အခန်း ၃၈၉
Vol. 39 Ch. 389
အခန်း (၃၈၉) ငါ့အလုပ်ကို လုနေတာလား
ရှန်ယန်းယန်း မှာ ပို၍ပင် ဒေါသထွက်နေခဲ့၏။
"နန်ကုန်း ဆေးဝါးကုမ္ပဏီ က ဒီလောက်တောင် ရွံစရာကောင်းလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... ငါတို့ရဲ့ ဆေးကို ဗြောင်ကျကျ ခိုးချသွားတာပဲ..."
"ပြီးတော့ အဲဒီ လျိုမင်လျန်... သူ ပေ့ဟူ မှာ ရှိနေကတည်းက လူကောင်းမဟုတ်ဘူးဆိုတာ ငါ သိတယ်... ကျိုတို မှာ ထပ်တွေ့ရလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး..."
"ပြီးတော့ သူ့စရိုက်ကလည်း အရင်အတိုင်းပဲ ဆိုတော့ နန်ကုန်းမိသားစု နဲ့ သွားပူးပေါင်းနေတာက...ဟက်ဟက် သူတို့က မြွေပွေးနဲ့ ပွေးမြွေ အတူတူပဲ..." ရှန်ယန်းယန်း မှာ ပြောလေ ပို၍ ဒေါသ ထွက်လေဖြစ်နေတော့၏။
"ဒါက ငါတို့ရဲ့ ထုတ်ကုန်ဆိုတာ အခု အကြမ်းဖျင်း အတည်ပြုလို့ ရပြီ..."
ချန်ဖုန်း မှာ ဒေါသမထွက်ဘဲ ပြုံးလျက် ပြောဆိုလိုက်၏။
"သူတို့က ပါဝင်ပစ္စည်း တချို့ ထပ်ထည့်ထားပေမဲ့ အဓိက ပါဝင်ပစ္စည်းတွေက ငါတို့ဟာတွေချည်းပဲ... နောက်မှ သုတေသနဝန်ထမ်းတွေကို ပါဝင်ပစ္စည်းတွေ စစ်ဆေးခိုင်းလိုက်ပါ... ငါပြောတဲ့အတိုင်း ဖြစ်လောက်တယ်..."
ယွင်ထင် က သူ့ကို ထူးဆန်းသော အမူအရာဖြင့် ကြည့်လိုက်ပေသည်။
ချန်ဖုန်း က အနံ့ခံလိုက်ရုံဖြင့် ပါဝင်ပစ္စည်းများကို အကြမ်းဖျင်း ခန့်မှန်းနိုင်လိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ချေ။
"နင်က ခွေးနှာခေါင်းများ တပ်ထားတာလား...ထားပါတော့ အခု ဘယ်လိုလုပ်ကြမလဲ... ကုမ္ပဏီရဲ့ ဥပဒေအဖွဲ့ကို အကြောင်းကြားလိုက်ရမလား..." ဟု ယွင်ထင် က မေးလိုက်သည်။
"မလိုပါဘူး..."
ထူးဆန်းသော အပြုံးတစ်ခုက ချန်ဖုန်း ၏ မျက်နှာပေါ်တွင် ဖြတ်ပြေးသွားလေ၏။
"ငါ မမှားဘူးဆိုရင် အဲဒီ အော်ဒါ သုံးသန်းဖိုးက နန်ကုန်း ဆေးဝါးကုမ္ပဏီ ဆီက ဖြစ်ရမယ်... အခု သူတို့က ငါတို့ဆီကနေ ဆေးတွေ ဝယ်နေတာဆိုတော့ ငါတို့က တိတ်တိတ်လေး နေပြီး ပိုက်ဆံရှာလိုက်ရုံပဲ...ဘယ်လောက်တောင် ကောင်းတဲ့ကိစ္စလဲ..."
ယွင်ထင်က "ဒါပေမဲ့..."
သို့သော် ချန်ဖုန်းက သူမကို ကြားဖြတ် ပြောဆိုလိုက်၏။
"စဉ်းစားကြည့်လေ... နန်ကုန်း ဆေးဝါးကုမ္ပဏီ ကို ဆေးရောင်းပြီး ငါတို့ အမြတ်ထုတ်နိုင်တယ်...ငါတို့ အဲဒီအမြတ်ကို ရပြီးတာနဲ့ သူတို့ရဲ့ အလိမ်အညာကို ရှေ့နေဆီ စာ ပို့လိုက်လို့ ရတယ်..."
"အဲဒီအခါကျရင် အွန်လိုင်းပေါ်မှာ ပေါက်ကြားသွားလိမ့်မယ်...သူတို့ဆီကနေ လျော်ကြေး တောင်းနိုင်ရုံသာမကဘဲ သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်ဦးမှာပဲ... အခု သူတို့ ဘယ်လောက်မြင့်မြင့် ရပ်တည်နေလဲ မကြည့်နဲ့ ပြုတ်ကျတဲ့အခါ အဲဒီထက် ပိုနာလိမ့်မယ်..."
"ဒီလို အကျိုးအမြတ် သုံးဆရနိုင်တဲ့ အခြေအနေမျိုးက အလွယ်တကူ ကြုံတွေ့ရတာ မဟုတ်ဘူး..."
“ဘုရားရေ…”
ဘေးတွင် ရပ်နေသော ရှန်ယန်းယန်း မှာ လုံးလုံးလျားလျား ဆွံ့အသွားခဲ့ပေ၏။
"အစ်မယွင်... သူက တကယ်ကို ကောက်ကျစ်တာပဲ..."
ယွင်ထင် ကလည်း ချန်ဖုန်းကို လက်မထောင်ပြကာ ပြောလိုက်သည်။
"နင်က အရမ်း မိုက်တာပဲ... ကံကောင်းလို့ ငါက နင့်ရန်သူ မဖြစ်နေတာ... အဲဒီလိုမှမဟုတ်ရင် အနှေးနဲ့အမြန် နင့်ရဲ့ လှည့်စားတာကို ခံရမှာပဲ..."
"ဟားဟား…ငါက မင်းကို ဘာလို့ လှည့်စားရမှာလဲ... မင်းက ငါ့ရဲ့ VIP ကိုယ်ပိုင် အိမ်တော်ထိန်းပဲလေ..."
ချန်ဖုန်း က ရယ်မောလျက် ပြောဆိုလိုက်၏။
"သူတို့ လိုချင်သလောက် ဆေးတွေ ပေးလိုက်ပါ... ဆေးတွေ ပိုဝယ်လာအောင် သူတို့ကို ဈေးတောင် လျှော့ပေးလိုက်လို့ ရသေးတယ်... ဥပမာ ပုလင်းအရေအတွက် တစ်ခုပြည့်ရင် ဆယ်ရာခိုင်နှုန်း လျှော့ပေးတာမျိုးပေါ့..."
"ပုလင်းအရေအတွက် ဘယ်လောက်ဆိုရင် နှစ်ဆယ်ရာခိုင်နှုန်း လျှော့ပေးမယ်ပေါ့ကွာ... ပိုဝယ်လေ ပိုကောင်းလေပဲ..."
"နင်... နင်ကတော့..." ယွင်ထင် ပြုံးလိုက်လေသည်။
သူမသည် ချန်ဖုန်း ထက် အသက်အနည်းငယ် ပိုကြီးပေ၏။ ယုတ္တိအရဆိုလျှင် သခင်မလေးတစ်ဦးကဲ့သို့ ပြုမူသင့်သော်လည်း အချိန်အများစုတွင် ချန်ဖုန်း ကသာ သူမအတွက် ဆုံးဖြတ်ချက်များ ချပေးနေခြင်း ဖြစ်သည်။
ချန်ဖုန်း က နောက်ထပ် ဆေးပုလင်းတစ်ပုလင်းကို အနံ့ခံလိုက်သည်ကို သူမ မြင်လိုက်ရသောအခါ သူမ မမေးဘဲ မနေနိုင်ခဲ့ချေ။
"ဘာဖြစ်လို့လဲ... ဒါက ပြဿနာ ရှိနေလို့လား..."
"သေချာပေါက်တော့
မပြောနိုင်သေးဘူး..."
ချန်ဖုန်း က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ခနအကြာတွင် ပြုံးလျက် ပြောဆိုလိုက်သည်။
"တခြားနေရာ သွားလေ့လာကြည့်ကြရအောင်... နောက်ရက်အနည်းငယ်လောက် ငါတို့ သိုသိုသိပ်သိပ်ပဲ နေကြတာပေါ့... နန်ကုန်း ဆေးဝါးကုမ္ပဏီ ကိုပဲ နာမည်ကြီးခွင့် ပေးလိုက်ပါ..."
"ငါတို့က ဒီတိုင်း လျစ်လျူရှုထားလိုက်ရတော့မှာလား..."
ရှန်ယန်းယန်း က မျက်တောင်ခတ်လိုက်ပေ၏။
"မင်း စိတ်ပူနေစရာ မလိုပါဘူး... နောက်မှ ဓာတ်ခွဲခန်းကို ငါ သွားလိုက်မယ်... ငါတို့လည်း ထုတ်ကုန်အသစ် ထုတ်ဖို့ အချိန်တန်ပြီ..."
ချန်ဖုန်း သည် သူ၏ စိတ်ထဲတွင် စွမ်းရည်အချို့ကို တိုက်ရိုက် လဲလှယ်လိုက်လေသည်။
[ဒင်... ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်... အနာကျက်မြန်ဆေး ဖော်စပ်နည်း ကို လဲလှယ်ပြီးပါပြီ... စနစ်ပွိုင့် ၄၈၀၀ နှုတ်ယူလိုက်ပါပြီ…]
[ဒင်…ပိုင်ရှင်၏ လက်ရှိ ကျန်ရှိသော စနစ်ပွိုင့် ၃၂၀၀၀…]
နောက်ရက်အနည်းငယ်အတွင်း။
ချန်ဖုန်း နှင့် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ တို့သည် လုံးဝ တိတ်ဆိတ်နေသကဲ့သို့ မည်သည့် လှုပ်ရှားမှုမျှ မရှိခဲ့ချေ။
သို့သော် နန်ကုန်း ဆေးဝါးကုမ္ပဏီ မှာမူ မယုံနိုင်လောက်အောင် ရေပန်းစားနေခဲ့ပေ၏။ ၎င်း၏ ဈေးနှုန်း အားသာချက်ကြောင့် ဖြန့်ချိရေးကိုယ်စားလှယ် ပိုမိုများပြားလာကာ နန်ကုန်း ဆေးဝါးကုမ္ပဏီ ထံ အော်ဒါများ တင်လာကြပြီး ၎င်းတို့သည် ဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးထားလုနီးပါး ဖြစ်နေလေပြီ။
အမာရွတ်ပျောက်ဆေး တွင် အရှုံးပေါ်နေသည့် အခြေအနေဖြစ်သော်လည်း အနာကျက်မြန်ဆေး က ထိုအရှုံးများကို ကာမိစေနိုင်သဖြင့် ယေဘုယျအားဖြင့် အမြတ်အနည်းငယ် ရရှိနိုင်သေးပေသည်။
ထို့အပြင် ဤဖြန့်ချိရေးကိုယ်စားလှယ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများ တည်ဆောက်ပြီးနောက် ကုမ္ပဏီအနေဖြင့် အခြားသော ဆေးဝါးများကိုလည်း ရောင်းချနိုင်ပေသေး၏။
တိုတောင်းသော သုံးရက်အတွင်းမှာပင် အရောင်းပမာဏမှာ အဆပေါင်းများစွာ တိုးတက်လာခဲ့ပေသည်။
ဆေးဝါးလုပ်ငန်းသည် အမြဲတမ်းလိုလို အမြတ်အစွန်း ကြီးမားလှပေ၏။ ထုတ်လုပ်ရန် ယွမ်တစ်ကျပ်သာ ကုန်ကျသော ဆေးဝါးများကို ယွမ်ဆယ်ဂဏန်းကျော်အထိ ရောင်းချနိုင်လေ့ရှိရာ နန်ကုန်း ဆေးဝါးကုမ္ပဏီ မှာ ငွေများစွာ ရှာဖွေနိုင်ခဲ့လေသည်။
လျိုမင်လျန် သည် ယခုအခါ စိတ်ခံစားချက် အလွန်ကောင်းမွန်နေခဲ့၏။
ဤအော်ဒါများမှပင် သူ ငွေများစွာ ရှာဖွေနိုင်ပေသည်။
တကယ်တော့ သူ့အတွက်... ငွေဘယ်လောက်ရရ အရေးမကြီးဘဲ နန်ကုန်းမိသားစု ၏ တန်ဖိုးထားမှုကို ရရှိနိုင်သရွေ့ လုံလောက်နေပေပြီ။
လျိုမင်လျန်က အချိန်ကို စစ်ဆေးလိုက်သည်။
နန်ကုန်းဟိုင် က ကြယ်ငါးပွင့် ဟိုတယ်တစ်ခုတွင် အောင်ပွဲခံ စားသောက်ပွဲ ကျင်းပနေပြီး သူ ထိုနေရာသို့ အလျင်အမြန် သွားရမည် ဖြစ်၏။
လျိုမင်လျန် ကားမောင်းလာစဉ် ဟိုတယ်အနီးတွင် ရှန်ယန်းယန်း နှင့် ယွင်ထင် တို့ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။ ထိုအမျိုးသမီးနှစ်ဦးမှာ ယခုလေးတင် ဈေးဝယ်ထွက်လာပုံရပေ၏။
သူမတို့၏ လက်ထဲတွင်လည်း အဝတ်အစားများစွာ ကိုင်ဆောင်ထားလေသည်။
"ဥက္ကဋ္ဌယွင်..."
လျိုမင်လျန် သည် ကားပါကင်တွင် ကားကို ရပ်လိုက်သည်။ ထို့နောက် သူက ဖြည်းညင်းစွာ လျှောက်ဆင်းလာခဲ့၏။ သူ၏ မျက်နှာပေါ်တွင်လည်း ကျေနပ်နေသော အမူအရာ ရှိနေပြီး ရင်ဘတ်ကိုပင် ကော့ထားလိုက်ပေသည်။
လွန်ခဲ့သော ခြောက်လခန့်က။
ယွင်ထင် သည် ဝမ်ယွီ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၏ ဥက္ကဋ္ဌ ဖြစ်နေခဲ့ပြီး သူမ၏ အမြင်တွင် သူသည် အရေးမပါသူ တစ်ဦးသာ ဖြစ်ကာ သူမကို တွေ့မြင်ရန်ပင် ခက်ခဲလှပေသည်။
သို့သော် ယခုအခါတွင်မူ။
သူသည် နန်ကုန်း ဆေးဝါးကုမ္ပဏီ တွင် မားကတ်တင်းမန်နေဂျာအဖြစ် လုပ်ကိုင်နေသော်လည်း ဤကာလအတွင်း နန်ကုန်းဟိုင် နှင့် အလွန် အဆင်ပြေခဲ့ပြီး သူ၏ မြှင့်တင်မှုကြောင့် ကုမ္ပဏီ၏ စွမ်းဆောင်ရည်မှာလည်း တိုးတက်လာခဲ့လေ၏။
မကြာမီတွင် နန်ကုန်း ဆေးဝါးကုမ္ပဏီ ၏ ဒုတိယဥက္ကဋ္ဌ ပင် ဖြစ်လာနိုင်ပေသည်။
ကုမ္ပဏီ၏ တိုးတက်မှု အလားအလာများအရ ထိုအချိန်ရောက်လျှင် သူ၏ အဆင့်အတန်းသည် ယွင်ထင် ထက် သေချာပေါက် သာလွန်သွားမည် ဖြစ်ပေ၏။
"ဥက္ကဋ္ဌယွင်... ယန်းယန်း..."
လျိုမင်လျန် က ပြုံးလျက် လျှောက်လာပြီး နှုတ်ဆက်လိုက်သည်။
ဤအမျိုးသမီးနှစ်ဦးတွင် တစ်ဦးမှာ သူ ယခင်က လိုက်ခဲ့ဖူးသူဖြစ်ပြီး အခြားတစ်ဦးမှာ သူ ဖားယားခဲ့ရသူ ဖြစ်ပေသည်။
အခုတော့ အရာအားလုံးက ဖြစ်နိုင်နေလေပြီ။
"လျိုမင်လျန်... ငါ့ကို ယန်းယန်း လို့ ခေါ်လို့ရတယ်လို့ နင် ထင်နေတာလား... ငါ့ကို လာမဖားနဲ့..."
ရှန်ယန်းယန်း သည် သူ့ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် အလွန်အမင်း ဒေါသထွက်သွားခဲ့၏။
လျိုမင်လျန် က အလေးအနက် မထားခဲ့ချေ။ ရှန်ယန်းယန်း ၏ စရိုက်ကို သူ ကောင်းစွာ သိရှိထားပြီး ပြုံးလျက် ပြောဆိုလိုက်သည်။
"ယန်းယန်း... ဘာပဲဖြစ်ဖြစ် ငါတို့က အတူတူ ကြီးပြင်းလာခဲ့ကြတာလေ... ကျိုတို မှာ ပြန်တွေ့ရတာ ကောင်းပါတယ်... ငါတို့ အတူတူ သွားစားကြမလား..."
"စိတ်မဝင်စားဘူး..."
ရှန်ယန်းယန်း သည် အေးစက်သော မျက်နှာဖြင့် ယွင်ထင် ကို ဆွဲခေါ်သွားလေ၏။
လျိုမင်လျန် က ပြုံးလျက်ပင် ဆက်ပြောလိုက်သည်။
"မလောပါနဲ့ ဥက္ကဋ္ဌယွင်... ခင်ဗျားတို့ရဲ့ ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ က ဒေဝါလီခံရတော့မယ်လို့ ကြားတယ်... အဲဒီ ဆေးလေး တစ်မျိုးတည်းနဲ့ ရပ်တည်နေရတာဆို..."
"တကယ်လို့ ဥက္ကဋ္ဌယွင် သာ သွားစရာ နေရာမရှိတော့ဘူးဆိုရင် ကျွန်တော့်ဆီ လာခဲ့လို့ ရပါတယ်... ကျွန်တော်က ဥက္ကဋ္ဌယွင် ကို အရင်ကတည်းက လေးစားခဲ့တာပါ..."
သူ စကားပြောနေစဉ်မှာပင် သူ၏ အကြည့်များက ယွင်ထင် ၏ ပြည့်ဖြိုးသော ရင်သားများဆီသို့ ဖြတ်ပြေးသွားခဲ့ပေ၏။
ထို့နောက် သူက ရှန်ယန်းယန်း ကို တစ်ချက်ကြည့်ကာ ပြောဆိုလိုက်သည်။
"ယန်းယန်း... ငါတို့က ငယ်ငယ်ကတည်းက သိလာကြတာဆိုတော့ နင့်ကို ငါ သတိပေးပါရစေ... ထျန်ဖုန်းလုပ်ငန်းစု က အာရုံစိုက်မှု အများကြီး ခံရတဲ့ ကုမ္ပဏီကြီးတစ်ခုပဲ... နင် အမြန်ဆုံး ထွက်သွားတာ ပိုကောင်းမယ်လို့ ငါ ထင်တယ်..."
"ချန်ဖုန်း က နန်ကုန်းမိသားစု နဲ့ အဆင်မပြေဘူးလို့ ငါ ကြားတယ်... နန်ကုန်းမိသားစု က သူ့ကို ပစ်မှတ်ထားလာမှာကို ငါ စိုးရိမ်တယ်... နင်လည်း နင့်ရဲ့ ဈေးပေါတဲ့ စီအီးအို ရာထူးကို ဆက်ထိန်းထားနိုင်မှာ မဟုတ်ဘူး... ငါ့ဆီ လာပြီး ပူးပေါင်းလိုက်တာ ပိုမကောင်းဘူးလား..."
ထျန်ဖုန်းလုပ်ငန်းစု မှာ ချန်ဖုန်း ၏ စီးပွားရေးဖြစ်ကြောင်းနှင့် ရှန်ယန်းယန်း က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားကြောင်းကို သူ ရှင်းလင်းစွာ သိရှိထားပေ၏။
"ခွေးကောင်... မင်းက ငါ့လူတွေကိုတောင် သွေးခွဲရဲတယ်ပေါ့လေ..."
ထိုအချိန်၌ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
လျိုမင်လျန် တုံ့ပြန်ရန် အချိန်ပင် မရလိုက်မီ သူ၏ မျက်နှာကို ပြင်းပြင်းထန်ထန် ဖြတ်ရိုက်ခံလိုက်ရလေ၏။
ဖြန်း...
ကြည်လင်ပြတ်သားသော အသံပင်။ ဒါ့အပြင် ကျယ်လောင်လှပေသည်။
လျိုမင်လျန် မှာ ရပ်နေသည့် နေရာတွင် သုံးလေးပတ်ခန့် လည်ထွက်သွားပြီးမှ ရပ်တန့်သွားခဲ့၏။
---