← Chapters

အခန်း ၄၉

Vol. 5 Ch. 49

အခန်း ၄၉

Vol. 5 Ch. 49

အခန်း(၄၉)

ကျွမ်းချွမ်သည် အဆောင်စာရွက်နှင့် ရေးထွင်းဓားကို သူ၏ သိုလှောင်အိတ်အတွင်းမှ ထုတ်ယူလိုက်ပြီး ချင်ယန်ကို လှမ်းပေးလိုက်သည်။

ထို့နောက် ပြုံးရွှင်စွာ ပြောလိုက်သည်။

"လူငယ်လေး... မင်းသာ မှော်စာလိပ်တွေ ပြုလုပ် ဖန်တီးနိုင်ရင် အခြေခံအဆင့် မှော်အစီအရင် ပညာရှင် အဖြစ် သတ်မှတ်ခံရလိမ့်မယ်"

ရန်ရှီးယု ယခုမှပင် စိတ်သက်သာရာ ရရှိသွားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျွမ်းချွမ်သည် ချင်ယန်အပေါ် အလွန် စိတ်ဝင်စားနေဟန်ရှိပြီး မကောင်းသော ရည်ရွယ်ချက် ရှိပုံမပေါ်ချေ။

အံ့ဖွယ်မှော်စာလုံးနန်းတော်သည် ထူးချွန်သော ပါရမီရှင်များကို ရှာဖွေသိမ်းသွင်းလေ့ ရှိကြသည်။

ထိုသို့ ပြုလုပ်ခြင်းဖြင့် အံ့ဖွယ်မှော်စာလုံး နန်းတော်၏ အင်အားများကို ချဲ့ထွင်ခြင်း ဆိုလည်းမမှားပေ။

အံ့ဖွယ်မှော်စာလုံးနန်းတော်သည် အင်ပါယာသုံးခုနှင့် နိုင်ငံအချို့အထိ ပျံ့နှံ့နေပြီး နိုင်ငံတစ်ခု၏ ဩဇာအာဏာ အပေါ် ကြောက်ရွံ့နေခြင်း မရှိချေ။

ထိုအဖွဲ့အစည်း၏ တည်ရှိမှုသည် လွန်စွာ လျှို့ဝှက်ဆန်းကြယ်၏။

လူအများစုသည် ကျွမ်းချွမ်၏ အဆင့်အတန်းကို နားမလည်ကြသော်လည်း သာမန် မဟုတ်မှန်း သိရှိနေခဲ့ကြသည်။

ကျွမ်းချွမ်သည် ရှန်ချင်အင်ပါယာမှ အံ့ဖွယ်မှော်စာလုံးနန်းတော်၏ အကြီးအကဲ ဖြစ်ပြီး လွန်စွာ စွမ်းအားကြီးမားသူလည်း ဖြစ်သည်။

အလွန်မောက်မာသော ဆရာဝေသည်ပင် ကျွမ်းချွမ်ကို အောက်လေဖြင့် တရိုတသေ ပြောဆိုနေရသည် မဟုတ်ပါလား။

"အခု မင်းစလုပ်နိုင်ပြီ... မင်းအနေနဲ့ လှည့်စားမှုတွေ လုပ်ဖို့ ကြိုးစားရင် ဒီနေရာမှာ အဖွဲ့ဝင် လူအိုကြီး ရှိတယ် ဆိုတာ မမေ့ပါနဲ့"

ကျွမ်းချွမ်က သူ၏ မုတ်ဆိတ်ရှည်ကြီးများကို ပွတ်သပ်၍ ရယ်မောလိုက်သည်။

ချင်ယန် စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်၏။

သူက အတွင်းဒဏ်ရာများ ရရှိခဲ့သော်လည်း မှော်စာလိပ် ပြုလုပ်ရေးသားခြင်း အပေါ် အကျိုးသက်ရောက်မှု ရှိမည် မဟုတ်ပေ။

ယခုအခါ ချင်ယန်သည် အရိုးမရီဒျန်၏ အကျိုးကျေးဇူးကြောင့် သွေးဝိညာဉ်စွမ်းအားကို ချောမွေ့လျင်မြန်စွာ သိပ်သည်းစေနိုင်ခဲ့ချေပြီ။

ချင်ယန်သည် ရေးထွင်းဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်လျှင် သူ၏ ကိုယ်ပိုင်ဓားထက် အဆပေါင်း များစွာ ပိုမိုကောင်းမွန်နေသည်ကို တွေ့ရှိလိုက်ရသည်။

ထိုဓားသည် စိတ်ဝိညာဉ်အဆင့် ရှေးဟောင်းဓားတစ်ချောင်း ဖြစ်နေ၏။

ချင်ယန်သည် သူ၏ သွေးဝိညာဉ်စွမ်းအင်များကို စုစည်းပြီးနောက် ရေးထွင်းဓား အတွင်းသို့ လွယ်ကူစွာ ပို့ဆောင်၍ အသက်ဝင် နိုးထစေခဲ့သည်။

ထိုအချိန်၌ ချင်ယန်သည် အလွန်ဆန်းကြယ်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

ရေးထွင်းဓားကို သူ၏ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခု ကဲ့သို့ ခံစားနေရပြီး ထိုဓားသည် သူ၏ အသွေးအသားများနှင့် ခိုင်ခိုင်မာမာ ချိတ်ဆက်နေခဲ့သည်။

ချင်ယန် စိတ်ထဲမှ ကျိတ်၍ ရေရွတ်လိုက်မိသည်။

"ဒီဓားက... ဒီဓားက... အရမ်းကို အစွမ်းထက်လွန်းပြီး အလုပ်နှစ်ခုကို တပြိုင်နက်တည်း ကြိုးစား လုပ်ဆောင်ပေးနိုင်တာပဲ"

ရုတ်တရက် တောက်ပသော အနီရောင်အစက် တစ်ခုသည် ရေးထွင်းဓား၏ ထိပ်ဖျားတွင် ပေါ်လာခဲ့သည်။

ကျောင်းသားများသည် ထိုမြင်ကွင်းကို ကြည့်ကာ မှင်သက်မိသွားကြသည်။

ချင်ယန်သည် မှော်အစီအရင်ပညာရပ်ကို နားလည်နေ၍သာ သွေးဝိညာဥ်စွမ်းအားကို ယခုကဲ့သို့ အလွယ်တကူ ထုတ်ဖော်နိုင်ခြင်း ဖြစ်ကြောင်း သိလိုက်ကြသည်။

သွေးဝိညာဉ်စွမ်းအားကို ခိုင်မာ သိပ်သည်းနိုင်ခြင်းသည် မှော်စာလုံးရေးသားရန် ခြေလှမ်းတစ်ဝက် အောင်မြင်ခြင်းဖြစ်ကြောင်း အဓိပ္ပာယ် ဖော်ဆောင်နေသည် မဟုတ်ပါလော။

ဝေရှန်းခွန် မယုံကြည်နိုင်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေမိသည်။

အဘယ်ကြောင့်ဆိုသော် သူက ထိုအဆင့်သို့ မရောက်ရှိသေး၍ပင်။

ဝေရှန်ခွန်သည် မှော်စာလိပ်ပြုလုပ်ရန် သွေးဝိညာဉ်စွမ်းအား ထုတ်ဖော်ရာ၌ အလွန် အားနည်းသော စွမ်းအားကိုသာ ထုတ်ဖော်နိုင်သေး၏။

ချင်ယန် စတင်ရေးသားနေပြီဖြစ်သည်။

သူက အဆောင်စာရွက်ပေါ်တွင် ရေးထွင်းဓားဖြင့် တိုက်ရိုက် ရေးသားနေခြင်း ဖြစ်သည်။

ချင်ယန်က အမှောင်လိုင်းရေးဆွဲခြင်း နည်းလမ်းကို အသုံးပြုနေခြင်း ဖြစ်သည်။

သူ၏ ရည်ရွယ်ချက်မှာ အဖိုးတန် မှော်စာလုံးပညာရပ်ကို အခြားလူများမှ အတု မခိုးနိုင်ရန် ဖုံးအုပ် ရေးသားလိုက်ခြင်းပင်။

သူ၏ လှုပ်ရှားမှုက လွန်စွာ စနစ်ကျနေပြီး အဆင့်တစ်ခုရောက်သည် အထိ ကျွမ်းကျင်နေမှန်း သိသာနေခဲ့သည်။

ချင်ယန်သည် အချိန်အနည်းငယ် အတွင်း မှော်စာလိပ် တစ်ခုကို လျင်မြန်စွာ ရေးသားပြုလုပ်ခဲ့သည်။

ဝေရှန်းခွန်သည် ထိုမြင်ကွင်းကို စိတ်ပျက်စွာ ကြည့်နေခဲ့၏။

ဆရာဝေ၏ နဖူးထက်တွင်လည်း ချွေးသီးချွေးပေါက်များ ကျဆင်းလာခဲ့သည်။

အစောပိုင်းအချိန်၌ ဝေရှန်းခွန်သည် မှော်စာလုံးပညာရပ်ကိုသာ အချိန်ပေး၍ သင်ယူခဲ့ခြင်းကြောင့် တိုက်ခိုက်မှု အပိုင်းတွင် အားနည်းခဲ့ပြီး ကောင်းကင်ခြင်္သေ့ခန်းမ သိုင်းပြိုင်ပွဲတွင် ချင်ယန်ကို ရှုံးနိမ့်ခဲ့ရသည်ဟု ဆင်ခြေပေးခဲ့၏။

ယခုအခါတွင်မူ သူက မှော်အစီအရင်ပညာရပ်၌လည်း ချင်ယန်ထက် အဆင့်များစွာ နိမ့်ကျနေကြောင်း ထင်ရှားသွားခဲ့၏။

ဝေရှန်းခွန်သည် အကြွင်းမဲ့ ရှုံးနိမ့်သွားခဲ့ရပြီ ဖြစ်သည်။

အချိန်အနည်းငယ် ထပ်မံ ကုန်ဆုံးသွားပြီးနောက်တွင် ချင်ယန်၏ မှော်စာလိပ် ပြုလုပ်ခြင်းက ပြီးဆုံးသွားခဲ့သည်။

အဆောင်စာရွက် ပေါ်တွင် ရေးသားထားသော မည်သည့် အရာကိုမှ မတွေ့ရပေ။

ထိုစာလုံးများ ပေါ်တွင် သွေးဝိညာဉ်၏ ကြီးမားသော စွမ်းအားများဖြင့် အလွှာ တစ်ခုမှ ဖုံးအုပ်ကာကွယ်ထားခြင်း ဖြစ်သည်။

ယင်းက ပြီးပြည့်စုံသော အမှောင်လိုင်း ရေးဆွဲခြင်းနည်လမ်းကို ပေါ်လွင် ထင်ရှားစေခဲ့သည်။

ဆက်လက်၍ ချင်ယန်က တောက်ပသော လိုင်းရေးဆွဲနည်းဖြင့် မှော်စာလိပ် တစ်ခုကို ထပ်မံ ရေးသားလိုက်ပြန်သည်။

ထိုအရာသည် မီးစွမ်းအင် မှော်စာလိပ် ဖြစ်ပြီး သူ ကျွမ်းကျင်မှုအရှိဆုံး မှော်စာလိပ် အမျိုးအစားလည်း ဖြစ်သည်။

ရေးထွင်းဓားသည် နဂါးတစ်ကောင် (သို့မဟုတ်) မြွေတစ်ကောင်ပမာ လူးလွန့်လှုပ်ရှားနေပြီး အဆောင်စာရွက် ပေါ်တွင် ပြည့်စုံသော မီးတောက်သင်္ကေတကို ရေးဆွဲနေ၏။

ရေးထွင်းဓား၏ ထိပ်ဖျားသည် အဆောင်စာရွက် ပေါ်တွင် လွယ်ကူချောမွေ့စွာ လှုပ်ရှားနေခဲ့သည်။

ယင်းကို မြင်တွေ့ရလျှင် ကျွမ်းချွမ်နှင့် ဆရာဝေ တို့သည် တုန်လှုပ်သွားကြပြီး မျက်လုံးများ ပြူးကျယ်သွားကြသည်။

တောက်ပသော လိုင်းရေးဆွဲမှုက ပြီးဆုံးသွားခဲ့ချေပြီ။

မှော်စာလိပ်သည် အနည်းငယ် လှုပ်ရှားရုံဖြင့် မှေးမှိန်သော အပူလှိုင်းများ ထွက်ပေါ်နေခဲ့သည်။

တောက်ပနေသော သွေးနီရောင် မီးတောက် မှော်သင်္ကေတ၏ မျက်နှာပြင်တွင် အလွန်နီရဲသော အလင်းရောင် တစ်ခု လင်းလက်နေကာ အမှတ်တမဲ့ ကြည့်လျှင် သွေးများ စီးဆင်းနေသကဲ့သို့ ထင်မှတ်ရပြီး ပူလောင်သော အငွေ့အသက်များကို ထုတ်လွှတ်နေခဲ့၏။

"ဒါ မီးစွမ်းအင် မှော်စာလိပ်ပါ.. ပြီးဆုံးတဲ့အထိ ကျွန်တော် လုပ်ဆောင်ပြီးပါပြီ"

ချင်ယန်က အံ့အားသင့်နေသော ကျွမ်းချွမ် ထံသို့ မီးစွမ်းအင်မှော်စာလိပ်ကို ပေးအပ်လိုက်သည်။

ချင်ယန်၏ နောက်မှနေ၍ ကျွမ်းချွမ်သည် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်ရာ အထွေအထူး ထပ်မံ စစ်ဆေးရန် မလိုအပ်တော့ချေ။

"ဒါက အရမ်းကို စွမ်းအားကြီးမားတဲ့ မီးစွမ်းအင် မှော်စာလိပ်ပဲ... ဒါကို စွမ်းအား အကောင်းဆုံး အဆင့်နိမ့် မီးစွမ်းအင်မှော်စာလိပ် အဖြစ် ငါအကဲဖြတ်တယ်"

ကျွမ်းချွမ်က စကားခဏရပ်လိုက်ပြီး ချင်ယန်ကို အကဲခတ်လိုက်သည်။

ထို့နောက် ဆက်လက်၍

"မင်းက အခြေခံအဆင့် မှော်အစီအရင် ပညာရှင်အဖြစ် အရည်အချင်းပြည့်မီပါတယ်... မင်းရဲ့ မှော်အစီအရင်ပညာက အရမ်း အားကောင်းတယ်... ဘယ်သူ သင်ပေးထားတာလဲ"

"ကျွန်တော့်ရဲ့ တော်ဝင် သက်တော်စောင့် အမကြီး သင်ပေးခဲ့တာပါ"

ချင်ယန် ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။

"ချင်ယန်က မှော်စာလိပ်တွေကို တကယ် လုပ်နိုင်တာပဲ"

ကျောင်းသားများ၏ ဆွေးနွေးငြင်းခုံသံများဖြင့် သိုင်းလေ့ကျင့်ရေး ကွင်းပြင်ကြီးတစ်ခုလုံး ဆူညံသွားတော့သည်။

အသက်ဆယ့်ငါးနှစ်အရွယ်.. အဆင့်ငါးသိုင်းခန္ဓာနယ်ပယ်... မှော်စာလိပ် ပြုလုပ်နိုင်သူ...

ထိုကဲ့သို့သော ပင်ကိုပါရမီသည် ရှန်ရှို့အင်ပါယာ၏ ရှို့ယုလင်နှင့် နှိုင်းယှဉ်နိုင်၏။

သို့သော် ရှန်ရှို့အင်ပါယာသည် ချင်ယန်နှင့် ရှို့ယုလင် တို့၏ စေ့စပ်မှုကို ဖျက်သိမ်းခဲ့ပြီးပြီ ဖြစ်သည်။

ထိုအစား ရှန်ချင်အင်ပါယာ၏ အိမ်ရှေ့မင်းသား အသစ်နှင့် ရှို့ယုလင် တို့ကို လက်ထပ်ပေးရန် သဘောတူခဲ့သည်။

အမတ်ကြီးယန့နှင့် အခြား အရာရှိအဖွဲ့ဝင်များ၏ မျက်နှာများသည် အသက်မရှိတော့သည့် လူသေကောင်များပမာ သွေးဆုတ် ဖြူရော်နေကြ၏။

အကြောင်းမှာ သူတို့အားလုံးသည် ကျွမ်းချွမ် ပြောသည့် အဓိပ္ပာယ်ကို သိလိုက်ကြခြင်းကြောင့်ပင်။

ချင်ယန်သည် မှော်စာလိပ်များ ပြုလုပ်နိုင်၍ ကြီးမားသော အကျိုးကျေးဇူးကို သေချာပေါက် ရရှိသွားခဲ့ချေပြီ။

အံ့ဖွယ်မှော်စာလိပ်နန်းတော်သည် ချင်ယန်ကို အရိပ်သဖွယ် စောင့်ကြည့်၍ ပံ့ပိုးကူညီမှုများကို သေချာပေါက် ပြုလုပ်ပေတော့မည်။

"ဆရာဝေ... ပွဲမစခင်က ဘာပြောထားလဲ"

ရန်ရှီးယု အေးစက်စက် ပြောလိုက်သည်။

ဆရာဝေက သူ၏ ရေးထွင်းဓားကို ချင်ယန်ကို ပေးမည်ဟု ပြောခဲ့ခြင်း ဖြစ်သည်။

"ငါမမေ့ပါဘူး... ဒီလို ထူးချွန်တဲ့ လူငယ်သူရဲကောင်းလေး အဖို့ ငါ့ရေးထွင်းဓားထက် ပိုကောင်းတာကို လုပ်နိုင်မှာ သေချာပါတယ်.. ချင်ယန်.. ဒီဓားကို အထူးဂရုစိုက်ပြီး ထိန်းသိမ်းပါ"

ဆရာဝေက ဟက်ဟက်ပက်ပက် ရယ်လိုက်ပြီး အလွန် ရိုးသားသူ တစ်ဦး၏ ဟန်ပန်ဖြင့် ရေးထွင်းဓားကို ချင်ယန်ထံ ပေးလိုက်သည်။

သူ၏ နှလုံးသားသည် ယုတ်မာကောက်ကျစ်မှုများဖြင့် ပြည့်နှက်နေခဲ့၏။

အဘယ်ကြောင့်ဆိုသော် ချင်ယန်ထံသို့ မပေးမီ အချိန်အနည်းငယ် အတွင်း ဆရာဝေသည် အလွန် အောက်တန်းကျသော နည်းလမ်းတစ်ခုကို အသုံးပြု၍ ထိုဓား၏ စွမ်းအားများကို ဖျက်ဆီးလိုက်ခြင်းကြောင့်ပင်။

ဝေရှန်းခွန်သည် ထိုမြင်ကွင်းကို ကြည့်ကာ တဂျစ်ဂျစ် အသံမြည်သည် အထိ အံကျိတ်လိုက်မိသည်။

သူ၏ အိပ်မက်ဖြစ်သော ထိုဓားသည် ချင်ယန်၏ လက်အတွင်းသို့ ရောက်ရှိသွားခဲ့ချေပြီ။

ချင်ယန်သည် ရေးထွင်းဓားကို ရရှိပြီးနောက် စစ်ဆေးကြည့်လိုက်သည်။

ချင်ယန်၏ တွေ့ရှိချက်အရ သူ၏ သွေးဝိညာဉ်စွမ်းအားများကို ထိုဓား အတွင်းသို့ ပို့ဆောင်ရန် အလွန် ခက်ခဲနေခဲ့၏။

သူက ဆရာဝေကို အလျင်အမြန်ပင် မေးမြန်းလိုက်သည်။

"ဒါက သီးသန့်နည်းလမ်းနဲ့ အသုံးပြုရတာလား.. ကျွန်တော် ဘာကြောင့် အသုံးပြုလို့မရတာလဲ"

"ငါကြည့်ပေးမယ်"

ဆရာဝေသည် ရေးထွင်းဓားကို အမြန် ပြန်ယူလိုက်ပြီး ဒေါသထွက်သော အမူအရာဖြင့် ပြောလိုက်သည်။

"ချင်ယန်... မင်းဘာလုပ်လိုက်တာလဲ.. ဒါကို ရတာနဲ့ မင်း ဖျက်ဆီးလိုက်ပြီပေါ့လေ... မင်း ဘာရည်ရွယ်ချက်နဲ့ လုပ်လိုက်တာလဲ.. ဒီဓားကို ငါနှစ်ပေါင်းများစွာ အသုံးပြုခဲ့တာပဲ... မင်း တကယ်ပဲ ဖျက်ဆီးရဲတယ်"

ချင်ယန်နှင့် ရန်ရှီးယုသည် ကူရာကယ်ရာမဲ့စွာ တစ်ဦးကို တစ်ဦး ကြည့်လိုက်မိသည်။

မြေခွေးအိုကြီး၏ ချီးကျူးဖွယ်ရာ နည်းလမ်းကို နားလည်သွားကြသည်။

ချင်ယန်ကို မပေးခင်ကပင် ရေးထွင်းဓားသည် လျှို့ဝှက်စွာ ဖျက်ဆီးခံခဲ့ရခြင်း ဖြစ်သည်။

ဤအဖြစ်အပျက်သည် ယခင်က စိတ်ဝိညာဉ်ဓားပြာကို ချင်ယန် ဖျက်ဆီးခဲ့သည့် အတွက် လက်စားပြန်ချေခြင်း ဖြစ်မှန်း သိလိုက်ကြ၏။

ထပ်မံ၍ သုံးသပ်ကြည့်လျှင် ဆရာဝေသည် ထိုရေးထွင်းဓားကို ချင်ယန် အသုံးမပြုနိုင်စေရန် တမင် ဖျက်ဆီးပစ်ခဲ့ခြင်းပင်။

ချင်ယန်သည် ထိုရေးထွင်းဓားဖြင့် မှော်အစီအရင်လမ်းစဥ်တွင် တိုးတက်လာမည်ကို ဆရာဝေ အနေဖြင့် လုံးဝ မမြင်ချင်ခဲ့ပေ။

"ငါကြည့်ပေးမယ်"

ကျွမ်းချွမ်က ရယ်လိုက်ပြီး သူ၏ လက်ဝါးကို ဖြန့်လိုက်သည်။

ဆရာဝေ၏ နှလုံးသားအတွင်း၌ ကျွမ်းချွမ်ကို မနှစ်မြို့ခဲ့ပေ။

ကျွမ်းချွမ်သည် သူ၏ အစီအစဉ်များ အတွင်းသို့ ရုတ်တရက် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။

တစ်နည်းအားဖြင့် ဆိုသော် သူ၏ ရိုးရှင်းသော လှည့်ကွက်ဖြင့်သာ ဆိုလျှင် ချင်ယန်သည် မှော်စာလိပ် တစ်ခုကိုပင် အောင်မြင်စွာ ပြုလုပ်နိုင်မည် မဟုတ်ချေ။

ဆရာဝေက နှစ်လိုဖွယ် ပြုံးလိုက်ပြီး သူ၏ လက်ထဲရှိ ပျက်စီးနေသော ရေးထွင်းဓားကို ကျွမ်းချွမ် ထံသို့ လှမ်းပေးလိုက်သည်။

"ဒါ တကယ် ပျက်စီးသွားခဲ့ပြီ.. ဒါပေမဲ့ ချင်ယန်က ဖျက်ဆီးချင်တဲ့ ရည်ရွယ်ချက် မရှိပါဘူး... ဒါကို အရင် အသုံးပြုခဲ့တဲ့ သွေးဝိညာဉ်စွမ်းအင်နဲ့ မတူတာကြောင့် ပျက်စီးသွားတာ ဖြစ်မယ်"

ကျွမ်းချွမ်က ပြုံး၍ ချင်ယန်ကို ပြောလိုက်သည်။

"ချင်ယန်... ဒါကို ဘယ်လိုလုပ်ချင်လဲ... ဒီ အဘိုးကြီးက မင်းကို အခြား ရေးထွင်းဓားတစ်ချောင်း ပေးခဲ့ပြီး ဒီဓားကို ပြုပြင်ကြည့်ပေးမယ်.. မင်း ဘယ်လိုသဘောရလဲ"

ဆရာဝေသည် သဘောထားကြီးစွာဖြင့် အခြား ပစ္စည်းတစ်ခုကို လဲလှယ်၍ မိမိအား ကူညီပေးမည် မဟုတ်ကြောင်း ချင်ယန် တွေးထားပြီးသား ဖြစ်သည်။

ချင်ယန်က အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။

"အထွေထွေ အုပ်ချုပ်ရေးမှူးကြီးကို ဒုက္ခပေးမိပြီ"

ကျွမ်းချွမ်သည် ရေးထွင်းဓား တစ်ချောင်းကို ထုတ်ယူလိုက်ပြီး ချင်ယန်ကို ပေးလိုက်သည်။

ထို့နောက် နူးညံ့သော အသံဖြင့်

"ဒါက အဆင့်နိမ့် စိတ်ဝိညာဥ်အဆင့် ရှေးဟောင်း ပစ္စည်းတစ်ခုပဲ.. နောက်ပြီး ပိုင်ရှင် မရှိသေးတဲ့ ပစ္စည်း အသစ်ပဲ"

"အထွေထွေ အုပ်ချုပ်ရေးမှူးကြီးကို ကျေးဇူးတင်ပါတယ်"

အဆင့်နိမ့် စိတ်ဝိညာဉ် အဆင့် ရေးထွင်းဓားသည် လက်ရှိအနေအထားအရ ချင်ယန် အတွက် မရှိမဖြစ် လိုအပ်နေသော ပစ္စည်းဖြစ်သည်။

အခန်း(၄၉) ပြီး၏

All Chapters