← Chapters

အခန်း ၈၈

Vol. 9 Ch. 88

အခန်း ၈၈

Vol. 9 Ch. 88

အခန်း (၈၈) - ကုန်ချလိုက်ရပေမဲ့ ရမ္မက်မီး မငြိမ်းခဲ့ခြင်း

ဤမျှ များပြားလှသော ကုန်ပစ္စည်းများကို ဆိုင်ခန်းအတွင်း၌ ထားသိုရန် မဖြစ်နိုင်သည်မှာ သေချာလှပေရာ ဂိုဒေါင်ထဲတွင်သာ သိမ်းဆည်းထားရတော့မည် ဖြစ်သည်။

ချန်ရွှယ်ရူ၏ ဂိုဒေါင်မှာ ဆိုင်နောက်ဖေးရှိ ခြံဝန်းထဲတွင် တည်ရှိလေသည်။

ယန်ချုံးသည် စကားတစ်ခွန်းမျှ မဟတော့ဘဲ အထည်လိပ် အချို့ကို ချိုင်းကြားတွင် ညှပ်ကာ ဆိုင်ခန်းအတွင်းမှ တစ်ဆင့် နောက်ဖေးခြံထဲသို့ ဝင်ရောက်သွားလေသည်။ ချန်ရွှယ်ရူမှာလည်း နောက်မှ ကမန်းကတန်း လိုက်ပါသွားပြီး ဂိုဒေါင်တံခါးကို ဖွင့်ပေးလိုက်သည်။ ထို့နောက် ယန်ချုံး တစ်ယောက် အထည်လိပ်များကို တစ်လိပ်ချင်းစီ အစီအရီ နေရာချနေပုံကို ငေးကြည့်နေမိသည်။

ယန်ချုံးသည် အထည်လိပ်များကို ချပြီးသည်နှင့် ကားအနီးသို့ ပြန်လာကာ ဆက်လက် သယ်ယူနေတော့သည်။

ဤသို့ အခေါက်ခေါက် အခါခါ သွားလာ လှုပ်ရှားနေသည်ကို မြင်သောအခါ အိပ်ပျော်လုနီးပါး ဖြစ်နေသည့် ရှောင်ခွေအား ချီထားသော ဝူမားပင် စပ်စုချင်စိတ်ဖြင့် ထွက်ကြည့်မိလေသည်။

‘သခင်မက တကယ်ပဲ အလုပ်များနေတာလား။ ဆိုင်ထဲ ကုန်သွင်းတာကို အကြိမ်ကြိမ် မြင်ဖူးပေမဲ့ ဘယ်တုန်းကများ ညကြီးမင်းကြီး ကုန်သွင်းတာမျိုး ရှိခဲ့ဖူးလို့လဲ’

သူမ စိတ်ထဲမှ ကြိတ်တွေးနေမိသည်။

“ဝူမား... ရှောင်ခွေကို ချီပြီး သွားအိပ်တော့လေ။ ဒီမှာ ဘာမှ လုပ်စရာ မလိုဘူး”

ချန်ရွှယ်ရူက ကမန်းကတန်း လှမ်းပြောလိုက်ရာ ဝူမားလည်း ချက်ချင်းပင် အိမ်ထဲသို့ ပြန်ဝင်သွားလေတော့သည်။

အထည်လိပ် တစ်ရာ ဟူသော အရေအတွက်မှာ သာမန် ကုန်ထမ်းသမားတစ်ဦး အတွက်ဆိုလျှင် နာရီပေါင်းများစွာ အချိန်ယူရမည့် ပမာဏဖြစ်သည်။ သို့သော် ခန္ဓာကိုယ်ကြံ့ခိုင်မှု အထွတ်အထိပ်သို့ ရောက်ရှိနေသော ယန်ချုံးအတွက်မူ ယင်းကိစ္စမှာ ပေါ့ပေါ့ပါးပါး အမြည်းဟင်းတစ်ခွက် ပမာသာ ဖြစ်နေတော့သည်။ သူသည် တစ်ခေါက်သယ်တိုင်း ချိုင်းအောက်တွင် အထည်လိပ် အချို့ကို ညှပ်ထားတတ်ပြီး ဝါဂွမ်းစများကို သယ်ယူနေရသည့်အလား ခွန်အားစိုက်ထုတ်ရန် မလိုအပ်ဘဲ သွက်လက်ပေါ့ပါးစွာ သွားလာ လှုပ်ရှားနေသည်။ မကြာမီမှာပင် ကားပေါ်ရှိ အထည်လိပ်များ အားလုံး ချန်ရွှယ်ရူ၏ ဂိုဒေါင်ထဲသို့ အပြည့်အစုံ ရောက်ရှိသွားလေတော့သည်။

ချန်ရွှယ်ရူမှာမူ အံ့ဩမှင်တက်လျက် ကျန်ရစ်သည်။ မီးဖိုနားတွင် ထိုင်ရင်း ယန်ချုံး တစ်ခေါက်ပြီး တစ်ခေါက် ဝင်ထွက်သွားလာ နေသည်ကို ငေးကြည့်ကာ ပါးစပ်လေး ဟလျက် ဂြိုဟ်သား တစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား အံ့သြတကြီး ဖြစ်နေမိလေသည်။

“ကဲ... သူဌေးမရွှယ်ရူ အထည်လိပ်တွေ အကုန်ချပြီးသွားပြီ။ စုစုပေါင်း အလိပ်တစ်ရာ တိတိပဲ။ ရေတွက်ကြည့်လိုက်ပါဦး”

ယန်ချုံးက ကုန်ချပြီး သူမရှေ့၌ ရပ်လိုက်သောအခါမှ ချန်ရွှယ်ရူလည်း သတိပြန်ဝင်လာကာ ပြောလိုက်သည်။

“အို... ပြီးသွားပြီလား။ ဘာတွေ ရေတွက်နေစရာ လိုသေးလို့လဲ။ ရှင့်ကို ကျွန်မက မယုံလို့များ မှတ်နေလား”

ဆိုဆိုပြုံးပြုံးဖြင့် မျက်စောင်းလေး တစ်ချက်ထိုးကာ မတ်တပ်ရပ်လိုက်ပြီး သူ့ရင်ဘတ်ကို လက်ဖြင့် ခပ်ဖွဖွ တွန်းလိုက်ရင်း ဆိုသည်။

“မြန်မြန် သွားဆေးကြောလိုက်တော့။ မျက်နှာသစ်ဖို့ ရေနွေးတောင် တည်ပေးထားတယ်”

မီးဖိုပေါ်ရှိ ရေနွေးအိုးထဲမှ ရေကို ဇလုံတစ်ဝက်ခန့် လောင်းထည့်ပြီးနောက် ချန်ရွှယ်ရူက ရေအေး အနည်းငယ်ကိုပါ ထပ်ရောပေးလိုက်သည်။ ထို့နောက် စိတ်မချသည့်အလား ရေအပူချိန်ကို စမ်းကြည့်လိုက်သေးသည်။ အနေတော်ဖြစ်ပြီဆိုမှ ပြောလိုက်သည်။

“မြန်မြန် မျက်နှာသစ်လိုက်လေ… ပင်ပန်းသွားပြီမလား။ ဒီလောက်များတဲ့ အထည်လိပ်တွေကို ဘာလို့ အလောတကြီး အမြန်လုပ်နေရတာလဲ။ ကြည့်စမ်း... ချွေးတွေတောင် ထွက်နေပြီ။ ပေး... ကျွန်မ သုတ်ပေးမယ်”

ပြောပြောဆိုဆိုဖြင့် ကိုယ်ပေါ်မှ လက်ကိုင်ပဝါကို ယူကာ ယန်ချုံး၏ ချွေးများကို သုတ်ပေးရန် ပြင်လိုက်လေသည်။ ယန်ချုံးက အမြန်လှမ်းယူလိုက်ပြီး ပြောသည်။

“ကျေးဇူးတင်ပါတယ် သူဌေးမရွှယ်ရူ”

ထိုကဲ့သို့ ဆိုကာ ခပ်ဖွဖွ နှစ်ချက်ခန့် သုတ်ပြီး ချက်ချင်းပင် ပြန်ပေးလိုက်သည်။ ထို့နောက် မျက်နှာကို ကမန်းကတန်း သစ်လိုက်ပြီး ချန်ရွှယ်ရူ ကမ်းပေးလာသော မျက်နှာသုတ်ပဝါကို ယူ၍ သုတ်လိုက်လေသည်။

“ကဲ... သူဌေးမရွှယ်ရူ အထည်လိပ်တွေလည်း ချပြီးသွားပြီ။ အချိန်လည်း မစောတော့ဘူး ဆိုတော့ အနားယူလိုက်တော့လေ။ ကျွန်တော်လည်း ပြန်မှ ဖြစ်တော့မယ်”

ထို့နောက် မျက်နှာသစ်အပြီးတွင် ယန်ချုံးက ထွက်သွားရန် ပြင်လိုက်သည်။ သို့သော် ခြေလှမ်း စတင်လိုက်သည်နှင့် ချန်ရွှယ်ရူက တံခါးဝတွင် ပိတ်ရပ်ထားသည်ကို တွေ့လိုက်ရလေသည်။

“ဘာတွေ အဲဒီလောက် လောနေရတာလဲ။ အလုပ်တွေ အကြာကြီး လုပ်ထားရတာ ခဏလောက် ထိုင်ပြီး အနားမယူနိုင်ဘူးလား။ ကျွန်မကပဲ ရှင့်ကို စားပစ်မှာ ကြောက်နေလို့လား။ ပြောစမ်းပါဦး… ကျွန်မက ကျားမို့လို့လား”

ချန်ရွှယ်ရူက ပြုံးစိစိဖြင့် ချွဲနွဲ့ကာ အပြစ်တင်လိုက်လေသည်။ ထိုအခိုက်အတန့်တွင် ယန်ချုံး၏ ခေါင်းထဲသို့ နောင်တစ်ခေတ်၌ ရေပန်းစားလာမည့် ‘တောင်အောက်က မိန်းမတွေဟာ ကျားတွေပဲ။ တွေ့ရင် သေချာပေါက် ရှောင်ပြေးကြ’ ဆိုသည့် သီချင်းစာသားက ဖြတ်ခနဲ ရောက်ရှိလာသည်။ ယခု သူ့ရှေ့တွင် ပိတ်ရပ်နေသည်က အလွန်လှပ ဆွဲဆောင်မှုရှိသော နှုတ်ခမ်းနီဆိုး ကျားမတစ်ကောင် ဖြစ်နေပေရာ သူ ဘယ်လိုလုပ် ရှောင်ပြေးနိုင်မည်နည်း။

“မနားတော့ဘူး သူဌေးမရွှယ်ရူ တကယ်ပဲ အချိန်မစောတော့လို့ပါ။ မိန်းမကလည်း အိမ်မှာ စောင့်နေလောက်ပြီ”

ဤကဲ့သို့ ပြောရင်း ယန်ချုံးက ဘေးမှ ရှောင်ထွက်ရန် ပြင်လိုက်သည်။ သို့သော် ချန်ရွှယ်ရူက သူ၏ လှုပ်ရှားမှုကို စောစောစီးစီး ခန့်မှန်းမိပုံ ရသည်။ ချက်ချင်းပင် သူမ၏ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လိုက်ပြီး သူ၏ ရင်ခွင်ထဲသို့ တိုက်ရိုက် ဝင်တိုက်လိုက်လေသည်။ ထို့နောက် “အို” ဟု ခပ်ဖွဖွ အသံပြုကာ သူမ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲသို့ ပြိုဆင်းသွားလေတော့သည်။

ဤသည်ကား လုံးဝကို အိမ်အရောက်လာပို့သော လက်ဆောင်ပစ္စည်းပင် ဖြစ်တော့သည်။ ယန်ချုံးမှာလည်း အခြားရွေးချယ်စရာ မရှိတော့သဖြင့် ချန်ရွှယ်ရူ၏ လက်မောင်းများကို ကိုင်ထိန်းပေးထားလိုက်ရပြီး ပြောသည်။

“သူဌေးမရွှယ်ရူ... သေချာရပ်ပါ။ လဲကျသွားပါဦးမယ်”

ချန်ရွှယ်ရူက ခေါင်းမော့လာပြီး မှုန်ရီရီ မျက်ဝန်းများဖြင့် သူ့ကို မော့ကြည့်ကာ မေးသည်။

“လူဆိုးလေး... မမကို တမင်သက်သက် အခွင့်အရေးယူနေတာ မဟုတ်လား”

ဤလောကတွင် တရားမျှတမှု ဆိုသည်မှာ ရှိပါသေးရဲ့လော။

အလွန် နီးကပ်နေသော နှင်းပွင့်နှယ် ဖြူဖွေးသည့် အသားအရေနှင့် နီရဲဖူးကြွနေသော နှုတ်ခမ်းများ… ထို့အပြင် ရင်ကို အေးမြစေသော ဆွဲဆောင်မှုရှိလှသည့် ကိုယ်သင်းရနံ့တို့ကြောင့် ယန်ချုံး တစ်ယောက် သူ၏ ခန္ဓာကိုယ်တွင်းမှ သွေးသားဆန္ဒများ အလွန်အမင်း မြင့်တက်လာသည်ကို ခံစားလိုက်ရသည်။ သို့သော် ၎င်းမှာ အခိုက်အတန့်မျှသာ ဖြစ်သည်။ သူက ချက်ချင်းပင် ကိုယ်ကို မတ်မတ်ရပ်လိုက်ပြီး ချန်ရွှယ်ရူ၏ ခန္ဓာကိုယ်ကိုလည်း မတ်မတ် ပြန်ရပ်စေလိုက်ကာ ဆိုသည်။

“သူဌေးမရွှယ်ရူ သေချာရပ်ပါ။ ဒီလို အခွင့်အရေးမျိုးက လူတိုင်းကို ပေးယူလို့ ရတာမျိုး မဟုတ်ဘူးနော်”

ထိုစဉ် ခြံထဲမှ ဝူမား၏ အော်ခေါ်သံ ထွက်ပေါ်လာလေသည်။

“ရွှယ်ရူရေ... မြန်မြန် လာကြည့်ပါဦး။ ရှောင်ခွေ အိပ်မက်ဆိုးမက်လို့ ထင်တယ်… ဒီမှာ ငိုနေလို့”

ယန်ချုံးက ထိုအခွင့်အရေးကို ချက်ချင်း ဆုပ်ကိုင်ကာ ပြောလိုက်သည်။

“သူဌေးမရွှယ်ရူ ကလေးကို အမြန်သွားကြည့်လိုက်ပါဦး။ ကျွန်တော် အရင်ပြန်တော့မယ်။ အထည်တွေ ရောင်းလို့ ကုန်သွားရင်သာ ကျွန်တော့်ကို လာရှာလိုက်ပါ”

ပြောပြောဆိုဆိုဖြင့် ကိုယ်ကိုလှည့်ကာ အထည်ဆိုင်ထဲမှ ခပ်သုတ်သုတ် ထွက်လာခဲ့ပြီး ကားခေါင်းခန်းထဲသို့ ခုန်တက်လိုက်သည်။ ထို့နောက် အင်ဂျင်သံ တဝုန်းဝုန်းဖြင့် ကားမောင်းထွက်သွားလေတော့သည်။

ချန်ရွှယ်ရူမှာမူ ဒေါသထွက်လွန်းသဖြင့် ခြေဆောင့်လိုက်ကာ ညည်းတွားလိုက်သည်။

“ဒီငတိ လွတ်သွားပြန်ပြီ”

ခြံထဲတွင်တော့ ဝူမားက အော်နေဆဲပင်။

“ရွှယ်ရူရေ... မြန်မြန် လာခဲ့ပါဦးဟာ။ ရှောင်ခွေက အရမ်း ဂျီကျနေတယ်။ ငါ ချော့လို့ မရတော့ဘူး”

“သိပြီ… အခု လာပြီ”

ချန်ရွှယ်ရူက စိတ်မရှည်စွာဖြင့် ပြန်လည် အော်ပြောလိုက်သည်။

……………………….

ဟိုဘက်တွင်မူ ကားမောင်းထွက်သွားသော ယန်ချုံး တစ်ယောက် သက်ပြင်းရှည်ကြီး တစ်ခုကို မှုတ်ထုတ်လိုက်လေသည်။

ဤချန်ရွှယ်ရူမှာ အရမ်းကို တက်ကြွလွန်းလှသည်။ သူမ၏ သွက်လက် ရဲတင်းမှုများက ယခုခေတ် ယခုအခါမှ မိန်းမတစ်ယောက်ဟု ယုံကြည်ရန်ပင် ခက်ခဲနေစေသည်။ ထို့အပြင် သူမတစ်ကိုယ်လုံးမှ ဖြာထွက်နေသော ထိုဆွဲဆောင်မှု အငွေ့အသက်များကို တောင့်ခံထားနိုင်ရန်မှာ အတော်လေးကို ခက်ခဲလှပေသည်။ ကလေးသာ ရုတ်တရက် ထမငိုခဲ့လျှင် သူ ဒီည တကယ်ပဲ အရှုံးပေးလိုက်ရနိုင်ခြေ ရှိသည်။ သို့သော်လည်း အရှုံးပေးလိုက်ရလျှင်တောင် သူ့အတွက် ဘာမှ နစ်နာစရာတော့ မရှိပါချေ။ ဤသည်မှာ ပုံမှန်ယောက်ျားတိုင်း အိပ်မက် မက်သည့်အရာပင် မဟုတ်ပါလော။ ထိုသို့ဆိုလျှင် သူကိုယ်တိုင်ရော ပုံမှန်ယောက်ျားတစ်ယောက် ဟုတ်ရဲ့လားဟု သူ့ကိုယ်သူ ပြန်မေးခွန်းထုတ်နေမိသည်။

အိမ်ပြန်ရောက်သောအခါ ည (၁၁) နာရီပင် ထိုးလုနီးပါး ရှိနေချေပြီ။ ခြံဝန်းကြီးထဲတွင်တော့ အစောကြီးကတည်းက မှောင်မည်းတိတ်ဆိတ်နေပြီ ဖြစ်သည်။ ယန်ချုံးက တံခါးကို ဂရုတစိုက် တွန်းဖွင့်ကာ ဝင်သွားလိုက်စဉ် အမှောင်ထဲမှ ယန်ရှောင်ကျွမ်း၏ မေးသံကို ကြားလိုက်ရလေသည်။

“အစ်ကိုကြီး... ပြန်လာပြီလား”

“အင်း... အစ်ကိုကြီးပါ။ ပြန်လာတာ နောက်ကျသွားတော့ နင့်ကိုတောင် နှိုးမိသလို ဖြစ်သွားပြီ”

“မဟုတ်ပါဘူး... ညီမ အိပ်တောင် မပျော်သေးပါဘူး။ အခုနလေးတင်ပဲ မရီးနဲ့ စကားပြောလို့ ပြီးသွားတာ။ သူလည်း မအိပ်သေးဘူး”

ယန်ချုံးက ခေါင်းညိတ်လိုက်ပြီး ပြောသည်။

“အင်း... ဒါဆိုလည်း စောစောအိပ်တော့လေ”

ထို့သို့ ပြောကာ တံခါးမင်းတုံးချပြီး အိပ်ခန်းထဲသို့ ဝင်သွားလေသည်။

အိပ်ခန်းထဲတွင် ရှိနေသော ယွီရှို့မှာလည်း တကယ်ကို အိပ်မပျော်သေးပေ။ သူ၏ အသံကို ကြားလိုက်ရသဖြင့် မီးခလုတ်ကို ဖွင့်လိုက်ကာ မေးလေသည်။

“ဘာလို့ အခုမှ ပြန်ရောက်တာလဲ”

“သူများဆီ ကုန်နည်းနည်း သွားပို့ပေးနေရလို့ပါ။ အဲဒီဘက်မှာ အလုပ်သမား မရှိတာနဲ့ ကုန်ချတာ ဝင်ကူပေးနေရတာ”

ထို့နောက် ယန်ချုံးက တံခါးကို ပိတ်ကာ အဝတ်အစားများကို ခပ်မြန်မြန် ချွတ်ပြီး စောင်ပုံထဲသို့ တိုးဝင်လိုက်သည်။

“အင်း... အချိန်လည်း မစောတော့ဘူး... မနက်ဖြန် အလုပ်သွားရဦးမယ်လေ...”

“ဖြည်းဖြည်း... လုပ်ပါ... ရှောင်ကျွမ်းလည်း... မအိပ်သေးဘူး...”

“မီးပိတ်လေ...”

အပြင်ခန်းတွင်တော့ ယန်ရှောင်ကျွမ်း တစ်ယောက် သူမ၏ ခေါင်းကို စောင်ထဲသို့ ထပ်မံထိုးသွင်း လိုက်မိရာ နားရွက်ဖျားများမှာတော့ ပူထူနေလေတော့သည်။ အချိန်မည်မျှ ကြာသွားသည်မသိ… အတွင်းခန်းထဲမှ မုန်တိုင်းငယ်မှာ အဆုံးတွင်တော့ ငြိမ်သက်သွားလေသည်။

ယွီရှို့မှာ ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေစွာ လဲလျောင်းနေရင်း အားအင်ကုန်ခန်းနေသော အသံဖြင့် မေးလိုက်သည်။

“အစ်ကို... ညက တကယ်ရော ဘာတွေ သွားလုပ်ခဲ့တာလဲ။ ပြန်လာတော့ ဘာလို့ ဒီလောက်တောင် အပူကြီးနေရတာလဲ။ ညီမ ခါးတောင် ကျိုးတော့မလို့ပဲ”

ယန်ချုံးက ခုတင်ခေါင်းရင်းမှ စီးကရက် တစ်လိပ်ကို ယူ၍ မီးညှိကာ ပြင်းပြင်းတစ်ရှိုက် ဖွာလိုက်ပြီး ဖြေသည်။

“ပြောပြီးပြီလေ... ကုန်သွားပို့ပြီး ကုန်ချပေးနေတာပါဆို”

ယွီရှို့က လက်ဖြင့် ခပ်ဖွဖွ စမ်းကြည့်လိုက်ပြီး မေးပြန်သည်။

“အစ်ကို ကုန်ချခဲ့တယ် ဆိုတာ သေချာရဲ့လား။ ညီမ အထင်တော့ အစ်ကိုက ညီမဆီမှာ ရမ္မက်မီး လာငြိမ်းနေတာနဲ့ ပိုတူနေတယ်နော်”

ထိုသို့ ပြောနေရင်းမှ မျက်နှာအမူအရာ ချက်ချင်း ပြောင်းလဲသွားကာ ဆိုသည်။

“အစ်ကို... ဘယ်လိုဖြစ်လို့ နောက်တစ်ခါ ထပ်...”

All Chapters