← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

နောက်တစ်နေ့ နံနက်စာစားပြီးနောက် လျိုယွဲ့သည် မွေးမြူရေးလမ်းညွှန်လက်စွဲစာအုပ်တစ်အုပ်ကို ထုတ်ယူကာ လျန်ပင်းထံ ကမ်းပေးလိုက်၏။

“ငါ သတ်မှတ်ထားတဲ့ မွေးမြူရေးအစီအစဉ်တွေကို ပြင်ဆင်ထားပြီးပြီ။ စုစုပေါင်း မတူညီတဲ့ လမ်းကြောင်းသုံးမျိုးရှိတယ်။ မင်းဘာသာမင်း သေချာစဉ်းစားပြီး တစ်ခုကို ရွေးချယ်လိုက်။ ပြီးရင်တော့ ဒီလက်စွဲစာအုပ်ထဲက နည်းလမ်းတွေအတိုင်း မွေးမြူရေးကို ဆက်လုပ်သွားပေါ့။”

“ကျေးဇူးတင်ပါတယ်...စီနီယာလျိုယွဲ့။”

လျန်ပင်းက မွေးမြူရေးလက်စွဲစာအုပ်ကို လှမ်းယူပြီး လက်ယှက်ကာ ကျေးဇူးတင်စကား ပြောလိုက်သည်။ စီနီယာမွေးမြူရေးပညာရှင်တစ်ယောက်၏ မွေးမြူရေးလမ်းညွှန်လက်စွဲစာအုပ်သည် အလွန်ပင် တန်ဖိုးကြီးလှသည်ဟု သတ်မှတ်နိုင်ပေသည်။ သာမန်အခြေအနေမျိုးတွင် အနည်းဆုံး ငွေတစ်သန်းခန့် ကျသင့်ပေလိမ့်မည်။

ယခုမူ စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့က သူမအတွက် မွေးမြူရေးအစီအစဉ်ကို အခမဲ့ ရေးဆွဲပေးခဲ့ခြင်းဖြစ်ရာ ဤအရာက ပေးဆပ်ရသည့် မေတ္တာတရားမှာ ကြီးမားလှပေသည်။

ထို့ပြင် ဤအရာ၏ အကြီးမားဆုံးသော အကြောင်းရင်းမှာ ကျန်းဟန်ကြောင့်ဖြစ်မှန်း သူမ ကောင်းကောင်းသိသည်။ အကယ်၍ ကျန်းဟန်သာ မရှိလျှင် သူမအနေဖြင့် စီနီယာမွေးမြူရေးပညာရှင် လျိုယွဲ့နှင့် တွေ့ဆုံခွင့်ပင် ရလိမ့်မည်မဟုတ်ပေ။

“မင်း သတ်မှတ်ထားတဲ့ အစီအစဉ်တွေကို အရင် ကြည့်လိုက်ပါ။”

လျိုယွဲ့က လက်ကာပြကာ ပြောလိုက်သည်။

လျန်ပင်းသည် မွေးမြူရေးလက်စွဲစာအုပ်ကို ကျန်းဟန်ထံ အရင်ပေးဖတ်လိုက်ပြီး သူ ဖတ်ရှုပြီးစီးမှသာ သူမဘာသာ ပြန်လည်ကြည့်ရှုလိုက်သည်။

ထိုအထဲတွင် မွေးမြူရေးအစီအစဉ် သုံးမျိုးရှိပေသည်။ ပထမတစ်ခုမှာ သန့်စင်သော သတ္တုနဂါး တစ်ကောင်အဖြစ် မွေးမြူမည့် လမ်းကြောင်းဖြစ်ပြီး ဓားများ၊ ဆေဘာများနှင့် သတ္တုဒြပ်စင် သားရဲထိန်းချုပ်သူများထံမှ စုစည်းထွက်ပေါ်လာသည့် သတ္တုမိစ္ဆာချီကို ရှာဖွေရန် အဓိကထားသည်။ ထို့နောက် ဤမိစ္ဆာချီကို အသုံးပြုကာ ခန္ဓာကိုယ်ကို ပိုမိုကြံ့ခိုင်အောင် ပြုလုပ်ခြင်းအားဖြင့် သန့်စင်သော သတ္တုမိစ္ဆာနဂါးခန္ဓာအဖြစ် ပျိုးထောင်ရန် ဖြစ်သည်။

နဂါးအဖြစ် ဆင့်ကဲပြောင်းလဲပြီးနောက်တွင် ၎င်းသည် အထက်ရှဆုံး ဖြတ်တောက်နိုင်စွမ်းကို ပိုင်ဆိုင်လာမည်ဖြစ်ပြီး သတ္တုမိစ္ဆာစိတ်ဝိညာဉ်ကိုပင် ရရှိနိုင်ပေသည်။ မည်သည့်တိုက်ခိုက်မှုမဆို ကြောက်မက်ဖွယ် ဖြတ်တောက်ခြင်းစွမ်းအား ပါဝင်နေမည်ဖြစ်ပြီး သတ္တုမိစ္ဆာချီများ ရောယှက်နေသည့် နဂါးချီဖြင့် မည်သည့်အရာကိုမဆို ဖြတ်တောက်နိုင်စွမ်း ရှိလာပေလိမ့်မည်။

ဒုတိယရွေးချယ်စရာမှာ သတ္တုမိစ္ဆာချီနှင့် မြေကြီးမိစ္ဆာချီ နှစ်မျိုးလုံးကို တစ်ပြိုင်နက်တည်း စုပ်ယူရန် ဖြစ်သည်။ မြေကြီးက သတ္တုကို ဖြစ်ထွန်းစေသဖြင့် မြေကြီးမိစ္ဆာချီသည် သတ္တုမိစ္ဆာချီကို မွေးမြူပေးသည့် အကျိုးသက်ရောက်မှု ရှိစေသည့်အပြင် နဂါးခန္ဓာကိုယ်၏ ကြံ့ခိုင်မှုနှင့် ပျော့ပျောင်းမှုကိုပါ တိုးမြင့်စေကာ နောက်ဆုံးတွင် မြေကြီးသတ္တု နှစ်မျိုးစပ် မိစ္ဆာနဂါးခန္ဓာကို ဖြစ်ပေါ်စေမည်ဖြစ်သည်။

ဤနည်းလမ်း၏ သတ္တုမိစ္ဆာချီ ဖြတ်တောက်နိုင်စွမ်းသည် သန့်စင်သော သတ္တုမိစ္ဆာနဂါးခန္ဓာလောက် မကောင်းနိုင်သော်လည်း ၎င်း၏ ကာကွယ်ရေးစွမ်းအား၊ ပြန်လည်ကုသခြင်းစွမ်းအားနှင့် ခံနိုင်ရည်စွမ်းအားတို့မှာမူ အလွန်ပင် သန်မာလိမ့်မည် ဖြစ်သည်။

ထို့အပြင် ၎င်းသည် ကောင်းမွန်သော ဖြတ်တောက်တိုက်ခိုက်မှုစွမ်းအားကိုလည်း ပိုင်ဆိုင်လိမ့်မည်။ အကယ်၍ ၎င်းသည် မြေကြီးသတ္တု အပြန်အလှန်ကူးပြောင်းခြင်းကို သင်ယူနိုင်ပါက အချိန်တိုအတွင်း သန့်စင်သော သတ္တုမိစ္ဆာနဂါးခန္ဓာနှင့် ယှဉ်နိုင်သည့် ဖြတ်တောက်တိုက်ခိုက်မှုစွမ်းအားကို ရရှိနိုင်သည်။

၎င်းအပြင် သန့်စင်သော သတ္တုမိစ္ဆာချီကို ရှာဖွေခြင်းနှင့် နှိုင်းယှဉ်လျှင် မြေကြီးမိစ္ဆာချီက ပိုမိုပေါများပြီး ရှာဖွေရလွယ်ကူကာ ရင်းမြစ်များလည်း ပိုမိုပြည့်စုံသည်။

တတိယရွေးချယ်စရာကိုမူ လျိုယွဲ့က ဓာတ်ကြီးငါးပါး မိစ္ဆာနဂါးခန္ဓာဟု အမည်ပေးထားပြီး ဓာတ်ကြီးငါးပါး မိစ္ဆာချီများကို ပေါင်းစပ်ခြင်းဖြင့် အတွင်းပိုင်း သံသရာလည်ပတ်မှုတစ်ခု ဖြစ်ပေါ်စေရန် ဖြစ်သည်။ ၎င်းကို ကုန်ဆုံးခြင်းမရှိဘဲ အဆုံးမဲ့စွမ်းအားဟု ဖော်ပြနိုင်ပြီး ကြောက်မက်ဖွယ် ကာလရှည်တိုက်ခိုက်နိုင်စွမ်းကို ပိုင်ဆိုင်စေကာ ဓာတ်သဘာဝချင်း တန်ပြန်တိုက်ခိုက်ခံရရန်လည်း အလွန်ခက်ခဲလိမ့်မည် ဖြစ်သည်။

သို့သော်လည်း တစ်ချိန်တည်းမှာပင် ဤမွေးမြူရေးလမ်းကြောင်းသည် အလွန်ကြာမြင့်သောအချိန်ကို လိုအပ်မည်ဖြစ်ပြီး သားရဲ၏ အရည်အသွေးကို အလွန်အမင်း စမ်းသပ်လိမ့်မည် ဖြစ်သည်။ ဓာတ်ကြီးငါးပါး ပြီးပြည့်စုံခြင်းသို့ မရောက်ရှိမီ ခန္ဓာကိုယ်အတွင်းသို့ မိစ္ဆာချီ အမျိုးအစားသစ်တစ်ခု ထပ်မံထည့်သွင်းတိုင်း မိစ္ဆာချီများ နောက်ပြန်စီးဆင်းမှုကို ဖြစ်ပေါ်စေပြီး ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားစေနိုင်ပေသည်။ မိစ္ဆာချီ အမျိုးအစား များများထည့်သွင်းလေ အန္တရာယ် ပိုကြီးလေ ဖြစ်သည်။

ဤနည်းလမ်းများသည် ရွှေရောင်မိစ္ဆာစပါးအုံးမြွေ၏ ပင်ကိုယ်စွမ်းရည်များအပေါ် အခြေခံကာ ယခင်စမ်းသပ်ချက် အချက်အလက်အချို့နှင့် လက်ရှိ ရှိနေသော သားရဲထိန်းချုပ်ခြင်း သီအိုရီများကို ပေါင်းစပ်ပြီး ဖန်တီးထားခြင်း ဖြစ်သည်။ လက်စွဲစာအုပ်ထဲတွင် ခြေလှမ်းတိုင်းအတွက် မွေးမြူရေးအသေးစိတ်အချက်အလက်များကို ရှင်းလင်းစွာ ရေးသားထားသည်။

“ငါကတော့ ဒုတိယတစ်ခုကို အကြံပြုချင်တယ်။ အဲဒါက စိတ်အချရဆုံးပဲ။ အခက်အခဲလည်း သိပ်မရှိဘူး။ ပြီးတော့ မင်း မိစ္ဆာချီ ကူးပြောင်းခြင်းကို သင်ယူနိုင်သရွေ့ ပထမအစီအစဉ်ရဲ့ တိုက်ခိုက်မှု အကျိုးသက်ရောက်မှုကို ရရှိနိုင်လိမ့်မယ်။”

လျိုယွဲ့က ပြောလိုက်သည်။

“သခင်လေး ကျန်းဟန်... ကျွန်မ ဘယ်တစ်ခုကို ရွေးသင့်တယ်လို့ ရှင်ထင်လဲ။”

လျန်ပင်းက အနည်းငယ် စဉ်းစားပြီးနောက် ကျန်းဟန်ကို ကြည့်ကာ သူ၏သဘောထားကို တောင်းခံလိုက်သည်။

“ဒါအတွက် ငါ့ကိုမေးမနေနဲ့။ မင်းသဘောကျတဲ့ တစ်ခုကိုပဲ ရွေးချယ်လိုက်ပါ။”

ကျန်းဟန်က ပုခုံးတွန့်ရင်း ပြောလိုက်သည်။ သူသည် အခြားသူများအတွက် အရေးကြီးသော ဆုံးဖြတ်ချက်များ ချပေးရခြင်းကို သိပ်ပြီး သဘောမကျလှပေ။

“ဒါဆိုရင်တော့ ကျွန်မ စီနီယာလျိုယွဲ့ စကားကိုနားထောင်ပြီး ဒုတိယနည်းလမ်းအတိုင်း မွေးမြူရေးကို ဆက်လုပ်ပါမယ်။”

လျန်ပင်းက ပြောလိုက်သည်။

“ဒါဆိုရင်တော့... မင်း နောက်နှစ်ရက်လောက် အစ်မရှောင်ယွဲ့ဆီမှာပဲ နေခဲ့လိုက်ဦး။ သူမက မင်းရဲ့သားရဲကို လက်ရွေးစင်အဆင့်ရောက်အောင် အမြန်ဆုံး လမ်းညွှန်ပေးလိမ့်မယ်။”

“ငါက သားရဲအသစ်တစ်ကောင်ကို ရှာဖို့အတွက် နိုင်ငံတအ်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ်ကို သွားဖို့ ကျောင်းကို ပြန်ရဦးမှာမို့လို့ မင်းကို တစ်ပါတည်း ခေါ်သွားလို့မရဘူး။”

ကျန်းဟန်က ခေါင်းညိတ်ပြီး လျန်ပင်းကို ကြည့်ကာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ လျန်ပင်းမှာ အနည်းငယ် ဝန်လေးသွားမိ၏။ သူမ ကျန်းဟန်နှင့် မခွဲချင်ပေ။ သို့သော်လည်း သူမ၏ကိုယ်ပိုင်စွမ်းအားက အလွန်အားနည်းနေသေးပြီး ကျန်းဟန်၏ ခြေလှမ်းကို အမီမလိုက်နိုင်မှန်းလည်း သူမ ကောင်းကောင်းသိသည်။ နောက်ဆုံးတွင် သူမက ခပ်ဖွဖွခေါင်းညိတ်လိုက်၏။

“ဒါဆို ကျွန်မ သခင်လေးစကားကို နားထောင်ပါ့မယ်။ ဒါပေမဲ့ ကျွန်မကို ပြန်လာခေါ်ဖို့တော့ မမေ့နဲ့နော်။”

“စိတ်ချပါ။ ငါ မင်းကို ပစ်မထားပါဘူး။”

ကျန်းဟန်က တောက်ပစွာ ပြုံးပြရင်း လျန်ပင်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်၏။ကျန်းဟန်၏ တောက်ပပြီး နွေးထွေးသော အပြုံးက လျန်ပင်းကို ပိုမိုစိတ်အေးသွားစေခဲ့သည်။

“အစ်မလျိုယွဲ့... လျန်ပင်းကို တစ်ပတ်လောက် စောင့်ရှောက်ပေးဖို့ အကူအညီတောင်းပါရစေ။ အလွန်ဆုံး တစ်ပတ်အတွင်းမှာ ကျွန်တော် သူမကို ပြန်လာခေါ်ပါ့မယ်။ သူမက အရင်က မွေးမြူရေးပညာရှင် အလုပ်သင် လုပ်ခဲ့ဖူးတော့ အစ်မကို ကူညီပေးနိုင်မှာပါ။”

ကျန်းဟန်က လျိုယွဲ့ကို ကြည့်ကာ ထပ်မံတောင်းဆိုလိုက်သည်။

“သွား...သွား...စိတ်ချလက်ချသာ သွားစမ်းပါ။”

လျိုယွဲ့က လက်ဝေ့ယမ်းပြလိုက်သည်။ ကျန်းဟန်၏ မျက်နှာကို ထောက်ထား၍ဖြစ်စေ၊ လျန်ပင်း၏ သနားစရာကောင်းသော နောက်ခံသမိုင်းကြောင်းကြောင့်ဖြစ်စေ သူမအနေဖြင့် ဤအရာကို ကူညီရန် လိုလိုလားလား ရှိနေသည်။

“ဒါဆို ကျွန်တော် သွားပြီနော်။ တစ်ခုခုရှိရင် ဖုန်းဆက်လိုက်ပါ။”

ကျန်းဟန်က လက်ဝေ့ယမ်းပြပြီး ချက်ချင်းပင် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

လျန်ပင်းနှင့် လျိုယွဲ့တို့သည် ကျန်းဟန်ကို အတန်ကြာသည်အထိ လိုက်လံပို့ဆောင်ပြီးမှသာ ပြန်လှည့်လာခဲ့ကြလေသည်။

ကျန်းဟန်သည် ကျောင်းသို့ ဆယ်နာရီကျော်တွင် ပြန်ရောက်လာခဲ့သည်။ ယနေ့မှာ နိုဝင်ဘာလ ၇ ရက်နေ့ဖြစ်ပြီး နိုင်ငံတော်အဆင့် သားရဲထိန်းချုပ်ခြင်းဥယျာဉ်သို့ သွားရန် သုံးရက်သာ လိုတော့သည်။

ကျောင်းသို့ ပြန်ရောက်ပြီးနောက် ကျန်းဟန်သည် သူ၏လက်ရှိ အတန်းပိုင်ဆရာဖြစ်သူ ဆရာ လီဖုန်းကို တိုက်ရိုက်သွားရောက်ရှာဖွေလိုက်၏။

“မင်း ပြီးခဲ့တဲ့ ရက်ပိုင်းက ဘယ်တွေသွားနေတာလဲ။ အစက ငါက မင်းကို အဆင့် ၄ တိုက်ပွဲကို မြင်ဖူးအောင်လို့ အဆင့် ၄ သွေးမျိုးဆက်ငှက်ကို အမဲသွလိုက်ဖို့ စီစဉ်ထားတာ။ ဒါပေမဲ့ မင်း ရောက်မလာဘူး။ တကယ် နှမြောစရာပဲ။”

ဆရာ လီဖုန်းက ကျန်းဟန်ကို မြင်မြင်ချင်း အလွန်ပင် နှမြောတသဖြစ်ဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော့်မှာ နောက်ဆုံးမိနစ်ကျမှ ပိုပြီးအရေးကြီးတဲ့ ကိစ္စတချို့ ပေါ်လာလို့ပါ။ တကယ်ကို တခြားနည်းလမ်းမရှိခဲ့ဘူး။”

ကျန်းဟန်ကလည်း သူ့မျက်နှာတွင် နှမြောသည့်ဟန် ပေါ်လွင်စေလျက် ပြောလိုက်သည်။

အမှန်တရားကို ပြောရလျှင် သူသည် သွေးမျိုးဆက်ငှက်ကို အမဲလိုက်သည့်အပေါ် စိတ်ဝင်စားမှု သိပ်မရှိလှပေ။ သို့သော် ဆရာ လီဖုန်းကမူ ဤအရာကို အလွန်အရေးကြီးသည်ဟု ထင်မှတ်နေ၏ ဆရာ့၏ အမြင်တွင် ကျန်းဟန်နှင့် အဆင့် ၄ သားရဲကြားရှိ ကွာဟချက်မှာ အလွန်ကြီးမားနေဆဲ ဖြစ်သည်။

“ကျွန်တော် အခုလာတာက ရွှေ့ဆိုင်းထားတဲ့ ပွဲစဉ်ကို အပြီးသတ်ဖို့နဲ့ သားရဲထိန်းချုပ်ခြင်းဥယျာဉ်ကို သွားမယ့် နေရာတစ်နေရာအတွက် ယှဉ်ပြိုင်ဖို့ပါ။”

ကျန်းဟန်က ပြောလိုက်သည်။ ထိုစဉ်က သူ နေရာတွင် မရှိခဲ့သောကြောင့် ကျောင်းဘက်က စည်းမျဉ်းများကို ပြောင်းလဲကာ ဥယျာဉ်မဖွင့်မီအထိ ပွဲစဉ်ကို ရွှေ့ဆိုင်းပေးခဲ့ခြင်း ဖြစ်သည်။

“အော်... အဲလိုလား။ ဒါဆိုရင် မင်း အတန်းထဲ အရင်သွားနှင့်လေ။ ငါ မင်းအတွက် အထက်ကို တင်ပြပေးလိုက်မယ်။”

ဆရာ လီဖုန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ် ဆရာ။”

ကျန်းဟန်က ခေါင်းညိတ်ပြပြီး ဆရာများ နားနေခန်းထဲမှ ထွက်ခွာလာခဲ့လိုက်သည်။

သူ စာသင်ခန်းသို့ ပြန်ရောက်သောအခါ သားရဲထိန်းချုပ်ခြင်း သီအိုရီအတန်းမှာ ဆက်သွားနေဆဲ ဖြစ်သည်။

အစားထိုးသင်ကြားပေးနေသော ဆရာကလည်း ကျန်းဟန် ပြန်ရောက်လာသည်ကို မြင်ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။

ကျန်းဟန် သူ့နေရာတွင် ပြန်ထိုင်ပြီးနောက် လီဇီဝေက နောက်လှည့်လာပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ မေးလာ၏။

“သားရဲထိန်းချုပ်ခြင်းလျှို့ဝှက်နယ်မြေကနေ ထွက်သွားပြီးတော့ နင် ဘယ်ပျောက်သွားတာလဲ။ ဘယ်လိုဖြစ်ပြီး ရက်ပေါင်းများစွာ ရုတ်တရက် ပျောက်ချက်သားကောင်းနေရတာတုန်း။”

“ငါ ပိုင်ဟယ်ခရိုင်ဘက်မှာ ကိစ္စတချို့ သွားရှင်းနေလို့ပါ။”

ကျန်းဟန်က ပြောလိုက်ပြီး ထပ်မံရှင်းပြခြင်းမပြုတော့ပေ။

“အေးပါ။ ဒါဆို အတန်းဆင်းမှ စကားပြောကြတာပေါ့။”

လီဇီဝေက ထိုသို့ပြောပြီး ရှေ့သို့ ပြန်လှည့်သွားခဲ့သည်။

နေ့လယ်စာစားချိန်တွင် လီဇီဝေက ကျန်းဟန်ကို အမဲသားခေါက်ဆွဲဝယ်ကျွေးပြီး အတူစားရင်း စကားစမြည် ပြောဖြစ်ကြသည်။

“နင် ပြန်လာတာ သားရဲထိန်းချုပ်ခြင်းဥယျာဉ်ကို သွားမို့လို့ မဟုတ်လား။”

လီဇီဝေက မေးလိုက်သည်။

“ဟုတ်တယ်။ ဒီကိစ္စပြီးရင်တော့ ဟုတ်ဟု တ်ရဲ့ စွမ်းအားကို မြှင့်တင်ပေးဖို့အတွက် သွေးနဲ့ အမှောင်စွမ်းအင် ရင်းမြစ်တွေကို စုဆောင်းဖို့ ကန်မြို့ရဲ့ တခြားတစ်ဖက်မှာရှိတဲ့ သွေးနက်တွင်းကြီးကို သွားဖို့ ရည်ရွယ်ထားတယ်။”

ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ နိုင်ငံတော်အဆင့် ၂ သားရဲထိန်းချုပ်ခြင်းဥယျာဉ်တွင် ကောင်းမွန်သောအရာများစွာ ရှိသည်။ ဤဥယျာဉ်များသည် နှစ်ပေါင်းတစ်ရာကျော် တည်ရှိခဲ့ခြင်းဖြစ်ပြီး ယနေ့ခေတ်တွင် ရှာမတွေ့နိုင်တော့သော သားရဲအမြောက်အမြား တည်ရှိနေကြသည်။

“အော်... အဲလိုလား။ ဒါဆို ငါလည်း အဲဒီအချိန်ကျရင် ကျောင်းကနေ ခွင့်တိုင်ပြီး အပြင်ထွက် လေ့ကျင့်ဖို့ ပြင်ဆင်ရမယ်။ ကျောင်းမှာပဲနေပြီး တိုးတက်ဖို့ ကြိုးစားတာက တကယ် မလုံလောက်ဘူး။ ငါ့မှာ တိုက်ပွဲအတွေ့အကြုံ လေ့ကျင့်မှုတွေ လိုနေသေးတယ်။ ငါ နင်နဲ့အတူ လိုက်ခဲ့လို့ ရမလား။”

လီဇီဝေက ကျန်းဟန်ကို ကြည့်ပြီး ပြောလိုက်သည်။ ဤကဲ့သို့ တောင်းဆိုခြင်းက သူမအတွက် ပထမဆုံးအကြိမ် မဟုတ်တော့ပေ။

“ရတာပေါ့။ မင်းရဲ့ မီးစွမ်းအင်သားရဲက အဲဒီနေရာမှာ တော်တော်လေး စွမ်းဆောင်နိုင်မှာဆိုတော့ မင်းကိုယ်မင်း သွားပြီးလေ့ကျင့်လို့ ရတယ်။ အချိန်ကျရင် အခြေအနေပေါ်မူတည်ပြီး လူအချို့ ရှာပြီး ငါတို့ အမဲလိုက်အဖွဲ့တစ်ဖွဲ့ ဖွဲ့လို့ရတယ်။”

ကျန်းဟန်က ငြင်းပယ်ခြင်းမရှိဘဲ အလွယ်တကူပင် သဘောတူလိုက်သည်။

“တကယ်ကြီးလား။”

လီဇီဝေတစ်ယောက် မယုံနိုင် ဖြစ်သွား၏။ ကျန်းဟန်က သူမကို အမှန်တကယ်ပင် ခေါ်သွားရန် လိုလိုလားလား ရှိနေလေသည်။ ယခင်က သူမ ဤအကြောင်းကို စကားစတိုင်း ကျန်းဟန်က စဉ်းပင် မစဉ်းစားဘဲ ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။

“တကယ်ပေါ့။ မင်းက အခု အခြေခံအဆင့် သားရဲထိန်းချုပ်သူတစ်ယောက် ဖြစ်နေပြီ။ ပြီးတော့ ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်လည်း ရှိနေပြီဆိုတော့ အပြင်ထွက်ပြီး စွန့်စားခန်းဖွင့်ဖို့က သင့်တော်တယ်။”

ကျန်းဟန်က ပုခုံးတွန့်ရင်း ပြောလိုက်သည်။

“အဲဒါဆို အကောင်းဆုံးပဲ။”

လီဇီဝေက ခေါင်းညိတ်လိုက်လေသည်။

All Chapters