အခန်း ၃၈၅
Vol. 39 Ch. 385
အခန်း (၃၈၅) ပြိုင်ဘက်တစ်ဦး ထွက်ပေါ်လာခြင်း
"အို ဘုရားရေ... ငါ ဘာမြင်လိုက်တာလဲ... ချင်ချင် ရဲ့ ရည်းစားဟောင်းက ချန်ဖုန်း များလား..."
"ဖြစ်နိုင်တယ်... ခုနက ရှောင်ချင်ချင် က ပြန်တွဲဖို့ စဉ်းစားနေတာလား..."
"သူက အရင် လမ်းခွဲခဲ့တာ မဟုတ်ဘူးလား... ဘာလို့ ပြန်တွဲချင်နေရတာလဲ... ဒါက သူ စောစောက ပြောခဲ့တာတွေနဲ့ ကွာခြားနေတယ်လေ..."
"သူက ငါတို့ကို လိမ်နေတာလို့ မင်း ထင်လား..."
"ဖြစ်နိုင်တယ်... အခုခေတ် လိုက်ဖ်လွှင့်နေတဲ့ နတ်သမီးလေးတွေက အစစ်အမှန် မဟုတ်ဘူးလို့ ငါ ကြားဖူးတယ်... သူတို့ရဲ့ စရိုက်တွေနဲ့ ရုပ်ရည်တွေကလည်း အစစ်အမှန် မဟုတ်ဘူးတဲ့... လိင်ကွဲပြားမှုတောင် အစစ်အမှန် မဟုတ်နိုင်ဘူး... ဘယ်သူသိမှာလဲ... အခုချိန် မျက်နှာပြင်ရဲ့ အခြားတစ်ဖက်မှာ ခြေချောင်းတွေကို ကလော်နေတဲ့ အဘိုးကြီးတစ်ယောက် ရှိနေနိုင်တာပဲ..."
“ဘုရားရေ…” လိုက်ဖ်လွှင့်မှု ချတ်ဘောက်စ်မှာ ပေါက်ကွဲထွက်သွားလေတော့၏။
သူမက ခြေချောင်းတွေကို ကလော်နေသည့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်ရန် မဖြစ်နိုင်သော်လည်း သူမ၏ လှပသော ရုပ်ရည်မှာမူ အတုအယောင် ဖြစ်နိုင်ပေသည်။
လိုက်ဖ်လွှင့်မှုအတွင်းရှိ ပရိသတ်များသည် ၎င်းတို့၏ တွေဝေမှုများမှ ချက်ချင်း သတိဝင်လာကြ၏။ အထူးသဖြင့် တစ်လလျှင် ယွမ် ၃,၀၀၀ ဝင်ငွေရှိသော အမျိုးသား ပရိသတ်မှာ ရှန်ချင် အား လက်ဆောင်များ ပေးခဲ့မိသည့်အတွက် အလွန်အမင်း နောင်တရသွားခဲ့ပေသည်။
"ချီးပဲ... အမှတ်ပေးဇယားရဲ့ ထိပ်ဆုံး သုံးယောက်က ဘယ်ရောက်သွားတာလဲ..."
"အားလုံးပဲ ဆုတ်ခွာကြစို့..."
အချိန်တိုအတွင်းမှာပင် ပရိသတ်များသည် လိုက်ဖ်လွှင့်မှုမှ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြလေ၏။
ရှန်ချင် ဘာဖြစ်နေသနည်းဆိုတာကို သတိပြုမိချိန်တွင် လိုက်ဖ်လွှင့်မှုအတွင်း ကြည့်ရှုသူ အရေအတွက်မှာ ၅,၀၀၀ မှ ၁,၀၀၀ အထိသာ ကျဆင်းသွားခဲ့လေပြီ။ သူမ၏ ပရိသတ် အရေအတွက်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ၆ သိန်းမှ ၇ သိန်းအထိ ကျဆင်းသွားခဲ့ပေ၏။
သူမ လုံးဝ ဆွံ့အသွားခဲ့တော့သည်။
ချန်ဖုန်းသည် ယခုလေးတင် ဖြစ်ပျက်ခဲ့သည်များကို ဂရုမစိုက်ခဲ့ချေ။ သူနှင့် ရှန်ချင် သည် ယခုအခါ မတူညီသော ကမ္ဘာနှစ်ခုမှ ဖြစ်နေကြပြီ ဖြစ်သည်။ သူတို့ကြားတွင် နောက်ထပ် ဆက်သွယ်မှု ရှိလာတော့မည် မဟုတ်ပေ။
သူ ကျေးလက်ဒေသတွင် နေထိုင်သည်မှာ သုံးရက်ရှိသွားခဲ့လေပြီ။ မိဘများကို နှုတ်ဆက်ပြီးနောက် သူသည် ကိုယ်ပိုင်လေယာဉ်ပေါ်တက်ကာ ကျိုတို သို့ ဦးတည်သွားလေ၏။
ရှန်ယန်းယန်း နှင့် ယွင်ထင် တို့သည် လက်ရှိတွင် ကျိုတို သို့ စီးပွားရေးကိစ္စဖြင့် ရောက်ရှိနေကြပေသည်။
အခြားတစ်ဖက်တွင်။ ကျိုတို ရှိ ရှန်ကွမ် မိသားစု။
ချင်လဲ့ က ရှန်ကွမ်ဖန်ယွင် ကို ခြံဝင်းထဲသို့ ဆွဲခေါ်သွားပြီး ရှန်ကွမ်ယွဲ့ ၏ အခန်းကို တစ်ချက်ကြည့်ကာ တီးတိုးပြောဆိုလိုက်၏။
"ယောကျာ်း... ခရီးသွားရာကနေ ပြန်လာကတည်းက ငါတို့သမီးလေးက နည်းနည်း ထူးဆန်းနေတယ်ဆိုတာကို ရှင် သတိထားမိလား..."
"ဘာမှမထူးဆန်းပါဘူး... ပုံမှန်ပါပဲလို့ ကိုယ်ထင်ပါတယ်..."
ရှန်ကွမ်ဖန်ယွင် မှာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
ချင်လဲ့ က သူ၏လက်မောင်းကို ပြင်းပြင်းထန်ထန် ဆိတ်လိုက်၏။
"ရှင်က အရမ်း ကြမ်းတမ်းတဲ့ လူကြီးပဲ... ကျွန်မ ကိုယ်ဝန်ရှိတုန်းကလည်း ရှင်က ဒီလိုပဲ... အခု သမီးလေး ကိုယ်ဝန်ရှိနေတော့လည်း ရှင်က ဒီလိုပဲ
လုံးဝ ဂရုမစိုက်ဘူးပဲ…”
"ဘာ..."
ရှန်ကွမ်ဖန်ယွင် လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေသည်။ ‘ငါ့သမီးက ကိုယ်ဝန်ရှိနေတာလား ဘယ်သူလုပ်တာလဲ ချန်ဖုန်း လား’ ဟု တွေးတောလိုက်၏။
ချင်လဲ့ က ဒေါသတကြီး ပြောဆိုလိုက်၏။
"ရှင်က အခုမှ သတိထားမိတာလား... သူမ သေချာပေါက် ကိုယ်ဝန်ရှိနေပြီ... သူမအခန်းထဲမှာ ဆန်းချာ အချပ်တွေ ပြည့်နေတာကို ကြည့်ပါဦး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆေးရုံ ကို စစ်ဆေးဖို့ သွားတုန်းက ကျွန်မ လျှို့ဝှက်ပြီး အစီရင်ခံစာကို ယူလာခဲ့တယ်..."
ထို့နောက် သူမက စက္ကူတစ်ရွက်ကို ရှန်ကွမ်ဖန်ယွင် ထံ ကမ်းပေးလိုက်သည်။
"ဒါ တကယ်ပဲ..."
ရှန်ကွမ်ဖန်ယွင် က ဤအရာမှာ ချန်ဖုန်း လုပ်ခဲ့ခြင်း ဖြစ်ရမည်ဟု ချက်ချင်း ခန့်မှန်းလိုက်မိ၏။ ‘ငါ့ရဲ့ အဖိုးတန်သမီးလေးက အခွင့်ကောင်းယူခံလိုက်ရပြီပဲ’ ဟု သူ တွေးလိုက်သည်။
"ယောကျာ်း... တကယ်လို့ ချန်ဖုန်း သာဆိုရင် ငါတို့ သူနဲ့ စကားပြောပြီး လက်ထပ်ဖို့ အချိန်တစ်ခု ရှာသင့်တယ် မဟုတ်ဘူးလား..."
"မလောပါနဲ့..."
ရှန်ကွမ်ဖန်ယွင် က ခေါင်းခါကာ ပြောလိုက်၏။
"ချန်ဖုန်း က သေချာပေါက် ငါတို့ရဲ့ သမက် ဖြစ်လာမှာပါ... ရှောင်ယွဲ့ ဒီတစ်ခေါက် ပြန်လာတုန်းက ချန်ဖုန်း ရဲ့ မိခင် အသက်ရှင်နေသေးတယ်လို့ သူပြောတာကို ကိုယ် ကြားခဲ့တယ်... ရှောင်ယွဲ့ က ကိုယ်ဝန်ရှိနေတဲ့အကြောင်း မပြောတာက သူ့မှာ ကိုယ်ပိုင် အစီအစဉ်တွေ ရှိနေလို့ ဖြစ်နိုင်တယ်... ဒါ့အပြင် လတ်တလော ချန်ဖုန်း ရဲ့ ပတ်ဝန်းကျင်မှာ အခြေအနေတွေက မငြိမ်းချမ်းသေးဘူး... ဒါကြောင့် စောင့်ကြည့်ကြတာပေါ့..."
"ကောင်းပါပြီလေ..."
ချင်လဲ့ က သက်ပြင်းချကာ ပြောလိုက်သည်။
"ရှောင်ယွဲ့ ကို သွားကြည့်လိုက်ဦးမယ်..."
သူမ အိပ်ခန်းထဲသို့ ဝင်သွားချိန်မှာပင် ရှန်ကွမ်ယွဲ့ က ဖုန်းချလိုက်၏။
“ဘယ်သူ့ဆီက ဖုန်းလဲ…”
"ချန်ဖုန်း က ထမင်းလာစားချင်နေလို့ သမီး သူ့ကို ဆူပြီး မောင်းထုတ်လိုက်တယ်..."
ရှန်ကွမ်ယွဲ့ ၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားပြီး ပြုံးရင်း ပြောလိုက်သည်။
"အဲဒီကောင်က သေချာပေါက် သမီးကို အခွင့်ကောင်းယူဖို့ ကြိုးစားနေတာ..."
ဤနေရာသို့ ရောက်ချိန်တွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း သူမ သတိပြုမိသွားပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်လေ၏။
"သမီးကို အနိုင်ကျင့်နေတာလား..."
ချင်လဲ့ က တစ်စုံတစ်ရာကို စဉ်းစားမိသွားပုံရပေသည်။ ‘ကောင်းပြီလေ...ငါ နားလည်သွားပြီ’ ဟု သူမ တွေးလိုက်၏။
ချန်ဖုန်းသည် မူလက ရှန်ကွမ်ယွဲ့ ကို တွေ့ချင်ခဲ့သော်လည်း ရှောင်ယွဲ့ယွဲ့ က သူ့ကို မတွေ့ချင်သောကြောင့် သူသည် Great Wall အိမ်ခြံမြေကုမ္ပဏီ ၏ ဗီလာသို့သာ အရင် သွားနိုင်ခဲ့ပေ၏။
ရှန်ယန်းယန်း နှင့် ယွင်ထင် တို့သည် စီးပွားရေး ခရီးစဉ်များ သွားရောက်ချိန်တွင် ထိုနေရာ၌ တည်းခိုလေ့ရှိကြသည်။ သူ့ထံတွင် ဗီလာ၏ သော့ ရှိနေပေ၏။
ချန်ဖုန်း ဗီလာထဲသို့ ဝင်သွားချိန်တွင် ရှန်ယန်းယန်း ရေချိုးခန်းထဲမှ ထွက်လာသည်ကို ချန်ဖုန်း မြင်တွေ့လိုက်ရသည်။ သူမသည် ရေချိုးဝတ်ရုံ အဖြူရောင်ကို ဝတ်ဆင်ထား၏။
သူမက မျက်နှာသုတ်ပုဝါကို ကိုင်ကာ စိုစွတ်နေသော ဆံပင်များကို သုတ်နေပြီး အတော်လေး ဆွဲဆောင်မှု ရှိနေဆဲ ဖြစ်ပေသည်။ ရေချိုးဝတ်ရုံမှာ ဒူးခေါင်းအထိ ရှည်လျားသော်လည်း အလွန် ပွရဲနေ၏။
သူမ လမ်းလျှောက်လာချိန်တွင် သူမ၏ ဖြူဖွေးရှည်လျားသော ခြေတံများကို ဝိုးတဝါး မြင်တွေ့နေရပေသည်။ သူမ မြှောက်ထားသော လက်မောင်းက နှင်းပွင့်ကဲ့သို့ ဖြူဖွေးသော လက်မောင်းများကို ဖော်ပြနေပြီး ယခုလေးတင် ရေချိုးထားသဖြင့် သူမ၏ မျက်နှာပေါ်တွင် နီမြန်းသော အရိပ်အယောင်များ ရှိနေလေ၏။
ချန်ဖုန်းက မျက်တောင်ခတ်ကာ တံတွေးမြိုချလိုက်သည်။
‘ငါ ပြန်လာတာ အချိန်အရမ်းကိုက်လွန်းသွားလား’ ဟု တွေးလိုက်၏။
"ချန်ဖုန်း..."
ဗီလာထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်သောအခါ ရှန်ယန်းယန်း လန့်ဖြတ်သွားခဲ့၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်းမှာပင် ဘာဖြစ်နေသည်ကို သူမ သဘောပေါက်သွားလေသောအခါ သူမက အလျင်အမြန် ပြေးလာခဲ့သည်။
ထို့နောက်သူမက ချန်ဖုန်းအပေါ်သို့ ခုန်တက်ကာ ဆိုဖာပေါ်တွင် ဖိချလိုက်ပြီး ရယ်မောလျက် ပြောဆိုလိုက်၏။
"နင် နောက်ဆုံးတော့ ပြန်လာပြီပဲ... တကယ်လို့ နင် ပြန်မလာဘူးဆိုရင် ငါက နင့်ကို လိုက်ရှာတော့မလို့..."
"ဟို..."
ချန်ဖုန်း မျက်တောင်ခတ်လိုက်သည်။ သူ၏ ထောင့်မှကြည့်လျှင် ရေချိုးဝတ်ရုံ၏ လည်ပင်းပေါက်မှ ထွက်ပေါ်နေသော အသားအရေများကို ရှင်းလင်းစွာ မြင်တွေ့နိုင်ပေ၏။
ရှန်ယန်းယန်း ကမူ လုံးဝ ဂရုမစိုက်ခဲ့ချေ။ သူမက ချန်ဖုန်း ၏ လက်မောင်းကို ဖက်တွယ်ထားပြီး မလွှတ်ပေးဘဲ အပေါ်ထပ်သို့ လှမ်းအော်လိုက်၏။
"အစ်မ ယွင်... ငါတို့ ချန်ဖုန်း ကို ဖမ်းမိပြီ... ဒီအောက်ကို ဆင်းခဲ့ပါဦး..."
မကြာမီမှာပင် ယွင်ထင် လည်း အောက်ထပ်သို့ ဆင်းလာခဲ့ပေသည်။ ဤအချိန်၌ ယွင်ထင် သည် ပို၍ပင် ကျက်သရေရှိမှုကို ထုတ်လွှင့်နေပြီး အထူးသဖြင့် သူမ၏ ထင်ရှားပြည့်ဖြိုးသော ရင်သားများပင် ဖြစ်လေ၏။
"သူဌေးက ငါတို့ ဝန်ထမ်းတွေကို နောက်ဆုံးတော့ သတိရသွားပြီပဲ..."
ယွင်ထင် က သက်ပြင်းချကာ ပြောဆိုလိုက်သည်။
"ယန်းယန်း... သူ့ကို ဖမ်းထား... ထွက်ပြေးခွင့်မပေးနဲ့... လက်ရှိ အလုပ်တွေနဲ့ ပတ်သက်ပြီး သူ့ကို ငါ ပြောစရာရှိတယ်... သူ ဆုံးဖြတ်ချက်ချပေးဖို့ လိုတယ်..."
"ဘာဖြစ်လို့လဲ... အလုပ်တွေ အဆင်မပြေလို့လား..."
ချန်ဖုန်းက ဖျော့တော့စွာ ပြုံးလိုက်၏။ သူ၏ စီးပွားရေးလုပ်ငန်းများကို အခြေခံအားဖြင့် ယွင်ထင် နှင့် ရှန်ယန်းယန်း တို့က စီမံခန့်ခွဲပေးနေခြင်း ဖြစ်ပေသည်။
‘ကြည့်ရတာ ငါတို့မှာ တကယ်ကို လူအင်အား မလုံလောက်ဘူးလို့ ထင်ရတယ်... စီမံခန့်ခွဲရေး ဝန်ထမ်းတွေ ပိုပြီး မွေးထုတ်ဖို့ လိုအပ်နေပြီပဲ…’ဟု ချန်ဖုန်း တွေးလိုက်၏။
ယွင်ထင် က လျှောက်လာပြီး ဆိုဖာပေါ်တွင် ထိုင်လိုက်သည်။ သူမက ရင်ဘတ်ကို ကော့လိုက်ရာ သူမ၏ ရင်သားကောက်ကြောင်းလေး အနည်းငယ် ထွက်ပေါ်လာလေ၏။
"ကျိုတို က မြေကွက်ကို အခု ဆောက်လုပ်နေပြီ... ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ရုံးချုပ်က နောက်တစ်နှစ်လောက်ဆိုရင် ဒီကို ပြောင်းရွှေ့နိုင်လောက်တယ်... ဆေးဝါးကုမ္ပဏီတွေနဲ့ ပတ်သက်လို့တော့ အမာရွတ်ပျောက်ဆေး တွေက အခု အရမ်း အရောင်းသွက်နေတယ်... ငါတို့က တစ်ပုလင်းကို ယွမ် နှစ်ထောင်အထိ ဈေးတင်လိုက်တယ်... တစ်လလောက်ပဲ ရောင်းရသေးပေမဲ့ တုံ့ပြန်မှုနဲ့ ရလဒ်တွေက အရမ်းကောင်းတယ်... လုပ်ငန်းတူတွေကြားမှာ လက်ဝါးကြီးအုပ်နိုင်သလောက်ကို ဖြစ်နေပြီ... လက်ရှိမှာတော့ ငါတို့က ဆေးရုံ တွေနဲ့ ဆေးဆိုင်တွေကို အဓိက ထောက်ပံ့ပေးနေပေမဲ့ အခုဆိုရင် အလှပြင်ဆိုင် တချို့ကတောင် ငါတို့ဆီကနေ ပစ္စည်းတောင်းလာကြပြီ..."
"ဒီလောက်တောင် ကြီးမားတဲ့ သက်ရောက်မှု ရှိတာလား..."
ဆေးဖော်စပ်နည်းကို ယွင်ထင် ထံ ပေးပြီးကတည်းက ချန်ဖုန်း သည် မည်သည့်အရာကိုမျှ စိတ်ပူနေရန် မလိုတော့ချေ။
ဘာပဲဖြစ်ဖြစ် ယွင်ထင် က ပရော်ဖက်ရှင်နယ် စီမံခန့်ခွဲရေး ကုမ္ပဏီ ဖြစ်ပေသည်။ သူတို့က များစွာသော ကိစ္စရပ်များတွင် မိမိထက် ပိုမို ကျွမ်းကျင်ကြလေ၏။
"ဟုတ်တယ်..."
ရှန်ယန်းယန်း က ခေါင်းညိတ်ကာ ဝင်ပြောလိုက်သည်။
"အစ်မ ယွင် က ဈေးတင်ချင်နေတာ... စဉ်းစားကြည့်လေ... အလှပြင်ဆိုင်တွေက အမာရွတ်ပျောက်ဖို့ မြန်မြန်ဆန်ဆန် ကုသမှုအတွက်တောင် ယွမ်သောင်းဂဏန်းလောက် တောင်းကြတာ... ပြီးတော့ ရလဒ်တွေကလည်း ငါတို့လောက် မကောင်းဘူးလေ... ငါတို့ရဲ့ ထုတ်ကုန်က ဈေးကွက်ထဲမှာ အကောင်းဆုံး သက်ရောက်မှု ရှိတာ... ဒီဈေးနှုန်းက တကယ်တော့ နည်းနည်း နိမ့်နေတယ်... အစ်မ ယွင် က တစ်ပုလင်းကို ယွမ် သုံးထောင်အထိ ဈေးတင်ချင်တာ... အဲဒါက ငါတို့ရဲ့ အမြတ်အစွန်းကို သိသိသာသာ တိုးလာစေလိမ့်မယ်... ဒါ့အပြင် ဈေးနှုန်းကလည်း လူတိုင်း လက်ခံနိုင်တဲ့ အနေအထားမှာ ရှိနေတယ်..."
"ပြဿနာမရှိပါဘူး... မင်းတို့ပဲ ဈေးသတ်မှတ်လိုက်ပါ..." ချန်ဖုန်းက ပြောလိုက်သည်။
တစ်ပုလင်း ယွမ် ၃,၀၀၀ ဆိုသည်မှာ မဆိုထားနှင့် တစ်ပုလင်းကို ယွမ် ၅,၀၀၀ ဆိုလျှင်ပင် စားသုံးသူများအတွက် အလွန်တန်သော အပေးအယူတစ်ခု ဖြစ်ပေလိမ့်မည်။
သို့သော် ဤသို့လုပ်ဆောင်ရခြင်းမှာ သာမန်လူများ၏ စီးပွားရေး အခြေအနေကို ထည့်သွင်းစဉ်းစားထားခြင်းကြောင့် ဖြစ်ပေ၏။ သုံးထောင် ဆိုသော ဈေးနှုန်းမှာ အသင့်တော်ဆုံး ဖြစ်ပေသည်။
"နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်..."
ယွင်ထင် က သက်ပြင်းရှည်ကြီးတစ်ခုကို ရှူသွင်းလိုက်သည်။ ထို့နောက် လေးနက်သော မျက်နှာအမူအရာဖြင့် သူမက ပြောဆိုလိုက်၏။
"ငါတို့ရဲ့ အမာရွတ်ပျောက်ဆေး က အခု ပြိုင်ဘက်တစ်ယောက် ပေါ်လာပြီ... ပြီးတော့ အဲဒီလူကို နင်လည်း သိတယ်..."