← Chapters

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း ၃၉၀

Vol. 39 Ch. 390

အခန်း (၃၉၀) အရှုပ်တော်ပုံ ပေါက်ကွဲထွက်လာခြင်း

"မင်း..."

လျိုမင်လျန် သည် ချက်ချင်းပင် ဒေါသထွက်သွားခဲ့၏။ သို့သော် သူ့ကို ရိုက်လိုက်သူမှာ ချန်ဖုန်း ဖြစ်နေသည်ကို မြင်လိုက်ရချိန်တွင် သူ ချက်ချင်းပင် ကြောက်ရွံ့သွားခဲ့ပေသည်။

ချန်ဖုန်း နှင့် မတွေ့ရသည်မှာ ခြောက်လခန့် ရှိပြီဖြစ်သော်လည်း တစ်ဖက်လူ၏ စွမ်းရည်များကို သူ အလွန် ရှင်းလင်းစွာ သိရှိထားဆဲဖြစ်ပြီး သူ့အနေဖြင့် လုံးဝ ယှဉ်နိုင်မည် မဟုတ်ကြောင်း သိထားလေ၏။

"လျိုမင်လျန်...ဘာလဲ အနာကျက်သွားတာနဲ့ အရင်က နာကျင်ခဲ့ရတာကို မေ့သွားပြီလား..."

ချန်ဖုန်း က သူ၏ မျက်နှာကို ပုတ်ကာ ပြောဆိုလိုက်သည်။

"ငါ အိမ်သာသွားနေတဲ့ အချိန်တိုလေးအတွင်းမှာတောင် မင်းက အခွင့်ကောင်းယူနိုင်ခဲ့သေးတာပဲ..."

"ချန်ဖုန်း...အခုကစပီး ငါ့ကို အနိုင်ကျင့်လို့ လွယ်တယ်လို့ မထင်နဲ့တော့... ငါ့ရဲ့ လက်ရှိ နောက်ခံက နန်ကုန်းမိသားစု ပဲ..."

လျိုမင်လျန် က ရုတ်တရက် နောက်သို့ တစ်လှမ်းဆုတ်ကာ မှောင်မိုက်သော အမူအရာဖြင့် ကြည့်လျက် ပြောဆိုလိုက်၏။

နန်ကုန်းမိသားစု သည် ကျိုတို ၏ ကြီးမြတ်သော မိသားစုကြီး ငါးခုအနက်မှ တစ်ခု ဖြစ်ပေသည်။ ချန်ဖုန်းက ချမ်းသာတော့ရော ဘာဖြစ်သနည်း။ သူက နန်ကုန်းမိသားစု ထက် ပိုချမ်းသာနိုင်မည်လား။

ထို့အပြင် ငွေတစ်ခုတည်းဖြင့် ကျိုတို တွင် ရပ်တည်ရန် မလုံလောက်ချေ။ အဆက်အသွယ်များနှင့် စွမ်းရည်များလည်း လိုအပ်ပေသေး၏။

"နန်ကုန်းမိသားစု က အဲဒီလောက်တောင် အင်အားကြီးလို့လား... မင်း ကျိုတို ကို ရောက်တာ မကြာသေးဘူး မဟုတ်လား..."

ချန်ဖုန်း က သူ့ကို အထင်သေးသော အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

ဤကဲ့သို့သော အကောင်ငယ်လေးကို အနိုင်ကျင့်ရန် သူ အဆင့်လျှော့မည် မဟုတ်ချေ။ သူက ရှန်ယန်းယန်း နှင့် ယွင်ထင် တို့၏ လက်ထဲမှ အိတ်များကို လှမ်းယူလိုက်၏။

"သွားကြစို့... တကယ်လို့ ဒီကောင် နောက်တစ်ခါ မင်းတို့ကို လာနှောင့်ယှက်ရင် သူ့ဂွကြားကိုသာ ကန်ပစ်လိုက်..."

ရှန်ယန်းယန်း က ရယ်မောလိုက်ပေသည်။ အမှန်တကယ်ပင် လူဆိုးများသည် အခြားလူဆိုးများ၏ နှိပ်စက်မှုကို အမြဲတမ်း ခံရစမြဲပင်။

သူတို့အုပ်စု ထွက်ခွာတော့မည့် အချိန်မှာပင် ဇိမ်ခံကားတစ်စီး ဖြည်းညင်းစွာ မောင်းနှင်လာခဲ့၏။

လျိုမင်လျန် မှာ အလွန်အမင်း ဝမ်းသာသွားပြီး အလျင်အမြန် သွားရောက်ကြိုဆိုလိုက်သည်။

"သခင်လေး နန်ကုန်း..."

နန်ကုန်းဟိုင် ကားပေါ်မှ ဆင်းလာခဲ့ပေ၏။

လျိုမင်လျန် ၏ မျက်နှာတစ်ခြမ်း ရောင်ရမ်းနေသည်ကို မြင်သောအခါ သူက မျက်မှောင်အနည်းငယ် ကြုတ်လျက် မေးမြန်းလိုက်သည်။

"လျိုမင်လျန်... မင်း မျက်နှာ ဘာဖြစ်တာလဲ..."

"ဘာ... ဘာမှမဖြစ်ပါဘူး..."

သူ ထိုသို့ ပြောလိုက်သော်လည်း သူ၏ မျက်လုံးများက ချန်ဖုန်း တို့ရှိရာဘက်သို့ တိတ်တခိုး ကြည့်နေခဲ့လေ၏။

သူ၏ အကြည့်များကို လိုက်ကြည့်ပြီးနောက် နန်ကုန်းဟိုင် ၏ မျက်မှောင်များ ပိုမို တွန့်ချိုးသွားခဲ့ပေသည်။

လှပသော အမျိုးသမီးနှစ်ဦးဖြစ်သည့် ရှန်ယန်းယန်း နှင့် ယွင်ထင် တို့ကို သူ သိရှိထား၏။ ဘာပဲဖြစ်ဖြစ် နန်ကုန်း ဆေးဝါးကုမ္ပဏီ နှင့် ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ တို့သည် ယခုအခါ ပြိုင်ဘက်များဖြစ်နေပြီး ပြိုင်ဘက်ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူ အားလုံးနီးပါးကို သူ လေ့လာထားခဲ့ပြီး ဖြစ်လေသည်။

သို့သော် သူမတို့ဘေးရှိ ချန်ဖုန်း ကို မြင်လိုက်ရချိန်တွင် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့ပေ၏။

‘ချန်ဖုန်း လား’

ထိုစဉ်က ချန်ဖုန်း သည် နန်ကုန်းမိသားစု ထဲသို့ တစ်ဦးတည်း ဝင်ရောက်စီးနင်းခဲ့ပြီး နန်ကုန်းမိသားစု ၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများကို တစ်ကိုယ်တော် သတ်ဖြတ်ခဲ့လေသည်။ ဟွာရှ စစ်ဘက်ဆိုင်ရာဌာန ကပင် သူ့ကို အကာအကွယ် ပေးခဲ့သေး၏။

ဤကိစ္စသည် လူကုံထံ အသိုင်းအဝိုင်းအတွင်း တိတ်တဆိတ် ပျံ့နှံ့နေခဲ့ပြီး ဖြစ်ပေသည်။

ထိုအချိန်က နန်ကုန်းဟိုင် သည် နိုင်ငံတွင်း၌ မရှိခဲ့သော်လည်း မကြာမီက ထိုအဖြစ်အပျက်အကြောင်း လူများ ပြောဆိုနေကြသည်ကို သူ ကြားသိခဲ့ရလေသည်။

"ချန် ဆိုတဲ့ကောင်..."

နန်ကုန်းဟိုင်က ပြောလိုက်ပီး

သူ၏ မျက်နှာအမူအရာမှာလည်း အလွန် မှောင်မိုက်နေခဲ့၏။

"မင်း လျိုမင်လျန် ကို ရိုက်လိုက်တာ မဟုတ်လား... သူက ငါ့လူပဲလေ... ခွေးတစ်ကောင်ကို ရိုက်ရင်တောင် သူ့သခင် မျက်နှာကို ထောက်ရသေးတယ်... မင်းက ဘာသဘောလဲ..."

"အော်... သူက မင်းရဲ့ ခွေးတစ်ကောင် သက်သက်ပဲပေါ့လေ..."

ချန်ဖုန်း က တစ်စုံတစ်ရာကို ရုတ်တရက် သဘောပေါက်သွားသည့်အလား ဟန်ဆောင်လိုက်သည်။

ယွင်ထင် ၏ မိတ်ဆက်ပေးမှုအရ တစ်ဖက်လူမှာ မိသားစုခေါင်းဆောင် နန်ကုန်းရှုံ ၏ သားဖြစ်ကြောင်း သူ သိရှိထားပေ၏။

"မင်းတို့ နန်ကုန်းမိသားစု က တကယ်ကို ထူးခြားတာပဲ... နှစ်ယောက် သေသွားတာ မကြာသေးဘူး အခု နောက်တစ်ယောက် ပေါ်လာပြန်ပြီ...မင်းက အသက်ရှည်ရှည် နေရတာ ပျင်းလာလို့ စောစောစီးစီး ဘဝကူးချင်နေတာလား ဟ..."

"မင်း..."

နန်ကုန်းဟိုင် ၏ မျက်နှာပြင်မှာ ရေပြင်အလား ငြိမ်သက်နေခဲ့၏။ သူ၏ မိသားစုကသာ ဤလူကို ပြဿနာမရှာရန် သတိမပေးထားခဲ့ပါက သူ ယခုချက်ချင်း တိုက်ခိုက်မိမည် ဖြစ်ပေသည်။

"ချန်ဖုန်း... စကားတွေ အများကြီး ပြောနေလို့ ဘာအကျိုးရှိမှာလဲ... မင်းရဲ့ ကုမ္ပဏီကိုသာ အရင် သွားကြည့်လိုက်ဦး... အချိန်မရွေး ဒေဝါလီခံရနိုင်တယ်..." ထိုသို့ ပြောဆိုပြီးနောက်...နန်ကုန်းဟိုင် က လှည့်ထွက်သွားလေ၏။

လျိုမင်လျန် လည်း အနောက်မှ တိတ်ဆိတ်စွာ လိုက်ပါသွားခဲ့သည်။

သူလည်း အလွန်အမင်း အံ့အားသင့်နေခဲ့ပေ၏။ အံ့သြစရာကောင်းလောက်အောင်ပင် ချန်ဖုန်း သည် နန်ကုန်းဟိုင် ကို တိုက်ရိုက် ရင်ဆိုင်ရဲပြီး အထူးသဖြင့် နန်ကုန်းဟိုင် ၏ မကျေမနပ်ဖြစ်နေသော အမူအရာကို မြင်တွေ့ရခြင်းက ပြန်လည် မတုံ့ပြန်ရဲသကဲ့သို့ပင် ဖြစ်နေလေ၏။

နန်ကုန်းဟိုင် ထွက်သွားသည်ကို ကြည့်ရင်း ချန်ဖုန်း မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

သူသည် မူလက တစ်ဖက်လူကို အရင်စတင် တိုက်ခိုက်လာစေရန် ရန်စပြီး ထိုမှတစ်ဆင့် သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပေ၏။

နန်ကုန်းဟိုင် တွင် ဤမျှ ကောင်းမွန်သော သည်းခံနိုင်စွမ်း ရှိလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

‘ဒီကောင် ငါ့ရဲ့ အကွက်ထဲ မဝင်လာဘူးပဲ’ ဟု ချန်ဖုန်း တွေးလိုက်၏။

ယွင်ထင် က တိုးညင်းစွာ ပြောဆိုလိုက်သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ နန်ကုန်း ဆေးဝါးကုမ္ပဏီ က ဈေးကွက်ရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းကို ဖမ်းဆုပ်သွားနိုင်ပြီ... သူတို့ကို ဒီတိုင်း ဆက်လွှတ်ထားရမှာလား..."

"တကယ်လို့ ဒီအတိုင်း ဆက်သွားနေရင် ငါတို့ ကုမ္ပဏီအတွက် ထိခိုက်နစ်နာမှု ရှိလာနိုင်တယ်..."

"ငါတို့ အခု ပြန်တိုက်ခိုက်လို့ ရပြီ..."

ချန်ဖုန်း က ပြုံးကာ ပြောလိုက်၏။ ဤရက်အနည်းငယ်အတွင်း သူ ကိစ္စများစွာကို လုပ်ဆောင်ခဲ့ပြီး ဖြစ်လေသည်။

...

နန်ကုန်းဟိုင် သည် ယနေ့ ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူများအတွက် အောင်ပွဲခံ စားသောက်ပွဲ ကျင်းပပေးရန် မူလက စီစဉ်ထားခဲ့ခြင်း ဖြစ်သည်။

နန်ကုန်း ဆေးဝါးကုမ္ပဏီ ၏ လက်ရှိ အောင်မြင်မှုမှာ အကြီးတန်း စီမံခန့်ခွဲသူတိုင်း၏ ကြိုးစားအားထုတ်မှုများနှင့် ခွဲခြား၍မရသောကြောင့်ပင်။

သို့သော်လည်းချန်ဖုန်း ရုတ်တရက် ပေါ်လာခြင်းက သူ၏ စိတ်ခံစားချက်များကို လုံးဝ ပျက်စီးသွားစေခဲ့လေပြီ။

နန်ကုန်းဟိုင်က အဆင့်မြင့် အခန်းတစ်ခန်းသို့ ရောက်ရှိသွားသောအခါ အနောက်မှ လိုက်လာသော လျိုမင်လျန် အား ကြည့်ရင်း သူက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ကုမ္ပဏီရဲ့ အောင်ပွဲခံပွဲကို ငါ မလာတော့ဘူး... ဒီနေ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို ငါ ရှင်းပေးမယ်လို့ သူတို့ကို ပြောလိုက်ပါ...ပြီးတော့ စောစောက ဖြစ်ခဲ့တဲ့ ကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့ မျှော်လင့်ပါတယ်...နားလည်လား..."

"နား... နားလည်ပါပြီ..."

လျိုမင်လျန် ၏ နှလုံးခုန်သံ တစ်ချက် ရပ်တန့်သွားခဲ့ပေ၏။ ထို့နောက် သူ လှည့်ထွက်တော့မည့် အချိန်မှာပင် နန်ကုန်းဟိုင် က ထပ်မံပြောဆိုလိုက်သည်။

"နေဦး..."

"သခင်လေး နန်ကုန်း... တခြား လိုအပ်တာ ရှိသေးလို့လား..."

"ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ဆီကနေ အမာရွတ်ပျောက်ဆေး တွေ ထပ်မမှာနဲ့တော့... ငါတို့ရဲ့ သုတေသန ဝန်ထမ်းတွေ အချောထည် ထုတ်ကုန်ကို မကြာခင် တီထွင်နိုင်တော့မှာပါ... ငါတို့က သူတို့ရဲ့ ထုတ်ကုန်တွေကိုချည်း သုံးနေရတာ..."

"နောက်ဆုံးတော့ ပေါ်ပေါက်သွားမှာပဲ... အဲဒီအခါကျရင် အရှုံးပေါ်တဲ့ အလုပ် ဖြစ်သွားလိမ့်မယ်..."

"ရှင်းလင်းပါပြီ..."

လျိုမင်လျန် က ခေါင်းညိတ်လိုက်၏။

ကုမ္ပဏီ၏ လက်ရှိ ချဉ်းကပ်မှုမှာ အမှန်တကယ်ပင် မသင့်လျော်လှချေ။ တစ်ဖက်လူအနေဖြင့် သတိပြုမိရန် ခက်ခဲသော်လည်း တစ်စုံတစ်ရာ မှားယွင်းသွားပါက ကုမ္ပဏီအတွက် ပြုပြင်၍မရနိုင်သော ပျက်စီးဆုံးရှုံးမှုများကို ဖြစ်ပေါ်စေမည် ဖြစ်ပေသည်။

လျိုမင်လျန်က အလျင်အမြန် စီစဉ်ဆောင်ရွက်လိုက်လေ၏။

ယခုအခါ သူသည် မားကတ်တင်းမန်နေဂျာသာ ဖြစ်နေသေးသော်လည်း ကုမ္ပဏီတွင် ဒုတိယဥက္ကဋ္ဌ ရာထူး လစ်လပ်နေဆဲဖြစ်ကြောင်း လူတိုင်း သိရှိထားကြပြီး နန်ကုန်းဟိုင် ကလည်း လတ်တလောတွင် သူ့ကို အထင်ကြီးနေပေသည်။

သူ အာဏာရလာရန် အခွင့်အရေး အလွန်ကောင်းမွန်နေခဲ့၏။

ဆယ်မိနစ် ကြာပြီးနောက်။

လျိုမင်လျန် သည် သီးသန့်အခန်းတစ်ခန်းထဲသို့ ဝင်ရောက်သွားခဲ့သည်။ ဤအချိန်၌ ကုမ္ပဏီ၏ အကြီးတန်း စီမံခန့်ခွဲသူ အားလုံးနီးပါး ရောက်ရှိနေကြပြီ ဖြစ်ပေ၏။

"မန်နေဂျာလျို... ဘာလို့ ဒီလောက် နောက်ကျနေတာလဲ..."

"သခင်လေး နန်ကုန်း ရော ဘယ်မှာလဲ... ခုနက ခင်ဗျားနဲ့ အတူရှိနေတာ မြင်လိုက်ပါတယ်..."

"ဟုတ်တယ် မန်နေဂျာလျို... ခင်ဗျားက ဒုတိယဥက္ကဋ္ဌ ဖြစ်တော့မယ်လို့ ကြားတယ်... အဲဒီအခါကျရင် ကျွန်တော်တို့ကို မမေ့နဲ့နော်..."

ခဏတာ နှုတ်ဆက်စကား ပြောဆိုပြီးနောက် လူတိုင်းကို သူ ကြည့်လိုက်၏။ ထို့နောက် လျိုမင်လျန် က ယဉ်ကျေးစွာ တုံ့ပြန်လိုက်သည်။

"သခင်လေး နန်ကုန်း မှာ လုပ်စရာ ကိစ္စတချို့ ရှိနေလို့ စားသောက်ပွဲကို တက်ရောက်နိုင်မှာ မဟုတ်ပါဘူး... ဒါပေမဲ့ ဒီနေ့ ကုန်ကျစရိတ်တွေ အကုန်လုံးကို သူ ရှင်းပေးမယ်လို့ ပြောပါတယ်..."

"အားလုံးပဲ ကောင်းကောင်း စားသောက်ကြပါ..."

လေထုမှာ အလွန် သက်ဝင်လှုပ်ရှားနေခဲ့ပေ၏။ ကုမ္ပဏီ၏ စီးပွားရေး ကောင်းမွန်လာသည်နှင့်အမျှ ၎င်းတို့၏ ဝင်ငွေများလည်း တိုးလာမည် ဖြစ်လေသည်။

ထိုအချိန်၌ ရုတ်တရက် တစ်စုံတစ်ယောက်က အော်ဟစ်လိုက်သည်။

"ဒုက္ခပါပဲ... ကုမ္ပဏီမှာ ပြဿနာကြီး တက်နေပြီ..."

"အဘိုးကြီးဝမ်... ဘာတွေ အော်နေတာလဲ... ငါတို့ ကုမ္ပဏီက အခု ဆေးဝါးလုပ်ငန်းမှာ နံပါတ်တစ် နေရာကို ခိုင်ခိုင်မာမာ ရထားပြီလေ... ထျန်ဖုန်း ဆေးဝါးကုမ္ပဏီ ကိုတောင် ကျော်တက်သွားပြီ..."

"နန်ကုန်းမိသားစု ကို နောက်ခံပြုထားတာ... ဘာပြဿနာကြီး တက်နိုင်မှာလဲ..."

"ဟုတ်တယ်လေ... ဘာအရေးကြီးကိစ္စ ရှိလို့လဲ..."

"ဒီအဘိုးကြီးဝမ်ကတော့ တကယ်ပါပဲ... အရက်တောင် မသောက်ရသေးဘူး နမိတ်မရှိတဲ့ စကားတွေ ပြောနေပြီ..."

လူတိုင်းက ရယ်မောလိုက်ကြ၏။

"တကယ် ပြဿနာတက်နေတာ..."

အဘိုးကြီးဝမ် ၏ မျက်နှာမှာ ပိုမို စိုးရိမ်ပူပန်လာကာ ဖုန်းကို လူတိုင်းရှေ့တွင် မြှောက်ကိုင်ပြကာ ပြောလိုက်သည်။

"ကြည့်ကြဦး... ငါတို့ ကုမ္ပဏီက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပြီ... ပြဿနာကြီး တက်တော့မယ်..."

ထိုအခါမှသာ လူတိုင်းက ကြည့်ရှုလိုက်ကြပေ၏။ အသေအချာ ကြည့်လိုက်ချိန်တွင် ၎င်းတို့၏ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြတော့သည်။

"နန်ကုန်း ဆေးဝါးကုမ္ပဏီ ရဲ့ အမာရွတ်ပျောက်ဆေး က တကယ်တော့ ထျန်ဖုန်းလုပ်ငန်းစု ရဲ့ ဆေးနဲ့ အတူတူပဲတဲ့... ထုပ်ပိုးမှုပဲ ကွာတာတဲ့..."

"တကယ်ကြီးလား..."

"တကယ်ပေါ့... သူဌေးကြီး အစ်ကိုဖုန်း က ကုမ္ပဏီနှစ်ခုလုံးရဲ့ ဆေးတွေကို ခွဲခြမ်းစိတ်ဖြာဖို့ သီးသန့် ယူသွားခဲ့တာ... ဘာဖြစ်လာလဲ သိလား..."

"ကုမ္ပဏီနှစ်ခုလုံးရဲ့ ဆေးတွေမှာ အဓိက ပါဝင်ပစ္စည်းတွေက အတူတူပဲတဲ့ကွ..."

---

All Chapters