← Chapters

အခန်း ၄၆

Vol. 5 Ch. 46

အခန်း ၄၆

Vol. 5 Ch. 46

အခန်း(၄၆)

အတွင်းစိတ်တန်ခိုးစွမ်းအားများသည် သူ၏ အရိုးများအတွင်းသို့ ဖြတ်သန်းစီးဆင်းသွားသည်ကို ခံစားသိရှိလိုက်သည်။

ထိုအရာများသည် သူ၏ အရိုးအဆစ်များ အတွင်းသို့ အလွယ်တကူ ဝင်ရောက်လာခဲ့သည်။

သူ၏ အရိုးအဆစ်များတွင် စွမ်းအားများ ပြည့်ဝလာခဲ့ပြီး တိုက်ခိုက်မှုများကို ဆန့်ကျင်ခုခံနိုင်စွမ်း ပြည့်ဝလာခဲ့၏။

ခန္ဓာကိုယ်တိုင်း၏ အဓိကဒေါက်တိုင်မှာ အရိုးများ ဖြစ်သည်။

သန်မာသော အရိုးများကြောင့် အသားနှင့် သွေးများ ပိုမို သန်မာလာပေတော့မည်။

ထို့ပြင် အတွင်းကလီစာများပါ ဖွံ့ဖြိုးကြီးမားလာပြီး ခန္ဓာကိုယ် တစ်ခုလုံးကို အညစ်အကြေး ကင်းစင်သွားစေသည်။

"အရိုးမရီဒျန်က တကယ်ကို စွမ်းအားကြီးတာပဲ.. အတွင်းအားကို တိုးမြှင့်ပေးနိုင်တယ်... ခန္ဓာကိုယ် တစ်ခုလုံးမှာရှိတဲ့ မရီဒျန်တွေကို ထိန်းချုပ်ပြီး စွမ်းအင်ပြည့်ဝတဲ့ အတွင်းအားတွေကို အလျင်အမြန် ထုတ်ဖော်နိုင်တယ်"

ချင်ယန်သည် ယွမ်မျိုးစေ့ နှစ်ခု၏ သဘာဝစွမ်းအင် နှစ်မျိုးကို အရိုးမရီဒျန် ရှိရာသို့ စမ်းချောင်းငယ်လေးများ ပမာ ပို့ဆောင် လှည့်ပတ်လိုက်ပြီး ထိုမှတစ်ဆင့် တစ်ကိုယ်လုံးသို့ ဖြန့်ကျက်လိုက်သည်။

အရိုးမရီဒျန်သည် ဖွဲ့စည်းချိတ်ဆက်မှုကို အပြည့်အဝ လုပ်ဆောင်နိုင်စွမ်း ရှိသည်။

အရိုးများ အတွင်း၌ ဆက်တိုက် ဖြစ်ပွားနေသော ပေါက်ကွဲသံများကို ကြားနေရ၏။

သူ၏ အရိုးများက ပျက်စီးသွားပြီးမှ အသစ်တဖန် ပြန်လည် ဖွဲ့စည်းနေသည်ဟု ချင်ယန် ထင်မြင်မိသည်။

ပြင်းထန်သော ဝေဒနာ ခံစားရမှုများ ပျောက်ကွယ်သွားသည်နှင့် အလွန်များပြားသော စွမ်းအင်များသည် သူ၏ ခန္ဓာကိုယ် အတွင်း အလျှံအပယ် ပြည့်ဝနေခဲ့သည်။

ယန်ချင်ယုသည် အားလှိုင်း တစ်ခုကို ထုတ်ဖော်လိုက်ပြီး ဓားချီများကို ပေါင်းစပ် ထည့်သွင်းလိုက်၏။

ဤတစ်ကြိမ်တွင်မူ ချင်ယန် လှုပ်ရှားလာခဲ့ချေပြီ။

ချင်ယန်သည် ကြမ်းပြင်ပေါ်တွင် လှိမ့်လိုက်ပြီး ယန်ချင်ယု၏ စိတ်တန်ခိုးစွမ်းအင်ကို ရှောင်တိမ်းလိုက်သည်။

စိတ်တန်ခိုးစွမ်းအင် ထိမှန်သွားသော ကြမ်းပြင်၏ မာကျောသော ကျောက်တုံးများသည် အပိုင်းအစများ အဖြစ် ပေါက်ကွဲသွားခဲ့သည်။

ထိုခိုက်အတန့်၌ ချင်ယန်သည် ခုန်ထလာပြီး သူ၏ လက်နှစ်ဖက်ကို အသုံးပြု၍ လေခွဲသိုင်းကို ထုတ်ဖော်လိုက်၏။

သူ၏ အတွင်းအားများဖြင့် လေခွဲသိုင်းကို ထုတ်ဖော်လိုက်ခြင်း ဆိုလည်းမမှားပေ။

ယင်းက လေခွဲသိုင်းပညာရပ်၌ အသေးစားအောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီဟု အဓိပ္ပာယ်ရ၏။

ယန်ချင်ယုသည် ချင်ယန်ထံမှ ပြန်လည်တိုက်ခိုက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

သူ၏ နှိပ်စက်မှုကြောင့် သေဆုံးခါနီး ဖြစ်နေသူသည် မည်သည့် အတွက်ကြောင့် ရုတ်တရက် ခုန်ထကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နိုင်ရပါသနည်း။

ထို့အပြင် ယန်ချင်ယုနှင့် ချင်ယန်၏ တိုက်ခိုက်မှုက တစ်နာရီအချိန်ပြည့်ရန် နီးကပ်နေပြီ ဖြစ်သည်။

ယန်ချင်ယုသည် အစောပိုင်း အချိန်များတွင် သူ၏ စွမ်းအားများကို အများအပြား အသုံးပြုခဲ့၏။

အခြေအနေသည် သူမျှော်လင့်ထားသလို မဟုတ်သော်လည်းယန်ချင်ယုသည် စိတ်ဝိညာဥ်ကျောင်းမှ ပြန်လာသူဖြစ်သည့်အားလျော်စွာ သူ၏ ရှေ့တွင် ချီစွမ်းအင် အကာအကွယ်အလွှာ တစ်ခုကို ချက်ချင်း ထုတ်ဖော်လိုက်သည်။

အကာအကွယ်အလွှာ အပြင် သူ၏ လက်များဖြင့်လည်း ချင်ယန်၏ လေခွဲသိုင်းကို ခုခံလိုက်သည်။

ချင်ယန်၏ တိုက်ခိုက်မှုတွင် တုန်ခါမှု အတွင်းအားလှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ယင်းအပြင် အလွန်ပူပြင်းသော မီးတောက် အရှိန်အဝါများလည်း ပေါင်းစပ် ပါဝင်နေ၏။

"ဝုန်း..."

ထိပ်တိုက် တွေ့ဆုံသွားပြီးနောက်တွင် ချင်ယန်၏ တုန်ခါမှုများ ပါဝင်နေသော အတွင်းအားများသည် ယန်ချင်ယု၏ အတွင်းအားများကို ချေဖျက်လိုက်သည့် အပြင် သူ၏ လက်ကိုပါ နာကျင်သွားစေခဲ့သည်။

တုန်ခါလှိုင်းများ၏ နောက်တွင် မီးချီလှိုင်းကြီး တစ်ခု ကပ်ပါလာပြီး ယန်ချင်ယု၏ ခန္ဓာကိုယ်ကို လောင်ကျွမ်းရန် ဝန်းရံလာခဲ့သည်။

ယန်ချင်ယု၏ လက်နှစ်ဖက်သည် လျင်မြန်စွာ လှုပ်ရှားနေပြီး သူ၏ ပတ်ပတ်လည်မှ ဝန်းရံထားသော မီးတောက်များကို ဖယ်ရှားရန် ကြိုးစားနေ၏။

အဖြစ်အပျက်များသည် အလွန် မြန်ဆန်ပေရာ လူအုပ်ကြီးသည် မိမိတို့၏ မျက်လုံးကိုပင် မယုံနိုင်အောင် ဖြစ်နေကြသည်။

ချင်ယန်သည် သေဆုံးလုနီးပါး ဖြစ်နေရာမှ ယခုကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်း ရှိလာမည်ဟု မည်သူကမှ မမျှော်လင့်ခဲ့ချေ။

"ဆရာဝေ... ပိတ်ဆို့ဝင်္ကပါကို မြန်မြန် ဖယ်ပေးပါ"

ယန်အမတ်ကြီးသည် စင်မြင့်ပေါ်သို့ ခုန်တက်သွားချင်သော်လည်း ပိတ်ဆို့ဝင်္ကပါက တားဆီးထားခဲ့၏။

ဆရာဝေ၏ ပိတ်ဆို့ဝင်္ကပါသည် လွန်စွာ အစွမ်းထက်သည်။

အမတ်ကြီးယန်သည် အဆင့်ကိုး သိုင်းခန္ဓာနယ်ပယ် ဖြစ်သော်လည်း ဝင်္ကဘာအတွင်းသို့ ထိုးဖောက် ဝင်ရောက်နိုင်စွမ်း မရှိချေ။

ထိုအရာကို ကြည့်ရုံဖြင့် ဆရာဝေ၏ မှော်အစီအရင် ပညာရပ်တွင် မည်မျှ အားသွန်ခွန်စိုက် နှစ်မြှုပ်ထားသည်ကို သိနိုင်သကဲ့သို့ သတ်မှတ်နာရီ မပြည့်မချင်း ချင်ယန်ကို မည်သူမျှ ကယ်တင်၍ မရစေရန် အသေအချာ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။

ဆရာဝေသည် ထိတ်ထိတ်ပျာပျာဖြင့် သူ တည်ဆောက်ထားသော ပိတ်ဆို့ဝင်္ကပါကို ပြန်လည် ရုတ်သိမ်းနေခဲ့သည်။

ထိုအချိန်မှာပင် စင်မြင့်ပေါ်မှ နားမခံသာလောက်အောင် လေခွင်းသံကြီးများ ထွက်ပေါ်လာသည်။

ချင်ယန်၏ လက်နှစ်ဖက်မှ မီးသဘာဝစွမ်းအင်များ ထွက်ပေါ်နေသည်ကို လူအားလုံး မြင်တွေ့လိုက်ရ၏။

ထိုစွမ်းအင်များသည် ထက်ရှသော ဓားသွားများနှင့် သဏ္ဌာန် တူနေခဲ့သည်။

ထိုမျှမက ထိုစွမ်းအင်များတွင် မျက်စိဖြင့် မမြင်တွေ့နိုင်သော တုန်ခါမှု အားလှိုင်းများ ပါဝင်နေပြီး ယန်ချင်ယု၏ အကာအကွယ်ကို ရိုက်ချိုး ဖျက်ဆီးနေခဲ့၏။

ချင်ယန်သည် လေခွဲသိုင်းကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။

လေခွဲဓားကွက်၊ လှိုင်းဖြတ်ဓားကွက်၊ တောင်ခွဲဓားကွက်၊ အလင်းဓါးကွက် တို့မှ ထွက်ပေါ်လာသော ချီစွမ်းအင်များသည် လွန်စွာ ရက်စက်ကြမ်းကြုတ်သော ဧကရာဇ်တစ်ဦးက တရားစီရင်နေသည့် အလား ယန်ချင်ယုကို ကြောက်ရွံ့သွားစေခဲ့သည်။

ချင်ယန်က ယန်ချင်ယု၏ သွေးကြောမှတ် များစွာကို ထိုးနှက်ခဲ့သည်။

ယန်ချင်ယု၏ တစ်ကိုယ်လုံးသည် ချင်ယန်၏ လက်ဝါးစောင်း ခုတ်ချက်များကြောင့် သွေးအလိမ်းလိမ်း ကပ်ငြိနေခဲ့၏။

ထိုအခိုက်အတန့်တွင်ပင် သဲနာရီသည် အချိန်ပြည့်သွားပြီ ဖြစ်ကြောင်း အမှတ်အသား ပြသခဲ့သလို ပိတ်ဆို့ဝင်္ကပါသည်လည်း ပျက်ပြယ်သွားခဲ့သည်။

သိုင်းလေ့ကျင့်ရေး ကွင်းပြင်တစ်ခုလုံး ငြိမ်သက်နေ၏။

ယန်အမတ်ကြီး၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏ မျက်နှာထက်တွင် တစ်စုံတစ်ရာသော ခံစားချက်ကို အပြင်းအထန် ခံစားနေရဟန် တူ၏။

ယန်မိသားစု၏ ထူးချွန်သော မျိုးဆက် တစ်ဦးသည် သူ၏ ရှေ့မှာပင် ရှုံးနိမ့်သွားခဲ့ရသည်။

ရန်ရှီးယုသည် ပေါ့ပါးမြန်ဆန်စွာပင် ချင်ယန်၏ နံဘေးသို့ ရောက်ရှိလာခဲ့၏။

ချင်ယန် တစ်ဦးတည်းသာလျှင် အရိုးမရီဒျန်ကို အပြည့်အဝ တည်ဆောက်နိုင်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ကြောက်မက်ဖွယ် စွမ်းအားများ ထွက်ပေါ်လာကြောင်း သိရှိခဲ့သည်။

"အစ်ကိုချင်ယု"

ယန်ယွန် ထံမှ စိတ်ပျက်ဖွယ် ခေါ်သံ ထွက်ပေါ်လာခဲ့သည်။

သူမသည်လည်း ယန်မိသားစု၏ မိန်းမပျိုတစ်ဦး ဖြစ်သည့်အားလျော်စွာ ကျယ်လောင်စွာ ငိုနေမိသည်။

ချင်ယန်ထံမှ လှောင်ပြောင်သည့် အမူအရာများ ပေါ်ပေါက်လာ၏။

လူအုပ်ကြီးကို ဝေ့ကြည့်လိုက်သော ချင်ယန်၏ မျက်လုံးအစုံတွင် ပျော်ရွှင်ဟန် အပြင် သရော်သည့် အရိပ်အငွေ့များ ဖုံးလွှမ်းနေ၏။

ယန်အမတ်ကြီးသည် ယန်ချင်ယု၏ နံဘေးသို့ သွားကာ ဒဏ်ရာများကို စစ်ဆေးလိုက်ပြီး ချင်ယန်ကို ကြည့်လိုက်သည်။

လက်ညှိုးထိုး၍ ပြောလိုက်သော သူ၏ စကားသည် အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေခဲ့၏။

"ချင်ယန်.. မင်း.. မင်း"

သူက ဒေါသကြောင့် စကားဆုံးအောင်ပင် မပြောနိုင်ခဲ့ချေ။

သူ၏ တစ်ကိုယ်လုံး တုန်တုန်ယင်ယင် ဖြစ်နေပြီး ဒေါသကြောင့် မျက်လုံးအစုံမှ အခိုးအငွေ့များပင် ထွက်နေခဲ့သည်။

ယန်ချင်ယု၏ ယွမ်မျိုးစေ့ (သဘာဝစွမ်းအင်အမြုတေ) ပျက်စီးသွားခဲ့ချေပြီ။

ရန်ရှီးယု၏ မျက်နှာကမူ ရေခဲပြင်ထက်ပင် အေးစက်တင်းမာနေခဲ့၏။

သူမက ချင်ယန်၏ ရှေ့ကနေ ပိတ်ရပ်လိုက်ပြီး အေးစက်စက် ပြောလိုက်သည်။

"ချင်ယန် နတ်ဆိုးပညာရပ် အသုံးမပြုဘူးဆိုတာ လူတိုင်း မြင်တွေ့ကြပြီ ထင်ပါတယ်.. သူက မီးချီစွမ်းအင်နဲ့ လေခွဲဓားသိုင်းကိုပဲ အသုံးပြုခဲ့တယ်.. သူ့ရဲ့ လေခွဲသိုင်းပညာက အသေးစားအောင်မြင်မှု အဆင့်ထိ ရောက်နေတဲ့ အပြင် သူ့ရဲ့ စိတ်တန်ခိုးစွမ်းအင် သိပ်သည်းမှုကိုလည်း တွေ့နိုင်ပါတယ်"

အဆင့်ငါးသိုင်းခန္ဓာနယ်ပယ်... သိပ်သည်းသော စိတ်တန်ခိုးစွမ်းအား... လေခွဲသိုင်းပညာ ကျွမ်းကျင်မှု...

အဆင့်ခြောက်သိုင်းခန္ဓာနယ်ပယ်ပင် ထိုမျှ မမြင့်မားနိုင်ပေ။

ဝေရှန်ခွန်ပင် ချင်ယန်၏ ပါရမီနှင့် ပင်ကိုစွမ်းရည် အပေါ် ထိတ်လန့် တုန်လှုပ်သွားမိသည်။

"သူက စိတ်တန်ခိုးစွမ်းအားကို အမြန်သိပ်သည်းအောင် ဘယ်လိုလုပ်လိုက်တာလဲ"

"ကောင်းကင်ခြင်္သေ့ရေကန်ထဲမှာ ဆယ်ရက်နဲ့ ယန်ကိုးပါးဝိညာဉ် သိုလှောင်မျှော်စင်မှာ ဆယ်ရက် လေ့ကျင့်ခဲ့တာတွေက သူ့ကို အခုလို တိုးတက်မှု မြန်ဆန်လာစေတဲ့ အကြောင်းတရားတွေပဲ.."

အကြီးအကဲဇန်း ရေရွတ်လိုက်ခြင်းဖြစ်သည်။

"ချင်ယန်ရဲ့ သိုင်းပညာလမ်းကြောင်းက မဆိုးဘူး.. ဒါပေမဲ့ သူ့ကို အကောင်းဆုံးလို့ သတ်မှတ်လို့မရဘူး. သူ့ထက် ပါရမီရှိသူတွေ အများကြီးပါပဲ... ဥပမာ ရှန်ရှို့အင်ပါယာက ရှို့ယုလင် ဆိုရင် အသက် ဆယ့်ခြောက်နှစ်နဲ့ အဆင့်ရှစ် သိုင်းခန္ဓာနယ်ပယ်ကိုတောင် ရောက်နေခဲ့ပြီ"

အသက်ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေး၏ အဆင့်ရှစ်သိုင်းခန္ဓာနယ်ပယ်ကို ရောက်ရှိအောင် ကျင့်ကြံမှုသည် ဆရာတချို့နှင့် အရာရှိ အချို့ထက်ပင် သာလွန်နေခဲ့သည်။

ထိုပါရမီသည် အမှန်တကယ် တုန်လှုပ်ဖွယ်ရာဖြစ်ပြီး ချင်ယန်၏ ပါရမီသည်ပင် ရှို့ယုလင်နှင့် နှိုင်းယှဉ်နိုင်စွမ်း မရှိချေ။

ယန်မိသားစု အကြီးအကဲသည် ယန်ချင်ယု၏ ဒဏ်ရာများကို စစ်ဆေးလိုက်ပြီးနောက် စိတ်ပျက်စွာ ခေါင်းခါယမ်းလိုက်သည်။

ယန်ချင်ယုသည် အသက် မသေလျှင်ပင် အနာဂတ် ပျက်စီးသွားခဲ့ချေပြီ။

ယန်အမတ်ကြီးသည် ယန်ချင်ယုကို ထိုင်ခုံတစ်လုံး ပေါ်သို့ သယ်ဆောင်ကာ ထိုင်ခိုင်းလိုက်သည်။

သူ၏ ပါးစပ်မှ သွေးများ ဆက်တိုက်ပင် အန်နေခဲ့၏။

အရာရှိကြီးများ၏ စိတ်ထဲတွင် ကျိတ်၍ ခြောက်ခြားနေမိကြသည်။

သူတို့နှင့် ခင်မင်ရင်းနှီးသော မိသားစုကြီး တစ်စု၏ အထူးချွန်ဆုံး ပါရမီရှင် တစ်ယောက်သည် ဖျက်ဆီးခံခဲ့ရချေပြီ။

လူတိုင်းနီးပါးသည် ထိုမျှပြင်းထန်သော စွမ်းအားများကို ချင်ယန် မည်သည့်နေရာမှ ရရှိလာသနည်း ဟူ၍ တွေးနေမိကြတော့သည်။

အထူးသဖြင့် အမတ်ကြီးယန်သည် သူမျှော်မှန်းထားသော အနာဂတ်တွင် အရေးအကြီးဆုံး ဇာတ်ကောင် ဖြစ်သည့် ယန်ချင်ယု၏ အဖြစ်အပျက်ကို မယုံနိုင်လောက်အောင် ခံစားနေမိသည်။

"ရှင်တို့အားလုံး.. ရှင်တို့ရဲ့ အမှားတွေ အတွက် ချင်ယန်ကို ဒူးထောက်ပြီး မတောင်းပန်ကြသေးဘူးလား"

ရုတ်တရက် ထွက်ပေါ်လာသော ရန်ရှီးယု၏ ဒေါသသံကြောင့် အရာရှိကြီးများ အားလုံး တုန်လှုပ်သွားကြသည်။

လူအားလုံးသည် ပြိုင်ပွဲမစမီက ယန်အမတ်ကြီးနှင့် အပေါင်းအပါများ၏ ကတိကို အမှတ်ရသွားကြ၏။

တခဏမျှ ငြိမ်သက်သွားပြီးနောက်တွင် ဆရာဝေက စင်မြင့်ရှေ့သို့ လျှောက်လှမ်းလာပြီး ပြောလိုက်သည်။

"ကျုပ်တစ်သက်လုံး ကတိစကားကို အသက်ထက် တန်ဖိုးထားခဲ့တယ်.. ချင်ယန်က နတ်ဆိုးပညာရပ်ကို လုံးဝမသုံးခဲ့ဘူး.. ပိုပြီး အံ့အားသင့်စရာတစ်ခုက အခက်အခဲအတွင်းမှာ အရိုးမရီဒျန်ကို ဖွဲ့စည်းနိုင်ခဲ့တာပဲ.. ဒါက သိုင်းပညာလမ်းစဉ်မှာ ရှားပါးတဲ့ အောင်မြင်မှုပဲ"

"ဒီကိစ္စမှာ ကတိပေးထားတာကို လူတိုင်း အသိပဲ... ဒီကတိပေးထားတဲ့ လူတွေကလည်း ငါတို့ တိုင်းပြည်ရဲ့ အရေးပါတဲ့ အရာရှိတွေ ဖြစ်တယ်"

သူ၏ စကားလုံးများက တရားမျှတမှုမရှိချေ။

အစောပိုင်းတွင် ဒူးထောက်တောင်းပန်မည် ဟူသော လူများနှင့် ဆရာဝေသည် တစ်ဖွဲ့တည်း ဖြစ်သည်။

ယခု သူ၏ စကားများအရ ကိုယ်လွတ်ရုန်းထွက်သည်မှာ သိသာနေ၏။

"ချင်ယန်က ရှန်ချင်အင်ပါယာက မင်းသားတစ်ပါး ဆိုတော့ ခင်ဗျားတို့အနေနဲ့ သူ့ရှေ့မှာ ဒူးထောက်ရတာက သာမန်ဖြစ်ရပ်လေးပါပဲ"

ငြင်းချက်မရှိစေရန် ပြောဆိုနေသော ဆရာဝေ၏ စကားများကြောင့် မြေခွေးအိုကြီး တစ်သိုက်သည် လူအများရှေ့တွင်ပင် ချင်ယန်ကို ဒူးထောက် တောင်းပန်ရပေတော့မည်။

အခန်း(၄၆) ပြီး၏

All Chapters