← Chapters

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ(၃)

Vol. 102 Ch. 1401

ပြန့်ကြဲမိုးကြိုးကလန်၌ တိုက်ပွဲ(၃)

Vol. 102 Ch. 1401

ဝမ်လင်း၏မူလခန္ဓာကိုယ် နိုးထလာသည်နှင့် သူ့မူလစိတ်ဝိညာဉ်နောက်သို့ လိုက်လံလာသော မိုးကြိုးနဂါးရာချီသည် အပြင်းအထန် တုန်ရီကာ အချို့ဆို ပေါက်ကွဲကုန်သည်။

ကျန်သည့် မိုးကြိုးနဂါးများသည် မပျက်စီးသွားသော်လည်း မိုးကြိုးကန်မှ ထွက်ပေါ်လာနေသော ဖိအားက သူတို့ကို ရှေ့ဆက်မတိုးဝံ့စေတော့ပေ။ အမြဲလိုလို တည်ငြိမ်သောအမူအရာရှိသည့် အကြီးအကဲခေါင်းဆောင်၏ အသွင်ဟန်ပန်ပင် ပြောင်းလဲသွားသည်။ ထိုခဏ၌ သူသည် ရပ်တန့်သွား၏။ သူ့မျက်နှာထက်တွင် အလေးအနက်ဖြစ်ဟန် အရိပ်အယောင် ပေါ်လာသည်။

ထိုအခိုက်အတန့်တွင် ဝမ်လင်း၏ရှေးဟောင်းမိုးကြိုးနဂါး မူလစိတ်ဝိညာဉ်သည် မိုးကြိုးကန်အတွင်းသို့ တရကြမ်း တိုးဝင်၏။ ၎င်းက ရုတ်တရက် အကြီးအကဲခေါင်းဆောင်ထံ ပြန်လှည့်ကာ လူသားအသွင် ပြန်ပြောင်းလဲသွားသည်။

“ငါ ဝမ်လင်းဟာ ထာဝရမိုးကြိုးကို စုဆောင်းဖို့နဲ့ သင်တို့ရဲ့ ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးပစ်ဖို့ ရောက်လာခဲ့တာပဲ…” ဝမ်လင်းသည် သူအရင်က ပြောခဲ့သော စကားကိုပင် ဖြည်းဖြည်းချင်း ထပ်ပြော၏။ သူ့မူလစိတ်ဝိညာဉ်သည် မိုးကြိုးကန်အတွင်းသို့ ဆုတ်သွားသည်။

အကြီးအကဲခေါင်းဆောင်၏ မျက်လုံးသည် တလက်လက် ဖြစ်သွားကာ သူသည် နှာခေါင်းရှုံ့ကာ မိုးကြိုးကန်ဆီ ရွှေ့လျားလာသည်။ မူလတုန်းက မိုးကြိုးကန်သည် တဝီဝီမြည်ဟည်းလျက် ရှိနေ၏။ သို့သော် အကြီးအကဲခေါင်းဆောင် ဝင်လာချိန်တွင်မူ ၎င်းကန်သည် ငြိမ်သက်သွား၏။ မမြင်ရသောအားတစ်ခုက ၎င်းအပေါ်သို့ ဖိနှိပ်လိုက်သည့်အလား။

အကြီးအကဲခေါင်းဆောင်၏ နတ်ဘုရားအာရုံသည် ထိုမိုးကြိုးကန်အတွင်း၌ ပျံ့နှံ့လာ၏။ သူ့နတ်ဘုရားအာရုံအတွင်းရှိ မိုးကြိုးအားလုံးမှာ ငြိမ်သက်ကုန်သည်။

“ဒါက မင်းကို ကူညီပေးမယ့်သူလား။ ဒီအဘိုးအိုက မင်းကို ကူညီပေးမယ့်သူဟာ ငါ့ပြန့်ကြဲမိုးကြိုးကလန်ကို ဖျက်စီးနိုင်မလားဆိုတာ မြင်ချင်မိသေးတယ်…” အကြီးအကဲခေါင်းဆောင်၏ ခွန်အားပြည့်အသံသည် အဘက်ဘက်သို့ ပျံ့နှံ့လာ၏။

သို့ပေမည့် သူ ထိုသို့ ပြောလိုက်ရုံရှိသေး အကွာအဝေးတစ်ခုမှ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာ၏။

“သင့် ဆန္ဒအတိုင်း ဖြစ်စေရမယ်….”

ထိုရိုးရှင်းသောစကားများက ကြောက်မက်ဖွယ်တုန်ဟည်းမှုကို အထိုင်ချလေ၏။ ထိုစကားသံသည် မိုးကြိုးကန်တစ်ခုလုံးကိုပါ တဝီဝီလှုပ်ခတ် ဟိန်းမြည်သွားစေသည်။

တစ်ချိန်တည်းမှာ အကြီးအကဲခေါင်းဆောင်၏ရှေ့ရှိ မိုးကြိုးကန်သည် လက်သီးချက်လှိုင်းများအလား တုန်ဟည်းမြည်ကာ သူ့ထံသို့ တိုးဝင်လာလေ၏။

ကြောက်မက်ဖွယ်တုန်ဟည်းမှုသည် ရူးသွပ်မှုနှင့်၊ ကောင်းကင်ဘုံကိုပါ ထက်ပိုင်းခြမ်းမည့် အားအဟုန်ကို သယ်ဆောင်လာ၏။

အကြီးအကဲခေါင်းဆောင်၏မျက်လုံးသည် ကျဉ်းမြောင်းသွားကာ သူသည် အကွာအဝေးတစ်ခုထံသို့ ကြည့်၏။ သူ့ရှေ့တွင် မိုးကြိုးများ တုန်ဟည်းလျက် လျှပ်စီးတန်းများ ငွေရောင်မြွေများအလား ကခုန်လေ၏။

ဤအခိုက်တွင် သင်သည် အပေါ်စီးမှ ကြည့်ပါက တုန်လှုပ်ဖွယ်ရာမြင်ကွင်းတစ်ခုကို တွေ့ရပေလိမ့်မည်။

ထိုမြင်ကွင်းထဲ၌ မိုးကြိုးကန်အစပ်ရှိ အကြီးအကဲခေါင်းဆောင်ထံသို့ ဆံဖြူလူငယ်တစ်ယောက်သည် တန်းတန်းမတ်မတ် တိုးဝင်လာနေချေ၏။

သူ ရှေ့သို့ တိုးလာနေရင်း သူ့ညာလက်ဖြင့် လက်သီးချက်များ ဆက်တိုက် ပစ်သွင်းနေသည်။ လက်သီးချက်တိုင်းမှာ မိုးကြိုးကန်အတွင်းရှိ မိုးကြိုးများကို အရူးအမူး စုဝေးစေသည်။ ထိုမိုးကြိုးများသည် ထိုဆံဖြူလူငယ်၏ရှေ့မှောက်မှာ တဖြည်းဖြည်း ပုံရိပ်ယောင်လက်သီးတစ်လုံးအဖြစ် ဖွဲ့တည်သည်။

အစပိုင်းတွင် ထိုလက်သီးချက်သည် ပေတစ်ရာသာ ကျယ်ပြောသည်။ သို့သော် ဝမ်လင်းက သူ့လက်သီးချက်များကို ဆက်တိုက် ပစ်သွင်းနေရာ မိုးကြိုးများကို ပိုမို စုပ်ယူသည်။ ထိုအခါ လက်သီးချက်သည် ပေတစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းအထိ ကြီးထွားလာလေ၏။

ပေတစ်သိန်းလက်သီးမှာ မိုးကြိုးနှင့် ပြုလုပ်ထားခြင်း မည်၏။ ၎င်းမှာ တုန်လှုပ်ဖွယ်ရာတည်း။

တုန်ဟည်းသံလက်သီးချက် နီးကပ်လာသည့်အခါ အဘက်ဘက်သို့ အသံများ ပျံ့လွင့်သည်။ အဝေးရှိ ကျင့်ကြံခြင်းဂြိုဟ်ဆယ့်ခြောက်လုံးမှ မိုးကြိုးကလန်ဝင်များသည်ပင် ထိုမိုးကြိုးတုန်ဟည်းသံကို ကြားရ၏။ လောကသည် ပျက်စီးတော့မည့်အလား။

အကြီးအကဲခေါင်းဆောင်၏အမူအရာသည် ပြောင်းလဲသွားကာ အလေးအနက် ဖြစ်လာ၏။ သူသည် တခြားတစ်ဖက်မှလူသည် သူ့ကို ဤနေရာသို့ မျှားခေါ်ကာ ယုံကြည်မှု ရှိနေသည်ကို နားလည်ထား၏။ သို့သော် သူကလည်း တတိယအဆင့်အောက်တွင် အသန်မာဆုံး၊ ဤနေရာကလည်း ပြန့်ကြဲမိုးကြိုးကလန် ဖြစ်နေသည့်အတွက်ကြောင့် တစ်ဖက်လူကို အလေးအနက်သိပ်မထားခဲ့ပေ။

ဤအခိုက်တွင်တော့ သူသည် မိုးကြိုးနှင့်ပြုလုပ်ထားသော ဧရာမလက်သီးချက်ကို တွေ့မြင်ရချိန်မှာ သူ့စိတ်သည် တုန်လှုပ်မိသည်။

“ဒါက မိုးကြိုးစွမ်းအား သပ်သပ် မဟုတ်ဘူး။ ဒီမန္တာန်အတွင်းမှာ တခြားမန္တာန်တစ်ခုပါ ရှိနေတယ်…”

မိုးကြိုးတုန်ဟည်းသံမှာ ကောင်းကင်ဘုံလှုပ်ခါစေလောက်၏။ ဝမ်လင်းသည် ၎င်းတုန်ဟည်းသံနောက်မှ လှမ်းလျှောက်လာနေသည်။ သူသည် လက်သီးချက်များ အဆတ်မပြတ် ပစ်သွင်းနေသည်။ ထိုအခါ မိုးကြိုးလက်သီးချက်သည် ပေနှစ်သိန်းလောက်ထိ ကြီးမားလာပေပြီ။

“မြေခွေးအိုကြီး…မင်း ငါနဲ့ တိုက်ခိုက်ရဲလား…” ဝမ်လင်းသည် နီးကပ်လာ၏။ သူ့နောက်ဆုံး လက်သီးချက်ကို ပစ်လွှတ်သည်။ ထိုလက်သီးချက်အတွင်း၌ သူ့ခန္ဓာကိုယ်ထဲရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားများကိုပါ အသက်သွင်းထားပြီးပင်။ သူ့မျက်ခုံးနှစ်ခုကြားရှိ ကြယ်များသည် အရူးအမူး လှည့်လည်ကာ ရှေးဟောင်းနတ်ဘုရားစွမ်းအား မြောက်များစွာ စီးဆင်းလေသည်။

ဝမ်လင်း၏ကျင့်ကြံမှုအဆင့်နှင့် မိုးကြိုးအပေါ် သူ့ထိန်းချုပ်နိုင်မှုကိုပါ ထည့်ပေါင်းပါက သူသည် ကောင်းကင်ဘုံအက်ကွဲစေမည့် လက်သီးချက်ကို ဖွဲ့တည်စေနိုင်စွမ်း ရှိပေသည်။ ပေနှစ်သိန်းလက်သီးချက်သည် မိုးကြိုးတုန်ဟည်းသံနှင့်အတူ သက်ဆင်းလာခဲ့၏။ ၎င်းသည် အဖျက်အစီးအော်ရာနှင့်အတူ အကြီးအကဲခေါင်းဆောင်ထံ ကျရောက်လာခဲ့လေပြီ။

အကြီးအကဲခေါင်းဆောင်သည် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ကာ သူ့ကလန်အမှတ်အသားကို သူ့လက်ဖြင့် ထိရိုက်လိုက်၏။ သူ့ခန္ဓာကိုယ်ပေါ်ရှိ ဝတ်ရုံမှာ လေမတိုက်ပါဘဲ လွင့်ဝဲလျက် သူ့ဆံပင်များ ဖွာလန်ကြဲကုန်သည်။ ထို့နောက် သူ့မျက်လုံးသည် တောက်ပလာကာ သူသည် ဟိန်းအော်သံ ပြုသည်။

“အစွမ်းထက်လိုက်တဲ့ မိုးကြိုးလက်သီးချက်၊ ဒီအဘိုးအိုက မင်းနဲ့ တိုက်ခိုက်ပေးမယ်…”

သူ့လက်က သူ၏အမှတ်အသားပေါ်သို့ ကျရောက်သွားခိုက်တွင် ထိုအမှတ်အသားသည် လင်းလက်ကာ ရတနာတစ်ခု ပျံသန်းထွက်လာသည်။

ထိုရတနာသည် နောက်ကျောဘက်၌ မိုးကြိုးအမှတ်အသားရှိသော အစိမ်းရောင်ရှေးဟောင်းကြေးမုံတစ်ချပ်ပင်။ ထိုအမှတ်အသားသည် ပြန့်ကြဲမိုးကြိုးကလန်၏ ထာဝရမိုးကြိုးနှင့် ချွတ်ဆွတ်တူလေ၏။

“မိုးကြိုးသတ်ဖြတ်သူကြေးမုံ…။ ငါ့အတွက် အရာအားလုံးကို ဖျက်စီးပစ်လိုက်စမ်း…” အကြီးအကဲခေါင်းဆောင်သည် ထိုသို့ ပြောလိုက်ရင်း ကြေးမုံကို ပစ်လွှတ်လိုက်သည်။ ကြေးမုံထံမှ မိုးကြိုးတုန်ဟည်းသံ ထွက်ပေါ်လာကာ ၎င်းသည် အဆများစွာ ကြီးမားလာ၏။

မျက်စိတစ်မှိတ်အတွင်း ၎င်းသည် ပေတစ်သိန်းကြီးမားသော ကြေးမုံအဖြစ်ပြောင်းကာ အကြီးအကဲခေါင်းဆောင်၏ရှေ့တွင် ပေါ်လာသည်။

ဝမ်လင်း၏ မိုးကြိုးလက်သီးချက် ကျရောက်လာချိန်တွင် ထိုကြေးမုံအတွင်း၌ ဝမ်လင်း၏လက်သီးချက်နှင့် ချွတ်ဆွတ်တူသော လက်သီးတစ်လုံး ပေါ်လာလေသည်။

ထိုမိုးကြိုးသတ်ဖြတ်သူကြေးမုံသည် ပြန့်ကြဲမိုးကြိုးကလန်၏ အဓိကရတနာများထဲမှ တစ်ခု ဖြစ်လေ၏။ တတိယအဆင့်အောက်ရှိ မည်သည့်ကျင့်ကြံသူ၏ မန္တာန်ကိုမဆို ၎င်းသည် ပုံတူကူးနိုင်ကာ ၎င်း၏အစွမ်းမှာလည်း မူလမန္တာန်၏တိုက်ခိုက်မှုထက် အားနည်းလိမ့်မည် မဟုတ်ပေ။ ၎င်းသည် မည်သည့်မန္တာန်ကိုမဆို တန်ပြန်နိုင်သည်။

ထိုရတနာသည် ကောင်းကင်ကို ဖိဆန်ပြီးပင်။ အရှင်ရွှမ်ပေါင်၏ အဆင့်ကိုးနိဗ္ဗာနလေဟာနယ် ရတနာနှင့် ယှဉ်ပါက ၎င်းကြေးမံသည် အဆင့်နှစ်နိဗ္ဗာနလေဟာနယ်အဆင့်တွင် ရှိ၏။ ၎င်းသည် လေဟာနယ်ရတနာတစ်ခုထက် အလွန်သာကာ နိဗ္ဗာနရတနာတစ်ခုနှင့် အလွန်တရာနီးစပ်သောအစွမ်း ရှိပေသည်။

မိုးကြိုးသတ်ဖြတ်သူကြေးမုံထံမှ ဧရာမမိုးကြိုးလက်သီးချက်သည် ဆန့်ထွက်လာလေ၏။

ထိုလက်သီးချက်သည် ဝမ်လင်း ဖန်တီးလိုက်သော လက်သီးချက်နှင့် ချွတ်ဆွတ်ပင်။ အရွယ်အစား၊ မိုးကြိုးတို့သည်ပင် ကွက်တိတူပေ၏။

ချက်ခြင်းပင် ဧရာမလက်သီးနှစ်လုံးသည် မိုးကြိုးသတ်ဖြတ်သူကြေးမုံ၏ အပြင်ဘက်တွင် ထိပ်တိုက်တွေ့လေ၏။

ဝုန်း…ဝုန်း…ဝုန်း…။

ပြင်းထန်သောတုန်ခါလှိုင်းတစ်ခု ပျံ့နှံ့ကုန်၏။ သို့ပေမည့် မိုးကြိုးလက်သီးများသည် ပျောက်ကွယ်မသွားသေးပေ။ ယင်းတို့က ဆက်လက်တိုက်ခိုက်နေကြ၏။ လက်သီးချက်နှစ်လုံးထံမှ မိုးကြိုးတုန်ဟည်းသံများ အဆတ်မပြတ် ထွက်ပေါ်သည်။

ဝမ်လင်း၏အမူအရာသည် ကြမ်းကြုတ်နေ၏။ သူသည် မိုးကြိုးလက်သီးချက်နောက်ကနေ ရွှေ့လျားလာကာ လက်သီးချက်များကို ထပ်မံ ပစ်သွင်းသည်။ ထိုလက်သီးချက်များက မိုးကြိုးလက်သီးချက်၏ ဟိန်းမည်သံကို ပိုကျယ်လောင်သွားစေသည်။ သို့သော် ပုံတူမိုးကြိုးလက်သီးမှာလည်း သိပ်သည်းလာသည်သာ။

လက်သီးချက်နှစ်ခု ထိပ်တိုက်တွေ့သံသည် ပြန့်ကြဲမိုးကြိုးကလန်တစ်ခုလုံးသို့ ပျံ့နှံ့၏။ ထိုအသံများကို ပြန့်ကြဲမိုးကြိုးကလန်၏ အပြင်ဘက်ကနေပင် ကြားရနိုင်သည်။

“ငါ့အတွက် ပျက်စီးလိုက်စမ်း။ ကျိုးပျက်လိုက်စမ်း။ ပျက်စီးသွားစမ်း…” ဝမ်လင်းသည် မာန်သွင်းအော်ဟစ်၏။ သူသည် ရှေ့သို့ ဆက်တိုးသည်။ သူ့ကိုယ်တွင်းရှိ ရှေးဟောင်းနတ်ဘုရားစွမ်းအားသည် အရူးအမူး သိပ်သည်းလာသည်။ သူ့ရှေးဟောင်းနတ်ဘုရားကြယ်များသည် အစောပိုင်းတည်းက မြန်ဆန်စွာ လှည့်ပတ်နေခဲ့ပြီးပင်။ အခု သူ လက်သီးချက်များ ဆက်လက်ပစ်သွင်းနေစဉ်မှာတော့ ၎င်းကြယ်များကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ပင် မဖြစ်နိုင်တော့ပေ။

မိုးကြိုးသတ်ဖြတ်သူကြေးမုံသည် မန္တာန်အားလုံးကို မူလအစွမ်းအတိုင်း ပုံတူကူးနိုင်၏။ သို့သော် ၎င်းသည် ရှေးဟောင်းနတ်ဘုရားများ၏စွမ်းအားကိုမူ ပုံတူမပွားနိုင်ပေ။ ရှေးဟောင်းနတ်ဘုရားများသည် ဟိုးရှေးဟောင်းအချိန်များကတည်းက ဖြစ်တည်မှုများ မဟုတ်လား။ ရတနာတစ်ခုက သူတို့ကို မည်သို့များ ပုံတူကူးနိုင်ပါ့မည်နည်း။ ကူးဝံ့ပါ့မည်နည်း။

ဝမ်လင်းသည် ရှေ့ဆက်တိုးလာစဉ် ပုံတူကူးထားသော လက်သီးချက်သည် နောက်သို့ စဆုတ်လေ၏။ ဝမ်လင်းက ညစ်ပြုံးပြုံးသည်။ သူက သူ့လက်သီးကို ကြေးမုံထံသို့ တွန်းထုတ်ကာ ၎င်းကြေးမုံအား ဖျက်စီးရန် ဟန်ပြင်သည်။

ထိုမြင်ကွင်းသည် အကြီးအကဲခေါင်းဆောင်၏စိတ်ကို တုန်လှုပ်သွားစေ၏။ သူ့လက်နှစ်ဖြင့် ချိပ်ဟန်များကို ဖြစ်စေကာ ဝမ်လင်းသည် မာန်သွင်းလျက် မန္တာန်တစ်ခုကို အသုံးပြုရန် ပြင်သည်။ သူ့လက်နှစ်ဖက်ကို အတူဆုပ်ကိုင်လျက် ရှေ့သို့ ကြမ်းတမ်းစွာ ရိုက်ချလိုက်သည်။

တုန်ဟည်းသံ ပဲ့တင်ထပ်ကာ ပုံတူလက်သီးသည် ပျက်စီးသွားလေ၏။ ဝမ်လင်း၏ လက်သီးချက်က ပုံတူလက်သီးကို ကြေးမုံအတွင်းသို့ ပြန်ဝင်သွားစေလိုက်ခြင်းပင်။ ဝမ်လင်းသည် ပါးစပ်ဟလိုက်ရာ အနီရောင် ဖျပ်ခနဲ လင်းလက်၏။ သွေးဓား ပေါ်လာခြင်းပင်။ ၎င်းဓားက ချက်ခြင်း ထိုးထွက်ကာ မိုးကြိုးသတ်ဖြတ်သူကြေးမုံ ပေါ်သို့ ကျရောက်သည်။

ကျွတ်ဆတ်ဆတ်အသံတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သွေးဓားထိုးစိုက်သွားသော ကြေးမုံပေါ်တွင် အက်ကွဲရာများ ပေါ်လာသည်။ အကြီးအကဲခေါင်းဆောင်သည် ထိုကြေးမုံ တစစီ ပျက်စီးသွားနေစဉ် မယုံကြည်နိုင်ဟန် ဖြစ်ပေါ်နေ၏။

သွေးအလင်း လင်းလက်၏။ ၎င်းဓားက ဝမ်လင်း၏ဘေးတစ်ဖက်သို့ ပြန်ရောက်လာသည်။ ဝမ်လင်းသည် ကျန်သည့် မိုးကြိုးလက်သီးချက်ကို တွန်းထုတ်လိုက်ရာ ၎င်းသည် အကြီးအကဲခေါင်းဆောင်၏ ရှေ့သို့ ရောက်လာတော့၏။ လက်သီးချက် ရုတ်တရက် ဆင်းသက်လာခြင်းပင်။

ပြန့်ကြဲမိုးကြိုးကလန်၏ အကြီးအကဲခေါင်းဆောင်သည် ဒေါသတကြီးအော်ဟစ်ကာ ထိုလက်သီးချက်နှင့် ထိပ်တိုက်ရင်ဆိုင်ရန် စွမ်းအင်များကို ထွေးထုတ်လိုက်ကာ နောက်ထပ်မိုးကြိုးတုန်ဟည်းမှုကို ဖန်တီး၏။

ထိုတန်ပြန်ဟိန်းသံကြောင့် ဝမ်လင်းသည် တုန်ယင်သွားကာ နောက်ဆုတ်လိုက်ရသည်။ မိုးကြိုးလက်သီးချက်လည်း ပျက်စီးသွားလေ၏။

သို့ပေမည့် အကြီးအကဲခေါင်းဆောင်လည်း နောက်ဆုတ်လိုက်ရသည်သာ။ သူ့ဝတ်ရုံမှာ တစစီ ဖြစ်ကုန်သည်။ သူ့မျက်လုံးသည် တောက်ပလာ၏။ သူ့ခန္ဓာကိုယ်ထံမှ တစီစီအသံများ ထွက်ပေါ်လာသည်။

“မင်းက ဒီအဘိုးအိုနဲ့ တိုက်ခိုက်ဖို့ အရည်အချင်း ပြည့်မှီတယ်။ ဒါပေမဲ့ ငါ့ရှေ့မှာတော့ မင်း သံသယမရှိ သေဆုံးရမယ်။ ငါ့ရဲ့ စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ရဲ့ စွမ်းအားအလွန်ကို အသုံးမပြုရတာ ကြာလွန်းခဲ့ပြီ။ မင်းကို သတ်ဖို့တော့ ငါ့အနေနဲ့ ပဥ္စမကောင်းကင်ဘုံဒုက္ခအဆင့်ကို အသုံးပြုဖို့ မလိုပါဘူး…။ ဒီကနေ့ ငါ မင်းကို စတုတ္ထကောင်းကင်ဘုံဒုက္ခအဆင့်ရဲ့ အထွတ်အထိပ်စွမ်းအားကို တွေ့ကြုံရအောင် လုပ်ပေးမယ်…”

အကြီးအကဲခေါင်းဆောင်သည် သူ့ညာလက်ကို ပင့်မြှောက်ကာ သူ့အမှတ်အသားကို ဆုတ်ဖြဲလိုက်လေ၏။ သူက ချိပ်ပိတ်မှုတစ်ခုကို ဖွင့်ဟ ဆုတ်ဖြဲလိုက်သည့်အလား။ သူ့ထံမှ အံ့မခန်းအစွမ်းထက် ကျင့်ကြံမှုအဆင့်သည် ပေါက်ကွဲထွက်လာလေသည်။

ထိုကျင့်ကြံမှုမှာ အလွန်အစွမ်းထက်၏။ ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကိုပါ တုန်ယင်သွားစေသည်။ မိုးကြိုးသည်ပင် သူ့ထံသို့ ချဉ်းကပ်မလာဝံ့တော့ချေ။

***

All Chapters