← Chapters

သခင် ဘယ်မှာလဲ…

Vol. 102 Ch. 1398

သခင် ဘယ်မှာလဲ…

Vol. 102 Ch. 1398

ဤအခိုက်အတန့်တွင် အဆုံးမဲ့မိုးကြိုးများ ဝန်းရံထားသော ပြန့်ကြဲမိုးကြိုးကလန်၏ ဂြိုဟ်ဆယ့်ခြောက်လုံးထဲမှ တစ်ခုပေါ်တွင် တုန်လှုပ်ဖွယ်ပြောင်းလဲမှုတစ်ခု ဖြစ်ပွားနေ၏။

ရှုလီကောသည် အနက်ရောင်မြူခိုးအဖြစ်ပြောင်းလဲကာ အကွာအဝေးတစ်ခုရှိ ထွက်ပြေးနေသည်။ သူသည် လှပကျက်သရေရှိသော အမျိုးသမီးတစ်ယောက်ကိုပါ ခေါ်ဆောင်လာ၏။ ရှုလီကော၏မျက်နှာထက်တွင် ကြောက်လန့်မှုနှင့် ပြည့်နှက်လျက် သူသည် အဆက်မပြတ် အော်ဟစ်နေသည်။

လှပသောအမျိုးသမီး၏မျက်လုံးထဲတွင် လှောင်ပြောင်မှု ပြည့်နှက်လျက် သူမသည် အေးစက်စက် ပြောလိုက်သည်။ “နင် မလွတ်နိုင်ပါဘူး။ နင် ငါ့ကို ဖမ်းလိုက်တဲ့အတွက် နင်ဟာ ကပ်ဘေးကြီးတစ်ခုကို ဖြစ်စေခဲ့ပြီ။ ဒါက အကြီးအကဲတစ်ယောက်ပဲ ရှိသေးတယ်။ နင် ထွက်ပြေးနိုင်တယ်။ ငါ့အဖေ တံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာဖို့ သိပ်မလိုတောဘူး။ အဲ့ကြရင် နင့်ကို မိုးကြိုးစိတ်ဝိညာဉ်အဖြစ် သန့်စင်ပစ်မယ်။ ငါ့ရင်ထဲက အမုန်းတရားကို ဖြေလျှော့နိုင်ဖို့ နင့်ကို နှစ်ထောင်ချီ နှိပ်စက်ပစ်မယ်…”

အနက်ရောင်မြူများကြားမှ ရှုလီကော ပေါ်လာ၏။ ထို့နောက် သူက ထိုအမျိုးသမီးကို ရိုက်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်၏။ “ပါးစပ်ပိတ်ထားစမ်း။ နင့်ရဲ့ ဘိုးဘိုးရှုက အတွေ့အကြုံ မရှိဘူးလို့များ ထင်နေတာလား…”

လှပသောအမျိုးသမီး၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် တလက်လက် ဖြစ်ပေါ်နေ၏။ သူမက အေးစက်စက်နှာခေါင်းရှုံ့ကာ သွေးများ ထွေးထုတ်လိုက်သည်။

ထိုအခိုက်တွင် ကောင်းကင်သည် တုန်ဟည်းလျက် မိုးကြိုးသည် တုန်လှုပ်ဖွယ်ရာ ဖြစ်ပေါ်သည်။ အဆုံးမဲ့တုန်ဟည်းသံများ ကောင်းကင်တစ်ခွင်၌ ပျံ့နှံ့ကာ သက်ရှိဖြစ်တည်မှုအားလုံးကို တုန်ယင်စေသည်။ သူတို့၏လှိုဏ်ဂူများအတွင်း၌ ရှိနေကြသော ပြန့်ကြဲမိုးကြိုးကလန်ဝင်များသည်ပင် ကြောက်လန့်ကုန်ကြသည်။

ကောင်းကင်တစ်ခုလုံး နက်မှောင်နေ၏။ သို့သော် ထိုအခိုက်တွင် ကောင်းကင်ထက်၌ မရေမတွက်နိုင်သော ငွေရောင်လျှပ်စီးများ ပေါ်လာသည်။

အစိမ်းရောင်ဝတ်စုံဖြင့် အဘိုးအိုတစ်ယောက်သည် ကောင်းကင်ထက်သို့ ဖြတ်၍ ခြေချလာ၏။ သူသည် ခြေတစ်လှမ်းဖြင့် အတိုင်းမသိအကွာအဝေးတစ်ခုကို ဖြတ်သန်းသွားသလား မှတ်ထင်ရသည်။

“ဒီအဘိုးအိုရှေ့မှာ ဓားစိတ်ဝိညာဉ်လောက်က လာပြီး မောက်မာဝံ့နေတယ်။ မင်း အရင်က ထွက်ပြေးနိုင်ကောင်း ထွက်ပြေးနိုင်လိမ့်မယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ မင်း သေပြီမှတ်…” ထိုအဘိုးအိုသည် ချိပ်ဟန်တစ်ခု ဖြစ်ပေါ်စေလျက် ထွက်ပြေးနေသော ရှုလီကောထံ လက်ညွှန်သည်။

မိုးကြိုးများ စုဝေးလာ၏။ ငွေရောင်လျှပ်စီးသန်းချီသည် ရှုလီကောထံ တိုးဝင်လာလေပြီ။

ရှုလီကောသည် ထိတ်လန့်တကြား အော်လိုက်၏။ ရုတ်တရက် သူက နောက်လှည့်ကာ လက်ထဲရှိ လှပသောအမျိုးသမီးကို ဒိုင်းအဖြစ် ကာလိုက်သည်။ သူက သူ့လက်နှစ်ဖက်ဖြင့် လေထုကို ခုတ်ပိုင်းကာ သူ့ထံမှ ဓားစွမ်းအင်တန်းများ ထွက်ပေါ်စေ၏။ ထိုဓားစွမ်းအင်များသည် ကောင်းကင်တုန်လှုပ်ဖွယ်ရာပင်။ ၎င်းတို့ထံမှ အေးစက်စက်အော်ရာတစ်ခု ပေးစွမ်းလေသည်။ ၎င်းတို့သည် မိုးကြိုးနှင့် ထိပ်တိုက်တွေ့သည်။

ဝုန်း၊ ဝုန်း၊ ဝုန်း၊ ဝုန်း…။

ကောင်းကင်သည်ပင် အရောင်ပြောင်းလဲ၏။ တိမ်ထုများ တစစီဖြစ်ကုန်သည်။ ပြင်းထန်သောဖိသိပ်အားတစ်ခု ပျံ့နှံ့လာကာ ရှုလီကောကို စိတ်ဝိညာဉ်အဆီအနှစ်ကို အန်ထွက်စေသည်။ ချက်ခြင်းပင် သူသည် အားနည်းသွား၏။ သို့ပေမည့် ထိုဖိသိပ်အားက သူ့အား အဝေးသို့ ဆွဲခေါ်သွားကာ သူသည် လှပသောအမျိုးသမီးနှင့်အတူ အလျင်အမြန် ထွက်ပြေးပြန်သည်။

“နင် ငါ့ကို လွှတ်ပေးရင် ငါ နင့်ကို အပြစ်လျော့ပေးနိုင်တယ်။ ဒါပေမဲ့ နင် မလွှတ်…” လှပသောအမျိုးသမီးသည်လည်း ထိုဖိသိပ်အားကြောင့် သွေးအန်လိုက်ရပေ၏။ သူမသည် ရှုလီကောကို စိုက်ကြည့်နေ၏။ သို့ပေမည့် သူမ စကားအဆုံးမသပ်ခင်မှာပင် ရှုလီကောသည် ထူးဆန်းစွာအော်မြည်သံ ပြုသည်။ သူ့ညာလက်ကို သူမ၏အင်္ကျီစအတွင်းသို့ ထည့်သွင်းကာ သူမ၏ရင်ဘက်ကို ခပ်နာနာ ညှစ်ချလိုက်တော့သည်။

“ပါးစပ်ပိတ်ထားစမ်း…ကောင်မလေး။ ငါ သေရရင် ငါ နင့်ကို အရင်ဆုံး သတ်ပစ်ခဲ့မယ်…” ရှုလီကော ညှစ်ချေလိုက်သည့်အခါ လှပသောအမျိုးသမီး၏မျက်နှာသည် ဖြူရောသွား၏။ ၎င်းမှာ အလွန်နာကျင်တာ သိသာပေသည်။

သို့ရာတွင် ထိုအခိုက်အတန့်၌ အဘိုးအို၏မျက်လုံးသည် မီးတောက်များဖြင့် လင်းလက်လာ၏။ သူသည် ဒေါသအတော်ထွက်နေပေပြီ။ သူက ဤဓားစိတ်ဝိညာဉ်နောက် လိုက်လာနေသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။ သို့သော် ဓားစိတ်ဝိညာဉ်၏မန္တာန်များသည် အလွန်ကောင်းမွန်နေကာ သူသည် မကြာဆိုသလို အန္တရာယ်ကနေ လွတ်လွတ်သွားနေ၏။ ဓားစိတ်ဝိညာဉ်၏အမြန်နှုန်းကလည်း အံ့မခန်းပင်။ သူပါ လိုက်မမှီနိုင်လောက်ဟု ခပ်ရေးရေး ခံစားမိလေ၏။

သူသည် ရှုလီကော၏ လုပ်ရပ်ကို တွေ့မြင်သည့်အခါ ဒေါသတကြီး အော်ဟစ်လိုက်၏။ သူ့ညာလက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ၏အမှတ်အသား လင်းလက်လာသည်။ ထို့နောက် အနက်ရောင်မိုးကြိုးလုံးတစ်လုံး ပျံသန်းထွက်လာသည်။

မိုးကြိုးလုံးသည် အဘိုးအို၏ညာလက်နှင့်အတူ ရွှေ့လျားသည်။ ၎င်းက လောကကို ချိုးဖျက်ကာ ရှုလီကောထံ ဦးတည်ဝင်လာသည်။

“သေစမ်း…ဒါကြီး ထပ်လာပြန်ပြီ…” ရှုလီကောသည် သူ့ညာလက်ကို ပြန်ရုတ်သိမ်းကာ အော်ဟစ်လျက် အနက်ရောင်မြူအဖြစ် ပြောင်းလဲသည်။ ထို့နောက် သူသည် ဟိုဟိုဒီဒီ ပြေးတော့၏။ သူ ဖျပ်ခနဲ ပြေးလိုက်ချိန်တွင် အနက်ရောင်မိုးကြိုးလုံးသည် ရောက်ရှိလာပေပြီ။

မိုးကြိုးပေါက်ကွဲသံ ပဲ့တင်ထပ်ကာ မြေကြီးထုကို တုန်ဟည်းသွားစေ၏။ မရေမတွက်နိုင်သောအက်ကြောင်းများ ပေါ်လာသည်။ မိုးကြိုးသည် အဘက်ဘက်သို့ ပျံ့နှံ့လျက် တုန်ဟည်းသံများ ဆက်တိုက် ဖြစ်ပေါ်သည်။

ထိုအရာများအားလုံးသည် ချက်ခြင်းလိုလို ဖြစ်ပွားသွားခြင်းသာ။ အနက်ရောင်မြူအဖြစ် ပြောင်းလဲသွားသော ရှုလီကောသည် အကွာအဝေးတစ်ခု၌ ပြန်ပေါ်လာ၏။ ရှုလီကော၏ခန္ဓာကိုယ် ပြန်ဖွဲ့စည်းသွားသည်။ သို့သော် ၎င်းခန္ဓာကိုယ်မှာ ဝေဝါးနေလေ၏။ သူ့စိတ်ဝိညာဉ်ခန္ဓာကိုယ်ပင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့လေပြီ။

သို့ပေမည့် သူ့လက်ကမူ လှပသောအမျိုးသမီးကို အမိဖမ်းကိုင်ထားဆဲသာ။

သူပေါ်လာသည်နှင့် မိုးကြိုးလုံးထံမှ အနက်ရောင်အမျှင်တန်းသုံးခု ထွက်ပေါ်လာကာ ရှုလီကောထံ တိုးဝင်လာသည်။ ထိုအမျှင်တန်းတစ်ခုစီ၌ ကောင်းကင်ဘုံကိုဖျက်စီးနိုင်သောစွမ်းအား ပါဝင်နေသည်။

ယင်းအမျှင်တန်းများ ရောက်ရှိလာသည်နှင့် ရှုလီကောသည် မျက်စိပျက်မျက်နှာပျက်ဖြင့် နောက်ဆုတ်ကာ အမျိုးသမီးကို ဒိုင်းအဖြစ် အသုံးပြုသည်။ အမျှင်တန်းသုံးခုသည် ရပ်တန့်သွားကာ ချက်ခြင်း ဦးတည်ရာ ပြောင်းလဲသွားသည်။

ထိုအခွင့်အရေးကို အသုံးချကာ ရှုလီကောသည် နောက်သို့ အလျင်အမြန်ဆုတ်၍ မာန်သွင်းလိုက်၏။ “အဘိုးကြီး။ မင်းရဲ့ဘိုးဘိုးရှုကို ဘာများထင်နေလဲ။ မင်းဟာ နိဗ္ဗာနသန့်စင်ခြင်းအဆင့်လောက်ပဲ ရှိတာပါ။ ဘာမှ မဟုတ်ပါဘူး…။ ငါ့သခင်သာ ပြန်ရောက်လာတာနဲ့ သူဟာ မင်းကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်နိုင်တယ်…”

ရှုလီကောနောက်သို့ လိုက်လံနေသော အဘိုးအို၏မျက်နှာထက်မှ အနက်ရောင်အခိုးငွေ့များ ထွက်ပေါ်လာသည်။ သူ့လက်ချောင်းက အကန့်အသတ်တစ်ခုသို့ ရောက်၏။ သူသည် နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့ပြီးသူ ဖြစ်သည်။ သို့သော် သူသည် ယခုကဲ့သို့ ပါးစပ်သရမ်းသည့် ရန်သူမျိုးကို လုံးဝ မတွေ့ဖူးခဲ့ပေ။ သူသည် နောက်သို့ လိုက်နေရင်း တခြားတစ်ဖက်မှလူသည် သူ့ကို ဆက်တိုက် ဆဲဆို၏။ ပုံမှန်ဆို ရေပြင်အလား တည်ငြိမ်သော သူ့စိတ်နှလုံးသားဖြင့်ပင် သူသည် ဒေါသမထွက်မိဘဲ မနေနိုင် ဖြစ်ရလေသည်။

“ဒီအဘိုးအို မင်းကို မီတဲ့အခါကျရင်တော့ ငါက မင်းရဲ့ သေချင်တဲ့ဆန္ဒကို ဖြည့်ဆည်းပေးမယ်…”

“အဘိုးကြီး။ မင်း တခြားတစ်ခုခု မပြောတတ်တော့ဘူးလား။ မင်း ဒီစကားကိုပဲ အကြိမ်တစ်ရာလောက် ပြောခဲ့ပြီးပြီး။ အာ အကြိမ်တစ်ရာတောင်နော်။ ပြောစမ်းပါ အဘိုးကြီးရဲ့ သင်က ငါ ဒီကောင်မလေးကို အမြတ်ထုတ်မှာ ကြည့်ချင်နေတာလား။ သင့်ရဲ့ နိဗ္ဗာနသန့်စင်ခြင်းအဆင့်နဲ့တောင် သင်ဟာ ဘာကြောင့်များ ငါ့ကို မမီသေးတာလဲ…”

ရှုလီကောသည် တည်နေရာရွှေ့ပြောင်းရင်း ခပ်ကြမ်းကြမ်း ပြောဆိုနေ၏။ သူသည် အားနည်းနေကာ ဆီကုန်ခါနီးမီးအိမ်အလား ဖြစ်နေသော်လည်း သူ့စကားလုံးများကမူ ကြမ်းနေသေး၏။

“ကောင်းပြီ။ မင်းရဲ့ဘိုးဘိုးရှုက မင်း မြင်ချင်တာအားလုံးကို ပြသပေးရမှာပေါ့…” ပြောပြောဆိုဆိုဖြင့် ရှုလီကောသည် သူ့ညာလက်ကို လှပသောအမျိုးသမီးထံသို့ လှမ်းဆန့်ကာ သူမ၏အဝတ်အစားများကို ဆုတ်ဖြဲလိုက်သည်။ သူမ၏အဝတ်အစားတော်တော်များများ စုတ်ပြဲသွားကာ သူမ၏နှင်းကဲ့သို့ ဖြူဆွတ်သောအသားအရည်မှာ လှစ်ပေါ်လာသည်။

ထိုအမျိုးသမီး၏မျက်လုံးထဲရှိ ရက်စက်လိုမှုသည် ကြောက်မက်ဖွယ်ကောင်းလာ၏။ သူမသည် အော်ဟစ်လိုက်သည်။ “ငါ နင့်ကို သတ်မယ်…”

“ပါးစပ်ပိတ်ထားစမ်း…ကောင်မလေး။ နင် နင့်ရဲ့ဘိုးဘိုးကို ဒေါသထွက်အောင် လုပ်ရင် ငါနင့်ရဲ့ခန္ဓာကိုယ်ကို ပိုင်စိုးပစ်မယ်။ နင်က ငါဟာ စိတ်ဝိညာဉ်တစ်ခုဆိုတာ သိပါတယ်။ ငါ နင့်ရဲ့ခန္ဓာကိုယ်ကို လွယ်လွယ်လေး အပိုင်စီးပစ်လို့ ရတယ်…” ရှုလီကောသည် ပါးစပ်ကနေ ကြမ်းကြမ်းတမ်းတမ်း ဆိုနေသော်လည်း သူ့စိတ်ထဲတွင်မူ ခါးသက်နေ၏။

“သခင်….သင်သာ ပြန်ရောက်မလာခဲ့ရင် သင့်ရဲ့ဘိုးဘိုးရှုကတော့ အပြီးသပ်တော့မယ်…။ သင်ဟာ ငါ့ကို တစ်ယောက်တည်း ထားရစ်ခဲ့တယ်။ အခုတော့ သင်က ငါ့ကို ဂရုမစိုက်တော့ဘူးပေါ့။ သခင်…ကျေးဇူးပြုပြီး ပေါ်လာပါတော့…”

ရှုလီကော၏စကားလုံးများကို ကြားလိုက်ရသည့်နောက် သူမ၏မျက်နှာသည် ဖြူရောသွား၏။ သူမသည် ချက်ခြင်း ပါးစပ်ပိတ်သွားသည်။ သူမသည် တစ်ခွန်းတစ်လေပင် မထွက်ဝံ့တော့ပေ။

ရှုလီကောနောက်သို့ လိုက်လာသော အစိမ်းရောင်ဝတ်စုံဖြင့် အဘိုးအိုသည် ရှုလီကော၏စကားလုံးများကို ကြားလိုက်ရ၏။ ထိုအဖြစ်က သူ့ခန္ဓာကိုယ်အနှံ့ ဒေါသ ပြည့်နှက်လာစေ၏။ သူသည် သွေးအန်လုနီးပါးပင်။ သူသည် ထပ်မံလိုက်ဖမ်းကာ စကားမပြောတော့ရန် ဆုံးဖြတ်လိုက်တော့၏။

အဘိုးအိုသည် နောက်က ဆက်လိုက်နေစဉ် ရှုလီကောသည် အားနည်းသထက်အားနည်းလာ၏။ သို့သော် သူသည် ကြမ်းကြမ်းတမ်းတမ်းစကားများကို ဆက်တိုက် ပြောနေဆဲပင်။ အဘိုးအိုသည် ဒေါသကြောင့် ပေါက်ကွဲလုနီးနီး ဖြစ်နေရ၏။

တိုးညင်းသောအသံတစ်ခု လောကတွင် ပေါ်လာ၏။ “လျှာစောင်းထက်လိုက်တဲ့ဓားစိတ်ဝိညာဉ်။ ငါ မင်းရဲ့ စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဝက်တစ်ကောင်ရဲ့ ခန္ဓာကိုယ်ထဲ ချိပ်ပိတ်ပစ်ပြီးတဲ့နောက်ကျရင် မင်းဒီလိုမျိုး စကားတွေ ပြောနိုင်ဦးမလား ငါ မြင်ချင်မိတယ်…”

ထိုအသံနှင့်အတူ အပြာရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာ၏။ သူသည် ပေါ်လာသည်နှင့် ရှုလီကော ထွက်ပြေးမည့်လမ်းကြောင်းရှေ့တွင် မားမားရပ်နှင့်နေပြီး ဖြစ်သည်။

လှပသောအမျိုးသမီးက ချက်ခြင်း ပျော်ရွှင်စွာ အော်ပြောလိုက်၏။ “ခေါင်းကိုင်အဖ…”

“နိဗ္ဗာနဖြိုခွဲခြင်းအထွတ်အထိပ်အဆင့်…” ရှုလီကော၏မျက်လုံးသူငယ်အိမ်မှာ ကျုံ့သွား၏။ သူ့ခန္ဓာကိုယ်မှာ တုန်ယင်သည်။ သူသည် နောက်ဆုတ်ရန် ပြင်စဉ် သက်လတ်ပိုင်းလူက ညာလက်ကို ဝေ့ယမ်းလိုက်လေ၏။

ရှုလီကော၏ခန္ဓာကိုယ်မှာ တုန်ယင်သွားလျက် သူ့ခန္ဓာကိုယ်သည် အပိုင်းပိုင်းအစစဖြစ်ကာ အနက်ရောင်မြူအဖြစ် ပြောင်းလဲသွားလေသည်။ သူ ဆုပ်ကိုင်ထားသော အမျိုးသမီးကို ညင်သာသောအားတစ်ခုက ဝန်းရံကာ သက်လတ်ပိုင်းလူ၏ ဘေးတစ်ဖက်သို့ ယူဆောင်လာပေး၏။

ထိုအခိုက်တွင် အစိမ်းရောင်ဝတ်စုံနှင့်အဘိုးအိုသည်လည်း အနားရောက်လာခဲ့ပေပြီ။

အနက်ရောင်မြူခိုးများသည် တဖန်ဖွဲ့စည်းလာပြန်၏။ သို့သော် ၎င်းသည် အတော်လေးကို ပိုအားနည်းသွားသည်။

“ဟီးဟီး…ဒီကောင်မလေးရဲ့ ခေါင်းကိုင်အဖဟာ အခုလောက် ငယ်ရွယ်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး။ ခေါင်းကိုင်အဖ၊ ခေါင်းကိုင်အဖ။ ငါထင်တာတော့ သူမဟာ သင့်ရဲ့ အပျော်မယားမလား…” ရှုလီကော ထိုသို့ ပြောလိုက်ရုံ ရှိသေး သက်လတ်ပိုင်းလူ၏အမူအရာသည် သုန်မှုန်သွား၏။ သူက သူ့ညာလက်ကို ဝေ့ယမ်းလိုက်ရာ လေပြင်းနှင့်မိုးကြိုးသည် ရှုလီကောထံ တရကြမ်း ဝင်ရောက်သည်။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်၏။ ရှုလီကောသည် တဖန် ပျက်စီးသွားပြန်သည်။ သူ ခုမှ ပြန်ဖွဲ့စည်းရုံရှိသေး ထပ်မံ ပျက်စီးသွားရခြင်းပင်။ ထိုသို့ ဆက်ဖြစ်နေရင်း သူသည် မြန်ဆန်စွာ အားနည်းလာ၏။ သူက လုံးဝ ဖျက်စီးခံရလုနီးနီး ဖြစ်လာသည်။

“မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ့်အစား ဆက်တိုက် လွင့်ပျောက်အောင် လုပ်ပေးမယ်။ ဒါမှ မင်းက သေခြင်းရဲ့ ကြောက်ရွှံ့မှု အရသာကို ထပ်ခါထပ်ခါ ခံစားရမှာ…” သက်လတ်ပိုင်းလူ၏အသံသည် တိုးညင်း၏။ သူ့ဘေးရှိ လှပသောအမျိုးသမီးကမူ ကြောက်မက်ဖွယ်အမုန်းတရားနှင့် ပြည့်နှက်နေချေသည်။

“သခင်…ငါ့ကို ကယ်ပါ။ သင်သာ ငါ့ကို မကယ်တော့ရင် ငါ သေရပါတော့မယ်…” ရှုလီကောသည် ကြောက်ရွှံ့မှုနှင့် ပြည့်နှက်နေသည်။ သူသည် သူစော်ကားခဲ့သော အမျိုးသမီးကြောင့် နောက်ပြန်လှည့်၍ မရတော့သောကြောင့် မဟုတ်လျှင် သူ အညံ့ခံမှာ ကြာလှနေလောက်ပေပြီ။

“ဒါမှန်တယ်။ မင်းမှာ သခင်တစ်ယောက် ရှိနေသေးတာပဲ။ မင်းရဲ့ သခင်က ငါ့ကို ဘယ်လိုများ ရန်စမလဲ ငါ မြင်ချင်မိသေးတယ်။ သူ့ကိုပါ မင်းနဲ့အတူ ငါ မြေမြှုပ်ပေးလိုက်မယ်…” သက်လတ်ပိုင်းလူသည် နူးညံ့စွာ ပြုံးလိုက်၏။

သို့ပေမည့် ထိုစဉ် အေးစက်စက်အသံတစ်ခု လောကထံမှ ထွက်ပေါ်လာလေ၏။ ထိုအသံသည် မရေမတွက်နိုင်သော ထက်ရှသည့်ဓားသွားများအလား။ ပြင်းထန်သောအေးစိမ့်မှုနှင့် ပြည့်နှက်ချေ၏။

“ငါဟာ သူ့သခင်ပဲ…”

ထိုအသံ ပေါ်လာသည်နှင့် သက်လတ်ပိုင်းလူ၏ မျက်နှာထက်ရှိ နူးညံ့သောအပြုံးမှာ တောင့်တင်းသွား၏။ သူ့မျက်လုံးထဲတွင် တုန်လှုပ်မှု ဖြစ်ပေါ်လာသည်။ သူသည် သူ့နတ်ဘုရားအာရုံကို တစ်ချိန်တည်း ဖြန့်ကျက်ထားပေ၏။ သို့သော် ထိုအသံ ပေါ်လာသည့် မတိုင်ခင်ထိ သူသည် မည်သည့်အရာကိုမျှ သတိမပြုမိပေ။

မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်လျက် လောကတစ်ခွင်သည် မိုးကြိုးနှင့် အစားထိုးလာ၏။

ဝမ်လင်းသည် ထိုမိုးကြိုးထံမှ လှမ်းလျှောက်လာသည်။

“သခင်…သခင်…ငါ့ကို ကယ်ပါ…” ရှုလီကောသည် ဝမ်လင်း ထွက်ပေါ်လာသည့်အပေါ် အခုလို ပျော်ရွှင်မှုမျိုး ဘယ်တုန်းကမျှ မပြသဖူးခဲ့ပေ။ သူသည် ဝမ်လင်းထံသို့ ပျံသန်းလာတော့၏။

သို့ပေမည့် ရှုလီကောကို အရိုးထဲကနေ မုန်းတီးနေသော အစိမ်းရောင်ဝတ်စုံဖြင့်အဘိုးအိုက သူ့ညာလက်ကို အလိုလိုပင့်မြှောက်ကာ ရှုလီကောကို ဟန့်တားမိသည်။ သို့ပေမည့် ထိုကဲ့သို့ အပြုအမူအတွက် သူ ပေးဆပ်လိုက်ရသည်မှာ သေဆုံးခြင်းပင်။

သူသည် သူ့ညာလက်ကို ပင့်မြှောက်လိုက်ချိန်တွင် ဝမ်လင်းသည် သူ့အင်္ကျီလက်အိုးကို ဝေ့ယမ်းကာ ပျောက်ကွယ်သွားသည်။ ဝမ်လင်း ပြန်ပေါ်လာသည့်အခါ၌ ထိုအဘိုးအိုပါ သူ့ဘေးတွင် ရှိနေပေပြီ။ သူက ထိုအဘိုးအို၏မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်လိုက်သည်။

အဘိုးအို၏ခန္ဓာကိုယ်သည် ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားသလို သူ့မျက်လုံးထဲတွင်လည်း မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သည်။ သူ့ခန္ဓာကိုယ်မှာ ပျက်စီးသွား၏။ သူ့မူလစိတ်ဝိညာဉ်ပါ ခန္ဓာကိုယ်နှင့်အတူ ဖျက်စီးခံလိုက်ရသည်။

အပြာရောင်ဝတ်စုံဖြင့် သက်လတ်ပိုင်းလူ၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွား၏။ သူ့နှဖူးထက်တွင် ချွေးစေးများ ပြန်နေသည်။ သူ့မျက်လုံးထဲ၌ ကြောက်လန့်မှု ပြည့်နှက်၏။ သူသည် ချက်ခြင်း နောက်ဆုတ်ကာ လှပသောအမျိုးသမီးကို လှမ်းဆွဲ၍ ထွက်ပြေးရန် ပြင်တော့သည်။

***

All Chapters