← Chapters

အခန်း ၄၂

Vol. 5 Ch. 42

အခန်း ၄၂

Vol. 5 Ch. 42

အခန်း(၄၂)

ချင်ယန်သည် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်ပြီး မည်သူမှ မရှိကြောင်း သေချာလျှင် လက်ကောက်ဝတ် အတွင်းရှိ သိုလှောင်ခန်းမှ မှော်အစီအရင် သုံးဆယ့်ခြောက်မျိုး ပါသော ဝါးစာလိပ်ကို ထုတ်ယူကာ ဖွင့်ကြည့်လိုက်သည်။

ဝါးစာလိပ်အတွင်းမှ အစီအရင်များနှင့် ယန်ကိုးပါး ဝိဉာဉ်သိုလှောင်မျှော်စင်မှ အစီအရင်များသည် ထပ်တူနီးပါး တူညီနေကြသည်။

"ငါတွေ့ရသမျှ မှော်စာလုံးတွေ အားလုံးနီးပါး တူနေတာပဲ... ဒါကြောင့် အရမ်းရင်းနှီးနေသလို ခံစားနေရတာကိုး"

ချင်ယန် ဝမ်းသာစွာ ရေရွတ်လိုက်သည်။

ထို့နောက် ရှေ့သို့ ဆက်လျှောက်၍ အလွှာ တစ်ခုလုံး၏ နေရာအနှံ့တွင် ရေးထွင်းထားသော မှော်စာလုံး အစီအရင်များကို အလွတ် ကျက်မှတ်လိုက်သည်။

ထို့ပြင် ချင်ယန်သည် သိုလှောင်ခန်း အတွင်းမှ စာရွက်လွတ်များကို ထုတ်၍ ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်၏ မှော်စာလုံး အစီအရင်များကို လျင်မြန်စွာ ကူးယူနေခဲ့သည်။

ရုတ်တရက် အားကောင်းသော စွမ်းအင်လှိုင်း တစ်ခု လှုပ်ရှားလာပြီး ပမာဏများစွာ ပါဝင်သော ယန်စွမ်းအင် ကိုးမျိုးသည် သိုလှောင်မျှော်စင် အတွင်း လျင်မြန်စွာ ပြည့်ဝလာခဲ့သည်။

ယန်ကိုးပါး ဝိဉာဉ်သိုလှောင် မျှော်စင်၏ အစီအရင်များ အသက်ဝင်လာခဲ့ချေပြီ။

ရန်ရှီးယု ပြောခဲ့သည့် အချက်များအရ အဆင့်ငါး သိုင်းခန္ဓာနယ်ပယ်မှ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ တက်ရောက်ခြင်း မပြုမီ ကာလအတွင်း သူ၏ ခန္ဓာကိုယ်တွင် "အရိုးမရီဒျန်"၊ "နှလုံးသားမရီဒျန်" နှင့် "စိတ်ဝိညာဉ်မရီဒျန်" များကို ပုံဖော်ဖွဲ့စည်းရမည် ဖြစ်သည်။

တစ်နည်းဆိုရသော် အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်သို့ မတက်ရောက်မီ အထွတ်အထိပ် အရိုးပုံဖော်ဖွဲ့စည်းခြင်း၊ အထွတ်အထိပ် နှလုံးသားပုံဖော်ဖွဲ့စည်းခြင်း၊ အထွတ်အထိပ် စိတ်ဝိညာဉ် ပုံဖော်ဖွဲ့စည်းခြင်း တို့ကို ပြုလုပ်ထားရမည် ဖြစ်သည်။

ချင်ယန်က တုန်ခါမှု ယွမ်မျိုးစေ့ကို ကြည့်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။

"စိတ်ဝိညာဉ်သွေးကြောကိုးခုနဲ့ တူညီတဲ့ စွမ်းရည် ငါ့မှာရှိတယ်... ဒါပေမဲ့ ငါ့မှာ ယွမ်မျိုးစေ့ နှစ်ခု ရှိနေတာ ဖြစ်လို့ လုံ့လပိုစိုက်ရမယ်... ဒါမှ ငါ ပိုအားကောင်းလာမယ်"

ဆယ်ရက်ကာလက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

ယန်ကိုးပါး ဝိဉာဉ်သိုလှောင် မျှော်စင် အတွင်း ချင်ယန်သည် ပမာဏ အလွန်ကြီးမားသော ဝိညာဉ်စွမ်းအင် ကိုးမျိုးကို စုပ်ယူနိုင်ခဲ့သည်။

သူစုပ်ယူခဲ့သော ပမာဏသည် ပြင်ပကမ္ဘာ၌ နှစ်နှစ်ခန့် လေ့ကျင့်မှုနှင့် ညီမျှ၏။

ကြီးမားသော အစီအရင်ကြီး ရပ်တန့်သွားပြီ ဖြစ်သည်။

ချင်ယန်က လှေကားအောက်သို့ ဆင်းလာခဲ့သည်။

သူက အဆင့်ချိုးဖျက်နိုင်ခြင်း မရှိခဲ့ပေ။

သို့သော် သူ၏ ယွမ်မျိုးစေ့ နှစ်ခုလုံး အပြည့်အဝ ဖွံ့ဖြိုးလာခဲ့သည်။

အဓိကအားဖြင့် သူ၏ အတွင်းစွမ်းအင်များကို ပေါင်းစည်း၍ အတွင်းအားများကို တောင့်တင်းခိုင်မာစေရန် ပြုလုပ်နိုင်ခဲ့ပြီ ဖြစ်သည်။

တစ်ချိန်က ချင်တာရန်သည် ချင်ယန်၏ ဒန်တျန်ကို ပြင်းထန်စွာ ထိုးနှက် တိုက်ခိုက်ခဲ့သည်။

ကံကောင်းထောက်မ၍ သူ၏ ယွမ်မျိုးစေ့သည် ဘေးဥပဒ် မဖြစ်ခဲ့ချေ။

ကံကောင်းမှုအပြင် သူ၏ တုန်ခါမှု ယွမ်မျိုးစေ့က အလိုအလျောက် ကာကွယ်နိုင်စွမ်း ရှိခဲ့သည့် အတွက်လည်း ခံသာသွားခဲ့ခြင်း ဖြစ်သည်။

ထိုအဖိုးတန် ယွမ်မျိုးစေ့ နှစ်ခုကို အသုံးပြု၍ သူ၏ အတွင်းစွမ်းအင်များ ပိုမို သန်မာလာခဲ့ခြင်းပင်။

"ငါ့အနေနဲ့ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ် မဟုတ်သေးပေမဲ့ တကယ်လို့သာ အဆင့်ခြောက် သိုင်းခန္ဓာနယ်ပယ်နဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ရမယ် ဆိုရင် မနိုင်ရင်တောင် မရှုံးနိမ့်နိုင်တော့ဘူး"

ချင်ယန်သည် ရေခဲမျှော်စင် အတွင်းမှ ထွက်လာပြီး ကျဆင်းနေသော ရေခဲနှင့် ဆီးနှင်းများဖြင့် ရေချိုး၍ နှင်းဖုံးတောင်ထွတ်မှ ထွက်ခွာလာခဲ့သည်။

သူက သန့်ရှင်းစင်ကြယ်သော အဖြူရောင်ဝတ်စုံကို လဲလှယ်ဝတ်ဆင်ထားပြီး တောင်အောက်သို့ ဆင်းလာခဲ့သည်။

တောင်အောက်သို့ ရောက်သောအခါ ရန်ရှီးယုက ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရ၏။

သူမက ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး မြင့်မြတ်၍ အေးစက်တင်းမာသော သူမ၏ မျက်နှာအမူအရာက လွန်စွာလှပ တင့်တယ်နေခဲ့သည်။

ချင်ယန်က ပြုံး၍ ပြောလိုက်သည်။

"ဆရာမက အချိန်အတိအကျပဲ"

ရန်ရှီးယုက ပြောလိုက်သည်။

"မင်းက ငါ့ရဲ့တစ်ဦးတည်းသော ကျောင်းသားဖြစ်လို့ ပိုဂရုစိုက်ရမယ်လေ... ဒါ့အပြင် ငါစိုးရိမ်တဲ့ အကြောင်းက ဆရာဝေက လက်ရှိ ဟွာလင်းဝုကျောင်းမှာ ရှိနေတဲ့ အတွက်ပဲ"

"သူ အခုထိ မသွားသေးဘူးလား... သိရသလောက် သူက ဧည့်ခံပွဲ လုပ်မှာဆို... အဲဒါကို မလုပ်ဖြစ်ဘူးလား"

ချင်ယန်က မေးခွန်းထုတ်လိုက်သည်။

ရန်ရှီးယုက သူမ၏ လှပသော နှုတ်ခမ်းများကို တွန့်ကွေးလိုက်၏။

"ဆရာဝေက ဧည့်သည်တွေ အများကြီး ဖိတ်ကြားထားတယ်... ဒါကြောင့် ဧည့်ခံပွဲလုပ်ဖို့ ကြန့်ကြာနေတာပဲ... မင်းကိုလည်း ဖိတ်ထားတယ်.. မင်းသွားမှာလား"

ချင်ယန်က ပြုံးလိုက်သည်။

"ဆရာမကလဲ.. အစားအသောက်တွေ အလကားစားရမှာကို ဘာလို့မသွားရမှာလဲ... သေချာတာ တစ်ခုကတော့ ဆရာဝေက အကောင်းစားဝိုင်နဲ့ အကောင်းဆုံး ဟင်းလျာတွေနဲ့ ဧည့်သည်တွေကို ဧည့်ခံလိမ့်မယ်"

ချင်ယန်သည် ရေခဲမျှော်စင်အတွင်း ဆယ်ရက်တိတိ လေ့ကျင့်ခဲ့သည်။

သို့သော်လည်း ဝိညာဉ်စွမ်းအင်များကို စုပ်ယူလေ့ကျင့်ခဲ့၍ ဆာလောင်ခြင်း မရှိခဲ့ချေ။

ယခုအခါ အရသာရှိသော အစားအသောက်များကို တောင့်တလာခဲ့ချေပြီ။

"ကောင်းပြီလေ... အခု အရင်ပြန်ကြတာပေါ့.. အဲဒီအချိန်ရောက်မှ ငါနှစ်ခွက်လောက် သောက်ပြီး မင်းရဲ့ မှော်စာလိပ်ပညာကို ဂုဏ်ပြုရမယ်"

ချင်ယန်နှင့် ရန်ရှီးယု တို့သည် စကားတပြောပြောနှင့် မြစ်ကမ်းတစ်လျှောက် လမ်းလျှောက်လာခဲ့ကြသည်။

ကမ်းပါးအနီး တစ်ဝိုက်၌ မိုးမခပင် အများအပြား ပေါက်ရောက်နေကြ၏။

"ဆရာမ... ပုဂ္ဂိုလ်ရေးအရ ယန်ယွန်က ကျွန်တော့်ကြောင့် ဒဏ်ရာရခဲ့တာကို သူ သေချာပေါက် ငြိမ်ခံနေမှာ မဟုတ်ဘူး"

ချင်ယန်၏ အသံတွင် လေးနက်မှုများ ပါဝင်နေ၏။

"ဝေရှန်းခွန်လည်း မင်းကြောင့် ဒဏ်ရာရခဲ့တာပဲလေ ... သူမင်းကို ဘာလုပ်နိုင်လို့လဲ"

ရန်ရှီးယုက သဘောမတွေ့ဟန်ဖြင့် ပြောလိုက်သည်။

"မဟုတ်ဘူး ဆရာမ... သူ့ရဲ့ လက်စားချေမှုက အမှောင်ထဲမှာရှိတယ်... ဆိုလိုတာက နောက်ကွယ်ကနေ လုပ်ကြံတာမျိုးပေါ့"

ချင်ယန်က အရိပ်လူဝံ၏ ကိစ္စကို ပြန်သတိရမိပြီး မျက်နှာထက်တွင် ဒေါသထွက်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

"ဒါဆို ဆရာဒင်ရဲ့ ဒဏ်ရာတွေက ထင်သလောက် မရိုးရှင်းဘူး ထင်တယ်"

ရန်ရှီးယုက ထိုကိစ္စ၏ သဲလွန်စကို ရိပ်မိသွားခဲ့သည်။

"အကြီးအကဲဇန်း ပြန်ရောက်လာပြီလား"

ချင်ယန်က ဘေးပတ်ဝန်းကျင်ကို အကဲခပ်လိုက်ပြီး အသံခပ်တိုးတိုးဖြင့် မေးလိုက်၏။

ရန်ရှီးယုက ချင်ယန်၏ အမူအရာကို မြင်လျှင် ထိတ်လန့်တုန်လှုပ်ဖွယ် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့ကြောင်း ရိပ်မိလိုက်သည်။

သူမက ချင်ယန်၏ လက်ကို ဆွဲ၍ ဝါးတောလေး အတွင်းရှိ သူမ၏ နေအိမ်သို့ အလျင်အမြန် ပြန်လာခဲ့သည်။

"ဆရာဒင်နဲ့ ကျွန်တော် အလစ်ချောင်း တိုက်ခိုက်ခံရတယ်"

ချင်ယန်က ယန်ကိုးမျိုး နတ်ဘုရား စိတ်အာရုံ ပုတီးစေ့၏ သိုလှောင်ခန်း အတွင်းမှ အရိပ်လူဝံ၏ အလောင်းကို ထုတ်ယူ၍ ကြမ်းပြင်ပေါ်သို့ ပစ်ချလိုက်သည်။

"ဒါက..."

ရန်ရှီးယု၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည်။

သူမက အရိပ်လူဝံ၏ လည်ပင်းကို အလျင်အမြန် စစ်ဆေးလိုက်၏။

"ဒီနတ်ဆိုးသားရဲက ဆရာဝေရဲ့ သားရဲပဲ"

"ဆရာဒင်က ဒီအရိပ်လူဝံနဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် ဒဏ်ရာရခဲ့တယ်.. အဲဒီအချိန်မှာ ဆရာမ ကွီဟီ ခေါင်းဆောင်တဲ့ ကျောင်းသားအဖွဲ့က ထွက်လာပြီး ကျွန်တော်တို့ကို တိုက်ခိုက်ခဲ့ကြတယ်"

ချင်ယန်က ထိုနေ့က ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ပြောပြလိုက်သည်။

ရန်ရှီးယုက အတော်များများကို ခန့်မှန်းမိထားပြီးပြီ ဖြစ်သည်။

"အကြီးအကဲဇန်း ပြန်ရောက်တာ နှစ်ရက်ရှိပြီ... ကွီဟီနဲ့ အခြားကျောင်းသားတွေကို သူ မတွေ့ခဲ့ဘူး"

ရန်ရှီးယုက ထိုသို့ပြောလိုက်ပြီး ချင်ယန်ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။

ချင်ယန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

"ကျောင်းသားတွေရော ဆရာမ ကွီဟီကိုပါ ကျွန်တော်သတ်ခဲ့တယ်"

"ဒီကိစ္စတွေကို မသိချင်ယောင်ဆောင်ပေးပါ... ကျွန်တော် အခုလို ထုတ်ပြောတာ ဆရာဒင်သိရင် စိတ်ဆိုးနေလိမ့်မယ်"

ရန်ရှီးယုက ချင်ယန်၏ ခေါင်းကို လက်ဖြင့် ပွတ်သပ်လိုက်ပြီး ပြုံးလိုက်မိသည်။

ထို့နောက် သူမက မေးလိုက်သည်။

"ယန်ကိုးပါး ဝိညာဉ်သိုလှောင် မျှော်စင်ထဲမှာ ဘာတွေရခဲ့လဲ ငါ့ကို မြန်မြန် ပြောပြပါဦး"

ချင်ယန်က ကျင့်စဉ်မကျင့်မီ ရန်ရှီးယု၏ အကြံပေးချက်အတိုင်း စစ်မှန်သော မဟာဖွဲ့စည်းတည်ဆောက်မှု သုံးခုကို ပြုလုပ်ခဲ့သည့်အကြောင်း ပြောပြလိုက်သည်။

ရန်ရှီးယုက ထိုစကားကို ကြားပြီးနောက်တွင် အားရကျေနပ်စွာ ပြုံးလိုက်ပြီး မဟာဖွဲ့စည်းတည်ဆောက်မှု သုံးခု၏ အရေးပါမှုအကြောင်းနှင့် ချင်ယန်မှ သတိပြု လုပ်ဆောင်ရန် လိုအပ်ချက်များကို စတင်၍ ပြောပြလိုက်၏။

ချင်ယန်က အလေးအနက် နားထောင်ခဲ့ပြီး အချို့မေးခွန်းများကို ပြန်လည် မေးမြန်းခဲ့သည်။

ညပိုင်းတွင်မူ ရန်ရှီးယုသည် သူမ၏ သင်ခန်းစာ ပို့ချချက်များကို အဆုံးသတ်လိုက်ပြီး အနားယူရန် အတွက် သူမ၏ အခန်းသို့ ပြန်သွားခဲ့သည်။

ထိုည၌ ချင်ယန်သည် စွမ်းအင်များ ပြည့်ဝနေသော်လည်း အနားမယူဘဲ မှော်စာလုံး ရေးသားနည်းများကို လေ့လာနေခဲ့သည်။

"ကွီဟီ အသုံးပြုခဲ့တဲ့ မိုးကြိုးမှော်စာလိပ်က အရမ်းစွမ်းအားကြီးမားပြီး သံမဏိကျားကိုတောင် အတိုင်းအတာ တစ်ခု အထိ ဒဏ်ရာ ရသွားစေခဲ့တယ်"

ချင်ယန်က ဝါးစာလိပ် အတွင်းရှိ မှော်အစီအရင် သုံးဆယ့်ခြောက်မျိုးမှ မိုးကြိုးမှော်စာလိပ် ရေးသားနည်းကို ကြည့်ရှုလိုက်သည်။

ထို့နောက် သူက အဆောင်စာရွက်ပေါ်တွင် စတင်ရေးသားလိုက်သည်။

အဆောင်စာရွက် များစွာ ပျက်စီး ဆုံးရှုံးသွားပြီးနောက်တွင် အဆုံးသတ်၌ မိုးကြိုးမှော်စာလိပ် တစ်ခုကို အောင်မြင်စွာ ဖန်တီးနိုင်ခဲ့သည်။

မီးစွမ်းအင် မှော်စာလိပ် ပြုလုပ်သည့် အတွေ့အကြုံများကြောင့် အခြား မှော်စာလိပ်များ ပြုလုပ်ရာတွင် ချင်ယန်အတွက် များစွာ လွယ်ကူခဲ့ခြင်း ဆိုလည်းမမှားပေ။

"ငါက အဆင့်နိမ့် မှော်စာလိပ်ကိုပဲ ပြုလုပ်နိုင်သေးတယ်... ကွီဟီ အသုံးပြုတဲ့ မိုးကြိုးမှော်စာလိပ်က အဆင့်မြင့် မှော်စာလိပ် ဖြစ်မယ်"

ချင်ယန်က သူပြုလုပ်ထားသော မိုးကြိုး မှော်စာလိပ်ကို ကြည့်၍ လွန်စွာ ကျေနပ်နေမိသည်။

"ငါ့ရဲ့ကျင့်ကြံမှုကို တိုးတက်အောင် လုပ်ရမယ်.. ငါ့ရဲ့စိတ်စွမ်းအင် တိုးတက်လာမှ အမြန် ပြုလုပ်နိုင်မယ်.. အခု မီးမှော်စာလိပ်ကို ရေးသားပြုလုပ်ရင် အရင်ကထက်တော့ အများကြီး ပိုမြန်လာခဲ့ပြီ"

ချင်ယန်က အခြား မီးမှော်စာလိပ် တစ်ခုကို ထပ်မံ ပြုလုပ်ပြီးနောက် အနားယူ အိပ်စက်လိုက်သည်။

နောက်တစ်နေ့ နံနက်စောစောမှ စ၍ ဟွာလင်းဝုကျောင်း၏ လေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး ဆူညံနေခဲ့ပြီး လူအများအပြား ပျားပန်းခတ်မျှ လှုပ်ရှားသွားလာနေကြသည်။

လေးထောင့်သဏ္ဌာန် ရှိသော လေ့ကျင့်ရေးကွင်းပြင် အတွင်း၌ လူများစွာသည် ထိုင်ခုံများ နေရာချထားခြင်း၊ ရွှေ့ပြောင်းခြင်းများ ပြုလုပ်နေကြကာ ကြီးကျယ်ခမ်းနားသော ဧည့်ခံပွဲကြီးအတွက် ပြင်ဆင်နေကြ၏။

ထင်ရှားကျော်ကြားသော ဆရာဝေ၏ သားဖြစ်သူက မှော်စာလုံး အစီအရင် ပညာရှင် ဖြစ်လာသည့် အထိမ်းအမှတ် ဧည့်ခံပွဲ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ဝေရှန်းခွန်သည် ချင်ယန်ကို ရှုံးနိမ့်ခဲ့၍ ဂုဏ်သိက္ခာ ကျဆင်းသွားမှုကို ယခု ဧည့်ခံပွဲနှင့် ပြန်လည် အစားထိုးခြင်းလည်း ဖြစ်သည်။

ဟွာလင်းဝုကျောင်း၏ လေ့ကျင့်ရေးကွင်းပြင် အတွင်း လှပစွာ ပြင်ဆင်ထားပြီး အရာရှိကြီးများ၊ နန်းတွင်း အမှုထမ်းများလည်း ရောက်ရှိနေကြ၏။

ထင်ရှားစွာပင် ဆရာဝေသည် အမြင့်ဆုံး၌ နေရာ ယူထားခဲ့သည်။

ချင်ယန်နှင့် ရန်ရှီးယုတို့ နှစ်ဦးလည်း ရောက်လာခဲ့၏။

သူတို့နှစ်ဦး၏ နေရာက အနောက်ဘက်ခြမ်းတွင် ဖြစ်သည်။

သို့သော် ဆရာဝေ၏ ဖိတ်ကြားခံရသူများ အားလုံးကို ရှေ့ဘက်တွင်သာ နေရာချထားပေးခြင်း ဖြစ်သည်။

ဤအချက်ကို ကြည့်၍ တမင် ရည်ရွယ်ချက်ရှိရှိဖြင့် မကောင်းသော နေရာတွင် နေရာချထားမှန်း ပေါ်လွင်နေခဲ့၏။

အခန်း(၄၂) ပြီး၏

All Chapters