← Chapters

အခန်း ၃၇၉

Vol. 40 Ch. 379

အခန်း ၃၇၉

Vol. 40 Ch. 379

အခန်း (၃၇၉) သဘောတူညီမှု

မေလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင် အစ်ကိုကြွယ်သည် ပြေးဝင်လာသောဓားသွား(ခွမ်ကျုံးကျန့်ယင်) ပြင်ဆင်ထားသော အစည်းအဝေးခန်းသို့ ရောက်ရှိလာခဲ့သည်။

သူ အခန်းထဲသို့ ဝင်သွားသည့်အချိန်တွင် ကျန့်ရှောင်သည် အစည်းအဝေးစားပွဲ၌ ထိုင်ကာ စောင့်ဆိုင်းနေပြီ ဖြစ်သည်။

“ဟေး... မတွေ့တာကြာပြီနော်...”

ဖုန်းပုကြွယ် နှုတ်ဆက်လိုက်သည်။

“ဟိုင်း လောလောဆယ် အလုပ်တွေ အရမ်းများနေလို့ဗျာ...”

ပြေးဝင်လာသောဓားသွားက ပြန်ဖြေလိုက်သည်။

“စတူဒီယိုမှာ ဖြေရှင်းစရာတွေ များလွန်းလို့ နေ့ဘက်ဆိုရင် ဂိမ်းထဲဝင်ဖို့တောင် အချိန်မရှိပါဘူးဗျာ”

သူ ခဏရပ်လိုက်သည်။

“ဂိမ်းဆော့မယ့်အချိန်ကို ညဘက် အိပ်စက်ခြင်းမုဒ်ထဲမှာပဲ စုပြုံ သုံးနေရတယ်၊ အခုဆို ညတိုင်း ခုနစ်နာရီ၊ ရှစ်နာရီလောက် ဆော့နေရပြီး ဂိမ်းထဲမှာတော့ သုံးရက်နဲ့ သုံးညလောက် ကုန်ဆုံးနေတာ၊ အဲဒါကြောင့် နောက်တစ်နေ့ဆိုရင် လုံးဝ နုံးချိနေတာပဲ...”

သူသည် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး ညည်းတွားစရာတွေလည်း များစွာ ရှိနေခဲ့သည်။

အစ်ကိုကြွယ်မှာ သိပ်များများစားစားမပြောဘဲ တည်ငြိမ်သော မျက်နှာထားဖြင့် အသာနားထောင်ရင်း ထိုင်လိုက်သည်။ ဘယ်အလုပ်မှာမဆို ကိုယ်စီအခက်အခဲ ရှိကြသည်ကို သူ နားလည်ပြီး ဂိမ်းလောကသည်လည်း အပြင်လူများ ထင်သလို “ဂိမ်းဆော့ရင်း ပိုက်ဆံအလွယ်ရတာ” မျိုး လုံးဝ မဟုတ်ကြောင်း သိပေသည်။ အပျော်တမ်းဆော့ခြင်းနှင့် အသက်မွေးဝမ်းကျောင်းအဖြစ် ဆော့ခြင်းတို့၏ ဖိအားချင်းမှာ ကွာခြားလွန်းလှရာ ဤအချက်ကို စာရေးဆရာတစ်ယောက်ဖြစ်သည့် သူက ကောင်းစွာ ကိုယ်ချင်းစာနိုင်ပါသည်။

“အာ... ဆောရီး၊ ငါလည်း အမှတ်တမဲ့ ညည်းမိသွားတယ်...”

ပြေးဝင်လာသောဓားသွားသည် စကားအနည်းငယ် ပြောပြီးနောက် သူ့ကိုယ်သူ သတိပြုမိသွားပြီး အနေရခက်စွာ ရယ်မောရင်း ပြောလိုက်သည်။

“အဓိက ကိစ္စကိုပဲ ပြောကြရအောင်...”

“အင်း...”

ဖုန်းပုကြွယ်က ပြန်ဖြေသည်။

“ဒီလို လုပ်ငန်းမျိုးက မင်းတို့ စတူဒီယိုပိုင်ရှင်တွေအတွက်တော့ ပုံမှန်ကိစ္စပဲ ဖြစ်မှာပါ...”

“အဲဒီလိုပဲ ပြောရမှာပေါ့၊ နောက်ဆုံးတော့ ဒါက ဝင်ငွေရလမ်းတစ်ခုပဲလေ...”

ပြေးဝင်လာသောဓားသွားက ဆိုသည်။

“ဒါပေမဲ့... ညီအစ်ကိုဖုန်းက ဂိမ်းငွေကြေးအရောင်းအဝယ် ကိစ္စအတွက် ငါ့ဆီ လာလိမ့်မယ်လို့တော့ တကယ်ကို မထင်ထားခဲ့ဘူး...”

ဖုန်းပုကြွယ် ယနေ့လာရသည့် အဓိကရည်ရွယ်ချက်မှာ ဂိမ်းဒင်္ဂါးများ လာရောက်ရောင်းချရန် ဖြစ်နေသောကြောင့်ပင်။

“ဘာလဲ... ငါက ပိုက်ဆံမလိုတဲ့ သူဌေးသားတစ်ယောက်နဲ့ တူနေလို့လား...”

အစ်ကိုကြွယ်က ပြန်ပြောလိုက်သည်။

“တူတာပေါ့၊ အတော်လေးကို တူတာ...”

ကျန့်ရှောင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာလေသည်။

“သေချာပေါက် တူတာပေါ့ဗျာ... ပုံမှန် အပျော်တမ်းကစားသမား တစ်ယောက်အတွက်ဆိုရင် တကယ့်ပိုက်ဆံ မသုံးဘဲနဲ့ မင်းရဲ့ လက်ရှိပစ္စည်းကိရိယာတွေနဲ့ စကေးတွေ ရဖို့ဆိုတာ မဖြစ်နိုင်ဘူးမလား၊ ပြီးတော့ မင်းရဲ့ အဆင့်တက်နှုန်းကလည်း အံ့ဩစရာပဲ၊ အတွေ့အကြုံနှစ်ဆကတ်တွေကို တစ်ခါမှ မသုံးဖူးဘူးလား...”

“အာ... အဲဒါကတော့...”

ဖုန်းပုကြွယ်သည် ဤကိစ္စနှင့်ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းပြောရန် အနည်းငယ် ခက်ခဲနေလေသည်။ သူက “ငါ ပွဲအောင်မြင်တိုင်းရတဲ့ ကြောက်ရွံ့မှုအဆင့်အကဲဖြတ်ချက်က 'သတ္တိအပြည့်' ပဲ၊ ပြီးတော့ အဲဒီပစ္စည်းကိရိယာတွေ၊ စကေးတွေ၊ အတွေ့အကြုံတွေ အားလုံးက နောက်ဆုံးတော့ ငါ့ရဲ့ သတ္တိတွေကြောင့် ရလာတာ” ဟု သွားပြော၍ မရနိုင်သည် မဟုတ်ပါလား။

“အဲဒါက... ဘာလို့လဲဆိုတော့ ငါက သန်မာလို့ပေါ့...”

ဤအဖြေတစ်ခုသာ ဖုန်းပုကြွယ်တွေးမိသည့် တစ်ခုတည်းသော အကြောင်းပြချက် ဖြစ်သည်။

“ဟဲ... တခြားလူသာ အဲဒီလိုပြောရင် ငါယုံချင်မှ ယုံမှာ...”

ပြေးဝင်လာသောဓားသွားက ရယ်မောလိုက်သည်။

“ဒါပေမဲ့ ညီအစ်ကိုဖုန်း ပြောတာကတော့... အတော်လေးကို ယုံကြည်စိတ်ချရပါတယ်...”

ဖုန်းပုကြွယ်သည် ဤအကြောင်းအရာကို ဆက်မပြောချင်တော့သဖြင့် ခေါင်းစဉ်ကို အမြန်ပြောင်းလိုက်သည်။

“ငါက ပိုက်ဆံသုံးပြီး ဆော့တဲ့သူ ဟုတ်ဟုတ်၊ မဟုတ်ဟုတ်... လက်ရှိအဆင့်မှာတော့ ငါ့ဆီမှာ ရောင်းချင်တဲ့ ဂိမ်းဒင်္ဂါးက ဂဏန်းခုနစ်လုံး (သန်းဂဏန်း) ရှိတယ်နော်၊ အချိန်မဆွဲဘဲ နှစ်ဖက်စလုံး လက်ခံနိုင်မယ့် ဈေးနှုန်းကို တိုက်ရိုက်ဆွေးနွေးရအောင်...”

“မလောပါနဲ့ဦး...”

ပြေးဝင်လာသောဓားသွားက ဆိုသည်။

“ဝယ်မယ့်သူက မကြာခင် ရောက်လာတော့မှာပါ၊ နောက်ထပ် တစ်မိနစ်လောက် စောင့်ပါဦး၊ သူနဲ့ တိုက်ရိုက် စကားပြောလို့ ရပါတယ်...”

“ဟင်...”

ဖုန်းပုကြွယ် ဤစကားကို ကြားသောအခါ အံ့ဩသွားပြီး စက္ကန့်ပိုင်းအတွင်း အတွေးတချို့ ဖြတ်ပြေးသွားခဲ့သည်။

“အိုး... ငါနဲ့ အရောင်းအဝယ်လုပ်မှာက မင်း မဟုတ်ဘူးပေါ့...”

“အမှန်ပဲ...”

ကျန့်ရှောင်က ပြန်ဖြေလိုက်သည်။

“ငါတို့ဂိုဏ်းမှာ စတူဒီယိုက မဟုတ်တဲ့ ကစားသမားတွေ အများကြီး ရှိတယ်၊ ပြီးတော့ ငါတို့က ဒီအဖွဲ့ဝင်တွေကို စတူဒီယိုအတွင်းက ကစားသမားတွေနဲ့ အရင်းအမြစ်တွေ ပူးပေါင်းဖို့ မတောင်းဆိုထားဘူး...”

“ဒါဆိုရင် သူတို့က ငွေကြေးပိုင်းဆိုင်ရာ သီးခြားလွတ်လပ်တာပေါ့...”

ဖုန်းပုကြွယ်က ဆိုသည်။

“အဲဒါက ကောင်းပါတယ်... သူတို့ဘာသာ စီမံခန့်ခွဲတော့ ဘာအငြင်းပွားမှုမှ မရှိတော့ဘူးပေါ့...”

“ဟုတ်တယ်၊ ဒီနေ့ ဝယ်မယ့်သူက ငါတို့ဂိုဏ်းရဲ့ စတူဒီယိုပြင်ပက ကစားသမားတစ်ယောက်ပဲ...”

ကျန့်ရှောင်က ဆက်ပြောလိုက်သည်။

“တကယ်တော့ သူက ကျန်းဟူအဖွဲ့ရဲ့ အဓိက အဖွဲ့ဝင်တစ်ယောက် ဖြစ်နေပြီ၊ ဒီပြိုင်ပွဲအတွက် ငါတို့ စီမံခန့်ခွဲမှုပိုင်းက သူ့ကို ရန်ပုံငွေတချို့ အလကားပေးချင်ပေမယ့် သူက လုံးဝလက်မခံဘဲ သူ့ဘာသာပဲ ဝယ်ချင်တယ်လို့ ဇွတ်ငြင်းနေတာ၊ ဒါကြောင့်... ဒီတစ်ခါတော့ ငါက ကြားလူလုပ်ပေးတာပေါ့၊ ဘာပဲဖြစ်ဖြစ် မင်းဆီမှာလည်း ရောင်းချင်တဲ့ ဂိမ်းဒင်္ဂါးတွေ ရှိနေတာပဲ၊ သူ့ကို ရောင်းပေးလိုက်ရင် မကောင်းဘူးလား...”

ကျန့်ရှောင် ပြောပြီးနောက် ခေါင်းစဉ်ပြောင်းလိုက်သည်။

“ဒါပေမဲ့... ညီအစ်ကိုဖုန်း၊ ငါ ကြိုပြောထားမယ်နော်၊ ဂိမ်းငွေကြေးကို ယွမ်ငွေနဲ့ လဲလှယ်မှာက တရားဝင်ငွေလဲနှုန်းအတိုင်း မဟုတ်ဘူးနော်...”

“အာ... ငါသိပါတယ်၊ အနည်းဆုံးတော့ ဈေးနှုန်းရဲ့ ဆယ်ပုံခုနစ်ပုံဈေး မဟုတ်လား...”

ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။ သူသည် ဂိမ်းငွေကြေး မရောင်းချမီ အွန်လိုင်းတွင် သေချာပေါက် ရှာဖွေလေ့လာထားပြီး ဖြစ်သည်။

ယခင်က ဖော်ပြခဲ့သည့်အတိုင်း အိပ်မက်ကုမ္ပဏီသည် ယွမ်ငွေမှ ဂိမ်းငွေကြေးသို့ တစ်ဖက်သတ် လဲလှယ်မှုကိုသာ ခွင့်ပြုထားခြင်းဖြစ်သည်။ ဆိုလိုသည်မှာ ကစားသမားများသည် ယွမ်ငွေဖြင့်သာ ဂိမ်းငွေကြေးကို ဝယ်ယူနိုင်ပြီး ဂိမ်းငွေကြေးကို ယွမ်ငွေအဖြစ် ပြန်လည်လဲလှယ်၍ မရနိုင်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က ဂိမ်းငွေကြေးရောင်းချင်ပါက အခြားကစားသမားများကိုသာ ရောင်းချနိုင်ခြင်းဖြစ်သည်။ သို့သော် အခြားသူများက တရားဝင်ဝဘ်ဆိုက်မှ ဝယ်ယူနိုင်ပါလျက်နှင့် သင့်ဆီက ဘာကြောင့် ဝယ်ရမည်နည်း။ ထို့ကြောင့်... သင့်ဘက်က ဈေးနှုန်းအားသာချက် ရှိရန် လိုအပ်ပေသည်။

လက်ရှိတွင် သည်းထိတ်ရင်ဖိုသုခဘုံ၏ တရားဝင်လဲလှယ်နှုန်းမှာ ၁:၁၉၀၀ ဖြစ်ပြီး တစ်ယွမ်လျှင် တရားဝင်ဝဘ်ဆိုက်တွင် ဂိမ်းဒင်္ဂါး ၁၉၀၀ ဝယ်ယူနိုင်ပေသည်။ ဂိမ်းငွေကြေး ရောင်းချသည့် ကစားသမားအများစုသည် တရားဝင်လမ်းကြောင်းထက် ၃၀ ရာခိုင်နှုန်း ပိုမိုသက်သာသော “၇/၁၀ ဈေး” ကို ပေးကြသည်။ ပြိုင်ပွဲဝင်များသည် ဂိမ်းဒင်္ဂါး ၁၉၀၀ ကို သူတို့ထံ ၀.၇ ယွမ်ဖြင့် ဝယ်ယူနိုင်ပေသည်။

ဤကဲ့သို့သော အရောင်းအဝယ်များသည် အွန်လိုင်းတွင် အလွန်ခေတ်စားပြီး အချို့သော အများပြည်သူသုံး အရောင်းအဝယ်ပလတ်ဖောင်းများမှတစ်ဆင့် ဆောင်ရွက်နိုင်ကြသည်။ အရောင်းအဝယ် အဆင့်များမှာ နှစ်ဖက်စလုံးက အွန်လိုင်းတွင် ပထမဆုံး သဘောတူညီမှု ရယူပြီးနောက် ဝယ်ယူသူက ငွေပေးချေရပြီး ယင်းငွေကို ကြားခံပလတ်ဖောင်းက ယာယီ ထိန်းသိမ်းထားရသည်။ ထို့နောက် ရောင်းချသူက ဂိမ်းငွေကြေးကို ဂိမ်းထဲတွင် ဝယ်ယူသူထံ အီးမေးလ်ဖြင့် ပို့ပေးရပြီး ဝယ်ယူသူက လက်ခံရရှိကြောင်း အတည်ပြုပြီးမှ ငွေကို ရောင်းချသူ၏ အကောင့်ထဲသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။

ဖုန်းပုကြွယ်အနေဖြင့် ယင်းကို အွန်လိုင်းတွင် မဆောင်ရွက်နိုင်၍ မဟုတ်သော်လည်း ပြဿနာမှာ... သူသည် ယခုအခါ နာမည်ကြီးနေခြင်း ဖြစ်သည်။ အကယ်၍ ဂိမ်းငွေကြေး ဝယ်ယူသူများသည် ယင်းအီးမေးလ်မှာ “ဖုန်းပုကြွယ်” ဟူသော အိုင်ဒီမှ လာခြင်းဖြစ်ကြောင်း မြင်သွားပါက ဖိုရမ်များပေါ်တွင် မည်ကဲ့သို့သောသတင်းများ တင်ကြမည်ကို မည်သူသိနိုင်ပါမည်နည်း...။

ထို့အပြင် ကြားခံပလတ်ဖောင်းများမှတစ်ဆင့် အရောင်းအဝယ်လုပ်ခြင်းမှာ အချိန်ကုန်လှပြီး အမျိုးမျိုးသော အပြောင်းအလဲများ ရှိနိုင်လေသည်။ ယင်းနှင့် နှိုင်းယှဉ်ပါက ဂိမ်းထဲတွင် တိုက်ရိုက်အရောင်းအဝယ်လုပ်ခြင်းက အများကြီး ပိုမိုရိုးရှင်းလှသည်။

ထို့ကြောင့် ယနေ့တွင် အစ်ကိုကြွယ်သည် ကျန့်ရှောင်နှင့် ဆက်သွယ်ခဲ့ပြီး ကျန့်ရှောင်က သူ့အတွက် အရောင်းအဝယ်ကို စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

“ဆောရီး... နောက်ကျ...”

အစည်းအဝေးခန်းတံခါး ပွင့်လာပြီး ပုဖန်[ငါမကြောက်ဘူး] ဝင်လာခဲ့သည်။ သူမသည် “နောက်ကျ” ဟူသော ပထမဆုံးစကားလုံးကိုသာ ပြောနိုင်ခဲ့ပြီး အသံတိုးဝင်သွားကာ မျက်နှာက မည်းမှောင်သွားခဲ့သည်။

“အိုး... ရှင်ကိုး...”

“ဟေး... မင်းမျက်နှာက ဘာလို့ အဲဒီလောက်တောင် ရွံရှာပြနေတာလဲ...”

ဖုန်းပုကြွယ်သည် ထိုကောင်မလေးကို မှတ်မိသဖြင့် စိတ်ထဲမှ ကျိန်ဆဲလိုက်သော်လည်း သူ့အမူအရာမှာ တည်ငြိမ်နေဆဲ ဖြစ်သည်။

“ဟယ်လို... ပြန်တွေ့ရတာ ဝမ်းသာပါတယ်...”

ပုဖန်သည် အစည်းအဝေးစားပွဲဆီသို့ လျှောက်လာပြီး ပြေးဝင်လာသောဓားသွား၏ ညာဘက်သို့ ပတ်ကာ ဖုန်းပုကြွယ်နှင့် တစ်ခုံကျော်အကွာတွင် ရည်ရွယ်ချက်ရှိရှိ ဝင်ထိုင်လိုက်လေသည်။ သူမက သူ့ကို ဘေးစောင်းကြည့်ရင်း ပြောလိုက်သည်။

“ရှင် ကျွန်မကို နှစ်ခါတောင် လှည့်စားခဲ့ပြီးတော့ တကယ်ကြီး မှတ်မိနေသေးတာပေါ့...”

“ဟင်... ငါဘယ်တုန်းက မင်းကို လှည့်စားခဲ့လို့လဲ...”

ဖုန်းပုကြွယ်၏ လိမ်ညာမှုက စတင်လေပြီ။ သူက အပြစ်ကင်းစင်သော လေသံဖြင့် ပြောလိုက်သည်။

“မုဆိုးကျွန်းတုန်းက မင်းနဲ့ အဲဒီလူ... အိုး (ဓားတစ်ချက်) ဘယ်လိုသေသွားမှန်း ငါတကယ်ကို မသိတာပါ... အဲဒါကို မင်းက ငါ့ကို ဘယ်လိုအပြစ်တင်လို့ ရမှာလဲ ဒါ့အပြင် ငါက ဇာတ်လမ်းကို တစ်ယောက်တည်း အောင်မြင်အောင် ဆော့ပေးခဲ့လို့ အားလုံး အတွေ့အကြုံမှတ်တွေ ရခဲ့ကြတယ် မဟုတ်ဘူးလား...”

သူ ခဏရပ်လိုက်သည်။

“ဂေါ့သမ်စီးတီးတုန်းကလည်း... အဲဒါက သတ်ဖြတ်ခြင်းဂိမ်း ဖြစ်ပေမယ့် မင်းနဲ့ငါက မဆုံသလောက်ပဲလေ၊ မင်းကို ဖမ်းဆီးခဲ့တာက 'ဂေါ့ဒ်နက်' ဖြစ်ပြီး မင်းကို ဖမ်းခဲ့တာက သျှီဝလေ... အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ...”

ပုကြွယ်သည် စက္ကန့်အနည်းငယ် စောင့်ပြီးနောက် မေးခွန်းထုတ်သည့် လေသံဖြင့် မေးလိုက်သည်။

“ဟွန်း... ရှင်ဆိုလိုတာက... အဲဒီဇာတ်လမ်းထဲမှာ ရှင်က ဘဏ်ကိုလုယက်၊ ရဲတွေကိုသတ်၊ လမ်းပေါ်မှာ ပိုက်ဆံတွေကြဲ၊ ရော်ဘင်ကို ကွပ်မျက်၊ အဆောက်အအုံတွေကို ဖောက်ခွဲပြီး တခြားကစားသမားတွေ အားလုံးက ရှင့်ရဲ့ ကြံရာပါတွေပါလို့ ကြေညာခဲ့တာ... ဒီလုပ်ရပ်တွေက ကျွန်မအပေါ် ဘာသက်ရောက်မှုမှ မရှိဘူးလို့ ပြောချင်တာလား...”

“အမလေးလေး...”

ပြေးဝင်လာသောဓားသွားသည် ဤစကားကို ကြားပြီးနောက် ချွေးစေးများ စီးကျလာတော့သည်။ သူက အစ်ကိုကြွယ်ဘက် လှည့်ကာ ညည်းတွားလိုက်မိသည်။

“မင်းက သတ်ဖြတ်ခြင်းဂိမ်းတစ်ခု ကစားတဲ့အချိန်အတွင်းမှာတောင် ဘယ်လောက်ထိ လုပ်ပစ်လိုက်တာလဲကွာ၊ ပြီးတော့ ပြောပြတဲ့အရာတွေက တစ်ခုမှ ကောင်းတဲ့အရာတွေ မဟုတ်ဘူး”

“ဟွန်း... သူ လုပ်ခဲ့တာ အဲဒါထက်မကဘူး...”

ပုဖန်ကလည်း ဖုန်းပုကြွယ်ကို ကြည့်ရင်း ဝင်ပြောလိုက်သည်။

“ကျွန်မ ဇာတ်လမ်းပြီးသွားပြီးနောက်မှာ ရှင်က သျှီဝနဲ့ ခုနစ်ထွေသတ်ဖြတ်ခြင်းကိုပါ ကိုင်တွယ်ခဲ့သေးတယ် မဟုတ်လား...”

ယခုအခါ ဖုန်းပုကြွယ်အနေဖြင့် ဖုံးကွယ်ထားစရာ ဘာမှမရှိတော့ချေေ။ တိုက်ခိုက်ရေးစွမ်းရည်ဇယားတွင် ဘယ်သူက ဒုတိယလဲဆိုသည်မှာ အခြေခံအားဖြင့် လူတိုင်းသိထားသည့် လျှို့ဝှက်ချက်တစ်ခု ဖြစ်နေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူက ရိုးရိုးရှင်းရှင်းပင် ပြန်ဖြေလိုက်သည်။

“အင်း... အားလုံး ရှင်းသွားပါပြီ၊ အဲဒီနောက်မှာ ငါက စာရင်းတစ်ခုခုမှာ အဆင့် ၂ ဖြစ်သွားတာပေါ့...”

“ညီအစ်ကိုဖုန်း...”

ပြေးဝင်လာသောဓားသွားက ပြောလိုက်သည်။

“တကယ်လို့ မင်းသာ အထူးဖိတ်ကြားခံရတဲ့ ကစားသမားအဖြစ် ရွေးချယ်မခံရရင် ဒီကိစ္စတွေအားလုံးကို ထာဝရ လျှို့ဝှက်ထားဖို့ ကြံနေတာလား...”

“အင်း...ဟုတ်တယ်”

ဖုန်းပုကြွယ်က ဆိုသည်။

“ကံမကောင်းစွာနဲ့ပဲ ငါ အခု နာမည်ကြီးသွားပြီလေ...”

“ကျစ်...”

ပုဖန်က ပြောလိုက်သည်။

“ရှင်က အခွင့်အရေးကောင်းတစ်ခု ရနေပြီးတော့မှ အပြစ်ကင်းချင်ယောင် ဆောင်နေသေးတယ်”

သူမ ပြောနေစဉ်မှာပင် ခြေထောက်နှစ်ဖက်လုံးကို စားပွဲပေါ်တင်လိုက်ပြီး သူမ၏ ယောက်ျားဆန်သော ပုံစံကို ဖုံးကွယ်ရန် လုံးဝမကြိုးစားပေ။

“ကျွန်မသိသားပဲ... လတ်တလောမှာ အားလုံးက ဂိမ်းဒင်္ဂါးတွေ ဝယ်နေကြတာ၊ ဒါကို ဒီနေ့ကျမှ ဂိမ်းဒင်္ဂါးလာရောင်းတဲ့သူ ပေါ်လာပြီး သူက ဂဏန်းခုနစ်လုံးအထိ သုံးထားသေးတယ်... အခုမှ နားလည်သွားတော့တယ်၊ ပဏာမပွဲစဉ်တွေ ကစားစရာမလိုတဲ့သူက ရှင်ကိုး...”

သူမ ပြောသည်မှာ မှန်ပေသည်။ ဖုန်းပုကြွယ် ဂိမ်းငွေကြေး ရောင်းချရသည့် အဓိက အကြောင်းရင်းတစ်ခုမှာ သူသည် ပဏာမပွဲစဉ်များကို ကစားရန် မလိုသောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်သည် ပြိုင်ပွဲကို အပျော်သဘောဖြင့်သာ စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။ သူသည် မည်သည့်ပြင်ဆင်မှုမျှ မလုပ်ခဲ့ပေ။ တရားဝင်ကြေညာချက် မထွက်လာမီအထိ သူသည် “အထူးဖိတ်ကြားခံရသည့် ကစားသမား” များ ရှိနေကြောင်းကိုပင် မသိခဲ့ချေ။ အကယ်၍ အစ်ကိုကြွယ်သည် မြင့်မားသောအဆင့်တစ်ခုကို လုယူရန် အမှန်တကယ် ကြံစည်ခဲ့ပါက လွန်ခဲ့သော ရက်သတ္တပတ်တွင် သူသည် အဆင့်ဇယားကို အလွယ်တကူ သိမ်းပိုက်နိုင်ခဲ့ပြီး သည်းထိတ်ရင်ဖို သုခဘုံတွင် အဆင့် ၄၀ သို့ ပထမဆုံး ရောက်ရှိသည့် ကစားသမား ဖြစ်လာကာ အဆင့်ပိုင်းဆိုင်ရာတွင် မတုန်လှုပ်နိုင်သော အားသာချက်တစ်ခုကို တည်ဆောက်နိုင်ခဲ့မည် ဖြစ်သည်။

သို့သော်လည်း လက်တွေ့မှာ... သူသည် ရှောင်တန်၏ လေ့ကျင့်ဖော်အဖြစ် ရံဖန်ရံခါ ကူညီပေးသည်ကလွဲလို့ ဂိမ်းကို ပုံမှန်အတိုင်းသာ ဆော့ကစားခဲ့ပြီး လက်နက်ပစ္စည်းများ စုဆောင်းခြင်း သို့မဟုတ် စကေးများ ဝယ်ယူခြင်းတို့ကို မလုပ်ဆောင်ခဲ့ပေ။ ယင်းအစား သူသည် ဇီးရိုးအမျိုးအစား မှော်ဖျက်ဆီးရေးစက်ပေါ်တွင်သာ ပိုက်ဆံအမြောက်အမြား အသုံးပြုနေခဲ့ခြင်းဖြစ်သည်။ ပြောရမည်ဆိုလျှင် အစကတည်းက အစ်ကိုကြွယ်သည် အထွတ်အထိပ်ပြိုင်ပွဲကြီးတွင် သူ ဘယ်အထိ သွားနိုင်မည်ကို ထည့်မတွက်ခဲ့ခြင်း ဖြစ်သည်။

ဤသို့သော သဘောထားမျိုးဖြင့် သူသည် ထိပ်တန်းအယောက် ၁၀၀ ထဲသို့ တိုက်ရိုက် ဝင်ရောက်ခွင့်ရကြောင်း သိလိုက်ရသည့်နောက် ဘာတွေးမိမည်နည်း။

အစပိုင်းတွင် ဖြစ်ပွားမည့် လိပ်ပြာတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့လျှင်ပင် သူသည် ထိပ်တန်း အယောက် ၁၀၀ အတွက် ပေးအပ်မည့် ဆုလာဘ်များ ဖြစ်သော ၂၄ နာရီ အတွေ့အကြုံနှစ်ဆကတ် ၁၀ ကတ်၊ ဂိမ်းဒင်္ဂါး ၂ သိန်းနှင့် အကန့်အသတ်ထုတ် တီရှပ်တစ်ထည်တို့ကို ရရှိနိုင်မည် ဖြစ်သည်။

ဖုန်းပုကြွယ်အတွက်မူ ဤသေချာရေရာသော ဆုလာဘ်များဖြင့်ပင် စိတ်ကျေနပ်နေပြီ ဖြစ်သည်။ နောက်ထပ် နှစ်ပတ်ခန့် အချိန်အတွင်းမှာ အခြားလူအားလုံးက ပြိုင်ပွဲအတွက် အလုပ်ရှုပ်နေကြချိန်တွင် သူကတော့... အီးမေးလ်များ ဖျက်ရင်းဖြင့်သာ အလုပ်ရှုပ်နေတော့မည် ဖြစ်သည်။

ထို့ကြောင့် ဖုန်းပုကြွယ်သည် ဂိမ်းငွေကြေးကို ရောင်းချရန် စိတ်ကူးမိခြင်း ဖြစ်သည်။ ဤကာလအတွင်း ဂိမ်းငွေကြေးဈေးနှုန်းများ မြင့်တက်နေပြီး သူ၏ အဆင့်မြှင့်တင်မှုများအတွက်လည်း ပိုက်ဆံသုံးရန် မလိုသဖြင့် သူ၏ ၂ သန်းကျော်သော ပိုလျှံငွေများ (ဖုန်းပုကြွယ်တွင် လက်ရှိ ဂိမ်းဒင်္ဂါး ၂ သန်း ၄ သိန်းကျော် ရှိသည်) ထဲမှ အချို့ကို အဘယ်ကြောင့် မရောင်းချဘဲ ထားရမည်နည်း။

“အင်း... အဲဒါပဲ”

ဖုန်းပုကြွယ်သည် ပုဖန်နှင့် မငြင်းခုံချင်တော့သဖြင့် သူမစကားအတိုင်း လိုက်ပြောလိုက်သည်။

“ဒါဆိုရင်... အချိန်မဆွဲဘဲ ဈေးနှုန်းအကြောင်းပဲ တိုက်ရိုက်ပြောကြရအောင်...”

“ကောင်းပြီ၊ ရှင်ဘယ်လောက်ရောင်းဖို့ ရည်ရွယ်ထားလဲ...”

ပုဖန်က မေးလိုက်သည်။

“နှစ်သန်း...”

ဖုန်းပုကြွယ်က ကိန်းဂဏန်းတစ်ခုကို ပြောလိုက်သည်။

“အင်း... ဒါဆိုရင်တော့ ယေဘုယျပေါက်ဈေးအတိုင်း သွားကြတာပေါ့...”

ပုဖန်သည်လည်း ဂိမ်းထဲတွင် ထိပ်တန်းကစားသမားတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးစွမ်းရည်ဇယားတွင် ထင်ရှားသူဖြစ်ရာ ငွေအနည်းငယ်အတွက်နှင့် သူမ၏ ဂုဏ်သိက္ခာကို အထိခိုက်မခံနိုင်သဖြင့် ဈေးဆစ်ရန် မရည်ရွယ်ပေ။

“မင်းဆီကနေ ခုနစ်ရာပဲ ယူပါမယ်...”

ဖုန်းပုကြွယ်က ဆိုသည်။

ပိုနေတဲ့ တစ်သိန်းကတော့ မင်းကို ငါ နှစ်ကြိမ်လှည့်စားခဲ့တဲ့အတွက် လျော်ကြေးအဖြစ် သဘောထားလိုက်ပါ...”

“ဟင်...”

ပုဖန်သည် စားပွဲပေါ်ခုန်တက်ကာ လက်ညှိုးထိုး၍ အော်ဟစ်တော့သည်။

“ရှင် တကယ်ဝန်ခံလိုက်ပြီပေါ့... ဘာလျော်ကြေးလဲ၊ ကျွန်မ ဆုံးရှုံးခဲ့ရတဲ့အရာတွေအတွက် ကျွန်မဘာသာ ပြန်ကလဲ့စားချေမှာ၊ ရှင့်ကို ရှစ်ရာပေးမယ်၊ အကြွေကို ထားလိုက်တော့၊ ရှင့်လည်ပင်းကို ဆေးပြီး စောင့်နေလိုက်၊ ကျွန်မ လိပ်ပြာတိုက်ပွဲထဲ ဝင်လာတဲ့အချိန်ကျရင်...”

ပုဖန်၏ အမျိုးသမီးဓားပြဗိုလ်တစ်ယောက်ကဲ့သို့ အငွေ့အသက်မှာ ထင်ရှားလှသည်။ ဖုန်းပုကြွယ်အနေဖြင့် သူမ ဤမျှဒေါသထွက်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်ရာ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

ဤသည်ကို မြင်သောအခါ ကျန့်ရှောင်သည် စားပွဲပေါ် အမြန်လိုက်တက်ပြီး ပုဖန်အား လက်တစ်ဖက်ဖြင့် တားဆီးကာ ဖျောင်းဖျလိုက်သည်။

“အာ... စိတ်လျှော့ပါဦး...”

ထို့နောက် သူသည် ဖုန်းပုကြွယ်ဘက်လှည့်ကာ အနေရခက်စွာ ပြုံးပြရင်း ပြောရှာသည်။

“ညီအစ်ကိုဖုန်း... မိန်းကလေးတစ်ယောက်နဲ့ ပြိုင်မငြင်းပါနဲ့...”

“ငါ့ဖင်ကို စိတ်လျှော့”

ပုဖန်သည် လျှပ်စီးကဲ့သို့ မြန်ဆန်သော ခြေလှမ်းဖြင့် ကျန့်ရှောင်၏ ညာလက်ကို ချုပ်ကိုင်ကာ လက်ဝါးချင်း ချုပ်လိုက်လေသည်။

“နင်နဲ့ တွေ့ကြသေးတာပေါ့ [ဘိ]...”

ဤသည်မှာ ဇာတ်လမ်းပြင်ပ အခြေအနေ ဖြစ်သည်။ သူတို့နှစ်ဦးလုံး၏ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်များသည် သာမန်လူသားတို့၏ အဆင့်အတန်းတွင်သာ ရှိသဖြင့်... အကယ်၍ ယင်းမှာ တကယ့်လက်တွေ့ကမ္ဘာသာဆိုရင် ပုဖန်သည် ပြေးဝင်လာသောဓားသွားအား နှစ်စက္ကန့်အတွင်း အမှောက်သိပ်နိုင်လိမ့်မည် ဖြစ်သည်။

“အား... ငါသေတော့မယ်၊ ငါသေတော့မယ်၊ ငါသေတော့မယ်...”

ဓားသခင်ကြီးသည် အစည်းအဝေးစားပွဲပေါ်တွင် ရုန်းကန်နေသော်လည်း တစ်ဖက်လူ၏ ချုပ်ကိုင်မှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

ပုဖန်လှုပ်ရှားလိုက်သည့် တစ်ချိန်တည်းမှာပင် လုံခြုံရေးစက်ရုပ်တစ်ကောင်သည် အစည်းအဝေးခန်းထဲ၌ ချက်ချင်း ပေါ်လာခဲ့သည်။ ၎င်း၏ စက်ယန္တရားမျက်လုံးများက အကြိမ်အနည်းငယ် လည်ပတ်သွားပြီးနောက် ပြောလိုက်သည်။

“မင်းတို့နှစ်ယောက်က သူငယ်ချင်းတွေဖြစ်လို့ ငါ ပထမဆုံးအချက်ကို အတည်ပြုချင်ပါတယ်...”

ထိုလုံခြုံရေးစက်ရုပ်သည် အလွန်ဉာဏ်ရည်မြင့်မားပြီး ဇွတ်မလုပ်ပေ။ ၎င်းက ပြေးဝင်လာသောဓားသွားကို အရင် မေးလိုက်သည်။

“ငါ ဝင်စွက်ဖက်ဖို့ လိုအပ်ပါသလား...”

“အာ...”

ပြေးဝင်လာသောဓားသွားက စက္ကန့်ပိုင်းမျှ တုံ့ဆိုင်းသွား၏။

ပုဖန်သည် သူမလက်မောင်းပေါ်ရှိ ဖိအားကို မြှင့်တင်လိုက်ပြီး အော်ဟစ်လိုက်လေသည်။

“နင်လုပ်ရဲလား...”

“ဟင့်အင်း၊ ဟင့်အင်း၊ မလိုဘူး...”

ပြေးဝင်လာသောဓားသွားက လုံခြုံရေးစက်ရုပ်ဘက်သို့ အမြန်လှည့်ကာ ပြောလိုက်သည်။

“ငါ... ငါ အဆင်ပြေပါတယ်...”

သူ့မျက်လုံးများထဲတွင်တော့ အရှုံးပေးရသည့် အရိပ်အယောင်များ ထင်ဟပ်နေလေသည်။

“ခွင့်ပြုပါဦး၊ တကယ်လို့ နောင်ကျရင် မင်းတို့ကြားထဲမှာ ဒီလိုလုပ်ရပ်မျိုး ထပ်ဖြစ်လာခဲ့ရင်လည်း ဝင်ရောက်စွက်ဖက်ခြင်းမရှိတဲ့ အခြေအနေလို့ သတ်မှတ်ရမလား...”

လုံခြုံရေးစက်ရုပ်က ဆိုသည်။

“ဒါက ငါးကြိမ်မြောက် ဖြစ်ပွားတာပါ၊ တကယ်လို့ မင်းတို့နှစ်ယောက်လုံးက အတည်ပြုရင် နောက်တစ်ကြိမ်ကျရင် ငါတို့ လျစ်လျူရှုထားလိုက်ပါမယ်”

“အတည်ပြုတယ်...”

ပုဖန်က ပြတ်သားစွာ ပြန်ဖြေလိုက်သည်။

“ဟေး...”

ပြေးဝင်လာသောဓားသွားမှာ စိတ်ပျက်အားငယ် ဖြစ်သွားတော့သည်။

ပုဖန်က သူ့ကို စိုက်ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။

“ဟွန်း...”

“အတည်... အတည်ပြုပါတယ်...”

နောက်ဆုံးတွင် ပြေးဝင်လာသောဓားသွားလည်း အရှုံးပေးလိုက်ရတော့သည်။

“ကောင်းပါပြီ၊ တကယ်လို့ မင်းတို့နှစ်ယောက်အနေနဲ့ ဒီရွေးချယ်မှုကို နောက်ပိုင်းမှာ ပြောင်းလဲချင်ရင် လော့ဂ်အင်နေရာက ထိတွေ့မျက်နှာပြင်ပေါ်မှာ ဆောင်ရွက်နိုင်ပါတယ်၊ ဒါမှမဟုတ် ဈေးဆိုင်ထဲမှာ ငါတို့နဲ့ တိုက်ရိုက်ဆက်သွယ်လို့လည်း ရပါတယ်...”

လုံခြုံရေးစက်ရုပ်သည် စကားပြောပြီးသည်နှင့် ရောက်လာစဉ်ကအတိုင်း စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွားလေသည်။

ပွဲကြည့်နေသည့် ဖုန်းပုကြွယ်သည် စားပွဲပေါ်ရှိ ပြေးဝင်လာသောဓားသွားကို စောင်းကြည့်လိုက်သည်။ အစ်ကိုကြွယ်သည် စကားတစ်ခွန်းမှ ဝင်မပြောသော်လည်း သူအောင့်အီးထားရသော ရယ်မောသံက သူ့ကို သစ္စာဖောက်နေလေသည်...။

“ညီအစ်ကိုဖုန်း၊ ယောက်ျားတစ်ယောက်အနေနဲ့ ဘယ်လိုသည်းခံရမလဲဆိုတာ မင်း နားလည်လိမ့်မယ်လို့ ငါယုံကြည်ပါတယ်... အား...”

ကျန့်ရှောင်သည် သူ၏ တည်ငြိမ်မှုကို ပြန်လည်ရယူရန် ကြိုးစားသော်လည်း သူ့လက်ပေါ်ရှိ ပြင်းထန်သော ဖိအားကြောင့် အော်ဟစ်လိုက်ရပြန်သည်။

“မင်းတို့ဂိုဏ်းရဲ့ အငွေ့အသက်က တကယ့်ကို အံ့ဩစရာပဲ...”

ဖုန်းပုကြွယ်က ပြောလိုက်သည်။

“စတူဒီယိုပိုင်ရှင်နဲ့ ကြယ်ပွင့်ကစားသမား တစ်ယောက်ဖြစ်ရက်နဲ့ မင်းရဲ့ ဂုဏ်ပုဒ်တွေကို ဘေးဖယ်ထားပြီး ဟန်ဆောင်မှုမရှိဘဲ အပျော်တမ်းကစားသမားတွေနဲ့ ‘ရောနှော’ နေနိုင်သေးတယ်... လေးစားပါတယ်၊ တကယ် လေးစားမိပါတယ်...”

“ဟွန်း... ဟန်ဆောင်ပန်ဆောင်နဲ့...”

ပုဖန်က ပြောရင်း သူမ၏ ချုပ်ကွက်ကို လည်ပင်းညှစ်ချုပ်ကွက် (Guillotine Lock ဟုလည်း ခေါ်ပြီး ယေဘုယျအားဖြင့် ပြိုင်ဘက်၏ လည်ပင်းကို လက်မောင်းဖြင့် ရစ်ပတ်ကာ ပြိုင်ဘက်၏ ဦးခေါင်းကို မိမိရင်ဘတ်ဆီသို့ ပြင်းထန်စွာ ဆွဲကပ်ခြင်းဖြစ်ရာ ပြိုင်ဘက်ကို မူးမေ့သွားစေနိုင်သည်) သို့ ပြောင်းလဲလိုက်လေသည်။

“အင်း... မင်းဘာလို့ ပြန်မခုခံလဲဆိုတာ ငါ နားလည်သွားပြီထင်တယ်...”

ဖုန်းပုကြွယ်၏ နှုတ်ခမ်းများ တွန့်သွားပြီး ပုဖန်ကို မော့ကြည့်ကာ ပြောလိုက်သည်။

“ကောင်းပါပြီ၊ မင်းတို့ရဲ့ ဂျူဒိုကစားပွဲကို ငါ ဆက်မနှောင့်ယှက်တော့ပါဘူး၊ ခဏနေရင် ငါ့ရဲ့ ဘဏ်အကောင့်နံပါတ်ကို မင်းဆီ အီးမေးလ် ပို့လိုက်မယ်၊ ပြီးတော့ ဂိမ်းဒင်္ဂါးနှစ်သန်းကိုလည်း ပို့ပေးလိုက်မယ်...”

သူ ပြောပြီးသည်နှင့် ထထွက်သွားတော့သည်။

...

တစ်ချိန်တည်းမှာပင် ဇာတ်လမ်းတစ်ခုထဲ၌ ရှောင်တန်သည် သူ၏ ဆယ်ပွဲမြောက် ပိုးကောင်တိုက်ပွဲကို ကစားနေလေသည်။

လက်ရှိအချိန်အထိ သူ့စံချိန်မှာ ကိုးပွဲကစား၊ ရှစ်ပွဲနိုင်၊ တစ်ပွဲရှုံး ဖြစ်သည်။

၁ ရက်နေ့ အရုဏ်တက်ချိန်တွင် ရှောင်တန်သည် အိပ်စက်ခြင်းမုဒ်ဖြင့် ပဏာမပွဲစဉ်ကိုးပွဲ ကစားခဲ့သည်။ ခုနစ်ထွေသတ်ဖြတ်ခြင်းကြောင့် ရှုံးနိမ့်ခဲ့ရသော ပထမဆုံးပွဲမှလွဲ၍ ကျန်ရှစ်ပွဲလုံးကို သူ အနိုင်ရခဲ့ခြင်း ဖြစ်သည်။

အစ်ကိုကြွယ်၏ ခန့်မှန်းချက်က အမှန်တကယ် တိကျလွန်း၍လား သို့မဟုတ် ထိုခွဲခြမ်းစိတ်ဖြာမှုက ရှောင်တန်ကို ယုံကြည်မှု ပေးခဲ့၍လားတော့ မသိရပေ။ သူ ရင်ဆိုင်ခဲ့ရသော ပြိုင်ဘက် ရှစ်ဦးလုံးအပေါ်တွင် ရှောင်တန်သည် အမြဲတမ်း သန်မာသူတစ်ဦးကဲ့သို့ အနေအထားကို ထားရှိခဲ့သည်။ သူသည် သူ့ကိုယ်သူ သေချာပေါက် နိုင်နိုင်သည်၊ နိုင်သင့်သည်ဟု အခိုင်အမာ ယုံကြည်နေခဲ့ခြင်းလည်း ဖြစ်သည်။

ဤသို့သော စိတ်နေစိတ်ထားနှင့် အရှိန်အဟုန်တို့ကြောင့် ရှောင်တန်သည် တည်ငြိမ်စွာ စွမ်းဆောင်နိုင်ခဲ့ပြီး ရှစ်ပွဲဆက်တိုက် အနိုင်ရရှိခဲ့လေသည်။ သူ၏ ပြိုင်ဘက်များသည် ဆေးကျောင်းတွင် သူကြုံတွေ့ခဲ့ရသော ရောဂါလေ့လာမှုများကဲ့သို့ပင် ဖြစ်ကြရာ သူ့ဘက်မှ မည်သည့်အမှားမျှ မလုပ်သရွေ့တော့ အားလုံးကို အလွယ်တကူ ခြေမှုန်းနိုင်ခဲ့သည်။

ယခုတွင် ရှောင်တန်သည် သူ၏ ဆယ်ပွဲမြောက်ပွဲစဉ်နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

ပြီးလျှင် သူ၏ ပြိုင်ဘက်မှာ ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်နေလေသည်။

အချက်အလက်အရ ကြည့်လျှင် ယင်းသည် အတော်လေး ပုံမှန်ဖြစ်သော်လည်း “ကြယ်တာရာကောင်းကင်” တံဆိပ်ကို မြင်ရခြင်းကတော့ မည်သူ့ကိုမဆို ဖိအားအနည်းငယ် ပေးနိုင်စွမ်း ရှိပေသည်။

ကြယ်တာရာကောင်းကင်သည်လည်း ကြီးမားသော ဂိမ်းစတူဒီယိုကြီးတစ်ခု ဖြစ်သည်။ အကယ်၍ “အော်ဒါ” နှင့် “နတ်ဘုရားများ” တို့သည် ဤလောကတွင် အသန်မာဆုံးနှစ်ခုဆိုလျှင် ဒုတိယတန်းစားအဖွဲ့များ၏ ခေါင်းဆောင်ကတော့... ကြယ်တာရာကောင်းကင်သာ ဖြစ်သည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများနှင့် ကစားသမား အရင်းအမြစ်များအရ ကြည့်ပါက ကြယ်တာရာကောင်းကင်သည် “ကျန်းဟူ” အဖွဲ့ နှစ်ခုစာနှင့် ညီမျှပေသည်။ သို့သော်လည်း... ဤစတူဒီယိုသည် ဝန်ထမ်းအပြောင်းအလဲ အမြဲတမ်းဖြစ်ပေါ်နေသည့် ပြဿနာနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ်အတွင်းတွင် မရေမတွက်နိုင်သော ကြယ်ပွင့်ကစားသမားများသည် ကြယ်တာရာကောင်းကင်မှတစ်ဆင့် ပွဲဦးထွက်ခဲ့ကြရာ ဤစတူဒီယိုသည် တကယ့်ကို “ကြယ်ပွင့်များ မွေးထုတ်ရာ စက်ရုံ” တစ်ခု ဖြစ်သည်။

သို့သော်လည်း... ဘောလုံးလောကမှ “အာဆင်နယ်” အသင်းကဲ့သို့ပင် ကြယ်တာရာကောင်းကင်၏ စီးပွားရေးမဟာဗျူဟာမှာ မှောင်ခိုဈေးကွက်ကဲ့သို့ လည်ပတ်နေသည့် လုပ်ငန်းမျိုး ဖြစ်ပုံရသည်...။

ကြယ်တာရာကောင်းကင်အတွက် ကြယ်ပွင့်ကစားသမား ဖြစ်လာသူ မည်သူမဆို နောက်တစ်နှစ်တွင် ပြန်လည်ရောင်းချခံရရန် ပြင်ဆင်ထားရမည် ဖြစ်သည်။ သင်က အဲဒီလိုလူမျိုး မဟုတ်ရင်တောင် နှစ်ကုန်ပိုင်းမှာ စာချုပ်အသစ် ထပ်ရလိမ့်မယ်လို့ အာမခံချက်မရှိပေ...။ ကြယ်တာရာကောင်းကင်သည် စူပါမားကတ်တစ်ခုကဲ့သို့ဖြစ်ပြီး “မရောင်းချရ” ဟူသော ပစ္စည်းမျိုး မရှိဘဲ ဈေးကြီးသောပစ္စည်းနှင့် ဈေးသက်သာသော ပစ္စည်းဟူ၍သာ ရှိသည်။ အတိုချုပ်ပြောရလျှင် ဈေးနှုန်းသာ မှန်ကန်ပါက သူတို့က သင့်ကို လက်လွှတ်လိုက်မည် ဖြစ်သည်။ အော်ဒါနှင့် နတ်ဘုရားများအဖွဲ့သည် ဤကြယ်ပွင့်မွေးထုတ်ရာ စက်ရုံ၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြသည်။ ဥပမာအားဖြင့် ဖုန်းပုကြွယ် တစ်ခါက ကြုံတွေ့ခဲ့ဖူးသော ကုသရေး အမျိုးသမီးကစားသမား “ယဲ့ကျီ” သည်လည်း တစ်ခါက ကြယ်တာရာကောင်းကင်၏ အဖွဲ့ဝင်တစ်ယောက် ဖြစ်ခဲ့ဖူးသည်။

ပြောရမည်ဆိုလျှင် ကြယ်တာရာကောင်းကင် လုပ်ဆောင်သည့်အရာမှာ အလားအလာရှိသော ကစားသမားများကို ရှာဖွေမွေးထုတ်ပေးပြီး သင့်တင့်သောဈေးနှုန်းဖြင့် စာချုပ်တစ်ခု ချုပ်ဆိုကာ ၎င်းတို့၏တန်ဖိုး မြင့်တက်လာသည့်အခါ ပြောင်းရွှေ့ကြေးများမှတစ်ဆင့် အကျိုးအမြတ် ရယူခြင်း ဖြစ်သည်။ ကစားသမားအများစုသည် ဤစတူဒီယိုကို နာမည်ကြီးလာစေရန် ခြေကုပ်စခန်းတစ်ခုအဖြစ် အသုံးပြုကြသဖြင့်... သူတို့ထံတွင် သွေးသစ်လောင်းမှုများ ဘယ်တော့မှ မပြတ်လပ်ခဲ့ပေ။

ထို့ကြောင့် ဤအုပ်စုထဲမှ တစ်စုံတစ်ယောက်နှင့် ဆုံသည့်အခါ သင့်အနေဖြင့် အထူးသတိထားရမည် ဖြစ်သည်။ ကံကောင်းပါက သင်လက်ရှိရင်ဆိုင်နေရသော ပြိုင်ဘက်သည် နောင်တစ်ချိန်တွင် တစ်ကမ္ဘာလုံး၌ အကောင်းဆုံး ဂိမ်းလောကသမားတစ်ယောက် ဖြစ်လာနိုင်သလို... ကံမကောင်းရင်တော့ သာမန်ကစားသမားတစ်ယောက်သာ ဖြစ်နေနိုင်သည်။

ပြီးလျှင် ဤတိုက်ပွဲတွင် ရှောင်တန်၏ ပြိုင်ဘက်မှာမူ တိုက်တိုက်ဆိုင်ဆိုင်ပင်... ပုဖန်၏ မောင်အရင်း ဖြစ်နေခြင်းဖြစ်သည်။

ဟုတ်ပါသည်။ ပုဖန်တွင် ပြင်ပလက်တွေ့ကမ္ဘာ၌ မောင်အရင်းတစ်ယောက် ရှိပေသည်။ သူသည် ယခုနှစ်တွင် ၁၆ နှစ်သာ ရှိသေးသော်လည်း ပရော်ဖက်ရှင်နယ် ကစားသမားတစ်ယောက် ဖြစ်နေပြီဖြစ်ကာ ကြယ်တာရာကောင်းကင်က အထူးမွေးထုတ်ပေးနေသော အဓိကမျိုးဆက်သစ် ကစားသမားတစ်ယောက်လည်း ဖြစ်သည်။ သူ၏ ဂိမ်းအိုင်ဒီမှာ ပုထျန်းကောဟူ၍ ဖြစ်သည်။

All Chapters