← Chapters

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း ၁၉၀

Vol. 19 Ch. 190

အခန်း (၁၉၀) အပျော်လင်လေး

လီလင်းလင်းသည် မာကျန်းနှင့် ချိုက်မင်မင်တို့၏ ပြောစကားများကို ခိုးနားထောင်မိခဲ့၏။ ၎င်းကြောင့် ဆူပူကြိမ်းမောင်းခံရပြီး အခက်အခဲပေါင်းများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း၊ ထိုသတင်းကို ယွမ်ဟောက်ဖုန်း ထံသို့ တိတ်တဆိတ် သွားရောက်အကြောင်းကြားခဲ့သည်။

သူမသည် ယွမ်ဟောက်ဖုန်းအပေါ်၌ သက်ဝင်စွဲလမ်းကာ ရူးရူးမူးမူး ချစ်ကြိုက်နေခဲ့သူ ဖြစ်၏။

ယွမ်ဟောက်ဖုန်းသည် ထိုသတင်းကို ကြားလိုက်ရသောအခါ တစ်စုံတစ်ခုကို လေးလေးနက်နက် စဉ်းစားနေပုံ ရသည်။

လီလင်းလင်း၏ ချစ်ခြင်းအား အပေါ်ယံ မေတ္တာတုံ့ပြန်မှုများ ပေးပါသော်လည်း၊ ယွမ်ဟောက်ဖုန်း၏ ရင်ထဲတွင်မူ ဇနီးနှင့် သားသမီးတို့သည်သာ သူ့မိသားစု ဖြစ်ကြ၏။ သူသည် လီလင်းလင်းကို ချော့မြှောက်၍ အခွင့်အရေးယူ ခိုင်းစားနေခြင်းသာဖြစ်ပြီး အချစ်စစ်ဖြင့် ဘယ်သောအခါမျှ မချစ်ခဲ့ပေ။ သို့သော် လီလင်းလင်းမှာမူ ထိုအဖြစ်ကို လုံးဝမသိရှာဘဲ မိမိ၏ နက်ရှိုင်းသော အချစ်ကိုသာ ယုံကြည်ကိုးစားနေခဲ့သည်။

ယွမ်ဟောက်ဖုန်းသည် လီလင်းလင်းကို နည်းနည်းမျှ ဂရုမစိုက်ပေ။ သူသည် ဇနီးဖြစ်သူ ကွမ်ထင်းထင်း နှင့်အတူ မိသားစု၏ စုဆောင်းငွေများကို သေချာတွက်ချက်ရင်း

“ဒီသားမွေးအင်္ကျီက တော်တော်ကောင်းတယ်၊ ငါတို့ အချို့ ဝယ်ထားရင် ကောင်းမယ်နော်”

ကွမ်ထင်းထင်းမှာ စိတ်ထဲတွင် မသက်မသာ ဖြစ်သွား၏။ သူမနှင့် ချန်ချင်းယွီ တို့သည် အတန်းဖော်များဖြစ်ကြပြီး၊ ချန်ချင်းယွီတွင် ယောက်ျားမရှိသော်လည်း သူမ၏ ဘဝမှာ ကွမ်ထင်းထင်းထက် များစွာ ပိုမိုသာလွန်နေလေသည်။ ထို့ကြောင့် ကွမ်ထင်းထင်းသည် မနာလို ဖြစ်မိ၏။ သို့သော် မိမိ၏ သာယာဝပြောသော မိသားစုနှင့် ချန်ချင်းယွီ၏ ယောက်ျားမရှိသော အဖြစ်ကို နှိုင်းယှဉ် စဉ်းစားလိုက်မိသောအခါ ဂုဏ်ယူဝါကြွားစိတ်များ တစ်ရှိန်းရှိန်း တက်လာခဲ့သည်။

‘မိန်းမတစ်ယောက်မှာ ယောက်ျားမရှိရင် အောင်မြင်နေလဲ ဘာအဓိပ္ပာယ်ရှိမှာလဲ။ ငါ့ယောက်ျားကတော့ အစစအရာရာ ပြည့်စုံတာပဲ။’

ထိုသို့ တွေးလိုက်မိသည်နှင့် ကွမ်ထင်းထင်းသည် မာန်ပြန်တက်လာကာ ဆိုလေသည်။

“အထည်သွားဝယ်တာတော့ ရပါတယ်။ ဒါပေမဲ့ ချန်ချင်းယွီနဲ့ သိပ်စကားမပြောနဲ့နော်။ ရှင်က ကျွန်မယောက်ျား၊ တခြားစိတ်ကူးတွေ ထားတာမျိုး ငါ လုံးဝမကြိုက်ဘူး”

ယွမ်ဟောက်ဖုန်း သဘောကျစွာ ပြုံးလိုက်ရင်း

“ငါတို့ မင်္ဂလာဆောင်တာ နှစ်တွေတောင် အကြာကြီးရှိနေပြီ၊ ငါက ဘယ်လိုလူလဲဆိုတာ မင်း မသိဘူးလား။ ငါတို့က စိတ်တူကိုယ်တူတွေပါ၊ တခြားလူတွေ ဘာမှမဆိုင်ပါဘူး။ နောက်ပြီး ငါက တွေ့သမျှလူကို မြှူဆွယ်နေတဲ့သူ မဟုတ်ပါဘူး။ မင်းက ငါ့ကို အထင်သေးလွန်းတယ်။ ငါဒါတွေလုပ်နေတာ မိသားစုအတွက်ဆိုတာ မင်းလည်း အသိပဲ မဟုတ်လား။ မဟုတ်ရင် ငါက ဘာလို့ လုပ်မှာလဲ။ မိသားစုကို စွန့်ပစ်ပြီး အပျော်အပါးလိုက်စားမယ့်သူလို့ မင်း ထင်နေတာလား။ ငါ့မှာ အဲဒီလို ရည်ရွယ်ချက် မရှိပါဘူး။ ရှိတယ်ပဲထားဦး၊ ငါဒါတွေလုပ်တာ မိသားစုအတွက် ပိုက်ဆံစုပေးချင်လို့ဆိုတာ မင်းသိသင့်ပါတယ်။ ငါ တခြားမိန်းမတွေကို လိုက်ကြည့်တာ ပိုက်ဆံရဖို့ပဲ”

ကွမ်ထင်းထင်း : “ရှင် အဲဒီလို သိရင် ပြီးတာပါပဲ”

“ဒါပေါ့၊ ငါသိတာပေါ့”

ယွမ်ဟောက်ဖုန်း နှုတ်မှ ချိုချိုသာသာ ပြောလိုက်သော်လည်း၊ သူ့စိတ်ထဲတွင် အမှန်တကယ် ဘာတွေးနေသည်ကိုမူ သူတစ်ဦးတည်းသာ သိပေလိမ့်မည်။

ဟင်း... ချန်ချင်းယွီ မျက်နှာလေးကို မြင်ယောင်မိရင်း….

‘သူမများ စတင်လှုပ်ရှားလာရင် ငါ ကြိုဆိုလိုက်ရမလား’

‘ချန်ချင်းယွီသာ ငါ့မိသားစုကိုပါ ထောက်ပံ့ပေးနိုင်ရင် ပိုတောင် ကောင်းသေးတယ်..လီလင်းလင်းက သစ္စာရှိတာ မှန်ပေမဲ့ အသုံးမကျဘူး’

ယွမ်ဟောက်ဖုန်းသည် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသော်လည်း အပြင်သို့ ထုတ်မပြခဲ့ပေ။

ကွမ်ထင်းထင်း ပြန်လည်၍ ပြောလိုက်ကာ

“ကျွန်မ ပြဿနာရှာနေတာ မဟုတ်ပါဘူး။ ရှင် တခြားသူနောက် လိုက်ချင်လိုက်၊ ချန်ချင်းယွီ နောက်တော့ မလိုက်နဲ့။ သူက ကျွန်မအတန်းဖော်၊ သူ့ရှေ့မှာ မျက်နှာမပျက်ချင်ဘူး”

“စိတ်အေးအေးထားပါ၊ ငါ နားလည်ပါတယ်”

ထိုဇနီးမောင်နှံနှစ်ဦး တိတ်တဆိတ် ဆွေးနွေးနေကြပြီး ကျောက်ရုံ

တမင်ခိုးနားထောင်နေသည်ကိုမူ သူတို့ မသိကြပေ။ ထောင်မှ လွတ်လာကတည်းက ကျောက်ရုံသည် ရင်ထဲတွင် မကျေနပ်ချက်များစွာ သိုအောင်းထားခဲ့၏။ သူမသည် မိမိကိုယ်ကို ကံဆိုးလွန်းသည်ဟု ခံစားရပြီး~~~ ဖောက်ပြန်သည့် ကိစ္စလေးတစ်ခုမျှဖြင့် ဤမျှ ပြင်းထန်သော ပြစ်ဒဏ် ချမှတ်ခံရသည်မှာ မည်သို့သော အဖြစ်နည်းဟု စိတ်ပျက်နေမိသည်။

သို့သော်လည်း ကျောက်ရုံသည် ထိုအကြောင်းကို တစ်ခွန်းမျှ ထုတ်မပြောဝံ့ပေ။ သူမသည် ကံကောင်းခဲ့ကြောင်း ကောင်းစွာ သဘောပေါက်ထား၏။ အကယ်၍ လွန်ခဲ့သော နှစ်အနည်းငယ်၊ မနှစ်က နှိမ်နင်းရေး ကာလအတွင်းသာ ဆိုပါက အချို့သောသူများ အသက်ပင် ဆုံးရှုံးခဲ့ရနိုင်သည်။ ထိုအချက်ကို ကြည့်လျှင် သူမသည် ကံကောင်းသည်ဟု ဆိုရမည်။ အနည်းဆုံးတော့ သူမသည် နှစ်အနည်းငယ်မျှသာ ထောင်ကျခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့သည် မဟုတ်လော။

သို့သော် ထောင်ထဲတွင် ကုန်လွန်ခဲ့ရသော အချိန်များကို စဉ်းစားမိတိုင်း ကျောက်ရုံသည် သက်သောင့်သက်သာ မရှိဘဲ စိုးရိမ်ပူပန်နေမိဆဲ ဖြစ်၏။

သို့သော် သူမသည် ပြဿနာရှာပြီး ဝရုန်းသုန်းကား လုပ်တတ်သော အဘွားကြီးဟွမ်နှင့် မတူပေ။ သူမသည် မည်သို့ မည်ပုံ ပြုမူနေထိုင်ရမည်ကို အမှန်တကယ် သိရှိသူဖြစ်၏။ သို့သော်လည်း သူမ၏ အိမ်ထောင်ဦးစီး အဆင့်အတန်းမှာမူ မရှိတော့ပြီ ဖြစ်သည်။ ကျောက်ရုံသည် တကယ်ပင် မပျော်ရွှင်နိုင်ခဲ့ပေ။

ယခုအခါ မည်သူမျှ သူမ၏ စကားကို မနာခံကြတော့ကာ ယခင်ကဲ့သို့ ဖြစ်လာရန်လည်း မျှော်လင့်၍ မရတော့ပေ။ ယခုအခါ အိမ်၏ ဆုံးဖြတ်ချက်မှန်သမျှကို ကွမ်ထင်းထင်း ကသာ ပြုလုပ်နေပြီး၊ ကျောက်ရုံမှာမူ ယောက္ခမ ဖြစ်ပါလျက် ဘေးရောက်နေ၍ လုံးဝ မကျေမနပ် ဖြစ်နေရ၏။

‘လူတိုင်းက အခက်အခဲတွေကို နှစ်ပေါင်းများစွာ အောင့်စည်းခံစားပြီးမှ ယောက္ခမအဖြစ် ရောက်ရှိလာကြတာ’

‘ဒီ ကွမ်ထင်းထင်းက ဘာမို့လို့ ယောက္ခမ ရှိနေပါရက်နဲ့ အိမ်မှာ ဆရာလုပ်ချင်နေရတာလဲ’

ယခုအချိန်တွင် ကျောက်ရုံ အမုန်းဆုံးလူ ရှိသည်ဆိုပါက ထိုသူမှာ ကွမ်ထင်းထင်းပင် ဖြစ်၏။ ထို့ကြောင့် သူမသည် ချွေးမဖြစ်သူ၏ လှုပ်ရှားမှုမှန်သမျှကို ချောင်းမြောင်း နားထောင်လျက် နေ့ရက်များကို ကုန်လွန်စေခဲ့သည်။

ယခုလည်း ချန်ချင်းယွီ ထံမှ ကုန်ပစ္စည်းများ သွားရောက်ဝယ်ယူမည်ဟူသော အသံကို ကြားလိုက်ရသဖြင့် သူမသည် ပို၍ပင် မကျေမနပ် ဖြစ်သွားရပြန်၏။ ချန်ချင်းယွီ၏ မိသားစုတွင် မုဆိုးမနှစ်ဦးနှင့် ကလေးငယ်နှစ်ဦးသာ ရှိသော်လည်း၊ အဘယ်ကြောင့်များ မိမိတို့ မိသားစုထက် ပိုမို အဆင်ပြေနေကြရသနည်း။ ကျောက်ရုံသည် လူတိုင်းကို မနာလိုဖြစ်နေခဲ့၏။

“အမေ... ဘာလုပ်နေတာလဲ”

ယွမ်ဟောက်ရွှယ်သည် အိမ်သာသွားရန် ထွက်လာစဉ် သူမ၏ မိခင် သံသယဖြစ်ဖွယ် ပြုမူနေသည်ကို တွေ့လိုက်ရ၏။ သူမသည် အခြေအနေကို ကောင်းစွာ သဘောပေါက်ထားပြီး ဖြစ်သည်၊ အကြောင်းမှာ ဤသို့သော မြင်ကွင်းကို တစ်ကြိမ်ထက်မက တွေ့မြင်ခဲ့ဖူးသောကြောင့် ဖြစ်၏။

ထိုစဉ် အခန်းတံခါးမှာ ရုတ်တရက် ပွင့်ထွက်လာပြီး ကွမ်ထင်းထင်းသည် ကျောက်ရုံကို ဒေါသတကြီး စိုက်ကြည့်ရင်း

“အမေ၊ ဘာလုပ်နေတာလဲ။ တမင်ခိုးနားထောင်ဖို့ လာတာလား။ တကယ်ပါပဲ၊ ဘယ်လိုမိသားစုမျိုးက အဲဒီလို လုပ်တတ်တာလဲ။ ယောက္ခမတစ်ယောက်က အကျင့်စာရိတ္တ မကောင်းတာတင် မကဘူး၊ ခုတော့ ခိုးပါ နားထောင်နေသေးတယ်၊ အမေတော့ တကယ်ပဲ...”

ယွမ်ဟောက်ဖုန်း ကွမ်ထင်းထင်းကို အလျင်အမြန် တားဆီးလိုက်ရင်း

“မိန်းမ၊ မင်း ဘာလုပ်နေတာလဲ။ ပြင်ပလူတွေ ကြားရင် ငါတို့မိသားစုကို ဘာထင်ကြမလဲ။ နောက်ပြီး ငါ့အမေက အဲဒီလိုလူ မဟုတ်ပါဘူး။ မင်း တကယ် အထင်လွဲတာပါ။ ငါ့အမေက အဲဒီလိုလူလို့ မင်း ထင်လို့လား”

သူ၏ မိခင် တမင်တကာ ခိုးနားထောင်နေသည်ကို သူလည်း သိသည်မှာ သေချာ၏။ သို့သော် ထိုအကြောင်းကို အသံထွက်၍ မပြောဝံ့ပေ။ မိသားစုအတွင်း စည်းလုံးညီညွတ်ရေးသည် အရေးကြီးဆုံး မဟုတ်လော့။

“မိန်းမ၊ လာပါ၊ ပြန်အိပ်ရအောင်။ အမေ၊ အမေလည်း ပြန်နားတော့လေ”

သူသည် ဇနီးဖြစ်သူကို အိမ်ထဲသို့ ဆွဲသွင်းလိုက်ရင်း

"ငါ့အမေက တစ်သက်လုံး ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရတာမို့လို့ နားလည်ပေးပါကွာ။ အချို့ကိစ္စတွေက အမေ့ဘက်က လွန်တာ မှန်ပေမဲ့ တို့တွေက မိသားစုတွေပဲဥစ္စာ။ အပြင်လူတွေ လှောင်ပြောင်ကြရင် တို့မိသားစုပဲ မျက်နှာပျက်ရမှာ"

သူသည် အသံကို နှိမ့်ကာ ဇနီးဖြစ်သူကို ချော့မော့လိုက်သော်လည်း ကွမ်ထင်းထင်းမှာမူ နှာခေါင်းရှုံ့လိုက်ရုံမျှသာ ပြု၏။

သို့သော်လည်း သူမ ချက်ချင်းပင်

"ရှင့်ညီမက အသက်ဘယ်လောက်ရှိပြီလဲ။ အခုထိ ဘာလို့ အိမ်ထောင်မပြုသေးတာလဲ။ ရှင့်အမေကလည်း တို့တွေကိုပဲ စိုက်ကြည့် စိတ်တိုနေမယ့်အစား ဟောက်ရွှယ်နဲ့ ဟောက်ယွဲ့ကို မြန်မြန် အိမ်ထောင်ချပေးဖို့ ပြင်သင့်တာပေါ့။ အထူးသဖြင့် ဟောက်ရွှယ်ပဲ၊ အခု အသက်က ဒီလောက်ကြီးနေပြီကို အရွယ်လွန်သွားရင် ရောင်းမထွက်တော့ဘဲ ကျန်နေရစ်တော့မှာ။ တကယ့် ကျေးဇူးမသိတတ်တဲ့ကောင်မ၊ တို့တွေက သူမအပေါ် ဘယ်လောက်ပဲ ကောင်းပေးခဲ့ကောင်းပေးခဲ့၊ ဘယ်လောက်ပဲ ကူညီပေးခဲ့ပေးခဲ့ ဘာမှ အသုံးမကျဘူး။ အကျိုးအမြတ်ကျတော့ ယူပြီး တို့တွေကိုကျ ဘာမှ ပြန်မပေးဘူး။ ငါ မိတ်ဆက်ပေးခဲ့တဲ့ ဟောင်ကောင်က သူဌေးကြီးကိုပဲ ကြည့်လေ၊ သူမက အဲဒီလူနဲ့ တွဲပြီး အကျိုးအမြတ်တွေ အများကြီး ယူခဲ့တာကို တို့တွေကို ဘာများ ပြန်ပေးခဲ့လို့လဲ။ လမ်းခွဲပြီးတဲ့နောက်မှာလည်း တို့တွေကိုပါ ဆွဲချပြီး ဟိုဟိုဒီဒီ အတင်းအဖျင်း ပြောစရာဖြစ်အောင် လုပ်ခဲ့သေးတယ်။ အခု မြန်မြန် အိမ်ထောင်မပြုရင် နောက်ဆို ဘယ်လိုလုပ် အိမ်ထောင်ပြုလို့ ရတော့မှာလဲ။ ရှင့်အမေဆီမှာ ပြောပြီး သူမကို မြန်မြန် မောင်းထုတ်ခိုင်းစမ်းပါ။ တို့ကလေးတွေလည်း အကုန် ကြီးကုန်ကြပြီ၊ အမြဲတမ်း တို့နဲ့ အခန်းတစ်ခုတည်းမှာ စုပြီး အိပ်နေရတာ ဘာဓလေ့လဲ။ ဟောက်ရွှယ် အိမ်ထောင်ကျသွားရင် သူ့မှာ ကိုယ်ပိုင်အခန်း ရသွားပြီလေ၊ ရှင့်စိတ်ထဲမှာ ဒါကို မှတ်ထားပါဦး"

"အေးပါ၊ ငါ သိပါတယ်၊ မနက်ဖြန်ကျရင် အမေနဲ့ သွားပြောလိုက်မယ်"

ယွမ်ဟောက်ဖုန်းသည်လည်း ညီမဖြစ်သူအပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။ သူသည် မိမိကိုယ်ကိုယ် ညီမဖြစ်သူအပေါ် တော်တော်လေး ကောင်းပေးခဲ့သည်ဟု ထင်နေခဲ့၏။ သူမ ရာထူးတိုးဖို့အတွက် မိမိ၏ သိက္ခာနှင့် ခန္ဓာကိုယ်ကိုပင် ရောင်းစားကာ ကူညီပေးခဲ့ဖူးသည် မဟုတ်လော။

သူမမှာမူ မိမိကိုယ်ကျိုးတစ်ခုတည်းကိုသာ ကြည့်ပြီး ကျေးဇူးသိတတ်ရမှန်း မသိခဲ့ပေ။

‘ဘယ်လောက်ပဲ အာဏာရှိတဲ့သူ ဖြစ်ပါစေ၊ သူမကို လုံးဝ ကူညီပေးမှာ မဟုတ်ဘူး၊ တကယ်ကို လူကောင်း မဟုတ်ဘူး’

"တို့တွေ ဒီထဲမှာ ဝင်မပါတာ ပိုကောင်းမယ်၊ မဟုတ်ရင် ပြဿနာတွေ ပိုများလာလိမ့်မယ်။ ဒီကိစ္စကို အမေ ကိုင်တွယ်တာက အသင့်တော်ဆုံးပဲ"

ယွမ်ဟောက်ဖုန်း ပါးနပ်စွာ ဆိုလိုက်သည်။

"ဟုတ်တယ်"

ထိုနှစ်ယောက်စလုံး အချင်းချင်း တိုးတိုးတိတ်တိတ် တိုင်ပင်နေကြသဖြင့် အပြင်မှလူများ သဘာဝအတိုင်း ကြားနိုင်မည် မဟုတ်ပေ။ ထိုအချိန်တွင် ကျောက်ရုံသည်လည်း သမီးဖြစ်သူအပေါ် မကျေမနပ် ဖြစ်နေခဲ့သည်။ သူမ ဟောက်ရွှယ်ကို မကျေမနပ်ဖြင့် စိုက်ကြည့်လိုက်ပြီး

"နင် အသံကို တိုးတိုးမလုပ်နိုင်ဘူးလား။ လူအကုန်လုံး သိအောင် လျှောက်အော်နေရတာလား။ တကယ့်ကို အေးအေးဆေးဆေး မနေတတ်တဲ့ကောင်မ"

မူလ၌ ဤသမီးဖြစ်သူကို အလိုလိုက်ခဲ့ဖူးသော်လည်း ကျောက်ရုံ စိတ်ထဲတွင် သူမအပေါ် မကျေမနပ်မှုများ ရှိနေခဲ့၏။ သူမကြောင့်သာ မဟုတ်လျှင် မိမိအနေဖြင့် ထောင်ကျစရာ အကြောင်းမရှိချေ။ ယခု ထောင်မှ လွတ်လာသောအခါလည်း ကျေးဇူးသိတတ်ရမှန်း မသိသည့်အပြင်၊ သူမအပေါ် နည်းနည်းမျှပင် လုပ်ကျွေးပြုစုမှု မရှိပေ။

‘တကယ့်ကို အသုံးမကျတဲ့ကောင်မ’

ဤမိသားစုထဲတွင် သူမကို အသိအမှတ်ပြုပြီး ပြုစုရမည့်သူမှာ ဟောက်ရွှယ် ပိုဖြစ်သင့်သည်သာ…

‘သူမ ဖောက်ပြန်ခဲ့တဲ့ နှစ်ကြိမ်စလုံးကလည်း သူမအတွက်ကြောင့် မဟုတ်ဘူးလား’

‘တကယ့်ကို မသိတတ်လိုက်တာ...’

"နင်က ချန်ချင်းယွီကိုတောင် မမှီဘူး။ ချန်ချင်းယွီက ဘာသွေးသားမှ မတော်စပ်တဲ့ ယောက္ခမအပေါ် ပြုစုတာက နင့်ထက်တောင် သာသေးတယ်။ နင်လိုကောင်မကို မွေးထားတာ ဘာအသုံးကျလို့လဲဆိုတာ ကြည့်စမ်းပါဦး"

ယွမ်ဟောက်ရွှယ် စက်ဆုပ်စွာ စိုက်ကြည့်လိုက်သည်။

ကျောက်ရုံ : "နင်က ငါ့ကို ဘာလာစိုက်ကြည့်နေတာလဲ။ ငါ ရှစ်ဘဝဆက်တိုက် ကံဆိုးခဲ့လို့ နင်တို့ မိသားစုနဲ့ လာဆုံရတာ ဖြစ်ရမယ်။ နင်ကလည်း မသိတတ်၊ နင့်ညီမကလည်း မသိတတတ်၊ ကွမ်ထင်းထင်းကလည်း လူကြီးသူမကို ရိုသေရမှန်း လုံးဝမသိဘူး။ တခြားအိမ်တွေက ယောက္ခမအပေါ် ပြုမူပုံတွေကို ကြည့်ပါဦး၊ ကွမ်ထင်းထင်းက ငါ့ကို ပြုမူပုံနဲ့ ယှဉ်ကြည့်လေ။ ငါ ရှစ်ဘဝဆက်တိုက် ကံဆိုးခဲ့လို့ နင်တို့လို အကြွေးလာတောင်းတဲ့ ဟာတွေနဲ့ လာကြုံရတာ"

ယွမ်ဟောက်ရွှယ် : "အခု ဘာတွေ လာမြည်တွနန်နေတာလဲ။ ကျွန်မတို့တွေဆီက ဘာတွေ ထပ်လိုချင်နေတာလဲ။ အမေ ထောင်ထဲ တစ်ခါ ဝင်သွားတုန်းကလည်း ကျွန်မတို့တွေ အမေ့ကို အထင်မသေးခဲ့ပါဘူး။ အဘွားကြီးဟွမ် သူတို့အိမ်မှာ ဆက်ဆံခံရတာကို ကြည့်လေ၊ တို့တွေ အမေ့ကို ဘာမှ မပြောခဲ့ဘူး မဟုတ်လား။ ဒါပေမဲ့ အမေကတော့ အမြဲတမ်း မကျေမနပ် ဖြစ်နေတယ်၊ ဘာတွေကို မကျေမနပ် ဖြစ်နေမှန်းလည်း ကျွန်မတို့လည်း မသိတော့ဘူး"

ဤစကားများမှာ ကျောက်ရုံကို ဒေါသထွက်သွားစေပြီး၊ ဒေါသတကြီးဖြင့်

"နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ။ ဘာဆိုလိုချင်တာလဲ။ နင်က ငါ့ကို အထင်သေးနေတာလား။ နင်ကြောင့်သာ မဟုတ်ရင် ငါ ထောင်ထဲ ရောက်ပါ့မလား။ အခုမှ ငါ့ကို လာအထင်သေးနေတာလား။ ဒီအိမ်မှာရှိတဲ့ လူတိုင်း ငါ့ကို အထင်သေးလို့ ရတယ်၊ နင်ကတော့ အထင်သေးလို့ မရဘူး။ နင်က နင့်အစ်ကိုထက်တောင် ပိုရထားတာကို ငါ့ကို လာအထင်သေးရဲသေးတယ် ဟုတ်လား။ နင်လို ကျေးဇူးမသိတတ်တဲ့ ကောင်မ..."

"အမေတို့တွေ ဘာလို့ ထပ်ရန်ဖြစ်နေကြပြန်ပြီလဲ"

ဟောက်ဖုန်း ကူကယ်ရာမဲ့စွာဖြင့် ကုတ်အင်္ကျီကို ကမန်းကတန်း ဝတ်ရင်း ထွက်လာခဲ့သည်။

"အမေတို့တွေက အိမ်ကကိစ္စတွေကို လူတွေ မသိမှာ စိုးနေကြတာလား။ တောင်းပန်ပါတယ်၊ တော်ကြပါတော့။ လူတွေ ကြားသွားရင် ကျွန်တော်တို့တွေ ဘယ်လိုလုပ်ရတော့မှာလဲ"

"ဒါပေမဲ့..."

"အမေရယ်၊ သားရဲ့ မျက်နှာကို ငဲ့သောအားဖြင့် တော်လိုက်ပါတော့နော်၊ သား တောင်းပန်ပါတယ်။"

ယွမ်ဟောက်ဖုန်းသည် လွန်ခဲ့သည့် နှစ်အနည်းငယ်က အလုပ်ပြုတ်သွားခဲ့သော်လည်း သူ၏အဖေကဲ့သို့ပင် ဂုဏ်သရေရှိလူတစ်ယောက် အဖြစ် ရှိနေဆဲ ဖြစ်သည်။ သူ၏အဖေ ယွမ်ဟောင်မင်သည် မကောင်းသတင်းများကြောင့် ဂုဏ်သိက္ခာ လုံးဝ ပျက်စီးသွားခဲ့သော်လည်း၊ သူ၏သားတွင်မူ သိက္ခာအနည်းငယ် ကျန်ရှိနေသေး၏။

ယွမ်ဟောက်ဖုန်း : "အမေ၊ ကျွန်တော်တို့တွေ ဘဝကို အေးအေးချမ်းချမ်း ဖြတ်သန်းကြရအောင်။ ပိုက်ဆံရှိလာရင် တို့တွေ အပြင်ပြောင်းနေကြတာပေါ့။ အမေ ထောင်ကျဖူးတာကို ဘယ်သူက သိမှာလဲ။ အခု လူတိုင်းက အသေးစိတ် အကြောင်းအရာတွေကို သိနေကြပြီဆိုတော့ ကျွန်တော်တို့တွေ သတိထားကြတာ ပိုကောင်းလိမ့်မယ်။ ဒါက အမေ့အတွက် မတရားဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ အနာဂတ်အတွက် ကျွန်တော့်စကားကို နားထောင်ပေးပါ၊ ဟုတ်ပြီလား"

ယွမ်ဟောက်ဖုန်း၏ စကားများက ကျောက်ရုံကို နှစ်သိမ့်ပေးလိုက်သည့်နှယ် ဖြစ်သွားသည်။

ကျောက်ရုံ : "အေးပါ"

ဤမိသားစုထဲတွင် အားကိုးရဆုံးသူများမှာ သူမ၏ ခင်ပွန်းနှင့် သားဖြစ်သူတို့သာ ဖြစ်ကြ၏။

သမီးနှစ်ယောက် စလုံးကတော့…

‘မိန်းကလေးတွေမို့လို့ အမြဲတမ်း အပြင်ဘက်ကိုပဲ စိတ်ရောက်နေကြတာ ကျေးဇူးမသိတတ်တဲ့ဟာတွေ’

သူမ ထောင်မှ ပြန်လည် လွတ်မြောက်လာပြီးသည့်နောက် ခင်ပွန်းနှင့် သားဖြစ်သူတို့သာ ယခင်အတိုင်း ပြောင်းလဲမှုမရှိ ရှိနေခဲ့ကြသည်။ ကျန်သည့် အတ္တကြီးသော လူများသည်ကား သူမကို လုံးဝ ဂရုမစိုက်ကြချေ။

ဟောက်ယွဲ့ ဆိုသည့် ကောင်မလေးဆိုရင် ယွမ်ရှောင်ချွေနှင့်ပင် သွားရောက် ပူးပေါင်းနေသေးသည်။

တကယ့်ကို ဒေါသထွက်စရာပင်...

ကျောက်ရုံသည် ယွမ်ဟောင်မင်

တစ်ယောက် ပန်းသေပန်းညှိုးဖြစ်သွားကြောင်း၊ လူတိုင်း ထိုအကြောင်းကို သိနေကြပြီး သူ နောက်ထပ် အိမ်ထောင်ပြု၍ မရတော့ကြောင်းကို လုံးဝ အမှုမထာရခဲ့ပေ။ ကျောက်ရုံသည် ထောင်ကျဖူးသော်လည်း ထိုသူကိုပင် မိမိ၏ အရာအားလုံးအဖြစ် သတ်မှတ်ထားဆဲ ဖြစ်၏။ သူမသည် ကြည့်လိုက်လျှင် ပါးနပ်ပုံရသော်လည်း အမှန်တကယ်၌ တကယ်ငတုံးအကြီးစားသာ ဖြစ်ပေသည်။

‘ဟမ့်… နောက်မိန်းမမှ မယူနိုင်တော့လို့ ဟန်ဆောင်ပြနေတာကို အဟုတ်ထင်နေတဲ့ ဦးနှောက်ရေဝင်နေတဲ့ဟာမ’

ယွမ်ဟောက်ဖုန်းသည်လည်း အမြဲတမ်း မျက်နှာသာပေးခံရသူ ဖြစ်ပြီး မိမိ၏အမေကို မည်သို့ ကပ်ဖားရမည်ကို ကောင်းစွာ သိရှိသူ ဖြစ်၏။

ရှန့်ရှန့်နှင့် တွဲပြီးတည်းက သူသည် အမျိုးသမီးများကို မည်သို့ စည်းရုံးရမည်ကို အင်မတန် ကျွမ်းကျင်နေခဲ့ရာ၊ မိမိ၏ အမေအရင်းကို လှည့်စားဖို့ရန်မှာ ပို၍ပင် လွယ်ကူနေသည်။

ကျောက်ရုံသည် မကျေမနပ် ရေရွတ်ရင်း သူမ၏အခန်းသို့ ပြန်သွားခဲ့၏။ ဟောက်ယွဲ့မှာမူ တစ်ချိန်လုံး ထပင်မလာခဲ့ပေ။ သူတို့အားလုံးမှာ မိသားစုဝင်များဖြစ်ကြသော်လည်း သူမ လက်ရှိနေထိုင်နေသော အခန်းမှာ ယွမ်ရှောင်ချွေ၏ အခန်းဖြစ်သည်။ ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံးပင် မနည်းဆန့်သည့် ပြတင်းပေါက်မရှိသော ယာယီ ကာရံထားသည့် အခန်းလေးတစ်ခုမျှသာ ဖြစ်၏။

သူမသည် မူလ၌ ယွမ်ဟောင်ရွှယ်နှင့် အခန်းတူတူနေသော်လည်း ယွမ်ရှောင်ချွေ ကျေးလက်သို့ ဆင်းသွားပြီးနောက်တွင် မိခင်ဖြစ်သူမှ သူမကို ဤအခန်းသို့ ရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်။ မိသားစုတစ်ခုတွင် ကလေးများစွာ ရှိတတ်မြဲဖြစ်ပြီး အားလုံးမှာ မိမိရင်သွေးများဖြစ်ကြသော်လည်း မည်သူမဆို အချစ်ဆုံးကလေး မဖြစ်ချင်ဘဲ ရှိမည်နည်း။ ယွမ်ဟောက်ယွဲ့၏ အခြေအနေမှာ ယွမ်ရှောင်ချွေထက် များစွာသာသော်လည်း အစ်ကိုအစ်မများလောက်မူ အလိုလိုက်ခြင်း မခံရပေ။

ထို့အပြင် လွန်ခဲ့သောနှစ်အနည်းငယ်အတွင်း ယွမ်ရှောင်ချွေနှင့် အချိန်အတော်ကြာ တူတူနေခဲ့ဖူးသဖြင့် သူမသည် အတွေ့အကြုံနှင့် အမြင်ကျယ်မှုများ ပိုမိုရရှိခဲ့သည်။

သူမနှင့် ယွမ်ရှောင်ချွေ အဖွဲ့ကျမိကြသည်မှာလည်း မဆန်းပေ။ ယွမ်ရှောင်ချွေမှာ အိမ်တွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးပြီး ဟောက်ယွဲ့မှာ ငယ်ရွယ်သူဖြစ်သဖြင့် လူကြီးများကဲ့သို့ ယွမ်ရှောင်ချွေအပေါ် နာကျည်းချက် အာဃာတကြီးကြီးမားမား မရှိခဲ့ပေ။ ယွမ်ရှောင်ချွေ ပြန်ရောက်လာချိန်တွင် သူတို့နှစ်ဦး တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံခဲ့ကြပြီး တဖြည်းဖြည်း မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။

ယွမ်ဟောက်ယွဲ့သည် တဖက်သို့စောင်းလှည့်ကာ အိပ်ပျော်ရန် ကြိုးစားလိုက်စဉ် အမေဖြစ်သူ၏ ငိုသံကို ခပ်ရေးရေး ကြားလိုက်ရ၏။

‘ငိုပြန်ပြီ၊ ငိုလိုက်၊ ငိုလိုက်နဲ့…’

သူမ၏ အမေသည် ကမ္ဘာကြီးတစ်ခုလုံးက သူ့ကို မတရားစော်ကားထားသည်ဟု အမြဲတွေးနေတတ်သူ ဖြစ်သည်။

ယွမ်ဟောက်ယွဲ့မှာမူ ထိုအရာကို ဂရုမစိုက်ပေ။ သူမကြားခဲ့သည့် သတင်းကိုသာ ယွမ်ရှောင်ချွေအား တိုးတိုးတိတ်တိတ် သွားပြောပြရန်သာ စဉ်းစားနေခဲ့သည်။

အိမ်တိုင်းတွင် မိမိတို့၏ သီးခြားအကြံအစည်များ ရှိကြပြီး ပြင်ပလူများ သိနိုင်မည်မဟုတ်ပေ။

သို့သော် ထိုမိသားစု၏ ရှုပ်ထွေးဆူပူမှုများနှင့် နှိုင်းယှဉ်ပါက ချန်ချင်းယွီတစ်ယောက် ညဉ့်နက်သည်အထိ အိပ်မပျော်နိုင် ဖြစ်နေ၏။ သူမသည် စာရင်းများ ပိတ်နေရသဖြင့် မအားမလပ်ဖြစ်နေသည်။ ပန်းရောင်းရသည့် ငွေများနှင့် ယခုခရီးစဉ်မှ ပစ္စည်းဝယ်ယူစရိတ်များကို အတိအကျ စာရင်းရှင်းရန် လိုအပ်နေ၏။ စီးပွားရေးလုပ်သက် ကြာပြီဖြစ်၍ ချန်ချင်းယွီသည် စာရင်းတွက်ရာတွင် အလွန် လျင်မြန်လှသည်။

အကြိမ်ကြိမ် စာရင်းစစ်ကြည့်ပြီးနောက် ယခုအကြိမ် ရရှိသည့် အမြတ်အစွန်းမှာ အမှန်ပင် လွန်စွာများပြားကြောင်း သိလိုက်ရ၏။

ယခုအကြိမ် ပန်းရောင်းရသည့်ငွေသည် လွန်ခဲ့သော သုံးနှစ်တာလုံးလုံး ရရှိခဲ့သည့် စီးပွားရေးဝင်ငွေ စုစုပေါင်းထက်ပင် ပိုများနေသည်။

ဝမ်းနည်းစရာမှာ ထိုသို့သော ကံကောင်းမှုမျိုးသည် မကြာခဏ ရောက်မလာတတ်ခြင်းပင်။ အကယ်၍ ခဏခဏ ရရှိနေပါလျှင်လည်း သူမအနေဖြင့် ယခုလောက် များများစားစား ရရှိမည်မဟုတ်ပေ။ ချန်ချင်းယွီသည် မိသားစု စာရင်းစာအုပ်များကို သိမ်းဆည်းလိုက်ပြီး မီးခံသေတ္တာထဲသို့ ထည့်ကာ သော့ခတ်လိုက်၏။၁၉၈၀ ပြည့်လွန်နှစ်များ ဖြစ်သော်လည်း မီးခံသေတ္တာများကို ဝယ်ယူရရှိနိုင်သေးသည်။

ချန်ချင်းယွီသည် ပစ္စည်းများကို သပ်သပ်ရပ်ရပ် သိမ်းဆည်းပြီး မီးအိမ်ကို ပိတ်လိုက်၏။

သန်းခေါင်ကျော်ပင် ရှိနေပြီဖြစ်သည်။

သူမမှလွဲ၍ ကျန်သူများအားလုံး အိပ်ပျော်နေကြလေပြီ… ချန်ချင်းယွီ ခရီးထွက်နေစဉ်အတွင်း မနားခဲ့ရကာ၊ ပြန်ရောက်သောအခါလည်း မနားစတမ်း အလုပ်လုပ်နေခဲ့ရသဖြင့် အတော်ပင် ပင်ပန်းနေပြီဖြစ်သည်။ သူမသည် အိပ်ယာမဝင်မီ ကိုယ်လက်ဆေးကြောလိုက်၏။

လွန်ခဲ့သည့်နှစ်က တရားမဝင် စီးပွားရေးလုပ်ငန်းများကို ဖြိုခွင်းနှိမ်နင်းခဲ့ပြီးနောက်ပိုင်း လမ်းပေါ်တွင် ဈေးရောင်းသူ နည်းပါးသွားခဲ့သော်လည်း ယခုနှစ်တွင် အခြေအနေများ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

လူတိုင်းသည် လူနေမှုဘဝ၏ အဆင်ပြေမှုကို ယဉ်ပါးနေကြပြီဖြစ်၍ မကောင်းသည့်အရာ အနည်းငယ်ကြောင့် ကောင်းသည့်အရာတစ်ခုလုံးကို ပစ်ပယ်လိုက်မည် မဟုတ်ပေ။ ချန်ချင်းယွီသည် သူမ၏ လက်ကားစီးပွားရေးကို ခဏတာ ရပ်ဆိုင်းထားခဲ့သော်လည်း မကြာသေးမီ၌ ပြန်လည်စတင်ခဲ့ရာ စီးပွားရေးမှာ အလွန်ပင် ရောင်းပန်းလှနေသည်။ ပေကျင်းသည် အရှေ့မြောက်ပိုင်းဒေသထက် ပိုမိုနွေးထွေးသည်ဆိုသော်လည်း မြောက်ပိုင်းဒေသပင် ဖြစ်သဖြင့် ဆောင်းရာသီ အေးစက်စက်အချိန်များတွင် သားမွေးအင်္ကျီ ဝတ်ဆင်ခြင်းက အမှန်ပင် ပိုမိုနွေးထွေးစေ၏။

ချန်ချင်းယွီ ဝယ်ယူလာသည့် ပစ္စည်းအသုတ်တွင် ယုန်သားမွေးရောမြေပါကတိုး သားမွေးပါ ပါဝင်သည်။

နောက်ဆုံးတစ်ခုမှာ ပိုမိုရှားပါးသဖြင့် စျေးနှုန်းလည်း ပိုမိုကြီးမြင့်၏။

ယုန်သားမွေးမှာ လှပသော်လည်း အမွှေးများ လွယ်ကူစွာ ကျွတ်ထွက်တတ်သည်။

သို့သော် စျေးနှုန်းက အသုံးဝင်မှုကို ဖော်ပြနေသည်ဖြစ်ရာ အမွှေးကျွတ်ခြင်းမှာ ပြဿနာကြီး မဟုတ်ပေ။ အမျိုးသား၊ အမျိုးသမီး စတိုင်လ်နှစ်မျိုးစလုံး ရရှိနိုင်ပြီး ချချန်ယွီ ကြေညာလိုက်သည်နှင့် ရောင်းအားမှာ ဒုံးပျံလို တက်သွားတော့သည်။

သောက်သောက်လဲ ကောင်းသည့်ပစ္စည်းကို မည်သူ မလိုချင်ဘဲ ရှိပါအံ့နည်း။

အခြားနေရာများမှ မိမိဘာသာ မှာယူသည်နှင့် ယှဉ်ပါက ချန်ချင်းယွီ၏ စျေးနှုန်းမှာ အနည်းငယ် ပိုမြင့်သော်လည်း...

... အများကြီး ပိုမသွားပေ။

အချိန်နှင့် အားထုတ်မှုကို သက်သာစေသည့်အပြင် လူတိုင်းမှာလည်း စာရင်းတွက်ချက်ရာတွင် ကျွမ်းကျင်ကြ၏။

ထို့အပြင် ချန်ချင်းယွီရရှိသည့် အမြတ်မှာ သူတို့ မျှော်လင့်ထားသည်ထက် ပိုများသည်။ အကြောင်းမှာ ပစ္စည်းမှာယူသည့် သဘောတရားအတိုင်း ပစ္စည်း အခုတစ်ရာ ဝယ်ယူခြင်းနှင့် အခုတစ်သောင်း ဝယ်ယူခြင်းသည် မည်သည့်အခါမျှ စျေးနှုန်းတူညီမည် မဟုတ်သောကြောင့်ပင်။ ချန်ချင်းယွီတွင် ရင်းနှီးမတည်ငွေ ပိုမိုများပြားသဖြင့် သဘာဝကျကျပင် အခွင့်အရေး ပိုမိုရရှိခဲ့သည်။

ယွမ်ရှောင်ချွေပင်လျှင် သူမထံမှ ပစ္စည်းလာရောက်ဝယ်ယူခဲ့သည်။

ဤသည်မှာ ဟောက်ယွဲ့ သတင်းပေးလိုက်ခြင်းဖြစ်၏။ သူတို့နှစ်ဦးမှာ စီးပွားရေးဖက်စပ်လုပ်ကိုင်သူများဖြစ်ကြပြီး ဟောက်ယွဲ့၏ ဖအေတူမအေကွဲ အစ်မဖြစ်သူ ယွမ်ရှောင်ချွေနှင့် ဆက်ဆံရေးမှာ အစ်မအရင်းဖြစ်သူ ဟောင်ရွှယ်နှင့် ဆက်ဆံရေးထက်များစွာ ပိုမိုကောင်းမွန်သည်။

ထို့အပြင် ဟောင်ရွှယ်မှာ မိသားစုတွင် အချစ်ခံရဆုံး ကလေးဖြစ်ခဲ့ပြီး မိဘများ၏ ဘက်လိုက်မှုကြောင့် ကလေးများအကြား ဆက်ဆံရေးမှာ ပြေလည်မည်မဟုတ်ပေ။

ယွမ်ရှောင်ချွေသည် ချန်ချင်းယွီနှင့်လည်း အရောင်းအဝယ် အနည်းငယ်ရှိခဲ့ဖူးသည်။ သူမသည် လွန်ခဲ့သောနှစ်များအတွင်း ချန်ချင်းယွီ၏ ကူညီမှုကို မှတ်မိနေသဖြင့် သူမကို တွေ့သည့်အခါတိုင်း အမြဲတမ်း ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်၏။ ယခုအခါ ပစ္စည်းများ လာရောက်ယူဆောင်စဉ်တွင် သူမမှာ သတင်းပေးစကားပြောခဲ့သည်။

"ယွမ်မိသားစုဆီက ငါ သတင်းရထားတယ်။ ယွမ်ဟောက်ဖုန်းလည်း ပစ္စည်းလာဝယ်လိမ့်မယ် ထင်တယ်။ ယွမ်ဟောက်ဖုန်း ဘယ်လိုသိသွားလဲ သိလား။ လီလင်းလင်းက ချိုက်မင်မင်ပြောတာကို ချောင်းနားထောင်ရာကနေ သိသွားတာ။ နင်နဲ့ ချိုက်မင်မင်နဲ့ ခင်တာ သိလို့ သွားသတိပေးလိုက်အုံး… အဲဒီ လီလင်းလင်းဆိုတဲ့ မိန်းမက ညဘက်ထွက်တဲ့ ကြွက်လိုပဲ၊ အမြဲတမ်း ချောင်းနားထောင်နေတတ်တာ၊ သတိထားမှရမယ်"

ချန်ချင်းယွီ : "အေးပါ၊ ဟုတ်ပြီ"

ယွမ်ရှောင်ချွေ ကျေးလက်သို့ ဆင်းသွားချိန်တွင် ချိုက်မင်မင်မှာ အိမ်ရာဝင်းထဲသို့ မရောက်သေးသဖြင့် သူမကို မသိပေ။ ထို့ကြောင့် ယခု စကားများသည် ဟောက်ယွဲ့ထံမှ လာခြင်းဖြစ်သည်ဟု ချန်ချင်းယွီ စဉ်းစားမိလိုက်၏။ လီလင်းလင်းသည် ယွမ်ဟောက်ဖုန်း၏ လက်ပါးစေ ဖြစ်သော်လည်း ဟောက်ယွဲ့မှာမူ သူ့အစ်ကို၏ ညီမအရင်း ဖြစ်သည့်အတိုင်း သူမကို တကယ်ပင် ကြည့်မရပေ။

"သူတို့ မိသားစုကိစ္စ မဟုတ်တာတွေ ပြောနေကြတာကတော့ ထားပါတော့။ ဒါပေမဲ့ နင့်ရဲ့ စီးပွားရေးအကြောင်းတွေပါ လျှောက်ပြောနေတာကျတော့ မကောင်းဘူး။ နင် နည်းနည်း ပိုပြီး သတိထားရမယ်"

ရှောင်ချွေ သတိပေးပြောလိုက်သည်။

ချန်ချင်းယွီ ခေါင်းညိတ်ရင်း

"စိတ်အေးအေးထားပါ၊ ငါ သိပါတယ်။ လာပါစေပေါ့ဟာ၊ ငါကလည်း ပိုက်ဆံရရင် ပြီးတာပဲကို"

"အဲဒါလည်း ဟုတ်တာပါပဲ"

ယွမ်ရှောင်ချွေ ထောက်ခံလိုက်သည်။

ချန်ချင်းယွီ : "ဒါနဲ့... နင် အခု ဘယ်မှာနေလဲ"

"ရပ်ကွက်ကော်မတီကနေတစ်ဆင့် အိမ်တစ်လုံး ငှားထားတယ်။ ငါနဲ့ ယွမ်မိသားစုနဲ့ ဆက်ဆံရေး အဆင်မပြေလို့ နေစရာမရှိဘူးဆိုတာ သူတို့သိတော့ စျေးသက်သာတဲ့ အိမ်တစ်လုံး ညွှန်းပေးကြတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက ဟောက်ယွဲ့က သူ့ဆီ လာနေဖို့ ပြောနေပေမဲ့ ငါကတော့ နည်းနည်း တွန့်ဆုတ်နေမိတယ်"

ယွမ်ရှောင်ချွေသည် မိသားစုကိစ္စများနှင့် ပတ်သက်လာလျှင် ရုတ်တရက် စကားကြော ရှည်လာတတ်၏။

ထိုအချိန်တွင် ဘေးနား၌ မည်သူမျှ မရှိသဖြင့် ချန်ချင်းယွီ စိတ်ဝင်တစားဖြင့် မေးလိုက်မိသည်။

"နင်တို့နှစ်ယောက်က တော်တော် အဆင်ပြေကြတာပဲနော်။ ငါကတော့ နင်တို့ကို ရေနဲ့ဆီလို ရန်သူတွေလို့ တောင် ထင်နေတာ"

ရှောင်ချွေ နှာခေါင်းရှုံ့လိုက်ပြီး

"အာ့... ဘာ ရန်သူရမှာလဲ။ ငါ ယွမ်မိသားစုနဲ့ အတူတူနေတုန်းကလည်း ငါတို့က အဆင်ပြေကြပါတယ်။ ဒါ့အပြင် သူ့ကိုလည်း အိမ်က ဂရုစိုက်တာ မဟုတ်ဘူးလေ။ သူ့မိသားစုက သူ့ကို ပစ်ပယ်ထားကြတာ"

အတင်းအဖျင်း သတင်းများကို စိတ်ဝင်စားသော ချန်ချင်းယွီမှာ ဆက်၍ စပ်စုကာ

"ဘာ... ပစ်ပယ်ထားတယ် ဟုတ်လား။ နင်နဲ့ မတူဘဲ သူက သူတို့ရဲ့ သမီးအရင်းလေ"

ယွမ်ရှောင်ချွေ မျက်လုံးလှန်လိုက်ပြီး

"နင်ကတော့ တကယ်ကို စကားမပြောတတ်ဘူး။ နားထောင်လို့ကို မကောင်းဘူး။ သမီးအရင်း မဟုတ်တော့ရော ဘာဖြစ်လဲ၊ ငါက သူတို့ ငါ့အပေါ် ကောင်းပေးဖို့မှ မလိုတာ"

သူမ မကျေမနပ် သက်ပြင်းချလိုက်ပြီး ပြေပြလိုက်၏။

"ယွမ်ဟောက်ဖုန်းရဲ့ သားဆိုရင် မူလတန်းတောင် ရောက်နေပြီ။ ယွမ်ဟောက်ဖုန်းနဲ့ သူ့မိန်းမက သူတို့ညီမနှစ်ယောက် အမြန်မင်္ဂလာဆောင်သွားပြီး သူတို့သားအတွက် အခန်းနေရာ ရရင်ပြီးရောဆိုပြီး မျှော်လင့်နေကြတာ။ အတ္တကြီးပြီး သဘောထားသေးသိမ်တဲ့ လူတွေ"

ယွမ်ရှောင်ချွေသည် အချစ်အမုန်းကို ကွဲကွဲပြားပြား သိသူတစ်ဦး ဖြစ်သည်။ လွန်ခဲ့သောကာလများ၌ သူမသည် ယွမ်မိသားစုကို လူကောင်းများဟု မှတ်ယူခဲ့ခြင်းမှာ အမှန်ပင် စေတနာအပြည့်နှင့် ဖြစ်ခဲ့သော်လည်း၊ လှည့်စားခံလိုက်ရသည်ကို သိသွားပြီးနောက်တွင်မူ ထိုမိသားစုတစ်စုလုံးကို ကံဆိုးမိုးမှောင်ကျစေချင်နေ၏။

သို့သော် သူမနှင့် မည်သည့် ပဋိပက္ခမှ မရှိခဲ့သော ယွမ်ဟောက်ယွဲ့မှာမူ ထိုအထဲတွင် ကင်းလွတ်ခွင့်ရရှိသည်။

ဘာပဲပြောပြော ဟောက်ယွဲ့သည် ထိုစဉ်က ကလေးတစ်ယောက်မျှသာ ဖြစ်ခဲ့သည်မဟုတ်လော။

"မြို့ပြကလူတွေ ဟုတ်လား... တောသူတောင်သားတွေကိုတောင် မမီဘူး။ ငါ တောဆင်းတုန်းက ဆိုရင် ကောင်းတဲ့မိသားစုတွေဆို ယောက်ျားလေး၊ မိန်းကလေး တန်းတူ ဆက်ဆံကြတာ။ ယွမ်ဟောက်မင်နဲ့ ကျောက်ရုံတို့ကတော့ စာတတ်ပေတတ် ရုပ်ဖမ်းထားပြီး သားသမီး ခွဲခြားဆက်ဆံတဲ့နေရာမှာ အတော်ဆုံးပဲ။ အပြင်မှာတော့ လူတော်လူကောင်းယောင် ဆောင်ထားပြီး အတွင်းထဲမှာတော့ လုံးဝ မဟုတ်ဘူး။ အပေါ်ယံမှာ သမီးတွေကို ကောင်းပြနေပေမဲ့ အိမ်နဲ့ ပိုက်ဆံကိစ္စ ရောက်လာရင်တော့ သားဖြစ်သူကိုပဲ ပေးကြမှာ၊ ဟားဟား..."

ယွမ်ရှောင်ချွေ သရော်လိုက်လေသည်။

ယွမ်ရှောင်ချွေမှာ ယွမ်မိသားစုအကြောင်းကို မရပ်မနား မကျေမနပ် ပြောဆိုနေစဉ် အဘွားကြီးကျောက်ပါ ရောက်ရှိလာပြီး ပွဲကြည့်ပရိသတ် လုပ်တော့သည်။

သူမသည် ယွမ်ရှောင်ချွေအား ဖရုံစေ့ တစ်ဆုပ် ပေးလိုက်ရင်း

"ရော့... ဒါလေး စားရင်း ပြောစမ်းပါဦး။ အေး... ဒါနဲ့ နင့်အစ်မ ဟောက်ရွှယ်က ရှီရှောင်ဝေနဲ့ တွဲနေတာလား၊ မတွဲဘူးလား"

အဘွားကြီးကျောက်သည် အိမ်ရာဝင်းထဲသို့ မကြာခဏ လာရောက်လေ့ရှိသော်လည်း သူမ၏ သတင်းအချက်အလက်များမှာ ယခင်လောက် မြန်ဆန်မနေတော့ပေ။

ထို့အပြင် မည်မျှပင် သတင်းစုံသည်ဆိုစေ မိသားစုဝင်များလောက် အမှန်ကို သိနိုင်မည် မဟုတ်ပေ။ အဘွားကြီးကျောက်သည် ယခင်က ယွမ်ဟောက်ရွှယ်တစ်ယောက် ရှီရှောင်ဝေနှင့် တွဲနိုင်မည်ဟု မထင်ခဲ့သော်လည်း၊ ယခုအခါ ဟောက်ရွှယ်သည် အသက် မငယ်တော့သည့်အပြင် အချစ်ရေးနှစ်ကြိမ်တိုင် ပျက်စီးခဲ့၍ ရှီရှောင်ဝေကိုများ ရရာဆွဲမည်လောဟု တွေးတောနေမိသည်။

"ဘာ အစ်မလဲ... ကျွန်မမှာ အဲဒီလို အစ်မမျိုး မရှိဘူး။ သူက အသုံးမကျတဲ့ဟာ။ ရှီရှောင်ဝေကို သူက ဘယ်လိုလုပ် မျက်စိထဲ ထည့်မှာလဲ။ နောက် နှစ်တစ်ရာကြာရင်တောင်မှ ရှီရှောင်ဝေကို ကြည့်မှာမဟုတ်ဘူး။ ရှီရှောင်ဝေကသာ သူ့နောက်ကို တမြှီးမြှီး လိုက်မြှူနေတာ၊ သူကတော့ ထည့်တောင် မတွက်ဘူး"

ယွမ်ရှောင်ချွေ ပြောလိုက်၏။

ဤအကြောင်းနှင့် ပတ်သက်လာလျှင် ယွမ်ရှောင်ချွေသည် အားလုံးထက် ပိုသိနေသည်။ သူမ

အသံကို နှိမ့်လိုက်ပြီး တိုးတိုးဆိုလိုက်၏။

"ကျွန်မ ပြောပြမယ်၊ ဒါပေမဲ့ နင်တို့ အပြင်မှာ သွားမပြောရဘူးနော်"

ချန်ချင်းယွီနှင့် အဘွားကြီးကျောက်တို့မှာ ချက်ချင်းပင် အနားသို့ တိုးကပ်သွားကြပြီး မျက်လုံးများ တလက်လက် တောက်လျက် လေးလေးနက်နက် ခေါင်းညိတ်ပြလိုက်ကြ၏။

"ပြောပါ... ပြောပါ၊ ငါတို့ အပြင်မှာ ဘယ်တော့မှ ပြန်မပြောပါဘူး"

ယွမ်ရှောင်ချွေ လျှို့ဝှက်ဆန်းကြယ်စွာဖြင့် ဆိုလေသည်။

"ယွမ်ဟောက်ရွှယ် မာနကြီးပြီး အထက်တန်းကျနေတာကို ကြည့်စမ်းပါဦး။ သူက မြင်ရသလို မဟုတ်ဘူး။ သူ့ရည်းစားတွေအကုန်လုံးနဲ့ အတူအိပ်ဖူးတာ။ ပထမတစ်ယောက်၊ အဲဒီ ဟယ် အမျိုးအမည်ရှိတဲ့ကောင်၊ နောက်တော့ ဟောင်ကောင်က ရလာတဲ့ သူဌေးကြီး၊ အဲဒီနှစ်ယောက်လုံးနဲ့ အတူအိပ်ခဲ့တာ။ ရှီရှောင်ဝေ တစ်ယောက်တည်းကသာ သူ့ကို နတ်သမီးလေးလို့ သတ်မှတ်ပြီး ပူဇော်နေတာ"

ချန်ချင်းယွီ : "..."

အဘွားကြီးကျောက် : "ဟယ်... တကယ် လား"

ယွမ်ရှောင်ချွေ : "ဒါပေမဲ့ အတူအိပ်ခဲ့ရင်ရော ဘာဖြစ်လဲ။ အတူအိပ်ခဲ့ရင်တောင်မှ ယွမ်ဟောက်ရွှယ်က ရှီရှောင်ဝေကို အဖက်ကို လုပ်မှာ မဟုတ်ဘူး"

ချန်ချင်းယွီ တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်မိသည်။

“ဟုတ်ပ၊ သူ ဘယ်သူနဲ့ပဲ တွဲတွဲ ရှီရှောင်ဝေကိုတော့ လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။ အဲ့ကောင်လေးက သနားစရာကောင်းအောင် ရူးသွပ်ပြနေတဲ့ အသုံးမကျတဲ့ ငတုံးပဲ”

လူအချို့မှာ တိုးတိုးတိုးတိုး တီးတိုးပြောဆိုနေကြသော်လည်း အဘွားကြီးကျောက်နှင့် ချန်ချင်းယွီတို့မှာမူ ယွမ်ဟောက်ရွှယ်၏ သိက္ခာကို ငဲ့ကွက်သောအားဖြင့် စကားတစ်ခွန်းမျှ ထုတ်ပြောမည် မဟုတ်ပေ။

ယွမ်ရှောင်ချွေသည် လက်ကားပစ္စည်းများ လာရောက်ဝယ်ယူခြင်းဖြစ်ပြီး ယွမ်ဟောက်ဖုန်းလည်း ရောက်ရှိလာခဲ့သည်။ သို့သော် ယွမ်ဟောက်ဖုန်းမှာ မာနကြီးသူတစ်ဦးဖြစ်ရာ သဘာဝအတိုင်းပင် လီလင်းလင်းကိုသာ အစားထိုး လွှတ်လိုက်လေ၏။ ချန်ချင်းယွီမှာမူ စကားပင် မပြောချင်တော့ပေ။

‘နောက်ထပ် ခေါင်းမာတဲ့ အချစ်ရူးတစ်ယောက်ပါပဲလား။’

သို့သော်လည်း လီလင်းလင်း၏ ဤမျှလောက်အထိ အနစ်နာခံ ရူးသွပ်နေခြင်းမှာ ရင်းနှီးမြှုပ်နှံထားမှုများလွန်းပြီး စွန့်လွှတ်ရမည့် တန်ကြေးက အလွန်မြင့်မားနေသောကြောင့် ဖြစ်သည်ဟု သူမ ခံစားရ၏။ လီလင်းလင်းသည် သေသည်အထိ ယွမ်ဟောက်ဖုန်းနှင့် ပတ်သက်နေရန် ဆုံးဖြတ်ထားပုံရ၏။

‘နောင်တစ်ချိန်မှာ ယွမ်ဟောက်ဖုန်းကသာ ကွာရှင်းမပေးခဲ့ရင် အဲဒီမိန်းမ ရူးသွားမလားပဲ မသိဘူး’

သူမ မတွေးဝံ့အောင်ပင် ဖြစ်မိသည်။

သို့သော် ရှီရှောင်ဝေနှင့် လီလင်းလင်းတို့မှာမူ အတော်လေး လိုက်ဖက်ညီလှပြီး နှစ်ယောက်စလုံး ခေါင်းမာသော အချစ်ရူးများ ဖြစ်ကြ၏။

ချန်ချင်းယွီ ပွဲကြည့်ရသည်ကို ကြိုက်သော်လည်း အတင်းအဖျင်း ပြောတတ်သူ မဟုတ်ပေ။ အိမ်ထဲတွင် အဘွားကြီးကျောက်နှင့်သာ တိုးတိုးတိတ်တိတ် စကားစမြည် ပြောဆိုလေ့ရှိပြီး အပြင်တွင်မူ ဘာမှ ပိုမပြောပေ။ ချန်ချင်းယွီ သားမွေးလုပ်ငန်းထဲသို့ ခြေစုံပစ်ဝင်လိုက်သည့်အချိန်မှစ၍ အဘွားကြီးကျောက်လည်း အပြင်ထွက်၍ ပွဲကြည့်နိုင်ခြင်း မရှိတော့ချေ။

အဘွားကြီးကျောက်သည် နေ့တိုင်း လာရောက်ကူညီပေးပြီး မာဝမ်ရှို့နှင့် သူ၏ခင်ပွန်းဖြစ်သူတို့လည်း လာရောက်ကူညီကြသည်။

ယခုအချိန်တွင် သူတို့မှာ ဆောင်းရာသီကျောင်းပိတ်ရက် ရောက်ရှိနေပြီဖြစ်ရာ ပိုမို အားလပ်နေကြပြီ ဖြစ်သည်။

ချန်ချင်းယွီ၏ လက်ကားစီးပွားရေးမှာ လက်လီရောင်းချခြင်းနှင့် မတူဘဲ ဆယ်ရက်မပြည့်မီမှာပင် ပစ္စည်းများ အကုန်ရောင်းထွက်သွားခဲ့၏။ ချန်ချင်းယွီ ကိုယ်တိုင်လည်း သားမွေးအင်္ကျီ အနည်းငယ်ကို ချန်ထားခဲ့သည်။ သူမ မြို့ထဲဈေးဝယ်ထွက်သည့်အခါ ထိုအင်္ကျီများကို မကြာခဏ မြင်တွေ့ရလေ့ရှိရာ တကယ်ပင် ရေပန်းစားလျက်ရှိနေ၏။

တောင်ပိုင်းသားများက ဤခေတ်ရေစီးကြောင်းကို နားမလည်ကြသော်လည်း မြောက်ပိုင်းသားများမှာမူ သားမွေးအင်္ကျီသည် လှပရုံတင်မကဘဲ တကယ်ပင် နွေးထွေးကြောင်း သိကြသည်။

သားမွေးအင်္ကျီကောင်းများမှာ လေလုံပြီး နှစ်ပေါင်းများစွာ ဝတ်ဆင်နိုင်ရာ ဈေးကြီးသည်မှာ ဟန်ရေး ပြသရန်အတွက်တင် မဟုတ်ပေ။

ယခုနှစ် လမ်းမများပေါ်တွင် မျက်စိကျစရာ အကောင်းဆုံး မြင်ကွင်းမှာ သားမွေးအင်္ကျီ ဝတ်ဆင်ထားသူတစ်ယောက် ဖြစ်ပေလိမ့်မည်။

သားမွေးအင်္ကျီများအပြင် ချန်ချင်းယွီသည် ရုရှားချောကလက် တစ်သုတ်ကိုလည်း ဝယ်ယူခဲ့သေးသည်။ မတော်တဆ တွေ့ရှိခဲ့၍ အကုန်လုံး ဝယ်ယူခဲ့ခြင်း ဖြစ်၏။ ဟားပင်း ကဲ့သို့သော နေရာမျိုးတွင် ဤသို့သော နိုင်ငံခြားဖြစ် ပစ္စည်းများ ပိုမိုများပြားနိုင်သော်လည်း ယင်းတို့ကို ဝယ်ယူရန်အတွက် သီးသန့်သွားရောက်ရန်မူ မတန်ပေ။

ချန်ချင်းယွီသည် ကုန်ပစ္စည်းတစ်သုတ် ဝယ်ယူခဲ့ပြီး ကလေးများအတွက် အချို့ကို ချန်ထားကာ ကျန်ရှိသည်များကို ရှောင်ထောင်း ထံ ရောင်းချလိုက်သည်။

ရှောင်ထောင်းသည် စီးပွားရေးသေးသေးလေးများ လုပ်ဆောင်ရာတွင် အတော်လေး ကျွမ်းကျင်သော်လည်း သတ္တိမရှိ၍ ပစ္စည်းအမြောက်အမြားကို မကိုင်တွယ်ဝံ့သဖြင့် နည်းနည်းချင်းစီသာ အရောင်းအဝယ် လုပ်လေ့ရှိ၏။ သို့သော်လည်း စုစုပေါင်းလိုက်လျှင် နည်းလှသည်မဟုတ်ပေ။ သွင်းကုန် ချောကလက်ကဲ့သို့သော ပစ္စည်းများမှာ အရောင်းရဆုံး ဖြစ်၏။

ချန်ချင်းယွီ၏ ပစ္စည်းများ အကုန်ရောင်းထွက်သွားချိန်တွင် ရှောင်ကျားနှင့် ရှောင်ယွမ်တို့၏ ဆောင်းရာသီ ကျောင်းပိတ်ရက်လည်း စတင်ခဲ့ပြီဖြစ်သည်။

ဤတစ်ခေါက် ဈေးဝယ်ယူမှုများ ပြီးဆုံးသွားခဲ့သော်လည်း နှစ်သစ်ကူး ပြင်ဆင်ရတော့မည်ဖြစ်ရာ ချန်ချင်းယွီမှာ အတော်လေး အလုပ်ရှုပ်နေဆဲ ဖြစ်၏။ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းသည် နှစ်သစ်ကူးကို ကောင်းမွန်စွာ ဖြတ်သန်းချင်ကြရာ သူမ၏ မိသားစုသည်လည်း မည်သည့်အခါမျှ မချွေတာခဲ့ပေ။ ချန်ချင်းယွီသည် နှစ်သစ်ကူးကို အလွန်နှစ်သက်သည်။ ယခုခေတ်မှာ ပွဲလမ်းသဘင် ခမ်းနားပြီး သီးသန့် ဆန်းကြယ်သော ခံစားချက်မျိုးကို ပေးစွမ်းနိုင်ပေ၏။

ချန်ချင်းယွီသည် ဤသို့သော ပျော်ရွှင်စရာ စည်ကားသော အငွေ့အသက်နှင့် အိမ်၏ နွေးထွေးသော ခံစားချက်ကို မြတ်နိုးလှသည်။

သူတို့ လေးယောက် အတူတကွ ဈေးဝယ်ထွက်ကြပြီး နှစ်သစ်ကူး ပစ္စည်းများအပြင် ချန်ချင်းယွီသည် ယိုယိ့စတိုးဆိုင်မှ ရှေးဟောင်းပစ္စည်း အချို့ကိုလည်း ဝယ်ယူခဲ့သည်။

နှစ်များစွာအတွင်း ချန်ချင်းယွီသည် ဗဟုသုတ အတော်များများ သင်ယူခဲ့ပြီးပြီ ဖြစ်၏။ ကျွမ်းကျင်ပညာရှင်အဆင့် မဟုတ်သေးသော်လည်း လုံးဝ ဘာမှမသိသည့် အဆင့် မဟုတ်တော့ပေ။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့ နှစ်ယောက်စလုံးသည် သူတို့မိခင်၏ ဝါသနာနှစ်ခုမှာ အိမ်ဝယ်ခြင်းနှင့် ရှေးဟောင်းပစ္စည်း ဝယ်ခြင်းတို့ဖြစ်ကြောင်း သိကြ၏။

ငယ်စဉ်ကတည်းက ထိတွေ့ခွင့်ရခဲ့သဖြင့် ကလေးနှစ်ယောက်လုံးမှာလည်း အတော်လေး သိရှိနားလည်ကြသည်။

ရှောင်ကျားနှင့် ရှောင်ယွမ်တို့သည်လည်း ယင်းကို သဘောကျကြရာ မိခင်ဖြစ်သူနှင့် အတူလိုက်သွားသည့် အကြိမ်တိုင်းတွင် ဗဟုသုတ တိုးပွါးလာကြစမြဲဖြစ်၏။ ထို့ပြင် ကလေးနှစ်ယောက်လုံးသည် ရှေးဟောင်းပစ္စည်းစျေး အနီးတဝိုက်တွင်လည်း လှည့်ပတ်သွားလာလေ့ရှိကြသည်။ ထိုနေရာမှာ တရားဝင် ဈေးတစ်ခု မဟုတ်သေးသော်လည်း လူများ စုဝေးရောက်ရှိနေကြပြီး ပစ္စည်းများကို အပြိုင်အဆိုင် အရောင်းအဝယ် ပြုလုပ်နေကြပြီ ဖြစ်၏။

သူတို့သည် တစ်ခါတစ်ရံ ပစ္စည်းများကို လာရောက်ကြည့်ရှုကြသော်လည်း တကယ်တမ်း ဝယ်ယူခဲ့ခြင်း မပြုကြပေ။

ဈေးနှုန်းများမှာ သက်သာသော်လည်း မရေရာ၍ပင်။

ချန်ချင်းယွီမှာ ထိုနေရာသို့ မလာပေ။ သူမအနေဖြင့် ဝယ်ယူနိုင်စွမ်း ရှိသော်လည်း ပညာရှင်မဟုတ်သဖြင့် မိမိ၏ အကန့်အသတ်ကို မိမိ ကိုယ်တိုင် သိရှိထားသောကြောင့် ဖြစ်သည်။

သို့သော်လည်း အဘွားကြီးကျောက်မှာမူ ဤအရာများတွင် ဘာတွေများ ကောင်းနေသလဲဆိုသည်ကို တကယ်ကို နားမလည်နိုင်ပေ။ သို့သော် ထိုအမျိုးသမီးကြီးသည် သူမ၏ ချွေးမအကြောင်းကို ကောင်းစွာ သိထားသည်။ ချွေးမဖြစ်သူသည် ငွေကံအလွန်ကောင်းသူဖြစ်ပြီး သူမ၏ ဘိုးဘွားများမှာလည်း အလွန် ပညာတတ်ကာ လုပ်ရည်ကိုင်ရည်ရှိသူများ ဖြစ်ကြ၏။ ထိုဘိုးဘွားများ ကွယ်လွန်သွားကြပြီဖြစ်သော်လည်း အမွေအနှစ်များသည်ကား ကျန်ရှိနေဆဲ ဖြစ်သည်။

ဤစာမတတ်သော အမျိုးသမီးကြီးသည် ထိုအရာများကို နားမလည်သော်လည်း ဝန်ထုတ်ဝန်ပိုး မဖြစ်စေပေ။

သူမသည် အငြိမ်းစားဘဝကို အေးချမ်းစွာ ကုန်လွန်ရသည်ကိုပင် ကျေနပ်နေပြီး ဘာစားရမလဲ၊ ဘာသုံးရမလဲဆိုသည်ကိုသာ ပို၍ ဂရုစိုက်လေသည်။

‘ကြည့်စမ်း... ဒီလောက် ဘဝအဆင်ပြေတဲ့ အဘွားကြီးမျိုး ဘယ်နှယောက် ရှိလို့လဲ’

‘တစ်ယောက်မျှ မရှိပေ’

‘တစ်ယောက်မျှ မရှိပေ’

"ဝုတ်... ဝုတ်... ဝုတ်..."

ခွေးဟောင်သံ ထွက်ပေါ်လာခဲ့သည်။

အဘွားကြီးကျောက် အမြန်ပင် ထွက်လာခဲ့ပြီး

"ဘယ်သူလဲဟဲ့"

သူမသည် ရှေ့ဝန်းဆီသို့ ဦးတည်လျှောက်သွားခဲ့သည်။ ဤနေရာသို့ ပြောင်းရွှေ့လာစဉ်ကတည်းက သူမတို့မိသားစုသည် ခွေးကြီးနှစ်ကောင် မွေးမြူထားခဲ့ပြီး အိမ်စောင့်ရန်မှာ မရှိမဖြစ် လိုအပ်ပေသည်။

"အဘွားကျောက် ကျွန်တော် ရှောင်ယန်ပါ။ ကျွန်တော့်အဖေက အဘွားတို့ဆီ လာပြောခိုင်းလိုက်လို့ပါ။ မြို့ပြင်မှာ လူအချို့ ရေခဲခွဲပြီး ငါးဖမ်းနေကြတယ်တဲ့၊ ဝယ်ချင်ရင် မြန်မြန်သွားပါဦးတဲ့"

အဘွားကြီးကျောက်သည် ချက်ချင်း စိတ်လှုပ်ရှားသွားပြီး ကမန်းကတန်းဖြင့်

"အေးပါ၊ အေးပါ... ချွေးမ၊ ချွေးမရေ..."

ရှောင်းယန်သည် ဆရာယွီ၏ အကြီးဆုံးမြေး ဖြစ်ပေသည်။ ယခင်၌ သတင်းစကား ပါးသည့်အလုပ်ကို သူ၏ဦးလေးဖြစ်သူ တာဝန်ယူခဲ့သော်လည်း၊ ယခုအခါ ဦးလေးဖြစ်သူ အသက်ကြီးလာပြီး ချန်ချင်းယွီဆီ အမြဲတမ်း မလာနိုင်တော့သဖြင့် သူ တာဝန်ယူလိုက်ခြင်း ဖြစ်သည်။ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း မိသားစု နှစ်စုစလုံးမှာ အဆက်အသွယ် မပြတ်ဘဲ ရှိနေဆဲ ဖြစ်၏။ ချန်ချင်းယွီတို့ မိသားစုမှာ ဆရာယွီ၏ ပုံမှန်ဖောက်သည်များ ဖြစ်ကြသည်။

ချန်ချင်းယွီသည် ကုတ်အင်္ကျီကို ကမန်းကတန်း ဝတ်ဆင်ကာ ထွက်လာခဲ့ပြီး

"ကလေးလေး၊ လာ၊ ဆိုင်ကယ်ပေါ်တက်"

ရှောင်ယန်လည်း ပျော်ရွှင်စွာဖြင့်

"ဟုတ်ကဲ့"

"ဒီဆိုင်ကယ်က ရဲအရာရှိတွေရဲ့ ကားနဲ့ အတူတူပဲနော်"

ချန်ချင်းယွီ : "ဟုတ်တယ်လေ၊ စီးရတာ သက်သောင့်သက်သာ ရှိတယ် မဟုတ်လား"

"သက်သောင့်သက်သာ ရှိပါတယ်"

မော်တော်ဆိုင်ကယ်၏ အင်ဂျင်သံ 'တောက်-တောက်-တောက်' ဖြင့် မြို့ပြင်သို့ မောင်းနှင်လာခဲ့ရာ ထိုနေရာတွင် လူအမြောက်အမြား စုဝေးနေကြပြီ ဖြစ်သည်။ နှစ်ကုန်ပိုင်း ရောက်နေပြီဖြစ်၍ လူများစွာမှာ ပိုက်ဆံသုံးစွဲရန် ဝန်မလေးကြချေ။ မည်သို့ပင်ဆိုစေ နှစ်သစ်ကူးကာလ ရောက်တော့မည်ဖြစ်ရာ လူတိုင်း ကောင်းကောင်းမွန်မွန် စားသောက်ချင်ကြသည် သဘာဝပင်။ ဈေးထဲတွင်လည်း ငါးများ ရှိသော်ငြား ယခုပဲ့သို့ လတ်လတ်ဆတ်ဆတ် ဖမ်းဆီးထားသည့် ငါးလောက်မူ လတ်ဆတ်သည်ဟု မခံစားရပေ။

ပိန်ပိန်ပါးပါး အရိုးပေါ် အရေတင် အဘိုးအို ဖြစ်သူ ဆရာယွီသည် အရှေ့ဆုံးတွင် ရှိနေခဲ့သည်။ ချန်ချင်းယွီကို မြင်သည်နှင့် သူ လက်ဝှေ့ယမ်းပြကာ လှမ်းပြောလိုက်၏။

"ရှောင်ချန်၊ ငါ့ဆီမှာ နင့်အတွက် ချန်ထားတာလေးတွေ ရှိတယ်၊ ဘယ်လောက်ယူမလဲ ကြည့်စမ်းပါဦး"

ချန်ချင်းယွီ ဝမ်းသာအားရဖြင့် သွားရောက် ပူးပေါင်းလိုက်ပြီး

"ဒါပေါ့၊ အကုန်ယူမှာပေါ့"

"နင် အများကြီး ဝယ်မယ်ဆိုတာ ငါ သိတာပေါ့"

လူအများအပြား ငါးလာဝယ်ကြသော်လည်း ဆရာယွီသည် ချန်ချင်းယွီကို အကြိုက်ဆုံး ဖြစ်သည်။ သူမက ဟန်မဆောင်တတ်သလို၊ ဈေးလည်း မဆစ်ဘဲ ပိုက်ဆံကို တန်းပေးတတ်၏။ သူသည် တစ်ပဲခြောက်ပြားမလှန် ဈေးဆစ်တတ်သည့် လူမျိုးများကို အမုန်းဆုံး ဖြစ်၏။ သူ၏ ငါးဖမ်းခြင်းမှာ မတည်ရင်းနှီးငွေ မရှိသည်မှန်သော်လည်း ယခုလို အေးစက်လှသည့် ဆောင်းရာသီကြီးထဲတွင် လုပ်ကိုင်ရသည်ဖြစ်ရာ…

‘ဘာလို့ ဈေးပေါပေါနဲ့ ရောင်းရမှာလဲ’

ချန်ချင်းယွီ : "ဪ... ပုစွန်တွေရော ရှိတာလား"

ဆရာယွီ ဂုဏ်ယူဝင့်ကြွားစွာဖြင့်

"ဒါပေါ့... ငါ့အမြင်က ထက်တာကိုး။ ဒီထဲမှာ ပစ္စည်းကောင်းတွေ အများကြီး ပါလာတာကို ငါမြင်ခဲ့တာ၊ ပင်လယ်ခရုတွေလည်း ပါသေးတယ်။ ကြည့်စမ်း... အများကြီးတော့ မဟုတ်ဘူး၊ ဒါပေမဲ့ အကုန်လုံး ပစ္စည်းကောင်းတွေချည်းပဲ"

ချန်ချင်းယွီ ခေါင်းညိတ်ပြလျက်

"အကုန် ယူပါမယ်"

ပင်လယ်ခရုနှင့် ပုစွန်များမှာ ဈေးနည်းနည်း ကြီးသဖြင့် လူအများအပြား မဝယ်ရဲကြပေ။ "နှစ်စဉ်နှစ်တိုင်း ပိုလျှံကြွယ်ဝပါစေ" ဆိုသည်မှာ ရှေးရိုးဓလေ့ ဖြစ်၍ ငါးများဝယ်ယူကြသော်လည်း တခြားပစ္စည်းများမှာမူ ထိုသို့ မသင့်တော်သဖြင့် လူများစွာ မဝယ်ကြချေ။ ချန်ချင်းယွီ ပတ်လျှောက်ကြည့်ရင်း အရာအားလုံးကို ဝယ်ယူခဲ့သည်။ သူမ ငါးမဖမ်းသည်မှာ နှစ်အတော်ကြာပြီ ဖြစ်သော်လည်း ငါးဖမ်းသည့် အဘိုးကြီးများနှင့်မူ အလွန်ပင် ရင်းနှီးနေဆဲ ဖြစ်၏။

သူမသည် ပုံမှန်ဖောက်သည် ဖြစ်သည့်အပြင် ဘယ်သူ့ဆီမဆို ဝယ်ယူတတ်ပြီး သဘောထားကြီးသူ ဖြစ်သဖြင့် လူများက သူမကို ပိုမို ရောင်းချချင်ကြပေသည်။

"ရှောင်ချန်၊ ဒီရက်ပိုင်း နင့်အိမ်က ရှောင်ကျားနဲ့ ရှောင်ယွမ်တို့ကို မတွေ့ပါလား။ သူတို့ ကျောင်းပိတ်ရက် ရောက်ပြီလား"

ချန်ချင်းယွီ : "ဟုတ်တယ်၊ ကျောင်းပိတ်ပြီလေ။ ဒီနေ့ သူတို့ အပြင်ထွက် ကစားနေကြလို့၊ မဟုတ်ရင် ကျွန်မ သူတို့ကိုပါ ခေါ်လာခဲ့တာပေါ့"

"နင့်ရဲ့ အငယ်မလေးက ဘယ်နှစ်တန်း ရောက်ပြီလဲ"

ချန်ချင်းယွီ : "အလယ်တန်းဒုတိယနှစ်ပါ၊ နောက်နှစ် နွေရာသီဆိုရင် တတိယနှစ် ရောက်ပြီဆိုတော့ ခဏလေးပါပဲ"

"တော်တော် မြန်တာပဲ"

"ဒါပေါ့"

ပစ္စည်းများ ဝယ်ယူနေစဉ် ချန်ချင်းယွီသည် တစ်စုံတစ်ယောက်က သူမအား စိုက်ကြည့်နေသည်ဟု ခံစားလိုက်ရသည်။ သူမ ထိုအကြည့်နောက်သို့ လိုက်ကြည့်လိုက်ရာ ယွမ်ဟောက်ဖုန်း ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ယွမ်ဟောက်ဖုန်းက သူမကို ပြုံးပြပြီး ခေါင်းညိတ်ပြလိုက်သည်။ ဤမျှလောက်အထိ အေးစက်လှသည့် ရာသီဥတုတွင် တခြားလူများ အကုန်လုံး အင်္ကျီထူထူများ ဝတ်ဆင်ထားကြသော်လည်း၊ သူသည်ကား သိုးမွေး ကုတ်အင်္ကျီကို ဝတ်ဆင်ထားပြီး၊ ဖိနပ်များမှာလည်း ပြောင်လက်နေကာ၊ ဆံပင်ကိုလည်း ယင်တောင် နား၍မရအောင် ဂျယ်လ်များ ကောင်းစွာ လိမ်းခြယ်ထားခဲ့၏။

ကြည့်ရသည်မှာ ဒေါင်းတစ်ကောင် မိမိ၏ အမွေးအတောင်များကို ကြွားဝါနေသည့်နှယ်ပင်။

ချန်ချင်းယွီ အရေးမစိုက်သည့် ပုံစံဖြင့် ကမန်းကတန်း မျက်နှာလွှဲလိုက်သည်။

သူမ တခြားပစ္စည်း အချို့ကို ထပ်မံ ဝယ်ယူပြီးနောက် ကားပေါ်သို့ တင်လိုက်ကာ လက်ဝှေ့ယမ်းပြလျက် နှုတ်ဆက်လိုက်သည်။

"ဆရာယွီ ကျွန်မ သွားတော့မယ်

နော်"

ဆရာယွီ : "နောက်တစ်ခါကျရင် ငါ နင့်ကို ထပ်ခေါ်လိုက်မယ်"

"ဟုတ်ကဲ့ပါ"

ချန်ချင်းယွီ ပြုံးပြလျက် ဆိုင်ကယ်ပေါ်သို့ တက်ကာ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

သို့သော် ထိုအချိန်တွင် ယွမ်ဟောက်ဖုန်းတစ်ယောက် ပြုံးပြုံး ပြုံးပြုံးဖြင့် လျှောက်လာခဲ့ပြီး

"တကယ့်ကို တိုက်ဆိုင်လိုက်တာ... ဒီမှာနဲ့ လာဆုံလိမ့်မယ်လို့ မထင်

ထားခဲ့ဘူး။ ရှောင်ချန်၊ ကျွန်တော်ကို လမ်းကြုံ တစ်ခေါက်လောက် တင်ပေးလို့ ရမလား"

သူသည် မိမိ၏ ဘေးစောင်း မျက်နှာသွင်ပြင်ကို အနည်းငယ် ဖော်ပြလိုက်ရာ၊ သူ၏ ဘေးစောင်း မျက်နှာမှာ သူ၏ အချောမောဆုံး အစိတ်အပိုင်း ဖြစ်ပေသည်။

ချန်ချင်းယွီ : "လမ်းမကြုံပါဘူး"

ယွမ်ဟောက်ဖုန်း ဆက်လက်၍

"လမ်းကြုံတာ မကြုံတာ ဘာမှ မဖြစ်ပါဘူး။ ကျွန်တော့်ကို တင်ပေးရုံလေး တင်ပေးပါ၊ ဘတ်စ်ကားဂိတ် တစ်ခုခုမှာ ချပေးခဲ့လည်း ရပါတယ်။ တကယ်ပဲ အခက်အခဲ ရောက်နေလို့ပါ၊ မဟုတ်ရင်လည်း ဒုက္ခပေးမှာ မဟုတ်ပါဘူး။ ရှောင်းချန်၊ တို့တွေ အိမ်နီးနားချင်းတွေပဲဥစ္စာ ကူညီပါဦး"

သူသည် ချန်ချင်းယွီကို စူးစိုက်ကြည့်လျက်

"ကျွန်တော် ရှောင်ချန့်ကို ကျေးဇူးဆပ်ပါ့မယ်"

သူ၏ ဟန်ဆောင်မှုများမှာ တကယ့်ကို စီအီးအိုစတိုင် ကြွားဝါမှု၏ အထက်တန်းကျလှသော ပြကွက်ပင် ဖြစ်ပေသည်။

သို့သော်လည်း ချန်ချင်းယွီမှာ ဤအကွက်ကို လုံးဝ မယုံချေ။

သူမ ခပ်တိုးတိုး ရယ်မောလိုက်ပြီး

"မလိုပါဘူး။ ငါ နင်တို့မိသားစုနဲ့ ဘာမှ ပတ်သက်မှု မရှိချင်ဘူး။ ဖယ်စမ်းပါ"

‘သူမကို လွယ်လွယ်နဲ့ လှည့်စားလို့ရတဲ့ အပေါ်ယံကြိုက်တဲ့ မိန်းမတစ်ယောက်လို့ ထင်နေပြီး လာမြှူဆွယ်နေတာလား’

‘ဒီအပျော်လင်ကောင်ကတော့’

ချန်ချင်းယွီသည် ထိုသို့သော အကြံအစည်မျိုး စိတ်ထဲတွင် လုံးဝ မရှိသည်ကို မဆိုထားနှင့်၊ ရှိခဲ့လျှင်ပင် ယွမ်ဟောက်ဖုန်းကဲ့သို့ မယားရှိပြီးသား လူတစ်ယောက်ကို ရွေးချယ်မည် မဟုတ်ပချေ။ ထိုသူသည် မိမိကိုယ်မိမိ လူရာဝင်လှပြီဟု အဟုတ်ကြီး မှတ်နေကာ၊ လီလင်းလင်း သူ၏အပေါ် သေအောင် ချစ်နေရုံနှင့် တခြားလူများကပါ သူ့ကို ကြိုက်နှစ်သက်သွားကြမည်ဟု တကယ်ပင် ထင်မှတ်နေသလော့။

‘သူ့ကို ဘယ်သူကများ ဒီလို သတ္တိတွေ ပေးလိုက်တာလဲ’

‘လီလင်းလင်းလား’

‘ဦးနှောက် မကောင်းတဲ့ကောင်...

အိမ်မက် မက်မနေနဲ့’

ချန်ချင်းယွီသည် ယွမ်ဟောက်ဖုန်းကို အလွန်ပင် မုန်းတီးရွံရှာသဖြင့်၊ မော်တော်ဆိုင်ကယ်ကို မလိုလားသော မျက်နှာပေးဖြင့် စက်နှိုးကာ ထွက်ခွာသွားတော့သည်။

ယွမ်ဟောက်ဖုန်းသည် ချန်ချင်းယွီ

မိမိအား ဤမျှလောက်အထိ မျက်နှာမပေးဘဲ ငြင်းပယ်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။ သူ၏ အမြင်တွင်မူ ချန်ချင်းယွီကဲ့သို့သော မုဆိုးမလေးမှာ စိတ်ပျော့ပျောင်းသူ ဖြစ်သဖြင့်၊ သူ စကားစလိုက်လျှင် ငြင်းဆန်လိမ့်မည် မဟုတ်ဟု ထင်နေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူသည် မိမိ၏ ရုပ်ရည်သွင်ပြင် အပေါ်၌လည်း ယုံကြည်ချက် အပြည့်ရှိပေသည်။

‘ရှန့်ရှန့်လို မိန်းမမျိုးတောင် သူ့ကို ကြိုက်နှစ်သက်သေးတာ၊ ချန်ချင်းယွီလို ဗဟုသုတ နည်းပါးတဲ့ မုဆိုးမက ဘာမို့လို့လဲ’

သို့သော်လည်း ချန်ချင်းယွီ သူ့ကို လုံးဝ ဂရုပင် မစိုက်ဘဲ ထွက်သွားလိမ့်မည်ဟု သူ တစ်ခါမှ မတွေးဖူးခဲ့ပေ။

သူ၏ ဇနီးဖြစ်သူသည် ချန်ချင်းယွီကို သွားရောက် မြှူဆွယ်ခြင်းအားသဘောမတူသော်လည်း ယွမ်ဟောက်ဖုန်းတွင် မိမိကိုယ်ပိုင် အတွေးအခေါ် ရှိပေသည်။ သူသည် ချန်ချင်းယွီ၏ ပိုက်ဆံ ရှာနိုင်စွမ်းကို တကယ်ပင် သဘောကျမိ၏။ ဤကဲ့သို့သော မိန်းမမျိုးသာ လီလင်းလင်းနှယ် သူ့အပေါ် သေအောင် ချစ်မြတ်နိုးလာပါက၊ သူ၏ ဘဝမှာ တကယ့်ကို အေးဆေး သက်သာသွားပေလိမ့်မည်။

ကွမ်ထင်းထင်း မလိုလားသည်ကို ဂရုစိုက်နေစရာ မလိုချေ၊ သူမ အကျိုးအမြတ် ရရှိလာသည့် အခါကျမှ ဤသို့ ပြုလုပ်ခြင်း၏ အကျိုးကျေးဇူးကို နားလည်သွားပေလိမ့်မည်။

ထိုအချိန်ရောက်လျှင် သူမ မသဘောတူမည်ကို ကြောက်နေစရာ မလိုတော့ပေ။ သူသည် မိမိ၏ ဇနီးအကြောင်းကို အသိဆုံး ဖြစ်ပေသည်။ အကျိုးအမြတ် ရရှိမည်ဆိုပါက မည်သူများ လက်လွှတ်

စွန့်လွှတ်ချင်မည်နည်း။

‘ဘာပဲဖြစ်ဖြစ် ယောက်ျားတွေက အပြင်မှာ ရှုပ်ပွေတော့လည်း ဘာမှ နစ်နာစရာ မရှိပါဘူး’

မိမိအိမ် အကျိုးအမြတ် ရရှိဖို့သည်သာ အရာအားလုံးထက် အရေးကြီးပေသည်။

သူ၏ မူလအစီအစဉ်မှာ ချန်ချင်းယွီနှင့် တဖြည်းဖြည်း နီးစပ်သွားရန် ဖြစ်ပြီး၊ ဤသို့သော မုဆိုးမလေးများအတွက် အလိုအပ်ဆုံးမှာ တစ်စုံတစ်ယောက်၏ ဂရုစိုက် နွေးထွေးမှု ဖြစ်သဖြင့်၊ သူ သေချာ ကိုင်တွယ်နိုင်ပါက ချန်ချင်းယွီကို သိမ်းပိုက်လိုက်ရန် မခက်ခဲချေ။ ထိုအချိန်ကျမှ ထိုမိန်းမကို လက်ဝါးအုပ်လိုက်ပါက ချန်ချင်းယွီသည် သူတို့ အိမ်အတွက်သာ အလုပ်လုပ်ပေးရတော့မည် ဖြစ်၏။

ယွမ်ဟောက်ဖုန်း၏ အတွေးအကြံမှာ လှပလွန်းလှသော်လည်း အစကတည်းက အဆင်မပြေဖြစ်သွားရသည်။

သူသည် မျက်မှောင်ကြုတ်လျက် ထိုနေရာတွင် ရပ်နေရင်း စိတ်ထဲတွင် ရန်ငြိုးဖွဲ့သွားရ၏။

‘မုဆိုးမလေး တစ်ယောက်ကများ ဘယ်သူ့ကို မျက်နှာထား တင်းပြနေတာလဲ’

‘မမြင်ဘူးလား၊ လီလင်းလင်းလို အပျိုတောင် သူ့ကို သေအောင် ချစ်နေတာကို’

‘သူမက ဘယ်သူ့ကို လာပြီး မောက်မာပြနေတာလဲ’

ယွမ်ဟောက်ဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် မဲနက်သွားလိုက်၊ ဖြူဖျော့သွားလိုက် ဖြစ်သွားရပြီး၊ ခဏအကြာမှ ဟန်ဆောင် ပုံမှန်အတိုင်း ရေရွတ်လိုက်သည်။

"တို့တွေက ဝန်းတစ်ခုတည်းနေ အိမ်နီးနားချင်းတွေပါ၊ ဒီလောက်အထိ အေးစက်လွန်းတာတော့ တကယ်ကို မကောင်းပါဘူး။"

ဘေးနားရှိ ကလေးငယ် ရှောင်ယန်မှာ ထိုစကားကို ကြားသောအခါ ပြောချလိုက်၏။

"ခင်ဗျား လိမ်နေတာပဲ၊ ဒေါ်လေးရှောင်ချန်က သီးသန့် အိမ်ဝန်းနဲ့ နေတာ၊ ခင်ဗျားရဲ့ အိမ်နီးနားချင်း လုံးဝ မဟုတ်ဘူး"

ယွမ်ဟောက်ဖုန်း : "….."

"ခွီး..."

ဘေးပတ်ဝန်းကျင်ရှိ လူအများလည်း ရယ်မောလိုက်ကြသည်။

ယွမ်ဟောက်ဖုန်းသည် ကလေးတစ်ယောက်နှင့် မငြင်းခုံချင်ပေ၊ အလွန် ရှက်စရာကောင်းလှ၏။ သူသည် သက်ပြင်းတစ်ချက် အပြင်းအထန် ချလိုက်ပြီး

"တို့တွေက အရင်က အိမ်နီးနားချင်းတွေပါ"

ရှောင်ယန် : "ဒါဆိုရင်လည်း ဆက်ဆံရေး မကောင်းတဲ့ အိမ်နီးနားချင်းတွေ ဖြစ်ရမယ်၊ မဟုတ်ရင် ဒေါ်လေးရှောင်ချန်က ဒီလို သဘောထားမျိုး ပြမှာ မဟုတ်ဘူး။ ဒေါ်လေးက တကယ် စိတ်သဘောထား ကောင်းတာ"

ယွမ်ဟောက်ဖုန်း : "..."

‘ဒါ ဘယ်ကရောက်လာတဲ့ ရိုင်းစိုင်းတဲ့ ကလေးလဲ’

ရှောင်ယန် ယွမ်ဟောက်ဖုန်းကို အထက်အောက် စိုက်ကြည့်လိုက်ပြီး ပြောချပြန်၏။

"ခင်ဗျားကို ကြည့်ရတာ လူကောင်းနဲ့ကို မတူတာ"

ယွမ်ဟောက်ဖုန်းသည် ဒေါသထွက်လွန်း၍ ပေါက်ကွဲလုနီးပါး ဖြစ်သွားရသော်လည်း အတင်း ဟန်ဆောင် ထိန်းချုပ်ထားရသည်။

"ကလေး၊ ဘယ်လို စကားပြောနေတာလဲ။ မင်းရဲ့ လူကြီးတွေ ဘယ်မှာလဲ"

ဆရာယွီ : "အားနာပါတယ်ဗျာ၊ ကလေးက ငယ်သေးတော့ မလိမ်တတ်ဘူး၊ မြင်တဲ့အတိုင်း တန်းပြောတတ်တာမို့လို့ သူနဲ့ မပြိုင်ပါနဲ့နော်"

ယွမ်ဟောက်ဖုန်း၏ မျက်နှာမှာ ဒေါသကြောင့် မဲနက်သွားရတော့သည်။

‘ဒါ ဘာစကားလဲ၊ မြင်တဲ့အတိုင်း တန်းပြောတာဆိုတော့ သူ့ကို ပေါ်တင် စော်ကားလိုက်တာ မဟုတ်ဘူးလား’

"ခင်ဗျား... ထားလိုက်ပါတော့၊ ခင်ဗျားလို လူမျိုးနဲ့ ငါ စကားမပြိုင်ချင်ပါဘူး။ ခင်ဗျားလို လူက ကလေးကောင်းကို သွန်သင်နိုင်မှာ မဟုတ်ဘူး"

သူသည် မူလ၌ ငါးလာဝယ်ခြင်း ဖြစ်ပြီး၊ တစ်ကောင် ဝယ်ပြီးပြီဖြစ်သဖြင့်၊ ယခုအခါတွင်မူ ဆက်မဝယ်ချင်တော့ချေ။

‘ဒီလိုလူယုတ်မာတွေကို ဘာလို့ ပိုက်ဆံပေး စေတနာဝန်ထမ်း ရမှာလဲ’

သူသည် ချက်ချင်းပင် ခြေလှမ်းကျဲဖြင့် ထွက်ခွါသွားတော့သည်။

ဆရာယွီ မျက်လုံးလှန်ကြည့်

လိုက်၏။

‘ဒီကောင် မကောင်းတဲ့ စိတ်ဓာတ်ရှိနေတာကို သူ မမြင်ဘူးလို့ ထင်နေတာလား’

‘ဟွန်း’

‘မနက်ဖြန်ကျရင် ရှောင်းချန်ကို သေချာ သတိပေးရမယ်၊ ဒီလို ဒေါင်းလို အလှပြင်ထားတဲ့ လူယုတ်မာမျိုးနားကို ဝေးဝေးနေဖို့၊ ဘာကောင်မှန်းလည်း မသိဘူး’

ယွမ်ဟောက်ဖုန်းသည် တခြားလူများ မိမိအကြောင်းကို တိုးတိုးတိတ်တိတ် မကျေမနပ် ပြောနေကြသည်ကို မသိရှိဘဲ၊ မိမိကိုယ်တိုင်သာ နစ်နာရသည့်အလား အလွန် မကျေမနပ် ဖြစ်နေခဲ့သည်။ ချန်ချင်းယွီသည် အခွင့်အရေးကို မသိတတ်ဟု စိတ်ထဲမှ ထင်မှတ်နေခဲ့၏။ ဤနှစ်များအတွင်း လီလင်းလင်း၏ မြှောက်ပင့်မြှောက်စား ပြုမှုများကြောင့် သူသည် မိမိကိုယ်မိမိ ပြန်မသုံးသပ်နိုင်တော့ကာ ဘဝမေ့နေခဲ့လေပြီ…။

တကယ့်ကို အကွက်စေ့စေ့ဖြင့် မြှောက်ပင့်ဖျက်ဆီးလိုက်သည့် ကွက်ကွက်ကွင်းကွင်း ပရိယာယ်ပင်…။

ယွမ်ဟောက်ဖုန်းသည် စိတ်ထဲတွင် ကျိန်ဆဲနေပြီး၊ ချန်ချင်းယွီသည် အမြင်မရှိသော မိန်းမဟုသာ ထင်မြင်နေမိ၏။ ထို့အပြင် သူမ အဘယ်ကြောင့် နောက်အိမ်ထောင် မပြုသည်ကိုလည်း နားလည်သွားရ၏၊ ဤကဲ့သို့ စိတ်ဓာတ်မျိုးဖြင့် မည်သို့လျှင် နောက်ထပ် အိမ်ထောင်ကျနိုင်တော့မည်နည်း။

‘မိန်းမက နောက်အိမ်ထောင်လည်း မပြုနိုင်ဘဲ ပိုက်ဆံတွေ စုဆောင်းနေတာ ဘာလုပ်ဖို့လဲ’

‘မိမိတို့ အိမ်ကို ပေးလိုက်တာမှ ပိုကောင်းဦးမယ်’

မိမိတို့အိမ်၌ ပြုစုပျိုးထောင်ရမည့် သားတစ်ယောက် ရှိနေ၏။ မိမိအနေဖြင့် သူမကို ချစ်ခြင်းမေတ္တာ ခံစားချက်မျိုး ပေးစွမ်းနိုင်သည်ဖြစ်၍ သူမဘက်မှ ပိုက်ဆံအနည်းငယ် စွန့်လွှတ်ရခြင်းမှာ သဘာဝကျလှပေသည်။

ယွမ်ဟောက်ဖုန်းသည် လမ်းတစ်လျှောက် စိတ်ကူးယဉ်ရင်း နောက်ဆုံးတွင် အိမ်ဝင်းဆီသို့ ပြန်ရောက်လာခဲ့ရာ၊ ထိုမော်တော်ဆိုင်ကယ်ကြီး မိမိတို့ အိမ်ဝင်းတံခါးဝတွင် ရပ်ထားသည်ကို ရုတ်တရက် တွေ့လိုက်ရသည်။ ယွမ်ဟောက်ဖုန်းသည် ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွသွားရတော့၏။

‘ဟွန်း၊ နှုတ်ကတော့ အေးစက်စက် ပြောနေပေမဲ့ စိတ်ထဲမှာတော့ သူ့အပေါ် စိတ်လှုပ်ရှားသွားတာ မဟုတ်ဘူးလား’

‘အခုတော့ ကိုယ်တိုင် အိမ်အထိ လာပို့နေပြီ၊ ချန်ချင်းယွီက သူ့ကို လာကြည့်တာပဲ ဖြစ်ရမယ်’

‘သေချာပေါက် သူ့ကို လာကြည့်တာ ဖြစ်ရမယ်’

‘လာဖို့ အကြောင်းပြချက် ရှာနေတာပဲ ဖြစ်ရမယ်’

သူသည် မိမိ၏ ရင်ဘတ်ကို ဂုဏ်ယူစွာဖြင့် ကော့လိုက်ပြီး၊ မိမိ၏ ဆွဲဆောင်မှုအပေါ် ယုံကြည်ချက် အပြည့်ရှိနေခဲ့သည်။

သူသည် ရင်ကော့ခေါင်းမော့လျက် ဝင်လာခဲ့ရာ၊ ခြေလှမ်းအနည်းငယ် လှောက်ပြီးချိန်တွင် အဘွားကြီးကျောက်နှင့် ထိပ်တိုက်တွေ့သွားရ၏။

"ဘယ်လိုလုပ် ခင်များ ဖြစ်နေရတာလဲ။ ခင်များ ဘာလို့ တို့တွေ အိမ်ဝန်းကို ရောက်နေတာလဲ"

ယွမ်ဟောက်ဖုန်း မှင်သက်စွာ မေးလိုက်သည်။

အဘွားကြီးကျောက် မျက်စောင်းဖြင့် တစ်ချက်ကြည့်လိုက်ပြီး

"ငါ ဘယ်သွားသွား နင်နဲ့ ဘာဆိုင်လို့လဲ။ ဒီအိမ်ဝင်းက နင့်တစ်ယောက်တည်းပိုင်တာလည်း မဟုတ်ဘူး၊ ငါ အဒေါ်ကြီးမေ့ဆီ လာတာ မရဘူးလား။ နင်က ဘာလိုက်ရှုပ်နေတာလဲ၊ ခွေးက ကြွက်ကို ဟောင်သလို အပိုတွေ လိုက်လုပ်နေတယ်"

ယွမ်ဟောက်ဖုန်း မျက်မှောင်ကြုတ်လျက် မေးလိုက်မိ၏။

“ခင်များ တစ်ယောက်တည်းပဲလား"

အဘွားကြီးကျောက် ယွမ်ဟောက်ဖုန်းကို ဆန်းကြယ်စွာ ကြည့်လိုက်ပြီး

"နင် ရူးနေတာလား။ ငါ တစ်ယောက်တည်း လာတာ ဘာဖြစ်လို့လဲ။ နင်နဲ့ ဘာဆိုင်လို့လဲ"

အဘွားကြီးကျောက်သည် ပေါက်စီ လာယူခြင်း ဖြစ်ပေသည်။

သူမသည် အဒေါ်ကြီးမေ့ကို ပေါက်စီ ပေါင်းပေးရန် အကူအညီ တောင်းထားခဲ့ခြင်း ဖြစ်ရာ၊ နှစ်သစ်ကူးအတွက် ပေါက်စီကြီးများ၊ ငါးကြီးများ၊ ဖက်ထုပ်များကို အမြောက်အမြား ပေါင်းထားခဲ့ကြ၏။ ထိုအချိန်တွင် ချန်ချင်းယွီ ငါးဝယ်ပြီး ပြန်ရောက်လာသဖြင့်၊ သူမ ဆိုင်ကယ်ကို ယူ၍ မောင်းထွက်လာခဲ့ခြင်း ဖြစ်သည်။ သူမသည် အဘွားကြီး တစ်ယောက် ဖြစ်သော်လည်း ဤကဲ့သို့ လေတိုး၍ မြန်မြန်ဆန်ဆန် မောင်းနှင်ရသည့် ခံစားချက်ကို အလွန်ပင် သဘောကျပေသည်။

‘အဟမ်း…အဘွားကြီးလည်း မိုက်လို့ရတာပေါ့...’

ဆိုင်ကယ်မောင်းပြီး ထွက်ရသည့် အလုပ်ကို သူမ အလွန်ပင် လိုလိုလားလား ရှိ၏။

"နင်က ဒီနေ့ ဘာလို့ စိတ္တဇ ဖြစ်နေရတာလဲ"

အဘွားကြီးကျောက်သည် သံသယဝင်စွာဖြင့် ယွမ်ဟောက်ဖုန်းကို အထက်အောက် စိုက်ကြည့်လိုက်ရာ၊ အမှန်ပင် ဤသူမှာ ကြည့်ရသည်မှာ ပုံမှန် မဟုတ်ဟု ထင်မြင်သွားရပြန်သည်။

‘အေးအေးဆေးဆေး ဘဝကို ဖြတ်သန်းတဲ့ ဘယ်ယောက်ျားတွေက ဒီလိုမျိုး ဝတ်စားဆင်ယင်မှာလဲ၊ တကယ်ကို လူကောင်း မဟုတ်ဘူး’

သူမ မကျေမနပ် အသံဖြင့်

"နင်က ဘယ်က မိန်းမပျိုလေးကို သွားစပြန်ပြီလဲ။ နင်က တစ်ယောက်ကို လှည့်စားပြီး နင့်အတွက် အလကား အလုပ်လုပ်ခိုင်းထားတာတောင် မကသေးဘူး၊ နောက်တစ်ယောက်ကို ထပ်လှည့်စားချင်နေတာလား။ ငါ ပြောမယ် ဟောက်ဖုန်း၊ ပြောတယ်လို့လည်း မထင်ပါနဲ့၊ နင်လည်း နင့်ဇနီးရဲ့ ခံစားချက်ကို အနည်းငယ်တော့ ထည့်တွက်ပေးပါဦး။ တစ်နှစ်ပတ်လုံး ဦးထုပ် ဝယ်

စရာတောင် မလိုတော့ဘူး၊ ဦးထုပ်အစိမ်းတွေကတော့ အများကြီးပဲ"

သူမသည် ယွမ်ဟောက်ဖုန်း ချန်ချင်းယွီကို ပစ်မှတ်ထားနေသည်ကို မသိရှိသော်လည်း၊ ဤသူမှာ လူကောင်း မဟုတ်ဟု ခံစားမိပေသည်။

သူတို့ကဲ့သို့သော အသက်အရွယ်ရှိ လူများမှာ လူကြည့်ရာတွင် အလွန်ပင် စူးရှထက်မြက်ကြပြီး၊ အထူးသဖြင့် ဤကဲ့သို့သော ကြွားဝါချင်သည့် ယောက်ျားမျိုးကို ပို၍ပင် သိရှိကြပေသည်။

ယွမ်ဟောက်ဖုန်း : "ခင်များ ဘာတွေ လာပြောနေတာလဲ၊ ဘာ ဦးထုပ်အစိမ်းလဲ။ ကျုပ်နဲ့ ကျုပ်ဇနီးက အဆင်ပြေနေတာပါ၊ တခြားလူတွေနဲ့လည်း ဘာမှ မရှိပါဘူး။ ခင်များတို့တွေ ကျုပ်နဲ့ လင်းလင်းကြားမှာ အမြဲတမ်း နားလည်မှုလွဲနေကြတာကို ကျုပ် သိပါတယ်၊ ဒါပေမဲ့ ကျုပ်တို့တွေက မောင်နှမအရင်းလိုပဲ၊ ခင်များတို့တွေ ဒီလောက်အထိ ရုပ်ဆိုးဆိုး မတွေးကြပါနဲ့"

အဘွားကြီးကျောက် : "အရူးမှပဲ ယုံမယ်၊ နင်တို့အိမ်က လူတွေ ကိုယ့်ကိုယ်ကိုယ် လှည့်စားနေကြတာ နင်တို့ကိစ္စပါ၊ ငါတို့တွေကိုတော့ လာလှည့်စားလို့ မရပါဘူး"

အဘွားကြီးကျောက်၏ စကားအဆုံးတွင် ရုတ်တရက် အော်ဟစ်သံ တစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ လင်စန်းရှင်း၏ အော်သံပင်ဖြစ်၏။

"ငါ့အိမ်က ငါးရော။ ငါ ဝယ်လာတဲ့ ငါး ဘာလို့ ပျောက်သွားတာလဲ"

အဘွားကြီးကျောက်သည် ချက်ချင်းပင် ယွမ်ဟောက်ဖုန်းဆီ သို့ ကြည့်လိုက်၏။

ယွမ်ဟောက်ဖုန်း၏ လက်ထဲတွင် ငါးတစ်ကောင် ကိုင်ထားသည် မဟုတ်လော့။

‘အင်း... နင်ကများ သူများအိမ်က ငါးကို ယူလိုက်တာတော့ မဟုတ်ဘူးနော်’

အဘွားကြီးကျောက်၏ သံသယအကြည့်များ ကျရောက်လာခဲ့သည်။

အဘွားကြီးကျောက်၏ အကြည့်မှာ လွန်စွာ ပေါ်လွင်လွန်းသဖြင့် ယွမ်ဟောက်ဖုန်း အော်ဟစ်ကာ

"ကျုပ် မဟုတ်ဘူး..."

သူ အသံကျယ်ကျယ်ဖြင့်

"ဒါ ကျုပ်ဟာကျုပ် ဝယ်လာတာ၊ သူတို့အိမ်နဲ့ ဘာမှ မဆိုင်ဘူး"

သူ တည်တည်ငြိမ်ငြိမ် ပြောလိုက်သော်လည်း လင်စန်းရှင်းမှာ အသံကြားသည်နှင့် ပြေးထွက်လာခဲ့သည်။ ယွမ်ဟောက်ဖုန်း လက်ထဲတွင် ငါးကိုင်ထားသည်ကို မြင်သည်နှင့် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်တော့၏။

"ကောင်းလိုက်တဲ့ ယွမ်ဟောက်ဖုန်း၊ နင်လို အရှက်မရှိတဲ့ကောင်၊ နင့်အိမ်က ငါးစားချင်ရင် နင့်ဟာနင် ဝယ်စားပါလား၊ ဘာလို့ ငါ့အိမ်ကဟာကို လာယူရတာလဲ။ နင်လို ယောက်ျားကြီးတစ်ယောက်က အရှက်ရော ရှိသေးရဲ့လား"

ယွမ်ဟောက်ဖုန်းသည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားပြီး

"ကျုပ် မဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ဒါ ကျုပ်ဟာကျုပ် ဝယ်လာတာ"

"နင် လိမ်မနေနဲ့၊ ဘာလို့ ငါ့အိမ်က ငါးပျောက်သွားမှ နင်က တစ်ကောင် ဝယ်လာရတာလဲ"

ယွမ်ဟောက်ဖုန်း ဒေါသတကြီးဖြင့် ကျိန်ဆိုလိုက်ကာ

"ကျုပ် သာ ခင်များအိမ်က ငါးကို ခိုးခဲ့ရင် ကျုပ်ကို မိုးကြိုးပစ်ပါစေ..."

သူသည် ဤကဲ့သို့သော နာမည်ဆိုးကို မခံယူနိုင်ချေ၊ သို့သော်လည်း သူ၏ ဤကျိန်ဆိုမှုကြောင့် တခြားလူများ ခေါင်းညိတ်လိုက်ကြသည်။ ဤမျှလောက်အထိ အပြင်းအထန် ကျိန်ဆိုရဲသည်ဆိုလျှင် သူ မဟုတ်လောက်ပေ။ ထို့အပြင် သူတို့အိမ်၏ အခြေအနေအရလည်း ခိုးစရာ အကြောင်းမရှိပေ။

သို့သော်လည်း ယခုအခါ လင်စန်းရှင်းသည် ယခင် လင်စန်းရှင်း မဟုတ်တော့ချေ။ သူမတွင် သားတစ်ယောက် ရှိနေပြီဖြစ်၍ အားကိုးရာအပြည့် ရှိနေပေသည်။

သူမ လှောင်ပြောင်သည့် အပြုံးဖြင့်

"အေးပါ၊ နင် မခိုးဘူးဆိုပါတော့၊ ဒါပေမဲ့ နင်က တခြားလူကို ခိုင်းလို့ရတာပဲ။ ငါ့အိမ်မှာ နင့်အတွက်ကြောင့် အိမ်တွင်းသူခိုး လုပ်ပေးနေတဲ့သူ တစ်ယောက် ရှိသေးတာပဲလေ"

အဘွားကြီးကျောက် : 'ဝိုး…ဟုတ်တယ် ဟုတ်တယ်၊ လင်စန်းရှင်း ပြောတာ တကယ် မှန်တယ်...'

All Chapters