အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း (၃၉၃) မုန်တိုင်းမတိုင်မီ ခေတ္တငြိမ်သက်ခြင်း
မကြာမီမှာပင်။
ဆရာမကုသည် ဗီလာသို့ ရောက်ရှိလာခဲ့၏။
ပေ့ဟူတက္ကသိုလ်တွင်တော့ သူမအား ဆရာမကုအဖြစ် လူသိများပြီး ရှန်ယန်းယန်းနှင့်လည်း အတော်လေး ရင်းနှီးကျွမ်းဝင်ပေသည်။
ရှန်ယန်းယန်းနှင့် ယွင်ထင်တို့တွင် သိုင်းပညာ နောက်ခံ လုံးဝမရှိကြချေ။ အစပိုင်းတွင် အခြေခံလေ့ကျင့်ခန်း အချို့ကိုသာ ပြုလုပ်နိုင်ပြီး အလွန်ဆုံး ကိုယ်ခံပညာ အချို့ကိုသာ သင်ယူနိုင်ခဲ့၏။ အကယ်၍ ရန်သူနှင့်သာ ရင်ဆိုင်ရပါက သူမတို့အနေဖြင့် မည်သို့မျှ ဖြေရှင်းနိုင်စွမ်း ရှိမည်မဟုတ်ပေ။
ချန်ဖုန်း အံ့အားသင့်သွားရသည်မှာ ရှန်ယန်းယန်းနှင့် ယွင်ထင်တို့သည် ငယ်စဉ်ကတည်းက အလိုလိုက်ခံထားရသူများ ဖြစ်သော်လည်း လေ့ကျင့်ရေးကာလတစ်လျှောက် ဇွဲလုံ့လကြီးမားစွာ ကြိုးစားခဲ့ကြခြင်းပင်။
ရှန်ယန်းယန်း၏ အဆိုအရ သူမတို့အားလုံးမှာ မိန်းကလေးများသာဖြစ်ရာ ဆရာမကုပင် တောင့်ခံနိုင်ပါက သူမလည်း အောင်မြင်နိုင်ရမည်ဟု ဆိုလေ၏။
ပထမနေ့ လေ့ကျင့်ရေးအပြီးတွင် သူမတို့နှစ်ဦးစလုံး အလွန်ပင်ပန်းနွမ်းနယ်နေပြီး တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေခဲ့သည်။ သို့တိုင်အောင် သူမတို့ လက်မလျှော့ခဲ့ကြချေ။
ညအချိန်၌ ချန်ဖုန်းသည် ဗီလာ၏ အိပ်ခန်းထဲတွင် တစ်ယောက်တည်း အိပ်ရာဝင်နေ၏။
ပြီးခဲ့သော ရက်အနည်းငယ်အတွင်း သူလက်ခံရရှိခဲ့သော သတင်းများအရ မဟာလင်းယုန်နိုင်ငံရှိ အဲလစ်ဇဘက်နှင့် သူမ၏ ဦးလေးဖြစ်သူ အက်ဒွပ်တို့ကြား ဆက်ဆံရေးမှာ ပိုမိုတင်းမာလာပြီး ပဋိပက္ခအချို့မှာ ရှောင်လွှဲ၍မရနိုင်တော့ကြောင်း သိရပေသည်။ ထိုအရပ်ရှိ ရေနံကုမ္ပဏီ သည်လည်း မကြာသေးမီက သက်ဆိုင်ရာ ဌာနများ၏ အနှောင့်အယှက်ပေးခြင်းကို ခံနေရ၏။
ဤပြဿနာများကို ဖြေရှင်းလိုပါက အဲလစ်ဇဘက် အာဏာရလာစေရန် သူ ကူညီပေးမှသာ ရပေမည်။ သူမက အာဏာကို အပြည့်အဝ ထိန်းချုပ်နိုင်မှသာ မဟာလင်းယုန်နိုင်ငံရှိ သူ၏ စီးပွားရေးလုပ်ငန်းများ ချောမွေ့စွာ ဖွံ့ဖြိုးတိုးတက်နိုင်မည် ဖြစ်သည်။
မဟာလင်းယုန်နိုင်ငံသို့ ခရီးတစ်ခေါက်တော့ သွားရဦးမည်ဟုပင် သူထင်၏။
သို့သော် မသွားမီ ပြည်တွင်းရေးကိစ္စ အဝဝကို သေချာစွာ ဖြေရှင်းထားရပေမည်။
နန်ကုန်းမိသားစုက နောက်ထပ် ပြဿနာများ ဖန်တီးဦးမည်လား မသိချေ။ ရှန်ကွမ်ယွဲ့ကိုမူ လဲ့ယန်က လျှို့ဝှက်စွာ ကာကွယ်ပေးထားသဖြင့် အဆင်ပြေလောက်ပေသည်။
လိုအပ်ပါက ဆရာတော်တန်ကိုပါ ပြန်ခေါ်ရမည်။ ဆရာတော်တန်၏ စွမ်းရည်မှာ မဆိုးလှချေ။ သူသာ ကျိုတိုမြို့ကို တာဝန်ယူထားပါက သာမန်လူများ ပြဿနာရှာဝံ့မည် မဟုတ်ပေ။
ချန်ဖုန်း၏ အမြင်အရ ဆရာတော်တန်၏ စွမ်းရည်သည် မဟာဧကရာဇ်အဆင့် သို့ ရောက်ရှိနေလောက်ပြီ ဖြစ်၏။
နောက်ထပ် ကိစ္စတစ်ခု ရှိသေးသည်။ ဆာကူရာနိုင်ငံမှ သူ ပြန်ရောက်လာခဲ့သည်မှာ လဝက်ကျော်ကြာပြီဖြစ်သော်လည်း သူ၏ မိခင်နှင့် အဒေါ်ဖြစ်သူထံသို့ အကြိမ်ကြိမ် ဆက်သွယ်ကြည့်ရာ မည်သို့မျှ ဆက်သွယ်၍မရခဲ့ချေ။
‘ငါပဲ အလွန်အကျွံ တွေးပူနေမိတာလား မသိပါဘူး…’ဟု သူ တွေးလိုက်၏။
ထိုစဉ် ချန်ဖုန်း ရုတ်တရက် မျက်မှောင်ကြုတ်သွား၏။
သူ၏ အကြည့်များက တံခါးဆီသို့ ရုတ်တရက် စူးစိုက်သွားသည်။ အခန်းမီးများ ပိတ်ထားသော်လည်း တံခါးကို ဖြည်းညှင်းစွာ တွန်းဖွင့်ကာ ခြေဖျားထောက်၍ ဝင်လာသော လူရိပ်တစ်ခုကို သူ မြင်တွေ့နေရဆဲပင်။
ထိုသူက အခွင့်ကောင်းယူ၍ သူ၏ ကုတင်ပေါ်သို့ ဝင်ရောက်လာ၏။
‘သောက်ကျိုးနည်း…’
ချန်ဖုန်း၏ နှုတ်ခမ်းများ တွန့်ကွေးသွားလေသည်။ သိမ်မွေ့သော ရနံ့သင်းသင်းလေး ပျံ့လွင့်လာပြီး ချောမွေ့နူးညံ့သော ခန္ဓာကိုယ်လေးတစ်ခုက သူ၏ ရင်ခွင်ထဲသို့ တိုးဝင်လာရာ တစ်ဖက်လူ မည်သူမည်ဝါဖြစ်ကြောင်း သူ ချက်ချင်း ခန့်မှန်းမိလိုက်၏။
"ယန်းယန်း မင်း…"
"ချန်ဖုန်း ကျေးဇူးပြုပြီး ဒီတစ်ခါလောက်တော့ ငါ့ကို ဆိုးခွင့်ပေးပါ…"
ရှန်ယန်းယန်းက ခေါင်းမော့ရင်း နူးညံ့စွာ ပြောဆိုလိုက်သည်။
"နင် သိလား ငါ့ဘဝကို နင် ပြောင်းလဲပေးခဲ့တာ…"
"နင်သာ မရှိခဲ့ရင် ငါ့အဖေရဲ့ ကုမ္ပဏီက သေချာပေါက် ဒေဝါလီခံရလောက်ပြီ ပြီးတော့ ငါလည်း အခုလို သက်တောင့်သက်သာ ဘဝမျိုး ရနိုင်မှာ မဟုတ်ဘူး…"
"အခုလို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေနဲ့ အဆက်အသွယ် ရဖို့ဆိုတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေးတယ်…"
"နင့်မှာ ငယ်ချစ်ရည်းစား ရှိတယ်ဆိုတာ ငါ သိပါတယ် ပြီးတော့ လူတစ်ယောက်တည်းက နင့်ကို အကုန်လုံး ပိုင်ဆိုင်ထားဖို့ ဆိုတာလည်း မဖြစ်နိုင်မှန်း ငါ သိတယ်…"
"ငါ လိုချင်တာက… အခုအချိန်လေးမှာ နင့်ကို ပိုင်ဆိုင်ချင်ရုံလေးပါ…"
"ဒါပေမဲ့…"
"ဒါပေမဲ့တွေ ဘာတွေ မလိုပါဘူး ငါ အနာဂတ်ကိုလည်း မလိုချင်ဘူး နောက်နောင်တွေလည်း မလိုချင်ဘူး အခုအချိန်လေးမှာ နင်နဲ့ အတူရှိနေချင်ရုံလေးပါ…"
စကားပြောနေစဉ်မှာပင် သူမ၏ ရဲရဲနီသော နှုတ်ခမ်းလေးများက ချန်ဖုန်း၏ နှုတ်ခမ်းထက်သို့ တိုက်ရိုက် ဖိကပ်လာတော့၏။
ထို့နောက်တွင်တော့… အလွန်သာယာနာပျော်ဖွယ်ကောင်းသော အသံလေးများ အခန်းအတွင်း ပဲ့တင်ထပ်သွားလေသည်…
ထိုအသံများမှာ နှစ်နာရီကြာမျှ ကြာမြင့်ခဲ့၏။
ဘေးခန်းရှိ ယွင်ထင်မှာမူ မျက်နှာတစ်ခုလုံး နီမြန်းလျက် ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် လူးလှိမ့်နေတော့သည်။ ထိုအသံများက မည်သည်ကို ဆိုလိုကြောင်း သူမ ကောင်းကောင်းကြီး သိနေပေ၏။
"ဒီကောင်မစုတ် ယန်းယန်း နင့်အသံက အကျယ်ကြီးပဲဟ…"
[ဒင်… ရှန်ယန်းယန်း အတွက် အောင်မြင်စွာ ပြီးမြောက်ပါသည်… ခန္ဓာကိုယ်အားဖြည့်စွမ်းရည်]
[ရှန်ယန်းယန်း၏ ခွန်အား တိုးမြှင့်ခြင်း ၂၀၀%…]
[ရှန်ယန်းယန်း၏ အမြန်နှုန်း တိုးမြှင့်ခြင်း ၂၀၀%…]
[ရှန်ယန်းယန်း၏ တိုက်ခိုက်မှု ခံနိုင်ရည် ၂၀၀%…]
ဤအားဖြည့်မှုသည် မူလအခြေခံပေါ်တွင် ရိုးရှင်းစွာ အားဖြည့်ပေးခြင်းသာ ဖြစ်သည်။ ဥပမာအားဖြင့် ရှန်ယန်းယန်း၏ မူလလက်သီးခွန်အားမှာ ဂျင် ၁၀၀ ရှိပါက အားဖြည့်ပြီးနောက် ဂျင် ၂၀၀ အထိ ရှိလာမည် ဖြစ်၏။ လူတစ်ဦးချင်းစီအလိုက် ကိန်းဂဏန်းတန်ဖိုးများ ကွာခြားသွားမည်ဖြစ်သည်။
နောက်တစ်နေ့ လေ့ကျင့်ရေးကာလတွင် ရှန်ယန်းယန်းက သဲအိတ်ကို လက်သီးဖြင့် ထိုးချလိုက်ရာ သဲအိတ်မှာ ကွဲထွက်သွားလေသောအခါ
သူမ လုံးဝ မှင်တက်သွားရပေ၏။
"ဝိုး ငါ လေ့ကျင့်တာ တစ်ရက်ပဲ ရှိသေးတယ် အဲဒါတောင် ဒီလောက် ထိရောက်နေပြီလား…"
သူမ၏ ခန္ဓာကိုယ် ပိုမိုသန်မာလာကြောင်းကို သူမ ယခုအခါ ရှင်းလင်းစွာ ခံစားသိရှိနေပြီး ပြေးလွှားသည့် အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာခဲ့သည်။
မနေ့က သဲအိတ်ထိုးတုန်းက လက်တွေ အနည်းငယ် နာကျင်နေခဲ့သေးသော်လည်း ယနေ့တွင်မူ မည်သည့် ခံစားချက်မျှ မရှိတော့ချေ။
"သိုင်းပညာ သင်ရတာ အရမ်းခက်တယ်ဆိုတာ မဟုတ်ဘူးလား…"
"ငါ ထင်တာတော့ တော်တော်လေး လွယ်ပါတယ်…"
"အစ်မယွင် အစ်မလည်း တစ်ချက်လောက် စမ်းကြည့်ပါလား အစ်မလည်း လုပ်နိုင်မယ်ထင်တယ်…"
ရှန်ယန်းယန်းက ရယ်မောလျက် ယွင်ထင်အား ဆွဲခေါ်လာ၏။
"ဟင်…"
ယွင်ထင်က အံကြိတ်ကာ ရှန်ယန်းယန်းကို အတုခိုးလျက် လက်သီးတစ်ချက် ထိုးချလိုက်သည်။ ထို့နောက် ချက်ချင်းပင် သူမ၏ လက်သီးကို နာကျင်စွာ ပွတ်သပ်လိုက်ရသော်လည်း သဲအိတ်မှာမူ လုံးဝ ပျက်စီးသွားခြင်း မရှိချေ။
‘ဘာဖြစ်သွားတာလဲ…
ယန်းယန်းနဲ့ တစ်ချိန်တည်း လေ့ကျင့်ခဲ့တာပဲ ပြီးတော့ ချန်ဖုန်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေဖို့အတွက် ရှန်ယန်းယန်းထက်တောင် ပိုပြီး ကြိုးစားခဲ့သေးတယ်…ဘာလို့ အလုပ်မဖြစ်ရတာလဲ ဒါမှမဟုတ်…’
သူမက ချန်ဖုန်းကို တိတ်တဆိတ် လှမ်းကြည့်လိုက်၏။
‘လိင်ဆက်ဆံခြင်းက လူတစ်ယောက်ကို တကယ်ပဲ ပိုသန်မာလာစေတာလား…ငါရော စမ်းကြည့်သင့်သလား…’ ဟု သူမ တွေးလိုက်သည်။
ဘေးတွင် ရပ်နေသော ဆရာမကုပင်လျှင် တစ်စုံတစ်ရာ ထူးဆန်းနေသကဲ့သို့ ကြည့်နေပေ၏။
ရှန်ယန်းယန်း၏ အပြောင်းအလဲမှာ ယုတ္တိမတန်လှချေ။ သူမက ချန်ဖုန်းအား ဘေးသို့ တိတ်တဆိတ် ဆွဲခေါ်သွားပြီး တီးတိုးမေးမြန်းလိုက်သည်။
"သူဌေး နင့်မှာ အိပ်ခန်းတွင်း စီမံခန့်ခွဲမှု နည်းလမ်းတွေများ ရှိနေတာလား ဘာလို့ ငါ့ကိုပါ အဲဒီလို မလုပ်ပေးရတာလဲ…"
"ငါလည်း ခွန်အားတွေ တိုးချင်တယ်လေ…နင်က မိန်းကလေးတစ်ယောက်နဲ့ အတူတူ ဟိုဒင်းဟိုဟာ လုပ်တိုင်း မိန်းကလေးဘက်က ပိုသန်မာလာတာပဲဆိုတော့ အကယ်၍ နင်သာ တစ်လအတွင်း ငါကို အကြိမ်သုံးဆယ်လောက်သာ အဲဒီလို လုပ်ပေးမယ်ဆိုရင်…"
"ဘုရားရေ ငါ ပင်မနတ်ဘုရားအဆင့်ကိုများ မကြာခင် ရောက်သွားတော့မလား…မဟုတ်သေးဘူး မဟုတ်သေးဘူး ဧကရာဇ်အဆင့်ကိုတောင် ရောက်သွားနိုင်တယ်…"
"မင်း ဘာတွေ လျှောက်ပြောနေတာလဲ…"
ချန်ဖုန်း၏ မျက်နှာမှာ မည်းမှောင်သွားတော့၏။
ဆရာမကု ဘာတွေ တွေးနေမှန်း သူ တကယ်ပင် နားမလည်နိုင်ချေ။ ပြီးတော့ အိပ်ခန်းတွင်း စီမံခန့်ခွဲမှု နည်းလမ်းဆိုတာက ဘာကြီးလဲ။
သို့သော် အကယ်၍ နောင်တစ်ချိန်ချိန်တွင်များ မိသွားခဲ့ပါက ဤအရာကို အသုံးပြုပြီး အမှန်တကယ်ပင် ဖုံးကွယ်ထားနိုင်ပေမည်။
“နောက်တာပါ…”
ဆရာမကု က နှုတ်ခမ်းကို တွန့်လိုက်သည်။ ထို့နောက် သူမက ဆက်လက်ပြောဆိုလိုက်၏။
"သူဌေး လတ်တလော အဇူရာနန်းတော်အတွက် လူသစ်တွေ စုဆောင်းနေပေမဲ့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့သူက သိပ်မရှိဘူး…"
"မဟာလင်းယုန်နိုင်ငံ ဘက်မှာ အကူအညီပေးဖို့ လူအနည်းငယ်လောက် ထပ်ပို့ရလိမ့်မယ်ထင်တယ်…"
"ငါတို့လူတွေနဲ့ ဒေသခံအဖွဲ့အစည်း တချို့ကြားမှာ ပဋိပက္ခတွေ ဖြစ်ခဲ့တယ် ပြီးတော့ နိုင်ငံခြားအဖွဲ့အစည်းဖြစ်တဲ့ ဝိညာဉ်အဖွဲ့အစည်း ကတောင် ပါဝင်ပတ်သက်လာတယ်…"
"ပထမနဲ့ ဒုတိယ ထျန်ကျီ အဖွဲ့အစည်းနဲ့ တီရှား အဖွဲ့အစည်း (မြေကမ္ဘာမိစ္ဆာများ) တို့ကလည်း အဲဒီမှာ မကြာခဏ ပေါ်လာတတ်တယ်…"
"ထားလိုက်ပါ ငါ ကိုယ်တိုင် မဟာလင်းယုန်နိုင်ငံ သွားမယ်…" ချန်ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။
ထျန်ကျီနှင့် တီရှား အဖွဲ့အစည်းများနှင့် သူ အခြေခံအားဖြင့် မည်သည့် ပတ်သက်မှုမျှ မရှိခဲ့ချေ။ သို့သော် ၎င်းအဖွဲ့အစည်းနှစ်ခု၏ ခေါင်းဆောင်များမှာ အတော်လေး အစွမ်းထက်သည်ဟု ဆိုကြသည်။ အထူးသဖြင့် ထျန်ကျီ အဖွဲ့အစည်း၏ အကြီးအကဲမှာ အလွန် အစွမ်းထက်ရုံသာမက နည်းလမ်းများစွာလည်း ရှိပေသည်။
‘သူတို့ကရော အဇူရာနန်းတော်နဲ့ ရန်သူတွေများလား မသိဘူး…’ဟု ချန်ဖုန်း တွေးလိုက်၏။
"မင်း ဟွာရှနိုင်ငံမှာပဲ နေခဲ့ ငါ ဆရာတော်တန်ကို ခေါ်ထားပြီးပြီ သူလည်း ကျိုတိုမှာပဲ နေလိမ့်မယ် မင်း ဖြေရှင်းလို့ မရတာရှိရင် သူ့ကို ဆက်သွယ်လို့ရတယ်…"
"နားလည်ပါပြီ…"
ဆရာမကုအနေဖြင့် သူမ သိပ်အများကြီး မကူညီပေးနိုင်မှန်း သိထားပေသည်။ အဲဒီကို လိုက်သွားလည်း ဘာမှ ထူးခြားလာမည် မဟုတ်ချေ။ ကျိုတိုတွင် ကျန်ရစ်ခဲ့ခြင်းက ရှန်ယန်းယန်းနှင့် အခြားသူများကို ကာကွယ်ပေးနိုင်မည် ဖြစ်၏။
နာရီဝက်ခန့် အကြာတွင်။
ဆရာတော်တန်နှင့် သူ၏ သမီးဖြစ်သူ တန်ယိုယိုတို့လည်း ကျိုတိုသို့ ရောက်ရှိလာကြပြီး ချန်ဖုန်းက သားအဖနှစ်ဦးအတွက် Great Wall အိမ်ခြံမြေကုမ္ပဏီရှိ သာမန် ဗီလာတစ်လုံးကို စီစဉ်ပေးလိုက်သည်။
ချန်ဖုန်းက မကြာမီ မဟာလင်းယုန်နိုင်ငံသို့ ထွက်ခွာတော့မည်ကို သူတို့ သိရှိသွားချိန်တွင် ဆရာတော်တန်၏ မျက်နှာအမူအရာမှာလည်း အလွန် တည်ကြည်လေးနက်သွားတော့၏။
ချန်ဖုန်း ထွက်သွားပြီးနောက် ကျိုတိုမြို့၏ ကောင်းကင်ယံက ယခုလို ဆက်လက် ငြိမ်သက်နေပါဦးမလား မသိချေ။