← Chapters

ဒါမှ ဘဝ

Vol. 101 Ch. 1385

ဒါမှ ဘဝ

Vol. 101 Ch. 1385

ဒီပြန့်ကြဲမိုးကြိုးကလန်ဂြိုဟ်တွင် အချိန်သည် ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ဝမ်လင်းသည် အခုဆို ဒီနေရာသို့ ရောက်လာသည်မှာ တစ်လ ရှိလာခဲ့ပေပြီ။

ထိုတစ်လအတွင်း သူက လှိုဏ်ဂူရှိရာသို့ မပြတ်တော့ဘဲ ကောင်းကင်ဘုံမိုးကြိုးကလန်တွင်သာ ကျင့်ကြံရန် ရွေးချယ်ခဲ့၏။ တစ်လကျော်လွန်လာသည့်နောက် ရှုလီကောနှင် သဟုန်တို့မှာ မိုးကြိုးသလင်းကျောက်များနှင့် လဲလှယ်နိုင်သော ပစ္စည်းများစွာကို စုဆောင်းမိလာခဲ့ပေပြီ။

သူတို့ စုဆောင်းမိသမျှနှင့်ဆို ဝမ်လင်းအဖို့ မိုးကြိုးသလင်းကျောက်တစ်သိန်းလောက်နှင့် လဲလှယ်နိုင်မည် ဖြစ်၏။

ရှုလီကောသည် ဝမ်လင်း၏သိုလှောင်နေရာလွတ်ထဲကနေ ထွက်ရခဲ၏။ ထို့ကြောင့် ခုချိန်တွင် သူသည် အတော်လေးကို စိတ်လှုပ်ရှားမိနေ၏။ သူက ကောင်းကင်ဘုံမိုးကြိုးကလန်၏အပြင်ဘက်တွင် စိတ်လွတ်လက်လွတ် စတင်သောင်းကျန်းတော့၏။ သူက တစ်ကိုယ်တည်း လှုပ်ရှားရသည်ကို မနှစ်သက်သဖြင့် သူနှင့်အတူ ကောင်းကင်ဘုံမိုးကြိုးကလန်မှ အခြေခံတည်ဆောက်ခြင်းတပည့်ဆယ်ယောက်ကျော်တို့ကို အမြဲလိုလို ခေါ်ဆောင်တတ်၏။ သူက သူ့ထိန်းချုပ်မှုအောက်တွင် ရှိရန် သူတွေ့သည့် အမြုတေဖွဲ့တည်ခြင်းအဆင့် မည်သို့ကိုမဆိုလည်း အမည်မသိနည်းလမ်းတစ်ခု သုံးကာ ခေါ်ဆောင်ထားသေးသည်။

တစ်လလောက်ဖြင့် သူ့အောက်တွင် ပြန့်ကြဲမိုးကြိုးကလန်ဝင် တစ်ရာနီးပါး ရှိလာခဲ့ပေပြီ။ ထို့အပြင် ရှုလီကောသည် ထိုသူတို့ကို သူ့အတွက် ဝါးပလ္လင်တစ်ခုကိုပါ လုပ်ဆောင်ခိုင်းထား၏။ ၎င်းပလ္လင်မှာ ပေတစ်ထောင်မျှ ရှည်ကာ ရှုလီကောက ယင်းပေါ်တွင် ထိုင်၏။ သူက သူနှင့်အတူ ပြန့်ကြဲမိုးကြိုးကလန်၏ အမျိုးသမီးကျင့်ကြံသူများကိုပါ အဖော်ပြုခိုင်း၏။ သူသည် အတော်လေးကို မောက်မာနေသည်။

ထိုပလ္လင်ကို ကျင့်ကြံသူဆယ်နှစ်ယောက်ကျော်က သယ်ဆောင်၏။ ဘေးတစ်ဖက်စီတွင်လည်း ကျင့်ကြံသူဒါဇင်နှင့်ချီ ခြံရံထားသေးသည်။

သူတို့ ရှေ့သို့သွားနေရင်း ရှုလီကောက အသံကျယ်ကျယ်အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်ကို ရွေးချယ်ကာ မရပ်တန်း အော်ခိုင်းသေး၏။

“ဘိုးဘိုရှု ဒီကို ရောက်လာပြီ။ သူဟာ ခန့်ညားတယ်။ ထည်ဝါတယ်။ ရုပ်ချောတယ်၊ ပြိုင်ဘက်ကင်းတယ်…”

ထိုအော်သံသည် မိုးခြိမ်းသံအလား။ ရှုလီကောသည် ကျယ်ကျယ်လောင်လောင် ရယ်မောလျက် ဂုဏ်ဝင့်မှုကို ခံစားနေလေ၏။ သူက အမျိုးသမီးကျင့်ကြံသူတစ်ယောက်ပေါ်တွင် မှီလျက် တခြားတစ်ယောက်က သစ်သီးခွံကြွေးသည်ကို စားလျက် အရက်သောက်လျက် ခရီးဆက်နေခြင်းသာ။ နောက်ထပ်အမျိုးသမီးနှစ်ယောက်ကျော်ကလည်း သူ့အထည်ဒြပ်ဖြစ်လုနီးပါး ခန္ဓာကိုယ်ကို နှိပ်ပေးနေရသေး၏။

ထိုကဲ့သို့ ပျော်ရွှင်မှုက ရှုလီကောကို အတော်လေး စိတ်လှုပ်ရှားစေသည်။

အမျိုးသမီးကျင့်ကြံသူလေးယောက်အပြင် နောက်ထပ်ခပ်ချောချော အမျိုးသားလေးယောက်လည်း ရှိသေး၏။ သူတို့ကလည်း ဒူးထောက်လျက် ရှုလီကောကို ခစားနေရသည်။

“ဒါမှ ဘဝ။ ဒါက ဘဝပဲ။ ငါ ရှုလီကောဟာ ဒီလိုပျော်ရွှင်မှုကို ရသင့်တယ်။ ဟိုမိစ္ဆာကောင်ကတော့ နှစ်ပေါင်းနှစ်ထောင်လုံးလုံး မြင်မြင်ရာ လျှောက်သွားနေခဲ့တာ။ ဒါပေမဲ့ ငါ ဘိုးဘိုးရှုကတော့ တကယ် ပျော်ရွှင်ရတဲ့သူပဲ။ ဟားဟား…မင်းတို့ရဲ့ဘိုးဘိုးရှုက သိပ်တော်တဲ့သူကွ။ ဘဝဟာ ပျော်ဖို့ရွှင်ဖို့ပဲ…”

ရှုလီကောသည် သူ့ကိုယ် ချီးကျူးထောပနာ ပြုနေသော စကားများကို နားထောင်ကာ ကျေနပ်နေတော့သည်။

“ငါ ဒီလိုမျိုး မပျော်ရွှင်ရတာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။ သေစမ်း။ အဲ့မိစ္ဆာကောင်ကသာ ငါ့ကို မဖမ်းခဲ့ဘူးဆိုရင် ငါဟာ နှစ်ပေါင်းများစွာနဲ့ ငါ့ဘဝကို အခုထိ ဇိမ်ခံနေလို့ရတယ်။ အား…ဒါမှမဟုတ် အခုလောက်ဆိုရင် ငါ့သက်တမ်းဟာလည်း ကုန်ဆုံးသွားတာ ဖြစ်နိုင်တာပဲလေ…”

“ထားလိုက်ပါတော့လေ ဒီလောက်အများကြီး တွေးမနေတော့ဘူး။ အခု ငါ့နားမှာ ရှိနေတဲ့ အလှလေးတွေဟာ နည်းလွန်းနေသေးတယ်။ အယောက်တစ်ရာ၊ တစ်ထောင်လောက် ရှိမှ ပြည့်စုံနိုင်လောက်မှာ…”

“ဒီရည်မှန်းချက်ကို ‌ရောက်ဖို့အတွက် ဘိုးဘိုးရှုက အလုပ်ကြိုးစားမှ ဖြစ်မယ်…”

ရှုလီကော၏ စိတ်အခြေအနေမှာ ကောင်းမွန်နေ၏။ သည်အခိုက်တွင် သူ့ထံသို့ အလင်းတန်းတစ်ခု ပျံသန်းလာ၏။ ထိုအလင်းတန်းထဲတွင် အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူ တစ်ယောက် ရှိနေသည်။

ထိုသူသည် ပလ္လင်နှင့် ပေတစ်ရာအတွင်း ရောက်လာသည်နှင့် ကျယ်လောင်စွာ လှမ်းပြောလိုက်၏။ “ကြီးမြတ်တဲ့အင်မောတယ်ဟာ ခန့်ညားတယ်၊ထည်ဝါတယ်၊ ရုပ်ချေတယ်၊ ပြိုင်ဘက်ကင်းတဲ့သူပါ…”

ထိုသို့ပြောပြီးနောက် သူက အသက်ကမန်းကတန်းရှုကာ ခပ်သွက်သွက် ထပ်ပြောပြန်သည်။ “ရှေ့ကီလိုမီတာ ငါးဆယ်မှာ စဦးစိတ်ဝိညာဉ်နောက်ဆုံးအဆင့် မွန်းစတားအိုကြီး ချန်တုန်ဖန်ရဲ့ လှိုဏ်ဂူ ရှိပါတယ်။ သူက တစ်ခုခုကို သတိပြုမိတဲ့ပုံ ရတဲ့အတွက် အတားအဆီးတွေကို အသက်သွားထားပြီး ဖြစ်ပါတယ်…”

ရှုလီကောသည် သူ့ဘေးရှိ အမျိုးသမီးကျင်ကြံသူတစ်ယောက်၏ မျက်နှာကို ပွတ်သပ်ကာ ဂုဏ်ဝင့်စွာ ပြောလိုက်၏။ “ရှေ့ဆက်သွားမယ်။ ဘိုးဘိုးရှုက စဦးစိတ်ဝိညာဉ်အဆင့်လောက်ကို ဘယ်လို ရင်ဆိုင်ပြမလဲ မင်းတို့အားလုံး ကြည့်နေကြ…”

ကီလိုမီတာငါးဆယ်အကွာအဝေးကို ခပ်မြန်မြန် ဖြတ်သန်းလာကြ၏။

ထိုတစ်လုံး၏ ဗဟိုတွင် လှိုဏ်ဂူတစ်လုံး ရှိနေ၏။ ထိုလှိုဏ်ဂူ ဝင်ပေါက်တွင် အတားအဆီးများစွာ ရှိနေကာ ဂူကို ချိပ်ပိတ်ထားသည်။ တောင်ပတ်လည်တွင် အလံငယ်ရှစ်ခု ဝန်းရံထားလျက် တဝီဝီလှည့်ပတ်ကာ အနက်ရောင်အခိုးအငွေ့များကို ထုတ်လွှတ်သည်။

ရှုလီကော ထိုင်နေသော ပလ္လင် နီးကပ်လာသည့်နောက် သူက သူ့ညာလက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံး၏ အကြည့်ကို စွဲဆောင်ပြီးသည့်နောက်မှ သူက သူ့လက်ကို ဝေ့ယမ်းလိုက်သည်။

လက်ဝေ့ယမ်းမှုနှင့်အတူ လောကသည် တုန်ယင်ကာ မရေမတွက်နိုင်သောဓားအရိပ်များ လေထဲတွင် ပေါ်လာသည်။ ယင်းတို့ ပေါ်လာသည်နှင့် အဆုံးမဲ့ဓားတေးသံကို ထုတ်လွှတ်ကာ ဓားစွမ်းအင်များ နေရာတိုင်းတွင် ပြန့်ကြဲလျက် တိမ်များကို တွန်းထုတ်လွင့်ပါးသွားစေသည်။

ရှုလီကောသည် ရှေးဟောင်းဓားစိတ်ဆန္ဒကို အမွေဆက်ခံထားသော ဓားစိတ်ဝိညာဉ်တစ်ယောက် ဖြစ်သူပင်။ သူက ပျင်းရိနေခဲ့သော်လည်း သူ နတ်လေးပါးကလန်၌ ဝမ်လင်းကြောင့် ချိပ်ပိတ်ခံထားရချိန်တွင် သူသည် အတင်းအကြပ် ကျင့်ကြံခဲ့ရသည်။ စဦးစိတ်ဝိညာဉ်အဆင့်မျှ မပြောနှင့် အာဏာတက်ခြင်း၊ယင်နှင့်ယန်အဆင့်၊ နိဗ္ဗာနကြိုမြင်ခြင်းအစောပိုင်းအဆင့် ကျင့်ကြံသူများပင် ရှုလီကော၏ ပြိုင်ဘက်မဟုတ်ပေ။

သူ့လက်ကို ဝေ့ယမ်းလိုက်ရာ လောကသည် တုန်ဟည်းလျက် အတိုင်းမသိဓားစွမ်းအင်များ ပေါ်လာပေပြီ။ ဓားစွမ်းအင်သည် သိပ်သည်းလွန်းသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးကို တုန်ယင်ကုန်စေ၏။

အဆုံးမဲ့ဓားစွမ်းအင်သည် ထိုတောင်ပေါ်သို့ ကျဆင်းလာသည်။ တောင်ကို ဝန်းရံထားသော အနက်ရောင်အခိုးအငွေ့များသည် ချက်ခြင်း ပျက်စီးကုန်၏။ အလံငယ်ရှစ်ခုသည်လည်း ပေါက်ကွဲခါနီး ဖြစ်လာသည်။ ထိုအချိန်တွင် ရှုလီကောက ၎င်းတို့ကို ဖမ်းယူလိုက်သည်။

“အဲ့မိစ္ဆာကောင်က ငါ့ကို ရတနာတွေ မပျက်စီးစေနဲ့လို့ ပြောထားတယ်။ ဒါတွေနဲ့ မိုးကြိုးသလင်းကျောက်နဲ့ လဲလှယ်နိုင်တယ်တဲ့…”

ဓားစွမ်းအင်သည် အနက်ရောင်အခိုးအငွေ့များကို ဖြတ်ကာ တောင်ပေါ်သို့ ကျရောက်သွားလေပြီ။ ရှုလီကော၏ ထိန်းချုပ်မှုဖြင့် ဓားစွမ်းအင်သည် တောင်အတွင်း ထါင်းဖောက်ကာ တောင်တစ်ခုလုံးကို တစ်လွှာချင်း ကွာကျသွားစေပြီး လှိုဏ်ဂူသာ ကျန်ခဲ့တော့၏။

ထိုအဖြစ်အပျက်ကြောင့် မိန်းမောတုန်လှုပ်နေသော သက်လတ်ပိုင်းလူတစ်ယောက်သည် ယင်းလှိုဏ်ဂူအတွင်း၌ ထိုင်နေသည်။

“ဘိုးဘိုးရှု ရောက်လာပြီ။ သူဟာ ခန့်ညားတယ်၊ ထည်ဝါတယ်၊ ရုပ်ချောတယ်၊ ပြိုင်ဘက်ကင်းတဲ့သူ…”

ရှုလီကောဘေးရှိ ကျင့်ကြံသူများထံ ကျယ်ကျယ်လောင်လောင် စကားများ ထွက်ပေါ်လာ၏။ ထိုအဖြစ်က ကြောက်လန့်နေရာကနေ နိုးထလာသော ထိုသက်လတ်ပိုင်းလူကို ပြန်မိန်းမောသွားစေပြန်သည်။

“ဘိုးဘိုးရှု ပြောတာ နာခံပြီး မိုးကြိုးသလင်းကျောက်နဲ့ လဲလှယ်နိုင်တဲ့အရာအားလုံး ပေးစမ်း။ မဟုတ်ရင် ဘိုးဘိုးရှုက မင်းရဲ့ ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပစ်မယ်…”

အမြုတေဖွဲ့တည်ခြင်းအဆင့်ကျင့်ကြံသူနှစ်ယောက်က ချက်ခြင်းပင် ထိုစကားများကို အော်ဟစ်ပြောဆိုလိုက်သည်။

သက်လတ်ပိုင်းလူက ပလ္လင်ကိုသာ ကြောင်ရီစွာ စိုက်ကြည့်နေမိ၏။ ပလ္လင်သည် ကြီးမားလွန်းသည်။ သူ့ကိုလည်း ပြင်းထန်သောဖိအားတစ်ခု ပေးနေသည်။ သူက သတွေးပင် ခက်ခက်ခဲခဲ မြိုချလိုက်ရ၏။ သူက တွေဝေမနေဘဲ လက်နှစ်ဖက်ဆုပ်ကာ တရိုတသေ ပြောလိုက်သည်။ “ဂျူနီယာ ပိုင်ဆိုင်သမျှကို ပေးအပ်ပါ့မယ်…”

ရှုလီကောသည် ရယ်မောလိုက်၏။ သူက သက်လတ်ပိုင်းလူကို ကြည့်ကာ ပြုံး၏။ “ကောင်းတယ်။ အခုကစပြီး မင်းလည်း ဒီဘိုးဘိုးရှု နောက်လိုက် လုပ်ရမယ်။ ငါ မင်းကို မေးချင်တာက အမျိုးသမီးကျင့်ကြံသူအလှလေးတွေကို ဘယ်နေရာမှာ ရှာလို့ရနိုင်မလဲ…”

သက်လတ်ပိုင်းလူသည် ရှုလီကော၏အကြည့်အောက်တွင် သူ့ဦးရေပြားပါ ထုံထိုင်းသွားသလို ခံစားရ၏။ သူက မကောင်းသောခံစားချက် ရနေသည်။ သို့သော် သူ ဘာလုပ်ရမည်မှန်း မသိ ဖြစ်နေ၏။ သူက ထိုမေးခွန်းကို ကြားသည့်အခါ ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။ “အမျိုးသမီးကျင့်ကြံသူတွေဟာ ဒီနေရာနဲ့ ငါးထောင်ကီလိုမီတာအကွာက မိုးကြိုးကောင်းကင်ဘုံကလန်မှာ ရှိပါတယ်။ ဒီကလန်ဟာ ကျင့်ကြံသူအမျိုးသမီးအလှလေးတွေနဲ့ ပြည့်နေတဲ့ ကလန်တစ်ခုပါ။ ဒီကလန်ရဲ့ ခေါင်းဆောင်ဆို အတော့်ကို လှပပါတယ်။ ဒါပေမဲ့ သူမရဲ့ ကျင့်ကြံမှုအဆင့်ဟာလည်း မြင့်မားလှတယ်။ ပြောကြတက သူမဟာ ကလန်ရဲ့ ပင်မကလန်ဝင်တစ်ယောက်နဲ့လည်း ပတ်သတ်မှုအချို့ ရှိနေတယ်တဲ့…”

ရှုလီကောသည် အလှလေး ဟူသော စကားကို ကြားလိုက်ရသည်နှင့် သူ့မျက်လုံးသည် တလက်လက် ဖြစ်သွားသည်။ သူက သူမ၏ကျင့်ကြံမှုဆိုသည့် အပိုင်းကိုတော့ လစ်လျူရှုထားပေသည်။ သူက လက်ဝေ့ယမ်းကာ ပြောလိုက်သည်။ “လမ်းပြ…ဘိုးဘိုးရှုနဲ့အတူ လူတွေ၊ ရတနာတွေကို လုယူကြမယ်…”

ကျင့်ကြံသူအုပ်စုတစ်စုသည် အကွာအဝေးတစ်ခုထံ ပျံသန်းလာကြ၏။ ဧရာမပလ္လင်ကြီးသည် နေအလင်းအောက်တွင် မျက်စိဖမ်းစားနိုင်လွန်းသည်။ ရှုလီကော၏ ဂုဏ်ဝင့်စွာ ရယ်သံကိုလည်း မကြာဆိုသလို ကြားရနိုင်၏။

တခြားတစ်ဖက်တွင်လည်း သဟုန်သည်လည်း ရတနာများကို အရူးအမူး စတင်စုဆောင်းမှု လုပ်ဆောင်နေပေပြီ။ သဟုန်သည် စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်တွင်သာ ရှိသေး၏။ ထို့ကြောင့် သူ့အတွက် ဒီတာဝန်ကို ပြည့်စုံစေဖို့ ဝမ်လင်းက သူ့ကို ဓားပျံတစ်လက် ပေးထားခဲ့သည်။

ထိုဓားပျံသည် သာမန်ပုံစံသာ။ သို့သော် ၎င်းက ပထမအဆင့်ကျင့်ကြံသူများအတွက်မူ အလွန်အစွမ်းထက်သည်။ ၎င်းက စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်း အလယ်အဆင့်ကျင့်ကြံသူများကိုပင် အနိုင်ရအောင် စွမ်းဆောင်ပေးနိုင်ပြီး စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းနောက်ဆုံးအဆင့် ကျင့်ကြံသူများနှင့်လည်း တခဏတော့ သူတင်ကိုယ်တင် ယှဉ်နိုင်အောင် လုပ်ပေးနိုင်သည်။

သို့ပေမည့် ရှုလီကော၏ မောက်မာမောကြွားမှုနှင့် ယှဉ်ရသည့်အတွက် သဟုန်က အတော်လေးကို သတိထားနေရ၏။ သူက သူနှင့်အတူ ကျင့်ကြံသူအချို့ကို ခေါ်ဆောင်ခဲ့သော်လည်း သူ့အတွက် အချိန်အခါကောင်းတစ်ခု ဟုတ်မနေခဲ့ပေ။ သို့ရာတွင် သူက ပြန့်ကြဲမိုးကြိုးကလန်ကို ပိုရင်းနှီးသည့်အတွက် မိုးကြိုးသလင်းကျောက် ပိုများများ ရရန် မည်သို့ လဲလှယ်နိုင်သည်ကို သိထားပေသည်။ သူက လှိုဏ်ဂူအများစု၏ တည်နေရာကို သိရှိထားသည်။ ဝမ်လင်း သူ့ကို ပေးခဲ့သော ဆေးလုံးနှင့်ဓားတို့ကြောင့် သူက ယုံကြည်မှုရှိနေ၏။ သူ့အတွက် အခွင့်အရေးတစ်ခု ရောက်လာပြီဟုပါ ခံစားမိနေသည်။ သူသာ ဝမ်လင်း ကျေနပ်အောင် လုပ်ပေးနိုင်နေသေ၍ သူ့အတွက် နောက်ထပ်ဆေးလုံးတစ်လုံးပါ ထပ်ရကောင်း ရလာနိုင်သေးသည် မဟုတ်လား။

ထိုအကြောင်းကို တွေးမိကာ သဟုန်သည် ယုံကြည်မှုရှိလာသလို စိတ်လှုပ်ရှားလာ၏။ သို့သော် သူက ရှုလီကောကိုတော့ ကြိတ်၍ သတိထားသည်။ ရှုလီကောသည် သူ့ပြိုင်ဘက်အမှန်ဟု သူ ခံစားမိသည် မဟုတ်လား။

“သေစမ်း…စီနီယာကသာ ငါ့ကို သူ့ဘေးမှာ ထားခဲ့ရင် ငါ့အတွက် ကံကောင်းမှာ။ ငါနဲ့ တွေ့ခဲ့တဲ့ ရှုလီကောဆိုတဲ့သူကလည်း ဖော်လံဖားပညာရပ်ကို လေ့ကျင့်ထားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားမိဘူး။ သူက ငါ့ထက်လည်း ကျင့်ကြံမှုအဆင့်မြင့်မားပြီး အဆုံးစွန်အရှက်မဲ့တယ်။ သူက အခုသူ့ကျင့်ကြံမှုအဆင့်ကို ရောက်ဖို့အတွက် ဒီဖော်လံဖားပညာရပ်ကို ကျိန်းသေပေါက် လေ့ကျင့်ခဲ့တာ ဖြစ်ရမယ်…”

“ဒါပေမဲ့…ငါ သဟုန်ဟာ လွယ်လွယ်အရှုံးမပေးတတ်ဘူး။ ငါ့ကျင့်ကြံမှုအဆင့်က လုံလောက်အောင် မမြင့်မားပေမယ့်လည်း ငါဟာ ဖော်လံဖားပညာရပ်ကို နှစ်ရာချီ ကျင့်ကြံထားတာ။ ဒီစွမ်းရည်ကို အရင်တုန်းက ငါ အပြည့်အဝ အသုံးမချခဲ့ရသေးဘူး။ အခု ရှုလီကော ဒီမှာ ရှိနေမှတော့ သူနဲ့ ယှဉ်နိုင်ဖို့ ငါ့စွမ်းရည်ရဲ့ (၁၂၀)ရာခိုင်နှုန်းလောက်ကို အသုံးပြုရတော့မယ်။ အနိုင်ရသူကို ခုထိ မသတ်မှတ်ထားသေးပါဘူး..."

သဟုန်သည် နှာခေါင်းရှုံ့လိုက်၏။ သူက သူနှင့်အတူ လူများကို ခေါ်ကာ လှိုဏ်ဂူတော်တော်များများကို ဖျက်စီးပစ်ခဲ့သည်။ သူက ဝမ်လင်းကို ပြောမည့် စကားလုံးများကိုလည်း ကြိုပြင်ဆင်ထားခဲ့၏။ ထိုမှသာ သူသည် ဝမ်လင်းကိုဖားမည့်၊မျက်နှာချိုသွေးမည့် ဖော်လံဖားပညာရပ်ကို အချိန်မရွေး ထုတ်သုံးနိုင်မည် မဟုတ်လား။

“ငါ..သဟုန်ဟာ ဖော်လံဖားပညာရပ်မှာ ပါရမီအလွန်ပါတယ်။ ငါ ရှုလီကောကို မနိုင်ဘူးဆိုတာ မယုံဘူးကွ…”

ရှုလီကောနှင့် သဟုန်တို့ သူတို့နည်းလမ်းနှင့်သူတို့ ရတနာများကို စုဆောင်းနေစဉ်တွင် ဝမ်လင်းသည် ကောင်းကင်ဘုံမိုးကြိုးကလန်တွင် ထိုင်နေ၏။ သူ့ရှေ့တွင် ကျောက်စိမ်းပြားတစ်ခု ရှိနေသည်။ ထိုကျောက်စိမ်းပြားတွင် ပြန့်ကြဲမိုးကြိုးကလန်ဝင်များ၏ ကျင့်ကြံခြင်းနည်းလမ်းများ ပါဝင်သည်။

ထိုကျင့်ကြံခြင်းနည်းလမ်းကို မဟာမိုးကြိုးတံဆိပ်တုံးဟု ခေါ်တွင်၏။ ၎င်းသည် သင့်ကို မိုးကြိုးများအား သူ့ခန္ဓာကိုယ်အတွင်း သိပ်သည်းထားစေပြီး ပြင်းထန်သောပေါက်ကွဲအားတိုက်ခိုက်မှုအဖြစ် လုပ်ဆောင်စေနိုင်မည် ဖြစ်သည်။ သို့ပေမည့် ယင်းနည်းလမ်းမှာ ကလန်အမှတ်အသား၏အကူအညီဖြင့် လုပ်ဆောင်သည်။ ၎င်းက ကလန်အမှတ်အသားကိုလည်း ဖြည်းဖြည်းချင်း နိုးထစေနိုင်အောင် ကူညီပေးနိုင်သေးသည်။

ဝမ်လင်းက ထိုကျင့်ကြံခြင်းနည်းလမ်းကို လေ့လာနေ၏။ ထို့ကြောင့် သူက ပြန့်ကြဲမိုးကြိုးကလန်၏ အမှတ်အသားအကြောင်းကိုလည်း သဘောပေါက်လာသည်။ သူသည် ထိုနည်းလမ်းကို သင်ယူခြင်းက သူ ထာဝရမိုးကြိုးကို စုပ်ယူနိုင်ဖို့အတွက် အလွန်တရာ အရေးကြီးလာမည်ဟု ခပ်ရေးရေး ခံစားမိသည်။

***

All Chapters