ကောင်းကင်ဘုံတောင်ကို ခွင်းမည့် ဓားချက်ခုနစ်ချက်(၂)
Vol. 102 Ch. 1407
ထိုအရာများအားလုံးသည် လျှပ်တပြတ်အတွင်း ဖြစ်ပွားသွားခြင်းပင်။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ မျက်လုံးထဲ၌ သတ်ဖြတ်ချင်စိတ် ပြည့်နှက်နေ၏။ သူသည် ချက်ခြင်း နီးကပ်လာသည်။ သူ၏အမှတ်အသား(၉၇၁)ခုလုံးသည် အကြီးအကဲခေါင်းဆောင်၏ တုန်ဟည်းနေသော မိုးကြိုးတိမ်တိုက်များအပေါ်သို့ ကျရောက်သွားသည်။
တိမ်တိုက်များ မြည်ဟည်းလျက် ချက်ခြင်း စတင် ပျက်စီးသည်။
ယင်းတိမ်တိုက်များ ပျက်စီးနေချိန်တွင် ကောင်းကင်ဘုံပြောင်းပြန်တံဆိပ်တုံးမန္တာန်၏ လောကကို ပြောင်းပြန်ဖြစ်စေမှုကိုလည်း မည်သည့်အရာမှ မတားဆီးနိုင်ဘဲ ၎င်းသည် အောက်ဘက်သို့ ချေမွရန် ကျရောက်လာ၏။ အကြီးအကဲခေါင်းဆောင်က နောက်သို့ အလျင်အမြန် ဆုတ်၏။ သို့သော် သူသည် ထိုအား၏ ထိမှန်ခြင်းကို ခံလိုက်ရသည်သာ။ သူ့မျက်နှာသည် ချက်ခြင်း ဖြူရောသွား၏။
သူ နောက်ဆုတ်လိုက်ရုံ ရှိသေး ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးကလည်း အံ့မခန်းအဟုန်နှင့်အတူ ရောက်ရှိလာသည်။ ထိုလက်ဝါးချက်သည် အကြီးအကဲခေါင်းဆောင်နှင့် ချက်ခြင်း ထိတိုက်၏။
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်မှာ ရူးသွပ်လာဟန် တူ၏။ သူက အမှတ်အသား(၉၇၁)ခုနှင့်အတူ နီးကပ်လာကာ စစ်စိတ်ဝိညာဉ်လက်ဝါးနှင့်အတူ တိုးဝင်လာချေသည်။
အကြီးအကဲခေါင်းဆောင်သည် မိုးကြိုးတုန်ဟည်းမှုကြောင့် နောက်သို့ လွင့်စင်ကာ သွေးအန်ရသည်။ သူသည် ဒဏ်ရာ ထပ်ရသွားသည်။ သူက မာန်သွင်းလျက် သူ့ကိုယ်သူ ရပ်တန့်စေ၏။ သူ့မျက်လုံးထဲ၌လည်း ရူးသွပ်မှု ဖြစ်ပေါ်လာကာ သူက သူ့မျက်ခုံးနှစ်ခုကြားထဲမှ ကလန်အမှတ်အသားကို ထိရိုက်သည်။
“မိုးကြိုးကို ကောင်းကင်ဘုံမိုးကြိုး၊မြေကမ္ဘာမိုးကြိုး၊ မူလမိုးကြိုး၊ သံလိုက်မိုးကြိုး၊ တာအိုမိုးကြိုးနဲ့ စိတ်ဝိညာဉ်မိုးကြိုး ဆိုပြီး ခြောက်မျိုး ခွဲနိုင်တယ်။ မိုးကြိုးအမျိုးအစားအားလုံး ငါ့အတွက် ပေါ်လာကြစမ်း…”
သူ ထိုသို့ အော်ဟစ်၏။ ထို့နောက် မိုးကြိုးတန်းခြောက်ခုသည် သူ့ကလန်အမှတ်အသားထံမှ ပျံသန်းထွက်လာသည်။
ကောင်းကင်ဘုံမိုးကြိုးသည် ကျင့်ကြံခြင်းဂြိုဟ်တစ်လုံး ဖြစ်လာ၏။ ၎င်းမှာ ပြန့်ကြဲမိုးကြိုးကလန်၏ လျှို့ဝှက်မန္တာန်တစ်ခုကြောင့် ဖြစ်ပေါ်လာခြင်းတည်း။
မြေကမ္ဘာမိုးကြိုးသည် ဂြိုဟ်များ၏ အနန္တအမှုန့်အမွှားနှင့် အစိတ်အပိုင်းများ ဖြစ်သည်။ ၎င်းသည် သန့်စင်ခြင်းခံရကာ မိုးကြိုးအဖြစ်သို့ ပြောင်းလဲသည်။
မူလမိုးကြိုးကား အရိုးရှင်းဆုံးပင်။ ကျင့်ကြံသူတစ်ယောက်သည် သူတို့၏မူလစိတ်ဝိညာဉ် တစစီဖြစ်သွားသည့်အထိ မူလစွမ်းအင်များကို အရူးအမူး စုပ်ယူဖို့ လိုအပ်ခဲ့၏။ ဤအခိုက်တွင် မူလစွမ်းအင်အားလုံးကို စုပ်ယူပစ်နိုင်သော တွင်းနက်တစ်ခု ပေါ်လာပေမည်။ ယင်းက မူလမိုးကြိုးကို ဖန်တီးသည်။
သံလိုက်မိုးကြိုးကမူ ရတနာများ၊မန္တာန်များကို ပြုလုပ်နိုင်သော အစွမ်းထက်သံလိုက်အား ပါဝင်သည့် အထူးနေရာများ ဟင်းလင်းပြင်၌ ရှိ၏။ ပြန့်ကြဲမိုးကြိုးကလန်သည် နှစ်သုံးထောင်တိုင်း အထူးနည်းလမ်းတစ်ခုကို အသုံးပြုကာ သည်မိုးကြိုးတန်းကို မွေးဖွားသည်။ ယင်းကား သံလိုက်မိုးကြိုးတည်း။
တာအိုမိုးကြိုးသည် ပြင်ပနယ်မြေ(ဝါ) ဒီရှေးဟောင်းကြယ်အဖွဲ့အစည်း၌ ရှားပါးလှ၏။ ပြန့်ကြဲမိုးကြိုးကလန်၏ ဘိုးဘေးသည် အတွင်းနယ်မြေရှိ ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ပြီး အတွင်းနယ်မြေရှိ ကျင့်ကြံသူများ၏ တာအိုဆန္ဒကို စုဆောင်းခဲ့၏။ ထို့နောက် သူသည် ၎င်းဆန္ဒကို တာအိုမိုးကြိုးအဖြစ် သန့်စင်မွန်းမံခဲ့ပေသည်။
သူ့ဘေးပတ်လည်တွင် မတူညီသော မိုးကြိုးခြောက်မျိုး ဝန်းရံကာ သူ့ရှေ့၌ ဧရာမဝဲကတော့ကြီးတစ်ခု ဖြစ်ပေါ်၏။ သူက ထိုဝဲကတော့ကို တွန်းထုတ်ကာ ရှေ့သို့ တိုးဝင်လာသည်။
ဝမ်လင်း၏ စစ်စိတ်ဝိညာဉ်လက်ဝါးက ထိုဝဲကတော့နှင့် ထိပ်တိုက်တွေ့သည့်အခါ အက်ကွဲသံများ ပဲ့တင်ထပ်သည်။ လက်ဝါးချက်ပေါ်၌ အက်ရာများစွာ ပေါ်လာသည်။ ထို့နောက် ၎င်းလက်ဝါးချက်သည် ပျက်စီးသွားသည်။ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ အမှတ်အသားများသည်လည်း မယှဉ်သာလု ဖြစ်ကာ နောက်သို့ လွင့်စင်ကုန်သည်။
“မင်းတို့နှစ်ယောက် ငါ့ပြန့်ကြဲမိုးကြိုးကလန်က စုဆောင်းထားတဲ့ မိုးကြိုးခြောက်မျိုးကို ဘယ်လိုများ ခုခံမလဲ ငါ မြင်ချင်တယ်။ ငါ့အတွက် သေလိုက်ကြတော့။ မင်းတို့နှစ်ယောက်ကို သတ်ပြီးရင် ငါ့ဒေါသကို ဖြေဖျောက်ဖို့အတွက် ဒီနေရာမှာ ရှိတဲ့ သက်ရှိသန်းတစ်ရာကိုပါ သတ်ပစ်မယ်။ ငါက ဒီနေရာမှာ ရှိတဲ့ ကျင့်ကြံသူအများစုကို မျိုးဖြတ်ပစ်ပြီး ငါ့ပြန့်ကြဲမိုးကြိုးကလန်အတွက် ဘေးကင်းအောင် လုပ်မယ်….”
အကြီးအကဲခေါင်းဆောင်သည် ရူးသွပ်ဖွယ် အော်ဟစ်ကာ မိုးကြိုးခြောက်မျိုးကို ရှေ့သို့ တွန်းထုတ်လိုက်သည်။ ဝမ်လင်းနှင့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်တို့သည် ချက်ခြင်း နောက်ဆုတ်ကြသည်။ ဝမ်လင်းသည် နောက်ဆုတ်နေရင်း သူ့မျက်လုံးသည် လက်ခနဲ ဖြစ်ကာ သူက အော်ပြောလိုက်၏။ “ဒါက သင့်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှုလား…”
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ အမူအရာသည် သုန်မှုန်နေ၏။ သူသည် စကားပြန်မဆိုပေ။ သို့ပေမည့် သူသည် နောက်ဆုတ်နေရာကနေ ရပ်တန့်ကာ သူ့လက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေ၏။ ထို့နောက် သူ့မျက်လုံးသည် တလက်လက် ဖြစ်လာသည်။ သူက မာန်သွင်းလိုက်သည်။ “ကိုယ်ပွားဖျက်စီးခြင်းမန္တာန်၊ ကိုယ်ပွားပေါင်း(၉၇၁)ယောက် ငါ့အတွက် ပျက်စီးလိုက်ကြတော့…”
သူ ထိုသို့ ပြောလိုက်သည့်နောက်တွင် သူ့အမှတ်အသား(၉၇၁)ခုသည် တုန်လှုပ်ဖွယ်အလင်းကို ပေးစွမ်းလာကာ အဖျက်အစီးအော်ရာတစ်ခု ပျံ့နှံ့သည်။ ယင်းတို့သည် စတင်ပေါက်ကွဲလေ၏။
အမှတ်အသးပေါင်း တစ်ထောင်နီးပါးသည် တစ်ပြိုင်နက်တည်း ပေါက်ကွဲကာ အတိုင်းမသိအဖျက်အစီးအားကို ဖြစ်ပေါ်စေ၏။ ၎င်းသည် မိုးကြိုးခြောက်မျိုးကြောင့် ဖြစ်ပေါ်လာသော ဝဲကတော့နှင့် ရင်ဆိုင်သည်။
ရလဒ်အနေဖြင့် တုန်ဟည်းသံများ မြည်ဟည်းကာ လေဟာနယ်ပါ ပွင့်ထွက်ကာ တုန်ခါသံများသည် အဘက်ဘက်သို့ ပျံ့နှံ့သွားသည်။ အဖျက်အစီးအားနှင့်ဝဲကတော့တို့ ထိပ်တိုက်တွေ့ချိန်၌ မိုးကြိုးခြောက်မျိုးဝဲကတော့သည် ရုတ်တရက် ရပ်တန့်သွားသည်။
တုန်ခါလှိုင်းမှာ ပြင်းထန်လွန်းသည်။ အကြီးအကဲခေါင်းဆောင်သည် သွေးအန်လိုက်ရ၏။ သူ့မျက်လုံးထဲရှိ ရူးသွပ်မှုသည် သာ၍ အားကောင်းလာသည်။
ထိုတဒင်္ဂရပ်တန့်သွားသည့်အချိန်တွင် ဝမ်လင်းသည် နောက်ဆက်မဆုတ်တော့ပေ။ ယနေ့တိုက်ပွဲသည် အကြီးအကဲခေါင်းဆောင် သို့မဟုတ် ဝမ်လင်း သေဆုံးမှုဖြင့်သာ အဆုံးသပ်ပေလိမ့်မည် မဟုတ်လား။ ဝမ်လင်းက သူ့ညာလက်ကို ရှေ့သို့ ခပ်သွက်သွက် ညွှန်လိုက်ရာ ပုံရိပ်ယောင်သမင်နှစ်ကောင် ပေါ်လာ၏။ ထို့နောက် ဓားအရိပ်ဆယ်သန်းသည် ထိုးထွက်လာကာ မိုးစက်များအလား ကျဆင်းသည်။
ချက်ခြင်းပင် ဝမ်လင်းက ဘယ်လက်ဖြင့် ချိပ်ဟန်တစ်ခု ဖြစ်စေကာ ဝေ့ယမ်းသည်။ အဆုံးမဲ့အလင်းများ သူ့ဘေးပတ်လည်တွင် ပေါ်လာကာ အလျင်အမြန်စုဝေးပြီး ဧရာမအလင်းအရိပ်ကြီးတစ်ခုကို ဖွဲ့စည်းသည်။
ဝမ်လင်းသည် အလင်းအရိပ်ဒိုင်းကို အသုံးပြုနေရင်း ခုနစ်သန်းလောကအတွင်းရှိ အရာအားလုံး၏ အလင်းဓာတ်သည် ဝမ်လင်း၏ခန္ဓာကိုယ်ထံ စုဝေးလာကြသည်။ ထိုအဖြစ်က အလင်းအရိပ်ကို ပို၍ ကြီးထွားလာစေတော့သည်။
ထိုအရာများကို ပြုလုပ်ပြီးသည်နှင့် ဓားအရိပ်ဆယ်သန်းသည် ဝဲကတော့ပေါ်သို့ ကျရောက်သွားကာ ပျက်စီးကုန်၏။ ဝဲကတော့သည် နီးကပ်လာကာ ဝမ်လင်းပတ်လည်ရှိ အလင်းအရိပ်ဒိုင်းပေါ်သို့ ကျရောက်သည်။
ဝမ်လင်းသည် သွေးအန်လိုက်ရ၏။ အလင်းအရိပ်ဒိုင်းသည် အပြင်းအထန် တုန်ခါသည်။ ပျက်စီးလုနီးနီး ဖြစ်သွား၏။ သို့ပေမည့် မိုးကြိုးခြောက်မျိုး၏ အစိတ်အပိုင်းတော်တော်များများ၏ စွမ်းအားမှာ တန်ပြန်ကန်၍ အကြီးအကဲခေါင်းဆောင်ထံသို့ တိုးဝင်သွားသည်။ အကြီးအကဲခေါင်းဆောင်သည် သွေးများစွာ အန်ထုတ်လိုက်ရပြန်၏။ သူ့မျက်နှာသည် အလွန်အမင်း ဖြူရောလေသည်။
ထိုအခိုက်အတန့်၌ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် ရုတ်တရက် လှမ်းလျှောက်ထွက်လာ၏။ သူ့လက်နှစ်ဖက်ဖြင့် ချိပ်ဟန်တစ်ခုကို ဖြစ်စေသည်။ သူ့ခန္ဓာကိုယ်မှ မီးလောင်ကျွမ်းသည့်အလား ကြောက်မက်ဖွယ်မီးတောက်တစ်ခုကို ထုတ်လွှတ်၏။ သူက သူ့ခန္ဓာကိုယ်ထဲရှိ မူလစွမ်းအင်ကို လောင်ကျွမ်းပစ်ဖို့ ရွေးချယ်လိုက်ပြီး အကြီးအကဲခေါင်းဆောင်ထံ တဟုန်ထိုး တိုးဝင်လာ၏။
သို့သော် အကြီးအကဲခေါင်းဆောင်သည် အလွန်သန်မာ၏။ သူက လှည့်၍ မိုးကြိုးခြောက်မျိုးဝဲကတော့ကို ထိန်းချုပ်ကာ ဝမ်လင်းကို တိုက်ခိုက်၏။ သူ့လက်တစ်ဖက်ကိုလည်း မိုးကြိုးလက်အဖြစ် ပြောင်းလဲကာ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်နှင့် ရင်ဆိုင်သည်။
သို့ပေမည့် ဝမ်လင်းနှင့် တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်တို့သည် အလွန်အစွမ်းထက်ကြသည်သာ။ သူတို့အတူပူးပေါင်းသည့်အခါ အကြီးအကဲခေါင်းဆောင်သည်ပင် ဒဏ်ရာရ၏။ အနိုင်ရသူကို အလျင်အမြန် ဆုံးဖြတ်နိုင်ဖို့မှာ ခက်ခဲလှသည်။
“သူ လုံလောက်တဲ့အထိ ဒဏ်ရာ မရသေးဘူး။ ငါတို့သာ သူ့ကို ထပ်ပြီး ဒဏ်ရာရအောင် လုပ်နိုင်ရင် ငါ သူ့ကို သတ်နိုင်ပြီ…” တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် မာန်သွင်း၏။ အခုချိန်သည် အရေးကြီးလှသော အခိုက်အတန့် ဖြစ်၏။ သူ ပြောသည့်စကားကို အကြီးအကဲခေါင်းဆောင် ကြားမည်ကိုလည်း သူ ဂရုစိုက်မနေပေ။
ဝမ်လင်း၏မျက်လုံးသည် လက်ခနဲ ဖြစ်၏။ သူ့ဘေးပတ်လည်ရှိ အလင်းအရိပ်ဒိုင်းမှာ ပျက်စီးတော့မည့်ဟန်ပင်။ ၎င်း ပျက်စီးသွားသည်နှင့် သူ့ထံ၌ အကာအကွယ်ရှိတော့မည် မဟုတ်ပေ။ ဝမ်လင်းသည် ပြတ်သားသောအကြည့်ကို ထုတ်ဖော်၏။ အတွေးတစ်ချက်ဖြင့်ပင် သူက လေနှင့်မိုးလောကကို အသက်သွင်းလိုက်၏။
“ငါ သင့်ကို နောက်တစ်ခါ ထပ်ယုံလိုက်မယ်…” အကြီးအကဲခေါင်းဆောင်ကို ဒဏ်ရာရအောင် လုပ်ဖို့မှာ မလွယ်လှပေ။ အကြီးအကဲခေါင်းဆောင်၏ မန္တာန်များက အားကောင်းလွန်းနေ၏။ သူသည် သူတို့နှစ်ယောက်လုံးကို လက်ရည်တူ တိုက်ခိုက်နိုင်နေသည်။ သူ့သက်တမ်းကို စတေး၍ အသုံးပြုသော အကြီးအကဲခေါင်းဆောင်၏မန္တာန်များသည် ဖြစ်နိုင်ချေတိုက်ကွက်များစွာ ရှိလို့နေ၏။
ခုနစ်သန်းလောကများ အပြင်ဘက်တွင်သာ ဆိုပါက အကြီးအကဲခေါင်းဆောင် သူ့သက်တမ်းတစ်ထောင်ကို စတေးကာ တိုက်ကွက်ဖော်ဖို့ ဆန္ဒရှိနေခဲ့လျှင် ဝမ်လင်းသည် သူ့ပြိုင်ဘက် မဟုတ်နိုင်တော့ပေ။
“အခုချိန် သူ့ကို ဒဏ်ရာရအောင် လုပ်ဖို့ ငါ အပူဇော်ခံမီးတောက်ကို အသုံးပြုရမယ်။ အပူဇော်ခံမီးတောက်တွေဟာ အဆိပ်ပဲ ငါ့အတွက် အသုံးမဝင်ဘူး။ ဒါပေမဲ့ ဒါတွေကို သတ်ဖြတ်ဖို့အတွက်တော့ အသုံးပြုနိုင်တယ်…” ဝမ်လင်းသည် လေနှင့်မိုးလောကကို အသက်သွင်းရင်း အတွေးများနေသည်။ သူ့နတ်ဘုရားအာရုံသည် ပျံ့နှံ့လာ၏။ လေနှင့်မိုးလောကအတွင်း၌ ခွန်အားပြည့်အသံတစ်ခု ပေါ်လာသည်။
“ငါ သတ်ခဲ့တဲ့သူတွေအားလုံး၊ ငါ့ကို ပူဇော်ကြ။ ငါ့တပည့်တွေ ဖြစ်လာကြပြီ။ မင်းတို့ရဲ့ စိတ်ဝိညာဉ်နဲ့ မင်းတို့ဟာ အပူဇော်ခံမီးတောက်ဖြစ်လာကြ၊ ငါ့အတွက် စုစည်းကြစမ်း…”
ဝမ်လင်း၏နတ်ဘုရားအာရုံ ပျံ့နှံ့လာနေရင်း အပူဇော်ခံမီးတောက်များစွာသည် လေနှင့်မိုးလောကအတွင်းရှိ မရေမတွက်နိုင်သော စိတ်ဝိညာဉ်များထံမှ ထွက်ပေါ်လာကြသည်။ စိတ်ဝိညာဉ်များစွာ ပျက်စီးကုန်၏။ ယင်းတို့သည် သူတို့ကိုယ်သူတို့ အပူဇော်ခံမီးတောက် ထုတ်လွှတ်နိုင်ရန် စတေးကြလေ၏။
ကျင့်ကြံမှုအဆင့်မြင့်သော စိတ်ဝိညာဉ်များသည် အပူဇော်ခံမီးတောက်များစွာကို ပေးစွမ်း၏။ သို့သော် မည်သူကမျှ ရှေးဟောင်းကောင်းကင်ဘုံကိုယ်လုပ်တော်ကို မယှဉ်သာပေ။ သူမထံမှ ပေးစွမ်းသော အပူဇော်ခံမီးတောက်သည် မီးတောက်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့် ရှိလေသည်။
ဝမ်လင်း ဖန်တီးထားသော လေနှင့်မိုးလောကအတွင်းကနေ အပူဇော်ခံမီးတောက်များ စုဝေးလာ၏။ သူက ၎င်းတို့ကို အလုံးတစ်လုံးအဖြစ်သို့ သိပ်သည်းပစ်သည်။
ထိုအလုံးတွင်းရှိ အပူဇော်ခံမီးတောက်များသည် အရူးအမူး လှည့်ပတ်ကာ အဆုံးမဲ့ဖိအားတစ်ခု ပျံ့နှံ့လာသည်။
ထိုဖိအား ပျံ့နှံ့လာသည့်အခါ အကြီးအကဲခေါင်းဆောင်၏ မျက်လုံးသူငယ်အိမ်မှာ ကြုံ့သွားပြီး သူသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်လာ၏။ သည်တိုက်ပွဲအတွင်း ဝမ်လင်းက သူ့ကို အကြိမ်များစွာ အံ့အားတသင့် ဖြစ်စေခဲ့ပြီးပင်။ သို့သော် သူက ထိုအလုံးငယ်ကို တွေ့မြင်သည့်အခါ၌ တုန်လှုပ်မိရပြန်၏။
“အပူဇော်ခံမီးတောက်တွေ…မင်း…မင်းမှာ အပူဇော်ခံမီးတောက် တကယ့်ကို ရှိနေတာပဲ…”
ဝမ်လင်းသည် အချိန်မှာ ပဓာနဖြစ်မှန်းကို သဘောပေါက်၏။ အပူဇော်ခံမီးတောက် စုဝေးလာနေရင်း သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ် ပေါ်လာကာ သူသည် ၎င်းကို ရှေ့သို့ ပစ်သွင်းလိုက်သည်။ ယင်းအပူဇော်ခံမီးတောက်အလုံးသည် ရှေ့သို့ တိုးဝင်သွားကာ မိုးကြိုးခြောက်မျိုးဝဲကတော့နှင့် ထိမိချိန်၌ ၎င်းသည် ရုတ်တရက် ပျက်စီးသွားလေ၏။
အပူဇော်ခံမီးတောက်များသည် တတိယအဆင့်ကျင့်ကြံသူများသာ ထိန်းချုပ်နိုင်သောစွမ်းအား ဖြစ်၏။ ထိုအပူဇော်ခံမီးတောက်အလုံး ပျက်စီးသွားသည်နှင့် ဟင်းလင်းပြင် အလွှာများ လွင့်ပါးကွယ်ပျောက်ကုန်၏။ မိုးကြိုးခြောက်မျိုးဝဲကတော့သည် ပြင်းထန်စွာ တုန်ခါသည်။
အပူဇော်ခံမီးတောက် တော်တော်များများသည် လွင့်ပါးသွားခဲ့ပြီ ဖြစ်၏။ သို့သော် ၎င်းက လွင့်ပါးသွားသည်နှင့် လေနှင့်မိုးလောကအတွင်းသို့ ဝမ်လင်းသည် ရူးသွပ်ဖွယ်ဆန္ဒတစ်ခု ပို့လွှတ်သည်။
“အပူဇော်ခံမီးတောက်တွေအတွက် စိတ်ဝိညာဉ်တွေကို ဖျက်စီးခြင်း…”
ဝမ်လင်း၏အသံသည် ပဲ့တင်ထပ်လာရင်း လေနှင့်မိုးလောကအတွင်းရှိ စိတ်ဝိညာဉ်များစွာသည် ပေါက်ကွဲကာ သေဆုံးကုန်သည်။ ၎င်းတို့သည် အပူဇော်ခံမီးတောက်များအဖြစ်သို့ ပြောင်းလဲကာ အကြီးအကဲခေါင်းဆောင်ထံ ဝုန်းဒိုင်းကြဲ တိုက်ခိုက်လာ၏။
မိုးကြိုးခြောက်မျိုးကြောင့် ဖြစ်ပေါ်သော ဝဲကတော့သည် ပျက်စီးကာ ကျန်သည့်အပူဇော်ခံမီးတောက်များမှာလည်း အကြီးအကဲခေါင်းဆောင်ထံ တိုးဝင်လာသည်။ တစ်ချိန်တည်းမှာ တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်၏ တိုက်ခိုက်မှုကလည်း ပိုပြင်းထန်လာ၏။
လောကတွင် မိုးကြိုးတုန်ဟည်းသံများ ပဲ့တင်ထပ်ကာ အကြီးအကဲခေါင်းဆောင်သည် အကြိမ်ကြိမ် သွေးအန်လိုက်ရသည်။ မိုးကြိုးချပ်ဝတ်တစ်ခုသည် သူ့ဘေးပတ်လည်တွင် ဘယ်ချိန်ကမှန်းမသိ ပေါ်လာ၏။ သူ့ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။ သူ့မျက်လုံးထံမှ သွေးများ ပန်းထွက်၏။ သူ့မျက်လုံးထဲတွင် ရူးသွပ်မှုတို့ ရှိနေပြီ။
“ငါ့သက်တမ်းကို စတေးပြီး ငါ့ကလန်ရဲ့ ထာဝရမိုးကြိုးကို ဒီခုနစ်သန်းလောကထဲ ဆင်းသက်လာပြီး ဒီနေရာရဲ့ သက်ရှိအားလုံးကို အပြစ်ပေးဖို့ ငါ ဆင့်ခေါ်ပါတယ်…” သူ ထိုသို့ ပြောလိုက်သည့်အခါ ခုနစ်သန်းလောကများ၏ ပြင်ပရှိ တော်ဝင်ကုန်းမြေမှ ထာဝရမိုးကြိုးသည် ရုတ်တရက် လှုပ်ရှားလာသည်။
ထာဝရမိုးကြိုးသည် နိုးထလာဟန် ထင်ရ၏။ ထို့နောက် ၎င်းသည် တော်ဝင်ကုန်းမြေထံမှ ထွက်လာ၏။ ၎င်းက လေဟာနယ်ကို ချိုးဖျက်ကာ ခုနစ်သန်းလောကများထံသို့ ဦးတည်ဝင်လာသည်။
“နောက်လာမယ့် တိုက်ကွက်ကြောင့် ငါ့အနေနဲ့ အကြီးအကဲခေါင်းဆောင်ကို သတ်ဖို့ ခုနစ်ဆယ်ရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်လို့ ပြောခဲ့တာပဲ…”
တာအိုသခင်ပြန့်ကြဲစိတ်ဝိညာဉ်သည် အသက်ဝဝရှုသွင်းလိုက်ပြီးနောက် ထိုင်ချလိုက်၏။ သူ့မျက်လုံးထဲတွင် ဝမ်းနည်းရိပ်တို့ သန်းနေသည်။ သို့သော် ပြတ်သားမှုလည်း ရှိ၏။
“ခုနစ်သန်းလောကရဲ့ အသက်ပေါင်းသန်းတစ်ရာ အစီအရင်…အသက်ဝင်စမ်း…”
***