← Chapters

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း ၃၈၁

Vol. 39 Ch. 381

အခန်း (၃၈၁) တိုက်ပွဲကို လျင်မြန်စွာ အဆုံးသတ်ခြင်း

"ကပ္ပတိန်..."

လက်အောက်ငယ်သားမှာလည်း မှင်တက်သွားခဲ့ပေ၏။

ဌာနချုပ်ထံမှ မည်သည့် အကူအညီမျှ မရရှိပါက ၎င်းတို့တွင် ထွက်ပေါက်ရှိမည် မဟုတ်ဘဲ အသက်ရှင်သန်နိုင်ရန်အတွက် အစွမ်းကုန် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

"ကျစ်..."

စစ်ဝတ်စုံနှင့် အမျိုးသား၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေ၏။

"ငါက ဝိညာဉ်အဖွဲ့အစည်းအတွက် ဆယ်စုနှစ်ပေါင်းများစွာ အမှုထမ်းခဲ့တာ... ဒီနေ့ ငါ စွန့်ပစ်ခံရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."

"ကျွန်တော်တို့ ဘာလုပ်ကြမလဲ ကပ္ပတိန်..."

"ဘာလုပ်ရမလဲ ဟုတ်လား... သူတို့ အကုန်လုံးကို သတ်ပစ်ရမှာပေါ့... ငါတို့ တိုက်ခိုက်ပြီး ထွက်သွားနိုင်ရင် အသက်ရှင်နိုင်မှာပဲ..."

စစ်ဝတ်စုံနှင့် အမျိုးသားက အပြင်ဘက်သို့ ပထမဆုံး ပြေးထွက်သွားလေ၏။

ယခုအချိန်၌...အပြင်ဘက်တွင် တိုက်ခိုက်သံများ ထွက်ပေါ်နေပေသည်။

ဒိုင်း ဒိုင်း ဒိုင်း…

မရေမတွက်နိုင်သော ကျည်ဆန်များက ဝိညာဉ်အဖွဲ့အစည်းမှ အဖွဲ့ဝင်များထံသို့ ပစ်ခတ်နေလေ၏။

တိုက်ပွဲဖြစ်ပွားပြီး ငါးမိနစ်မပြည့်မီမှာပင် ၎င်းတို့၏ လူတစ်ရာနီးပါး သေဆုံးသွားခဲ့ပြီ ဖြစ်သည်။

ဤသည်မှာ အဇူရာနန်းတော်ပင်။

ဘာပဲဖြစ်ဖြစ် ၎င်းတို့က အစပြုမှုကို ရယူထားပြီး ၎င်းတို့အားလုံးမှာ အမှောင်သတ္တု ပေါင်းစပ်ထုတ်လုပ်ခြင်းနည်းပညာ မှ ပထမမျိုးဆက် တိုက်ခိုက်ရေးဝတ်စုံများကို ဝတ်ဆင်ထားကြရာ သာမန်ကျည်ဆန်များက ၎င်းတို့ကို မသတ်နိုင်ချေ။

သို့ဖြစ်၍ နှစ်ဖက်စလုံး၏ အရေအတွက် ကွာဟချက်မှာ မျက်မြင်ကိုယ်တွေ့ လျင်မြန်စွာ ကျဉ်းမြောင်းလာနေပေ၏။

ဘုန်းကြီးတန်မှာ အလွန် မြန်ဆန်လှသည်။

သေနတ်အသုံးပြုရန် အကျွမ်းတဝင်မရှိသဖြင့် သူသည် ရန်သူ့တပ်များကြားသို့ တိုက်ရိုက် ပြေးဝင်သွားလေ၏။

ထို့နောက် ဘုန်ကြီးတန်က လက်သီးတစ်ချက် ပစ်သွင်းလိုက်သည်နှင့်

လူတစ်ယောက်က ချက်ချင်း သေဆုံးသွား၏။

ထို့အပြင် ချက်ချင်း ဆိုသလိုပင်...

သူက ဦးတည်ချက်ကို ထပ်မံပြောင်းလဲလိုက်ပြီး သူ၏ခန္ဓာကိုယ်ကို နေရာမှာတင် ရုတ်တရက် လှည့်ပတ်လိုက်ကာ ဝင်လာသော ကျည်ဆန်များကို ရှောင်တိမ်းလိုက်ပြီးနောက် အခြား ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ တစ်ဦးကို လွင့်ထွက်သွားစေရန် လက်သီးဖြင့် ထိုးချလိုက်ပြန်သည်။

သူ့လို အစွမ်းထက်တဲ့ သူတစ်ယောက်အတွက်ကတော့...

ဤကဲ့သို့သော ပရမ်းပတာ အခြေအနေမျိုးတွင် သိသာထင်ရှားသော အားသာချက်တစ်ခု ရှိနေဆဲပင်။

ဘုန်းကြီးတန်၏ လုပ်ရပ်များက သူသည် ၎င်းတို့အထဲတွင် အစွမ်းအထက်ဆုံး ဖြစ်သည်ဟု ဝိညာဥ်အဖွဲ့အစည်းမှ လူများကို ယုံကြည်သွားစေပုံရပြီး လူတစ်ရာနီးပါးက သူ့ကို ဝန်းရံလိုက်ကြလေ၏။

ကျည်ဆန်များသည်လည်း ဖောက်ထွင်းမရနိုင်သော နံရံတစ်ခုအဖြစ် ဖန်တီးသွားကြသည်။

"ကျစ်..."

ဘုန်းကြီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားပေ၏။

သူက ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး သူ၏ဘေးရှိ ဝိညာဉ်အဖွဲ့အစည်းမှ အဖွဲ့ဝင်တစ်ဦးကို ဆွဲဖမ်းကာ သံတူရွင်းကြီးတစ်ခုအလား လွှဲရမ်းပစ်လိုက်သည်။

၎င်းက ထိုကျည်ဆန်များကို တားဆီးပေးသွား၏။

ဤအခွင့်အရေးကို ယူ၍...

သူသည် လူအုပ်ထဲသို့ နောက်တစ်ကြိမ် ပြေးဝင်သွားပြီး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကို စတင်လေတော့သည်။

အဇူရာနန်းတော်မှ ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ အချို့ကလည်း ၎င်းတို့၏ လှုပ်ရှားမှုများကို စတင်ကာ ရန်သူများကို လျင်မြန်စွာ သတ်ဖြတ်လိုက်ကြပေသည်။

"သူတို့ကို ပစ်ခတ်ပြီး ငါ့ကို ကာကွယ်ပေးထား... မြန်မြန်လုပ်..."

စစ်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားလေ၏။

အဘယ်ကြောင့်ဆိုသော် အဇူရာနန်းတော်မှ ဤအစွမ်းထက်သူများသည် သူ့ထံသို့ အဆက်မပြတ် ချဉ်းကပ်လာနေသည်ကို သူ မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။

‘ငါတို့ရဲ့ လူ ၈၀၀ က ရန်သူ့လက်ထဲ ရောက်နေတော့ ငါတို့ နာရီဝက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူး…’ဟု တွေးကာ

သူ၏ သွားများကို ပြင်းပြင်းထန်ထန် ကြိတ်လိုက်၏။

စစ်ဝတ်စုံနှင့် အမျိုးသားသည် ဧည့်ခန်းမထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားသည်။

ထို့နောက် သူက ခန်းမအလယ်ရှိ ကြမ်းပြင်တစ်စိတ်တစ်ပိုင်းကို ဆွဲခွာလိုက်ရာ အတွင်း၌ နက်ရှိုင်းသော တွင်းတစ်ခု ပေါ်လာလေ၏။

ထိုတွင်းထဲတွင် ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ပြည့်နှက်နေပေသည်။

တိတိကျကျ ပြောရလျှင် စခန်းတစ်ခုလုံးကို ပေါက်ကွဲစေတတ်သော ပစ္စည်းများဖြင့် ဝန်းရံထားခြင်း ဖြစ်၏။ ဤနေရာကို ဖောက်ခွဲလိုက်ခြင်းက စခန်းတစ်ခုလုံးကို အပိုင်းပိုင်းအစစ ဖြစ်သွားစေလိမ့်မည်။

"ကောင်းပြီလေ... မင်းတို့က ငါ့ကို ဘာထွက်ပေါက်မှ မချန်ပေးမှတော့ ငါတို့ အကုန်လုံး အတူတူ သေကြတာပေါ့..."

စစ်ဝတ်စုံနှင့် အမျိုးသားက သွားကြိတ်လျက် ပြောဆိုလိုက်သည်။

ထို့နောက် သူက ခါးမှ လက်ပစ်ဗုံးတစ်လုံးကို လျင်မြန်စွာ ဆွဲထုတ်လိုက်၏။ သို့သော် သူ လက်ပစ်ဗုံးကို ဖြုတ်ကာ အတွင်းသို့ ပစ်ထည့်ရန် ပြင်လိုက်ချိန်မှာပင် သူ၏အနောက်ဘက်မှ အေးစက်သော ခံစားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သောကြောင့်

သူက အလိုအလျောက် လှည့်ကြည့်လိုက်၏။

ထိုအခါ ချန်ဖုန်းသည် သူ၏နောက်၌ ဘယ်အချိန်ကတည်းက ရောက်နေမှန်းမသိဘဲ လက်ပိုက်ကာ သူ့ကို ကြည့်နေခဲ့လေသည်။

"မင်း..."

စစ်ဝတ်စုံနှင့် အမျိုးသား၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့၏။

တစ်ဖက်လူထံမှ ထွက်ပေါ်လာသော အစွမ်းထက်သည့် ဖိအားကို သူ ခံစားလိုက်ရပြီး သူ့အတွက် အသက်ရှူရန်ပင် ခက်ခဲနေစေခဲ့သည်။

"မင်းသာ နောက်ထပ် တစ်လှမ်း ထပ်တိုးလာရင် စခန်းတစ်ခုလုံးကို အခုချက်ချင်း ငါ ဖောက်ခွဲပစ်လိုက်ပြီး.. မင်းတို့ အကုန်လုံးရဲ့ အသက်နဲ့ ပြန်ပေးဆပ်ခိုင်းပစ်မယ်..."

"ဒါဆိုလည်း ဖောက်ခွဲလိုက်လေ..."

ချန်ဖုန်းက ဂရုမစိုက်စွာဖြင့် ပခုံးတွန့်လိုက်သည်။

"မင်း..."

စစ်ဝတ်စုံနှင့် အမျိုးသားသည် တစ်ဖက်လူက ဤမျှ ခန့်မှန်းရခက်စွာ ပြုမူလိမ့်မည်ဟု ဘယ်သောအခါမှ မထင်မှတ်ထားခဲ့ချေ။

သူက မသေချင်ဘူးလေ။

အသက်ရှင်သန်ရန် အခွင့်အရေး တစ်စွန်းတစ်စမျှသာ ရှိလျှင်ပင် သူသည် သူ၏ ပြိုင်ဘက်နှင့်အတူ အတူတကွ သေဆုံးရန် ရွေးချယ်မည် မဟုတ်ပေ။

ဒါပေမဲ့ အခုတော့ ဖောက်ခွဲပစ်ဖို့ကလည်း ရွေးချယ်စရာ မဟုတ်ဘူး။

မဖောက်ခွဲဘဲ နေဖို့ကလည်း ရွေးချယ်စရာ မဟုတ်ဘူး။ ၎င်းက သူ့ကို အကျပ်အတည်းတစ်ခုထဲသို့ ရောက်သွားစေခဲ့လေ၏။

သူက သွားကြိတ်ကာ အေးစက်သော လေသံဖြင့် ပြောဆိုလိုက်သည်။

"ဒီစခန်းတစ်ခုလုံးမှာ ဗုံးတွေ မြှုပ်ထားတယ်ဆိုတာ မင်း သိထားဖို့ လိုတယ်နော်...တကယ်လို့ ငါသာ ဒီလက်ပစ်ဗုံးကို ဖြုတ်လိုက်ရင် ငါအပါအဝင် မင်းတို့ အကုန်လုံး သေရလိမ့်မယ်..."

"ငါ သိတယ်... ဖောက်ခွဲလိုက်လေ..."

"မင်း..."

စစ်ဝတ်စုံနှင့် အမျိုးသားသည် ဤမျှ တည်ငြိမ်နေသော သူတစ်ယောက်ကို ဘယ်သောအခါမှ မမြင်ဖူးခဲ့ချေ။

“ဟူးး…”

သူ သက်ပြင်းရှည်ကြီးတစ်ခု ချလိုက်ပြီးနောက် နောက်ဆုံးတွင် အလျှော့ပေးရန် စတင်ပြောဆိုလိုက်၏။

"တကယ်လို့ မင်းသာ ငါ့အသက်ကို ချမ်းသာပေးမယ်ဆိုရင် ငါ ဗုံးကို မဖောက်ခွဲဘဲ နေပေးနိုင်တယ်..."

"အခု ငါ ဝိညာဉ်အဖွဲ့အစည်းကနေ ထွက်လိုက်ပြီ... မင်းက လက်စားချေချင်တယ်ဆိုရင် ဝိညာဉ်အဖွဲ့အစည်းရဲ့ ဌာနချုပ်ကို သွားလို့ရတယ်..."

"သူတို့က မင်းကို သတ်ဖို့ မစ်ရှင်ထုတ်ခဲ့တာ... ငါနဲ့ ဘာမှမဆိုင်ဘူး...ငါ မင်းကို တခြား အကြောင်းအရာတချို့ကိုတောင် ပြောပြနိုင်သေးတယ်..."

"အော်..."

ချန်ဖုန်းသည် ချက်ချင်းပင် စိတ်ဝင်စားသွားလေ၏။

သူက ကုလားထိုင်တစ်လုံးကို ဆွဲယူကာ ထိုင်ရင်း ပြောလိုက်သည်။

"အပြင်ဘက်က တိုက်ပွဲက အနည်းဆုံး နောက်ထပ် ငါးမိနစ်လောက် ဆက်ဖြစ်နေဦးမှာ... တကယ်လို့ အဲဒီငါးမိနစ်အတွင်းမှာ မင်း ငါ့ကို ယုံကြည်အောင် လုပ်နိုင်မယ်ဆိုရင် မင်းအသက်ကို ငါ ချမ်းသာပေးကောင်း ပေးနိုင်တယ်..."

စစ်ဝတ်စုံနှင့် အမျိုးသားမှာ ဝမ်းသာသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။

"မင်း အဲလစ်ဇဘက် ကို သိမယ်လို့ ငါ ယုံကြည်တယ်... ဝိညာဉ်အဖွဲ့အစည်းမှာ သူ့ရဲ့ ကုဒ်နာမည်က အဲလစ် လေ...ပြီးခဲ့တဲ့တစ်ခေါက် ဆာကူရာနိုင်ငံမှာတုန်းက သူမက အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေကို သတ်ဖြတ်ခဲ့ရုံတင် မကဘူး...သူမအတွက် အလုပ်လုပ်ပေးဖို့ အဖွဲ့အစည်းရဲ့ ထိပ်တန်းစစ်သည်တချို့ကိုတောင် လျှို့ဝှက် လူသစ်စုဆောင်းခဲ့သေးတယ်..."

"အဲ့တာတွေကြောင့် ဝိညာဉ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်က သူမအပေါ် တော်တော်လေး မကျေနပ်ချက်တွေ ရှိနေတယ်...ဒါ့အပြင် အဲလစ်ဇဘက် နဲ့ သူ့ရဲ့ဦးလေးက လက်ရှိမှာ ပဋိပက္ခဖြစ်နေကြတယ်လို့ ကြားတယ်... ပြီးတော့ ဝိညာဉ်အဖွဲ့အစည်းက သူ့ဦးလေးနဲ့ လျှို့ဝှက် သဘောတူညီချက်တစ်ခု ရရှိထားတယ်...သူက အဲလစ်ဇဘက် ကို ရှင်းပစ်ဖို့ အခွင့်အရေးတစ်ခု ရှာချင်နေတာ..."

“ဒါပဲလား…”

ချန်ဖုန်းမှာ စကားပြောစရာမဲ့ဖြစ်သွားတော့သည်။

အတင်းအဖျင်းသတင်း တချို့ကို ကြားရမယ်လို့ သူ ထင်ထားခဲ့တာ။

အခု​တော့ ထိုလူ ရရှိထားသော သတင်းအချက်အလက်များအရ ဆိုရင် အဲလစ်ဇဘက်သည် ချက်ချင်း အန္တရာယ်ရှိနေခြင်း မဟုတ်ဘဲ ဝိညာဥ်အဖွဲ့အစည်းကသာ လှုပ်ရှားရန် အခွင့်အရေး မရရှိသေးကြောင်း ရှင်းလင်းနေပေသည်။

"ပြီးတော့... ငါ့ဆီမှာ သတင်းအချက်အလက်တွေ အများကြီး ရှိသေးတယ်..."

ချန်ဖုန်း သူ့ထံသို့ လျှောက်လာသည်ကို မြင်သောအခါ စစ်ဝတ်စုံနှင့် အမျိုးသားမှာ ပြာယာခတ်သွားလေ၏။

"ရပ်... ရပ်လိုက်... မင်း နောက်ထပ် တစ်လှမ်း ထပ်တိုးလာရင် ငါ ဗုံးကို တကယ် ဖောက်ခွဲပစ်မယ်လို့ ယုံလိုက်..."

"ထျန်ကျီ အဖွဲ့အစည်း နဲ့ တီရှား အဖွဲ့အစည်း အကြောင်း သတင်းအချက်အလက်တွေကိုလည်း ငါ သိတယ်... ပြီးတော့... တောက်...ဒါဆိုလည်း အကုန်လုံး အတူတူ သေကြတာပေါ့ကွာ..."

သူ၏ မျက်လုံးများတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ရုတ်တရက် ဖြတ်ပြေးသွားခဲ့ပေ၏။

သူ သေခြင်းတရားကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးဆိုတာကို သိနေမှတော့ အားလုံးကို သူ့နဲ့အတူ သေခိုင်းလိုက်မယ်။

သူ လက်ပစ်ဗုံးကို ဖြုတ်ရန် ပြင်လိုက်ချိန်မှာပင်။

ချန်ဖုန်း၏ ခန္ဓာကိုယ်သည် ရုတ်တရက် ယိမ်းယိုင်သွားပြီး သူရပ်နေခဲ့သော နေရာတွင်မူ ပုံရိပ်ယောင် အရိပ်အလွှာများသာ ချန်ရစ်ထားခဲ့လေသည်။ သူ၏ အမြန်နှုန်းမှာ မယုံနိုင်လောက်အောင် ဖြစ်နေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအမျိုးသား၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

ထို့နောက် ထိုအမျိုးသားသည် သူ၏ လက်ကောက်ဝတ်မှ ရုတ်တရက် နာကျင်မှုတစ်ခု ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရလို့ သူ ခေါင်းလှည့်ကြည့်လိုက်ရာ လက်ပစ်ဗုံးကိုင်ထားသော သူ၏ လက်မှာ ပြတ်တောက်သွားပြီး မြေပြင်ပေါ်တွင် ကျနေသည်ကို မြင်တွေ့လိုက်ရပေ၏။

ထို့နောက် ချက်ချင်းပင်...

သူ၏ လည်ပင်းကို ထပ်မံထိတွေ့လိုက်ရာ သွေးများ ပန်းထွက်လာခဲ့လေသည်။

သေစေနိုင်တဲ့ တိုက်ခိုက်ချက် တစ်ချက်ပင်…

ချန်ဖုန်း မည်သို့ လှုပ်ရှားလိုက်သည်ကိုပင် သူ မမြင်လိုက်ရချေ။ ဒါက မယုံနိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။

ဤကာလအတွင်း ချန်ဖုန်းသည် နေ့စဉ် သူ၏ ခန္ဓာကိုယ်ကို အားဖြည့်နေခဲ့ပြီး သူ၏ အမြန်နှုန်းနှင့် ခွန်အား နှစ်ခုစလုံးမှာ စစ်မြေပြင်တွင် ရှိနေစဉ်ကထက် များစွာ ပိုမို အစွမ်းထက်နေခဲ့ပေပြီ။

နောက်ဆုံးအကြိမ် သူ၏ မိခင်ကို တွေ့ခဲ့စဉ်က သူမက သူ အားနည်းလွန်းသည်ဟု ပြောခဲ့သည်ကို သူ မှတ်မိနေ၏။

‘အခုတော့ ငါ အားမနည်းလောက်တော့ဘူး မဟုတ်လား…’ဟု ချန်ဖုန်း တွေးလိုက်၏။

ချန်ဖုန်း စခန်းအပြင်ဘက်သို့ ထွက်လာချိန်တွင် သတ်ဖြတ်မှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်လေသည်။

အဇူရာနန်းတော်၏ တပ်ဖွဲ့များသည် ပြီးပြည့်စုံသော အားသာချက်ကို ရရှိထားပေ၏။

ဤတစ်ကြိမ်တွင် ဟွာရှနိုင်ငံ အတွင်းရှိ ဝိညာဥ်အဖွဲ့အစည်းဌာနခွဲသည် ၎င်းတို့ ဟွာရှနိုင်ငံမှ လူသစ်စုဆောင်းထားသော အဖွဲ့ဝင်အသစ်များ အပါအဝင် ၎င်းတို့၏ အဖွဲ့ဝင် ၈၀၀ ကျော်စလုံးနီးပါး သတ်ဖြတ်ခံခဲ့ရလေပြီ။

နိုင်ငံခြားမျက်နှာများလည်း အချို့ ပါဝင်နေပေသည်။

အကယ်၍ အတိတ်ကသာဆိုလျှင်...

ချန်ဖုန်းသည် အစွန်းရောက်သည့်အထိ သွားမည်မဟုတ်သော်လည်း ယခုအခါတွင်မူ အခြေအနေများ ပြောင်းလဲသွားခဲ့ပြီ ဖြစ်၏။

သူ့ပတ်ဝန်းကျင်တွင် ဆွေမျိုးများစွာ ရှိနေလေသည်။ အကယ်၍ ရန်သူတစ်ဦးဦးကို လွတ်ပေးလိုက်ပါက အနာဂတ်တွင် ပြုပြင်၍မရနိုင်သော အခြေအနေတစ်ရပ်ကို ယူဆောင်လာနိုင်ပေသည်။ ၎င်းတို့ကို အပြီးတိုင် ရှင်းလင်းပစ်ရမည် ဖြစ်၏။

အပြန်အလှန် ပစ်ခတ်မှု တစ်ခုလုံးသည် မိနစ်နှစ်ဆယ်သာ ကြာမြင့်ခဲ့လေသည်။

အလောင်းများအားလုံးကို မီးပုံကြီးတစ်ခုထဲတွင် တိုက်ရိုက် မီးရှို့ပစ်လိုက်ကြသည်။

နောက်ဆက်တွဲ ကိစ္စရပ်များကို ကိုင်တွယ်ဖြေရှင်းပြီးနောက်...

လူတစ်စုသည် လျင်မြန်စွာ ထွက်ခွာသွားကြပေ၏။

လွန်ခဲ့သော မိနစ်နှစ်ဆယ်က ကျန်းနန်ဒေသနှင့် ဝေးကွာသော စွန့်ပစ်ရွာတစ်ခုတွင် ရက်စက်ကြမ်းကြုတ်သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့လိမ့်မည်ဟု မည်သူမျှ ထင်မှတ်ထားမည် မဟုတ်ချေ။

All Chapters