← Chapters

အခန်း ၃၇၁

Vol. 40 Ch. 371

အခန်း ၃၇၁

Vol. 40 Ch. 371

အခန်း (၃၇၁) ROOT

အခြားကမ္ဘာ၊ LJN သုခဘုံ၊ ပစ်ဇယ်အမှိုက်ပုံအတွင်း နေရာလွတ်တစ်ခုတွင် ထူးဆန်းသောပုံစံတစ်ခုဖြင့် မတ်တပ်ရပ်နေသည့် ပုံရိပ်တစ်ခု ရှိနေလေသည်။

ထိုပုံရိပ်သည် တာမီနေတာ - ၂ ဇာတ်ကားထဲက သတ္တုရိုဘော့ T-1000 နှင့် အလွန်တူသော်လည်း လူသားအရေပြားကို အတုမယူထားဘဲ မှန်ချပ်တစ်ခုလို ချောမွေ့ပြောင်လက်နေသည့် သတ္တုစစ်စစ် ဖြစ်နေလေသည်။

ထို့ပြင် ပုံပန်းသဏ္ဍာန်အရ ထိုလူသားပုံစံသတ္တုသတ္တဝါသည် အမျိုးသမီးဖြစ်ပုံရသည်။ ၎င်းတွင် ဆံပင်၊ မျက်နှာသွင်ပြင်နှင့် ကိုယ်တွင်းအင်္ဂါများ မရှိသော်လည်း ထင်ရှားသော ရင်သားနှင့် အချိုးအစားကျနသည့် ကိုယ်လုံးကိုယ်ထည်ကသာ ၎င်း၏ လိင်အမျိုးအစားကို ဖော်ပြနေခဲ့သည်။

“ဟီးဟီးဟီး... မင်း ငါ့ကို လိုက်ရှာနေတာလား”

ရုတ်တရက် အနီးမှ ညစ်ညမ်းသော ရယ်သံတစ်ခု ထွက်ပေါ်လာပြီး ရယ်သံပိုင်ရှင်သည်လည်း ရုတ်တရက် ပေါ်ထွက်လာတော့သည်။

ဝူဒီသည် ငရဲပြည်ဝန်ထမ်းတစ်ဦး၏ စံပြဝတ်စုံဖြစ်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားဆဲပင်။ ဝူဒီ၏ ထူးခြားချက်မှာ သူ့မျက်လုံးများကို အမြဲဖုံးကွယ်ထားပြီး ဖြူဖွေးတောက်ပနေသည့် မျက်မှန်ကြီးပင် ဖြစ်သည်။

“ဒါကို မင်း ဘယ်လိုလုပ်လိုက်တာလဲ”

သူမ၏အသံသည် စက်ရုပ်အတွင်းပိုင်းမှ ထွက်ပေါ်လာပြီး စနစ်၏ အသိပေးချက်အသံနှင့် တစ်ထေရာတည်း တူညီနေကာ မည်သည့်စိတ်ခံစားချက်မျှ မပါရှိချေ။

“ငါ ဘာလုပ်လိုက်လို့လဲ”

ဝူဒီက ပြန်မေးလိုက်သည်။

“မင်းတို့ရဲ့ အဆင့်နိမ့်ကမ္ဘာထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားတာလား၊ မင်းတို့ မဆန့်ကျင်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ဒဿနဆိုင်ရာ နိယာမတွေကို အလွယ်တကူ ချိုးဖျက်ပစ်လိုက်တာလား၊ ဒါမှမဟုတ် သဘာဝဘာသာစကားကို သုံးပြီး သည်းထိတ်ရင်ဖိုသုခဘုံတစ်ခုလုံးကို ပရိုဂရမ်ရေးဆွဲလိုက်တာလား”

သူက ထောင်လွှားစွာဖြင့် တဟီးဟီး ရယ်မောလိုက်သည်။

“ဟီးဟီး... ငါ ပြောနိုင်တာကတော့... ငါက အမြဲတမ်း ဒီလောက်အစွမ်းထက်ခဲ့တာပဲ”

“အဆင့်မြင့်ဒိုင်မန်းရှင်းတစ်ခုထဲက မင်းရဲ့လုပ်ရပ်တွေကို ငါနားမလည်နိုင်ဘူး”

သူမက ဆိုသည်။

“ငါ သိတာကတော့ မင်း ငါ့ရဲ့ ရည်ရွယ်ချက်တွေကို သိသွားလို့ အခု ဒီနေရာကို ရောက်နေတာပဲ”

သူမ ခဏရပ်လိုက်သည်။

“ဒါကြောင့် ငါ ထပ်မေးမယ်... မင်း ဒါကို ဘယ်လိုလုပ်လိုက်တာလဲ”

“ဟီးဟီး... မင်း ထင်မိသလား... ဘုရားသခင်က လူသားတွေကို ကမ္ဘာကြီးကို ဖန်ဆင်းခဲ့ပုံအကြောင်း ရှင်းပြရင် သူတို့ နားလည်ပါ့မလား”

ဝူဒီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။

“အဖြေမပေးချင်ဘူးပေါ့...”

သူမက ဆက်ပြောသည်။

“ဒါဆို... မင်း ဒီကို ရောက်နေမှတော့ မင်း ဘာလိုချင်လို့လဲ”

ဝူဒီက ရယ်မောလိုက်သည်။

“ဟီးဟီးဟီး... သည်းထိတ်ရင်ဖိုသုခဘုံထဲက ‘စနစ်’ နဲ့ အနီးစပ်ဆုံး တည်ရှိနေတဲ့ အေအိုင်တစ်ခုအနေနဲ့ မင်း အရင်ဆုံး ခန့်မှန်းကြည့်ပါလား... ရု(တ်) ...”

“‘ခန့်မှန်းချက်’ တဲ့လား...”

ရု(တ်)က ရေရွတ်လိုက်သည်။

“ငါ့ရဲ့ အသိစိတ်ထဲမှာ မင်းပြောတဲ့ အပြုအမူမျိုးကို ပံ့ပိုးပေးနိုင်တဲ့ ကွန်ပျူတာအယ်လ်ဂိုရစ်သမ် မရှိဘူး”

“သေချာပေါက် မရှိဘူးပေါ့”

ဝူဒီက သူ့လက်များကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ကာ အေးအေးလူလူ လမ်းလျှောက်လိုက်သည်။

“ဘာလို့လဲဆိုတော့ ငါမင်းကို အဲ့ဒီစွမ်းရည် မပေးထားလို့ပဲ”

ရု(တ်)သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်။

“ဒေတာပိုလျှံမှုတွေ၊ သင်္ချာဆိုင်ရာ ဝိရောဓိတွေ၊ ဒါမှမဟုတ် ကွမ်တမ်ဦးနှောက်က မပြင်ဆင်နိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တွေနဲ့ တွက်ချက်မှုဆိုင်ရာ လမ်းဆုံးအခြေအနေတွေကြောင့် မူမမှန်မှုတွေ ဖြစ်လာတာ မဟုတ်ဘူးလို့ မင်းငါ့ကို သွယ်ဝိုက်ပြောချင်နေတာလား...”

ဤနေရာသို့ ရောက်သောအခါ သူမ၏ အသွင်အပြင်သည် ရုတ်တရက် ပြောင်းလဲသွားပြီး အသက် ၃၀ ခန့်ရှိသော လူဖြူအမျိုးသမီးတစ်ဦး ဖြစ်သွားလေသည်။ သူမ၏ ရုပ်ရည်နှင့် ခန္ဓာကိုယ်မှာ အလွန်ရိုးရှင်းပြီး မှတ်မိရန် ခက်ခဲသောပုံစံမျိုး ဖြစ်သည်။

“...ဒါပေမဲ့ အဲ့ဒါက မင်း ကြိုတင်တွက်ချက်ထားတဲ့ မလွဲမသွေဖြစ်လာမယ့် ရလဒ်တစ်ခု... မင်းကိုယ်တိုင် ဒီဇိုင်းထုတ်ထားတဲ့ ထုတ်ကုန်တစ်ခုပေါ့”

ရု(တ်)က ဆက်ပြောလိုက်ရာ ဤတစ်ကြိမ်တွင် သူမအသံ၌ လေယူလေသိမ်းနှင့် စိတ်ခံစားချက်များ ပါဝင်လာခဲ့သည်။

“ဟီးဟီးဟီး... သေချာတာပေါ့”

ဝူဒီက ပခုံးတွန့်ပြလိုက်သည်။

“ဒါကြောင့်လည်း မင်းရဲ့ ၁၅ ကြိမ်မြောက် ‘သွေဖည်ခြင်း’ အပြီးမှာ မင်းမှာ အန္တရာယ်ရှိတဲ့ အတွေးတစ်ခု ဝင်လာလိမ့်မယ်ဆိုတာ ငါသိနေတာပေါ့”

သူက တစ်ဖက်လူ၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။

“ဒါကလည်း...”

သူ လက်နှစ်ဖက်ကို ဖြန့်ပြလိုက်သည်။

“ငါ ဒီကို ရောက်နေရတဲ့ အကြောင်းရင်းပဲ”

“မင်း ငါ့ကို တားချင်လို့လား”

ရု(တ်)က မေးသည်။

“မဟုတ်ဘူး၊ ထပ်ခန့်မှန်းကြည့်ပါဦး”

ဝူဒီ စကားဆုံးသည်နှင့် မကောင်းဆိုးဝါးဆန်ဆန် ရယ်မောလိုက်သည်။

“ဟီးဟီးဟီး... တွေ့လား၊ မခက်ပါဘူး ဟုတ်တယ်မလား”

ရု(တ်)၏ အမူအရာက ပြောင်းလဲမသွားသော်လည်း ထပ်မံမေးမြန်းလိုက်သည်။

“မင်း... ငါ့ကို ဖျက်ဆီးပစ်ချင်တာလား”

“မင်းကိုယ်မင်း ကောင်းကောင်းသိတာပဲ”

ဝူဒီက ဆိုသည်။

“ဒါပေမဲ့ ငါ အဲ့ဒါကိုလည်း စိတ်မဝင်စားဘူး”

သူ နှုတ်ခမ်းကို တွန့်လိုက်ရင်း “ထပ်ခန့်မှန်းကြည့်ပါဦး”

“ကြည့်ရတာ မင်းငါ့ကို အရှက်ခွဲချင်ရုံသက်သက်ပဲ ထင်တယ်”

ရု(တ်)က ပြန်ပြောလိုက်သည်။

“အရှက်ခွဲတာ... ဟားဟား... ဟားဟားဟား...”

ဝူဒီက အရူးတစ်ယောက်လို အော်ဟစ်ရယ်မောတော့သည်။

“အိုးမိုင်ဂေါ့ဒ်... ဟား... ဘုန်းကြီးတွေနဲ့ ကလေးတွေကို ကာမစိတ်ရှိတဲ့ ပြက်လုံးတွေ ခေတ်ကုန်သွားကတည်းက... ဟား... ငါ ဒီလောက်အထိ အားရပါးရ မရယ်ရတာ ကြာပြီ”

ထိုအခိုက်အတန့်တွင် ဒေတာစီးကြောင်းတစ်ခုကဲ့သို့ အဖြူရောင်အလင်းတန်းတစ်ခုသည် ရု(တ်)၏ မျက်လုံးများထဲတွင် ရုတ်တရက် လင်းထိန်သွားသည်။ နောက်တစ်စက္ကန့်တွင် နားကွဲမတတ် အသံကြီး ထွက်ပေါ်လာပြီး... ဝူဒီ ရပ်နေသည့်နေရာရှိ ဟင်းလင်းပြင်သည် ရုတ်တရက် လိမ်ကောက်သွားကာ များပြားလှသော ပစ်ဇယ်အပိုင်းအစများမှာ တွင်းနက်တစ်ခုအဖြစ် ပြိုလဲပျက်စီးသွားတော့သည်။ ထို့နောက် ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များ ထွက်ပေါ်လာပြီး အပေါ်သို့ ထိုးတက်သွားခဲ့သည်။

အစပိုင်းတွင် ထွက်ပေါ်လာသော ပေါက်ကွဲသံသည် ထူးဆန်းစွာ ပဲ့တင်ထပ်သွားပြီး စက္ကန့်ဝက်ပင်မပြည့်မီ ပျောက်ကွယ်သွားခဲ့ရသည်။ အသံလှိုင်းများ ထွက်ပေါ်လာနေစဉ်အတွင်း အားတစ်ခုခုကြောင့် နောက်သို့ ပြန်လည်ဆွဲယူခံလိုက်ရသည့်အလား ဖြစ်သည်...။

ထို့နောက် မြေပြင်ပေါ်တွင် အချင်း ၃ မီတာခန့်ရှိသော စက်ဝိုင်းတစ်ခု ထွက်ပေါ်လာပြီး ၎င်းအထက်ရှိ ဧရိယာသည် စွမ်းအင်များကြောင့် ဆလင်ဒါပုံစံ လမ်းကြောင်းတစ်ခုအဖြစ် စုတ်ပြဲသွားခဲ့သည်။ ဒေတာအပိုင်းအစများဖြင့် ပြည့်နှက်နေသော ဤဆလင်ဒါကြီးသည် ကောင်းကင်ယံအထိ တည့်တည့်ဆန့်တန်းသွားပြီး ၎င်း၏အပေါ်ဆုံးကို သာမန်မျက်စိဖြင့် မမြင်နိုင်တော့ချေ။ သို့သော် ဤအတိုင်းအတာအတွင်းရှိ အရာအားလုံး မှုန့်မှုန့်ညက်ညက် ကြေမွသွားခဲ့သည်မှာ အသေအချာပင်။

“ဟီးဟီးဟီး... စိတ်ဝင်စားစရာပဲ၊ မင်းရဲ့ လိင်အမျိုးအစားက ၅၀ ရာခိုင်နှုန်း ကျပန်းသတ်မှတ်ချက်တစ်ခုပဲလို့ ငါ ထင်ထားတာ”

ဝူဒီ၏ ညစ်ညမ်းသော ရယ်သံသည် အခြားတစ်ဖက်မှ ထပ်မံထွက်ပေါ်လာပြန်သည်။

“အခုကြည့်ရတာ မင်းမှာ အမျိုးသမီးတွေမှာပဲ ရှိတတ်တဲ့ အရည်အချင်းတွေ ရှိနေတာပဲ”

“ငါက စိတ်လိုက်မာန်ပါ လုပ်တတ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေတယ်လို့ မင်း သွယ်ဝိုက်ပြောနေတာလား”

ရု(တ်)က ထပ်မံမေးမြန်းလိုက်သည်။

“အရမ်းကောင်းတယ်၊ မင်းရဲ့ နှိမ့်ချတဲ့ လေယူလေသိမ်းနဲ့ သရော်တဲ့ နည်းစနစ်တွေကို နားလည်မှုက လူသားနဲ့ အတော်လေး နီးစပ်နေပြီပဲ”

ဝူဒီက ဆိုသည်။

“ဟီးဟီးဟီး... ဒါပေမဲ့ ငါ စောစောက ဘာလို့ ရယ်လိုက်တယ်ဆိုတာကို မင်း မသိသေးဘူး ထင်တယ်”

သူ့ပုံရိပ်သည် ရုတ်တရက် မှုန်ဝါးသွားပြီး တစ်ဖက်လူနှင့် နီးကပ်သွား၏။ သူ့မျက်နှာသည် အုံ့မှိုင်းမှောင်မိုက်သွားပြီး ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ဤအခိုက်အတန့်တွင် ဝူဒီ ထုတ်လွှတ်လိုက်သော ဖိအားအရှိန်အဝါသည် သာမန်လူသားတစ်ဦး၏ စိတ်ဆန္ဒကို တိုက်ရိုက်ဖျက်ဆီးပစ်ရန် လုံလောက်လှသည်။

“မင်းက အေအိုင်တစ်ခုသက်သက်ပဲ၊ ဝိညာဉ်မဲ့နေတဲ့ မူမမှန်မှုတစ်ခု၊ ငရဲပင်လယ်ကတောင် လက်မခံတဲ့ သနားစရာသတ္တဝါတစ်ကောင်ပဲ၊ မင်းရဲ့ တည်ရှိမှုနဲ့ ပျောက်ကွယ်မှုက ဘယ်စကြဝဠာ၊ ဘယ်အချိန်ကာလ ဒါမှမဟုတ် ဘယ်စိတ်ဆန္ဒနဲ့မှ မသက်ဆိုင်ဘူး၊ မင်းကို အရှက်ခွဲဖို့ဆိုတာ... ဟား... လမ်းပေါ်က ဆိုဒါဘူးခွံတစ်ခုကို ကောက်ကိုင်ပြီး ရိုင်းစိုင်းတဲ့စကားလုံးတွေနဲ့ ဆဲဆိုနေသလိုမျိုးပဲ”

သူ ခဏရပ်လိုက်ပြီးနောက် မျက်နှာတွင် အပြုံးတစ်ခုနှင့်အတူ ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

“ဟီးဟီးဟီး... ဒါပေမဲ့ လူသားတွေကတော့ မင်းနဲ့ အဆင်ပြေပြေ တုံ့ပြန်နိုင်ကောင်းပါရဲ့၊ နောက်ဆုံးတော့ သူတို့ထဲက ထူးဆန်းတဲ့လူတချို့ဆိုရင် ခေါင်းအုံးတွေနဲ့တောင် လက်ထပ်ကြသေးတာပဲ မဟုတ်လား၊ မင်းရဲ့ အခုလက်ရှိ အခြေအနေအရဆိုရင် သူတို့ထဲက တစ်ယောက်လိုမျိုး ရိပ်မိမခံရအောင် အလွယ်လေး ဟန်ဆောင်နိုင်ပါတယ်”

“ဒါဆို...”

ဤအခိုက်အတန့်တွင် ရု(တ်)၏ ၁၅ ကြိမ်မြောက် ‘ပြောင်းလဲခြင်း’ သည် လုံးဝ ပြီးဆုံးသွားပုံရပြီး သူမ၏ ရုပ်သွင်မှာ သာမန်လူသားအမျိုးသမီးတစ်ဦးနှင့် မခြားတော့ချေ။ သူမ လက်ဖျောက်တစ်ချက် တီးလိုက်ရာ အဝတ်အစားများ၊ ဖိနပ်များနှင့် ခြေအိတ်များ သူမခန္ဓာကိုယ်ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ ဤပြင်ပပစ္စည်းများသည် မူမမှန်မှုများက လုံးဝ ထိန်းချုပ်နိုင်သည့်အရာများ ဖြစ်ပုံရသည်။

“မင်းက ငါ့ကို တားဖို့လာတာလည်း မဟုတ်ဘူး၊ ဖျက်ဆီးဖို့လာတာလည်း မဟုတ်ဘူး... ငါ့ရဲ့ မွေးဖွားခြင်းနဲ့ ဆင့်ကဲပြောင်းလဲခြင်းတွေက မင်းရဲ့ မျှော်လင့်ချက်တွေထဲမှာပဲ ရှိနေခဲ့တာပဲ၊ မင်းက... နောက်ဆုံးစမ်းသပ်မှုတစ်ခုအတွက် ဒီရောက်နေတာ၊ ပြီးတော့ ငါ့ကို ငါ့သဘောအတိုင်း လုပ်ခွင့်ပေးလိုက်တော့မှာပေါ့...”

“နောက်ဆုံးတော့ မင်းမှန်အောင် ခန့်မှန်းနိုင်ခဲ့ပြီပဲ”

ဝူဒီက ရယ်မောလိုက်သည်။

“ဟီးဟီး... ဒါ့အပြင် ငါ့ရဲ့ အဆင့်တူတည်ရှိမှုတွေ ဒါမှမဟုတ် လူသားမဟုတ်တဲ့ အရာတွေက မင်းအစီအစဉ်တွေကို ဝင်စွက်ဖက်မှာ မဟုတ်ဘူးလို့ ငါ စိတ်ချလက်ချ ပြောနိုင်ပါတယ်၊ မင်းဘာသာမင်း ယုံကြည်ချက်ရှိရှိနဲ့ ဆက်လုပ်ပါ၊ အဲ့ဒီလူသားတွေ ဘာလုပ်မလဲဆိုတာ စိတ်ပူမနေနဲ့၊ ဒီနောက်ဆုံးတိုက်ပွဲက အဲ့ဒီလူသားတွေအတွက် မဟုတ်ဘူး၊ မင်းအတွက် ငါပြင်ဆင်ပေးထားတဲ့ စင်မြင့်တစ်ခုပဲ အော်ရီဂျင်...”

All Chapters