အခန်း (၄၅၇-၄၅၈)
Vol. 46 Ch. 457-458
အခန်း ၄၅၇။ ဒါက လက်ဆောင် ပေးတာလား ဒါက ထောင်ထမင်း လာပို့တာပဲ
ရွှီယန်က ထိုကျားကြောင် ကို ရှာတွေ့သွားလေသည်။
၎င်းမှာ တောင်အမေရိက အပူပိုင်း မိုးသစ်တော၏ အရှားပါးဆုံးသော ကြောင်မျိုးနွယ်ဝင် တိရစ္ဆာန် ဖြစ်လေသည်။
၎င်းတို့က ကြောင်မျက်နှာ ပုံစံမျိုး ရှိသော်ငြားလည်း ကျားကြောင် ဟူသော အမည်ကို ရရှိထားသည်မှာ သဘာဝကျကျပင် ရိုးရှင်းလှသည် မဟုတ်ချေ။
ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံက ပြီးပြည့်စုံပြီး အမဲလိုက် ကျွမ်းကျင်မှုကလည်း အလွန် မြင့်မားလှပေသည်။
အဆင့်မြှင့်တင်ထားသော ကြောင်စင်းကျား အကြီးစားကြီး တစ်ကောင်ဟုပင် ပြောဆိုနိုင်လေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ကျားကြောင်က မြေပြင်ပေါ်၌ ဘေးတစောင်း လဲလျောင်းနေပြီး လျှာလေးထွက်ကာ မောဟိုက်နေပြီး သွားရည်များပင် အနည်းငယ် ကျဆင်းနေလေသည်။
ကြည့်ရသည်မှာ အသက်မမီနိုင်တော့မည့် ပုံပေါ်နေလေသည်။
အပူပိုင်း မိုးသစ်တော ဟူသော နေရာက အန္တရာယ်များ အလွန် များပြားလှပေသည်။
မည်သည့်အရာ၏ အကိုက်ခံလိုက်ရသနည်း ဆိုသည်ကိုပင် မသိနိုင်ဘဲ သေချာပေါက် သေဆုံးရတော့မည့် အခြေအနေ ဖြစ်လေသည်။
အဆိပ်ပြင်း ပင့်ကူကို အမဲလိုက်သော မြွေဆိုးများပင်လျှင် အဆိပ်ပြင်း ပင့်ကူ၏ အဆိပ်ရည် ထိုးသွင်းခံရပြီး အရည်ပျော်သွားကာ မြွေရေခွံ တစ်ခုသာ ကျန်ရှိသည်အထိ စုပ်ယူ စားသောက်ခံရတတ်လေသည်။
ဤနေရာရှိ သတ္တဝါများ အားလုံးက ရိုးရှင်းကြသည် မဟုတ်ချေ။
ရွှီယန်က ကုသပေးသည့် လုပ်ငန်းစဉ်ကို တိုက်ရိုက်ထုတ်လွှင့်မှု မပြုလုပ်ခဲ့ချေ။
မည်သို့ပင်ဖြစ်စေ အဆိပ်ဖြေဆေး ဆိုသည်မှာ သာမန် ပစ္စည်းမျိုး မဟုတ်ရာ ရှင်းပြရန် ခက်ခဲသောကြောင့် ပင်ဖြစ်သည်။
ထို့ကြောင့် ကယ်ဆယ်သည့် လုပ်ငန်းစဉ်ကို ဒရုန်းကင်မရာမှ ရိုက်ကူးထားခြင်း မရှိခဲ့ချေ။
ရွှီယန်က ဆေးထိုးအပ်ကို ထုတ်ယူလိုက်ပြီး အဆိပ်ဖြေဆေးကို အပြည့် စုပ်ယူလိုက်ကာ ကြောင်လေး၏ သွေးကြောကို သေချာရှာဖွေပြီးနောက် အဆိပ်ဖြေဆေးကို ထိုးသွင်းပေးလိုက်လေသည်။
ဤအချိန်တွင် ကျားကြောင်က သေလုမျောပါး အခြေအနေသို့ ရောက်ရှိနေခဲ့ပြီ ဖြစ်လေသည်။
၎င်းက မူးဝေနေပြီး တစ်ကိုယ်လုံး အလွန် လေးလံနေကာ နှလုံးခုန်နှုန်းများကလည်း ပိုမို မြန်ဆန်လာကြောင်းကိုသာ ခံစားနေရလေသည်။
ဝေဝါးနေသော အမြင်အာရုံထဲတွင် ထူးဆန်းသော ခြေနှစ်ချောင်း သတ္တဝါ တစ်ကောင်က နွယ်ပင်များနှင့် မြက်ပင်ရှည်များကို နင်းဖြတ်ကာ ၎င်း၏ အရှေ့သို့ ရောက်ရှိလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ထို့နောက် အေးမြသော အရည်များက ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခဲ့လေသည်။
ကျားကြောင်က အနည်းငယ် မူးဝေနေဆဲ ပင်ဖြစ်သည်။
သို့သော် အေးမြသော အရည်များက သွေးကြောထဲသို့ ဝင်ရောက်သွားသည်နှင့် အမျှ အချိန်သိပ်မကြာခင်မှာပင် ခွန်အားများ ပြန်လည် ပြည့်ဝလာခဲ့လေသည်။
ကျားကြောင်က ယိုင်တိယိုင်တိုင်ဖြင့် မတ်တတ်ရပ်လာခဲ့လေသည်။
ရွှီယန်က ၎င်းကို သေချာစွာ အကဲခတ် ကြည့်ရှုနေလိုက်လေသည်။
ဤကျားကြောင်က တကယ်ကို ချစ်စရာ ကောင်းလှပေသည်။
ရုပ်ရည်က သစ်ကြောင်နှင့် အနည်းငယ် ဆင်တူသော်ငြားလည်း ခန္ဓာကိုယ် အရွယ်အစားက ပိုမို ကြီးမားလေသည်။
ခန္ဓာကိုယ်က အထူးပင် ကျစ်လျစ် သန်စွမ်းပြီး နောက်ခြေထောက်များရှိ ကြွက်သားများက အလွန် ကြီးမားလှပေသည်။
ထို့အပြင် အမွေးအမျှင်များက အထူးပင် နူးညံ့သိမ်မွေ့ပြီး အမွေးများက များပြားကာ ထူထပ်လှပေသည်။
ပွတ်သပ်ကြည့်လိုက်ပါက အထူးပင် ချောမွေ့နေလေသည်။
ရွှီယန်က ကျားကြောင်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် ၎င်းကို ပွေ့ချီလိုက်လေသည်။
ထို့နောက် ရွှီယန်က ဒရုန်းကင်မရာကို သူ့ထံသို့ ပြန်လည် လှည့်၍ ရိုက်ကူးစေလိုက်လေသည်။
[လောင်ရွှီ ရင်ခွင်ထဲမှာ ကြောင်တစ်ကောင် ဘယ်လိုလုပ် ပိုလာတာလဲ ဘယ်ကနေ ထွက်လာတာလဲ]
[အရမ်း ချစ်စရာကောင်းတဲ့ ကြောင်လေးပဲ]
[ဒါ သစ်ကြောင် လား ငါ့အိမ်က သစ်ကြောင် နဲ့ အရမ်း တူတာပဲ ဒါပေမဲ့ မင်းရဲ့ အကောင်က ဘယ်လိုလုပ် ဒီလောက် ကြီးနေရတာလဲ]
[လခွမ်း မျက်လှည့် ပြနေတာလား]
အင်တာနက်သုံးစွဲသူများက ကျားကြောင်ကို မြင်သောအခါ ချက်ချင်းပင် အထူး အံ့ဩသွားကြလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် ကြောင်ကို ပွေ့ချီထားလိုက်ပြီ ဖြစ်ရာ ဘယ်ကနေ ရောက်လာသနည်း ဟု အားလုံး တွေးတော နေမိကြလေသည်။
"စောစောက သစ်ပင် ဘေးမှာ တွေ့လိုက်တာ... ချစ်စရာ ကောင်းတယ်လို့ ခံစားရလို့ ပွေ့ချီ လာခဲ့တာ"
"ဒါက ကျားကြောင် ဖြစ်လောက်တယ်... တောင်အမေရိက အပူပိုင်း မိုးသစ်တော ရဲ့ အလွန် ရှားပါးတဲ့ ကြောင် မျိုးစိတ် ဖြစ်ပြီး အဆင့်မြင့် ကာကွယ် စောင့်ရှောက်မှု ခံရတဲ့ တောရိုင်း တိရစ္ဆာန် တွေထဲက တစ်ကောင် လည်း ဖြစ်တယ်"
"ဒီလို ကြောင်မျိုး က အခုဆို မြင်တွေ့ရဖို့ အရမ်း ခဲယဉ်း နေပါပြီ"
ရွှီယန်က အားလုံးကို ရှင်းပြလိုက်လေသည်။
စကားပြောနေစဉ်မှာပင် ကျားကြောင်က ဖြည်းညင်းစွာ သတိအပြည့်အဝ ပြန်လည်လာခဲ့လေသည်။
၎င်းက ရွှီယန်၏ ရင်ခွင်ထဲမှ ရုတ်တရက် ခုန်ထွက်သွားပြီး မြေပြင်ပေါ်သို့ သွက်လက်စွာ ခုန်ချလိုက်ကာ မြက်ခင်းတောထဲတွင် မှောက်လျက် ပျို့အန် နေတော့သည်။
အချဉ်ရည်များ အန်ထုတ်ပြီးသော အခါမှသာ ကျားကြောင် လည်း တဖြည်းဖြည်း သက်သာလာခဲ့လေသည်။
ဤအချိန်တွင် တာဝန် ပြီးမြောက်ကြောင်း စနစ်၏ သတိပေးချက် ထွက်ပေါ်လာခဲ့ပြီး ရွှီယန် လည်း ကျားကြောင်၏ နှစ်သက်မှုကို ရရှိသွားခဲ့လေပြီ။
ထို့ကြောင့် ရွှီယန်က ကျားကြောင် အပေါ် မည်သည့် သတိထား စောင့်ကြည့်မှုမျှ မရှိတော့ချေ။
"သူ နေမကောင်း ဖြစ်နေသလို ခံစားရတယ်... ကြည့်ရတာ တော်တော်လေး နေရခက် နေပုံပဲ"
"တောရိုင်း တိရစ္ဆာန် တွေ ဖျားနာတာ က အရမ်း အန္တရာယ် များတယ်... သေဆုံးနှုန်း အရမ်း မြင့်မားတယ်"
ရွှီယန်က ထပ်မံ၍ စကားဆိုလိုက်လေသည်။
ဤအချိန်တွင် ကျားကြောင်က ရွှီယန်၏ အနားသို့ ရောက်ရှိလာပြီး ရွှီယန်ကို ကြည့်ရှုကာ ၎င်း၏ မျက်လုံးအကြည့်များထဲတွင် စူးစမ်းချင်စိတ်များ ပါဝင်နေလေသည်။
ဤအကောင်က အမွေးအရာင် စုံလင်ပြီး ကြောင်လေးများ၏ သွက်လက်မှု ပါဝင်သလို ကျား၏ ခန့်ညား ဩဇာရှိမှု လည်း ပါဝင်နေလေသည်။
ရုပ်ရည်က အတော်လေး ဆွဲဆောင်မှု ရှိလှပေသည်။
ရွှီယန်က ၎င်းကို ထပ်မံ၍ ပွေ့ချီလိုက်ပြန်လေသည်။
"အပူပိုင်း မိုးသစ်တော ထဲ ဝင်လာတာ တောင် ဒီလို ချစ်စရာ ကောင်းတဲ့ ကြောင်မျိုး နဲ့ ဆုံတွေ့ ရလိမ့်မယ် လို့ ထင်မှတ် မထားခဲ့ဘူး"
"ကြောင်လေး တွေက တကယ်ကို ချစ်စရာ ကောင်းတာပဲ"
"အကြီး ဖြစ်ဖြစ် အသေး ဖြစ်ဖြစ် ပေါ့"
ရွှီယန်က ကျားကြောင်၏ ခေါင်းကို ပွတ်သပ်လိုက်လေသည်။
ပွတ်သပ်ရသော အထိအတွေ့က အလွန် ကောင်းမွန်လှပေသည်။
နူးညံ့ပြီး ချောမွေ့ နေလေသည်။
အမွေးအမျှင်များက တောက်ပ နေလေသည်။
ကျားကြောင် ကလည်း ငြိမ်သက်စွာ ပွတ်သပ်ခံနေပြီး အနည်းငယ်မျှပင် ပြန်လည် မရုန်းကန်ချေ။
အင်တာနက်သုံးစွဲသူများက ပို၍ပင် ထူးဆန်းသည်ဟု ခံစားလာကြရလေသည်။
[ကျားကြောင်]
[မျိုးစိတ် အသစ် လား]
[လခွမ်း ဒါ တောရိုင်း တိရစ္ဆာန် လား]
[သစ်ကြောင် နဲ့ မတူဘူး လို့ ထင်ရတယ်]
ဤအချိန် ဤအခိုက်အတန့်တွင် ကျားကြောင်က ရွှီယန်၏ ရင်ခွင်ထဲ၌ အေးအေးလူလူ အနားယူ နေလေသည်။
ဤအကောင်၏ အရွယ်အစားက သာမန် ကြောင်များထက် အများကြီး ပိုမို ကြီးမားလှပေသည်။
ပွေ့ချီထားရသည်မှာ အလေးချိန် စီးနေသည်ဟု ခံစားရလေသည်။
ကံကောင်းစွာဖြင့် ရွှီယန်က ခွန်အား ကြီးမားသဖြင့် သာဖြစ်သည်။
အချိန်အတန်ကြာ ပွေ့ချီထားပြီးနောက် ရွှီယန်က အချိန်တော်လောက်ပြီဟု ခံစားရသဖြင့် ကျားကြောင်ကို အောက်သို့ ချပေးလိုက်လေသည်။
ဤအချိန် ဤအခိုက်အတန့်တွင် ကျားကြောင်မှာ အဆိပ် လုံးဝ ပြေပျောက်သွားခဲ့ပြီ ဖြစ်လေသည်။
၎င်းက မြေပြင်ပေါ်တွင် ရပ်လျက် ပျင်းရိပျင်းတွဲဖြင့် အကြောဆန့် လိုက်လေသည်။
ထို့နောက် ပတ်ဝန်းကျင်ကို သတိဝီရိယ ရှိစွာဖြင့် ပြန်လည် ကြည့်ရှု လိုက်လေသည်။
ရွှီယန်က ၎င်း၏ လှုပ်ရှားမှုများကို သဘောတကျ ကြည့်ရှုနေစဉ် ရုတ်တရက် ကျားကြောင်က တစ်ခုခုကို သတိထားမိသွားပုံ ရလေသည်။
၎င်းက လှုပ်ရှားမှုကို ရပ်တန့်လိုက်ပြီး ခေါင်းမော့ကာ သတိကြီးစွာဖြင့် စောင့်ကြည့်နေလေသည်။
နောက်တစ်စက္ကန့်တွင် ၎င်းက တိုက်ရိုက်ပင် အရှေ့သို့ ပြေးထွက်သွားပြီး အလွန် မြန်ဆန်သော အရှိန်ဖြင့် သစ်ပင်ပေါ်သို့ တက်သွားကာ ထူထပ်သော သစ်ရွက်များကြားသို့ တိုးဝင် သွားတော့သည်။
အချိန်သိပ်မကြာခင်မှာပင် ကျားကြောင်က အပြာရောင် မကာအို ကြက်တူရွေး တစ်ကောင်ကို ကိုက်ချီကာ ပြန်လည် ရောက်ရှိလာခဲ့လေသည်။
၎င်းက ခေါင်းသေးသေးလေးကို မော့ကာ ရွှီယန်ကို ကြည့်ရှု နေလေသည်။
ထို့နောက် မကာအို ကြက်တူရွေးကို မြင်ပြင်ပေါ်သို့ ညင်သာစွာ ချပေးလိုက်ပြီး ရွှီယန်ကို စားသုံးရန် အချက်ပြ နေသေးလေသည်။
ဤမြင်ကွင်းကို မြင်သောအခါ ရွှီယန် လည်း တိုက်ရိုက်ပင် ကြောင်အမ်းအမ်း ဖြစ်သွားခဲ့ရလေသည်။
"ဟင်... ငါ့ကို ပေးတာလား"
"ငါ မလိုပါဘူး... မင်းလည်း ဒီလို မလုပ်ပါနဲ့... ငါနဲ့ မင်းက မတူဘူး... ဒီအကောင် ကို ငါထိလိုက်တာနဲ့ အဖမ်းခံရမှာ"
ရွှီယန်က အလျင်အမြန်ပင် လက်ဝှေ့ယမ်းကာ ငြင်းဆန်လိုက်လေသည်။
ကျားကြောင်က ရွှီယန် ဘာပြောနေသနည်း ဆိုတာကို နားမလည်ဘဲ ခေါင်းလေးစောင်းကာ သူ့ကို ကြည့်ရှုနေရုံ သက်သက်သာ ဖြစ်လေသည်။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် ရယ်မော သွားကြလေသည်။
[ဟားဟားဟား ကျားကြောင် က လောင်ရွှီ ကို လက်ဆောင် လာပေးနေတာပဲ]
[လောင်ရွှီ သာ ယူရဲရင် ဒေသခံ အစိုးရ က တိုက်ရိုက် လာဖမ်းသွားလိမ့်မယ် ထင်တယ်]
[ဒါက လက်ဆောင် ပေးတာလား ဒါက ထောင်ထမင်း လာပို့တာပဲ]
[ကျားကြောင် ငါ့ဆီမှာ ထောင်ဝင်စာ လေး ရှိတယ် မင်း ယူမလား]
ရွှီယန်က ခြေရင်းရှိ ကျားကြောင်ကို ကြည့်ရှုလိုက်ပြီး အများကြီးပင် ဆက်လက် မနေတော့ချေ။
သူက ဆောင့်ကြောင့်ထိုင်ကာ ကျားကြောင်၏ ခေါင်းကို ပွတ်သပ်လိုက်ပြီးနောက် တိုက်ရိုက်ပင် ထွက်ခွာ သွားတော့သည်။
မကာအို ကြက်တူရွေး များက အပူပိုင်း မိုးသစ်တော ထဲတွင် အများအပြား ရှိသော်ငြားလည်း ကာကွယ်စောင့်ရှောက်ရေး အဆင့်က အတော်လေး မြင့်မားလေသည်။
'မင်းတို့ ရှားပါး တိရစ္ဆာန်တွေ ကြားက ကိစ္စကို ငါ လူသား တစ်ယောက် အနေနဲ့ ဝင်မပါတော့ဘူး' ဟု ရွှီယန်က တွေးတော လိုက်လေသည်။
ကျားကြောင်က ရွှီယန်၏ ကျောပြင်ကို ကြည့်ရင်း ရွှီယန် မနှစ်သက်ဘူးဟု ထင်မှတ် သွားလေသည်။
၎င်းက အားနည်းနေသော မကာအို ကြက်တူရွေး ကို ဂရုမစိုက်တော့ဘဲ ရွှီယန် ရှိရာဘက်သို့ ချက်ချင်းပင် အနောက်မှ လိုက်ပါ သွားတော့သည်။
ဤအချိန် ဤအခိုက်အတန့်တွင် မကာအို ကြက်တူရွေးက မိမိကိုယ်ကို သေပြီဟု ထင်မှတ်ထားပြီး ပြန်လည် ခုခံမှုကိုပင် စွန့်လွှတ် ထားခဲ့လေသည်။
သို့သော် ရလဒ် အနေဖြင့် ရွှီယန်က ၎င်းကို ဂရုမစိုက်ခဲ့သလို ကျားကြောင် ကလည်း ၎င်းကို မူလ နေရာတွင်ပင် ထားရစ်ခဲ့လေသည်။
မကာအို ကြက်တူရွေး မှာ တစ်ခဏမျှ ဘာလုပ်ရမှန်း မသိ ဖြစ်သွားခဲ့လေသည်။
'ဘာအခြေအနေလဲ... ငါ အသက်ရှင် သွားတာလား... ဒီလိုနဲ့ပဲ အသက်ရှင် သွားတာလား'
၎င်းက မယုံကြည်နိုင်စွာဖြင့် မတ်တတ်ရပ် လာခဲ့ပြီး ဝေးကွာသွားသော ကျားကြောင်၏ ကျောပြင်ကို လှမ်းကြည့် နေလေသည်။
ဆက်လက် နေထိုင်ရန်ပင် ဂရုမစိုက်နိုင်တော့ဘဲ ကပျာကယာဖြင့် သစ်ပင်ပေါ်သို့ ပျံတက် သွားတော့သည်။
ကံကောင်းစွာဖြင့် ကြောင်မျိုးနွယ်ဝင် တိရစ္ဆာန်များက ယေဘုယျအားဖြင့် အမဲမလိုက်မီ သားကောင်ကို ကစားလေ့ ရှိကြသဖြင့် ၎င်း အနေဖြင့် ကံကောင်းထောက်မစွာ အသက်ရှင် လွတ်မြောက် သွားခဲ့ခြင်း ပင်ဖြစ်သည်။
ကံကောင်းလွန်းသည် ဟုသာ ပြောရမည် ဖြစ်လေသည်။
မကာအို ကြက်တူရွေး က သစ်ပင်ပေါ်သို့ ပျံတက်သွားပြီးနောက် ၎င်း၏ အဖော်များက ချက်ချင်းပင် ပျံသန်းလာကြပြီး မျက်နှာပေါ်တွင် အံ့ဩတုန်လှုပ် နေသော အမူအရာ များဖြင့် ၎င်းကို ကြည့်ရှုကာ မေးမြန်း နေသည့် အလား ပင်ဖြစ်သည်။
'မင်း ပြန်ရောက် လာတာလား'
မကာအို ကြက်တူရွေး က တည်ငြိမ်စွာဖြင့် အမွေးအတောင် များကို ဖြီးသင်လိုက်ပြီး တည်ငြိမ်ဟန် ဆောင်ကာ တုံ့ပြန် နေသည့် အလား ပင်ဖြစ်သည်။
'ကျားကြောင် နဲ့ တစ်ယောက်ချင်း ချခဲ့တာလေ... တိုက်ပွဲ ရလဒ် ကို စစ်ဆေးကြည့်လို့ ရတယ်'
ရွှီယန်က အနောက်ဘက်တွင် ဘာတွေ ဖြစ်ပျက် သွားသနည်း ဆိုတာကို သေချာ မသိရှိချေ။
သူက ခြေလှမ်း အနည်းငယ် လျှောက်သွားပြီးနောက် နောက်လှည့် ကြည့်လိုက်ရာ ကျားကြောင်က သူ၏ အနောက်မှ ထပ်ကြပ်မကွာ လိုက်ပါ နေသည်ကို မြင်တွေ့လိုက်ရလေသည်။
ဤအကောင်က အပူပိုင်း မိုးသစ်တော၏ အမဲလိုက် ကျွမ်းကျင်သူ တစ်ကောင် ဖြစ်သော်ငြားလည်း ရုပ်ရည်က တကယ်ကို ချစ်စရာ ကောင်းလှပေသည်။
ကြောင်မျိုးနွယ်ဝင် တိရစ္ဆာန်များ အားလုံးက ဤသို့ပင် ဖြစ်လေသည်။
ဥပမာအားဖြင့် ကမ္ဘာပေါ်တွင် အသေးငယ်ဆုံးသော ကြောင်မျိုးနွယ်ဝင် တိရစ္ဆာန် ဖြစ်သည့် ခြေမည်းကြောင် ဆိုလျှင် အကောင်သေးသေးလေး ဖြစ်ပြီး အလွန် ချစ်စရာ ကောင်းသော်ငြားလည်း အမဲလိုက်နိုင်စွမ်း က အလွန် အစွမ်းထက် လှပေသည်။
အချစ်စရာ အကောင်းဆုံး မျက်နှာကို ပိုင်ဆိုင်ထားပြီး အကြမ်းတမ်းဆုံး ကိစ္စများကို လုပ်ဆောင်တတ်ကြလေသည်။
"ဘာလို့ ငါ့နောက် လိုက်လာတာလဲ"
"အားလုံးပဲ မြင်တဲ့ အတိုင်းပဲ... ဒီကျားကြောင် က သူ့ဘာသာသူ ငါ့နောက်ကို လိုက်လာတာပါ"
ရွှီယန်က နောက်လှည့်၍ ကျားကြောင်ကို မြင်သောအခါ အင်တာနက်သုံးစွဲသူများကို စကားဆိုလိုက်လေသည်။
ဒရုန်းကင်မရာက ကျားကြောင်ကို ရိုက်ကူးနေသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ ကြည့်ရှုသူများ အားလုံး ကလည်း ရှင်းလင်းစွာ မြင်တွေ့နေရလေသည်။
[တကယ်ကြီး ပဲ လောင်ရွှီ နောက်ကို လိုက်လာတာ ပါလား]
[ဒါ ပုံမှန် မဟုတ်ဘူးလား ချန်ပိုင် တောင်တန်း မှာ တုန်းကလည်း ကျားသစ် နဲ့ အရှေ့မြောက် ကျား က သူ့နောက် လိုက်တယ် အာဖရိက မှာ တုန်းကလည်း ခြင်္သေ့ က လိုက်တယ် အခု အပူပိုင်း မိုးသစ်တော မှာ ကျားကြောင် လိုက်တာ ထင်မှတ်ထားတဲ့ အတိုင်းပဲ]
[တခြား လူတွေက ကြောင် ကို နှစ်သက် ကြတာ လောင်ရွှီ ကတော့ ကြောင်တွေ နှစ်သက်အောင် ဆွဲဆောင် နိုင်တာပဲ]
[ဘာအကြောင်းရင်း ကြောင့်များလဲ ငါလည်း ဒီလို ဖြစ်ချင်တယ်]
အားလုံး၏ မျက်နှာပေါ်တွင် အားကျမှုများ ပြည့်နှက် နေကြလေသည်။
သို့သော် ဤကဲ့သို့သော ကိစ္စရပ်မျိုးက အားကျ၍ ရနိုင်သော ကိစ္စမျိုး မဟုတ်ချေ။
ရွှီယန်က ကျားကြောင်ကို ကြည့်ရင်း နောက်ပြောင်သော လေသံဖြင့် စကားဆိုလိုက်လေသည်။
"ဘယ်လိုလဲ... မင်း လည်း ငါ့ကို မှီခို ချင်နေတာလား"
"ငါက ကြောင် ရှိပြီးသား လူ တစ်ယောက် ပါ"
ဤသို့ ပြောပြီးနောက် ရွှီယန်က တစ်ခဏမျှ ရပ်တန့်လိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ လက်နှစ်ဖက်ကို ဆန့်တန်း၍ ပွေ့ဖက်မည့် ဟန်ပန်ကို ပြုလုပ် လိုက်လေသည်။
"ဒါပေမဲ့ ကြောင် ဆိုတာ များလေ ကောင်းလေ ပါပဲ"
ရွှီယန်၏ လှုပ်ရှားမှုကို မြင်သောအခါ ကျားကြောင်က ချက်ချင်းပင် သူရှိရာဘက်သို့ ပြေးဝင် လာခဲ့လေသည်။
အင်တာနက်သုံးစွဲသူများ ကတော့ တစ်ဖန် ထပ်မံ ပေါက်ကွဲ ထွက်လာကြပြန်လေသည်။
[ဖူး လူရှုပ် ကြီး]
[ဟားဟားဟား လောင်ရွှီ က တော်တော် ရှုပ်တာပဲ]
[ဒီစကား မျိုးကို မင်း ဘယ်လို လုပ်ပြီး ထွက်ပြော ရဲတာလဲ]
[ဘယ်သူ ရှောင်ဟွာ ကို ဆက်သွယ် လို့ ရလဲ လောင်ရွှီ ရဲ့ မျက်နှာဖုံး အစစ် ကို ရှောင်ဟွာ ဆီ သွားပြောပြ ကြ]
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းက အထူးပင် စည်ကားသိုက်မြိုက် နေလေသည်။
ကျားကြောင်က ရွှီယန်၏ အရှေ့သို့ ပြေးလာပြီး ရွှီယန် ကလည်း အလိုက်သင့်ပင် ၎င်းကို ပွေ့ဖက် လိုက်လေသည်။
မည်သို့ပင်ဖြစ်စေ အပူပိုင်း မိုးသစ်တော ထဲတွင် လှုပ်ရှား သွားလာရသည်မှာ ပျင်းစရာ ကောင်းလှရာ ပထမဆုံး ကြောင်လေး တစ်ကောင် ရှိနေခြင်းက အနေတော် ပင်ဖြစ်သည်။
ထို့အပြင် ကျားကြောင်က သူ့ထက်ပင် အပူပိုင်း မိုးသစ်တော အကြောင်းကို ပိုမို နားလည် သဘောပေါက် လေရာ အန္တရာယ် အချို့နှင့် ကြုံတွေ့ရပါက ကြိုတင် ရှောင်လွှဲ နိုင်သေးလေသည်။
၎င်း ရှိနေခြင်းက အလွန် အသုံးဝင် လှပေသည်။
အခန်း ၄၅၈။ ကြီးမားသော အန္တရာယ်ကြီး ရောက်ရှိလာခြင်း အရှေ့တွင် မိကျောင်းမည်း ရှိနေပြီး အနောက်တွင် စစ်ချီပုရွက်ဆိတ်အုပ်ကြီး ရှိနေခြင်း
အပူပိုင်းမိုးသစ်တော အတွင်း စွန့်စားသွားလာရသည်မှာ အမြဲတမ်း ပေါ့ပါးပျော်ရွှင်စရာ ကောင်းလှပေသည်။
သို့သော် ညလွှမ်းမိုးလာသည်နှင့်အမျှ ရွှီယန်လည်း အနားယူရန် နေရာတစ်ခုကို ရှာဖွေရတော့မည် ဖြစ်သည်။
အပင်များ ထူထပ်စွာ ပေါက်ရောက်နေသော နေရာများက သေချာပေါက် အန္တရာယ်များလှပေသည်။ ထို့ကြောင့် အကောင်းဆုံး နေရာမှာ လိုဏ်ဂူများသာ ဖြစ်လေသည်။
အပူပိုင်းမိုးသစ်တော၏ မြေပြင်အနေအထားက အလွန် ရှုပ်ထွေးလှပြီး တောင်တန်းများမှသည် မြစ်ချောင်းများအထိ အစုံအလင် ရှိနေလေသည်။ အချိန်သိပ်မကြာခင်မှာပင် ရွှီယန်က တောင်စောင်းတစ်ခုရှိ အက်ကွဲကြောင်း ဧရိယာတစ်ခုကို ရှာတွေ့သွားလေသည်။
အက်ကွဲကြောင်းက သိပ်မနက်ဘဲ တစ်မီတာခန့်သာ ရှိလေသည်။ ရွှီယန်က တဲထိုးလိုက်ပြီး စောစော အနားယူရန် ပြင်ဆင်လိုက်လေသည်။
"နေဝင်ရီတရောအချိန် အပူပိုင်းမိုးသစ်တောက ပိုပြီးအန္တရာယ်များတယ်... မြွေတွေ ပိုးကောင်တွေနဲ့ အသားစားသတ္တဝါတွေက များသောအားဖြင့် ဒီအချိန်မျိုးမှာ ထွက်လာတတ်ကြတယ်..."
"ဒါ့အပြင် ညဘက်ရောက်ရင် သွေးစုပ်လင်းနို့တွေလည်း ရှိသေးတယ်..."
"တဲကို သေချာတင်းကျပ်နေအောင် တပ်ဆင်ထားရမယ်... ဘယ်လိုကွက်လပ်မျိုးကိုမှ ချန်ထားခဲ့လို့ မဖြစ်ဘူး..."
"ဒီလိုမှမဟုတ်ရင် လင်းနို့တွေ ဝင်လာပြီး လူရဲ့သွေးကို ခိုးစုပ်သွားနိုင်တယ်..."
"သူတို့က အရမ်းဉာဏ်ကောင်းတယ်... လျှာနဲ့ နည်းနည်းချင်းစီရက်ပြီး အရေပြားကို ထုံကျဉ်သွားအောင် လုပ်မယ်... ပြီးမှ သွေးကို စုပ်ယူကြတာ..."
"သွေးစုပ်ခံရတာကို မကြောက်ပေမယ့် ဗိုင်းရပ်စ်ပါလာမှာကိုတော့ ကြောက်ရတယ်..."
"ဒါကြောင့် ကြိုတင်ပြင်ဆင်မှုတွေ အများကြီး လုပ်ထားရမယ်..."
ရွှီယန်က မအိပ်မီ အင်တာနက်သုံးစွဲသူများကို စကားဆိုလိုက်လေသည်။
ရွှီယန်၏ စကားကို ကြားသောအခါ သူ အသက်ရှင်နေနိုင်ခြင်းကပင် ကံကောင်းလွန်းလှသည်ဟု အားလုံး ခံစားလိုက်ကြရလေသည်။ သေမည်ဆိုပါက ချက်ချင်း သေဆုံးသွားနိုင်သော ခံစားချက်မျိုး ပင်ဖြစ်သည်။
ရွှီယန်က အများကြီး ဆက်မပြောတော့ဘဲ တဲဘေးတွင် ထိုင်ကာ ကယ်လိုရီ မြင့်မားသော အစားအစာ အချို့ကို ရိုးရှင်းစွာ စားသောက်လိုက်လေသည်။
သူက ရေဘူးကြီး တစ်ဘူးကို ယူဆောင်လာခဲ့ပြီး သုံးရက်တာ အချိန်သာ ဖြစ်ရာ ချွေတာ သောက်သုံးပါက လုံလောက်မည် ဖြစ်လေသည်။
ရွှီယန် ဖြတ်သန်းကြုံတွေ့ခဲ့ရသော ဆိုးရွားသည့် ပတ်ဝန်းကျင်များ အလွန်များပြားလှရာ ရေအနည်းငယ် လျှော့သောက်ရခြင်းက ပြဿနာ တစ်စုံတစ်ရာ မရှိချေ။
ထို့နောက် သူက အင်တာနက်သုံးစွဲသူများကို နှုတ်ဆက်ကာ အနားယူရန် ဝင်ရောက်သွားတော့သည်။ ကျားကြောင်ကတော့ ရွှီယန် အိပ်ပျော်သွားသည်နှင့် တစ်ပြိုင်နက် ပြေးထွက်သွားလေသည်။
ကျားကြောင်မှာ ညဘက် လှုပ်ရှားသွားလာတတ်သော တိရစ္ဆာန် ဖြစ်လေသည်။
ညဘက် အမြင်အာရုံ စွမ်းရည်က အထူးပင် ကောင်းမွန်လှရာ ညဘက် အမဲလိုက်ရာတွင် ပိုမို အဆင်ပြေပြီး သားကောင်ကို အလျင်အမြန် ဖမ်းဆီးနိုင်လေသည်။
ထို့ကြောင့် ညဘက်တွင်သာ အစာထွက်ရှာလေ့ ရှိလေသည်။ ရွှီယန် ကလည်း ၎င်းကို အများကြီး ဂရုမစိုက်တော့ချေ။
ယခုညတွင် အပူပိုင်းမိုးသစ်တောထဲ၌ တိရစ္ဆာန် မည်မျှ လှုပ်ရှားနေကြသနည်း ဆိုသည်ကို မည်သူမျှ မသိနိုင်ချေ။
ရွှီယန်က တဲထဲတွင် အိပ်စက်နေပြီး အင်းဆက် နှိမ်နင်းနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ နှင့် အန္တရာယ် အာရုံခံနိုင်စွမ်း ပါရှိသည့်အပြင် မြွေနှင်ဆေးမှုန့်များ ပါ ဖြန်းထားသဖြင့် အတော်လေး အေးချမ်းစွာ အိပ်ပျော်သွားလေသည်။
အိပ်ရာဝင် စောသဖြင့် ဒုတိယနေ့ နံနက် ခြောက်နာရီကျော်တွင် သူ နိုးထလာခဲ့လေသည်။
တဲထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် ကျားကြောင်က သူရှိရာဘက်သို့ ပြေးလာသည်ကို မြင်တွေ့လိုက်ရလေသည်။
ဒီအကောင်က မထွက်ခွာသွားသေးချေ။ ကြည့်ရသည်မှာ ရွှီယန်ကို တကယ်ကြီး မှီခိုရန် ရည်ရွယ်ထားပုံ ရလေသည်။
ရွှီယန်က တဲကို သိမ်းဆည်းလိုက်ပြီး အနောက်မှ လိုက်ပါခွင့် ပြုထားလိုက်လေသည်။
အချိန်သိပ်မကြာခင်မှာပင် ရွှီယန်က တိုက်ရိုက်ထုတ်လွှင့်မှုကို ထပ်မံ ဖွင့်လှစ်လိုက်လေသည်။
အပူပိုင်းမိုးသစ်တော အထူးအစီအစဉ် ဖြစ်သဖြင့် သူ တိုက်ရိုက်ထုတ်လွှင့်မှု ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လူအများအပြားက အလုအယက် ဝင်ရောက်လာကြလေသည်။
ပြည်တွင်းပြည်ပ နှစ်နေရာစလုံးတွင် ထိုသို့ပင် ဖြစ်လေသည်။ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုက အလွန်တရာ နာမည်ကြီးနေလေသည်။
ရွှီယန်က ယခင်အတိုင်းပင် ခရီးဆက်နေလေသည်။
အပူပိုင်းမိုးသစ်တော အတွင်း ရွှီယန်ကို အံ့ဩမှု အဖြစ်စေဆုံး အရာမှာ ထူးဆန်းအံ့ဖွယ် ကောင်းသော အပင်အမျိုးမျိုး ပင်ဖြစ်သည်။
ဤအချိန် ဤအခိုက်အတန့်တွင် သူ၏ အရှေ့၌ လူတစ်ရပ်စာခန့် မြင့်မားသော ပန်းပွင့် တစ်ပွင့် ထွက်ပေါ်လာခဲ့လေသည်။ ရိုးတံက တစ်မီတာခွဲကျော်ခန့် ရှိပြီး အပေါ်ဘက်ရှိ ပန်းပွင့်ကြီးက မျက်နှာသစ်ဇလုံ ထက်ပင် ပိုမို ကြီးမားလေသည်။
အပင်နှင့် ဖုတ်ကောင်များ ကစားကွင်း ဂိမ်းထဲရှိ လူစားပန်း နှင့် အနည်းငယ် ဆင်တူလေသည်။
"ဒီပန်းပွင့်က တကယ်ကြီးတာပဲ..."
ရွှီယန်က ဤပန်းပွင့်ကို မြင်သောအခါ အံ့ဩချီးကျူး လိုက်လေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲရှိ အင်တာနက်သုံးစွဲသူများ ကလည်း အထူးပင် အံ့ဩသွားကြလေသည်။
စက္ကန့်တိုင်း၏ မြင်ကွင်းများက မသိရှိနိုင်သော အရာများ ဖြစ်ပြီး စက္ကန့်တိုင်း၏ မြင်ကွင်းများက ဆွဲဆောင်မှု အပြည့် ရှိနေလေသည်။ ထို့ကြောင့် ကြည့်ရှုသူ အလွန် များပြားလှပေသည်။
ရွှီယန်က ပန်းပွင့် ဘေးတွင် ရပ်လျက် တစ်ခဏမျှ ကြည့်ရှုပြီးနောက် ခရီးဆက် လာခဲ့လေသည်။
လမ်းလျှောက်နေရင်း ရုတ်တရက် စနစ် အချက်အလက်ပြကွက် ထွက်ပေါ် လာခဲ့လေသည်။ ထို့နောက် မျှော်လင့်မထားသော သတိပေးချက် တစ်ခု ထွက်ပေါ် လာခဲ့လေသည်။
[ရတနာရှာဖွေရေး တာဝန်ကို စတင်ပါပြီ ထွက်ပြေးလွတ်မြောက်ပါ စစ်ချီပုရွက်ဆိတ်များ၏ အကျဉ်းထောင်]
[တာဝန် အကြောင်းအရာ ပိုင်ရှင် ရှိနေသော ဧရိယာသည် စစ်ချီပုရွက်ဆိတ်များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံနေရပါသည် အလျင်အမြန် ထွက်ပြေး လွတ်မြောက်ပါ]
[တာဝန် ဆုလာဘ် အပြေးဖိနပ် တစ်ရံ]
ဤတာဝန်ကို မြင်သောအခါ ရွှီယန်၏ မျက်လုံးအကြည့်များက ချက်ချင်းပင် ပြောင်းလဲသွားလေသည်။
'စစ်ချီပုရွက်ဆိတ် ဟုတ်လား...'
'ဒီကောင်တွေက အလွန် ကြောက်စရာ ကောင်းလှပေတယ်...'
'ချောက်ကမ်းပါးတွေနဲ့ ကြုံတွေ့ရရင် အလုံးလိုက် အခဲလိုက် စုစည်းပြီး ဖြတ်ကျော်သွားတတ်ကြတယ်... အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်မှုက အထူးပင် ကောင်းမွန်ကြတယ်...'
'အပူပိုင်းမိုးသစ်တောထဲမှာ ဒီကောင်တွေအတွက် ပြိုင်ဘက် မရှိဘူး...'
'ဘယ်လို သက်ရှိသတ္တဝါမဆို စစ်ချီပုရွက်ဆိတ်ရဲ့ ပြိုင်ဘက် မဟုတ်ကြဘူး... ဆင်ကြီးတွေ ရောက်လာရင်တောင် အဆင်မပြေနိုင်ဘူး...'
"စစ်ချီပုရွက်ဆိတ်တွေရဲ့ တံတွေးထဲမှာ အဆိပ်တွေ အများကြီးပါဝင်ပြီး ရန်သူကို ထုံကျဉ်သွားစေနိုင်တယ်လို့ ကျွန်တော် မှတ်မိနေတယ်..."
"တစ်ကောင်တည်း အကိုက်ခံရရင် ကိစ္စမရှိပေမယ့် အုပ်စုလိုက် အကိုက်ခံရရင်တော့ တကယ်ကို ကြောက်စရာကောင်းသွားပြီ..."
"တကယ်လို့များ မြေပြင်ပေါ်မှာ လဲကျသွားရင် မျက်စိတစ်မှိတ်အတွင်း စစ်ချီပုရွက်ဆိတ်တွေရဲ့ ဝါးမြိုစားသောက်တာကို ခံလိုက်ရလိမ့်မယ်..."
"မဖြစ်နိုင်ပါဘူး... ဒါမျိုးကိုတောင် ငါကြုံရသေးတယ်..."
"ဒီရတနာရှာဖွေရေး တာဝန်က ဘယ်လို သေမင်းလမ်းကြောင်းကိုများ ဆွဲပေးထားတာလဲ..."
ရွှီယန်၏ မျက်လုံးအကြည့်များ အနည်းငယ် ပြောင်းလဲ သွားလေသည်။
ဤအချိန်တွင် ကျားကြောင် ကလည်း ပုံမှန် မဟုတ်ကြောင်းကို သတိထားမိ သွားလေသည်။
ပတ်ဝန်းကျင်ကို သတိဝီရိယ ရှိစွာဖြင့် ကြည့်ရှု နေပြီး ခန္ဓာကိုယ် က ကာကွယ် ခုခံမည့် ဟန်ပန်ကို ပြင်ဆင် ထားလိုက်လေပြီ။
အင်တာနက်သုံးစွဲသူများက ဤမြင်ကွင်းကို သတိထားမိ သွားကြပြီး မနေနိုင်ဘဲ မေးမြန်း လာကြလေသည်။
"လောင်ရွှီ... ဘာဖြစ်တာလဲ..."
ရွှီယန်က ပြန်လည် ဖြေကြား လိုက်လေသည်။
"သေချာမသိဘူး... တော်တော်လေး စိတ်မအေးရသလို ခံစားနေရတယ်..."
"အားလုံးပဲ ကျားကြောင်ကို ကြည့်လိုက်... သူ ကာကွယ်ခုခံဖို့ ပြင်နေတယ်..."
"ဒီနေရာမှာ သူ့ကို ကာကွယ်ခုခံဖို့ ပြင်ဆင်စေနိုင်တဲ့အရာ သိပ်မများဘူး..."
"ဟိုဘက်မှာ တစ်ခုခု ရှိနေပုံရတယ်..."
"ကျွန်တော် အရင်ဆုံး ဒရုန်းကင်မရာနဲ့ ကြည့်လိုက်မယ်..."
ရွှီယန်က တစ်ဖက်မှ အရှေ့သို့ အလျင်အမြန် လျှောက်သွား နေရင်း တစ်ဖက်မှ လည်း ဒရုန်းကင်မရာကို ထိန်းချုပ်ကာ အနောက်ဘက်သို့ ရိုက်ကူး စေလိုက်လေသည်။
သစ်ပင်များ၏ အောက်ဘက်တွင် အမည်းရောင် အရာများ စီးဆင်း လာနေသည်ကို အင်တာနက်သုံးစွဲသူများ မြင်တွေ့ လိုက်ကြရလေသည်။
တကယ်တမ်း တွင် စီးဆင်း လာသည့် အမြန်နှုန်း က မမြန်ဆန် သော်ငြားလည်း အရေအတွက် က အလွန် များပြား လွန်းလှပေသည်။
ဒီရေ အလား တလိမ့်လိမ့် စီးဆင်း လာပုံ ရလေသည်။ ဝိုင်းရံ ပိတ်ဆို့မှု စက်ဝိုင်း တစ်ခု ကိုပင် ဖန်တီး ထားခဲ့ပြီ ဖြစ်လေသည်။
"အဲဒီ အမည်းရောင်တွေက ဘာတွေလဲ... ဒီလောက် အများကြီးပဲ..."
"ပုရွက်ဆိတ်တွေများ လား..."
"လခွမ်း... ငါ့ရဲ့ အစုအဝေးကြီးတွေ ကြောက်တဲ့ရောဂါ ပြန်ထလာတော့မယ်... ဒါက ဘယ်လောက်တောင် များနေတာလဲ..."
"ဘုရားရေ... အရမ်း ကြောက်စရာကောင်းလွန်းတယ်..."
ဤအချိန်တွင် ရွှီယန်၏ အသံ ထွက်ပေါ် လာခဲ့လေသည်။
"စစ်ချီပုရွက်ဆိတ်တွေပဲ... အပူပိုင်းမိုးသစ်တောရဲ့ နောက်ထပ် ကြောက်စရာကောင်းတဲ့ သတ္တဝါတစ်မျိုးပေါ့..."
"ဒီကောင်တွေက နတ်ဘုရားနဲ့တွေ့ရင် နတ်ဘုရားကိုသတ်ပြီး ဗုဒ္ဓနဲ့တွေ့ရင် ဗုဒ္ဓကိုသတ်နိုင်တဲ့ ကောင်တွေ..."
"သူတို့ အခု ဝိုင်းရံပိတ်ဆို့မှု စက်ဝိုင်းတစ်ခု ဖြစ်သွားကြပြီ..."
"ကျွန်တော် မြန်မြန်ပြေးမှ ရတော့မယ်... မပြေးရင် ခဏနေ အရိုးစုပဲ ကျန်တော့မယ်..."
ရွှီယန်က ဒရုန်းကင်မရာကို ပြန်လည် ခေါ်ယူ လိုက်ပြီး အချိန်ဆွဲ မနေတော့ဘဲ ခြေကုန်သုတ် ကာ အရှေ့သို့ ပြေးထွက် သွားတော့သည်။
သို့သော် အပူပိုင်း မိုးသစ်တော ထဲတွင် အပင်များ အလွန် များပြား လွန်းလှပေသည်။
အချို့သော နွယ်ပင်များ က လက်မောင်း ထက်ပင် ပိုမို တုတ်ခိုင်ပြီး တွန်းဖယ် ၍ပင် မရနိုင်သဖြင့် ကွေ့ဝိုက် သွားရလေသည်။
သို့သော် ရွှီယန် က အနည်းငယ်မျှပင် ရပ်တန့် မနေခဲ့ချေ။
ဤမျှလောက် များပြားသော စစ်ချီပုရွက်ဆိတ် များကို ရင်ဆိုင် ရာတွင် အင်းဆက် နှိမ်နင်းနိုင်သော ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ ကလည်း အသုံးမဝင် တော့ချေ။
အင်းဆက် နှိမ်နင်းခြင်း ခံစားချက်ကို ရွံရှာ မုန်းတီး လျှင်ပင် အုပ်စုလိုက် ကြီး လွှမ်းခြုံ လာသည်နှင့် တစ်ပြိုင်နက် ပြောင်စင် နေအောင် စားသောက် ပစ်ကြမည် သာဖြစ်လေသည်။
အပူပိုင်း မိုးသစ်တော သို့ ရောက်ရှိ လာခြင်းက တကယ်ကို တစ်ခဏမျှပင် အေးချမ်းစွာ မနေရချေ။
ကျားကြောင် ကလည်း အနောက်မှ တင်းကြပ်စွာ လိုက်ပါ ပြေးလွှား လာပြီး အလွန် မြန်ဆန် လှပေသည်။ ကြည့်ရသည်မှာ ကြောက်ရွံ့ နေပုံ ရလေသည်။
ဒရုန်းကင်မရာက ရွှီယန် အရှေ့သို့ ပြေးလွှား နေသော မြင်ကွင်းကို ရိုက်ကူး နေလေသည်။
တစ်ခါတစ်ရံ အနောက်သို့ လှည့်ကြည့် ကာ မှန်ဘီလူးကို ချဲ့ကား ကြည့်လိုက်ပါက နယ်ပယ်ကို အဆက်မပြတ် ကျဉ်းမြောင်း လာစေသော ဧရာမ စစ်ချီပုရွက်ဆိတ် အုပ်ကြီး ကို မြင်တွေ့ နိုင်သေးလေသည်။
"စစ်ချီပုရွက်ဆိတ်တွေ ရွေ့လျားတဲ့ အမြန်နှုန်းက မမြန်ပေမယ့် သူတို့က ဝိုင်းရံပိတ်ဆို့မှု စက်ဝိုင်းတစ်ခုကို ဖန်တီးပြီး အဆက်မပြတ် ကျဉ်းမြောင်းလာအောင် လုပ်တတ်ကြတယ်..."
"ဆိုလိုတာက ကျွန်တော် ဒီနယ်ပယ်ထဲကနေ လွတ်မြောက်သွားရင် ရပြီပေါ့..."
ရွှီယန်က တစ်ဖက်မှ အရှေ့သို့ ပြေးလွှား နေရင်း တစ်ဖက်မှ လည်း ထွက်ပြေး လွတ်မြောက်ရန် လမ်းကြောင်းကို ရှာဖွေ နေလေသည်။
အခြေအနေ က အလွန် အရေးပေါ် ဖြစ်နေလေသည်။
ထိုစဉ်မှာပင် ရွှီယန်က ချောက်ကမ်းပါး တစ်ခု၏ အောက်ဘက်တွင် အလွန် ကျယ်ဝန်းသော မြစ်ကြီး တစ်စင်း ရှိနေသည်ကို သတိထားမိ သွားလေသည်။
မြစ်ကို ဖြတ်ကျော် သွားနိုင်ပါက ဘေးကင်း လုံခြုံ သွားမည် ဖြစ်လေသည်။
သူက ချောက်ကမ်းပါး ဘေးသို့ ချက်ချင်း လျှောက်သွား ကာ မြစ်အောက်ဘက်သို့ လှမ်းကြည့် လိုက်လေသည်။
တစ်ချက် ကြည့်လိုက်ရုံဖြင့် အမည်းရောင် အရေပြား ရှိသော မိကျောင်း အချို့ကို သူ မြင်တွေ့ လိုက်ရလေသည်။
မိကျောင်းမည်း များသည် တကယ်တမ်း တွင် အကြီးမားဆုံးသော မိကျောင်းများ ဖြစ်ကြပြီး စရိုက်လက္ခဏာ က အလွန် ကြမ်းကြုတ် လှပေသည်။
အရှည်ဆုံး ခုနစ်မီတာ အထိ ကြီးထွား နိုင်ပြီး လူကိုပင် စားသောက် တတ်ကြလေသည်။
"လခွမ်း... မြစ်ကို ဖြတ်ချင်နေတာ... မြစ်ထဲမှာ မိကျောင်းမည်းတွေ ဒီလောက်တောင် များနေတာလား..."
"ကမ်းစပ်မှာ ရှိနေတဲ့ လူကိုတောင် သူတို့က တိုက်ခိုက်ရဲကြတယ်... ဒီကောင်တွေက အရမ်းအန္တရာယ်များတယ်..."
ရွှီယန်က မြစ်ထဲရှိ အခြေအနေကို ကြည့်ရင်း မနေနိုင်ဘဲ ညည်းညူ ပြောဆို လိုက်လေသည်။
ဒရုန်းကင်မရာ က အောက်ဘက်သို့ ရိုက်ကူး လိုက်လေသည်။
လေးမီတာ ကျော်ခန့် ကျယ်ဝန်းသော မြစ်ကမ်းဘေး တွင် ဧရာမ မိကျောင်းကြီး အချို့က နေပူဆာ လှုံ နေကြသည်ကို အားလုံး မြင်တွေ့ လိုက်ကြရလေသည်။
မြစ်ရေ ထဲတွင် လည်း အကောင် အတော်များများ ရှိနေသေးလေသည်။
အင်တာနက်သုံးစွဲသူများ မှာလည်း အံ့ဩ တုန်လှုပ် သွားကြပြီး ပါးစပ်အဟောင်းသား မျက်လုံးအပြူးသား ဖြစ်သွား ကြရလေသည်။
"လခွမ်း... ဒီမိကျောင်းတွေက ဒီလောက်တောင် ကြီးတာလား... နိုင်းမြစ်မိကျောင်းတွေထက်တောင် ပိုကြီးနေသေးတယ်..."
"မိကျောင်းမည်းတဲ့... အပူပိုင်းမိုးသစ်တောရဲ့ အန္တရာယ်အများဆုံး သတ္တဝါတွေထဲက တစ်မျိုးပဲ..."
"ဘယ်လိုလုပ်ကြမလဲ... လောင်ရွှီ ကူးသွားနိုင်ပါ့မလား..."
"အနောက်မှာက စစ်ချီပုရွက်ဆိတ်... အရှေ့မှာက မိကျောင်းမည်း... ဒါက သေချာပေါက် သေရမယ့် အခြေအနေကြီးပဲ..."
ဤအခိုက်အတန့် တွင် အင်တာနက်သုံးစွဲသူများ အားလုံး က ရွှီယန် အတွက် ရင်ထဲမှ လှိုက်လှိုက်လှဲလှဲ စိုးရိမ် ပူပန် နေကြလေသည်။
ယခင်က ကျားကို မြင်တွေ့စဉ် ကပင် ဤမျှလောက် မစိုးရိမ် ခဲ့ကြဖူးချေ။
ဒရုန်းကင်မရာ က အဝေးဆီသို့ ရိုက်ကူး လိုက်ရာ စစ်ချီပုရွက်ဆိတ် များက ဒီရေ အလား တလိမ့်လိမ့် စီးဆင်း လာပြီး မိုးသစ်တော ထဲရှိ သက်ရှိ သတ္တဝါ အားလုံးကို ဝါးမြို လာနေလေသည်။
ထို့အပြင် အမည်းရောင် လမ်းကြောင်းများ အရ ကြည့်မည် ဆိုပါက ရွှီယန်၏ လေးဘက်လေးလံ စလုံးကို စစ်ချီပုရွက်ဆိတ် များက ဝိုင်းရံ ပိတ်ဆို့ ထားခဲ့ပြီ ဖြစ်လေသည်။
ထွက်ပြေး လိုပါက အတင်း တိုးထွက် ရုံသာ ရှိတော့လေသည်။
သို့သော် ပုရွက်ဆိတ် များ ခန္ဓာကိုယ် ပေါ်သို့ တွယ်ကပ် လာပြီး ဘောင်းဘီ ထဲသို့ တိုးဝင် သွားကာ ပုရွက်ဆိတ် များ၏ ကိုက်ဖြတ်မှု နှင့်အတူ ခြေလှမ်းများ က ပိုမို လေးလံ လာမည် သာဖြစ်လေသည်။
အခြေခံ အားဖြင့် အသက်ရှင် နိုင်တော့မည် မဟုတ်ချေ။
ဤအချိန် ဤအခိုက်အတန့် တွင် နိုင်ငံခြား ကွန်ရက် မှ လူများ ကလည်း ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှု နေကြလေသည်။
"ဒီတရုတ်က စွန့်စားသွားလာသူတော့ ဒီနေရာမှာ သေရတော့မယ်..."
"စစ်ချီပုရွက်ဆိတ်နဲ့ မိကျောင်းမည်းတဲ့... သူ အသက်ရှင်နိုင်မှာ မဟုတ်ဘူး..."
"ကောင်းကောင်း သွားပါ... ဘုရားသခင် စောင့်ရှောက်ပါစေ..."
"တစ်ယောက်တည်း အပူပိုင်းမိုးသစ်တောထဲ ဝင်သွားတာ အရမ်း စွန့်စားလွန်းတယ်..."
လူမည်မျှ က ရွှီယန်ကို အာရုံစိုက် နေကြသနည်း ဆိုတာကို မသိရှိ နိုင်ချေ။
ဤအချိန် ဤအခိုက်အတန့် တွင် ရွှီယန် ကတော့ အလွန် တည်ငြိမ် နေဆဲ ပင်ဖြစ်သည်။
သူက ခေါင်းမော့ ကာ အထက်ဘက်သို့ ကြည့်ရှု လိုက်လေသည်။
မြစ်ကမ်းဘေး တွင် ဧရာမ သစ်ပင်ကြီး အတော်များများ ပေါက်ရောက် နေပြီး သစ်ပင်ထိပ်ပိုင်း က အလွန် ကြီးမား ကာ ဧရာမ သစ်ကိုင်းကြီး များက အဆက်မပြတ် ဖြာထွက် နေပြီး အပေါ်တွင် နွယ်ပင်များ အပြည့် ရစ်ပတ် နေလေသည်။
အချို့သော နွယ်ပင်များ က အောက်ဘက်သို့ တွဲလွဲကျ နေလေသည်။
"အပူပိုင်းမိုးသစ်တောရဲ့ နွယ်ပင်တွေပဲ..."
"နာမည်ကြီး ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ပါတတ်တယ်... အန်နီမေးရှင်း တော်တော်များများမှာလည်း ပါတယ် ထင်တယ်..."
"ကျွန်တော်လည်း ကိုယ်တိုင်ကိုယ်ကျ ခံစားကြည့်ရလိမ့်မယ်လို့ ထင်မှတ်မထားခဲ့ဘူး..."
ရွှီယန်က သစ်ပင်ကြီး ဘေးသို့ ချက်ချင်း လျှောက်သွား ကာ သစ်ပင်ပေါ်သို့ တက်လိုက်ပြီး အောက်သို့ တွဲလွဲကျ နေသော ခိုင်ခံ့သည့် နွယ်ပင် တစ်ပင်ကို ရှာဖွေ လိုက်ကာ အားကုန် သုံး၍ အကြိမ်အနည်းငယ် ဆွဲကြည့် လိုက်လေသည်။
နွယ်ပင် က အလွန် ခိုင်ခံ့ကြောင်း အတည်ပြု ပြီးသော အခါ လက်တစ်ဖက် ဖြင့် နွယ်ပင်ကို တင်းကြပ်စွာ ဆုပ်ကိုင် လိုက်ပြီး တစ်လျှောက်လုံး အမြင့်သို့ ဆွဲတက် သွားလေသည်။
အင်တာနက်သုံးစွဲသူများ က သူ ဘာလုပ်ချင် သနည်း ဆိုတာကို ရိပ်မိ သွားကြလေပြီ။
ရွှီယန်က လွှဲ၍ ကူးသွား လိုခြင်း ပင်ဖြစ်သည်။
"ဒီလိုလည်း လုပ်လို့ရတာလား... တကယ့် ပါရမီရှင်ပဲ..."
"အစ်ကိုယန်... အားအိုးအားအိုးလို့ အော်ဖို့တော့ လိုမယ်နော်..."
"လခွမ်း... ဒါက ရုပ်ရှင်ရိုက်နေတာနဲ့ တကယ်ကို ယှဉ်နိုင်တယ်..."
"ဒီလိုလည်း ရတာပဲ... တကယ့် လူစွမ်းကောင်းကြီးပဲ..."
ဤအချိန် ဤအခိုက်အတန့် တွင် ရွှီယန်၏ မျက်နှာ အမူအရာ က တည်ငြိမ် နေဆဲ ပင်ဖြစ်သည်။
ကျားကြောင် ကတော့ အနည်းငယ် စိုးရိမ် ထိတ်လန့် နေပြီး အဝေးဆီမှ စစ်ချီပုရွက်ဆိတ် များကို ကြည့်ရှု ကာ တစ်ခဏမျှ ဘာလုပ်ရမှန်း မသိ ဖြစ်နေလေသည်။
ထိုစဉ်မှာပင် ရွှီယန်က ၎င်းကို အော်ဟစ် ခေါ်ဆို လိုက်လေသည်။
"ကျားကြောင်လေး... လာ... ဒီကို လာခဲ့..."
ရွှီယန်၏ စကားကို ကြားသောအခါ ကျားကြောင်က ပထမဆုံး အချိန်မှာပင် ပြေးလာခဲ့လေသည်။
ထို့နောက် ရွှီယန်က ဘယ်ဘက် လက်ဖြင့် ကျားကြောင်ကို ရင်ခွင်ထဲသို့ အလိုက်သင့် ပွေ့ချီ လိုက်လေသည်။
ကျားကြောင် အနည်းငယ် စိုးရိမ် တုန်လှုပ် နေချိန်မှာပင် ရွှီယန်က အားကုန် သုံး၍ ခုန်ချ လိုက်လေသည်။
ထို့နောက် ညာဘက် လက်က နွယ်ပင်ကို တင်းကြပ်စွာ ဆုပ်ကိုင် ထားပြီး တစ်ဖက်ကမ်း သို့ တိုက်ရိုက်ပင် လွှဲ၍ သွားတော့သည်။
နွယ်ပင် က အလွန် ခိုင်ခံ့ သဖြင့်သာ ကံကောင်း သွားခြင်း ပင်ဖြစ်သည်။ ထိုသို့သာ မဟုတ်ဘဲ အောက်သို့ ပြုတ်ကျ သွားပါက ရွှီယန် လည်း မိကျောင်းမည်း များ၏ အပိုင်းပိုင်း ဆွဲဖြဲ စားသောက်ခြင်း ကို ခံရမည် သာဖြစ်လေသည်။
နွယ်ပင် ကလည်း ရွှီယန်ကို တစ်ချက်တည်း ဖြင့် သတ်ဖြတ် နိုင်သော စွမ်းဆောင်ရည် ကို ရရှိသွားမည် ဖြစ်လေသည်။
သို့သော် မြစ်က အလွန်အမင်း ကျယ်ဝန်းလှသည် မဟုတ်ရာ အားကုန် သုံး၍ တစ်ချက် လွှဲလိုက်ပြီး တစ်ဖက်ကမ်း သို့ ရောက်လုနီးပါး အချိန်တွင် ရွှီယန်က လက်ကို လွှတ်လိုက်ပြီး အဟုန်ကို အသုံးပြု ကာ တစ်ဖက်ကမ်း ရှိ မြက်ခင်းပြင် ပေါ်သို့ တိုက်ရိုက် ခုန်ဆင်း လိုက်လေသည်။
လှုပ်ရှားမှု အားလုံးက တစ်ဆက်တည်း ဖြစ်သွားပြီး အနည်းငယ်ပင် ကြည့်ကောင်း နေသေးလေသည်။
ကြိုးလွှဲ ရသည်မှာ အလွန် ရိုးရှင်း လှပေသည်။ သို့သော် မိကျောင်းမည်း အုပ်ကြီး တစ်အုပ်၏ အထက် ကောင်းကင်ယံ တွင် ကြိုးလွှဲ ရသည် ကတော့ တကယ်ကို ကြည့်ကောင်း လှပေသည်။
ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ကွန်မန့်စာသားများက တစ်ခဏချင်း အတွင်း ပေါက်ကွဲ ထွက်လာတော့သည်။
ဖန်သားပြင် အပြည့် စကားလုံး တစ်လုံးတည်း သာ ရှိနေတော့သည်။
[လခွမ်း]46