← Chapters

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

Vol. 22 Ch. 217

အခန်း ၂၁၇

လျိုယွဲ့သည် ထိုမြင်ကွင်းကို မြင်လိုက်ရပြီး နောက်ဆုံးမှ အသိပြန်ဝင်လာခဲ့သည်။ သူမသည် သားရဲအသွင်သို့ ပြန်ပြောင်းလိုက်ပြီး ပါးစပ်ကိုဟကာ သွေးတစ်စက်ကို အတင်းအကျပ် ညှစ်ထုတ်လိုက်ပြီးနောက် သားရဲချီများကို စုစည်းရန် သူမ၏လက်ကို မြှောက်လိုက်သည်။

ထို့နောက်တွင် ထိုချီစွမ်းအင်လုံးနှစ်ခုသည် လေထဲတွင် တစ်ခုနှင့်တစ်ခု ဖြည်းဖြည်းချင်း နီးကပ်လာပြီး နောက်ဆုံး၌ ပေါင်းစပ်သွားကာ သွေးရောင်လွှမ်းသော ချီစွမ်းအင်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တော့လေသည်။ ၎င်းနောက် ထိုချီစွမ်းအင်လုံးကြီးသည် နှစ်ပိုင်းကွဲသွားပြီး သူတို့၏ ခန္ဓာကိုယ်အသီးသီးဆီသို့ ပြန်လည်ဝင်ရောက်သွားခဲ့တော့လေသည်။

ဤနည်းဖြင့် အဖော်သားရဲစာချုပ်တစ်ခု ပြီးမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ဤကဲ့သို့သော အဖော်သားရဲစာချုပ်မျိုးသည် အရိုးရှင်းဆုံးဖြစ်ပြီး ချည်နှောင်မှုစွမ်းအားမှာလည်း အားနည်းကာ အချိန်မရွေး ပြန်လည်ဖျက်သိမ်းနိုင်သည်။

စာချုပ်ချုပ်ဆိုပြီးနောက် ပိုင်လင်း၏ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းတန်းတစ်ခု လင်းလက်လာခဲ့သည်။ အစိတ်အပိုင်းတစ်ခု ပြီးပြည့်စုံသွားသည့်အတွက်ကြောင့် ထင်သည်။ ၎င်း၏ ကျင့်စဉ်အဆင့်သည် အမှန်တကယ်ပင် တိုးတက်လာတော့သည်။

“ဒီလောက်တောင် သန်မာသွားတာလား။”

ကျန်းဟန်က အနည်းငယ် အံ့အားသင့်သွားပြီး ပိုင်လင်းကို တိုက်ကျွေးရန် ဆေးရည်သုံးပုလင်းကို အမြန်ထုတ်ယူလိုက်သည်။

ဆေးရည်များကို သောက်သုံးပြီးသည်နှင့် ပိုင်လင်း၏ အဆင့်တက်မှုအရှိန်က ပိုမိုမြန်ဆန်လာသော်လည်း စက္ကန့်အနည်းငယ်အကြာ၌ ပြန်လည်နှေးကွေးသွားခဲ့သည်။ အဆင့်တက်ရန် လိုအပ်ချက်များကို ပြည့်မီရန်အတွက် နောက်ထပ်ဆေးရည် ခြောက်ပုလင်းခန့် လိုအပ်ကြောင်း ပိုင်လင်းက စိတ်ချင်းဆက်သွယ်၍ အချက်ပြလာခဲ့သည်။

ကျန်းဟန်လည်း နောက်ထပ် ဆေးရည်ခြောက်ပုလင်း ထပ်ပေးရုံမှတစ်ပါး အခြားမရှိတော့ပေ။ ယခင်သုံးပုလင်းနှင့် ပေါင်းလိုက်လျှင် ဤအရာက တစ်ပြိုင်နက်တည်းတွင် ငွေသုံးသိန်းခန့် ကုန်ကျသွားရာ ၎င်းသည် တကယ့်ကို ပိုက်ဆံစားသည့် သားရဲကြီးပင် ဖြစ်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ပိုင်လင်း၏ အဆင့်ဖြတ်ကျော်မှုသည် အလွန်ချောမွေ့ခဲ့ပြီး မကြာမီမှာပင် ခေါင်းဆောင်အဆင့် အလယ်အလတ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ၎င်း၏ စွမ်းအင်အရှိန်အဝါသည်လည်း ပိုမိုသန့်စင်ကာ ပိုမိုကျယ်ပြောလာ၏။ သို့သော်လည်း သေချာအာရုံခံကြည့်သောအခါ ပိုင်လင်း၏ စိတ်ဝိညာဉ်ချီများမှာ ယခင်ကကဲ့သို့ သောင်းကျန်းခြင်း မရှိတော့ပေ။ ဤအရာသည် သားရဲစွမ်းအား၏ သက်ရောက်မှုကြောင့် ဖြစ်ပုံရသည်။

“အာ့...။”

အခြားတစ်ဖက်တွင်မူ လျိုယွဲ့သည် ပိုင်လင်း၏စွမ်းအားများကို လက်ခံနေရင်း ခပ်တိုးတိုး ညည်းတွားလိုက်မိ၏။ သူမ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့သွားပြီး နဂါးချီနှင့် သားရဲချီတို့ ရောယှက်နေသည့် ပြင်းထန်သော စိတ်စွမ်းအား လှိုင်းတုန်ခါမှုများ သူမ၏ခန္ဓာကိုယ်မှ ဆက်တိုက်ပေါက်ကွဲထွက်လာခဲ့သည်။

“ဘာဖြစ်တာလဲ။”

ကျန်းဟန်က အလန့်တကြားဖြင့် အမြန် မေးလိုက်၏။

“ဘာမှမဖြစ်ဘူး...။”

လျိုယွဲ့က အံကိုတင်းတင်းကြိတ်ကာ ပြောလိုက်သည်။ သူမ၏မျက်နှာမှာ နီရဲလာပြီးနောက် ပြန်လည်ဖြူဖျော့သွားကာ နာကျင်စွာ အော်ဟစ်သံများက အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

သူမသည် သွေးသန့်သားရဲတစ်ကောင် မဟုတ်သောကြောင့်လော သို့မဟုတ် ပိုင်လင်း၏စွမ်းအားက သာမန်နဂါးတစ်ကောင်ထက် အဆပေါင်းများစွာ ပိုမိုသန်မာနေသောကြောင့်လော မသိပေ။

ဤဖြစ်စဉ်သည် ဆယ်မိနစ်တိတိ ကြာမြင့်ခဲ့၏။ ရုတ်တရက်ဆိုသလို လျိုယွဲ့၏ ခန္ဓာကိုယ်မှ စိတ်စွမ်းအားမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာပြီး သူမ၏အဝတ်အစားများသည်လည်း ဝုန်းခနဲမြည်ဟည်းကာ အပိုင်းပိုင်းအစစ ဖြစ်သွားခဲ့တော့သည်။ ၎င်းနောက် သူမ၏ကျောပြင်မှ ပွင့်လင်းမြင်သာသော အတောင်ပံတစ်စုံ တစ်ဖန် ထပ်မံထွက်ပေါ်လာခဲ့ပြန်သည်။

သူမ၏ ပါးပြင်နှင့် မေးရိုးတစ်လျှောက်တွင်လည်း ခရမ်းရောင်အကြေးခွံအချို့ ဖြစ်ပေါ်လာပြီး ဆံပင်များမှာမူ မူလပန်းရောင်မှ ခရမ်းရောင်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

“အားပါးပါး....”

ကျန်းဟန်ကယတစ်ယောက် ကြောင်အကာ ကြည့်နေမိ၏။ ဤအရာက ချဲ့ကားလွန်းလှသည်မဟုတ်ပါလော။ သူသည် မမြင်သင့်မမြင်အပ်သောအရာများကို မမြင်မိစေရန် ချက်ချင်းပင် အကြည့်လွှဲလိုက်ရသည်။

လျိုယွဲ့သည် သူမ၏သိုလှောင်အိတ်ထဲမှ ဂါဝန်အဖြူတစ်ထည်ကို အလျင်အမြန် ထုတ်ဝတ်လိုက်ပြီးနောက် သူမ၏လက်များကို အံ့အားသင့်စွာ ကြည့်လိုက်ကာ ထို့နောက် ပိုင်လင်းကို မော့ကြည့်လိုက်သည်။

“ပိုင်လင်းက တကယ်ပဲ ဘယ်လိုနဂါးမျိုးလဲ။ ငါ ဘာလို့ သူ့နဲ့ ပထမဆုံးအကြိမ် ချီချင်းလဲလှယ်ရုံတင်ရှိသေးတာကို နဂါးသားရဲအဖြစ် ဆင့်ကဲပြောင်းလဲဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို ရရှိသွားရတာလဲ။”

လျိုယွဲ့က အလွန်အမင်း အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

သားရဲဆိုသည်မှာ ဝိညာဉ်ချီ ပြန်လည်နိုးထလာပြီးနောက် ဖြစ်ပေါ်လာသည့် အလွန်ဆန်းကြယ်သော ထုတ်ကုန်တစ်ခုဖြစ်ပြီး သဘာဝလောကကြီး၏ တောင်တန်းများ၊ မြစ်ချောင်းများ၊ အပင်များနှင့် သစ်တောများမှ မွေးဖွားလာကြခြင်း ဖြစ်သည်။

သူတို့၏ မူလအစမှာ လက်ဝါးခန့်သာရှိသော သားရဲပိုးကောင်လေးများဖြစ်ပြီး ဆင့်ကဲပြောင်းလဲပြီးနောက်တွင် ကလေးငယ်တစ်ဦး အရွယ်အစားရှိကာ လူသားပုံစံရှိသည့် သားရဲငယ်လေးများ ဖြစ်လာကြသည်။

ထို့ထက်ပို၍ ဆင့်ကဲပြောင်းလဲပါက အသက် တစ်ဆယ့်သုံး၊ တစ်ဆယ့်လေးနှစ်အရွယ် လိုလီလေးအရွယ် သားရဲကြီးများ ဖြစ်လာကြသည်။ ယေဘုယျအားဖြင့် ခန္ဓာကိုယ်အထက်ပိုင်းက လူသားပုံစံဖြစ်ပြီး အောက်ပိုင်းကမူ ဝေဝါးနေဆဲ သို့မဟုတ် ပန်းနှင့် မြက်ပင်များ ပုံသဏ္ဌာန် ဖြစ်နေတတ်ကြသည်။

ဥပမာအားဖြင့် ဆရာမ ဝမ်ယိ၏ ပန်းနတ်သမီးသည် လိုလီမိန်မငယ်လေးလေးတစ်ဦးပုံစံရှိသော သားရဲတစ်ကောင် ဖြစ်သည်။

သားရဲများ၏ ဆင့်ကဲပြောင်းလဲမှု အပိုင်းမှာ အလွန်ပင် ခက်ခဲလှ၏။

သဘာဝအတိုင်းဆိုလျှင် သားရဲသားလောင်း အကောင်ရေ တစ်သန်းတွင် တစ်ကောင်သာ နောက်ဆုံး၌ သားရဲကြီးအဆင့်သို့ ဆင့်ကဲပြောင်းလဲနိုင်ကြသည်။ လူသားတို့၏ ပြုပြင်ဖန်တီးမှု ပါဝင်လျှင်ပင် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲနိုင်ခြေမှာ တစ်သိန်းတွင် တစ်ကောင်အောက်သာ ရှိသည်။

ထို့အပြင် သာမန်သားရဲများသည် ထိုအဆင့်အထိသာ ရောက်ရှိနိုင်၏။ ဤနေရာတွင် သူတို့က ထပ်မံဆင့်ကဲပြောင်းလဲလိုပါက ဒဏ္ဍာရီလာ သတ္တဝါများကို ရှာဖွေရမည်ဖြစ်သည်။

ဒဏ္ဍာရီလာ သတ္တဝါများဟူသည်မှာ ကျင့်စဉ်အဆင့် အနည်းဆုံး အင်ပါယာအဆင့်နှင့်အထက် ရှိသော သားရဲများကို ဆိုလိုခြင်းဖြစ်သည်။

အထွတ်အထိပ် ဖြစ်တည်မှုများအနေဖြင့်မူ နဂါးနှင့် ဖီးနစ်တို့ကဲ့သို့ ထိပ်တန်းဖြစ်တည်မှုများကို ရှာဖွေရမည်ဖြစ်ပြီး သွေးသန့်နဂါးများနှင့် ဖီးနစ်များတွင်မူ အဆင့်သတ်မှတ်ချက် လိုအပ်ချက်မျိုး မရှိပေ။

နဂါး၏ အစိတ်အပိုင်းများကို ရရှိခြင်းက အစွမ်းထက်သော နဂါးသားရဲအဖြစ် ဆင့်ကဲပြောင်းလဲနိုင်ပြီး ဖီးနစ်၏ အစိတ်အပိုင်းများကို ရရှိခြင်းက ဖီးနစ်သားရဲအဖြစ် ဆင့်ကဲပြောင်းလဲနိုင်မည်ဖြစ်သည်။

ယေဘုယျအားဖြင့် ပြောရလျှင် ဆင့်ကဲပြောင်းလဲမှုကို မြှင့်တင်ရန်အတွက် အစိတ်အပိုင်းများကို အကြိမ်ကြိမ် စုဆောင်းရန် လိုအပ်သော်လည်း ပိုင်လင်းထံမှ ရရှိသော အစိတ်အပိုင်းများက သူမကို တစ်ပြိုင်နက်တည်း ဆင့်ကဲပြောင်းလဲမှု တစ်စိတ်တစ်ပိုင်း ပြီးမြောက်သွားစေခဲ့သည်။ လျိုယွဲ့၏ အမြင်တွင်မူ ဤအရာမှာ မယုံနိုင်စရာပင်။

“ဒါက တကယ်ပဲ မိုးကြိုးနဂါးတစ်ကောင်ရော ဟုတ်ရဲ့လား။ ငါ ပိုင်လင်းနဲ့ အဖော်သားရဲစာချုပ် ချုပ်လိုက်တဲ့အခါ ဘာလို့ ငါကပဲ သူ့ရဲ့ ကန့်သတ်ချုပ်ချယ်မှုကို ပြန်ပြီးခံလိုက်ရတာလဲ။”

လျိုယွဲ့က ကျန်းဟန်ကို ကြည့်ကာ မေးလိုက်သည်။ သူမသည် ဆင့်ကဲပြောင်းလဲမှု တစ်စိတ်တစ်ပိုင်းကို ရရှိခဲ့ရုံတင်မကဘဲ စာချုပ်ကိုလည်း တစ်ဖက်သတ် ဖျက်သိမ်း၍မရကြောင်း တွေ့ရှိခဲ့ရာ ဤအရာက သူမ မူလက နားလည်ထားသည်နှင့် လုံးဝ ခြားနားနေခဲ့သည်။

“အာ... ဒါကယတော့... ကျွန်တော်လည်း လုံးဝ မသိဘူး။”

ကျန်းဟန်က လုံးဝ ဝေခွဲမရဖြစ်နေသည့် ပုံစံဖြင့် သူ၏လက်နှစ်ဖက်ကို ဘေးသို့ဆန့်ထုတ်ပြလိုက်သည်။

“ဒါဆိုလည်း ကျွန်တော် ပိုင်လင်းကို စာချုပ်ဖျက်သိမ်းခိုင်းလိုက်မယ်လေ။ ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ ကျွန်တော် တကယ်မသိဘူး။”

ကျန်းဟန် လိမ်ညာနေခြင်းမဟုတ်ပေ။ ဤကဲ့သို့သော သတ္တဝါများသည် အလွန်ရှားပါးလွန်းသဖြင့် သူကိုယ်တိုင်လည်း သားရဲများအကြောင်းကို သိပ်မသိလှပေ။

“မလိုဘူး။ ဘာပဲဖြစ်ဖြစ် ဒါက ငါ့အပေါ် သိပ်ပြီး သက်ရောက်မှုမရှိဘူး။”

လျိုယွဲ့က လက်ကာပြလိုက်ပြီး ဆက်ပြောလိုက်သည်။

“ဒါ့အပြင် အခု စာချုပ်ဖျက်လိုက်ရင် ပိုင်လင်းလို အရမ်းကောင်းတဲ့နဂါးမျိုးကို ငါ နောက်တစ်ခါ ထပ်ပြီးရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး။”

ဤစာချုပ် မပြယ်ဖျက်ခြင်းသည် လျိုယွဲ့အပေါ် ကန့်သတ်ချက်များစွာ မရှိစေဘဲ သူမအနေဖြင့် တခြားနဂါးများနှင့် အစိတ်အပိုင်းများ ထပ်မံလဲလှယ်၍မရတော့ခြင်း၊ ထပ်မံဆင့်ကဲမပြောင်းလဲနိုင်တော့ခြင်းနှင့် သူမ ဘယ်နေရာကိုပဲသွားသွား ပိုင်လင်းက သူမရှိရာနေရာကို အာရုံခံမိနိုင်ခြင်းတို့ကိုသာ ရှိပေဖြစ်သည်။

“ဒါဆိုရင်တော့... ကျွန်တော် ပိုင်လင်းကို ပြန်သိမ်းတော့မယ်နော် အစ်မရှောင်ယွဲ့။”

ကျန်းဟန်က ပြောလိုက်သည်။

“သိမ်းလိုက်...သိမ်းလိုက်။”

လျိုယွဲ့က ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းကဲ့သို့သော ထင်းရှူးပင်ဆီသို့ လျှောက်သွားကာ ထင်းရှူးသီးတစ်လုံးကို ဆွတ်ခူး၍ ကျန်းဟန်ကို ကမ်းပေးလိုက်သည်။

“ဒီထင်းရှူးသီးကို တိတ်ဆိတ်ခြင်းသစ်သီးလို့ခေါ်တယ်။ သူ့ရဲ့ လုပ်ဆောင်ချက်က အရှိန်အဝါတွေကို စုဆောင်းပေးတာပဲ။ ပိုင်လင်း တိုက်ခိုက်နေတဲ့အချိန်မှာ မင်း ဒါကို သုံးလို့ရတယ်။ အဲဒါက တိုက်ပွဲအတွင်းမှာ လျှံထွက်လာတဲ့ အရှိန်အဝါအားလုံးကို စုဆောင်းပေးလိမ့်မယ်။”

“ကျေးဇူးတင်ပါတယ်...အစ်မရှောင်ယွဲ့။”

ကျန်းဟန်က ထိုသစ်သီးကို လှမ်းယူလိုက်ပြီး သိလိုစိတ်ဖြင့် သေချာကြည့်နေမိသည်။ သူ ဤအရာကို တစ်ခါမျှ မမြင်ဖူးချေ။

“မင်း သတိထားရမယ်။ ပိုင်လင်းကို အလွယ်တကူ ထုတ်မပြနဲ့။ စစ်မှန်တဲ့ နဂါးတစ်ကောင်က မင်းထင်ထားတာထက် အဆပေါင်းများစွာ ပိုပြီး အဖိုးတန်တယ်...။”

မွေးမြူရေးဂေဟာသို့ အပြန်လမ်းတွင် လျိုယွဲ့က ကျန်းဟန်ကို သားရဲထိန်းချုပ်သူများ မဟာမိတ်အဖွဲ့၏ လက်ရှိအခြေအနေများအကြောင်း ရှင်းပြခဲ့သည်။

ဤဖြစ်ရပ်ပြီးနောက်တွင် ကျန်းဟန်နှင့် လျိုယွဲ့တို့၏ အကျိုးစီးပွားများသည် လုံးဝ ထပ်တူကျသွားပြီဟု ဆိုနိုင်ပြီး နှစ်ဦးနှစ်ဖက်စလုံးတွင် ယုံကြည်မှုအုတ်မြစ်တစ်ခု ရှိသွားခဲ့ပြီဖြစ်သည်။

“အစ်မရှောင်ယွဲ့... ဝိညာဉ်ဆေးကြောခြင်းအရည်ဆိုတာ ဘာလဲဆိုတာ သိလား။”

အခန်းထဲသို့ ရောက်သည်နှင့် ကျန်းဟန်က ထပ်မံမေးမြန်းလိုက်သည်။

ဝိညာဉ်ဆေးကြောခြင်းအရည်သည် ကြယ်ခုနစ်ပွင့် အလားအလာရှိသော နတ်ဘုရားသတ်ပုစဉ်းရင်ကွဲနှင့် သက်ဆိုင်ပေသည်။ အစောပိုင်းက သူ ဤအကြောင်းကို မပြောရဲခဲ့သော်လည်း ယခုအခါတွင်မူ မည်သည့်ပြဿနာမျှ မရှိတော့ပေ။

သူတို့နှစ်ဦးစလုံးသည် တစ်ယောက်၏ လျှို့ဝှက်ချက်ကို တစ်ယောက် သိထားကြပြီးဖြစ်ရာ အခြေခံယုံကြည်မှု ရှိနေပြီဖြစ်သည်။

“ဒီအရာက အရမ်းကို လူသိနည်းပြီး ရှာရခက်တဲ့ ပစ္စည်းအမျိုးအစားတစ်ခုဖြစ်ပုံပဲ။ မင်း ဒါကို ဘာအတွက် လိုချင်တာလဲ။”

လျိုယွဲ့က ခေါင်းလှည့်ပြီး မေးလိုက်သည်။

“ကျွန်တော့်အတွက် အရင်ဆုံး ရှာပေးပါဦး။ ရှာတွေ့ပြီဆိုရင်တော့ ကျွန်တော် ပြောပြပါမယ်။ အဲဒီအချိန်ကျရင် အစ်မအတွက် တကယ်ကို အံ့အားသင့်စရာ အကြီးကြီး ဖြစ်စေရမယ်။”

ကျန်းဟန်က ပြုံးကာ ပြောလိုက်သည်။

“အေးပါ။ အမြဲတမ်း အကွက်ဆန်းတွေနဲ့ လျှို့ဝှက်ချက်တွေချည်းပဲ။”

လျိုယွဲ့က ကျန်းဟန်ကို မျက်စောင်းထိုးရင်း လက်ဝါးနှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“ဒါနဲ့ အစ်မရှောင်ယွဲ့... သာမညပင်လယ်ထဲမှာ အစ်မ ဘာပစ္စည်းရခဲ့လဲ။”

ကျန်းဟန်က သိလိုစိတ်ဖြင့် မေးလိုက်သည်။

“မူလသစ်သားဒြပ်စင် တစ်ခုပဲ။ အဲဒါက ငါအမြဲတမ်း လိုက်ရှာနေတဲ့အရာပဲ။ ငါ့ခန္ဓာကိုယ်ထဲက ကွယ်ပျောက်နေတဲ့ အန္တရာယ်တစ်ခုကို ဖြေရှင်းဖို့ အများကြီး အထောက်အကူပြုခဲ့တယ်။ ဒီပစ္စည်းက စွမ်းအားအစုံပါတယ်။ သားရဲတွေအပေါ် သုံးမယ်ဆိုရင် သူတို့ရဲ့ အလားအလာကို တိုက်ရိုက်မြှင့်တင်ပေးနိုင်တယ်။ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို တိုးတက်စေတယ်။ ပြီးတော့ သားရဲတွေ သူတို့ရဲ့ ကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်ဖို့ ကူညီပေးနိုင်တဲ့ ပစ္စည်းကောင်းတစ်ခုပဲ။”

လျိုယွဲ့က ရှင်းပြပြီးနောက် သိလိုစိတ်ဖြင့် ပြန်မေးလိုက်သည်။

“မင်းကော ဘာမူလဒြပ်စင် ရခဲ့လဲ။ သုံးပြီးပြီလား။”

“မသုံးရသေးဘူး။ ကျွန်တော် ရခဲ့တာက ရေမူလဒြပ်စင်ထင်တယ်။ အပြာရောင်လေးပဲ။”

ကျန်းဟန်က ပြောလိုက်သည်။

“ဒါဆိုရင်တော့ အခုလောလောဆယ် သိမ်းထားလိုက်ဦး။ အခွင့်အရေးရမှ သုံးပေါ့။ မင်း တတိယမြောက် သားရဲနဲ့ စာချုပ်ချုပ်ဖို့ အချိန်နီးနေပြီ မဟုတ်လား။ အဲဒါကို နည်းနည်းလောက် ထုတ်ပြလိုက်ရုံနဲ့ ရေဒြပ်စင် သားရဲအမြောက်အမြားကို ဆွဲဆောင်နိုင်လိမ့်မယ်။”

လျိုယွဲ့က အကြံပြုလိုက်သည်။

“အဲဒီလိုလည်း သုံးလို့ရတယ်ပေါ့။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ သာမညပင်လယ်သည် အမှန်တကယ်ပင် မရိုးရှင်းပေ။ ၎င်းဆီမှ ရရှိသည့်အရာများက အလွန်အမင်း ထူးခြားဆန်းကြယ်လွန်းလှသည်။

All Chapters