တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်
Vol. 102 Ch. 1396
ဦးခေါင်းပြောင်လူငယ်က အပြုံးတစ်ခု ထုတ်ဖော်၏။ သို့သော် သူ့မျက်လုံးအတွင်းနက်ပိုင်းတွင်မူ တည်ကြည်လေးနက်နေသည်။ သူ ဝမ်လင်းကို ကြည့်သော အကြည့်ထဲ၌လည်း ထိတ်လန့်မှုအရိပ်အမြွက် ရှိသည်။ သူသည် ဝမ်လင်းနောက်သို့ လိုက်လာခဲ့ကာ ဝမ်လင်း လုပ်ဆောင်ခဲ့သမျှကို ကိုယ်တိုင်ကိုယ်ကျ တွေ့မြင်ခဲ့သည် မဟုတ်လား။ သူက ဝမ်လင်းသည် အောက်ဘက်ရှိ ကျင့်ကြံသူကို တည်ကြက်အဖြစ်အသုံးပြုကာ နာရီဝက်လောက်အတွင်း ကျင့်ကြံသူတစ်ရာနီးပါးကို သတ်ဖြတ်ပစ်ခဲ့သည်ကိုလည်း မြင်ခဲ့သည်။
သူ့ကို အတုန်လှုပ်မိစေဆုံးမှာ အစွမ်းထက်လှသော နိဗ္ဗာနဖြိုခွဲခြင်းအဆင့်ကျင့်ကြံသူပင် ဝမ်လင်း၏ ရိုက်ချက်တစ်ချက်ကို မခုခံနိုင်ခြင်းပင်။
“သူ့ကျင့်ကြံမှုအဆင့်က ဘာများလဲ…”
သို့သော် သူ တုန်လှုပ်ခဲ့ရသောအရာအားလုံးမှာ ဝမ်လင်းသူ့ကို လက်ညွှန်ကာ ထုတ်ဖော်လိုက်သည်နှင့်စာလျှင် ဘာမှ မဟုတ်ပေ။ ဝမ်လင်း၏စကားလုံးများအရ သူက ဝမ်လင်းနောက် လိုက်လံနေသည်ကို အစောကတည်းက သိရှိနေသည်ကို ပြသနေ၏။ ထိုအဖြစ်က သူမျှော်လင့်ထားသည်ထက် ကျော်လွန်နေ၏။
သူ့ကျင့်ကြံမှုအဆင့်မှာ အထွတ်အထိပ် မဟုတ်သော်လည်း လွန်ခဲ့သောနှစ်ပေါင်းမရေမတွက်နိုင်သောအချိန်က သူ အမွေဆက်ခံခဲ့သော သူ၏ပုန်းကွယ်နိုင်သောပညာရပ်မှာ အထွတ်အထိပ်သို့ ရောက်နေပေပြီ။ သည့်အရင်က ကောင်းကင်ဘုံသားများအားလုံးသည် သူ ခုနစ်ရောင်စုံလောကများအတွင်း၌ လျှောက်သွားနေချိန်၌ သူ့အား လုံးဝ မထောက်လှမ်းနိုင်ခဲ့ကြပေ။ ထိုကောင်းကင်ဘုံသားများထဲ၌ သူ့ထက် ကျင့်ကြံမှုအဆင့်မြင့်သူများပင် ပါဝင်သည်။
ကောင်းကင်ဘုံဒုက္ခစတုတ္ထအဆင့်ကျင့်ကြံသူ တစ်ယောက်၏ နောက်သို့ပင် ဤဦးခေါင်းပြောင်းလူငယ်သည် သက်တောင့်သက်စွာဖြင့် နောက်ယောင်ခံကာ လိုက်နိုင်စွမ်း ရှိပေ၏။
ဤအခိုက်အတန့်တွင် သူသည် အာစေးမိနေပေပြီ။ သူ့ရှေ့ရှိ အနီရောင်လျှပ်စီးက သူ့အသက်အန္တရာယ်ကို ချိန်းခြောက်နိုင်မှုအား ပေးစွမ်းနေသည်။ ထိုလျှပ်စီး လင်းလက်သွားတိုင်း သူ့ ဦးရေပြားပင် ကျိန်းစပ်သွားသလား ခံစားမိ၏။ သူက ထိုလျှပ်စီးတန်းကို သူ မရှောင်နိုင်မှန်း သိသည်။ ထိုလျှပ်စီးတန်း ရွှေ့လျားလာသည်နှင့် သူ သံသယမရှိ သေဆုံးရပေမည်။
ဝမ်လင်း၏ အေးစက်တည်ငြိမ်သော စကားလုံးများက သူ၏ စိတ်ကို မမြင်ရသော ဓားတစ်လက်ကဲ့သို ထွင်းဖောက်ဝင်ရောက်လာ၏။ သူ့အတွက် အဆုံးမဲ့အေးစိမ့်မှုကို ယူဆောင်လာ၏။
နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များထံမှ မိုးကြိုးဟိန်းသံများကလွဲ၍ ပတ်ဝန်းကျင်တစ်ခုလုံးသည် ငြိမ်သက်တိတ်ဆိတ်လို့နေ၏။ ဦးခေါင်းပြောင်လူငယ်၏ မျက်နှာထက်မှ ချွေးစေးများ လိမ့်ဆင်းကျလာသည်။ ဝမ်လင်းက ထိုလူငယ်ကို ကြည့်သည်။ ခဏအကြာတွင် သူသည် မျက်မှောင်ကြုတ်သွားသည်။
ဝမ်လင်း မျက်မှောင်ကြုတ်သွားသည်ကို တွေ့မြင်သည့်အခါ ထိုဦးခေါင်းပြောင်လူငယ်၏စိတ်သည် တုန်လှုပ်သွား၏။ သူက အလျင်အမြန်ပင် သူ့လက်နှစ်ဖက်ကို ဆုပ်ကာ ပြောလိုက်သည်။ “ကောင်းကင်ဘုံသား…ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ဒီနိမ့်ကျတဲ့နယ်မြေခံကို ပြန့်ကြဲမစိတ်ဝိညာဉ်လို့ ခေါ်ပါတယ်။ ကျေးဇူးပြုပြီး…”
သူ့ စကားမဆုံးခင်မှာပင် ဝမ်လင်းက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ အနီရောင်လျှပ်စီးတန်းသည် ထိုလူငယ်ထံသို့ အံ့မခန်းအရှိန်နှုန်းဖြင့် တိုးဝင်လာတော့သည်။
ထိုလူငယ်သည် ခပ်စူးစူးအနီရောင်လျှပ်စီးတန်းက သူ့မျက်ခုံးနှစ်ခုကြား ထွင်းဖောက်သွားသည်ကို မြင်လိုက်ရသည်။
ယင်းဦးခေါင်းပြောင်လူငယ်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွား၏။ သူသည် သွေးအန်ထုတ်လိုက်ရသည်။ သို့သော် သူ မသေပေ။ အစွမ်းထက်အော်ရာတစ်ခုသည် သူ့မျက်ခုံးနှစ်ခုကြားကနေ ထိုးထွက်လာကာ သူ့အား ဝန်းရံသည်။ သူ့ကျင့်ကြံမှုအဆင့်သည် ချက်ခြင်း ပျံ့နှံ့လာပြီးနောက် ရှေးကျသောအော်ရာတစ်ခု ပေါ်လာသည်။
ထိုသူ၏ကိုယ်တွင်းမှ ကောင်းကင်ဘုံတုန်လှုပ်ဖွယ်စိတ်ဝိညာဉ်တစ်ခု အိပ်ပျော်နေသည့်အလား။ ထိုလူသည် ဂျီနယ်ပယ်ကြောင့် ချက်ခြင်း မသေသွားသည့်အထိ သန်မာလှ၏။
“ငါ ထင်ထားသလို လုံလောက်အောင် သန်မာတာပဲ…” ဝမ်လင်းသည် ရှေ့သို့ ခြေလှမ်းသည်။ သူ့မျက်လုံးထံမှ ထူးဆန်းသောအလင်းတစ်ခု ဖြစ်ပေါ်သည်။ သူက ယင်းဦးခေါင်းပြောင်လူငယ်ထံသို့ လှမ်းလာ၏။
ရှေးဟောင်းအော်ရာ၏ ဝန်းရံခြင်းခံထားရသော ဦးခေါင်းပြောင်လူငယ်၏ မျက်လုံးများသည် ပိုကြည်လင်လာကာ ပိုရှေးကျလာသည်။ ဝမ်လင်း နီးကပ်လာချိန်၌ သူက ခပ်တိုးတိုး ပြောသည်။
“ရောင်းရင်းကျင့်ကြံသူ စိတ်ဝိညာဉ်မိုးကြိုးကို လိုချင်နေတုန်းဆိုရင် ကျေးဇူးပြုပြီး ငါ ပြောတာ နားထောင်ပေးပါ…”
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်သွား၏။ သူက လေထဲတွင် ရပ်လိုက်ကာ ထိုလူငယ့်ထံသို့ အေးစက်စက် ကြည့်သည်။
“ဦးခေါင်းပြောင်လူငယ်က ဖြည်းဖြည်းချင်း ပြောလာ၏။ ဒီအဘိုးအိုဟာ ပြန့်ကြဲစိတ်ဝိညာဉ်ပါ။ ငါ နှစ်ပေါင်းသိန်းနဲ့ချီပြီး နေထိုင်ခဲ့ပြီးပါပြီ။ ငါဟာ ကောင်းကင်ဘုံဒုက္ခစတုတ္ထအဆင့်ထိ ရောက်ရှိနိုင်ခဲ့ပြီ ဖြစ်တယ်…”
“ရောင်းရင်းကျင့်ကြံသူရဲ့ ရှေ့မှောက်က ဒီအဘိုးအိုမှာ အခုလိုမျိုး ကိုယ်ပွား(၉၇၁)ခု ရှိပါတယ်။ တစ်ခုစီမှာ ငါ့ရဲ့ စိတ်ဆန္ဒ ပါဝင်တယ်။ ဒီကိုယ်ပွားတွေနဲ့ဆိုရင် ငါဟာ ပြန့်ကြဲမိုးကြိုးကလန်ဝင်ကျင့်ကြံသူတွေလိုမျိုး ဟင်းလင်းပြင်ကို ဖြတ်သန်းသွားနိုင်ပြီး ဘယ်သူကမှလည်း ငါ့ကို သတိမပြုမိကြဘူး…”
“ငါ ရောင်းရင်းကျင့်ကြံသူနောက်ကို လိုက်လာတာ မကောင်းတဲ့ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမဲ့ ငါ အကူအညီတစ်ခု တောင်းပြီး သဘောတူညီမှုတစ်ခု လုပ်ချင်တယ်။ ရောင်းရင်းကျင့်ကြံသူ စိတ်ဝင်စားမယ်ဆိုရင် ငါတို့နှစ်ယောက်လုံးအတွက် ဒါဟာ အကျိုးရှိပါလိမ့်မယ်…”
ထိုဦးခေါင်းပြောင်လူငယ်သည် ဝမ်လင်းကို ကြည့်ကာ ဖြည်းဖြည်းချင်း ပြောလိုက်သည်။
ဝမ်လင်းသည် တည်ငြိမ်စွာပင် မေးလိုက်၏။ “မင်းက ပြန့်ကြဲမိုးကြိုးကလန်ကို သိနေတာလား…”
ဦးခေါင်းပြောင်လူငယ်က ရှုပ်ထွေးသောအမူအရာဖြင့် ခေါင်းညိတ်ပြသည်။
“ရောင်းရင်းကျင့်ကြံသူ ငါနဲ့ တစ်နေရာကို လိုက်လာနိုင်မလား။ ငါ သင့်ကို လမ်းမှာ အားလုံး ပြောပြမယ်…”
ဝမ်လင်းသည် မည်သည့်စိတ်ခံစားချက်ကိုမှ မထုတ်ဖော်ဘဲ တည်ငြိမ်စွာ မေးလိုက်၏။ “ဘယ်နေရာလဲ…”
"လောကရဲ့ အဆုံးသက်နေရာ..." ဦးခေါင်းပြောင်လူငယ်သည် သက်ပြင်းချကာ သူ့ညာလက်ကို ဝေ့ယမ်းလိုက်သည်။ နတ်ဘုရားပြစ်ဒဏ်တိမ်တိုက်များ ချက်ခြင်း လွင့်ပါးသွားလေ၏။ တစ်ချိန်တည်းမှာ သူ့လက်ထဲတွင် လင်းလင်သောစာလုံးတစ်လုံး ပေါ်လာသည်။ ၎င်းစာလုံးသည် အောက်ဘက်ရှိ ကြောင်ရီနေသော သက်လတ်ပိုင်းလူထံ ပျံသန်းသွားကာ သူ၏မျက်ခုံးနှစ်ခုကြားသို့ ဝင်ရောက်သွားသည်။ ထိုအဖြစ်သည် ထိုလူ၏ကျင့်ကြံမှုအဆင့်ကို ကွယ်ဝှက်ပေးကာ သူ့ထံသို့ နတ်ဘုရားပြစ်ဒဏ် ထပ်မံမကျရောက်လာအောင် တားဆီးပေးသည်။
ထိုအရာများကို ပြုလုပ်ပေးပြီးနောက် ဦးခေါင်းပြောင်လူငယ်၏ ပတ်ပတ်လည်မှ အော်ရာသည် သူ့ခန္ဓာကိုယ်အတွင်း ပြန်ရုတ်သိမ်းသွားသည်။ သူက သူ့လက်နှစ်ဖက်ကို ဝမ်လင်းထံ၌ ဆုပ်ကိုင်၏။ ထို့နောက် သူသည် တဖက်လှည့်ကာ လေဟာနယ်အတွင်းသို့ ခြေလှမ်း၍ မထင်မှတ်စွာ ပျောက်ကွယ်သွားလေသည်။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူလည်း ရှေ့သို့ ခြေလှမ်းသည်။ သူသည် ဦးခေါင်းပြောင်လူငယ်နှင့်အတူ ပျောက်ကွယ်သွားတော့၏။
"ဒီအဘိုးအိုဟာ အသက်တစ်ရာပြည့်တဲ့အချိန်မှာ စိတ်ဝိညာဥ်ပုံစံဖြစ်ပေါ်ခြင်း အဆင့်ကို ရောက်ရှိခဲ့ပြီး ကောင်းကင်နဲ့မြေကြီးအပေါ် နားလည်ခဲ့တယ်။ နတ်ဘုရားပြစ်ဒဏ်တော်တော်များများကို တွေ့မြင်ပြီးတဲ့နောက် ဒီကောင်းကင်ဘုံသားလို့ ခေါ်တဲ့သူတွေဟာ ငါတို့ဘိုးဘေးတွေ ပြောခဲ့သလို မဟုတ်ဘူးဆိုတာ ငါ သဘောပေါက်လာခဲ့တယ်။ အဲ့ဒီလို သံသယဝင်လာတဲ့အတွက်ကြောင့် ငါဟာ ငါ့ကျင့်ကြံမှုအဆင့်ကို စိတ်ဝိညာဥ်ပုံစံဖြစ်ပေါ်ခြင်း အထွတ်အထိပ်မရောက်အောင် ဖိနှိပ်ထားခဲ့တယ်။ ဒါ့အပြင် ငါဟာ အဖြေတစ်ခုကို ကြိတ်ပြီး ရှာဖွေခဲ့တယ်..."
ဦးခေါင်းပြောင်လူငယ်သည် စကားဆိုနေရင်း ခုနစ်သန်းလောကအတွင်း လျှောက်လှမ်းနေ၏။
ဝမ်လင်းသည်လည်း သူနှင့်အတူ ခုနစ်သန်းလောကများအတွင်း တည်ငြိမ်စွာ လျှောက်လှမ်းနေသည်။
"ကံမကောင်းစွာနဲ့ ငါ့အရည်အချင်းဟာ သိပ်မဆိုးပေမယ့်လို့ ငါ့ကျင့်ကြံမှုကို ထပ်ပြီး မဖိနှိပ်ထားနိုင်တော့ဘူး။ ငါ့ အသက်နှစ်ရာရောက်တဲ့ အချိန်မှာ ငါဟာ ကျင့်ကြံမှုကို ဆက်ပြီး မဖိနှိပ်ထားနိုင်တော့ဘဲ နတ်ဘုရားပြစ်ဒဏ်ဟာ ငါ့အတွက် ကျရောက်လာခဲ့တယ်။ အဲ့အချိန်က ရောက်လာတဲ့ကောင်းကင်ဘုံသားဟာ အခုလက်ရှိ ပြန့်ကြဲမိုးကြိုးကလန်ရဲ့ အကြီးအကဲချုပ်ပဲ..."
"အဲ့အချိန်တုန်းက သူ့ကျင့်ကြံမှုဟာ နိဗ္ဗာနကြိုမြင်ချင်းအဆင့်၊ ငါဟာ သူ့ကြောင့် ဒဏ်ရာအပြင်းအထန် ရခဲ့ပြီး သေအံမူးမူး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါ့ကို သတ်ပစ်ရမယ့်အစား သူဟာ ငါ့ကျင့်ကြံမှုအဆင့်ကို ဖျက်စီးပြီး ပြန်ထွက်ခွာသွားခဲ့တယ်..."
"အစတုန်းကတော့ ငါဟာ ကောင်းကင်ဘုံက သက်ညှာမှုရှိတယ်လို့ ထင်ခဲ့မိတာ။ နောက်နှစ်ပေါင်းများစွာကြာမှ သူ ဘာကြောင့် ငါ့ကို အသက်ရှင်ဖို့ အခွင့်အရေးပေးခဲ့လည်း သဘောပေါက်ခဲ့တယ်။ ငါ အသက်မသေဘဲ ထပ်ကျင့်ကြံနိုင်မှ စိတ်ဝိညာဥ်မိုးကြိုးကို နောက်ထပ်မွေးဖွားပေးမယ့် အခွင့်အရေး ရှိလာမှာ မဟုတ်လား..."
ဦးခေါင်းပြောင်လူငယ်၏အသံတွင် ခါးသီးမှုတို့ ပါနေ၏။
"ဒါပေမယ့်လည်း ငါဟာ ငါ့ကျင့်ကြံမှုအဆင့်ကို ပြန်တည်ဆောက်နိုင်ရုံတင်မကဘဲ ငါကြုံခဲ့ရတဲ့ နတ်ဘုရားပြစ်ဒဏ်အတွင်းမှာ လောကရဲ့ပြောင်းလဲမှုတွေကိုပါ သဘောပေါက်သွားလိမ့်မယ်လို့တော့ သူ ထင်ထားမိမှာ မဟုတ်ဘူး။ ဒါ့အပြင် ငါ့ကျင့်ကြံမှုအဆင့်ကို ဖိနှိပ်နိုင်ဖို့ ဒီခုနစ်သန်းလောကရဲ့ တည်ရှိမှုကို ငှားယမ်းအသုံးချခဲ့သလို နတ်ဘုရားပြစ်ဒဏ်ကို မဖြတ်ကျော်ရဘဲ ငါ့ကျင့်ကြံမှုပိုတိုးတက်နိုင်မယ့် နည်းလမ်းတစ်ခုလည်း ရရှိခဲ့တယ်..."
ဦးခေါင်းပြောင်လူငယ်သည် ထိုသို့ပြောနေရင်း သူ့မျက်လုံးထဲ၌ အတိတ်ကို အောက်မေ့မှု ပြည့်နှက်လာသည်။
ဝမ်လင်းသည် သူ့ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်၏။ "သင့်ကိုယ်သင် ကိုယ်ပွားတွေအဖြစ် ဖြန့်ကြဲလိုက်တာမလား..."
ဦးခေါင်းပြောင်လူငယ်က ခေါင်းညိတ်ပြ၏။
ငါဟာ ပြန့်ကြဲစိတ်ဝိညာဥ်နည်းစနစ်ကို အသုံးပြုပြီး စိတ်ဝိညာဥ်ပုံစံဖြစ်ပေါ်ခြင်းထက် ကျောက်လွန်တဲ့ ငါ"ငါ့ကျင့်ကြံမှုကို တခြားကိုယ်ပွားတွေဆီ ကူးပြောင်းပေးခဲ့တယ်။ နှစ်တစ်ထောင်ကုန်လွန်ပြီးတဲ့နောက် ငါ အာဏာတက်ခြင်းအဆင့်ကို ရောက်လာခဲ့ပြီး ကိုယ်ပွားပေါင်း(၉၇၁)ခု ပိုင်ဆိုင်ခဲ့ပြီ..."
"ကိုယ်ပွားပေါင်း(၉၇၁)ယောက်ဟာ ပြန့်ကြဲစိတ်ဝိညာဥ်နည်းစနစ်ရဲ့ အကန့်အသတ်ပဲ။ ဒါ့ကြောင့် ငါဟာ နည်းလမ်းတစ်ခု လှည့်ပတ်ရှာခဲ့တယ်။ ကိုယ်ပွားတစ်ခုစီကို ပင်မခန္ဓာကိုယ်လိုမျိုး လုပ်ဆောင်စေခဲ့တယ်။ အဲ့အခါကျတော့ ငါဟာ ပြန့်ကြဲစိတ်ဝိညာဥ်နည်းစနစ်ကို ထပ်မံ အသုံးပြုလို့ ရသွားတယ်လေ။ ဒီတော့ ငါ့ကိုယ်ပွား (၉၇၁) ယောက်မှာ သူတို့ရဲ့ကိုယ်ပိုင် ကိုယ်ပွားပေါင်း (၉၇၁)ယောက် ထပ်ရှိလာခဲ့ပြန်တယ်..."
"ဒီလိုနည်းနဲ့ ငါ့ကျင့်ကြံမှုအဆင့်ဟာ တဖြည်းဖြည်းတိုးတက်လာခဲ့ပြီး နောက်ဆုံးမှာ နိဗ္ဗာနကြိုမြင်ခြင်းအဆင့်ထိ ရောက်လာခဲ့တယ်..."
သူ့စကား ထိုနေရာ ရောက်သည့်အခါ ဦးခေါင်းပြောင်လူငယ်သည် သက်ပြင်းမှုတ်ထုတ်၏။
သူနှင့် ဝမ်လင်းတို့သည် နှစ်ယောက်လုံးအစွမ်းထက် ကျင့်ကြံသူများ ဖြစ်ကြ၏။ သူတို့သည် လောကများကို ဖြတ်သန်းလာရင်း ပိုဝေးသထက်အဝေးသို့ ရောက်လာကြသည်။
"ငါ နိဗ္ဗာနသန့်စင်ခြင်းအဆင့် ရောက်လာခဲ့တဲ့နောက်တော့ ငါ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ဝင်ခဲ့တဲ့ သံသယနောက် စလိုက်လံတော့တယ်။ ဒီကောင်းကင်ဟာ အစစ်အမှန်ကောင်းကင်ဘုံ ဟုတ်ရဲ့လား၊ ဒီမြေကမ္ဘာဟာ အစစ်အမှန် ဟုတ်ရဲ့လား ငါ သိချင်လာတယ်။ ဒီကောင်းကင်ဘုံနယ်မြေကရော အစစ်အမှန် ကောင်းကင်ဘုံ ဟုတ်ရဲ့လား ငါ သိချင်လာခဲ့တယ်..."
ဒါပေမယ့်လည်း ငါဟာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ကို ရောက်ပြီး အစွမ်းထက်လာခဲ့ပေမယ့် ငါ ဒီခုနစ်သန်းလောကထဲကနေ မထွက်နိုင်ခဲ့ဘူး။ ငါဟာ ဒီခုနစ်သန်းလောကတွေရဲ့ အတွင်းမှာပဲ ခရီးဆန့်နိုင်ခဲ့တယ်။ ငါ့ကျင့်ကြံမှုအဆင့်နဲ့ မချိုးဖျက်နိုင်တဲ့ မမြင်ရတဲ့ အရံအတားတစ်ခု ရှိနေခဲ့တယ်..."
"နတ်ဘုရားပြစ်ဒဏ်ပေါ်လာတိုင်း ငါက ဘေးတစ်ဖက်ကနေ လေ့လာနေခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းနဲ့ တစ်စုံတစ်ခုကို ငါ သဘောပေါက်လာခဲ့တယ်။ တစ်ချိန်တည်းမှာ ငါ သဘောပေါက်သွားတဲ့အရာကြောင့် ငါဟာ တုန်လှုပ်ခဲ့ရတော့တယ်..."
"ငါ နေထိုင်ရှင်သန်တဲ့ လောကဟာ တစ်စုံတစ်ယောက် ဖန်တီးထားတယ်ဆိုတာ ငါ မယုံနိုင် ဖြစ်ခဲ့ရတယ်။ တခြားသူတွေရဲ့ အမြင်မှာ ငါဟာ ပုရွတ်ဆိတ်တစ်ကောင်လို ရှုမြင်ခံရပြီး၊ သူတို့အတွက် စိတ်ဝိညာဥ်မိုးကြိုးကို စုဆောင်းပေးဖို့ သပ်သပ် ဖြစ်နေတာကို ငါ ဘယ်လိုမှ မယုံကြည်နိုင်ဘူး..."
ဝမ်လင်းသည် ဦးခေါင်းပြောင်လူငယ်၏ စကားများကို နားထောင်နေရင်း ငြိမ်သက်စွာ စဥ်းစားနေမိသည်။ သူ့မျက်လုံးထဲ၌ စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။
"ငါ စိတ်ဓါတ်ကျခဲ့ပြီး မျှော်လင့်ချက်မဲ့ခဲ့ရတယ်။ ငါ ဒီအကြောင်း တချို့လူတွေကို ပြောပြခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ မယုံကြည်ခဲ့ဘူး။ ငါလည်း ဒီအကြောင်းဟာ အမှန်တရား ဖြစ်မယ်လို့ မယုံကြည်ချင်ပါဘူး။ ငါ ဘာတစ်ခုကိုမှ ရှာမတွေ့မိပဲ ဒီအချက်ဟာ ငါ့ထင်မြင်ချက်သပ်သပ်သာ ဖြစ်လိုက်ရင်တောင် ပိုကောင်းအုံးမယ်..."
"ငါ စိတ်ရှုပ်ထွေးမှုနဲ့ပဲ နှစ်ထောင်ချီ အချိန်ကုန်ခဲ့ပြန်တယ်။ တနေ့မှာတော့ ငါဟာ ကောင်းကင်ဘုံသားနှစ်ယောက် တိုက်ခိုက်နေပြီး သူတို့ထဲက တစ်ယောက်ဟာ သေဆုံးပြီး ကောင်းကင်ထက်ကနေ ပြုတ်ကျလာခဲ့တာကို တွေ့မြင်ခဲ့တယ်။ ငါ အဲ့ဒီ အလောင်းရှေ့မှာ အချိန်အကြာကြီး ရပ်နေခဲ့မိတယ်။ နောက်ဆုံး ဒီအလောင်း ပုတ်သိုးဆွေးမြေ့ ပျောက်ကွယ်သွားတဲ့အထိ ငါ ရပ်နေခဲ့မိတယ်။ အဲ့ဒီနောက် ငါဟာ မျက်ရည်ထွက်တဲ့အထိ ရယ်မောပစ်ခဲ့တယ်။ အဲ့အလောင်းဟာ ဘာမှ ကောင်းကင်ဘုံသားမဟုတ်ဘူး။ ငါနဲ့ အတူတူပဲ။ သူလည်း ငါ့လိုပဲ သေမျိုးကျင့်ကြံသူတစ်ယောက်ပဲ...”
“အဲ့နေ့ကစပြီး ငါ ဆက်ပြီး ရှုပ်ထွေးမနေတော့ဘူး။ ငါ ဒီလောကကို ချိုးဖျက်ပစ်မယ်လို့ ငါ့ကိုယ်ငါ ပြောခဲ့တယ်။ငါဟာ အပြင်ထွက်ပြီး ကြည့်ချင်တယ်။ ဒီနေရာရဲ့ အပြင်ဘက်မှာ ဘာရှိနေမလဲ မြင်ချင်တယ်။ ငါ့ထင်မြင်ချက်ဟာ မှန်တယ်ဆိုတာ သက်သေပြချင်တယ်…”
ဦးခေါင်းပြောင်လူငယ်သည် စိတ်လှုပ်ရှားမှု ပြည့်နှက်နေ၏။ သူ အခုလိုမျိုး တစ်ယောက်ယောက်ကို ပြောပြသည်မှာ အခုသည် ပထမဆုံးအကြိမ်ပင်။
“ငါ စကျင့်ကြံခဲ့တယ်။ ငါ့ကိုယ်ပွားအားလုံးဟာလည်း ပြန့်ကြံစိတ်ဝိညာဉ်နည်းစနစ်ကို ငါ့လိုပဲ စတင်ကျင့်ကြံကြတယ်။ အချိန်ကုန်လာခဲ့တယ်။ ဒါပေမဲ့ ငါ့စိတ်နှလုံးထဲက နာကျည်းမှုဟာ ပိုပို တိုးပွားလာခဲ့တယ်။ ငါ နိဗ္ဗာနဖြိုခွဲခြင်းအဆင့် ရောက်တဲ့အထိပဲ။ ငါ့ကိုယ်ပွားအားလုံးဟာလည်း နိဗ္ဗာနကြိုမြင်ခြင်းအဆင့်၊ နိဗ္ဗာနသန့်စင်ခြင်းအဆင့်ထိ ရောက်လာခဲ့ကြတယ်။ နောက်ဆုံးမှာ ငါဟာ ဒီလှောင့်ချိုင်ထဲကနေ ချိုးဖျက်ပြီး ကြယ်ရောင်စုံကောင်းကင်ဆီ ခြေချ ဝင်ရောက်ခဲ့တယ်…”
***