ဒီတော့ ဒါက နတ်ဘုရားပြစ်ဒဏ်ပေါ့
Vol. 101 Ch. 1392
ကျန်းကျင်ယွမ်သည် စိတ်လိုလက်ရ ရယ်မောပြောဆိုကာ ဝမ်လင်းကို ခေါ်လာပြီး လူအုပ်နှင့် မိတ်ဆက်ပေးသည်။
ခုနစ်သန်းလောကသို့ ခုမှ ရောက်လာသော ကျင့်ကြံသူများသည် ဝမ်လင်းကို နှုတ်ဆက်ကာ စကားအနည်းငယ် ပြောဆိုကြ၏။ သူတို့၏အတွင်းစိတ်များကိုမူ ဝမ်လင်းက ဖြတ်မြင်နေ၏။ သူသည် သူက ကလေးအုပ်စုနှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားမိနေ၏။ သူက ထိုသူတို့ကို လွယ်လင့်တကူ ဖြတ်မြင်နိုင်ပေသည်။
ကျန်းကျင်ယွမ်ကဲ့သို့ ကျင့်ကြံသူလေးယောက်သည် ဝမ်လင်းကို သိုးငယ်လေးတစ်ကောင်ကဲ့သို့ ကြည့်နေကြသည်။ သူတို့သည် အပြုံးတုများ တပ်ဆင်ထားကာ စကားအနည်းငယ် ပြောဆိုသည်။
အစီအရင်အပြင်ဘက်ရှိ ကျန်သည့်ကျင့်ကြံသူများသည် မထူးခြားနားအသွင်ဖြင့် ရှိနေကြ၏။ သူတိုသည် မည်သို့ဆက်ဖြစ်မည်ကို မြင်ပေသည်။ သို့သော် သူတို့သည် လစ်လျူရှုထား၏။ ထိုကဲ့သို့ အရာမျိုးသည် ခုနစ်သန်းလောက၏ ဗဟိုရင်ပြင်တွင် ဖြစ်နေကျပင်။
ကျန်းကျင်ယွမ်နှင့် အခြားသူများသည် မတော်တဆဖြစ်မှုတစ်ခုခုကို ကာကွယ်နိုင်ရန် အလို့ငှာ အစီအရင်ကို ပိတ်၍ ရပ်နေကြ၏။ ဝမ်လင်းက သူ့ဘေးပတ်လည်ကို ကြည့်လိုက်ပြီးနောက် မျက်လုံးမှိတ်လိုက်၏။ သူသည် သူတို့ တစ်ယောက်နှင့်တစ်ယောက် နတ်ဘုရားအာရုံဖြင့် သတင်းစကားပို့နေသည်ကို စိတ်မဝင်စားပေ။
“အစ်ကိုကျန်းက ခုမှ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်ထဲ ဝင်လာတဲ့ ယုဖေကို အမှန်တကယ် အပါခေါ်လာနိုင်တာပဲ။ ငါ သင့်ကို လေးစားမိပါတယ်…”
“ဒါပေမဲ့ ငါတို့ ဂရုစိုက်ရမယ်။ ပြန့်ကြဲမိုးကြိုးအဆင့်သတ်မှတ်ချက်ထဲ ဝင်နိုင်မှတော့ သူနဲ့ပတ်သတ်လို့ ထူးထူးခြားခြားတစ်ခုခု ရှိလိမ့်မယ်။ ငါတို့ သတိမပြတ်ထားတာ အကောင်းဆုံးပဲ…”
“အစ်ကိုကျိုးက နည်းနည်း အစိုးရိမ်လွန်နေပြီ။ ဒီလူဟာ ခုမှ အာဏာတက်ခြင်းအစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်။ ငါတို့လေးယောက် ပေါင်းတိုက်တာကို မေ့ထားလိုက်ဦး။ ငါတို့ထဲက တစ်ယောက်ထဲနဲ့တောင် သူ့ကို ဆန္ဒရှိသလို သတ်ပစ်လို့ ရနေတာကို။ ဒါ့အပြင် စီနီယာကျောက်လည်း ဒီမှာာ ရှိသေးတယ်။ ဒီလူ ဘာလုပ်နိုင်တော့မှာ မလို့လဲ…”
“ဒါမှန်တယ်။ စီနီယာကျောက်ဟာ ပုံရိပ်ယောင်ယင်အဆင့်ဖြစ်ပြီး အထည်ဒြပ်ယန်အဆင့်ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်။ သူဟာ ငါတို့အထက်မှာ ရပ်နေတဲ့သူ။ သူ ဒီမှာ ရှိနေရင် ငါတို့ သူ့စကားကို နားထောင်ရမှာ သဘာဝပဲ…”
“ဒီလူတွေရှိက စိတ်ဝိညာဉ်မိုးကြိုးအမျှင်တန်းတွေကို စုဆောင်းပြီးရင်တော့ နောက်ဆုံးမှာ ငါတို့ ပြီးပြည့်စုံတဲ့ စိတ်ဝိညာဉ်မိုးကြိုးကို ဖြစ်ပေါ်စေနိုင်ပြီ။ အဲ့ကျင်ရင် ငါတို့ မိုးကြိုးသလင်းကျောင်းတော်ကိုသွားပြီး ဒီစိတ်ဝိညာဉ်မိုးကြိုးနဲ့ ကောင်းကင်ဘုံအဆင့် ဓားပျံလေးလက်နဲ့ လဲလှယ်ရမယ်…”
ကျင့်ကြံသူရာချီ ဝန်းရံနေသော အစီအရင်သည် အသက်ဝင်လာဖို့ သိပ်မကြာလိုက်ပေ။ အစီအရင်သည် လင်းလက်လာ၏။ အချို့ကျင့်ကြံသူများသည် တက်ကြွလာကာ စိတ်လှုပ်ရှားကုန်သည်။ သူတို့သည် ကောင်းကင်ဘုံတာအို ဖြစ်လာမည်ကို ပျော်ရွှင်ကျေနပ်နေသည်။ ကျန်းကျင်ယွမ်တို့အုပ်စုထဲရှိ ပုံရိပ်ယောင်ယင်အဆင့် ကျင့်ကြံသူလည်း အတူတူသာပင်။ သူက နှုတ်ခမ်းထောင့်ကို ကွေးကာ ပြုံးနေ၏။
ခဏအကြာတွင် အစီအရင်သည် မြည်ဟည်းလာသည်။ ဝမ်လင်းက မျက်လုံးဖွင့်လိုက်၏။
ကျန်းကျင်ယွမ်သည် စိတ်လှုပ်ရှားစွာ ကြည့်၍ ပြုံးသည်။ “လူတိုင်းပဲ။ အစီအရင် ပွင့်တော့မယ်။ မြန်မြန် သင်တို့ရဲ့ တုန်ကင်တွေကို ထုတ်လိုက်ကြ။ ငါတို့ငါးယောက် အတူတူ လုပ်မှာဆိုတော့ ငါတို့ လူစုမကွဲသွားစေနဲ့။ ငါတို့ ခုနစ်သန်းလောကတွေထဲ ဝင်ရောက်တာနဲ့ ငါတို့ဟာ အတူတကွ ကောင်းကင်ဘုံတာအို ဖြစ်လာကြလိမ့်မယ်။ ဘယ်လောက် ကျေနပ်စရာ ကောင်းလိမ့်မလဲ…”
“ကဲကဲ…ငါ အချိန်ဆက်ဖြုန်းမနေတော့ဘူး။ ဝင်ကြစို့…” ဝမ်လင်းနှင့်အခြားသူများ တုန်ကင်များကို ထုတ်လိုက်သည်ကို တွေ့မြင်သည့်အခါ ကျန်းကျင်ယွမ်နှင့် သူ့လူများသည် ချက်ခြင်းပင် ဝမ်လင်းတို့ အုပ်စုကို ဝန်းရံကာ ပျံသန်းလေ၏။
သူတို့အစီအရင်ထဲ ဝင်ရောက်သွားသည်နှင့် ယင်းအစီအရင်သည် လင်းလက်ကာ လောကကို ဆုတ်ပြဲသွားစေနိုင်သော မုန်တိုင်းတစ်ခု ဖြစ်ပေါ်သည်။ လူတိုင်းသည် ဤအစီအရင်အတွင်းသို့ ပျောက်ကွယ်သွားကြသည်။
လောကသည် တုန်ဟီး၏။ ခုနစ်သန်းလောကများထဲရှိ လောကတစ်ခုပေါ်တွင် အဆုံးမရှိမုန်တိုင်းတစ်ခု ဖြစ်ပေါ်နေသည်။ မိုးကြိုးများ တုန်ဟည်းလျက် ကောင်းသည်ထက်မှ မိုးများ ရွာကျနေ၏။
မြေပြင်ထက်တွင် သေမျိုးမြို့တော်တစ်ခု ရှိနေ၏။ အခုအခါမှာ ညအချိန်ဖြစ်ကာ မိုးများ ရွာသွန်းနေပေသည်။ အပြင်တွင် လူများ သိပ်မရှိကြပေ။
သို့ပေမည့် အဝေးရှိ တောင်ထိပ်ပေါ်တွင် လူတစ်ယောက် မားမားရပ်နေ၏။
ထိုလူသည် တခေါင်းလုံးဆံပင်များ ဖြူဖွေးနေကာ သူ့မျက်လုံးများမှာ လျှပ်စီးအလား။ သူသည် ဤလေထန်မိုးထန် ညအခါတွင် မားမားရပ်နေပေ၏။ သူ့ခန္ဓာကိုယ်မှ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့် ကျင့်ကြံမှုအော်ရာကို ပေးစွမ်းနေသည်။ သူ့ဆံပင်ဖြူများသည် လေနှင့်အတူ လွင့်ဝဲလျက် သူ့ဝတ်ရုံမှာ တဖျပ်ဖျပ် ဖြစ်နေသည်။
“ငါ လျိုပေဟာ အသက်ခုနစ်နစ်ထဲက စကျင့်ကြံခဲ့တယ်။ ငါဟာ လောကရဲ့ ပြောင်းလဲမှုတွေမှာ ဉာဏ်အလင်းရခဲ့ပြီး လေနဲ့တိမ်ကို လေ့လာသိရှိခဲ့တယ်။ ငါဟာ အသက်(၃၇၂)နှစ်မှာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအဆင့်ကို ရောက်ရှိခဲ့ပြီး၊ အခု နှစ်ပေါင်းငါးရာ ကုန်လွန်လာတဲ့နောက်မှာတော့ ငါဟာ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းအထွတ်အထိပ်ကို ရောက်လာခဲ့ပြီ။ ဒီနေ့ ငါ ဒီလောကကို ချိုးဖျက်ပြီး ကောင်းကင်ဘုံနယ်မြေထဲ ဝင်ရောက်နိုင်ဖို့ နတ်ဘုရားပြစ်ဒဏ်ကို ကြိုဆိုမယ်…” ထိုအဘိုးအို၏အသံသည် ညင်သာ၏။ သူက သူ့ကိုယ်သူ ပြောနေသည့်အလား။ သို့ပေမည့် သူ၏ဦးခေါင်းကမူ ကောင်းကင်ထက်သို့ မော့ကြည့်လျက် ရှိသည်။
“ငါ ဒီနတ်ဘုရားပြစ်ဒဏ်ကို ကျရှုံးခဲ့ရင် ငါ ပြန်လည်မွေးဖွားပြီး ထပ်ကျင့်ကြံမယ်။ ငါ အောင်မြင်ခဲ့ရင်တော့ ငါ့အတွက် ကောင်းကင်ဘုံနယ်မြေဟာ စောင့်နေလိမ့်မယ်…” အဘိုးအို၏မျက်လုံးသည် လင်းလက်ကာ သူက သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းလိုက်၏။ မိုးကြိုးတုန်ဟည်းသံ ပဲ့တင်ထပ်သည်။
မိုးကြိုးသည် ရုတ်တရက် နက်မှောင်သောလောကကို လင်းထင်းသွားစေပြီး တောင်ပတ်လည်ရှိ ကျင့်ကြံသူထောင်ချီကို မြင်ရစေသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် တောင်ထိပ်ရှိအဘိုးအိုကို ကြည့်နေကြသည်။ သူတို့သည် ထိုအဘိုးအို၏ တပည့်များ၊မျိုးဆက်များ ဖြစ်ကြသည်။
“ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့…ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာရမယ်။ ငါ လျိုပေဟာ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာရမယ်။ ကောင်းကင်ဘုံက ငါ့ကို ရပ်တန့်ဖို့ ကြိုးစားမယ် ဆိုရင်တောင် ငါဟာ ကောင်းကင်ဘုံကို ဖျက်စီးပစ်မယ်။ ကောင်းကင်ဘုံသားတွေ ငါ့ကို တားဆီးမယ်ဆိုရင်တောင် ငါဟာ သူတို့ကိကု သတ်ဖြတ်ပစ်မယ်…” အဘိုးအိုသည် မာန်သွင်းလျက် ကောင်းကင်ထက်သို့ တိုးဝင်သွားသည်။
တစ်ချိန်တည်းမှာ လောကသည် တုန်ယင်ကာ တိမ်များ ပြန့်ကြဲသည်။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ စတင် စုဝေးလာ၏။ လေပြင်းများ တဝီဝီတိုက်ခတ်သည်။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ ဖြစ်ပေါ်လာပေပြီ။
ထိုနတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်း၌ မည်းမည်သဏ္ဌာန်ဆယ်ခုကျော် ရှိနေ၏။ ထိုသဏ္ဌာန်များသည် တောက်ပကာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်သည်။ အကြည့်တစ်ချက်ဖြင့်ပင် ယင်းတို့သည် အစစ်အမှန်ကောင်းကင်ဘုံသားများနှင့် တူပေ၏။
ထိုမည်းမည်းသဏ္ဌာန်များနောက်ရှိ ဟင်းလင်းပြင်သည် တွန့်ခေါက်လာဟန် ထင်ရကာ ယင်းနောက်၌ ဒုထည်ကြီးမားသောကုန်းမြေကြီးတစ်ခု ပေါ်လာသည့်ပုံပင်။ ယင်းကုန်းမြေမှာ ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပြည့်နှက်လျက်၊ ကောင်းကင်ဘုံကြိုးကြာများ ပျံသန်းနေသလို ကုန်းမြေထက်၌ နန်းတော်များ ပြည့်နေသည်။
“ကောင်းကင်ဘုံနယ်မြေ။ ဒါက ကောင်းကင်ဘုံနယ်မြေပဲ…”
“ဘိုးဘေးရဲ့ နတ်ဘုရားပြစ်ဒဏ်ဟာ ကောင်းကင်ဘုံသားဆယ်ယောက်ကျော်ကို ပေါ်ထွက်လာစေခဲ့ပြီ။ ဒါဟာ အတိတ်နမိတ်ကောင်းပဲ။ တကယ့်ကို နမိတ်ကောင်းပဲ…”
တောင်ပတ်လည်ရှိ ကျင့်ကြံသူထောင်ချီသည် မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်ကာ စိတ်လှုပ်ရှားလာကြသည်။ သူတို့သည် ပထမဆုံးအကြိမ်အဖြစ် ယခုလိုအရာမျိုးကို တွေ့မြင်ဖူးခြင်းပင်။
သူတို့က ဤအခြင်းအရာကို တွေ့မြင်သည့်အခါ ကောင်းကင်ဘုံသား ဖြစ်လာချင်စိတ်သည် ကြီးစွာ တိုးပွားလာ၏။
နတ်ဘုရားပြစ်ဒဏ် ပေါ်လာသည်နှင့် ပြင်းထန်သောဖိအားတစ်ခု ပေါ်လာကာ ထိုတောင်ကို တုန်ယင်သွားစေသည်။ ကျင့်ကြံသူထောင်ချီသည် ငါးကီလိုမီတာအဝေးထိ လွင့်ထွက်သွားလေ၏။
ဝမ်လင်းသည် ထိုအရိပ်များထဲမှ တစ်ခု ဖြစ်နေသည်။ မြေပြင်ထက်သို့ စိုက်ကြည့်နေရင်း သူသည် သန်မာမှုကို ခံစားမိသည်။ အခြားလူများသည်လည်း စိတ်လှုပ်ရှားနေ၏။ တကယ်တော့ ကောင်းကင်ဘုံ ဖြစ်လာခြင်း၊ နတ်ဘုရားပြစ်ဒဏ်ဖြစ်လာခြင်းသည် ကျင့်ကြံသူအများစု တပ်မက်သည့်အရာ မဟုတ်လား။ သူတို့က ထိုခံစားချက်ကို မဆုံးရှုံးချင် ဖြစ်နေသည်။
သို့ပေမည့် ဝမ်လင်းသည် ကိုယ်တိုင်ကိုယ်ကျ နတ်ဘုရားပြစ်ဒဏ်ကို တွေ့ကြုံဖူး၏။ တစ်ကြိမ်လည်းမဟုတ်၊ အကြိမ်များစွာ တွေ့ကြုံဖူးခြင်းပင်။ ထိုအရာသည် ကျင့်ကြံသူအများစု နားမလည်နိုင်သည့် တစ်စုံတစ်ခုပင်။
ဝမ်လင်းက ထိုအဘိုးအိုရင်ဆိုင်နေသောအရာနှင့် ထပ်တူ တွေ့ကြုံခဲ့ဖူးသည်။ သို့သော် သူ့ တွေ့ကြုံခဲ့ရသည့် နတ်ဘုရားပြစ်ဒဏ်မှာ ပိုကျယ်ပြောကာ ဒေါမာန်ပိုကြီးသလို အစွမ်းပိုထက်သည်။
ဝမ်လင်း၏စိတ်ထဲ၌ ကြောက်မက်ဖွယ်ခံစားမှု ပေါ်လာကာ သူ့ကို မတည်မငြိမ် ဖြစ်စေပြီး စိတ်လှုပ်ရှားမှု ဖြစ်မိ၏။
“အစဉ်အလာအရတော့ အစီအရင်အသက်ဝင်နေသ၍ ငါတို့ဟာ နတ်ဘုရားပြစ်ဒဏ်ကို တွေ့ကြုံတဲ့သူတွေနဲ့ ကြုံရလိမ့်မယ်။ ဒီတစ်ကြိမ် ငါနဲ့ မတိုက်ခိုက်ဘဲ ငါ့ကိုပဲ လုပ်ခွင့်ပြုလိုက်တော့…” ကျန်းကျင်ယွမ်သည် စိတ်လှုပ်ရှားဟန် ပေါ်နေသည်။ ချက်ခြင်းပင် သူက သူ့ဘေးပတ်လည်ရှိ လူအများထံ လက်နှစ်ဖက်ဆုပ်ဟန် လုပ်ပြသည်။
“ကောင်းပါပြီ။ ငါတို့က အစ်ကိုကျန်းသွားမှာကို သဘောတူပါတယ်…” ကျန်သည့်သူများသည် ရယ်မောပြောကာ ခေါင်းညိတ်လိုက်သည်။
ကျန်းကျင်ယွမ်သည် ပို၍ စိတ်လှုပ်ရှားလာသည်။ သူက ရှေ့သို့ ခြေလှမ်းလိုက်၏။ သလင်းအလင်းတစ်ခုက သူ့အား ခြုံလွှမ်းသွားသည်။ သူသည် တိမ်ထုများထဲမှ လှမ်းထွက်ကာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်အောက်တွင် ပေါ်လာသည်။
ထိုအခိုက်အတန့်၌ သူသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ခြုံလွှမ်းထား၏။ သူ့ကို တွေ့မြင်ရသူတိုင်းမှာ သူ့အား ပူဖော်သမှု ပြုရမည့်အလား။ သူက သူ့ညာလက်ကို ပင့်မြှောက်ကာ အောက်ဘက်ရှိအဘိုးအိုထံသို့ ညွှန်လိုက်၏။ သူ့စကားလုံးများသည် မိုးကြိုးဟိန်းသံအလား ထွက်ပေါ်လာလေ၏။
“အဆင့်နိမ့်နယ်မြေရဲ့ ကျင့်ကြံသူ။ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့ နတ်ဘုရားပြစ်ဒဏ်မှာ ရှင်သန်အောင်လုပ်ပါ…” ကျန်းကျင်ယွမ်၏ စကားလုံးများ ပဲ့တင်ထပ်လာရင်း တိမ်တိုက်များထဲမှ မိုးကြိုးတန်းတစ်ခု ထိုးထွက်လာသည်။
လျိုပေဆိုသော အဘိုးအိုသည် မင်သက်စွာဖြင့် နတ်ဘုရားပြစ်ဒဏ်အတွင်းမှ မည်းမည်းသဏ္ဌာန်များကို စိုက်ကြည့်နေမိသည်။ သူ့ဦးရေပြားပင် ထုံထိုင်းသွားသလို ခံစားရ၏။ သူသည် သူ့နတ်ဘုရားပြစ်ဒဏ်က အခုလောက်များပြားသော ကောင်းကင်ဘုံသားများကို စွဲဆောင်မိစေမည်ဟု မထင်ထားမိပေ။
သို့ပေမည့် အလားတူစွာ သူ့စိတ်နှလုံးထဲ၌ ဂုဏ်ယူမှုအာရုံ ပြည့်လာ၏။ သူက မာန်သွင်းကာ သူ့ခွန်အားပြည့်ကို ထုတ်ဖော်လျက် နတ်ဘုရားပြစ်ဒဏ်ဆီ တိုးဝင်သွားသည်။
တုန်ဟည်းသံများ မြည်ဟိန်း၏။ လောကသည်ပင် တုန်ယင်ကာ မိုးစက်များ လွင့်စင်ကုန်သည်။ မိုးကြိုး ပျောက်ကွယ်သွားပြီးနောက် အဘိုးအို၏မျက်နှာမှာ ဖြူရောနေပေပြီ။ သူ့ရှေ့ရှိ ရတနာများလည်း တစစီ ဖြစ်သွားခဲ့ပြီ။
သို့ရာတွင် သူသည် မျှော်လင့်ချက် မမဲ့ပေ။ သူ့မျက်လုံးထဲ၌ အလျော့မပေးမည့်အကြည့် လှစ်ပေါ်၏။ သူက သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ အတားအဆီးများစွာ ချခင်း၍ ဒုတိယမြောက်နတ်ဘုရားပြစ်ဒဏ်အတွက် ပြင်ဆင်သည်။
ဝမ်လင်းသည် ထိုအခြင်းအရာများကို စိုက်ကြည့်နေရင်း သူ့စိတ်သည် တုန်ယင်မိသည်။ သူ့ကိုယ်သူ အချိန်အတန်ကြာသည့်ထိပင် တည်ငြိမ်အောင် မလုပ်နိုင် ဖြစ်ရ၏။ ထိုအခိုက်တွင် ခုမှ သည်နေရာသို့ ပထမဆုံးအသစ် ရောက်လူသူများထဲမှ ဝတ်စုံနက်နှင့်လူငယ်တစ်ယောက်က မေးလာ၏။” ရောင်းရင်းကျင့်ကြံသူ။ သူ့ကို နတ်ဘုရားပြစ်ဒဏ်တစ်ခုတည်းနဲ့ ဘာကြောင့် ချက်ခြင်း မသတ်ပစ်ဘဲ၊ တဖြည်းဖြည်းနဲ့မှ နတ်ဘုရားပြစ်ဒဏ်ရဲ့စွမ်းအားကို တိုးတာလဲ…”
ထိုမေးခွန်း မေးလိုက်ချိန်တွင် ဝမ်လင်း၏မျက်လုံးထဲ၌ ထူးဆန်းသောအလင်းတစ်ခု လှစ်ခနဲ ပေါ်သည်။ သူ တွေ့ကြုံခဲ့ရသော နတ်ဘုရားပြစ်ဒဏ်များမှာလည်း အခုလိုပုံစံမျိုးပင် မဟုတ်လား။ အစပိုင်းတွင် အားပျော့ကာ နောက်ပိုင်းတွင် ပိုပိုအစွမ်းထက်လာသည့် သဘော ရှိနေသည် မဟုတ်လား။
ဝမ်လင်းသည် ဤခုနစ်သန်းလောကသို့ မဝင်ရောက်လာခင်တုန်းက ထိုမေးခွန်းမှာ သူ့စိတ်ထဲတွင် ပေါ်မလာခဲ့ဖူးပေ။ သို့ရာတွင် ခုချိန်တွင်တော့ ယင်းမေးခွန်းက ဝမ်လင်း၏စိတ်ထဲ သံသယ ဝင်လာစေတော့သည်။
“ကောင်းကင်ဘုံဟာ စင်ကြယ်တယ်။ အန္တရာယ်ရှိစေရင်တောင်မှ မျှော်လင့်ချက်အရိပ်အယောင်တစ်ခုကိုတော့ ကောင်းကင်ဘုံဟာ ပေးစမြဲပဲ။ နတ်ဘုရားပြစ်ဒဏ်မိုးကြိုးဟာ ဒီနိမ့်ကျတဲ့နယ်မြေရဲ့ ကျင့်ကြံသူတွေအတွက် သူတို့ကိုယ်သူတို့ ဓားတစ်ချောင်းလို သွေးလို့ရတဲ့အရာပဲ။ ဒါ့ကြောင့် နတ်ဘုရားပြစ်ဒဏ်တစ်ခုပြီးတစ်ခု စေလွှတ်ပေးတာဟာ အဖျက်စီးမခံရခင် သူတို့ကို ကောင်းကင်ဘုံရဲ့ခွန်အားကို အမှန်တကယ် ခံစားမိအောင် လုပ်ပေးနိုင်တယ်။ တကယ်တော့ ဒါတွေဟာ ကလန်ကပြောထားတဲ့ ဘာအဓိပ္ပာယ်မှ မရှိတဲ့ဟာတွေပဲ…”
“ဒါပေမဲ့ နတ်ဘုရားပြစ်ဒဏ်ရဲ့ အားက တဖြည်းဖြည်း တိုးတက်လာစေတဲ့ အစစ်အမှန်အကြောင်းအရင်းဟာ ဒီနိမ့်ကျတဲ့နယ်မြေရဲ့ ကျင့်ကြံသူတွေရှိကနေ ရုန်းကန်ပြီး အလျော့မပေးမယ့်စိတ်ဆန္ဒ ပိုထွက်လာအောင်လို့ပဲ။ ဒီလိုနည်းနဲ့ ဒီနိမ့်ကျတဲ့ကျင့်ကြံသူတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ဆန်းကြယ်တဲ့မိုးကြိုး မွေးဖွားလာနိုင်မှာ ဖြစ်တယ်…” ကျိုးဟု အမည်ရသော ကျင့်ကြံသူက ဖြည်းဖြည်းချင်း ပြောပြသည်။
သူ့စကားလုံးများက ဝမ်လင်း၏ နားထဲသို့ ကွဲပြားသောအဓိပ္ပာယ်ဖြင့် ဝင်ရောက်လာ၏။ သူက မျက်လုံးမှိတ်လိုက်သည်။ သူ့စိတ်ထဲ၌ လှိုင်းထန်နေပေပြီ။ သူက တစ်စုံတစ်ခုကို ခပ်ရေးရေး နားလည်လာမိသည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်နေ၏။ ဒုတိယကြိမ်၊ တတိယကြိမ်၊ လေးကြိမ်မြောက်၊ ငါးကြိမ်မြောက် နတ်ဘုရားပြစ်ဒဏ်များသည် ကျန်းကျင်ယွမ်၏ ထိန်းချုပ်မှုအောက်ကနေ ထိုးထွက်သွားကြ၏။ ထိုအခိုက်တွင် သူသည် စိတ်လှုပ်ရှားမှုအပြည့် အမူအရာ ဖြစ်ပေါ်နေသည်။
“ငါဟာ ကောင်းကင်ဘုံတာအိုပဲ။ ငါဟာ မိုးကြိုးကို အမိန့်ပေးတယ်…”
မိုးကြိုးတုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်၏။ နတ်ဘုရားပြစ်ဒဏ်ရှေ့တွင် အဘိုးအိုသည် သွေးအန်လိုက်ရသည်။ သူ့ခန္ဓာကိုယ်မှာ သွေးအလိမ်းလိမ်း ဖြစ်ကုန်သည်။ သူ့မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့မှု အရိပ်အယောင် ပေါ်လာသည်။ ထိုအခိုက်တွင် ခြောက်ကြိမ်မြောက် နတ်ဘုရားပြစ်ဒဏ် သက်ဆင်းလာ၏။
ခြောက်ကြိမ်မြောက်နတ်ဘုရားပြစ်ဒဏ်သည် ဆယ့်နှစ်ပေခန့် ကျယ်ပြော၏။ ၎င်းက မြေကမ္ဘာကို သာ၍အပြင်းအထန် တုန်ခါစေလေသည်။
ထိုနတ်ဘုရားပြစ်ဒဏ် ကျဆင်းလာချိန်၌ အဘိုးအိုသ် သူ့ဘဝတွင် နောက်ဆုံးအဖြစ် မာန်သွင်းကာ ရုန်းကန်သည်။
“ငါ ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာချင်တယ်…”
သူ့အသံမှာ ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ ၎င်းအသံက ဝမ်လင်း၏နားထဲ ဝင်ရောက်လာပြီး သူ့အား မျက်လုံးပြန်ဖွင့်စေသည်။
ခြောက်ကြိမ်မြောက်မိုးကြိုး ကျဆင်းလာချိန်တွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်မည်၏။ အဘိုးအို၏ခန္ဓာကိုယ်မှာ ပျက်စီးသွားပြီး သူ့စိတ်ဝိညာဉ် ဖျက်စီးခံလိုက်ရပေပြီ။
***