တည်ကြက်
Vol. 102 Ch. 1395
နှင်းများ ကျဆင်းလျက် မြေကမ္ဘာကို အလွှာအထပ်လိုက် ဖုံးလွှမ်းလို့နေသည်။ လောကတစ်ခွင်မှာ ဖြူဆွတ်လျက် ရှိ၏။ နှင်းများသည် သစ်ပင်ပန်းမန်တို့ပေါ်တွင်လည်း စီးအုပ်ထားကာ ရေခဲလွှာများထံမှ နေရောင်ခြည် ထင်ဟပ်ကာ ရောင်ပြန်နေသည်။
ခုလက်ရှိချိန်မှာ မနက်ခင်းပိုင်း ဖြစ်၏။ သေမျိုးကျေးရွာတစ်ရွာဆီကနေ မီးခိုးငွေ့များ လေထဲသို့ ဖြည်းဖြည်းချင်း လှိုက်တက်နေသည်။ လေအေးများလည်း တိုက်ခတ်လျက် ရှိသည်။
ကျေးရွာထံမှ ခွေးဟောင်သံလည်း ထွက်ပေါ်လျက်။ နေ့သစ်ရောက်လာခဲ့ပေပြီ။
အကွာအဝေးတစ်ခုမှ မြင့်တက်လာသော နေမင်းကြောင့် ဤဆောင်းဥတုအတွင်း အတော်လေး အနွေးဓာတ် ရလာ၏။
သည်လောက၏ အရှေ့ဘက်ခြမ်းတွင် လွင်ပြင်တစ်ခုရှိသည်။ ထိုလွင်ပြင်သည် နွေရာသီမှာ မြက်ပင်များ ဖုံးလွှမ်းလျက် ရှိသည့်အတွက် သေမျိုးများက ယင်းနေရာ၌ တိရိစ္ဆာန်များ စားကျက်လွှတ်ရသည်အား သဘောကျလေ၏။ မြက်ပင်များပေါ် လဲလျောင်းလျက် အပြာရောင်ကောင်းကင်ကို မော့ကြည့်ရခြင်းမှာ သာယာဖွယ်အရသာပင်။
သို့ပေမည့် ခုလိုဆောင်းရာသီတွင်တော့ မြင်ကွင်းတွင် မြက်ပင်များ ရှိမနေ နှင်းစက်များကြောင့် ဖြူဖွေးနေ၏။
ဆောင်းရာသီတွင် သေမျိုးများသည် ဤနေရာသို့ မလာတတ်ပေ။ ထို့ကြောင့် သည်လွင်ပြင်ထက်၌ ခြေရာဟူ၍ ရှိမနေပါ။ သို့ပေမည့် ယနေ့တွင် လူတစ်ယောက်မှာ ထိုနှင်းများကြား တစ်ကိုယ်တည်း ထိုင်နေသည်။
ထိုလူမှာ သက်လတ်ပိုင်းအရွယ်ရှိကာ သူက ကောင်းကင်ထက်သို့ တည်ငြိမ်စွာ ကြည့်နေ၏။ သူ့မျက်ဝန်းထဲတွင် စိတ်ရှုပ်ထွေးမှု အရိပ်အယောင် ရှိသည်။
“ငါ့ကျင့်ကြံမှု။ ငါ ငါ့အဆင့်ကို ထပ်ပြီး မဖိနှိပ်ထားနိုင်တော့ဘူး…” ထိုသူက သူ့ဘေးပတ်လည်ရှိ အဖြူရောင်နှင်းထုကို တမ်းတသလို ကြည့်ကာ နတ်ဘုရားပြစ်ဒဏ်ရောက်လာမည်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေသည်။
သိပ်မကြာခင်တွင် လောကသည် တုန်ယင်လာကာ နှင်းပွင့်များ ရုတ်တရက် ပြိုဆင်းကုန်သည်။ လေပြင်းတစ်ခု ကောင်းကင်ထက်တွင် ဝေ့တိုက်ကာ နှင်းများအား လွင့်စင်စေသည်။
တစ်ချိန်တည်းမှာ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ ပေါ်လာလျက် အလျင်အမြန် စုဝေးကုန်သည်။ ကြည့်ရသည်မှာ ထိုတိမ်တိုက်အတွင်း၌ လူတစ်ယောက် ထိုင်နေဟန် တူသည်။ ထိုလူ့ထံမှ အားကောင်းသော ကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များ ပေးစွမ်းကာ ထည်ဝါသောအော်ရာကို ထုတ်လွှတ်၏။
“နိမ့်ကျတဲ့နယ်မြေရဲ့ ကျင့်ကြံသူ။ နတ်ဘုရားပြစ်ဒဏ်ကို တောင့်ခံပြီး ကောင်းကင်ဘုံသား ဖြစ်လာအောင် လုပ်ပါ…”
ခွန်အားပြည့်အသံတစ်သံသည် တိမ်တိုက်များထံမှ မိုးကြိုးသံအလား ထွက်ပေါ်မည်ဟိန်းလာ၏။ သို့ပေမည့် ထိုအသံသည် အောက်ဘက်ရှိ သက်လတ်ပိုင်းလူ၏ နားထဲသို့ ကျရောက်သွားသည့်အခါတွင်လည်း သူ့အမူအရာကို တစ်စက်လေးပင် မပြောင်းလဲသွားစေပေ။
သက်လတ်ပိုင်းလူသည် သူ့အင်္ကျီဝတ်ရုံကို ဖုတ်ဖတ်ခါကာ မတ်တပ်ရပ်၍ တိမ်တိုက်များကို ကြည့်သည်။ သူက တိမ်တိုက်များကို စိတ်ရှုပ်ထွေးဟန်၊ လှောင်ပြောင်မှုအကြည့်ဖြင့် ကြည့်နေ၏။
“ကောင်းကင်ဘုံသားတစ်ယောက် ဖြစ်လာဖို့ဟုတ်လား…” သူ့အသံထဲ၌ လှောင်ပြောင်မှုသဘော ပိုပါလေ၏။
ထိုစဉ် ကောင်းကင်ထက်ရှိ မိုးကြိုးသံ တုန်ဟည်းလာ၏။ တိမ်တိုက်များအတွင်းရှိ ကောင်းကင်ဘုံသားမှာ သူ့လက်ကို ပင့်မြှောက်လျက် တိမ်တိုက်များ တုန်ဟည်းသည်။ လောကကို ထက်ပိုင်းခွဲပစ်နိုင်သော မိုးကြိုးတန်းတစ်ခု ထိုလူ့ထံ သက်ဆင်းလာလေပြီ။
သက်လတ်ပိုင်းလူမှာ မလှုပ်မယှက် ရှိနေ၏။ ထိုမိုးကြိုး ကျဆင်းလာသည်နှင့် သူက သူ့ညာလက်ကို ပင့်မြှောက်၏။ မိုးကြိုးသည် သူ့အပေါ်သို့ ကျရောက်၏။ တုန်ဟည်းသံ ထွက်ပေါ်ပြီးနောက် ယင်းမိုးကြိုးသည် ကွယ်ပျောက်သွားသည်။ သက်လတ်ပိုင်းလူ၏မျက်နှာသည် ဖြူရောသွား၏။ သို့သော် သူ့ဦးခေါင်းမှာ မတ်နေဆဲပင်။
သူသည် တိမ်တိုက်များအတွင်းမှ ကောင်းကင်ဘုံသားကို မြင်၏။ သူ့လက်ကို ထပ်မြှောက်လိုက်သည်။ မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လာပြန်သည်။ ဒုတိယကြိမ်မြောက် နတ်ဘုရားပြစ်ဒဏ်သည် စတင်ဖွဲ့စည်းကာ ခဏအကြာတွင် ပေါ်လာ၏။ သို့ပေမည့် ထိုအခိုက်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားသည်။
မူလတုန်းက ကောင်းကင်ထက်တွင် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များနှင့် ပြည့်နှက်နေသည်။ သို့သော် ထိုအခိုက်တွင် အားတစ်ခု ရုတ်တရက် ပေါ်လာ၏။ ၎င်းသည် တိမ်ထုများကို ထွင်းဖောက် ဆုတ်ဖြဲပစ်လိုက်သည့်အလား ဧရာမလက်တစ်စုံအလား။
တုန်ဟည်းသံများ ပိုကျယ်လောင်လာ၏။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ ပွင့်ထွက်ကာ အဟတစ်ခု ပေါ်လာသည်။ အဖြူရောင်ဝတ်စုံဖြင့် လူငယ်တစ်ယောက်သည် ထိုအဟကြားကနေ လှမ်းလျှောက်ထွက်လာ၏။
ထိုလူငယ် ထွက်လာသည်နှင့် ကောင်းကင်ဘုံသားဆိုသောလူ၏ အမူအရာမှာ အကြီးအကျယ်ပြောင်းလဲကာ သူသည် လှမ်းအော်ပြောသည်။
“မင်း ဘယ်သူလဲ။ ဒီအဘိုးအိုက ဒီကို အရင်ရောက်တာ…”
“ငါက မင်းရဲ့ နတ်ဘုရားပြစ်ဒဏ်ပဲ။ ငါ ဒီကိုရောက်လာတာ ကောင်းကင်ဘုံတာအိုကို ဖျက်စီးဖို့နဲ့ စိတ်ဝိညာဉ်မိုးကြိုး စုဆောင်းဖို့ ဖြစ်တယ်…” ဝမ်လင်းသည် သူ့ညာလက်ကို ပင့်မြှောက်ကာ ကောင်းကင်ထက်ရှိ နတ်ဘုရားပြစ်ဒဏ်များကို လက်ညွှန်လိုက်သည်။
မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ တိမ်တိုက်များအတွင်းမှ အဘိုးအိုသည် တုန်ယင်သည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ မိုးကြိးသည် သူ့ထိန်းချုပ်မှုကနေ လွတ်ကင်းကာ သူ့အမူအရာသည် ပြောင်းလဲသွားသည်။ သို့ရာတွင် သူသည် ထွက်မပြေးပေ။ ထိုအစား မထင်မှတ်စွာ ရန်လိုသောအမူအရာဖြင့် သူသည် တိမ်တိုက်များထံမှ ထိုးထွက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝမ်လင်းထံသို့ မိုးကြိုးစေ့တစ်ခုကို ထွေးထုတ်လိုက်သည်။
“မောက်မာလွန်းတယ်…” ထိုအဘိုးအိုသည် မြန်လွန်း၏။ လျင်မြန်စွာ နီးကပ်လာသည်။ သူ့ထံမှ နိဗ္ဗာနကြိုမြင်ခြင်းနောက်ဆုံးအဆင့် အော်ရာကို ပေးစွမ်းနေသည်။ ကြည့်ရသည်မှာ သူသည် သိပ်မကြာခင် နိဗ္ဗာနသန့်စင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်တော့မည့်ပုံ ရသည်။
မိုးကြိုးစေ့သည် အဆုံးမဲ့မိုးကြိုး ပါဝင်နေ၏။ ၎င်းသည် စိတ်ဝိညာဉ်မိုးကြိုးတန်းငါးခုကို ပေါင်းစုထားသည့် ရတနာတစ်ခု ဖြစ်၏။ ယင်းပုတီးစေ့သည် ဝမ်လင်းထံ အံ့မခန်းစွမ်းအားနှင့်အတူ တိုးဝင်လာလေ၏။
“ငါ ဒီပုတီးစေ့ကို ယူလိုက်မယ်…” ဝမ်လင်းသည် တည်ငြိမ်စွာ ရှေ့သို့ လှမ်း၏။ ခြေတစ်လှမ်းဖြင့်ပင် သူသည် ချက်ခြင်း ပျောက်ကွယ်ကာ ရုတ်တရက် ထိုအဘိုးအိုနောက်၌ ပေါ်လာ၏။ သူက ထိုသူ့နောက်သို့ လက်ညွှန်လိုက်ရာ သူ့လက်ညွှန်ချက်သည် ယင်းအဘိုးအို၏ ဦးခေါင်းနောက်ဘက်သို့ ကျရောက်သွားလေသည်။
အဘိုးအို၏မျက်နှာမှာ ချက်ခြင်း ဖြူရောသွားကာ သူ့မျက်လုံးထဲတွင် ကြောက်လန့်မှု ပြည့်နှက်သွားသည်။ သူသည် သွေးအန်လိုက်ရပြီး သူ့ခန္ဓာကိုယ်တုန်ယင်လျက် သူ၏ဦးခေါင်းထက်တွင် သွေးနီရောင်လိုင်းများ ပေါ်လာကာ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သည်။ သူ့ခန္ဓာကိုယ်သည် ပျက်စီးသွားပြီး သူ့မူလစိတ်ဝိညာဉ်မှာလည်း ဖျက်စီးခံလိုက်ရကာ သူ၏အမှတ်အသားပါ ယူဆောင်တာ ခံလိုက်ရပေသည်။
ဝမ်လင်းသည် စိတ်ဝိညာဉ်မိုးကြိုးတန်းငါးခု ပါဝင်သော မိုးကြိုးစေ့ကို ဘယ်လက်ဖြင့် ကိုင်ထား၏။ ထိုအဘိုးအိုက သတ်ဖို့မှာ သူ့အတွက် ဘာမှ အားစိုက်ထုတ်စရာ မလိုပေ။ သူ့ဘယ်လက်ဖြင့် ယင်းမိုးကြိုးစေ့ကို ချေမွလိုက်ပြီး စိတ်ဝိညာဉ်မိုးကြိုးတန်းငါးခုအား သူ့ညာမျက်စိက အလျင်အမြန် စုပ်ယူလိုက်လေ၏။
အဖြစ်အပျက်မှာ လျှပ်တပြန်ဆန်လှသည်။ စက္ကန့်ပိုင်းလောက်သာ ကြာလိုက်သည်။ အောက်ဘက်ရှိ သက်လတ်ပိုင်းလူကမူ တုန်လှုပ်နေလျက် ရှိသည်။
ဝမ်လင်းသည် လေထဲတွင် ရပ်လျက် ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “မင်း…မင်းရဲ့ကျင့်ကြံမှုကို ဖြန့်ကျက်ပါ။ မင်းရဲ့ နတ်ဘုရားပြစ်ဒဏ်ကို ဆက်လုပ်…”
သက်လတ်ပိုင်းလူသည် သူ့စိတ်နှလုံးထဲရှိ တင်းကြပ်မှုကို ဖိနှိပ်ကာ အသက်ဝဝရှုသွင်းလျက် ဝမ်လင်းကို အဓိပ္ပာယ်ပါသောအကြည့်ဖြင့် ကြည့်သည်။ သူက သူ့ကျင့်ကြံမှုအစွမ်းအပြည့်အဝကို ဖြန့်ကျက်လိုက်၏။ သူ၏ စိတ်ဝိညာဉ်ပုံစံဖြစ်ပေါ်ခြင်းကျင့်ကြံခြင်းမှုအစွမ်းသည် လောကတွင် ပြည့်နှက်လာသည်။
အသက်ရှုစာဆယ်ကြိမ်ကြာပြီးနောက် နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များအတွင်းမှ ပိုမိုများပြားသော မိုးကြိုးများ ထွက်ပေါ်လာ၏။ ကောင်းကင်ထက်၌ နောက်ထပ်အဟတစ်ခု ပွင့်ဟလာကာ လူတစ်ယောက် လှမ်းထွက်လာသည်။
“ဟားဟား…နောက်ဆုံးတော့ နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်နေတဲ့ တစ်ယောက်ယောက်ရှိ ငါ ရောက်လာခဲ့ပြီ…” ထိုသူသည် အဟကြားကနေ ထွက်ကာ ကျယ်လောင်စွာ အားပါးတရ ရယ်မောလေ၏။ သို့ပေမည့် သူ့ရယ်သံအဆုံးမသပ်ခင်မှာပင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။
ခုမှ ရောက်လာကာစ ထိုလူသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း မမြင်လိုက်ရခင်မှာပင် သူ၏ခန္ဓာကိုယ်သည် ပေါက်ကွဲသွားလေ၏။
နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်ရန် ဟန်ပြင်နေသော အောက်ဘက်ရှိ သက်လတ်ပိုင်းလူသည် သူ့ဦးရေပြား ထုံထိုင်းသွားသည်ဟု ခံစားရ၏။ သူသည် ဤအခိုက်အတန့်တွင် မည်သို့ပင် ကြောင်ရီနေပါစေ ထိုအဖြူရောင်ဝတ်စုံနှင့်လူငယ်၏ တည်ကြက်ဖြစ်နေပြီကိုမူ သဘောပေါက်သည်။
“သူက ကောင်းကင်ဘုံသားတွေကို ချက်ခြင်း သတ်ပစ်နိုင်စွမ်း ရှိနေတယ်…”
အချိန်ကုန်လွန်လာ၏။ သိပ်မကြာခင်တွင် နောက်ထပ်လူတစ်ယောက် အဟကြားကနေ ထွက်ပေါ်လာပြန်၏။ ထိုလူမှာ အတော်လေး သတိထားနေသည်။ သူက သူ့ဘေးပတ်လည်တွင် အတားအဆီးများကို ပေါ်လာပြီးသည်နှင့် ချက်ခြင်း နေရာချသည်။ သို့ပေမည့် ဝမ်လင်း၏ လက်တစ်ချက် ဝေ့ယမ်းမှုဖြင့်ပင် သူ့အတားအဆီးအားလုံးမှာ သူ့ခန္ဓာကိုယ်နှင့်အတူ ပျက်စီးသွားလေသည်။ ထိုကျင့်ကြံသူသည် ထိတ်လန့်နာကျင်စွာ အော်ဟစ်လိုက်ရပြီး အသတ်ခံလိုက်ရပေပြီ။
ဆယ့်ငါးမိနစ်အတွင်းမှာပင် အောက်ဘက်ရှိ သက်လတ်ပိုင်းလူကို တည်ကြက်အဖြစ် ထားရှိချိန်မှာ နောက်ထပ် ပြန့်ကြဲမိုးကြိုးကလန်၏ အဖွဲ့ဝင်ဆယ့်နှစ်ယောက်ကျော်လောက် ထပ်လာကြ၏။ သို့ပေမည့် သူတို့သည် ပေါ်လာသည်နှင့် ဝမ်လင်း၏ သတ်ဖြတ်ခြင်း ခံလိုက်ရသည်သာ။
နတ်ဘုရားပြစ်ဒဏ်ကို ဖြတ်ကျော်ရန် ပြင်နေသော ထိုသက်လတ်ပိုင်းလူမှာ ထုံထိုင်းနေမိသည်။ သူ့နှလုံးသားထဲရှိ ကြောက်လန့်မှုမှာလည်း ပိုပိုဆိုးလာသည်။ သူသည် မချီပြုံးပြုံးကာ အဖြစ်သနစ်များကို ကြည့်နေခြင်းအား ရပ်တန့်၍ မျက်လုံးမှိတ်ထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ဝမ်လင်း၏ အခုနည်းလမ်းသည် ပြန့်ကြဲမိုးကြိုးကလန်ဝင်များကို အမဲလိုက်ခြင်းထက် သာ၍ မြန်ဆန်ပေ၏။ နောက်ထပ်နာရီဝက်ကြာပြီးနောက် လူတစ်ရာနီးပါးသည် ဝမ်လင်း၏သတ်ဖြတ်ခြင်း ခံလိုက်ရပေပြီ။
“နောက်ဆုံးတော့ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ရောက်လာခဲ့ပြီပေါ့…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူသည် ပြုံး၍ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များကြားရှိ အဟကနေ လှမ်းထွက်လာသည်။
ထိုအဘိုးအိုသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားလျက် သူ့ထံမှ ထည်ဝါလေးနက်မှုကို ပေးစွမ်းနေသည်။ သူ ပေါ်လာပြီး သိပ်မကြာခင်တွင်ပင် သူ့အမူအရာသည် ပြောင်းလဲသွားကာ အောက်ဘက်သို့ ကြည့်သည်။ သူက ချက်ခြင်းပင် ဝမ်လင်းကို တွေ့မြင်သည်။ ဤပတ်ဝန်းကျင်တွင် သွေးရနံ့များ ပြည့်နှက်နေသည်ကိုလည်း သတိပြုမိသည်။
အဘိုးအို၏အမူအရာမှာ အလေးအနက် ဖြစ်လာသည်။ သူက သတ်ဖြတ်လိုစိတ်ကိုလည်း ထုတ်ဖော်သည်။ သူက နောက်သို့ ပြန်မဆုတ်၊ ထိုအစား ဝမ်လင်းထံ တိုးဝင်လာတော့၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ လေဟာနယ်ထံသို့ ညွှန်သည်။
“မင်းရဲ့ ကလန်ဝင်တွေကို သတ်ဖို့အတွက် ဒီနည်းလမ်းကို အသုံးပြုတယ်လား။ မင်းက သေဖို့ ထိုက်တန်နေပြီ…” ထိုအဘိုးအိုက မာန်သွင်းသံ ပြုကာ မိုးကြိုးတန်းတစ်ခုအသွင် ပြောင်း၍ ဝမ်လင်းရှိ တိုးဝင်လာတော့သည်။ တစ်ချိန်တည်းမှာပင် အရိပ်တစ်ခု ပေါ်လာ၏။ ထိုအရိပ်သည် အဘိုးအိုအသွင် ရှိသည်။
ဤတွင် သူ့ခန္ဓာကိုယ်သည် နှစ်ကိုယ်ခွဲသွားလေ၏။ တစ်ကိုယ်က ဝမ်လင်းရှိ တိုးဝင်ကာ ကျန်တစ်ယောက်မှာ နောက်သို့ အသည်းအသန် ဆုတ်သည်။ ၎င်းက တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ ထွက်ပြေးရန် ပြင်သည်။
ဝမ်လင်း၏အမူအရာသည် တည်ငြိမ်လျက်သာ။ ပြန့်ကြဲမိုးကြိုးကလန်၏ ဤနိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူသည် ဆုံးဖြတ်ချက် ပြတ်သားပေ၏။ သူသည် ကိုယ်ပွားကို ဖျက်စီးပစ်မည်ဟု ချက်ခြင်း တွေးထားခဲ့သလို တစ်ချိန်တည်းမှာလည်း ထွက်ပြေးရန် ပြင်သည်။
တကယ်တော့ ဝမ်လင်းသည် သူ့မူလခန္ဓာကိုယ်နှင့် မဟုတ်ပေ။ သူ့ဂျီနယ်ပယ်ကြောင့်သာ မဟုတ်ပါက နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ထိုအဘိုးအိုထွက်ပြေးသည်ကို ဖမ်းမိနိုင်ဖို့ ခက်ခဲပေမည်။ ဝမ်လင်း၏မျက်လုံးမှာ အနီရောင်လင်းလက်သွား၏။ သူ၏ဂျီနယ်ပယ် ပျံသန်းထွက်လာပေပြီ။ ၎င်းက အနီရောင်လျှပ်စီးတန်းအဖြစ်ပြောင်းကာ ချက်ခြင်းလိုလို အဘိုးအို၏ကိုယ်ပွားကို ထွင်းဖောက်ပစ်သည်။
ကိုယ်ပွားသည် တုန်ယင်လျက် ၎င်း၏မျက်လုံးသည် မှိန်ဖျော့သွားပြီးနောက် ပျက်စီးသွားတော့သည်။ အနီရောင်လျှပ်စီးသည် ကိုယ်ပွားထံမှ ထိုးထွက်လာကာ တည်နေရာရွှေ့ပြောင်းနိုင်ခြင်းမပြုနိုင်ခင်မှာပင် အဘိုးအို၏ တခြားခန္ဓာကိုယ်ထံ ဦးတည်ဝင်ရောက်သည်။
ယင်းအဘိုးအိုမှာ သွေးအန်ထုတ်လိုက်ရ၏။ သူ့မျက်လုံးထဲတွင် ကြောက်ရွှံ့မှုအတိပြီးသည်။ မည်သို့ပင်ဖြစ်စေ ခဏအကြာတွင် သူ့မူလစိတ်ဝိညာဉ်မှာ ဖျက်စီးခံရကာ သေဆုံးသွားတော့သည်။ သူ့ခန္ဓာကိုယ်သည် လေထဲမှ ပြုတ်ကျကာ သူ့အမှတ်အသားမှာလည်း ယူဆောင်ခြင်း ခံလိုက်ရချေပြီ။
“မင်း ဘယ်အချိန်ထိ ဆက်ပုန်းနေအုံးမှာလဲ…” ဝမ်လင်း၏အမူအရာမှာ တည်ငြိမ်လျက်သာ။ နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကို သတ်ဖြတ်ပြီးနောက် သူက အကွာအဝေးတစ်ခုထံသို့ ကြည့်နေ၏။ ဂျီနယ်ပယ် လျှပ်စီးတန်းက ထိုအကွာအဝေးရှိ ဦးတည်ကာ အဆင်သင့် ဖြစ်နေ၏။ အချိန်မရွေး ထိုးထွက်တော့မည့်အလား။
ကောင်းကင်ထက်တွင် လှိုင်းဂယက်များ ပေါ်လာ၏။ ခုနစ်သန်းလောကများရှိ လူအများက အရှင်ပြန့်ကြဲစိတ်ဝိညာဉ်ဟု ခေါ်တွင်သော ဦးခေါင်းပြောင်လူငယ်တစ်ယောက်သည် ထွက်ပေါ်လာလေသည်။
ဝမ်လင်းက ထိုလူငယ်ကို တည်ငြိမ်စွာ ကြည့်ကာ ဖြည်းဖြည်းချင်း ပြောသည်။ “မင်း ဒီနေ့အထိ ငါ့နောက်ကို လိုက်လာခဲ့တယ်။ မင်း ငါ့ကို တစ်ချက်တည်းနဲ့ ရှင်းပြ။ မင်းရဲ့ ရှင်းပြချက်ဟာ ငါ့ကို စိတ်မကျေနပ်စေရင် မင်း သေရမယ်…”
***