← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

သူမ ပိုင်ဆိုင်ထားသည့် သားရဲထိန်းချုပ်သူ ပါရမီအကြောင်းကို ကြားလိုက်ရပြီးနောက် ကျန်းဟန်သည် သူ၏ခြေလှမ်းများကို ရပ်တန့်ကာ သူမကို သေချာစွာ ပြန်လည်၍ အကဲခတ်ကြည့်မိသွားခဲ့သည်။ သူမသည် ရုပ်ရည်ချောမောလှပရုံသက်သက်သာ ဖြစ်လိမ့်မည်ဟု သူ ထင်မှတ်ထားခဲ့သော်လည်း ယခုကဲ့သို့ ကြီးမားသော အလားအလာများကို ဖုံးကွယ်ထားသည့် ရတနာတစ်ပါး ဖြစ်နေလိမ့်မည်ဟုတော့ မမျှော်လင့်ထားခဲ့မိပေ။

အကယ်၍ ဤပါရမီကို စနစ်တကျ မှန်မှန်ကန်ကန် အသုံးပြုနိုင်မည်ဆိုပါက ၎င်းသည် အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်သည့် တကယ့်ကို အိပ်ကပ်ထဲမှ ဝှက်ဖဲတစ်ချပ် ဖြစ်လာပေလိမ့်မည်။

“ဒါ တကယ့်ကို အစွမ်းထက်တဲ့ ပါရမီပဲ။ ငါ မြင်ဖူးသမျှထဲမှာ အသန်မာဆုံး ပါရမီတွေထဲက တစ်ခုလို့တောင် ပြောလို့ရတယ်။”

ကျန်းဟန်က ချီးကျူးစကား ဆိုလိုက်သည်။ အချို့သော အတိုင်းအတာတစ်ခုအထိ ဆိုလျှင် ဤပါရမီသည် လီဇီဝေ၏ စိတ်ရိုင်းဝင်စေခြင်းပါရမီထက်ပင် ပိုမိုအစွမ်းထက်နေသေးသည်။

“ဒါပေမယ့် နှမြောစရာကောင်းတာက ကျွန်မက မြွေစိမ်းလေးနဲ့ စာချုပ်ချုပ်ထားပြီးပြီ။ နောင်တစ်ချိန်မှာ အခြေခံအဆင့်ကို တက်လှမ်းနိုင်ပါ့မလား၊ ဒုတိယမြောက် သားရဲထိန်းချုပ်ခြင်း မျိုးစေ့ကို မွေးဖွားပေးနိုင်ပါ့မလားဆိုတာတောင် ကျွန်မ မသေချာဘူး။”

လျန်ပင်းမှာ အနည်းငယ် စိတ်ဓာတ်ကျနေသည့်ပုံ ပေါ်နေ၏။ သူမသည် ယခင်က သူမ၏ မောင်လေးကို ရှင်ပြန်ထမြောက်လာစေရန် စဉ်းစားခဲ့သော်လည်း သူမ၏ လက်ထဲရှိ မြွေစိမ်းလေးကို ကြည့်လိုက်သည့်အခါ ထိုအရာမှာ ဝေးကွာလွန်းလှသောအိမ်မက်တစ်ခုကဲ့သို့ ခံစားလိုက်ရသည်။ သူမအနေဖြင့် သူမရှေ့မှောက်ရှိ အခက်အခဲအတားအဆီးကိုပင် ကျော်ဖြတ်နိုင်ရန် ခဲယဉ်းနေသေးသည်။

“ဒီကိစ္စအတွက်ဆိုရင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ မင်းရဲ့ မြွေစိမ်းလေးရဲ့ အလားအလာကို မြှင့်တင်ပေးနိုင်မယ့် နည်းလမ်း ငါ့မှာ ရှိနေတယ်။”

ကျန်းဟန်က ပြောလိုက်သည်။

“ရှင့်မှာ နည်းလမ်းရှိတယ် ဟုတ်လား။”

လျန်ပင်း၏ မျက်နှာထက်တွင် ပထမဦးစွာ အံ့အားသင့်သွားသည့် အရိပ်အယောင်များ ပေါ်လာသော်လည်း ထို့နောက်တွင် တစ်စုံတစ်ခုကို သဘောပေါက်သွားသည့်အလား သူမက ခေါင်းခါယမ်းလိုက်သည်။

“ရှင်က ကျွန်မအတွက် ကလဲ့စားချေပေးခဲ့တာနဲ့တင် ကျွန်မ ဘဝနဲ့ရင်းပြီး ပြန်ဆပ်ရင်တောင် မကျေနိုင်တဲ့ ကျေးဇူးတရား ဖြစ်နေပါပြီ။ သားရဲရဲ့ အလားအလာကို မြှင့်တင်ပေးနိုင်တဲ့ နည်းလမ်းဆိုတာ အရမ်းတန်ဖိုးကြီးမှာ သေချာတယ်။ ကျွန်မဘာသာပဲ နည်းလမ်းရှာဖွေကြည့်လိုက်ပါ့မယ်။”

ကျန်းဟန်က စကားတစ်ခွန်းမှ မဆိုဘဲ အနက်ရောင်ဝတ်စုံနှင့် မိန်းကလေးကို ခဏမျှ စိုက်ကြည့်လိုက်မိသည်။

လျန်ပင်းသည် ကျန်းဟန် ဘာကို ကြည့်နေသည်ကို မသိရှိဘဲ မကြာမီ ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းလေး ငုံ့သွားခဲ့သည်။ သူမ၏ ရင်ဘတ်ထဲမှ နှလုံးသားမှာ တဒိန်းဒိန်း ခုန်လှုပ်နေပြီး ကျန်းဟန်ကို လုံးဝ မော့မကြည့်ရဲတော့ပေ။

“ငါ့နောက်ကို လိုက်ခဲ့။”

ကျန်းဟန်က သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ပြောလိုက်သည်။

“ဟုတ်ကဲ့။”

လျန်ပင်းက မျက်နှာလေး နီမြန်းလျက် ခေါင်းငုံ့ကာ ခေါင်းငြိမ့်ပြလိုက်သည်။

မကြာမီပင် ကျန်းဟန်သည် သူမကို မီတာရာချီ မြင့်မားသော သစ်ပင်ကြီးများ ဝန်းရံထားပြီး အနီးနားတွင် မြစ်ငယ်လေးတစ်စင်း စီးဆင်းနေသည့် လူသူဆိတ်ညံသော ချိုင့်ဝှမ်းတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။

“ဒါ... ဒါက မသင့်တော်ပါဘူး...”

သူမက တိုးတိုးလေး ရေရွတ်လိုက်၏။ ကျန်းဟန်သည် သူမအပေါ် ထိုကဲ့သို့သော အကြံအစည်မျိုး ရှိနေသည်ဟု သူမ ထင်မှတ်သွားခြင်း ဖြစ်လေသည်။

“ဘာက မသင့်တော်တာလဲ။”

ကျန်းဟန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားရ၏။

“မင်း လျှောက်ပြီး စိတ်ကူးယဉ်မနေနဲ့။ မင်းရဲ့ မြွေစိမ်းလေးကို မြေပြင်ပေါ်မှာ ချထားခဲ့ပြီး ငါ့ဘေးနားကို လာခဲ့။”

ကျန်းဟန်က ပြောလိုက်သည်။

“ဟုတ်ကဲ့။”

သူမ မိမိဘာသာ အထင်လွဲမိသွားခြင်း ဖြစ်ကြောင်း သိရှိသွားသည့်အခါ လျန်ပင်းသည် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ကျန်ဟန်၏ ဘေးနားသို့ လျှောက်သွားခဲ့လိုက်၏။ သို့သော်လည်း သူမ၏ နားရွက်ဖျားလေးများမှာမူ နီရဲနေဆဲပင်။

နောက်တစ်စက္ကန့်တွင် ကျန်းဟန်သည် ပိုင်လင်းကို တိုက်ရိုက် ထုတ်လွှတ်လိုက်တော့သည်။ မီတာ ၅၀ ရှည်လျားသော ခရမ်းရောင် နတ်နဂါးသည် တစ်ဖန်ပြန်လည် ပေါ်ထွက်လာခဲ့ပြီး ၎င်းကြောင့် သူတို့ရှေ့ရှိ မြွေစိမ်းလေးမှာ ချက်ချင်းပင် မြေပြင်ပေါ်၌ ဝပ်စင်းသွားခဲ့ရတော့သည်။

ဤမျှ ကြီးမားသော သားရဲကြီးကို ဒုတိယအကြိမ် ပြန်လည် မြင်တွေ့လိုက်ရချိန်တွင်လည်း လျန်ပင်းမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် မဆိုနိုင်တော့ပေ။ ၎င်းထံမှ ဖြာထွက်လာသော လွှမ်းမိုးချုပ်ကိုင်မှု အရှိန်အဝါမှာ အသက်ရှူရပ်မတတ် ပြင်းထန်လှသည်။ သူမသည် ကျန်းဟန်ကို ကြည့်ကာ သူသည် ယခုကဲ့သို့ ဒဏ္ဍာရီလာ သတ္တဝါမျိုးကို မည်သို့မည်ပုံ ပိုင်ဆိုင်လာခဲ့သည်ကို လုံးဝ စဉ်းစား၍ မရနိုင်တော့ပေ။

“မြွေစိမ်းလေးကို အခူခံဖို့ ပြောလိုက်။ ဒါက သူကောင်းဖို့အတွက်ပဲ။”

ကျန်းဟန်က လျန်ပင်းကို သတိပေးလိုက်၏။ သူသည် သဘာဝအတိုင်း ပိုင်လင်း၏ နဂါးမျိုးနွယ် ကူးစက်ခြင်းစွမ်းရည်ကို အသုံးပြု၍ မြွေစိမ်းလေးအား နဂါးသွေးမျိုးဆက် ရရှိစေရန် ပြင်ဆင်နေခြင်း ဖြစ်သည်။

လျန်ပင်းက သတိမပေးလျှင်ပင် မြွေစိမ်းလေးမှာ လုံးဝ မလှုပ်ရှားရဲဘဲ တောင့်တောင့်ကြီး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

ပိုင်လင်းသည် ပထမဦးစွာ ၎င်း၏ အသက်ရှူသံဖြင့် နဂါးဝိညာဉ်စွမ်းအင်များ ပါဝင်သော ဝိညာဉ်စွမ်းအားအချို့ကို မြွေစိမ်းလေးထံသို့ လွှဲပြောင်းပေးလိုက်၏။ ပြီးနောက် ၎င်း၏ မေးဝကို ဖွင့်ကာ နဂါးသွေးသုံးစက်ကို ထုတ်လွှတ်ပေးလိုက်ပြီး ထိုသွေးစက်များက မြွေစိမ်းလေး၏ ခန္ဓာကိုယ်ကို လုံးဝ စိုရွှဲသွားစေခဲ့ လေသည်။

ပိုင်လင်း၏ နဂါးသွေးထဲတွင် နဂါးတို့၏ မူလသွေးနှင့် ဝိညာဉ်တို့ ပါဝင်နေသည်။ မြွေစိမ်းလေးအနေဖြင့် ဤသွေးသုံးစက်၏ စွမ်းအားကိုသာ ဖော်ထုတ်နိုင်မည်ဆိုပါက ၎င်းသည် နဂါးတစ်ကောင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲ သွားနိုင်မည် ဖြစ်သည်။ ထို့အပြင် ၎င်းသည် မိုးကြိုးနဂါးအဖြစ်သာမကဘဲ ဘိုးဘေးနဂါးမှလွဲ၍ အခြား မည်သည့် ဓာတ်သဘာဝရှိသော နဂါးအမျိုးအစားအဖြစ်မဆို ပြောင်းလဲသွားနိုင်သည့် အလားအလာ ရှိနေပေသည်။

အဘယ်ကြောင့်ဆိုသော် နဂါးတို့၏ မူလသွေးနှင့် ဝိညာဉ်ထဲတွင် မည်သည့်နဂါးအဖြစ်မဆို ဆင့်ကဲပြောင်းလဲနိုင်သည့် အလားအလာများ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။ ဤသွေးသုံးစက်ထဲတွင် ပါဝင်သော ပမာဏမှာ တစ်သန်းပုံတစ်ပုံမျှပင် မရှိသော်လည်း သာမန်သားရဲတစ်ကောင်အတွက်မူ ဤသည်မှာ ကြီးမားသော ကံကောင်းခြင်းအခွင့်အလမ်း ကြီးတစ်ခုဖြစ်ပေသည်။

မှန်ပါသည်။ ၎င်းအတွက် ပေးဆပ်ရမည့် တန်ဖိုးမှာမူ ထိုမြွေစိမ်းလေးသည် ပိုင်လင်း၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားမည်ဖြစ်ပြီး ဘယ်သောအခါမျှ ပိုင်လင်းကို အနိုင်ယူနိုင်စွမ်း ရှိတော့မည်မဟုတ်ချေ။

“ကောင်းပြီ... မင်းရဲ့ မြွေစိမ်းလေးရဲ့ အလားအလာကို ငါ မြှင့်တင်ပေးပြီးပြီ။ နောင်တစ်ချိန်မှာ နဂါးတစ်ကောင်အဖြစ် ဆင့်ကဲပြောင်းလဲသွားနိုင်တဲ့ ဖြစ်နိုင်ခြေ ရှိသွားပြီမို့လို့ သူ့ကို သေချာလေ့ကျင့်ပေးလိုက်ပါ။”

ပိုင်လင်းကို ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် ကျန်းဟန်က လျန်ပင်းကို ကြည့်ကာ ပြောလိုက်သည်။

ဤသို့ မျိုးနွယ်စုဝင်အဖြစ် ကူးစက်စေခြင်းမှာ မူလကတည်းက ပိုက်ကွန်ကျယ်ကျယ်ဖြန့်ကာ အလားအလာရှိသူများကို သိမ်းသွင်းသည့် နည်းလမ်းတစ်ခု ဖြစ်သည်။ လျန်ပင်းသည် အမှန်တကယ် အလားအလာကောင်းသော မျိုးဆက်သစ် တစ်ယောက်ဖြစ်ရာ ဤကဲ့သို့ ကောင်းမွန်သော ကံကောင်းခြင်းအခွင့်အလမ်းကို သူ သဘာဝအတိုင်း လက်လွှတ်ခံမည်မဟုတ်ပေ။

ထို့အပြင် ဤအရာသည် သူမကို ထိန်းချုပ်ရန်အတွက်လည်း အထောက်အကူပြုပေသည်။ သို့သော် သူမ တစ်ဦးတည်းအတွက် ကြည့်မည်ဆိုလျှင်လည်း ဆိုးကျိုးထက် ကောင်းကျိုးက အဆမတန် ပိုမိုများပြားသည်။

“တကယ်ကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီကျေးဇူးတရားကို ဘယ်လိုပြန်ဆပ်ရမှန်းတောင် ကျွန်မ မသိတော့ပါဘူး။ ကျေးဇူးပြုပြီး ရှင့်နောက်ကို လိုက်ပါခွင့်ပြုပြီး ရှင့်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ထမ်းဆောင်ခွင့် ပေးပါ။”

လျန်ပင်းက ခေါင်းငြိမ့်ကာ ကျန်းဟန်ကို ကြည့်ရင်း ပြောလိုက်သည်။

“မင်းက အရမ်းအားနည်းလွန်းသေးတယ်။ မင်းရဲ့ စွမ်းရည်တွေ တိုးတက်လာဖို့ကိုပဲ အရင်ဆုံး အာရုံစိုက်ထားတာ ပိုကောင်းလိမ့်မယ်။ မဟုတ်ရင် ငါကပဲ မင်းကို ပြန်ကာကွယ်ပေးနေရလိမ့်မယ်။”

ကျန်းဟန်က ထိုကမ်းလှမ်းချက်ကို ငြင်းပယ်ခြင်းမပြုဘဲ ပြုံးလျက်သာ ပြောလိုက်သည်။

လျန်ပင်းသည် တကယ့် မျိုးဆက်ကောင်းတစ်ခု ဖြစ်ပြီး ယခုအချိန်သည် သူမ၏ ဘဝတွင် အားအငယ်ဆုံးနှင့် ကူညီမှုလက်ကမ်းပေးရန် အလိုအပ်ဆုံးအချိန် ဖြစ်သည်။ ထို့ကြောင့် ဤအချိန်သည် သူမ၏ သစ္စာရှိမှုကို ရယူရန်အတွက် အကောင်းဆုံးအချိန်လည်း ဖြစ်ပေသည်။

သို့မဟုတ်ပါက ကျန်းဟန်အနေဖြင့် ပိုင်လင်းကို နဂါးသွေးသုံးစက်အထိ ထုတ်ပေးပြီး ကူးစက်စေခိုင်းမည်မဟုတ်ပေ။ သာမန်လူများဆိုလျှင် ယခုကဲ့သို့ အခွင့်အရေးမျိုး ရရှိလိမ့်မည်မဟုတ်ဘဲ အများဆုံး နဂါးသွေးတစ်စက်ဆိုလျှင်ပင် ကန့်သတ်ချက် ဖြစ်နေလိမ့်မည်။

“ကျွန်မ အစွမ်းကုန် ကြိုးစားပါ့မယ်။”

လျန်ပင်းက လေးနက်စွာ ပြောလိုက်၏။ သူမး ကျန်းဟန်၏ ချောမောသော မျက်နှာကို ကြည့်လိုက်မိသည်။ သူ၏ မျက်ဝန်းများမှာ ကြယ်များကဲ့သို့ တောက်ပနေပြီး ထူးခြားဆန်းကြယ်သော စရိုက်လက္ခဏာများကို ဖော်ပြနေခဲ့သည်။

ဤလူသားသည်သာလျှင် သူမကို အကြွင်းမဲ့ စိတ်ပျက်အားငယ်စရာကောင်းသော မှောင်မိုက်သည့် ကမ္ဘာကြီးထဲမှ ပထမဦးဆုံး ဆွဲထုတ်ပေးပြီး လင်းလက်တောက်ပမှုကို ပေးသနားခဲ့သူ ဖြစ်သည်။ ယခုအခါတွင်လည်း သူသည် သူမ၏ သားရဲကို အလားအလာများ အပ်နှင်းပေးခဲ့ပြီး သူမ၏ ဘဝကို မျှော်လင့်ချက်အသစ်များ ပေးခဲ့သည့်အပြင် မောင်လေးကို ရှင်ပြန်ထမြောက်စေနိုင်မည့် မျှော်လင့်ချက်ကိုလည်း ပေးခဲ့ပြန်သည်။

ဤမျှကြီးမားသော ကျေးဇူးတရားများကို သူမ မည်သို့မျှ ပြန်လည်ပေးဆပ်နိုင်မည်မဟုတ်ဟု ခံစားလိုက်ရ၏။ သူ့ဘေးနားတွင် အမြဲလိုက်ပါကာ သေသည်အထိ သူ့အတွက် ရှေ့တန်းကနေ တိုက်ပွဲဝင်ပေးခြင်းဖြင့်သာ ကျေးဇူးဆပ်နိုင်လိမ့်မည် ဖြစ်သည်။

“ကောင်းပြီ... အိမ်ကို အရင်ပြန်ကြရအောင်။”

ကျန်းဟန်က လက်ဝှေ့ယမ်းကာ ရှေ့သို့ လျှောက်လှမ်းသွားခဲ့သည်။

လျန်ပင်းသည် သတိမေ့နေသော မြွေစိမ်းလေးကို သူမ၏ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး အပြေးအလွှား လိုက်ပါသွားခဲ့သည်။

မကြာမီပင် သူတို့နှစ်ဦးသား ကျန်းဟန်၏ အိမ်သို့ ရောက်ရှိလာခဲ့ကြ းလေသည်။

ဆိုင်ခန်းထဲတွင် ရှိနေကြသော အဒေါ်ကြီးများသည် ကျန်းဟန် ပြန်လာသည်ကို မြင်မြင်ချင်းပင် ချက်ချင်းဆိုသလို အမျိုးမျိုး ဖားကြ၊ မြှောက်ပင့်ပြောဆိုကြလေတော့သည်။

“သခင်ကြီး ကျန်ဟန်က အရမ်း လူချစ်လူခင် ပေါတာပဲ။”

လျန်ပင်းက အနည်းငယ် အားကျဟန်ဖြင့် ပြောလိုက်သည်။ သူမနှင့် သူမ၏ မောင်လေးမှာ ရွာထဲတွင် မည်သူ့ထံကမှ အချစ်မခံခဲ့ရသည့်အပြင် လူများစွာ၏ နှိပ်စက်ညှဉ်းပန်းမှုကိုသာ ခံခဲ့ကြရသည်။

ကျန်းဟန်က တဟားဟား ရယ်မောလိုက်ပြီး ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ဒါက ငါ အစွမ်းထက်လို့သာ ဒီလိုဖြစ်နေကြတာပါ။ အရင်တုန်းက သူတို့က ဒီလိုပုံစံမျိုး မဟုတ်ဘူး။ ငါ့အိမ်က ပစ္စည်းတွေကို သူတို့ လုယူ၊ ခိုးယူကြရုံတင်မကဘဲ ကလေးတွေတောင် သော့တွေကို ဖျက်ဆီးပြီး အိမ်ထဲဝင် ဆော့ကစားကြသေးတယ်။”

“ဒါ... ဒါဆို ရှင့်ရဲ့ မိဘတွေက ဒီမှာ မရှိကြဘူးလား။”

လျန်ပင်းသည် ကျန်းဟန်၏ အတိတ်က အတွေ့အကြုံများမှာ ဤမျှအထိ သနားစရာကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ ဤအချက်က သူမကို သူ့အပေါ် ပိုမို ရင်းနှီးနွေးထွေးမှု ရှိသွားစေခဲ့သည်။

“ငါ့မိဘတွေက ငါငယ်ငယ်ကတည်းက ဆုံးပါးသွားခဲ့ကြတာ။ မဟုတ်ရင် ဒီလိုအခြေအနေမျိုး ဘယ်ဖြစ်လာပါ့မလဲ။”

ကျန်းဟန်က အေးအေးလူလူပင် ပြုံးကာ ဆက်ပြောလိုက်သည်။

“ပြီးတော့ ငါ အဲဒီသားရဲကုန်သည်ကို သတ်ခဲ့တာကလည်း သူက အရင်တုန်းက ကျောက်စိမ်းပိုးကောင်ကို နယ်သာမိုးကြိုးလိပ်ပြာရဲ့ ပိုးလောင်းပါဆိုပြီး ငါ့ကို လိမ်လည်လှည့်ဖြားဖို့ ကြိုးစားခဲ့ဖူးလို့ပဲ။ မင်းနဲ့ သိပ်ပြီး မသက်ဆိုင်လှတာမို့လို့ မင်းအနေနဲ့ အဲလောက်ကြီး ကျေးဇူးတင်နေဖို့ မလိုဘူး။”

“မဟုတ်တာ၊ မဟုတ်တာ။ ရှင့်ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် ရှင်က ကျွန်မအတွက် ကလဲ့စားချေပေးခဲ့တာကတော့ တကယ့် အမှန်တရားပဲ။”

လျန်ပင်းက ခေါင်းခါယမ်းကာ ပြတ်ပြတ်သားသား ပြောလိုက်သည်။

ကျန်းဟန်၏ မိသားစုနောက်ခံ နောက်ကြောင်းမှာ သူမထက်ပင် ပိုမိုဆိုးရွားနေလိမ့်မည်ဟုသော်လည်းကောင်း၊ သူသည်လည်း ထိုသားရဲကုန်သည်၏ လိမ်လည်လှည့်ဖြားမှုကို ခံခဲ့ရဖူးသည်ဟုသော်လည်းကောင်း သူမ မမျှော်လင့်ထားခဲ့မိချေ။

သူမသည် ကျန်းဟန်က ကြီးမြတ်သော မိသားစုကြီးတစ်ခုမှ မဟုတ်လျှင်ပင် အနည်းဆုံးတော့ ချမ်းသာကြွယ်ဝသော အသိုင်းအဝိုင်းက ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် အခြေအနေမှာ သူမ စိတ်ကူးယဉ်ထားသည်နှင့် လုံးဝ တခြားစီ ဖြစ်နေခဲ့လေသည်။

ဤအချက်က သူမကို ကျန်းဟန်နှင့် ပိုမိုနီးစပ်သွားသလို ခံစားရစေပြီး သူသည် နှစ်လတာကာလတိုလေးအတွင်း မည်သို့မည်ပုံ ယခုကဲ့သို့ အဆင့်အထိ ကြီးထွားလာခဲ့သည်ကို သူမ အလွန် အံ့ဩစပ်စုမိချင်သွားခဲ့၏။

သူ၏ အင်အားမှာ ကောင်းကင်နှင့်မြေကြီးကို ပြောင်းပြန်လှန်ပစ်သကဲ့သို့ ပြောင်းလဲသွားခဲ့ရုံသာမက သူ၌ ဒဏ္ဍာရီလာ စစ်မှန်သော နဂါးတစ်ကောင် ရှိနေသည့်အပြင် ၎င်းမှာ နဂါးကျိန်စာရှိသော စစ်မှန်သော နဂါးတစ်ကောင်လည်း ဖြစ်နေသေးသည်။

ကျန်းဟန်က တံခါးကို ဖွင့်လိုက်ပြီး ပြောလိုက်သည်။

“ဒီနေ့တော့ မင်း ငါ့အိမ်မှာပဲ နားလိုက်ပါ။”

အပြင်တွင် မှောင်နေပြီဖြစ်ပြီး လမ်းခုလတ်တွင်လည်း သူက စားစရာများ ဝယ်ယူလာခဲ့ပြီး ဖြစ်သည်။

လျန်ပင်းက ခေါင်းငြိမ့်ပြကာ ကျန်းဟန်နောက်သို့ လိုက်၍ အပေါ်ထပ်သို့ တက်လာခဲ့ပြီး ပတ်ဝန်းကျင်ကို စူးစမ်းလိုစိတ်ဖြင့် လှည့်ပတ်ကြည့်ရှုနေမိသည်။

ကျန်းဟန် ဝယ်လာသည်မှာ ရိုးရှင်းသော အမဲသားစတိတ် နှစ်တုံး တွဲဖက်ပါရှိသည့် စပိုက်စီ ဆန်ခေါက်ဆွဲ ဖြစ်သည်။

စားသောက်ပြီးနောက် သူသည် စောင်တစ်ထည်ကို ရှာဖွေကာ လျန်ပင်းထံသို့ ပစ်ပေးလိုက်၏။

“အိမ်မှာ ကုတင်က တစ်လုံးပဲ ရှိတယ်။ မင်း ဒီည ဆိုဖာပေါ်မှာပဲ အိပ်လိုက်။ ငါ သွားနားတော့မယ်။”

“ဟုတ်ကဲ့။”

လျန်ပင်းမှာ ခဏမျှ ကြောင်အမ်းသွားခဲ့ပြီးမှ စောင်ကို လှမ်းယူလိုက်လေတော့သည်။

All Chapters