ကောက်ကျစ်စိတ်
Vol. 101 Ch. 1391
ခုနစ်သန်းလောကများထံသို့ ထွက်နိုင်ရန် ငါးကီလိုမီတာပင် မလိုတော့ပေ။ နိဗ္ဗာနကြိုခြင်ခြင်းအဆင့် တစ်ယောက်သည် ဤနေရာတွင် တည်နေရာရွှေ့ပြောင်းခြင်း မပြုနိုင်သော်လည်း ထိုမျှအကွာအဝေးသည် သူ့အတွက် ဖြတ်သန်းသွားဖို့ မျက်စိတစ်မှိတ်မျှသာ ကြာပေမည်။
သို့ပေမည့် အရှင်ကျိုးထျန်တွင် ထိုမျှလောက် အချိန်လေးပင် မရှိတော့ပေ။
သူ ထွက်ပြေးရန် ဟန်ပြင်ရုံ ရှိသေး ဝမ်လင်း၏လှောင်ပြောင်သံက သူ့စိတ်ထဲတွင် ပဲ့တင်ထပ်လာ၏။ သူက ဝမ်လင်း သူ့ရှေ့တွင် မည်သို့ ပေါ်လာသည်ကိုပင် မတွေးကြည့်နိုင် ဖြစ်သွား၏။ မိုးကြိုးနှင့် ပြည့်နှက်သော အေးစက်စက်မျက်လုံးတစ်စုံသည် အရှင်ကျိုးထျန်၏စိတ်ဝိညာဉ်ထဲ ထွင်းဖောက်လေ၏။
မိုးကြိုးသန်းချီက အရှင်ကျိုးထျန်၏ မျက်လုံးအတွင်း တရကြမ်း ဝင်ရောက်ကာ သူ့ခန္ဓာကိုယ်အတွင်း၌ ပေါက်ကွဲသွားသည့်အလား။ ထိုအဖြစ်က သူ့အတွင်း၌ အံ့မခန်းမုန်တိုင်းတစ်ခုကို ဖြစ်စေကာ သူ့ခန္ဓာကိုယ်အား ဆုတ်ဖြဲပိုင်းဖြတ်တော့သည်။
သူသည် သွေးများစွာ အန်ထုတ်လိုက်ရ၏။ သူ့မျက်လုံးသည် ဝေဝါးလာသည်။ထို့နောက် ကြောက်လန့်မှုကြောင့် ပြူးကျယ်လေသည်။
သူ့ဘဝတွင် ရင်ဆိုင်ခဲ့ဖူးသော အန္တရာယ်အားလုံးမှာ ယနေ့ သူ့ထံ ကျရောက်လာသည့် အန္တရာယ်နှင့် မယှဉ်သာပေ။ သူသည် အကူအညီခေါ်၍မရသော ဤဥမင်လမ်းကြောင်းအတွင်း၌လည်း ရောက်နေသေးသည်။
ထိုအခိုက်တွင် သူသည် အဆုံးမရှိနောင်တကို ခံစားရ၏။ သူသာ မိုးကြိုးသလင်းကျောင်းတော်၌ ထိုကဲ့သို့လူမျိုးကို မစော်ကားခဲ့ပါက အခုလိုမျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။သို့ပေမည့် နောင်တသည် နောင်မှ ရတတ်တာ မဟုတ်လား။
ဝမ်လင်း၏မန္တာန်သည် အရှင်ကျိုးထျန်ပေါ်သို့ ကျရောက်လာ၏။ ဝမ်လင်း၏အကြည့်ဖြင့်ပင် ကျိုးထျန်နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော မိုးကြိုးအားလုံးသည် ပျက်စီးသွားရပေပြီ။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေရင်း အရှင်ကျိုးထျန်၏ကိုယ်တွင်းရှိ မိုးကြိုးအားလုံးသည် သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းကာ ပေါက်ကွဲသွားသည်။ သူသည် အော်ပင်မအော်နိုင်ဘဲ သူ့ခန္ဓာကိုယ်မှာ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားတော့၏။ သူ့အသွေးအသားအစများသည်လည်း ပေါက်ကွဲကာ ပျံ့နှံ့သည်။
အရှင်ကျိုးထျန်၏မူလစိတ်ဝိညာဉ်သည် သူ့အမှတ်အသား ခြံရံလျက် တဟုန်ထိုး ထွက်ပြေး၏။ သူ့မူလစိတ်ဝိညာဉ်လည်း ဒဏ်ရာအပြင်းအထန်ရကာ ဝေဝါးနေပေပြီ။ အတင်းထိုးထွက်လာပြီးနောက် သူသည် မြန်ဆန်စွာ ထွက်ပြေးတော့သည်။
သို့ရာတွင် သူ မပြောနှင့် နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ရှိ ကျင့်ကြံသူများပင် ဝမ်လင်း ခွင့်မပြုပါက ထွက်ပြေးနိုင်စွမ်း ရှိမည် မဟုတ်ပေ။ ဝမ်လင်းက သူ့ညာလက်ကို လေဟာနယ်အတွင်းသို့ ဆန့်ထုတ်ရာ အရှင်ကျိုးထျန်ကို စုပ်အားတစ်ခု ဝန်းရံသွားပြီး သူ့အား အော်ဟစ်မိစေသည်။ သူသည် ချက်ခြင်းပင် ဝမ်လင်းလက်ထဲသို့ ကျရောက်သွားတော့၏။
ဝမ်လင်း၏ ဖမ်းစီးခြင်း ခံလိုက်ရပြီးနောက် အရှင်ကျိုးထျန်သည် သူအသက်ရှင်ရဖို့အတွက် စတင်တောင်းပန်တော့၏။
“အကြီးအကဲ…ငါ့ကို ခွင့်လွှတ်ပေးပါ။ ဂျူနီယာ သင့်ကို စော်ကားလိုစိတ် မရှိပါဘူး။ အကြီးအကဲ…ခွင့်လွှတ်ပေးပါ…” ထိုသို့ ပြောနေရင်း သူ့မျက်လုံးသည် ရုတ်တရက် ပြူးကျယ်သွား၏။ မယုံကြည်နိုင်မှု လှိုက်တက်လာသည်။ ခုလိုနီးကပ်လွန်းနေသဖြင့် ဥမင်လမ်းကြောင်းမှ အလင်းဓာတ်ကြောင့် ဝမ်လင်း၏ဝေဝါးနေသော ခန္ဓာကိုယ်ထဲ၌ ချိပ်ပိတ်ထားသော စိတ်ဝိညာဉ်တစ်ခုကို သူ တွေ့မြင်လိုက်ရပေသည်။
“သင်…သင်က ကလန်ဝင်…မဟုတ်…” သူ့စကားမဆုံးသေးခင်မှာပင် ဝမ်လင်းသည် သူ့ညာလက်ကို ညှစ်ချေလိုက်ပြီး အရှင်ကျိုးထျန်ကို ဖျက်စီးလိုက်တော့သည်။
သူ့မူလစိတ်ဝိညာဉ်ထဲမှ မိုးကြိုးအားတစ်ခု ထွက်ပေါ်လာပြီး ဝမ်လင်း၏စုပ်ယူခြင်း ခံလိုက်ရသည်။ သူ့ကလန်အမှတ်အသားသည်လည်း ဝမ်လင်း၏ သိမ်းဆည်းခြင်း ခံလိုက်ရပေပြီ။
အရှင်ကျိုးထျန်ကို ပုရွတ်ဆိတ်တစ်ကောင်ကဲ့သို့ သတ်ဖြတ်ပြီးနောက် ဝမ်လင်းသည် ရှေ့သို့ တဟုန်ထိုး ဆက်သွားကာ သူ့ရှေ့ရှိ အရံအတားများကို ချိုးဖျက်လာ၏။ သူက ဝင်ပေါက်သို့ တရကြမ်း ရှေ့ဆက်လာရင်း ပြန့်ကြဲမိုးကြိုးကလန်၊ ခုနစ်သန်းလောကများ၏ အရေးကြီးသောနေရာသို့ ဝင်ရောက်လာသည်။
ခုနစ်သန်းလောက စတင်ဖန်တီးခဲ့ကတည်းက ပြန့်ကြဲမိုးကြိုးကလန်၏ တတိယအဆင့်ဘိုးဘေးကို ဖန်တီးရာ၌ ကူညီပေးခဲ့သော ထူးခြားဆန်းကြယ်သော ကျင့်ကြံသူများမှ အမ အပြင်လူများ လုံးဝ ဝင်မလာဖူးခဲ့ပေ။
ဝမ်လင်းသည် ပထမဆုံး ဖြစ်ပေလိမ့်မည်။
ဤလောကမှာ ခုနစ်သန်းသော ကျင့်ကြံခြင်းဂြိုဟ်များ ပါဝင်သော ကျယ်ပြောသည့်ကြည်အဖွဲ့အစည်းတစ်ခု ဖြစ်၏။ ထိုကျင့်ကြံခြင်းဂြိုဟ်များသည် ကျပ်ကျပ်သပ်သပ် တည်ရှိနေကြသည် မဟုတ်ဘဲ အများစုမှာ ဂြိုဟ်တစ်ခုနှင့်တစ်ခု အတော်လေး လှမ်းဝေးကြပေသည်။
ထိုကြယ်အဖွဲ့အစည်းသည် ကြီးမားကာ အဆုံးသပ်မရှိလုသည့်နီးပါးပင်။ သို့သော် ဝမ်လင်း၏အမြင်တွင် ၎င်းက အတော်လေး အတုအယောင်နှင့် တူနေသည်။ ၎င်း၏တောင်ပမှုမှာ ဆင်ယင်ထုံးဖွဲ့မှုတစ်ခုသာ ဖြစ်၍ ၎င်း၏အရွယ်အစားမှာလည်း တစ်စုံတစ်ယောက်က ထွင်းထုထားပုံ ရသည်။
ကျင့်ကြံခြင်းဂြိုဟ်များကြားရှိ အကွာအဝေးသည်ပင် အတိအကျ တူနေပေ၏။
ထိုကျယ်ပြောသော ဒီကြယ်အဖွဲ့အစည်း၏ ဗဟိုတွင် ကုန်းမြေကြီးတစ်ခု ရှိလေသည်။ ယင်းကုန်းမြေထက်တွင် မိုးထိမြင့်အဆောက်အဦများနှင့် ရုပ်တုတစ်ခု ရှိသည်။
ထိုရုပ်တုမှာ အမျိုးသားတစ်ယောက်ဖြစ်ကာ မိုးကြိုးနှင့် ဖုံးအုပ်လေ၏။
ယင်းနေရာမှာ ခုနစ်သန်းလောကများ၏ ဗဟိုရင်ပြင် ဖြစ်သည်။ စမ်းသပ်မှုကို လက်ခံပြီးနောက် လူတိုင်းပေါ်လာရသော နေရာဆိုလည်း ဟုတ်သည်။
မိုးထိမြင့်အဆောက်အဦများ၏ အပြင်ဘက်တွင် ကျင့်ကြံသူများစွာ ရှိနေ၏။ အရေအတွက်မှာ တစ်သောင်းထက် မနည်းလောက်ပေ။ အများဆုံးမှာ စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအဆင့်တွင် ရှိနေကြပြီး အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူများလည်း များလှသည်သာ။ ယင်နှင့်ယန်အဆင့် ကျင့်ကြံသူအချို့လည်း ရှိလို့နေ၏။
နိဗ္ဗာနကြိုမြင်ခြင်းအဆင့်အထက်ရှိ ကျင့်ကြံသူများလည်း အတော်များများ ရှိနေ၏။ သူတို့ထဲမှ အများစုသည် အလျင်စလိုဟန် ဖြစ်နေကြသည်။
ထိုအဆောက်အဦကြီးတစ်ခုစီ၏ အပြင်ဘက်တွင် ကြီးမားသောတည်နေရာရွှေ့ပြောင်းခြင်းအစီအရင်တစ်ခု ရှိ၏။ ဝမ်လင်းသည် လမ်းကြောင်း ထွက်ပေါက်မှ ထွက်ပေါ်လာပြီးနောက် သူ့ဘေးပတ်လည်သို့ ချက်ခြင်း ကြည့်လိုက်သည်။ သူက ကြိုပြင်ဆင်ထားသော်လည်း တုန်လှုပ်မိသွားဆဲသာ။
သူ့အမူအရာသည် တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်ကို စောင့်ကြပ်နေသော အစောင့်များ၏ အာရုံကို စွဲဆောင်တာမျိုး မဖြစ်ပေါ်ပေ။ သည်နေရာသို့ ပထမဆုံး ရောက်လာကြသော ကလန်ဝင်တိုင်းမှာ ထိုကဲ့သို့ တုန်လှုပ်မိကုန်ကြသည် မဟုတ်လား။
“တော်လောက်ပြီ။ တည်နေရာရွှေ့ပြောင်းခြင်းအစီအရင်အထဲ ကြည့်မနေတော့နဲ့။ မင်း ပြန်ထွက်လာတဲ့အထိ စောင့်ပြီးမှ မင်း ကြည့်ချင်သလောက် ကြည့်ဖို့ အချိန်ရတယ်။ မင်း ဒီကို ရောက်လာတာ ခုက ပထမဆုံးအကြိမ် ဖြစ်မယ်။ ငါ့ကို မင်းကျောက်စိမ်းပြား ပေးပါ…”
စိတ်မရှည်သော အသံတစ်ခုသည် ဝမ်လင်း၏ အတွေးမျှင်ကို နှောက်ယှက်လာ၏။ ၎င်းမှ အစီအရင်ဘေးတွင် ထိုင်နေသော အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူတစ်ယောက်ထံမှ ထွက်ပေါ်လာသောအသံပင်။
ဝမ်လင်းက ယုဖေ၏ကလန်ကျောက်စိမ်းပြားကို ထုတ်ယူကာ ပစ်ပေးလိုက်သည်။ ထိုကျင့်ကြံသူက ယင်းကျောက်စိမ်းပြားကို စစ်ဆေးကြည့်လိုက်ပြီးနောက် ဝမ်လင်းကို ပြန်ပေးလိုက်၏။ ထို့နောက် ယင်းအစောင့်ကျင့်ကြံသူသည် သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ တစ္ဆေအလင်းတစ်ခု ဝမ်လင်းရှိ ပျံသန်းဝင်လာသည်။
“ဒါတွေကို ယူပြီး တစ်ဖက်မှာသွားပြီး မင်းဟာမင်း လေ့လာပါ…”
ထိုတစ္ဆေအလင်းထဲ၌ ပစ္စည်းသုံးခု ပါဝင်နေသည်။ ယင်းတို့မှာ ကျောက်စိမ်းပြားတစ်ခု၊ တုန်ကင်တစ်ခုနှင့် မိုးကြိုးတန်းတစ်ခုတို့ ဖြစ်သည်။
ဝမ်လင်းသည် ထိုတစ္ဆေအလင်းတန်းကို ယူဆောင်လိုက်၏။ တစ်ချိန်တည်းမှာ သူ့အမူအရာသည် တည်ငြိမ်နေသည်။ သည်နေရာမှာ အလွန်အလုပ်ရှုပ်နေသည်။ ထို့ကြောင့် သူ့ကို မည်သူကမျှ အရေးမစိုက်ပေ။ သူသည် ဘေးတစ်ဖက်သို့ လျှောက်လှမ်းလာကာ ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုကျောက်စိမ်းပြားသည် ခုနစ်သန်းလောကနှင့် ပတ်သတ်၍ သူ အနည်းငယ် စိတ်ဝင်စားစေမည့် အချက်အလက်များကို ဖော်ပြထားသော ကျောက်စိမ်းပြားပင်။ ထို့အပြင် ၎င်းကျောက်စိမ်းပြားထဲ၌ တခြားအရာနှစ်ခုကိုလည်း မိတ်ဆက်သဘော ပြောထားသေးသည်။
ခုနစ်သန်းလောကသို့ ဝင်ရောက်နိုင်မည့် သော့ချက်မှာ ဤတုန်ကင် ဖြစ်၏။ သူ့လက်ထဲတွင် ထိုတုန်ကင် ရှိမှသာ သူသည် ဝင်ရောက်နိုင်ပေမည်။ မိုးကြိုးတန်းကမူ ဝမ်လင်း၏အာရုံကို ဖမ်းစားနိုင်ပေသည်။
ထိုမိုးကြိုးသည် ဤနေရာတွင် ရှိနေဟန် ရသော်လည်း သူက ၎င်းကို သူ့လက်ဖြင့် မထိနိုင်ပေ။ ယင်းမိုးကြိုးမှ အစီအရင်တစ်ခု ဖြစ်ပေါ်ဟန် တူ၏။ သူ့နတ်ဘုရားအာရုံဖြင့် ခြုံလွှမ်းကြည့်မှ ဝမ်လင်းသည် ၎င်းမိုးကြိုးမှာ မထင်မှတ်စွာဖြင့် ပေတစ်သိန်းကျယ်ပြောသော မိုးကြိုးကလန်၏ စွမ်းအားတစ်ခု ပါဝင်နေသည်ကို တွေ့ရှိလိုက်ရသည်။
ဝမ်လင်းကို ပို၍ တုန်လှုပ်မိသွားစေသည်မှာ ထိုမိုးကြိုးတန်းမှ ထွက်ပေါ်နေသော ဖော်ပြရန်မဖြစ်နိုင်သည့် စိတ်ဆန္ဒပင်။ ထိုစိတ်ဆန္ဒထဲ၌ ဘဝတပ်မက်မှုအရိပ်အမြွက် ပါဝင်နေ၏။ သူသည် မိုးကြိုးကို ဆုပ်ကိုင်ထားသည် မဟုတ်ဘဲ အစစ်အမှန်သက်ရှိကို ဆုပ်ကိုင်ထားသည့်အလား။
ထိုအဖြစ်က ဝမ်လင်းကို အသက်ဝဝရှိုက်သွင်းမိစေ၏။
“ဒါက စိတ်ဝိညာဉ်မိုးကြိုး အရိပ်အယောင်ပဲ။ ဒီကျောက်စိမ်းပြားဟာ အသစ်ဝင်ရောက်လာတဲ့ သူတိုင်းကို ပြန့်ကြဲမိုးကြိုးကလန်က ပေးတဲ့ဟာပဲ...”
ဤကျောက်စိမ်းပြားထဲရှိ မိုးကြိုးထဲတွင် စိတ်ဝိညာဉ်မိုးကြိုး အရိပ်အမြွက် ပါဝင်နေသည်။ သို့သော် ၎င်းက မပြည့်စုံပေ။ ထိုစိတ်ဝိညာဉ်မိုးကြိုးကို ပြီးပြည့်စုံစေဖို့က အမျှင်တန်းတစ်ထောင်ထိ ရအောင် လုပ်ရပေမည်။ ယင်းအခြင်းအရာသည် လူအများ ချိပ်ပိတ်ထားသော စည်းမျဉ်းကို အလွဲသုံးစွာ လုပ်မည်ကို ကာကွယ်ထားခြင်းပင်။
ကလန်ရှိ လူများသည် ထိုမိုးကြိုးကို ရရှိရန် သူတို့၏ဘဝ၌ တစ်ကြိမ်သာ အခွင့်ရေး ရမည် ဖြစ်၏။ ထိုတစ်ကြိမ် ပြီးသွားသည်နှင့် သူတို့သည် ကလန်ကနေ ယင်းစိတ်ဝိညာဉ်မိုးကြိုး အရိပ်အမြွက်ကို ထပ်မံ ရတော့မည် မဟုတ်ပေ။ သူတို့သည် အခြားလူများထံမှ လုယူခြင်း သို့တည်းမဟုတ် လျှို့ဝှက်ရောင်းဝယ်မှုပြုခြင်းကနေသာ ရနိုင်တော့မည် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဒီနေရာသို့ အသစ်ရောက်လာသူများထံမှ စိတ်ဝိညာဉ်မိုးကြိုးအမျှင်တန်းကို လုယူရန် စိတ်ကူးသည့်သူများက ရှိနေဆဲသာ။
ဤအခိုက်အတန့်၌ ကျင့်ကြံသူသုံးယောက်သည် ထိုမိုးကြိုးအမျှင်တန်းပေါ်တွင်သာ အကြည့်ရောက်နေ၏။
ဝမ်လင်းက ထိုမိုးကြိုးအမျှင်တန်းကို လေ့လာနေရင်း အဝေးမှ သက်လတ်ပိုင်းလူတစ်ယောက်သည် လှမ်းလာ၏။ ထိုသူသည် ပြုံးနေသည်။ သူက အာဏာတက်ခြင်းအလယ်အဆင့်တွင် ရှိသည့်ပုံပင်။ “ရောင်းရင်းကျင့်ကြံသူ...ငါက ကျန်းကျင်ယွမ်ပါ။ ရောင်းရင်အနေဲ့ ဒီခုနစ်သန်းလောကတွေရှိ ရောက်လာတာ ပထမဆုံး ဖြစ်မယ် ထင်တယ်…”
ဝမ်လင်းသည် မော့ကြည့်လိုက်၏။ သူ့လက်ကို ပွတ်သတ်လိုက်ရာ စိတ်ဝိညာဉ်မိုးကြိုးသည် ပျောက်ကွယ်သွားတော့သည်။ သူက သူ့ရှေ့ရှိ ကျင့်ကြံသူကို ကြည့်ကာ ခေါင်းညိတ်လိုက်သည်။
“လူတိုင်းဟာ ကလန်တူတူပါပဲ။ ဒီတစ်ခေါက်က ငါ့အနေနဲ့ ဒီခုနစ်သန်းလောကကို ရောက်လာတာ ဒုတိယအကြိမ်ပါ။ ဒါ့ကြောင့် ငါက ဒီနေရာနဲ့ နည်းနည်းပိုရင်းနှီးတယ်။ ငါတို့ အုပ်စုဖွဲ့ကြမလား။ ငါ သင့်ကို လူအချို့နဲ့ မိတ်ဆက်ပေးမယ်လေ။ အုပ်စုတစ်စုအနေနဲ့ လှုပ်ရှားတာဟာ ပိုပြီး အဆင်ပြေချေမွတ်တယ်မလား။ ရောင်းရင်းကျင့်ကြံသူရော ဘယ်လိုထင်လဲ…” သက်လတ်ပိုင်းလူ၏အမူအရာက ညင်သာဟန်ပေါက်နေသည်။
သို့ပေမည့် သူ့အမူအရာမှာ ဝမ်လင်း၏မျက်စိထဲတွင် ပစ်ချက်၊အားနည်းချက်များ ရှိနေပေ၏။ တကယ်တော့ ဝမ်လင်းသည် နှစ်ပေါင်းနှစ်ထောင် ရှင်သန်ခဲ့ပြီးသော မွန်းစတားအိုကြီး မဟုတ်လား။
ဝမ်လင်းသည် ပြုံးလိုက်၏။ သူက ထိုသက်လတ်ပိုင်းလူကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်လိုက်၏။ သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “ဒီလိုဆိုမှတော့ ငါ့အနေနဲ့ ရောင်းရင်းကျင့်ကြံသူကို ကျေးဇူးတင်ရတော့မှာပေါ့…”
ထိုသက်လတ်ပိုင်းလူသည် ဝမ်လင်းကို သူ့ကို ကြည့်လာချိန်၌ ရုတ်တရက် သတိအနေထား ဖြစ်သွား၏။ သူက သူ့လျှို့ဝှက်ချက်များ ထွင်းဖောက်ကြည့်ခြင်း ခံရသလို ခံစားမိလိုက်၏။ သို့ပေမည့် သူက ဝမ်လင်းကို သေချာကြည့််သည့်အခါ ဘာတစ်ခုမှ သတိမပြုမိပေ။ သူသည် ပြုံးလိုက်၏။ “ပြဿနာမရှိပါဘူး။ ငါတို့က ကလန်သားအချင်းချင်းပဲ။ ဒါ့ကြောင့် ငါတို့ တစ်ယောက်နဲ့တစ်ယောက် ထောက်ပံ့သင့်တယ်မလား။ ရောင်းရင်းကျင့်ကြံသူရဲ့ နာမည်က…”
ဝမ်လင်းက ပြုံး၍ ပြန်ဖြေသည်။ “ယုဖေ…”
“ယုဖေ…ဒီနာမည်ကို နည်းနည်း သိနေသလိုပဲ…” သက်လတ်ပိုင်းလူက အနည်းငယ်စဉ်းစားသွား၏။ ထို့နောက် သူက ရယ်မောကာ ပြောဆိုလိုက်သည်။ “အော်…ရောင်းရင်းက ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်ထဲ လတ်တလောလေးက ဝင်ရောက်ခဲ့တဲ့ ယုဖေကို…”
ထိုသက်လတ်ပိုင်းလူသည် စကားအနည်းငယ် ထပ်ပြော၏။ “ရောင်းရင်းကျင့်ကြံသူယု…ဒီနားက စကားပြောလို့ သိပ်မကောင်းဘူး။ ခုနစ်သန်းလောကတွေရှိ ဦးတည်တဲ့ အစီအရင်ဟာ ဖွင့်လှစ်တော့မှာ။ ငါတို့ ဟိုနားကို သွားကြမလား…”
ဝမ်လင်းက သဘောတူလိုက်သည့်နောက် ထိုလူသည် ဝမ်လင်းကို လမ်းပြကာ လူအုပ်ကြားမှ ဖြတ်လာ၏။ အခြားကျင့်ကြံသူတစ်ယောက်က ဤအဖြစ်ကို တွေ့မြင်သည့်အခါ သူ့ခေါင်းကို ကြိတ်၍ ခါယမ်းလိုက်တော့သည်။
“နောက်တစ်ယောက်တော့ ထပ်ကံဆိုးတော့မယ်။ ဒီကျန်းကျင်ယွမ် ခေါ်သွားတဲ့ လူတိုင်းဟာ သူတို့ရဲ့ စိတ်ဝိညာဉ်မိုးကြိုးကို ဆုံးရှုံးရတဲ့အပြင် သူတို့ရဲ့အသက်ကိုပါ အပေါင်ထားထားရတာ…”
ကျန်းကျင်ယွမ်သည် ဤဗဟိုချက်ရင်ပြင်နှင့် အတော်လေး ကျွမ်းဝင်သိမှာ သိသာသည်။ ထို့ကြောင့် သူနှင့်ဝမ်လင်းတို့သည် အစီအရင်ကြီးတစ်ခုနား ရောက်လာဖို့ အချိန်သိပ်မကြာလိုက်ပေ။ သည်နေရာတွင် ကျင့်ကြံသူရာချီ ရှိနေ၏။ သူတို့အားလုံးကို ကိုယ်ပိုင်အုပ်စုများ ဖွဲ့ထားကြသည်။ ကျင့်ကြံသူဆယ်ယောက်ကျော်ပါဝင်သော အုပ်စုတစ်စုလည်း ရှိ၏။ ထိုထဲမှ ခြောက်ယောက်သည် ဝမ်လင်းကဲ့သို့ လူသစ်များ ဖြစ်ကြသည်။ ကျန်သည့်လေးယောက်ကမူ ပိုမြင့်မားသော ကျင့်ကြံမှုအဆင့်များတွင် ရှိနေကြ၏။
ကျန်းကျင်ယွမ်သည် လျှောက်လှမ်းလာရင်း ပြုံး၍ ဆိုသည်။ “လူတိုင်းပဲ။ ငါ နောက်တစ်ယောက် ထပ်ခေါ်လာခဲ့တယ်။ လူတိုင်းက ယုဖေဆိုတဲ့ သူ့နာမည်ကို ကြားဖူးထားပြီးသား ဖြစ်မယ်လို့ ငါ ယုံကြည်တယ်…”
***