အခန်း ၁၃၃
Vol. 14 Ch. 133
အခန်း (၁၃၃) ဒူးထောက်ပြီး ပြန်ထမရပ်ခြင်း။
ဤအချိန်တွင် ကျင်းဟန်နှင့် အခြားသူများအားလုံး ရုတ်တရက် သဘောပေါက်သွားကြတော့သည်။
ဆရာကြီးစူးတွေ့ဆုံနေသည့် အရေးကြီးသော ဧည့်သည်တော်ဆိုသည်မှာ ထန်မိသားစုမှ ထန်မော့ရွှေဖြစ်နေခြင်းပင်။
အံ့ဩစရာ မရှိတော့ပေ။ ထန်မော့ရွေီမှာ အမျိုးသမီးတစ်ဦး ဖြစ်သော်လည်း သူမသည် ထန်မိသားစုတွင် အကြီးမားဆုံးသော အာဏာကို ဆုပ်ကိုင်ထားသူဖြစ်ပြီး လက်တွေ့တွင် ထန်မိသားစု၏ မျက်နှာစာပင် ဖြစ်သည်။ ထို့အပြင် ယန်မြို့တော်တွင် ထန်မိသားစု၏ အဆင့်အတန်းမှာ ထန်မြို့တော်ရှိ စုမိသားစုကဲ့သို့ပင် ဖြစ်၏။ ၎င်းတို့အားလုံးမှာ မြင့်မားလှသော မဏ္ဍိုင်ကြီးများ ဖြစ်ကြပေသည်။
ကံကောင်းထောက်မစွာဖြင့် ၎င်းတို့စောစောက စိတ်လိုက်မာန်ပါ မလုပ်ခဲ့ကြပေ။
သို့မဟုတ်ပါက ဆရာကြီးစူးကို စော်ကားမိသည်ကို မပြောနှင့်ဦး ထန်မော့ရွှေတစ်ယောက်တည်းကို စော်ကားမိရုံမျှဖြင့် သေချာပေါက် သနားစရာကောင်းသော အဆုံးသတ်ကို ရောက်ရှိသွားပေလိမ့်မည်။
ဤအခိုက်အတန့်တွင် သခင်လေးစု ၏ ညွှန်ပြချက်ကြောင့် အခန်းတစ်ခုလုံးရှိ အကြည့်များအားလုံး ယဲ့ချန် ထံသို့သာ အလုံးစုံ စုပြုံရောက်ရှိသွားခဲ့၏။
ကျင်းဟန်နှင့် အခြားသူများမှာ ယဲ့ချန်အပေါ် ရင်ထဲတွင် ကြီးမားသော ရန်ငြိုးများကို မွေးမြူထားကြပြီး ရူးသွပ်မတတ် မနာလိုဖြစ်နေကြကာ မုန်းတီးမှုအဆင့်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။
ယခုအခါ ယဲ့ချန်မှာ လူအများ၏ ပြစ်တင်ဝေဖန်မှု ပစ်မှတ်ဖြစ်လာသည်ကို မြင်လိုက်ရသည့်အခါ ၎င်းတို့အနေဖြင့် သဘာဝကျကျပင် ဝမ်းသာအားရ ဖြစ်နေကြ၏။
"ဟားဟားဟား အဲဒီကောင် ဒီတစ်ကြိမ်တော့ သေချာပေါက် ပျက်စီးပြီ။"
ကျင်းဟန်က ယဲ့ချန်ကို လှောင်ပြောင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး စိတ်ကျေနပ်လွန်းသဖြင့် ညည်းတွားမိလုနီးပါး ဖြစ်သွားခဲ့သည်။
ဆရာကြီးစူး၊ သခင်လေးစု နှင့် ထန်မော့ရွှေဟူသော ဤဩဇာအာဏာကြီးမားသည့် ပုဂ္ဂိုလ်ကြီး သုံးဦးစလုံးကို တစ်ပြိုင်နက်တည်း စော်ကားမိခြင်းမှာ နတ်ဘုရားများပင်လျှင် သူ့ကို ကယ်တင်နိုင်မည် မဟုတ်ပေ။
သို့သော် ချက်ချင်းဆိုသလိုပင် ယဲ့ချန်ကို မြင်လိုက်ရသည့်အခါ ဆရာကြီးစူးမှာ တုန်လှုပ်သွားခဲ့ရပြီး သူ၏ မျက်နှာမှာ နီမြန်းသွားခဲ့ကာ အလွန်အမင်း စိတ်လှုပ်ရှားလွန်းသဖြင့် မိမိကိုယ်မိမိ မထိန်းချုပ်နိုင်တော့ပေ။
သူ၏ လေးစားအားကျမှုများမှာ လှိုင်းတံပိုးများ ထနေသော မြစ်တစ်စင်းကဲ့သို့ပင် အဆက်မပြတ် စီးဆင်းနေခဲ့၏။
ထို့ပြင် ထန်မော့ရွှေ မည်သို့ရှိသနည်း။
သူမအနေဖြင့် အနည်းငယ် အနေရခက်သလိုအနည်းငယ် ရွံရှာမိသလို ခံစားရသော်လည်းတစ်ချိန်တည်းမှာပင် အနည်းငယ် ဝမ်းသာအားရ ဖြစ်သွားခဲ့ရသည်။
တွေးတောပြီးနောက် ထန်မော့ရွှေသည် သွားများကို တင်းတင်းကြိတ်ကာစိတ်ကို တင်းထားပြီး ယဲ့ချန်၏ ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားခဲ့တော့သည်။
လရောင်အောက်တွင် သူမသည် အလွန်ပင် လှပလွန်းနေသဖြင့် ဤလူ့လောကကမ္ဘာမှ မဟုတ်သကဲ့သို့ပင် ထင်မှတ်ရစေ၏။
မူလက ထန်မော့ရွှေသည် ယနေ့ညတွင် ဆရာကြီးစူးကို ထမင်းဖိတ်ကျွေးခြင်းမှာ သူ့ထံမှ ကုသခြင်းအဆောင်တစ်ခုကို ဝယ်ယူရန် တောင်းဆိုချင်သောကြောင့် ဖြစ်သည်။
ထိုသို့ဆိုပါက သူမအနေဖြင့် ယဲ့ချန်၏ အရှက်ခွဲမှုများကို ခံနေရန် မလိုတော့ဘဲ အပေးအယူလုပ်စရာမလို ယဲ့ချန်ထံသို့ မိမိ၏ စစ်မှန်သော ခံစားချက်များကို အမြဲတမ်း ဖွင့်ပြောနေရန် မလိုတော့ဘဲ ကစားစရာတစ်ခုကဲ့သို့ ငြင်းပယ်ခံရခြင်းမှ ကင်းဝေးမည် ဖြစ်၏။
အဆုံးမှာတော့ ဤသို့သာ ဆက်သွားနေပါက သူမ၏ မိမိကိုယ်မိမိ တန်ဖိုးထားမှုများမှာ ဘာမှမရှိတော့ဘဲ ပျက်စီးသွားပေလိမ့်မည်။
သံမဏိဖြင့် ပြုလုပ်ထားသော လူတစ်ယောက် ဖြစ်နေပါစေဦး ဤကဲ့သို့သော အရှက်ခွဲမှုနှင့် နှိပ်စက်မှုများကို တောင့်ခံနိုင်မည် မဟုတ်ပေ။
သို့သော် မည်သူက မျှော်လင့်ထားမည်နည်း ဆရာကြီးစူးကိုယ်တိုင်က လက်လျှော့လိုက်ပြီး သူ၏ ဘဝတစ်ခုလုံးတွင် ဤကဲ့သို့သော အဆောင်မျိုးကို လုံးဝ မရေးဆွဲနိုင်ကြောင်း ဝန်ခံခဲ့သည်။
ဤအရာမှာ ထန်မော့ရွှေအတွက် သေဒဏ်ပေးလိုက်သကဲ့သို့ပင်။ ယဲ့ချန်နှင့် အပေးအယူလုပ်ခြင်းမှတစ်ပါး အခြားနည်းလမ်းမရှိတော့ပုံရသည်။
"ယန်မြို့တော် ထန်မိသားစုရဲ့ မစ္စထန်က တကယ်ပဲ ကမ္ဘာပေါ်မှာ အလှဆုံးပဲ... လှတယ်တကယ်ကို လှလွန်းတယ်..."
ဘဝတွင် မိန်းကလေး မြောက်မြားစွာကို မြင်တွေ့ဖူးပြီး ပြည်မကြီးနှင့် ဟောင်ကောင်မှ ဒုတိယတန်းစား မင်းသမီးအချို့ကိုပင် ကစားဖူးသည့် သခင်လေးစုသည် ထန်မော့ရွှေ၏ ရုပ်ရည်နှင့် အရှိန်အဝါကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရပြီး သူမအား နတ်သမီးတစ်ပါးကဲ့သို့ပင် ဖြစ်နေရသည်။
ထန်မော့ရွှေသည် ယဲ့ချန်၏ ထံသို့ တိုက်ရိုက် လျှောက်လှမ်းသွားသည်ကို မြင်လိုက်ရသည့်အခါ၊ ရှယန်နန်သည် ဘာမှ မစဉ်းစားတော့ဘဲ ယဲ့ချန်၏ ရှေ့သို့ ခြေလှမ်းလှမ်းကာ ကာကွယ်လိုက်သည်။
"မစ္စထန် ဘာလုပ်မလို့လဲ။"
ရှယန်နန်သည် ထန်မော့ရွှေက ယဲ့ချန်ကို အနိုင်ကျင့်ခြင်းအား လုံးဝ ခွင့်ပြုမည် မဟုတ်ပေ။ ထန်မိသားစုမှာ ဩဇာအာဏာကြီးမားသော်လည်း သူမ၏ မြင့်မြတ်ပြီး ကျောက်မျက်ရတနာကဲ့သို့သော မျက်ဝန်းများထဲတွင် အနည်းငယ်မျှ ဆုတ်နှစ်ခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိပေ။
"ရှယန်နန်"
ထန်မော့ရွှေက ရှယန်နန်ကို ကြည့်လိုက်ပြီးနောက် ယဲ့ချန်ကိုပါ ကြည့်လိုက်ရာသူမ၏ မျက်ဝန်းထဲတွင် တွေးတောဟန် အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သော်လည်း သူမက ချက်ချင်းပင် အေးစက်စွာ ပြောလိုက်သည်။
"ဖယ်စမ်း ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး။"
"ငါ့ရဲ့ ရည်းစားက ဆရာကြီးစူးနဲ့ နင်တို့ရဲ့ ညစာစားပွဲကို နှောင့်ယှက်မိရုံတင် ရှိတာပါ၊ ဒါ့အပြင် ဤကိစ္စရဲ့ အကြောင်းရင်းကလည်း ငါ့ရည်းစားရဲ့ အမှားမဟုတ်ဘူး။ ထန်မော့ရွှေ...နင်ဘာလုပ်ချင်နေတာလဲ ငါ နင့်ကို သတိပေးလိုက်မယ် ဘောင်မကျော်ပါနဲ့။"
ရှယန်နန်က ပြတ်ပြတ်သားသား ပြန်လည် တုံ့ပြန်လိုက်၏။
"ဒါ့အပြင် အချို့လူတွေက မင်းထင်သလို သာမန်လူတွေ မဟုတ်ကြဘူး။"
ယန်မြို့တော်၏ ထိပ်တန်း နတ်သမီးနှစ်ဦး ထိပ်တိုက်တွေ့ဆုံကြသဖြင့် ၎င်းတို့၏ အရှိန်အဝါများ တိုက်ခိုက်မိကာ တင်းမာမှုများ မြင့်တက်လာခဲ့၏။
ဤအခိုက်အတန့်တွင် ဆရာကြီးစူးသည် ကြားထဲမှ ဝင်ရောက်စေ့စပ်ပေးချင်သော်လည်း သူသည် မြေခွေးအိုကြီးကဲ့သို့ အိုမင်းပြီး ကောက်ကျစ်သူဖြစ်သည့်အတွက် မိမိကိုယ်ပိုင် အစီအစဉ်များကို စတင်ပြုလုပ်နေခဲ့သည်။
'နေဦး... မစ္စထန်က ဒေါသကြီးတဲ့သူပဲ။ သူမကို ဆရာကြီးယဲ့အတွက် အရင်ဆုံး အခက်အခဲတွေ လုပ်ခိုင်းလိုက်မယ် ပြီးမှ ငါက ကြားထဲက ဝင်ပါမယ်။ ဒီလိုဆိုရင် ဆရာကြီးယဲ့က ငါ့ရဲ့ ကျေးဇူးကို သိသွားပြီး ငါ့ကို တပည့်အဖြစ် ကောက်ယူဖို့ ခြွင်းချက်အနေနဲ့ လက်ခံရင် လက်ခံလိမ့်မယ် ကောင်းတယ် အရမ်းကောင်းတယ် မစ္စထန်... မင်း ဒီနေ့ည ငါ့ကို လာကူညီလိမ့်မယ်လို့ မမျှော်လင့်ထားမိဘူးးး'
"မြန်မြန် ယန်နန်ကို ဒီဘက်လာဖို့ ပြောလိုက်ဦးသူများကိစ္စတွေထဲ ဝင်မပါနဲ့။"
ရှယန်နန်နှင့် ရင်းနှီးသော မိန်းကလေးတစ်ဦးက စိုးရိမ်ပူပန်သော မျက်နှာဖြင့် ပြောလိုက်သည်။
"ရှမိသားစုက စီးပွားရေးကို ရိုးရိုးသားသား လုပ်ကိုင်တာလေ ထန်မိသားစုကို ဘယ်လိုလုပ် သွားပြိုင်လို့ ရမှာလဲ။"
သို့သော်လည်း ရှယန်နန်၏ အတန်းဖော်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း အရေးကြီးသော အချိန်တွင် ၎င်းတို့အနက် မည်သူမျှ ဤနွံထဲသို့ ဝင်ရောက်မစွက်ဖက်ရဲကြပေ။
ထိုမိန်းကလေးက ကျင်းဟန်ကို ထပ်မံပြောကြားခဲ့သည်။
"ကျင်းဟန်... နင် သွားလေ နင် အမြဲတမ်း ယန်နန်အတွက် ဘာမဆို လုပ်ပေးဖို့ အသင့်ရှိပါတယ်ဆို။"
"ငါ... ငါ..."
ကျင်းဟန် တုံ့ဆိုင်းသွားခဲ့ပြီး အဆုံးတွင်တော့ သူသည် ကြောက်လန့်ကာ စကားထစ်နေခဲ့၏။
"ဒါက သူမရဲ့ ရည်းစားကြောင့် ဖြစ်ရတဲ့ ပြဿနာလေ ငါနဲ့ ဘာဆိုင်လို့လဲ။"
ထန်မော့ရွှေသည် ရှယန်နန်ကို ကျော်ဖြတ်ကာ ယဲ့ချန်ကို စိုက်ကြည့်လိုက်သည်။
"ငါတို့ ခဏဖယ်ပြီး စကားပြောလို့ ရမလား။"
ယဲ့ချန်သည် ထန်မော့ရွှေ ဘာကို လိုချင်နေသည်ကို အတိအကျ သိရှိသည်။ သူမက ကုသခြင်းအဆောင်ကို လိုချင်နေရုံသာ ဖြစ်သည်။
ဒါဆိုရင်တော့ စည်းကမ်းဟောင်းအတိုင်းပဲပေါ့။
ယဲ့ချန်သည် ထန်မော့ရွှေကို လွယ်လွယ်ကူကူ လွှတ်ပေးမည် မဟုတ်ပေ။ ထန်မော့ရွှေနှင့် တာဝန်ကို ပြီးမြောက်အောင်မြင်ပါက စနစ်ထံမှ နုပျိုခြင်းဆေးလုံ နှင့် ရင်သားဖွံ့ဖြိုးခြင်းဆေးလုံး တို့ကို ရရှိမည် ဖြစ်သည်။
၎င်းတို့မှာ အလွန်ကောင်းမွန်သော အရာများ ဖြစ်ကြသည်။ အထူးသဖြင့် နုပျိုခြင်းဆေးလုံး ဆိုလျှင် ကောင်းကင်တုန်ဟည်းမတတ် ထူးခြားလှ၏။
"ပြောစရာရှိရင် ဒီမှာပဲ ပြောလိုက်ပါ။"
ယဲ့ချန်က အေးဆေးစွာ ဆိုလိုက်သည်။
စိတ်ကူးတစ်ခုနှင့်အတူ။
တီ... တာဝန်တစ်ခု ထွက်ပေါ်လာခဲ့ပါပြီ။ တာဝန်အကြောင်းအရာ အိမ်ရှင်အနေဖြင့် ထန်မော့ရွှေ၏ လူအများရှေ့ ဖွင့်ပြောမှုကို ငြင်းပယ်ရန် ဖြစ်သည်။ ဆုလာဘ် စနစ်သည် တာဝန်၏ ခက်ခဲမှုကို ခွဲခြမ်းစိတ်ဖြာနေဆဲ ဖြစ်သည့်အတွက် ဆုလာဘ်ကို နောက်မှ သတ်မှတ်ပေးပါမည်။
"နင်..."
ထန်မော့ရွှေ ဒေါသထွက်လွန်းသဖြင့် သွေးအန်မတတ် ဖြစ်သွားခဲ့ရ၏။ မူလက သူမသည် ယဲ့ချန်ကို တစ်ဖက်သို့ ခေါ်ထုတ်ကာ သူမ၏ ခံစားချက်များကို ဖွင့်ပြောရင်း ကိစ္စကို ပြီးမြောက်အောင်လုပ်ကာ တန်ဖိုးဖြတ်မရသော ကုသခြင်းအဆောင်ကို ရယူရန် ရည်ရွယ်ထားခဲ့ခြင်း ဖြစ်သည်။
ယဲ့ချန်က ၎င်းထောင်ချောက်ထဲသို့ မဝင်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထန်မော့ရွှေသည် သူမ၏ နှုတ်ခမ်းအောက်ခြေကို ပုလဲကဲ့သို့ ဖြူစင်သော သွားလေးများဖြင့် ပြင်းထန်စွာ ကိုက်လိုက်သဖြင့် ပေါက်ထွက်လုနီးပါး ဖြစ်သွားခဲ့သည်။ သူမ၏ နှင်းခဲကဲ့သို့ အေးစက်ပြီး ရင်သပ်ရှုမောဖွယ် လှပသော မျက်နှာထက်တွင် နီမြန်းသော အရောင်အသွေးအချို့ ထွက်ပေါ်လာခဲ့ပြီး ရှက်ရွံ့ခြင်းကော ဒေါသထွက်ခြင်းပါ ရောပြန်းနေခဲ့သည်။
နောက်တစ်ကိုယ်၌ ထန်မော့ရွှေသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် သေရဲသော အရှိန်အဝါဖြင့် ပြောလိုက်သည်။
"ယဲ့ချန်... ငါ နင့်ကို ချစ်တယ် ငါ နင့်ကို တောင်းပန်ပါတယ် ငါ့ကို အခွင့်အရေးတစ်ခု ပေးပါ။ ငါ့ကို သနားသောအားဖြင့်လို့ပဲ သဘောထားပေးပါ။"
ဤစကား ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်။
"????" ဆရာကြီးစူး။
"????" သခင်လေးစု။
"????" ရှယန်နန်။
"????" ကျင်းဟန်နှင့် အခြားသူများ။
သူမ ရူးသွားပြီလား ဖွင့်ပြောတာလား လူအများရှေ့မှာ ဖွင့်ပြောတာ ဟုတ်လား နင်က ထန်မော့ရွှေ လေ ထန်မိသားစုရဲ့ မစ္စထန်ချီ သူဌေးသမီးလေး အေးစက်တဲ့ နတ်သမီးလေးလေ နင်က ဘာလို့ ဒီလောက်တောင် တက်ကြွနေရတာလဲ ဒီလောက်တောင် အဆင့်အတန်း ချပစ်ရတာလဲ သူ့မှာ ဘာတွေ အဲဒီလောက် ကောင်းနေလို့လဲ။
ဤအချိန်တွင် အပူပန်ဆုံး ဖြစ်နေသူမှာ ရှယန်နန်ပင်။ သူမသည် တကယ့် ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရ၏။ ထန်မော့ရွှေအပေါ် သူမ၏ မုန်းတီးမှုမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ သူမသည် ယဲ့ချန်နှင့် မိမိ၏ ဆက်ဆံရေးကို ရှင်းလင်းစွာ ပြသထားပြီး ဖြစ်သော်လည်း ထန်မော့ရွှေက သူမ၏ ရှေ့မှောက်တွင်ပင် သူမ၏ အမျိုးသားကို လုယူရန် ကြိုးစားနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
ထန်မိသားစုက လူတွေအားလုံးက ဒီလောက်တောင် ရိုင်းစိုင်းပြီး အနိုင်ကျင့်တတ်ကြတာလား။
ထို့အပြင် ကြီးမားသော စိုးရိမ်ပူပန်မှု အသိတစ်ခုက ရှယန်နန်ကို ဖမ်းစားလိုက်သည်ယ
ရုပ်ရည် အရှိန်အဝါနှင့် ကိုယ်လုံးကိုယ်ပေါက်ပိုင်းတွင် ရှယန်နန်သည် ထန်မော့ရွှေကို မရှုံးနိမ့်ကြောင်း ယုံကြည်မှု ရှိသည်။
အလွန်ဆုံးရှိလျှင် ၎င်းတို့တစ်ဦးစီတွင် ကိုယ်ပိုင်ဆွဲဆောင်မှု ရှိကြသည်။ သို့သော် မိသားစုနောက်ခံပိုင်းတွင် ရှမိသားစုက ထန်မိသားစုကို မယှဉ်နိုင်ပေ။ လူမှုရေးအဆက်အသွယ်များနှင့် လောကအလွှာနှစ်ခုစလုံးရှိ ဩဇာအာဏာပိုင်းတွင် ရှမိစုက တစ်ဆင့် နောက်ကျနေ၏။
အရေးကြီးဆုံးအချက်မှာ ထန်မော့ရွှေက သူမထက် ပို၍ ငယ်ရွယ်ခြင်းပင် ဖြစ်သည်။
"ထန်မော့ရွှေ နင်က တကယ် စိတ်ဝင်စားဖို့ကောင်းတာပဲ။"
ရှယန်နန်က အလျင်အမြန်ပင် ယဲ့ချန်၏ ဘေးတွင် ရပ်လိုက်ပြီး သူ၏ လက်မောင်းကို တင်းတင်းဆုပ်ကိုင်ကာ အပိုင်ဖြစ်ကြောင်း ကြေညာလိုက်သည်။
"ဒီလိုလုပ်တာက ကိုယ်ကျင့်တရား ပျက်ပြားရာရောက်တယ်ဆိုတာ နင်သိရဲ့လား။"
ထန်မော့ရွှေသည် ရှယန်နန်၏ အပြစ်တင်ခြင်းကို ခံရသဖြင့် အလွန်ပင် မကျေမနပ် ဖြစ်သွားခဲ့သည်။ ဤကမ္ဘာပေါ်တွင် မည်သည့်လှပသော မိန်းကလေးက အခြားလှပသော မိန်းကလေးတစ်ယောက်ကို မမုန်းဘဲ နေပါမည်နည်း။
"ရှယန်နန် နင်နဲ့ ယဲ့ချန်နဲ့ လက်ထပ်ထားကြလို့လား။"
ထန်မော့ရွှေက လှောင်ပြောင်လိုက်ရာ ရှယန်နန် စကားဆို့သွားခဲ့ရ၏။
"အမျိုးသားကလည်း လူပျို အမျိုးသမီးကလည်း အပျိုပဲ ငါက ငါ့ရဲ့ ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေတာ ဘာမှားလို့လဲ။ ငါ ထန်မော့ရွှေ က ဒီလိုလူစားမျိုးပဲ နင် မကျေနပ်ဘူးလား။ ဒါဆိုရင် အောင့်ထားလိုက်။"
ထန်မော့ရွှေသည် သူမ၏ သရုပ်ဆောင်မှုအပိုင်းတွင် တဖြည်းဖြည်း ပိုမိုနစ်ဝင်လာခဲ့သည်။
သူမသည် ယဲ့ချန်ကို ကြည့်လိုက်ပြီး သူမ၏ ရွံရှာမှုများကို အတတ်နိုင်ဆုံး ထိန်းချုပ်ရင်း ချစ်ခင်စနိုးဖြင့် ပြောလိုက်သည်။
"ယဲ့ချန်... ထူးချွန်တဲ့ အမျိုးသားတွေရဲ့ ဘေးနားမှာ မိန်းကလေးတွေ မပြတ်ဘူးဆိုတာ ငါ သိပါတယ်။ နင့်ရဲ့ ချောမောမှုက ဘယ်မိန်းကလေးမှ မငြင်းဆန်နိုင်တဲ့အရာပဲ။ ဒါတွေက နင့်ရဲ့ အမှားမဟုတ်ပါဘူး။ နင် ရှယန်နန်နဲ့ တွဲနေတာက ငါ ထင်မမှားဘူးဆိုရင် မိန်းကလေးရဲ့ ပိုက်ဆံကို မှီခိုချင်လို့ မဟုတ်လား။ သူမနဲ့ လမ်းခွဲလိုက်ပါ ငါ့ရဲ့ ထမင်းပန်းကန်က ပိုပြီး ကောင်းပါတယ်။ အနည်းဆုံးတော့ ငါက သူမထက် အသက်အနည်းငယ် ပိုငယ်တယ်လေ အမျိုးသားတွေက ငယ်ရွယ်မှုကို နှစ်သက်ကြတာ မဟုတ်ဘူးလား ဒါ့အပြင် သူမ နင့်ကို ပေးနိုင်တာမှန်သမျှ၊ ငါ ထန်မော့ရွှေ က နှစ်ဆ ပေးနိုင်ပါတယ်။"
"နင် လျှောက်ပြောနေတာပဲ။"
ရှယန်နန် ဒေါသကြောင့် တုန်ရီနေခဲ့ပြီး မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားခဲ့ရသည်။
ဘေးမှ ကြည့်နေသူများမှာမူ ရူးသွပ်မတတ် ဖြစ်နေကြလေပြီ။ ယခုအခြေအနေမှာ ထိပ်တန်း နတ်သမီးနှစ်ဦး ယဲ့ချန်ကို လုယူရန်အတွက် တိုက်ပွဲဖြစ်နေကြခြင်း ဖြစ်သည်။
ယတောက်... မင်းမှာ ဘာဆွဲဆောင်မှုတွေ ရှိနေလို့လဲ မင်းက မိစ္ဆာတစ်ကောင်လား။
'ဆရာကြီးယဲ့... ကျွန်တော် တကယ်ကို လေးစားမိပါတယ်ဗျာ မင်းရဲ့ သဘာဝလွန် စွမ်းအင်တွေက ကောင်းကင်တုန်ဟည်းမတတ် မြင့်မားရုံတင်မကဘဲ မိန်းကလေးတွေကို ဖမ်းစားတဲ့နေရာမှာလည်း နည်းလမ်းကောင်းတွေ ရှိတာပဲ။'
ဆရာကြီးစူးသည် လေးစားအားကျမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
'ငါ မင်းအရွယ်တုန်းကဆိုရင် ကလေးတစ်ယောက်လို ဖြူစင်နေတုန်းပဲ ဒီလိုမျိုး ကိစ္စတွေမှာ ဘယ်လိုလုပ်ပြီး ကျွမ်းကျင်ပါ့မလဲ။'
"အဟမ်း..."
ယဲ့ချန်က အမူအရာလုပ်ကာ အနည်းငယ် ချောင်းဆိုးလိုက်သည်။
"ထန်မော့ရွှေ ဒီမှာ လာပြီး အချိန်တွေ ဖြုန်းမနေပါနဲ့တော့။ ငါ အရင်ကတည်းက ပြောပြီးသားပါ၊ ဒီကမ္ဘာပေါ်မှာ မင်းတစ်ယောက်တည်းပဲ မိန်းကလေး ကျန်တော့ရင်တောင်မှ ငါ ယဲ့ချန် အနေနဲ့ အသက်ရှူကျပ်ပြီး သေသွားပါစေ အာသာဖြေရင်း သေသွားပါစေ အပြင်မှာပဲ သေသွားပါစေ အဆောက်အအုံပေါ်ကပဲ ခုန်ချသေသွားပါစေ မင်းကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ မင်း ပြန်လိုက်တော့။"
စကားပြောပြီးနောက် ယဲ့ချန်သည် သူ၏ သိုလှောင်ခန်းထဲမှ ကုသခြင်းအဆောင်တစ်ခုကို တိတ်တဆိတ် ထုတ်ယူလိုက်ပြီး ဝိညာဉ် စွမ်းအင်ဖြင့် တောက်ထုတ်ကာ မည်သူမျှ မရိပ်မိစေဘဲ ထန်မော့ရွှေ၏ အိတ်ကပ်ထဲသို့ တိတ်တဆိတ် ထည့်ပေးလိုက်သည်။
'ဟူး'
ထန်မော့ရွှေ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
ပြီးသွားပြီ ဖွင့်ပြောရတဲ့ ကိစ္စကတော့ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီ။
ဒါက တကယ်ကို ပင်ပန်းလွန်းလှသည်။
စိတ်ပျက်စရာ ကောင်းလှ၏။
သို့သော်လည်း သူမသည် အိတ်ကပ်ထဲရှိ ကုသခြင်းအဆောင်ကို တိတ်တဆိတ် စမ်းကြည့်လိုက်ရာ ရင်ထဲတွင် စိတ်သက်သာရာရမှု လုံခြုံမှုနှင့် အောင်မြင်မှုများကို ခံစားလိုက်ရသည်။
ကံကြမ္မာဆိုတာ အဓမ္မပြုကျင့်ခံရတာနဲ့ တူပါတယ်။ တကယ်လို့ မင်း မရုန်းကန်နိုင်ဘူးဆိုရင်တော့ ၎င်းကို ပျော်ရွှင်အောင် နေထိုင်တတ်ဖို့ သင်ယူရပါမယ်။
ကုသခြင်းအဆောင်ကို ရရှိပြီးပြီ ဖြစ်သည့်အတွက် ထန်မော့ရွှေသည် ရှယန်နန်နှင့် ဆက်လက်၍ တိုက်ပွဲဖြစ်ပွားရန် ရည်ရွယ်ချက်မရှိတော့ဘဲ ဘာစကားမှ မပြောတော့ဘဲ ဘေးသို့ ဆုတ်ခွာသွားခဲ့သည်။
"ယဲ့ချန်..."
ယဲ့ချန်က ထန်မော့ရွှေကို ဤမျှ ပြတ်ပြတ်သားသား ငြင်းပယ်လိုက်သည်ကို ကြားလိုက်ရသည့်အခါ ရှယန်နန်သည် ထိုနေရာ၌ပင် သူမ၏ ဝိညာဉ်ကို သူနှင့် ပေါင်းစည်းပစ်ချင်စိတ် ပေါက်သွားခဲ့ရသည်။
"ယန်နန်... စိတ်အေးအေးထားပါ ငါက လွယ်ကူတဲ့ ယောကျ်ားမျိူးမဟုတ်ပါဘူး။"
ယဲ့ချန်က အေးဆေးစွာ ဆိုလိုက်သည်။
"အင်း... အင်း ဆရာကြီးကို ယုံတယ် ဆရာကြီးက နောင်အနာဂတ်မှာ ဘယ်တော့မှ ဖောက်ပြန်မှာ မဟုတ်သလို လက်ထပ်ပြီးရင်လည်း အပြင်မှာ အရှုပ်အထွေးတွေ ရှိမှာမဟုတ်ဘူး။"
ရှယန်နန်၏ မျက်ဝန်းများ ခိုင်မာနေခဲ့ပြီး သူမ ၎င်းကို အလေးအနက် ယုံကြည်နေခဲ့သည်။
သခင်လေးစု ကျင်းဟန်နှင့် အခြားသူများမှာမူ ယဲ့ချန်၏ ရှေ့မှောက်တွင် ဒူးထောက်မတတ် ဖြစ်နေကြပြီ။
တီ...။ အိမ်ရှင်အနေဖြင့် တာဝန်ဖြစ်သော ထန်မော့ရွှေ၏ လူအများရှေ့ ဖွင့်ပြောမှုကို ငြင်းပယ်ရန် ကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။ နုပျိုခြင်းဆေးလုံး ၁၀ လုံး ရရှိပြီး ၎င်းတို့ကို သိုလှောင်ခန်းထဲတွင် အလိုအလျောက် သိမ်းဆည်းပေးလိုက်ပါပြီ။ ပြုပြင်ခြင်းစွမ်းအင် ၀ ရရှိပါသည်။ စနစ်ပြုပြင်မှု ပြီးစီးမှုနှုန်း ၃.၅၈% ဖြစ်ပါသည်။
'တကယ်ပဲ နုပျိုခြင်းဆေးလုံးတွေ ထပ်ထွက်လာတာပဲ ဒါက တကယ့် နည်းဗျူဟာပဲ ဟားဟား ကောင်းတယ်။'
ယဲ့ချန်လည်း ကျေနပ်အားရစွာဖြင့် စိတ်ထဲတွင် အော်ဟစ်လိုက်၏။
'ထန်မော့ရွှေ... ငါ မင်းကို လွယ်လွယ်နဲ့ လွှတ်ပေးမှာ မဟုတ်ဘူး။'
သို့သော် မည်သူက မည်သူ့ကို မလွှတ်ပေးသည်ကိုတော့ မသေချာပေ။ အမှန်အတိုင်း ပြောရလျှင် သူနှင့် ထန်မော့ရွှေတို့သည် မိမိတို့ လိုအပ်ချက်ကို အပြန်အလှန် ရယူနေကြခြင်းသာ ဖြစ်ပြီး နှစ်ဦးစလုံးက ၎င်းကို နားလည်ထားကြ၏။
"ဆရာကြီးစူး ဒီကောင်က ကြီးကြီးကျယ်ကျယ် စကားတွေ ပြောနေတာဗျာ သူက ဆရာကြီးစူးကို အထင်သေးနေတာ ဆရာကြီးစူးအနေနဲ့ သူ့ကို ဆုံးမပေးဖို့ ကျွန်တော် တောင်းဆိုပါတယ် ခင်ဗျာ။"
ဤအခိုက်အတန့်တွင် မနာလိုမှုများကြောင့် ဒေါသတောက်လောင်နေသော သခင်လေးစုက ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ကျင်းဟန်နှင့် အခြားသူများလည်း ဆရာကြီးစူးက ယဲ့ချန်ကို သေအောင် ဆုံးမပစ်ရန် မျှော်လင့်နေကြသည်။
ဘာလို့လဲ ဘာလို့ လှပတဲ့ မိန်းကလေးတွေအားလုံးက မင်းကိုပဲ သဘောကျနေကြရတာလဲ ဒီနေ့ညမှာတော့ ဆရာကြီးစူးက အဓိက ဇာတ်ဆောင်ပဲ တကယ်လို့ ဆရာကြီးစူးသာ မင်းကို ဆုံးမချင်ရင် မင်း မသေရင်တောင် အရေပြားတစ်လွှာ ကွာကျသွားရလိမ့်မယ်။
"အဟမ်း..."
ဆရာကြီးစူးက အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်ပြီးနောက်ယဲ့ချန်၏ ထံသို့ ခြေလှမ်းအနည်းငယ် လှမ်းလာခဲ့ပြီး သူ၏ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။
"ဆရာကြီးစူး... သူ့ကို ဖျက်ဆီးပစ်လိုက်ပါ။"
သခင်လေးစု အံကြိတ်လိုက်၏။
"စုလွမ်... ပါးစပ်ပိတ်ထားစမ်း။"
ဆရာကြီးစူး၏ အကြည့်မှာ မီးရှူးတိုင်တစ်ခုကဲ့သို့ တောက်ပနေခဲ့ပြီး သခင်လေးစုထံသို့ တိုက်ရိုက် ရောက်ရှိသွားခဲ့သည်။ သခင်လေးစုမှာ ထိတ်လန့်လွန်းသဖြင့် ကိုယ်ခန္ဓာ တုန်ခါသွားခဲ့ရပြီး မျက်နှာ ဖြူလျော်သွားကာ ဘာသံမှ မထွက်ရဲတော့ပေ။
"ဆရာကြီးယဲ့..."
ရုတ်တရက် ဆရာကြီးစူးသည် ယဲ့ချန်ကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းများ ခိုင်မာနေကာ သူ၏ အမူအရာမှာ အလွန်ပင် ရိုသေကိုင်းရှိုင်းနေခဲ့သည်။
ဤ ဆရာကြီးယဲ့ဟု ခေါ်ဆိုလိုက်သောအသံမှာ ထိုနေရာ၌ပင် လက်ပစ်ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်စေသဖြင့် လူတိုင်းကို ဆွံ့အသွားစေခဲ့ရသည်။
"ဆရာကြီးစူး... မင်း ဘာတွေ ထပ်လုပ်ချင်နေပြန်တာလဲ။"
ယဲ့ချန် စကားမဲ့သွားခဲ့ရ၏။
"ဆရာကြီးယဲ့... ဇီချန်းအနေနဲ့ ဆရာ့ရဲ့ ရှေ့မှောက်မှာ ဆရာကြီးလို့ ကိုယ့်ကိုယ်ကိုယ် မခေါ်ရဲပါဘူး..."
စူးဇီချန်းက ညွတ်တွဲစွာဖြင့် အလေးအနက် ဦးညွှတ်လိုက်၏။
"ဆရာကြီးယဲ့ အနေနဲ့ ကရုဏာသက်သောအားဖြင့်... ဇီချန်းကို တပည့်အဖြစ် လက်ခံပေးဖို့ တောင်းဆိုပါတယ် ခင်ဗျာ။"
တိတ်ဆိတ်ခြင်း။ တိတ်ဆိတ်ခြင်း။ လုံးဝ တိတ်ဆိတ်သွားခဲ့ရသည်။ အပ်တစ်ချောင်း ကျသံကိုပင် ကြားရလုနီးပါး ဖြစ်သွားခဲ့ရ၏။
"တပည့်အဖြစ် လက်ခံရမယ် ဟုတ်လား အဲဒီစိတ်ကူးကို လက်လွှတ်လိုက်စမ်း။"
ယဲ့ချန်က နှာခေါင်းရှုံ့လိုက်၏။
"ငါ့ရဲ့ နက်ရှိုင်းပြီး သူများကို မပြသတဲ့ လျှို့ဝှက်ချက်တွေကို မင်းလိုမျိုး အရှိန်အဝါ ပြသရတာကို နှစ်သက်တဲ့သူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး ထိခွင့်ပေးမှာလဲ။"
ဤအခိုက်အတန့်တွင် စူးဇီချန်း၏ ဦးနှောက်မှာ လျင်မြန်စွာ အလုပ်လုပ်နေခဲ့၏။ သူသည် ပြီးခဲ့သည့်အကြိမ်က ယဲ့ချန် သွေးစားသရဲ ကို သတ်ဖြတ်ခဲ့သည့် အနှိုင်းမဲ့ နည်းလမ်းများကို မိမိမျက်စိဖြင့် တပ်အပ် မြင်တွေ့ခဲ့ဖူးသည်။
ထို့ပြင် ယနေ့ညတွင် ထန်မော့ရွှေက ယဲ့ချန်အပေါ် ထားရှိသော အမူအရာကို ကြည့်ခြင်းအားဖြင့် ထိုကုသခြင်းအဆောင်မှာ ဤသခင်လေး၏ လက်ရာဖြစ်ကြောင်း ခန့်မှန်းရန် မခက်ခဲပေ။
ဤကဲ့သို့သော နတ်ဘုရားနှင့်တူသော အမျိုးသားတစ်ဦး၏ နောင်အနာဂတ် လမ်းကြောင်းမှာ စူးဇီချန်း၏ စိတ်ကူးစိတ်သန်းထက် များစွာ ကျော်လွန်နေမည်မှာ သေချာသည်။ အကယ်၍ သူသာ အခွင့်အရေးကို စောစောစီးစီး မဆုပ်ကိုင်နိုင်ခဲ့ပါက နောင်တွင် နောက်ထပ် အခွင့်အရေး ရှိတော့မည်မဟုတ်ကြောင်း သူ စိုးရိမ်မိသည်။
ဆရာကြီးစူးသည်လည်း ပြတ်သားစွာ အရေးယူတတ်သော လူတစ်ယောက် ဖြစ်၏။ သူသည် ရုတ်တရက် ယဲ့ချန်၏ ရှေ့သို့ မျက်နှာမူလိုက်ပြီး ဒူးနှစ်ဖက်လုံးကို မြေပြင်ပေါ်သို့ ဘုန်းခနဲ ကျရောက်စေကာ ဒူးထောက်ချလိုက်တော့သည်။
"ဆရာကြီးယဲ့... တကယ်လို့ ဆရာကြီးအနေနဲ့ ဒီနေ့ည ကျွန်တော့်ကို တပည့်အဖြစ် လက်မခံဘူးဆိုရင် ကျွန်တော် ဒီနေရာမှာပဲ ဒူးထောက်နေပြီး ဘယ်တော့မှ ပြန်မထတော့ပါဘူး ခင်ဗျာ ဆရာကြီးယဲ့... ကျေးဇူးပြုပြီး ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါဦး ခင်ဗျာ။"
ထိုနေရာရှိ လေထုမှာ အလွန်ပင် ပါးလွှာသွားခဲ့သကဲ့သို့ ရှိတော့သည်။ အသက်ရှူရန်ပင် မလုံလောက်တော့သကဲ့သို့ ဖြစ်ရ၏။ လူတိုင်း၏ ဦးနှောက်များမှာ အောက်ဆီဂျင် လုံးဝ ပြတ်တောက်သွားခဲ့ကြရပြီး။ ခေါင်းများ မူးဝေနောက်ကျိ သွားခဲ့ကြရတော့သည်။