← Chapters

အစွမ်းထက်မိုးကြိုးကျင့်ကြံသူတစ်ယောက်၏ လမ်းကြောင်း

Vol. 101 Ch. 1394

အစွမ်းထက်မိုးကြိုးကျင့်ကြံသူတစ်ယောက်၏ လမ်းကြောင်း

Vol. 101 Ch. 1394

လောကပေါင်းခုနစ်သန်းရှိခြင်းက ဤနေရာကို အတောမသပ်ကျယ်ပြောသလို ထင်ရစေသည်။ သို့ပေမည့် ပြန့်ကြဲမိုးကြိုးကလန်ဝင်များသည် မျက်ကန်းတစ္ဆေကဲ့သို့ ရှာဖွေဖို့ မလိုပေ။ တစ်စုံတစ်ယောက်က သူတို့၏နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်ချိန်တိုင်းမှာ ပြန့်ကြဲမိုးကြိုးကလန်ဝင်များ ကိုင်ဆောင်ထားသော အဆောင်က ၎င်းအဖြစ်ကို ထောက်လှမ်းပေလိမ့်မည်။ ထို့နောက် အနီးဆုံးရှိ ပြန့်ကြဲမိုးကြိုးကလန်ဝင်သည် ယင်းနေရာသို့ တည်နေရာရွှေ့ပြောင်းကာ ကောင်းကင်ဘုံသား ဖြစ်လာရုံပင်။

ဝမ်လင်းသည် ခုနစ်သန်းလောကတွင် ရွှေ့လျားကာ ဂြိုဟ်များကို ကြည့်နေရင်း သူ့စိတ်နှလုံးထဲ၌ ရှုပ်ထွေးသောခံစားချက်တစ်ခု မြင့်တက်လာနေသည်။ သူသည် အစစ်အမှန်လောကနှင့် ခွဲမရသော ဤလောကကို ကြည့်နေလျက် သူ့အမူအရာမှာ သုန်မှုန်နေသည်။ အချိန်အတန်ကြာပြီးနောက် သူသည် သက်ပြင်းချလိုက်၏။ ထို့နောက် သူက သူ့ညာလက်ကို ဖြန့်လိုက်ရာ ပြန့်ကြဲမိုးကြိုးကလန်အမှတ်အသားဆယ်ခုကျော် သူ့လက်ကြားထဲတွင် ပေါ်လာသည်။

ယင်းအမှတ်အသားအားလုံးကို ချေမွပစ်ပြီးနောက် မိုးကြိုးသလင်းကျောက်နှင့် လဲလှယ်နိုင်သော ပစ္စည်းများစွာ တရဟော ထွက်ပေါ်လာသည်။ ယင်းတို့အားလုံးကို သိမ်းဆည်းပြီးနောက် ဝမ်လင်းသည် အမှတ်အသားများထံမှ ကျန်နေသော မိုးကြိုးကို ကြည့်လိုက်သည်။

ယင်းမိုးကြိုးတို့မှာ မပြီးပြည့်စုံသော စိတ်ဝိညာဉ်မိုးကြိုးအရိပ်အမြွက်များ ဖြစ်ကြသည်။ ၎င်းတို့အားလုံးကို ကျန်းကျင်ယွမ်နှင့် အခြားလူများက ဤခုနစ်သန်းလောကသို့ အသစ်ရောက်လာသော သူများထံမှ နှစ်ပေါင်းများစွာ လုယူ၍ စုဆောင်းထားကြခြင်းပင်။ ၎င်းတို့အားလုံးမှာ တစ်ထောင်နီးနီး ရှိပေမည်။ တစ်ခုတည်းအဖြစ် ပေါင်းစပ်လိုက်ပါက ပြီးပြည့်စုံသော စိတ်ဝိညာဉ်မိုးကြိုးတန်းတစ်ခု ဖြစ်ပေါ်လာနိုင်လောက်သည်။

ဝမ်လင်းသည် သူ့လက်ကို ဝေ့ယမ်းလိုက်ရာ စိတ်ဝိညာဉ်မိုးကြိုး အမျှင်တန်းတစ်ထောင်နီးပါးသည် စတင်ပေါင်းစပ်လေ၏။ တဖြည်းဖြည်းဖြင့် ၎င်းတို့သည် တစ်ခုတည်းအဖြစ်သာ ကျန်ရစ်လာသည်။

အဝေးမှ ကြည့်ပါက မိုးကြိုးနှင့်ပင် မတူတော့၊ အခိုးအငွေ့လုံးတစ်လုံးလို ဖြစ်နေ၏။ ၎င်းအလုံးအတွင်း၌ မရေမတွက်နိုင်သော မျက်နှာများ ရှိကာ အလျင်အမြန် ပြောင်းလဲနေလျက် ရှိသည်။

၎င်းသည် မိုးကြိုးနှင့် လုံးဝ မတူတော့ဟု ထင်ရသော်လည်း အတွင်း၌ ထူးဆန်းသောမိုးကြိုးအားတစ်ခု ရှိနေ၏။ ၎င်းသည် ဝမ်လင်း ကျင့်ကြံခဲ့သော မိုးကြိုးနှင့် လုံးဝ ခြားနားသည်။ သို့သော် ၎င်းမိုးကြိုးပေါ်လာသည်နှင့် ဝမ်လင်း၏ညာမျက်လုံးထဲရှိ မိုးကြိုးသည် အလျင်အမြန် တဖျပ်ဖျပ် လင်းလက်သည်။

အခိုးအငွေ့လုံးသည် တုန်ယင်လျက် ဝမ်လင်း၏ညာမျက်လုံးရှိ တိုးဝင်လာသည်။ ၎င်းသည် ချက်ခြင်း သူ့ညာမျက်လုံးအတွင်း ဝင်ရောက်ကာ သူ့မူလစိတ်ဝိညာဉ်ထံ ရောက်သည်။ ၎င်းက ဝမ်လင်း၏မူလစိတ်ဝိညာဉ်အတွင်းမှ မိုးကြိုးနှင့် ပေါင်းစပ်သည်။

ဝမ်လင်း၏ခန္ဓာကိုယ်ထဲ၌ မိုးကြိုးသည် အရူးအမူး တုန်ဟည်းသည်။ သူ့ဆံပင်တို့မှာ လေမတိုက်ပါဘဲ ရွှေ့လျားနေ၏။ သူ့ခန္ဓာကိုယ်သည် အဆုံးမဲ့မိုးကြိုးကို ပေးစွမ်းသည်။ သူသည် နေမင်းအလား တောက်ပ၏။ သို့သော် မိုးကြိုးတို့သည် အဘက်ဘက်သို့ ပြန့်ကြဲကုန်သည်။

မိုးကြိုးနှစ်ခု ပေါင်းစပ်သွားခိုက်တွင် သူ့မူလစိတ်ဝိညာဉ်ထဲ၌ မိုးကြိုးတုန်ဟည်းသံတို့ ပဲ့တင်ထပ်သည်။ သူ့မူလစိတ်ဝိညာဉ်အတွင်းရှိ မိုးကြိုးထံမှ ရှေးဟောင်းအချိန်များကဟု ထင်ရသော မှတ်ဉာဏ်အပိုင်းအစများ တရကြမ်း ထွက်ပေါ်လာ၏။

မှတ်ဉာဏ်များစွာသည် ဝမ်လင်း၏မူလစိတ်ဝိညာဉ်အနှံ့ မုန်တိုင်းတစ်ခုအလား ရိုက်ခတ်သည်။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်ကို တုန်ယင်သွားစေ၏။ သူ့ရှေ့ရှိလောကသည် မိုးကြိုးကြောင့် နှစ်ပိုင်းကွဲထွက်သွားသည့်အလား။ လောက၏ ရှင်းလင်းသောပုံရိပ်တစ်ခုသည် ဝမ်လင်း၏ရှေ့၌ သိသာစွာ ထွက်ပေါ်လာသည်။

ထိုမှာ မိုးကြိုးစမွေးဖွားစဉ်ကတည်းက တည်ရှိခဲ့သော မိုးကြိုးအနှစ်သာရ၏ အမွေအနှစ်တစ်ခုပင်။ ထိုမှတ်ဉာဏ်သည် မိုးကြိုးအနှစ်သာရများအတွင်း၌သာ ရှိနေပြီး ပွင့်ထွက်ခဲသည်။ ယနေ့တွင် ဝမ်လင်းသည် ပြီးပြည့်စုံသော စိတ်ဝိညာဉ်မိုးကြိုးတန်းကို စုပ်ယူလိုက်သည့်အခါ အဟတစ်ခု ဖြစ်ပေါ်ကာ မှတ်ဉာဏ်များထဲမှ အချို့အဝက် စိမ့်ထွက်လာခြင်း မည်၏။

ထိုပုံရိပ်ထဲရှိ လေဟာနယ်ထံမှ အဆုံးမရှိမိုးကြိုးတန်းတစ်ခု ထွက်ပေါ်နေ၏။ ထိုမိုးကြိုးတွင် အနှစ်သာရစွမ်းအား ပါဝင်သည်။ ၎င်းမိုးကြိုးတန်းကို ဝန်းရံထားသည်ကား မတူညီသောမိုးကြိုးကိုးမျိုးပင်။ ယင်းမိုးကြိုးတို့မှာ အတူတကွတည်ရှိ၍ ဆန်းကြယ်သောပုံစံကွက်တစ်ခု ဖြစ်တည်နေသည်။

မိုးကြိုးအနှစ်သာရကို ဗဟိုပြုချက် ကျန်မိုးကြိုးကိုးခုတို့မှာ ၎င်းကို အဖော်ပြုပေးထားခြင်းသာ။ ယင်းတို့က လှည့်ပတ်ချိန်၌ ကိုယ်ပိုင်လောကတစ်ခုစီ ဖြစ်ပေါ်ကာ ပြီးပြည့်စုံမှုအသိအာရုံကို ပေးစွမ်းလေဟန် ထင်ရသည်။

ယင်းမှာ အစစ်အမှန်မိုးကြိုးအနှစ်သာရတည်း။

ရှေးဟောင်းအသံတစ်ခုသည် အချိန်ကို ချိုးဖျက်လာကာ ဝမ်လင်း၏နားနှစ်ဖက်အတွင်းသို့ တိုးဝင်လာသည်။ ထိုအသံမှာ အလွန်တရာ ရှေးကျလှသည်။ “မိုးကြိုးကိုးခုဟာ အကန့်အသတ်တွေပဲ။ သူတို့ဟာ မိုးကြိုးအနှစ်သာရ မွေးဖွားလာမှုနဲ့အတူ ဖြစ်ပေါ်လာခဲ့ကြတာ။ မိုးကြိုးကိုးခုအထက်မှာ ဆယ်ခုမြောက်ပဲ။ မိုးကြိုးဆယ်ခုဆို ပြီးပြည့်စုံခြင်းပဲ။ မိုးကြိုးအနှစ်သာရ၊ ပြီးပြည့်စုံမှုကို ရောက်ရှိပြီ…”

သူသည် ထိုအသံကို ကြားလိုက်ရသည်နှင့် သူ၏မူလစိတ်ဝိညာဉ်မှာ တုန်ယင်သွား၏။ ထို့နောက် သူ့ရှေ့ရှိ အရာအားလုံးမှာ ပြိုကျပျက်စီးသွားသည်။ ဝမ်လင်း ပြန်အသိဝင်လာ၏။ သူသည် ခုနစ်သန်းလောကများအတွင်း၌ ရှိနေဆဲပင်။ အရာအားလုံးသည် မှိန်ဖျော့ဖျော့အလင်းနှင့်အတူ မှောင်မိုက်လို့နေဆဲသာ။ သို့ပေမည့် ဝမ်လင်းသည် ခုချိန်တွင် ချွေးပြန်နေပေပြီ။ သူ့မျက်လုံးထဲ၌လည်း တုန်လှုပ်မှု ပြည့်နှက်နေ၏။

သူ့ညာမျက်လုံးထဲ၌ မူလကတည်းက မိုးကြိုးတစ်ခု ရှိခဲ့ပြီးပင်။ သို့သော် ခုချိန်၌ ဒုတိယတစ်ခု အရိပ်အယောင် ရှိလာပြီ ဖြစ်သည်။ ၎င်းက အလွန်သေးငယ်သေး၏။

ထိုသေးငယ်သောမိုးကြိုးတန်းက ဝမ်လင်း၏ညာမျက်လုံးထဲရှိ မူလရှိနှင့်သောမိုးကြိုးကို လှည့်ပတ်လို့နေသည်။ ၎င်း လှည့်ပတ်လိုက်တိုင်း ဝမ်လင်း၏ မူလကမိုးကြိုးကို အနည်းငယ်မျှ တောက်ပသွားစေသည်။

ဝမ်လင်း၏စိတ်ထဲ၌ မိုးကြိုးအပေါ် နားလည်မှုသည် ပြည့်နှက်လာသည်။ အချိန်အတန်ကြာပြီးနောက် ဝမ်လင်း၏တုန်လှုပ်မှုက အရှိန်သေသွားကာ သူ့မျက်လုံးတို့သည် တောက်ပသည်။ အရာအားလုံးမှာ ပိုရှင်းလင်းလာသည်။

“ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အဆိုအရ လောကမှာ မိုးကြိုးခြောက်မျိုးရှိတယ်။ ဒါပေမဲ့ သူတို့ဟာ ခြောက်မျိုးမဟုတ်ဘဲ ကိုးမျိုးရှိကြောင်းကိုတော့ မသိကြဘူး။ မိုးကြိုးကိုးမျိုးလုံးဟာ မိုးကြိုးအနှစ်သာရနဲ့အတူ တည်ရှိနေတာ။ ဒီလိုဆိုရင် ပြီးပြည့်စုံတဲ့မိုးကြိုးဆိုတာ မတူညီတဲ့မိုးကြိုးအမျိုးအစားဆယ်ခုပဲ…”

“ငါ့မူလမိုးကြိုးဟာ ဖြစ်ပေါ်ခဲ့ပြီး ဖြစ်တယ်။ ဒါဟာ ဒီပြန့်ကြဲမိုးကြိုးကလန်ရဲ့ ထာဝရမိုးကြိုးရဲ့ အဆင့်တူတည်ရှိမှုပဲ။ ဒါ့အပြင် ဒီမိုးကြိုးဟာ မိုးကြိုးအနှစ်သာရဆိုလည်း ဟုတ်တယ်။ ငါ ထာဝရမိုးကြိုးကို စုပ်ယူပြီး ငါ့မိုးကြိုးကို အစွမ်းပိုထက်စေနိုင်ပြီ။ ငါသာ အခြားမိုးကြိုးတွေကိုပါ ရှာနိုင်ခဲ့ရင်တော့ ငါ့မူလမိုးကြိုးဟာ ပြီးပြည့်စုံတဲ့အဆင့်ရောက်ပြီပဲ…”

“ဒီပြီးပြည့်စုံတဲ့ မိုးကြိုးအနှစ်သာရနဲ့ ဆိုရင်ငါဟာ ဒုတိယအဆင့်ကျင့်ကြံမှုကိုတောင် ချိုးဖျက်နိုင်ပြီး တတိယအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။ ခုချိန်မှာတော့ ငါဟာ စိတ်ဝိညာဉ်မိုးကြိုးကို စုပ်ယူခဲ့ပြီး ဖြစ်တယ်။ နောက်ထပ် ရှစ်ခု ကျန်သေးတယ်….”

ဝမ်လင်း၏ အနာဂတ်ကျင့်ကြံမှုလမ်းကြောင်းမှာ ခုချိန်လောက် ဘယ်တုန်းကမျှ မရှင်းလင်းဖူးခဲ့ပေ။

သူ့မိုးကြိုးအနှစ်သာရမှ မှတ်ဉာဏ်အပိုင်းအစတစ်ခုသည် သူ့အတွက် တံခါးချပ်တစ်ခုကို ဖွင့်လှစ်ပေးခဲ့ခြင်းပင်။ သူသာ ပြန့်ကြဲမိုးကြိုးကလန်သို့ ရောက်လာခဲ့ပြီး ဤခုနစ်သန်းလောကအတွင်းသို့ မဝင်ရောက်ခဲ့ပါက ယခုကဲ့သို့ မိုးကြိုးနှင့်ပတ်သတ်၍ အမှန်တရားကို ရှာမတွေ့နိုင်တာ ဖြစ်နိုင်၏။

ပြန့်ကြဲမိုးကြိုးကလန်သည် ဝမ်လင်းကို ကံကောင်းမှုကြီးတစ်ခုအား သွယ်ဝိုက်ကာ ပေးခဲ့သည်ဟု ဆိုနိုင်၏။

ဝမ်လင်း၏မျက်လုံးထဲရှိ မိုးကြိုးသည် တလက်လက် တောက်ပသည်။ သူ့ညာမျက်လုံးထဲရှိ မိုးကြိုးသည် အတွေးတစ်ချက်ဖြင့်ပင် ပျံသန်းထွက်လာကာ သူ့ရှေ့တွင် စတင်လွင့်မြော၏။ ထိုမိုးကြိုးအနှစ်သာရတွင် အသက်ဓာတ် ပြည့်ဝနေသည်။ ၎င်းကို သေးငယ်သောမိုးကြိုးတန်းတစ်ခုက ဝန်းရံထားသေး၏။

ထိုအခြင်းအရာမှာ အစောပိုင်းက သူ တွေ့မြင်ခဲ့ရသော မိုးကြိုးပုံစံကွက်နှင့် အလွန်တူ၏။ တစ်ခုကွာခြားသည်ဟူ၍ ၎င်းမှာ အတူယှဉ်တွဲတည်ရှိသော အခြားမိုးကြိုးရှစ်ခု ကင်းမဲ့နေခြင်းသာ။ အခု သူ့မူလမိုးကြိုးနှင့်အတူ တည်ရှိနေသော မိုးကြိုးငယ်မှာ အလွန်အားနည်းသေး၏။ ၎င်းက တည်ရှိသည်မှန်သော်လည်း အရိပ်အမြွက်မျှသာ။

သူ့ညာမျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ မပြီးပြည့်စုံသေးသော မိုးကြိုးအနှစ်သာရသည် ချက်ခြင်းပင် သူ့ညာမျက်လုံးအတွင်းသို့ ပြန်ဝင်ရောက်သွားသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ငါဟာ သူတို့ရဲ့နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နေတဲ့ သူတွေကို သတ်ဖို့ ဆန္ဒမရှိဘူး။ ဒါပေမဲ့ ငါ ပြန့်ကြဲမိုးကြိုးကလန်ဝင်တွေကိုတော့ သတ်မယ်။ သူတို့ရှိကနေလည်း စိတ်ဝိညာဉ်မိုးကြိုးအမျှင်တန်းတွေကို အရယူမယ်…”

သူသည် နှာခေါင်းရှုံ့လိုက်ရင်း ပျောက်ကွယ်သွားလေ၏။ သူ့နတ်ဘုရားအာရုံကို ဖြန့်ကျက်သည်။ လှိုင်းဂယက်တစ်ခုနှင့်အိပ်မက်ဆိုးတစ်ခုသည် ဤခုနစ်သန်းလောကများတွင် အစပြုလေပြီ။

ဟင်းလင်းပြင်ကို ဖြတ်၍ ပြန့်ကြဲမိုးကြိုးဝင်အချို့ သွားလာနေကြ၏။ သူတို့ထဲ၌ အနိမ့်ဆုံးအဆင့်ကျင့်ကြံသူမှာ အာဏာတက်ခြင်းတွင် ရှိ၍ အမြင့်ဆုံးသည် အထည်ဒြပ်ယန်အဆင့်တွင် ရှိသည်။ သူတို့သည် သူတို့၏တုန်ကင်အဆောင်များကို အာရုံစိုက်ထားပြီး တစ်ခုခု ထောက်လှမ်းမိသည်နှင့် ယင်းနေရာသို့ ချက်ခြင်း သွားရောက်ပေမည်။

“ဒီစိတ်ဝိညာဉ်မိုးကြိုးဟာ စုဆောင်းဖို့ အတော်လေးကို ခက်ခဲတယ်။ ငါတို့ဟာ ဒီနိမ့်ကျတဲ့ကျင့်ကြံသူ လေးယောက်ကို သတ်ခဲ့ပြီးပြီး။ ဒါပေမဲ့ ဘယ်သူကမျှ စိတ်ဝိညာဉ်မိုးကြိုးကို မပေးစွမ်းနိုင်ခဲ့ကြဘူး…”

“အလျင်လိုစရာ မရှိပါဘူး။ ဒါက ကံကောင်းဖို့ပေါ် မူတည်နေတာကို။ ဘာစိတ်ဝိညာဉ်မိုးကြိုးမှ မပေါ်လာခဲ့ရင်လည်း ငါတို့ တခြားလူတွေရှိကနေ လုယူရုံပေါ့…”

အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူသည် မောက်မာမှုအပြည့်ဖြင့် ပြောလိုက်သည်။

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် ချက်ခြင်းပင် သူ့ကို မြှောက်ပင့်လိုက်ကြတော့သည်။

ထိုစဉ် အာဏာတက်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က စဉ်းစားမရဟန်ဖြင့် ရှေ့တည့်တည့်သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ “အားလုံးပဲ။ သင်တို့ ဒါကို အရင်က မြင်ခဲ့ဖူးလား။ ငါတော့ အရင်တုန်းက ဒီခုနစ်သန်းလောကမှာ ဒီအရာကို လုံးဝ မမြင်တွေ့ဖူးဘူး…”

သူ့စကားဆုံးခင်မှာပင် သူ ညွှန်ပြလိုက်သောနေရာကနေ မိုးကြိုးတုန်ဟည်းသံတစ်ခု ထွက်ပေါ်လာ၏။ ထိုတုန်ဟည်းသံသည် နီးကပ်လာကာ လူတိုင်း၏အာရုံကို စွဲဆောင်သည်။ အထည်ဒြပ်ယန်အဆင့်ကျင့်ကြံသူ၏ မျက်လုံးသည် ပြူးကျယ်ကာ ထိတ်လန့်မှု ပြည့်နှက်သွားသည်။

ပေတစ်သောင်းမကသော မိုးကြိုးမုန်တိုင်းတစ်ခုသည် သူတို့ရှေ့၌ ဝုန်းဒိုင်းကြဲလာ၏။ ၎င်းသည် နီးကပ်လာခြင်းမရှိခင်မှာပင် သူတို့သည် ထိုမုန်တိုင်းအစွန်းသပ်နား၌ လျှပ်စီးတန်းများသည် မြွေများအလား ရွှေ့လျားနေသည်ကို တွေ့မြင်လိုက်ရသည်။ မိုးကြိုးသံသည် ကမ္ဘာမြေအက်ကွဲသည့်အလား။

“ဒါက ဘာကြီးလဲ…ထွက်ပြေးကြတော့…” ထိုကျင့်ကြံသူများသည် ချက်ခြင်း ဖြူရောကုန်၏။ သူတို့၏ ဦးရေပြား ထုံထိုင်သွားသလို ခံစားရကာ နောက်ဆုတ်ကြသည်။ အချို့အနည်းငယ် ထက်မြက်သူများက တည်နေရာရွှေ့ပြောင်းရန် ပြင်သည်။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူမှာလည်း ထိုအချို့ထဲက တစ်ယောက်အပါအဝင် ဖြစ်၏။

သို့ပေမည့် သူတို့သည် နှေးကွေးလှ၏။ ချက်ခြင်းပင် မိုးကြိုးမုန်တိုင်းသည် ရုတ်တရက် အရှိန်မြင့်လာကာ သူတို့အား လွှမ်းခြုံသည်။ အထည်ဒြပ်ယန်အဆင့် ကျင့်ကြံသူပင် တည်နေရာရွှေ့ပြောင်းခြင်းကနေ အတင်းအကန် ပြန်လွင့်စင်လာကာ ဤမိုးကြိုးမုန်တိုင်ထဲသို့ စုပ်သွင်းခြင်း ခံလိုက်ရသည်။

အော်သံဟစ်သံများက မိုးကြိုးသံနှင့် ယှဉ်ပါက မထင်မရှား ဖြစ်ကုန်၏။ ထိုကျင့်ကြံသူအားလုံး သေဆုံးကုန်သည်။

ယင်းမိုးကြိုးမုန်တိုင်းက ကြယ်များကြား ဖြတ်သန်းသွား၏။ ထိုမုန်တိုင်းအတွင်း၌ ဧရာမမျက်နှာကြီး လှစ်ပေါ်နေ၏။၎င်းမျက်နှာမှာ ဝမ်လင်း၏မျက်နှာပင်။

မုန်တိုင်းအတွင်း၌ သူ့မျက်နှာသည် ကွယ်ဝှက်နေလျက် ယင်းမုန်တိုင်းသည် ရှေ့ဆက်တိုက်ခတ်၏။ ပြန့်ကြဲမိုးကြိုးကလန်၏ မည်သည့်ကလန်ဝင်မျှ ထိုမိုးကြိုးမုန်တိုင်းရှေ့တွင်‌ သေခြင်းကနေ မလွတ်မြောက်နိုင် ဖြစ်ရသည်။

ပြန့်ကြဲမိုးကြိုးကလန်၏ နိဗ္ဗာနကြိုမြင်ခြင်းအဆင့် အဘိုးအိုတစ်ယောက်သည် ဟင်းလင်းပြင်ထဲ၌ ရွှေ့လျားနေ၏။ သို့ပေမည့် ထိုအခိုက်တွင် သူ့ခန္ဓာကိုယ်သည် တုန်ယင်ကာ သူသည် ရုတ်တရက် နောက်လှည့်ကြည့်သည်။ သူ့မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွားကာ သူ့မျက်လုံးထဲ၌ မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သည်။

သူ ထွက်မပြေးနိုင်ခင်မှာပင် မိုးကြိုးမုန်တိုင်း ရိုက်ခတ်လာကာ သူ့အား ဝါးမြိုသွားပြီးနောက် ၎င်းသည် ရှေ့သို့ ဆက်သွားသည်။

ဝမ်လင်းသည် သတ်ဖြတ်မှုကြီး စတင် ပြုလုပ်နေ၏။ ယင်နှင့်ယန်အဆင့် ကျင့်ကြံသူဖြစ်စေ၊ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ကျင့်ကြံသူများဖြစ်စေ ထိုမိုးကြိုးမုန်တိုင်းကို မခုခံနိုင်ကြပေ။ သူတို့အားလုံး ဝါးမြိုခံရ၏။

ရက်အနည်းငယ်အတွင်း ဝမ်လင်းလက်ချက်ဖြင့် ကျင့်ကြံသူတစ်ထောင်နီးပါး သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ သူတို့၏အမှတ်အသားများအတွင်းရှိ အရာအားလုံးကလည်း ဝမ်လင်း အပိုင် ဖြစ်လာခဲ့သည်။ သူသည် ထိုသူများထံမှ ပြီးပြည့်စုံသောစိတ်ဝိညာဉ်မိုးကြိုးတန်းလေးခုကိုလည်း ရရှိခဲ့သေး၏။

ထိုစိတ်ဝိညာဉ်မိုးကြိုးတန်းလေးခုလုံးမှာ ဝမ်လင်း၏ ညာမျက်လုံး၏ စုပ်ယူခြင်း ခံရပြီး ဆက်လက်တောက်ပနေသည်။

ဝမ်လင်း၏မိုးကြိုးက နိဗ္ဗာနကြိုမြင်ခြင်းအဆင့် သုံးယောက်ကို သတ်ဖြတ်ပစ်ပြီး၊ လေးရက်မြောက်နေ့တွင် တစ်စုံတစ်ယောက် နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်တော့မည်ကို ညွှန်ပြသော သူ့တုန်ကင်အဆောင်သည် ရုတ်တရက် တုန်ယင်လာ၏။ သို့ပေမည့် ထိုတုန်ယင်မှုသည် လျှပ်တပြတ်အတွင်း ရပ်တန့်သွားသည်။ တစ်ယောက်ယောက်က ဝမ်လင်းထက်အရင် သွားရောက်နေပြီပင်။

မိုးကြိုးမုန်တိုင်းသည် အရူးအမူး ကျုံ့လာကာ ပြင်းထန်သောဝဲကတော့တစ်ခုအသွင် ဖြစ်ပေါ်၏။ ဝမ်လင်းသည် ထိုဝဲကတော့ထဲကနေ လှမ်းထွက်လာသည်။ သူ့မျက်လုံးသည် တလက်လက် ဖြစ်လျက် သူသည် လက်ထဲရှိ တုန်ကင်အဆောင်နှင့်အတူ ရှေ့သို့ လှမ်းကာ ပျောက်ကွယ်သွားလေသည်။

***

All Chapters