အခန်း ၃၉၈
Vol. 40 Ch. 398
အခန်း (၃၉၈) အဝတ်အစားများချွတ်ပြီး အပြင်သို့ ပစ်ထုတ်ခံရခြင်း
"မင်းတို့သာ သေချာပေါက် ပျက်စီးသွားမှာ…"
ချန်ဖုန်းက အေးစက်စွာ ပြောလိုက်၏။
"မင်းတို့ကိုယ် မင်းတို့ တကယ့် အထူးပုဂ္ဂိုလ်တွေလို့ ထင်နေတာလား မင်းတို့သာ ဒီမှာ မရှိရင် ဟွာရှနိုင်ငံက ပညာရှင်တွေကို ငါ ခေါ်လာလို့ မရဘူးများ မှတ်နေလားကွ…"
"ယန်ရီ သူတို့ကို ဒီကနေ ဆွဲထုတ်သွားလိုက်…"
မဟာလင်းယုန်နိုင်ငံက လူများ မည်သည့် စည်းကမ်းချက်များ တောင်းဆိုလာမည်ကို ချန်ဖုန်း အစက သိမြင်ချင်ခဲ့ခြင်း ဖြစ်ပေသည်။ တကယ်တော့ သူလည်း ခန့်မှန်းမိပြီးသား ဖြစ်၏။ အဲလစ်ဇဘက်က ရေနံကုမ္ပဏီကို အခြားသူတစ်ယောက်ဆီ လွှဲပြောင်းပေးလိုက်မည်ကို အဲလစ်ဇဘက်၏ ဦးလေးဖြစ်သူအနေဖြင့် သေချာပေါက် တွန့်ဆုတ်နေမည် ဖြစ်သည်။
ယခုအချိန်တွင် သူသည် ကုမ္ပဏီကို ပြန်လည်ရယူနိုင်ရန် နည်းလမ်းပေါင်းစုံဖြင့် ကြိုးစားနေသင့်ပေသည်။ ရစ်ချတ်နှင့် သူ၏ လူစုမှာ ပုပ်ပွနေသော ပန်းသီးတစ်လုံးမှလွဲ၍ အခြား မရှိချေ။
ကုမ္ပဏီတွင် သူတို့ ရှိနေခြင်းက အခြေအနေများကို ပို၍ ရှုပ်ထွေးစေရုံသာ ရှိမည်ဖြစ်၏။
"နေပါဦး နေပါဦး…"
လုံခြုံရေးဝန်ထမ်း အများအပြားက သူတို့ကို အပြင်သို့ ဆွဲထုတ်သွားရန် ပြင်လိုက်ကြသည်ကိုမြင်သောအခါ ရစ်ချတ်မှာ ချက်ချင်းပင် စိုးရိမ်တကြီး ဖြစ်သွားတော့၏။
"ခင်ဗျား ကျုပ်တို့ကို ကန်ထုတ်လို့ မရဘူး ကျုပ်တို့က ကုမ္ပဏီရဲ့ အကြီးတန်း အမှုဆောင်တွေလေ ပြီးတော့ ကျုပ်ကလည်း ကုမ္ပဏီနဲ့ စာချုပ်တွေ ချုပ်ဆိုထားတယ်…"
"ပြီးတော့ ဒီလူတွေက ကုမ္ပဏီရဲ့ အဓိက နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေပဲ…သူတို့သာ မရှိရင် ရေနံချက်လုပ်ဖို့ ခင်ဗျားမှာ ဘာနည်းပညာ ရှိလို့လဲ…"
"ဟုတ်တယ် ဟုတ်တယ် ငါတို့ရဲ့ နည်းပညာက မဟာလင်းယုန်နိုင်ငံ တစ်ခုလုံးမှာ အကောင်းဆုံးပဲ…"
"…"
ချန်ဖုန်းက ဖြည်းညှင်းစွာ လျှောက်သွားကာ ပြောလိုက်သည်။
"စာချုပ်အကြောင်း ငါ့ကို လာမပြောနဲ့ မင်းတို့ စာချုပ်ဖောက်ဖျက်တာ အကြိမ်ရေ မနည်းတော့ဘူး မဟုတ်လား ကုမ္ပဏီရဲ့ ဘဏ္ဍာရေး ရှင်းတမ်းတွေကို ယူလာပြီး တစ်ခုချင်းစီ စစ်ဆေးပြရမလား…"
"နည်းပညာအကြောင်းလည်း ငါ့ကို လာမပြောနဲ့ မင်းတို့ရဲ့ နည်းပညာက ငါ့မျက်စိထဲမှာ တန်ဖိုးမရှိဘူး…"
"ဒီအချိန်ကစပြီး မင်းတို့ အလုပ်ထုတ်ခံရပြီ…မင်းတို့က ရေနံကုမ္ပဏီရဲ့ ဝန်ထမ်းတွေ မဟုတ်တော့ဘူး…"
"ပြီးတော့ ဒီလအတွက် မင်းတို့ရဲ့ လစာဖြစ်ဖြစ် အပိုဆုကြေးဖြစ်ဖြစ် တစ်ပြားမှ ရဖို့ မမျှော်လင့်နဲ့…"
"အက်ဒွပ်ဆီ ပြန်သွားပြီး ရေနံကုမ္ပဏီကို ယူရဲတဲ့ သတ္တိရှိရင် လာယူလှည့်လို့ သွားပြောလိုက်…"
"မင်း…"
ရစ်ချတ်မှာ ဒေါသထွက်သွားရပေ၏။
"ဘာလဲ မင်းက လက်မခံနိုင်သေးဘူးလား…"
ချန်ဖုန်းက လျှောက်သွားလိုက်သည်။ ထို့နောက် သူက ရစ်ချတ်၏ မျက်နှာကို ဖြတ်ရိုက်လိုက်၏။
"ငါ့ကုမ္ပဏီမှာ လာပြီး ပြဿနာရှာနေတာ သေချင်နေတာလား…"
"မင်း မင်း ငါ့ကို ရိုက်တယ်ပေါ့…"
ရစ်ချတ်က သူ၏ မျက်နှာကို အုပ်ကိုင်လိုက်သည်။ သူ၏ မျက်နှာထက်တွင် မယုံနိုင်မှုများ ပြည့်နှက်နေတော့၏။
သူသည် ရေနံကုမ္ပဏီတွင် သူ၏ တစ်သက်လုံး အလုပ်လုပ်ခဲ့ပြီး အလွန် မြင့်မားသော ရာထူးနှင့် အဆင့်အတန်းကို ပိုင်ဆိုင်ထားပေသည်။ သူ့ကို ဤကဲ့သို့ မည်သူကမျှ မဆက်ဆံရဲခဲ့ဖူးချေ။
ဧကရီဘုရင်မ အဲလစ်ဇဘက်က ကုမ္ပဏီကို တာဝန်ယူထားချိန်ကပင် သူ့ကို အလွန် လေးစားမှုဖြင့် ဆက်ဆံခဲ့သည်။
ယခုတော့ ဤအသားဝါမျောက်က သူ့ကိုယ် တန်ဖိုးမထားရုံသာမကပဲ ပြန်လည် ဆန့်ကျင်နေသေး၏။
အခြားသော ဆယ်ဂဏန်းခန့်ရှိ လူများမှာလည်း လုံးဝကို တွေဝေငေးမောသွားကြသည်။ ဤသည်မှာ သူတို့ စိတ်ကူးထားခဲ့သည့် အရာ မဟုတ်ပေ။
သူဌေးအနေဖြင့် အလျှော့ပေးလိုက်လျောသင့်သည် မဟုတ်ပါလား။ သူတို့ကို ပြန်လာရန် တောင်းပန်သင့်သည် မဟုတ်ပါလား။
သူတို့ ဘာကြောင့် ဒီလောက် လွယ်လွယ်ကူကူ အလုပ်ထုတ်ခံလိုက်ရတာလဲ… သူတို့က လူတောင် ရိုက်လိုက်သေးတယ်လား။
"ငါ မင်းကို ရိုက်တော့ရော ဘာဖြစ်လဲ…"
ချန်ဖုန်းက သူ့ကို နောက်တစ်ကြိမ် ထပ်ရိုက်ရင်း ပြောလိုက်၏။
"ယန်ရီ သူတို့ရဲ့ ဝတ်စုံတွေကိုလည်း ကုမ္ပဏီကနေ ထုတ်ပေးထားတာပဲ ကုမ္ပဏီပိုင် ပစ္စည်းမှန်သမျှ ဒီမှာ ချန်ထားခဲ့ခိုင်း သူတို့ရဲ့ အဝတ်အစားတွေကို ချွတ်ပြီး အပြင်ကို ပစ်ထုတ်လိုက်စမ်း…"
"နားလည်ပါပြီ…"
ယန်ရီက အမိန့်ပေးလိုက်သောအခါ လုံခြုံရေးဝန်ထမ်း ဆယ်ဦးကျော်ခန့် အလျင်အမြန် ပြေးဝင်လာကြ၏။
သူတို့အားလုံးမှာ အဇူရာနန်းတော်မှ ဖြစ်ကြပြီး သူတို့၏ စွမ်းရည်မှာ အမှုဆောင်အရာရှိ ဆယ်ဦးကျော်ကို ကိုင်တွယ်ရန် လုံလောက်သည်ထက်ပင် ပိုနေပေသေးသည်။
"သူဌေး ကျွန်တော် ဘာမှ မလိုချင်တော့ပါဘူး ကျေးဇူးပြုပြီး ကျွန်တော့်ကို အလုပ်မထုတ်ပါနဲ့…"
"သူဌေး အဲဒါက ရစ်ချတ်ရဲ့ အကြံအစည်ပါ ကျွန်တော်တို့နဲ့ ဘာမှ မဆိုင်ပါဘူး ကျွန်တော်တို့ ဘာမှ မလိုချင်ပါဘူး လစာရဲ့ တစ်ဝက်ကိုပဲ ယူလို့ရပါတယ် ကျေးဇူးပြုပြီး ကျွန်တော်တို့ကို အလုပ်မထုတ်ပါနဲ့…"
"ငါ့အဝတ်အစားတွေကို မချွတ်ကြနဲ့ ငါက ကုမ္ပဏီဝန်ထမ်းပဲ ငါ မသွားဘူး…"
"ငါ မသွားဘူး ငါ မသွားဘူး…"
လူတစ်စုမှာ သရဲတစ္ဆေများကဲ့သို့ အော်ဟစ် ငိုကြွေးနေကြတော့၏။ သူတို့က အောင်ပွဲကို ရရှိနေပြီဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။
သူတို့ကို အစားထိုး၍ မရနိုင်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ချန်ဖုန်း၏ မျက်စိထဲတွင်တော့ မည်သူမျှ အစားထိုး၍ မရနိုင်စရာ မရှိချေ။
‘နည်းပညာအကြောင်း ပြောရအောင်…
မင်းတို့က မယုံနိုင်လောက်အောင် အစွမ်းထက်တယ်ဆိုရင်တောင် ငါ့ရဲ့ စနစ်ကနေတစ်ဆင့် ငါ ရနိုင်တဲ့ အရာထက် ပိုပြီး အစွမ်းထက်နိုင်ပါ့မလား…’ဟု ချန်ဖုန်း တွေးလိုက်၏။
ဒါတင်မကသေးပေ မဟာလင်းယုန်အင်ပါယာမှ လူများကိုလည်း ကုမ္ပဏီတွင် သူ မထားရှိလိုချေ။ အဘယ်ကြောင့်ဆိုသော် ဤလူများမှာ လုံးဝ သစ္စာရှိကြသူများ မဟုတ်သောကြောင့်ပင်။
ဤနေရာတွင် ဆက်နေခြင်းက အနှေးနှင့်အမြန် ပြဿနာများဆီသို့သာ ဦးတည်သွားစေလိမ့်မည်။
လူတစ်စုက မည်မျှပင် ရုန်းကန်နေပါစေ အားလုံးမှာ အချည်းနှီးသာ ဖြစ်၏။
တစ်မိနစ်ပင် မကြာလိုက်ချေ။ သူတို့၏ အဝတ်အစားများ ချွတ်ခံလိုက်ရပြီး အတွင်းခံများသာ ကျန်ရစ်တော့သည်။
အဇူရာနန်းတော် လုံခြုံရေးဝန်ထမ်းများက တစ်ယောက်ပြီးတစ်ယောက် ဆွဲထုတ်ကာ ဂိတ်ပေါက်အပြင်ဘက်သို့ ပစ်ထုတ်လိုက်ကြ၏။
ချန်ဖုန်းသည် ဤလူများကို မျက်စိတစ်မှိတ်အတွင်း လျင်မြန် ပြတ်သားစွာ ဖယ်ရှားလိုက်လေသည်။
ထို့နောက် အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်းကို ချန်ဖုန်း လှမ်းကြည့်လိုက်သည်။ ဤအကြီးတန်း အမှုဆောင်အရာရှိများနှင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းအချို့မှာ အသစ်ခေါ်ယူထားသူများ ဖြစ်ကြ၏။
မူလကတည်းက ကုမ္ပဏီတွင် လုပ်ကိုင်ခဲ့သော ဟွာရှလူမျိုး ဝန်ထမ်းများလည်း ရှိနေသေးသည်။ အဇူရာနန်းတော်မှ လွှတ်လိုက်သော လူအများစုမှာ လုံခြုံရေးအတွက်သာ တာဝန်ယူရခြင်း ဖြစ်ပေသည်။
ချန်ဖုန်းက ပြုံးရင်း ပြောလိုက်သည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့ ဟွာရှနိုင်ငံက ပညာရှင်တွေက တစ်ပတ်အတွင်း ရာထူးလာယူကြလိမ့်မယ် ဒါကြောင့် ကုမ္ပဏီရဲ့ လည်ပတ်မှုအပေါ် သက်ရောက်မှု ရှိမှာ မဟုတ်ဘူး…"
"ဒါ့အပြင် ခင်ဗျားတို့နဲ့ အငယ်တန်း ဝန်ထမ်းတွေထဲကနေ ရာထူးတချို့ကို ကျွန်တော် ရွေးချယ်ပေးမယ်…"
"ကျွန်တော်က လူတိုင်းကို ပြည်တွင်းရာထူးတိုးဖို့ အခွင့်အရေး ပေးမယ် အရည်အချင်းရှိတဲ့သူက ထိပ်ဆုံးကို ရောက်လာလိမ့်မယ်…”
ဤစကားကို ကြားလိုက်ချိန်တွင် လူတိုင်း စိတ်လှုပ်ရှားသွားကြတော့၏။
တက်ရောက်လာသူ အားလုံးမှာ မန်နေဂျာများ ဖြစ်ကြသော်လည်း။
သို့သော် စီမံခန့်ခွဲရေး ရာထူးများသည် အဆင့်အတန်း ကွာခြားကြပြီး အကယ်၍ တစ်ယောက်ယောက် ရာထူးတိုးခံရပါက သူတို့၏ လစာနှင့် ခံစားခွင့်များမှာလည်း သိသိသာသာ တိုးလာမည် ဖြစ်သည်။
သူတို့ ဘာကြောင့် အိမ်နဲ့ မိသားစုကို စွန့်ခွာလာခဲ့ကြတာလဲ ပိုက်ဆံ ပိုရှာချင်လို့ပဲလေ။
သူတို့ စိတ်လှုပ်ရှားနေကြချိန်တွင် ဘောင်းဘီတိုသာ ဝတ်ဆင်ထားသော ရစ်ချတ်မှာ ရေနံကုမ္ပဏီ၏ အဝင်ဝတွင် ကုပ်ကုပ်လေး ရှိနေပေသည်။ သူက အတော်လေး အသက်ကြီးနေပြီ ဖြစ်၏။ ဤကဲ့သို့ စော်ကားခံရလိမ့်မည်ဟု မည်သို့ ထင်မှတ်ထားခဲ့မည်နည်း။
အခြားသူများကလည်း သူ့ကို ဒေါသတကြီး စိုက်ကြည့်နေကြသည်။
"ရစ်ချတ် ဘာမှ ဖြစ်မှာမဟုတ်ဘူးလို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား အခု ကြည့်စမ်း ဘာဖြစ်သွားပြီလဲ ငါ အလုပ်ပြုတ်သွားပြီ…"
"မင်း ငါ့အလုပ်အတွက် တာဝန်ယူရမယ် မင်း ငါ့လစာအတွက် တာဝန်ယူရမယ်…"
"ဟုတ်တယ် အဲဒီ သူဌေးသစ်က ခြိမ်းခြောက်ချင်စရာကောင်းတဲ့ အငွေ့အသက် ရှိတယ် သူက တကယ် ကြောက်စရာကောင်းတယ် ငါတို့ သူ့ကို မဆန့်ကျင်ခဲ့သင့်ဘူး…"
"ရေနံကုမ္ပဏီက လစာ အတော်လေး ကောင်းတယ် အခု ငါ ဒီအလုပ်ကို လက်လွတ်လိုက်ရပြီဆိုတော့ ဒီလိုမျိုး အလုပ်တစ်ခု ထပ်ရှာဖို့ အရမ်း ခက်ခဲလိမ့်မယ်…"
"ငါ မင်းစကားကို နားမထောင်ခဲ့သင့်ဘူး…"
လူအုပ်ထံမှ ညည်းညူသံများကို ကြားလိုက်ရချိန်တွင်။
ရစ်ချတ်က အံကြိတ်ကာ ပြောလိုက်၏။
"ငါ့ကို အပြစ်မတင်ကြနဲ့ ငါသာ ဒါကို မလုပ်ခဲ့ရင်လည်း အဲဒီ သူဌေးက အနှေးနဲ့အမြန် ငါတို့ကို အလုပ်ထုတ်မှာပဲ…"
"ဘာပဲဖြစ်ဖြစ် သူက ဟွာရှလူမျိုးပဲလေ သူက ငါတို့ရဲ့ ဝန်ဆောင်မှုတွေကို အသုံးပြုမှာ မဟုတ်ဘူး…"
"ဒီမှာ လာပြီး ညည်းညူမနေနဲ့ ကိုယ့်အတွက်ကိုယ် အဝတ်အစားမြန်မြန် သွားရှာကြ ပြီးရင် ဒီကနေ ထွက်သွားကြစို့ မဟုတ်ရင် ဖြတ်သွားဖြတ်လာလူတွေက မင်းတို့ကို မျောက်တစ်ကောင်လို စိုက်ကြည့်နေကြလိမ့်မယ်…"
"ဟုတ်တယ် ဟုတ်တယ် အဝတ်အစား မြန်မြန်သွားရှာကြစို့…"