကြံမှုအဆင့်ကတော့ အမှိုက်ဖြစ်သွားရပေပြီ။

ချိုးသဲဟိုင်က တည်နေရာရွှေ့ပြောင်းပြီးနောက် နာကျင်စွာအော်ဟစ်လိုက်သံများကို ကြားလိုက်ရ၏။ သူ့ခေါင်းထဲရှိ စိမ့်ခနဲကြောက်လန့်မှုက ပိုတိုးလာ၏။ သူက နှေးဖင့်မနေဘဲ တည်နေရာရွှေ့ပြောင်းလေ၏။

သူ ပြန်ပေါ်လာသည့်အချိန်တွင် သူက အဝေးသို့ ရောက်နေခဲ့ပေပြီ။ သူက ပေါ်လာသည်နှင့် နောက်တစ်ကြိမ် တည်နေရာရွှေ့ပြောင်းပြန်၏။ ထိုကဲ့သို့ အကြိမ်များစွာ ပြုလုပ်ပြီးသည့်နောက် သူက သူ့ခန္ဓာကိုယ်ရှိ စိတ်ဝိညာဉ်စွမ်းအင်တော်တော်များများကို သုံးစွဲခဲ့ပြီး ဖြစ်၏။ သို့သော် သူက မရပ်တန့်ဝံ့ပေ။ သူက ဆေးလုံးအချို့ ထုတ်သောက်ကာ နောက်တဖန် တည်နေရာရွှေ့ပြောင်းလိုက်ပြန်သည်။

ဝမ်လင်း၏ပုံရိပ်နှင့်အသံသည် သူ့စဦးစိတ်ဝိညာဉ်၌ လေးလံစွာ ချိတ်ဆွဲထားသော တိမ်နက်ထုတစ်ခုအလား ဖြစ်လာခဲ့သည်။ သူက သူ့ကိုယ်သူ နှေးလွန်းသည်ဟု ထင်ကာ ဝမ်လင်းမှီလာမည်ကို အလွန်ကြောက်နေမိသည်။

သူက ဆယ်ကြိမ်ထက်မနည်း တည်နေရာရွှေ့ပြောင်းလိုက်ရာ ကီလိုမီတာငါးထောင်ကျော်အကွာထိ ရောက်လာခဲ့ပေပြီ။ သည်အတောအတွင်း သူသည် ဆေးလုံးများစွာကို ထုတ်သောက်ခဲ့ရကာ သူ့အသက်အတွက် အသည်းအသန် ထွက်ပြေးနေတာ ဖြစ်၏။ သူက အနီးအနားတွင် ရှိနေမည့် သူ့ကလန်ဝင်ထံမှ အကူအညီတောင်းရန် ကလန်၏ကျောက်စိမ်းပြားကို ခွဲချေလိုက်သည်။

ချိုးသဲဟိုင်သည် ချွေးစေးပြန်နေပေပြီ။ တိုတောင်းသောအချိန်အတွင်း သူက တည်နေရာရွှေ့ပြောင်းခြင်းကို အကြိမ်များစွာ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။ ထို့နောက် သူ့ရှေ့တွင် အလင်းတစ်ခု ဖျပ်ခနဲ လင်းလက်ကာ အစိမ်းရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် လှမ်းလျှောက်ထွက်လာ၏။ သူက မျက်မှောင်ကြုတ်ကာ ချိုးသဲဟိုင်ကို ကြည့်လိုက်သည်။

“အကြီးအကဲချိုး…မင်း ဘယ်လို ထိတ်လန့်စရာ ကြုံခဲ့လို့ အကူအညီတောင် လှမ်းတောင်းခံရတာလဲ…”

ချိုးသဲဟိုင်က ထိုသက်လတ်ပိုင်းလူကို တွေ့လိုက်ရမှ စိတ်သက်သာသွားသလို ခံစားမိတော့၏။ သို့သော် သူက ထိုလူ၏အမေးကို ပြန်မဖြေပေ။ သူက နောက်သို့ ချက်ခြင်းလှည့်ကြည့်ကာ သူ့နတ်ဘုရားအာရုံကို နောက်ဘက်သို့ ဖြန့်ကျက်လိုက်၏။ သူက ဝမ်လင်း၏အရိပ်အယောင်ကို မတွေ့မှ မချိပြုံးပြုံးနိုင်တော့၏။ သူက သက်လတ်ပိုင်းလူကို ကြည့်ကာ စကားပြောရန် ပြင်လိုက်သည်။

သို့ပေမည် ထိုအခိုက်တွင် ချိုးသဲဟိုင်၏ စဉ်းစားဉာဏ်ကိုပါ ဆုံးရှုံးသွားစေမည့် အသံတစ်ခုသည် အေးစက်စက်လေပြင်းကဲ့သို့ ပေါ်လာလေ၏။

“ဆက်မပြေးတော့ဘူးလား…”

ချိုးသဲဟိုင်က သူ့ဦးရေပြား ထုံထိုင်းသွားသလို ခံစားလိုက်ရ၏။ သူ့မျက်လုံးထဲတွင် အလွန်အမင်းကြောက်လန့်မှု ပြည့်နှက်ကုန်သည်။ သူက သက်လတ်ပိုင်းလူကို စကားထပ်မပြောဝံ့တော့ပေ။ ချက်ခြင်းပင် တည်နေရာရွှေ့ပြောင်းတော့၏။

သက်လတ်ပိုင်းလူလည်း မင်သက်မိနေ၏။ ဝမ်လင်း၏အသံ ထွက်ပေါ်လာသည့်အခါ သူက သူ့စဦးစိတ်ဝိညာဉ်ကို တူဖြင့် ရိုက်ချလိုက်သကဲ့သို့ ခံစားလိုက်ရပြီး သွေးအန်ထုတ်လိုက်ရသည်။ ချိုးသဲဟိုင်၏ အပြုအမူကို တွေ့မြင်လိုက်သည့်နောက် အတိုင်းမသိကြောက်လန့်မှုမှာ သူ့ထံ၌ မြင့်တက်လာ၏။ သူက ချိုးသဲဟိုင်ကဲ့သို့ပင် တည်နေရာရွှေ့ပြောင်းခြင်းကို ချက်ခြင်း ပြုလုပ်လိုက်သည်။

“မင်းတို့နှစ်ယောက် လူခွဲပြေးရင် ငါ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပစ်မယ်…”

သူတို့နှစ်ယောက်သည် အရူးအမူး ပြေးကုန်၏။ မရပ်တန်း တည်နေရာရွှေ့ပြောင်းကြသည်။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက်လည်း တစ်လမ်းစီ ခွဲမပြေးဝံ့ကြပေ။ သို့ပေမည့် အကြိမ်အနည်းငယ် တည်နေရာရွှေ့ပြောင်းပြီးနောက် စိတ်ဝိညာဉ်စွမ်းအင်ကုန်ဆုံးမှုသည် သူတို့တောင့်ခံနိုင်ဖို့အတွက် ကြီးမားလွန်းလာ၏။

“ချိုးသဲဟိုင်…မင်းက ဒီလိုလူမျိုးကို စော်ကားခဲ့ပြီး ငါ့ကိုပါ ဒီအထဲ ဆွဲထည့်ခဲ့တာပဲ…”

သက်လတ်ပိုင်းလူက အံတင်းတင်းကြိတ်ကာ ထွက်ပြေးနေရင်း ချိုးသဲဟိုင်ကို ဒေါသတကြီး စိုက်ကြည့်နေသည်။

ချိုးသဲဟိုင်၏မျက်နှာမှာ ဖြူရောနေ၏။ သူက စကားပြောချင်သည်။ သို့သော် ထပ်မံ ထွက်ပေါ်လာသော အသံက သူတို့နှစ်ယောက်ကို တဖန် ထိပ်ပျာသွားစေပြန်သည်။

“အကူအညီဆက်တောင်းကြ၊ မင်းတို့ ကောင်းကင်ဘုံမိုးကြိုးကလန်ရဲ့ စဦးစိတ်ဝိညာဉ်အဆင့် ကျင့်ကြံသူတွေကို ခေါ်လိုက်။ ငါ့ကို မင်းတို့ကလန်ရှိ ခေါ်သွား။ မဟုတ်ရင် ငါ မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပစ်မယ်…”

သက်လတ်ပိုင်းလူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူကာ စောနက ချိုးသဲဟိုင်ကဲ့သို့ အကူအညီတောင်းရန် ချေမွပစ်လိုက်၏။ သူက ချိုးသဲဟိုင်က အရိုးထဲကနေ မုန်တီးသွားခဲ့ပေပြီ။ သူက သူနှင့်အတူ နောက်ထပ်လူများကိုပါ ဒီကိစ္စထဲ ဆွဲမထည့်နိုင်ပါက သူ့စိတ်နှလုံးထဲရှိ ဒေါသကို ပုံချနိုင်လိမ့်မည် မဟုတ်ပေ။

တစ်နာရီ ကြာပြီးနောက် သည်ဂြိုဟ်ပေါ်တွင် အလွန်ထူးဆန်းသော မြင်ကွင်းတစ်ခု ဖြစ်ပွားလာ၏။ စဦးစိတ်ဝိညာဉ်အဆင့်လေးယောက်သည် ကြောက်လန့်တကြား ထွက်ပြေးနေကြခြင်းပင်။ သူတို့ထဲမှ သုံးယောက်သည် ကြောက်လန့်မှုနှင်အတူ ပြင်းထန်သောအမုန်းတရားကိုပါ ထုတ်ဖော်ထားကြသည်။

ဝမ်လင်းသည် သူတို့သုံးယောက်နောက်ကနေ တည်ငြိမ်စွာ လျှောက်လာ၏။ လမ်းတစ်လျှောက်တွင် ချိုးသဲဟိုင်နှင့် တခြားသူများသည် အကူအညီတောင်းခံခဲ့ကြရာ နောက်ထပ်အကြီးအကဲနှစ်ယောက်လည်း ရောက်လာခဲ့သည်။ သူတို့လေးယောက်က အတူတူ ထွက်ပြေးနေကြရင်း ဝမ်လင်း၏စကားကို နားထောင်ကာ ကောင်းကင်ဘုံမိုးကြိုးကလန်ရှိ ဦးတည်ထွက်ပြေးနေသည်။

အကွာအဝေးတစ်ခု၌ တောင်တစ်လုံး ပေါ်လာ၏။ ထိုတောင်သည် ကြီးမားလှခြင်း မရှိပေ။ သို့သော် တိမ်စိုင်များ ဝန်းရံထား၏။ တောင်ထိပ်သို့ တက်ရန် လှေကားထစ်များလည်း ဖောက်လုပ်ထားသည်။

တောင်ထိပ်ပေါ်တွင် အဆောက်အဦအချို့လည်း ရှိနေရာ ၎င်းသည် ကလန်တစ်ခုပင် ဖြစ်ရမည်။

ထိတ်လန့်စွာ ထွက်ပြေးလာသော ကျင့်ကြံသူလေးယောက်က ဝမ်လင်းကို ဤနေရာသို့ ခေါ်လာခဲ့ပြီး ချိုးသဲဟိုင်က အလျင်အမြန် တုန်ရီစွာ ပြောလိုက်သည်။ “စီ…စီနီယာ…ဒါ…ဒါဟာ ကောင်းကင်ဘုံမိုးကြိုးကလန်ပါ…”

လမ်းတစ်လျှောက်တွင် သူတို့လေးယောက်သည် တတ်နိုင်သမျှ အမြန်ဆုံး လာခဲ့ကြခြင်းပင်။ ကြောက်ရွှံ့မှုကြောင့်လည်း သူတို့၏စိတ်များမှာ တစ်လမ်းလုံး ဆောက်တည်ရာမရ ဖြစ်နေခဲ့၏။

ဝမ်လင်းက တောင်ကို ကြည့်ကာ သူ့လက်ကို ဝေ့ယမ်းလိုက်သည်။ လေပြင်းတစ်ခု ပေါ်လာပြီး ထိုစဦးစိတ်ဝိညာဉ်အဆင့်လေးယောက်ကို ထွေးပတ်သွားသည်။ သူတို့လေးယောက်သည် နာကျင်စွာအော်ဟစ်လိုက်ရပြီး သူတို့၏မိုးကြိုးအမှတ်အသားများ ပျက်စီးသွားကြသည်။ သူတို့ထံမှ ရတနာများစွာလည်း ပျံသန်းထွက်လာကြ၏။ ဝမ်လင်းက ယင်းတို့ကို သိမ်းဆည်းကာ တစ်ချိန်တည်းမှာပင် လေပြင်းသည် တိမ်စိုင်များရှိ ရိုက်ခတ်သွားပြီး သူတို့လေးယောက်ကို ကောင်းကင်ဘုံမိုးကြိုးကလန်၏ ရင်ပြင်ထက်သို့ ကျရောက်သွားစေလေသည်။

ကောင်းကင်ဘုံမိုးကြိုးကလန်တစ်ခုလုံးသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်နေ၏။ အားနည်းသောကျင့်ကြံသူအချို့မှာ အစောကတည်းက ဤရင်ပြင်ထက်တွင် ကျင့်ကြံနေကြသည်။ အကြီးအကဲလေးယောက် ရင်ပြင်ထက်သို့ ပုံပျက်ပန်းပျက်လိမ့်ဆင်းကျလာသည်ကို တွေ့လိုက်ရသည့်နောက် သူတို့သည် ပြောစရာစကားမဲ့ကာ ဆွံအကုန်သည်။

“စီနီယာ…စီနီယာ…သင် နောက်ဆုံးတော့ ရောက်လာခဲ့ပြီပေါ့…” ထိုကဲ့သို့ ငြိမ်သက်တိတ်ဆိတ်သွားစဉ် လူတစ်ယောက်သည် ရုတ်တရက် လှမ်းဝင်လာ၏။ သူက ပိန်ပါးကာ သာမန်ပုံစံ ဖြစ်သည်။ သို့သော် သူသည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အစောပိုင်းအဆင့်တွင် ရှိသည်။ သူ့မျက်လုံးတို့က ကြည်လင်လျက် ဝမ်လင်းကို စိတ်လှုပ်ရှားစွာ ကြည့်နေသည်။

“ငါ စီနီယာကို မြင်လိုက်ရတော့ အတော်ကြာကြာထိ ငါ့စိတ် ဂနာမငြိမ် ဖြစ်ခဲ့ရတယ်။ စီနီယာရဲ့ ကျင့်ကြံမှုဟာ မိုးထက်မက မြင့်မားလှတယ်။ သင့်ရဲ့ အသွင်ပုံစံဟာလည်း ပြိုင်ဘက်ကင်းပဲ။ ငါဟာ ငါ့ကိုယ်ငါ တည်ငြိမ်အောင် ဘယ်လိုမှ လုပ်လို့မရဘူး။ ငါ့သက်တမ်းမကုန်ခင်မှာ စီနီယာ့ကို ငါ နည်းနည်းဖြစ်ဖြစ် ထပ်တွေ့မြင်ချင်မိတော့တယ်။ ငါ စီနီယာကို ကြည့်မိတဲ့အခါတိုင်းမှာလည်း ငါ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်ဟာ သူ့ဟာသူ လှုပ်ရှားကုန်ပြီး မရေမတွက်နိုင်တဲ့ မိုးကြိုးသစ်သီးတွေကို စားသုံးလိုက်ရသလိုမျိုး ငါ့ကျင့်ကြံမှုအဆင့်ပါ တိုးတက်သွားရတယ်။ စီနီယာလိုလူမျိုးကသာ ဒီလိုစွမ်းရည်မျိုး ရှိနိုင်မှာ။ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲတွေတောင် ကလန်ခေါင်းဆောင်ကတောင် စီနီယာရဲ့အသက်အရွယ်မှာဆို သူတို့ဟာ စီနီယာ့ကို ယှဉ်နိုင်ကြမှာ မဟုတ်ဘူး…”

“စီနီယာ…ဂျူနီယာ သင့်ကို ဘာမှ မတောင်းဆိုချင်ပါဘူး။ သင့်ကို အရာအားလုံး ကမ်းလှမ်းပေးအပ်ဖို့ပဲ ဆန္ဒရှိမိတယ်။ စီနီယာက ငါ့ကို စီနီယာ့ဘေးမှာ နေခွင့်ပြုဖို့ကိုတော့ မျှော်လင့်မိပါတယ်။ ဒါမှ ငါ စီနီယာ့ကို မကြာမကြာ တွေ့မြင်နိုင်ပြီး စီနီယာရဲ့ တိုးတက်မှုကို မြင်နိုင်မှာ ဖြစ်တယ်။ ဒါ့အပြင် စီနီယာရဲ့ ရန်သူအားလုံးကို ရှင်းပစ်ဖို့ ငါ့ကို ခွင့်ပြုပေးပါ။ ငါ သေတဲ့အထိ စီနီယာ့ထံပါး တာဝန်ထမ်းနိုင်ဖို့ ခွင့်ပြုပေးပါ…”

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် သူသည် ထိုပိန်ပါးပါးလူထံမှ ကပ်ဖားယပ်ဖားစကားများကြောင့် မမင်သက်မိဘဲ မနေနိုင် ဖြစ်သွားရ၏။ သူသည် ရှုလီကော၏အကြောင်းကိုလည်း မတွေးမိဘဲ မနေနိုင် ဖြစ်မိသွားသည်။

အမှန်တော့ သူသာမဟုတ် ဒီအဖြစ်ကို တွေ့မြင်လိုက်ရပါက မည်သည့်ကျင့်ကြံသူမဆို တခဏတော့ မင်သက်မိကုန်မည်သာ။

***

All Chapters