← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) ဗိုက်ထဲက သရဲသရဲ...

ထန်မော့ရွှေက လူအများရှေ့တွင် ယဲ့ချန် ကို ရိုးသားစွာ ဖွင့်ပြောခဲ့ပြီး မညှာမတာ အငြင်းပယ်ခံခဲ့ရခြင်းမှာ ထိုနေရာ၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ ဖြစ်စေခဲ့လျှင်ဆရာကြီးစူး၏ တပည့်အဖြစ် ခံယူရန် ဒူးထောက်တောင်းပန်ခြင်း ဇွတ်အတင်း ပူဆာပြီး ခါးခါးသီးသီး တောင်းပန်နေခြင်းမှာ ပြင်းအား ၁၂ အဆင့်ရှိ ငလျင်တစ်ခုပင် ဖြစ်တော့သည်။

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။"အမျိုးသားတစ်ဦး၏ ဒူးနှစ်ဖက်မှာ ရွှေထက်တန်ဖိုးရှိသည်" ဟု။ ဆိုလိုသည်မှာ သာမန်လူတစ်ဦးသည် မလိုအပ်ဘဲ မည်သူ့ကိုမျှ ဒူးထောက်မည် မဟုတ်ပေ။

ဒါ့အပြင် ဤသူက ဆရာကြီးစူးဖြစ်နေခြင်းပင်။ရေတွက်၍မရနိုင်သော သူဌေးကြီးများာ၏ ဂုဏ်သရေရှိ ဧည့်သည်တော်အဖြစ် ဆက်ဆံခြင်းခံရသည့် ဆရာကြီးစူး အထက်တန်းလွှာ စကားဝိုင်းများတွင် အမြဲတမ်း ဆွေးနွေးခြင်းခံရသည့် အရှိန်အဝါကြီးမားသူကြီး ဖြစ်သည်။

ကျင်းဟန်နှင့် အခြားသူများမှာ တကယ့်ကို ရူးသွပ်မတတ် ဖြစ်နေကြလေပြီ။ ၎င်းတို့၏ သေးငယ်လှသော ဦးနှောက်စွမ်းရည်ဖြင့် လက်ရှိဖြစ်ပျက်နေသည်များကို လုံးဝ နားမလည်နိုင်ကြတော့ပေ။ သို့သော် ဤအခိုက်အတန့်တွင် ၎င်းတို့သည် စောစောက ရှယန်နန် အလေးအနက် ပြောခဲ့သည့် စကားကို ရုတ်တရက် သတိရသွားကြတော့သည်။

သူမက ယဲ့ချန်နှင့် မထိုက်တန်ကြောင်း သူမကသာ အမြင့်ကို လှမ်းတက်နေရခြင်းဖြစ်ကြောင်း ပြောခဲ့ခြင်းပင်။

ယခုကြည့်ရသည်မှာ ရှယန်နန်က လိမ်ညာပြောဆိုခဲ့ခြင်း မဟုတ်ပေ။

ရှယန်နန်မှာမူ သဘာဝကျကျပင် အလွန်အမင်း ဝမ်းသာအားရ ဖြစ်နေခဲ့၏။

သူမ၏ ဆရာကြီးမှာ ထူးခြားလှသည်ကို သူမ သိရှိသော်လည်း ဤမျှအထိ ထူးခြားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် လူ့လောကထက် လုံးဝ သာလွန်လွန်းလှသည်။ ထန်မော့ရွှေလည်း ဆွံ့အသွားခဲ့ရသည်။

ဆရာကြီးစူး၏ စရိုက်ကို သူမ သိရှိသည်။ သူက အလွန်ပင် ထောင်လွှားပြီး အရှိန်အဝါ ပြသရတာကို နှစ်သက်သူတစ်ဦး ဖြစ်၏။ စူးဇီချန်းကိုယ်တိုင်ပင် ဒူးထောက်သွားခဲ့ရပြီဆိုလျှင် ယဲ့ချန်က မည်မျှအထိ ကြောက်မက်ဖွယ် ကောင်းနေမည်နည်း။

စုလွမ်တစ်ကိုယ်လုံး တုန်ခါသွားခဲ့ရသည်။ သူသည် မိမိအနေဖြင့် မရန်စသင့်သော ပုဂ္ဂိုလ်တစ်ဦးကို ရန်စမိပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း သူသည် အဆုံးတွင်တော့ ထန်မြို့တော်ရှိ စုမိသားစုမှ သခင်လေးတစ်ဦး ဖြစ်သည်။ ဆရာကြီးစူး ပင်လျှင် စုမိသားစုကို မျက်နှာသာ အနည်းငယ် ပေးရသည်မဟုတ်ပါလား။

"အာ... ဆရာကြီးယဲ့ဟုတ်လား ခင်ဗျာ။ စိတ်မရှိပါနဲ့ ကျွန်တော် စောစောက ဆရာ့ရဲ့ ကြီးမြတ်မှုကို မသိဘဲ စော်ကားမိသွားပါတယ်။ ဆရာကြီးအနေနဲ့ စိတ်ထဲမထားဖို့ မျှော်လင့်ပါတယ် ခင်ဗျာ။"

စုလွမ်က မနှိမ့်ချလွန်း မထောင်လွှားလွန်းသော အမူအရာဖြင့် ပြောလိုက်၏။

ယဲ့ချန်က စုလွမ်ကို ပြန်လည်တုံ့ပြန်ရန် စိတ်မဝင်စားပေ။ သူ၏ သာမန်စရိုက်အတိုင်းဆိုလျှင် ဤကဲ့သို့သော ဆိုးသွမ်းသည့် သခင်လေးစုကို နင်းခြေပစ်ရန် အခွင့်အရေးယူပြီး၊ ဆုလာဘ်အချို့ ထွက်ပေါ်လာစေရန် တာဝန်တစ်ခုကို စတင်စေကောင်း စတင်စေလိမ့်မည်။

သို့သော် ယနေ့ညတွင်မူ သူ စိတ်မဝင်စားပေ။အဘယ်ကြောင့်ဆိုသော် ယဲ့ချန်၏ အမြင်တွင် ဤလူသည် လက်တွေ့၌ လူသေတစ်ယောက် ဖြစ်နေပြီ ဖြစ်သောကြောင့်ပင်။

"ဆရာကြီးယဲ့ခင်ဗျာ..."

ဆရာကြီးစူးက ယဲ့ချန်ကို မျက်ရည်များဝဲလျက် ကြည့်လိုက်သည်။

"စူးဇီချန်း... မင်းရဲ့ အရေပြားက မြို့ရိုးထက်တောင် ပိုပြီး ထူနေတာပဲနော်။"

ယဲ့ချန်လည်း အနည်းငယ် စကားမဲ့သွားခဲ့ရသည်။ အမှန်အတိုင်း ပြောရလျှင် စူးဇီချန်း က သူ၏ အသက်အရွယ်ဖြင့် လူအများရှေ့တွင် မိမိအား ဒူးထောက်တောင်းပန်နေခြင်းမှာ ယဲ့ချန်ကို အနည်းငယ် အနေရခက်စေသည်။ အဆုံးမှာတော့ သူသည် သာမန်မိသားစုနှင့် လုပ်ငန်းခွင်နောက်ခံမှ လာသူဖြစ်ပြီး အခြားသူများကို အာဏာပြတတ်သည့် အကျင့်ဆိုးများ မရှိသေးပေ။

"မင်း ပြန်ထဖို့ စိတ်ကူးမရှိဘူးလား။"

ယဲ့ချန်မျက်မှောင်ကြုတ်လိုက်၏။

"တကယ်လို့ ဆရာကြီးယဲ့ အနေနဲ့ ဒီနေ့ည ဇီချန်းကို တပည့်အဖြစ် လက်မခံဘူးဆိုရင် ဇီချန်းသေတဲ့အထိ ဒီနေရာမှာပဲ ဒူးထောက်နေပါ့မယ်။ ဇီချန်း ပြောရင် ပြောတဲ့အတိုင်း လုပ်တတ်တဲ့သူပါ။"

စူးဇီချန်းက ရေနွေးပူကို မကြောက်တဲ့ ဝက်သေတစ်ကောင်လို အမူအရာမျိုးဖြင့် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

"ဆရာကြီး... သူ့ကို တပည့်အဖြစ် လက်ခံပေးလိုက်ပါလားဟင်..."

ရှယန်နန်ပင် ဆက်ပြီး ကြည့်မနေနိုင်တော့ပေ။ တပည့်အဖြစ် လက်ခံရန်မှာ မဖြစ်နိုင်ပေဤဘဝတွင် ဘယ်တော့မှ ဖြစ်လာလိမ့်မည် မဟုတ်။ သို့သော် စူးဇီချန်းကို ဤနေရာတွင် ဆက်တိုက် ဒူးထောက်ခိုင်းထား၍လည်း မရသည်မဟုတ်ပါလား။

ယဲ့ချန်မျက်မှောင်ကြုတ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် သခင်လေးစု ထံသို့ ကြည့်လိုက်ရာ သူ၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အမူအရာတစ်ခု ဖြတ်ပြေးသွားခဲ့သည်။

"စူးဇီချန်း... မင်းက ငါ့ကို တပည့်အဖြစ် လက်ခံပေးဖို့ ဇွတ်တောင်းဆိုနေတယ်ဆိုရင်အဲဒါက မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။"

စူးဇီချန်းအလွန်အမင်း ဝမ်းသာသွားခဲ့ပြီး ဆရာအား တရားဝင် ဂါရဝပြုရန်အတွက် ဦးချတော့မည့်အချိန်တွင် ယဲ့ချန်က ဆက်လက်ပြောကြားခဲ့သည်။

"ဒါပေမဲ့ တာအိုဆိုတာ လွယ်လွယ်ကူကူ လက်ဆင့်ကမ်းလို့ မရဘူး။ လွယ်လွယ်ကူကူ လက်ဆင့်ကမ်းလိုက်ရင် အဲဒါက စစ်မှန်တဲ့ တာအိုမဟုတ်တော့ဘူး။ မင်း နိယာမကို နားလည်သင့်တယ်။"

"ဟုတ်ကဲ့ပါ၊ ဇီချန်းနားလည်ပါတယ် ခင်ဗျာ။"

စူးဇီချန်းအလျင်အမြန် ခေါင်းငြိမ့်လိုက်သည်။

"ဒီလိုလုပ်ကြရအောင် တကယ်လို့ မင်း ငါ့ရဲ့ စမ်းသပ်မှုကို အောင်မြင်ရင် ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်။"

ယဲ့ချန်က ပြုံးလျက် ဆိုလိုက်၏။

"စမ်းသပ်မှု ဟုတ်လား ဆရာကြီးယဲ့ တပည့်ဖြစ်သူကို ဘယ်လိုမျိုး စမ်းသပ်ဖို့ ရည်ရွယ်ထားပါသလဲ ခင်ဗျာ။"

နောက်ဆုံးတွင် မျှော်လင့်ချက်အချို့ ရှိလာခဲ့ပြီး ယဲ့ချန်၏ သဘောထား ပျော့ပျောင်းသွားခဲ့သည့်အတွက် စူးဇီချန်းမှာ သဘာဝကျကျပင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ပြီး စမ်းသပ်ရန် အသင့်ဖြစ်နေခဲ့သည်။

"ဒီသခင်လေးစုဆိုတဲ့သူက မင်းဆီကို သရဲဖမ်းဖို့နဲ့ မိစ္ဆာတွေကို မောင်းထုတ်ဖို့အတွက် လာခဲ့တာ ဖြစ်ရမယ်။"

ယဲ့ချန်က သခင်လေးစုကို ကြည့်လိုက်၏။

"တကယ်လို့ မင်း သူ့အပေါ်မှာ ကပ်ညှိနေတဲ့ သရဲကို ရှာဖွေဖော်ထုတ်နိုင်ပြီး နှိမ်နင်းနိုင်မယ်ဆိုရင်... ငါ မင်းကို တပည့်အဖြစ် လက်ခံမယ်။"

မှန်ပေသည်။ ယဲ့ချန်ဤသခင်လေးစု ကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်တွင် သူ၏ ယင်-ယန်မျက်လုံးကို ဖွင့်ရန်ပင် မလိုဘဲ သူ၏ ကိုယ်ပေါ်ရှိ အေးစက်လှသော သရဲစွမ်းအင်များကို ခံစားလိုက်ရခြင်း ဖြစ်သည်။ဤလူသည် သရဲပူးကပ်ခြင်းကို ခံထားရခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းမှာ သာမန်သရဲတစ်ကောင် မဟုတ်ပေ။

ယဲ့ချန်၏ စကားကို ကြားလိုက်ရသည့်အခါ ထန်မော့ရွှေ၊ ကျင်းဟန်နှင့် အခြားသူများအားလုံး ၎င်းတို့၏ ဦးရေပြားများ ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။ ဤသခင်လေးစု မှာ လုံးဝ သာမန်လူတစ်ယောက်ကဲ့သို့ ရှိနေပြီးသူ၏ ခန္ဓာကိုယ်မှာ သာမန်လူများနှင့် မခြားနားလှပေ။ သူ၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေမှာလည်း ပုံမှန်ပင် ဖြစ်သည်။

သူက တကယ်ပဲ သရဲပူးခြင်း ခံထားရတာ ဟုတ်လား။ သရဲ ဟုတ်လား။

ထန်မော့ရွှေ၊ ကျင်းဟန်နှင့် အခြားသူများမှာ ဤကဲ့သို့သောအရာကို တစ်ခါမျှ မမြင်တွေ့ဖူးကြပေ။ ဤကမ္ဘာပေါ်တွင် သရဲများ တကယ်ပဲ ရှိနေကြတာလား။

ရှယန်နန် ၏ သရဲမိစ္ဆာများအပေါ် ခုခံနိုင်စွမ်းမှာ ယခုအခါ တော်တော်လေး မြင့်မားနေပြီ ဖြစ်၏။ အဆုံးမှာတော့ သူမသည် ယဲ့ချန်နှင့်အတူ ကြီးမားသော မုန်တိုင်းများကို ဖြတ်ကျော်ဖူးသောကြောင့်ပင်။

"ဟုတ်ကဲ့ပါ ဆရာကြီးယဲ့ စုလွမ်က တကယ်ပဲ သရဲစွမ်းအင်တွေရဲ့ ပတ်သက်မှုကို ခံထားရတာပါ။"

စူးဇီချန်းက အလေးအနက် ထောက်ခံကာ ခေါင်းငြိမ့်လိုက်ပြီးနောက် စုလွမ်ကို ကြည့်လိုက်သည်။

"စုလွမ်.. အမှန်အတိုင်း ပြောစမ်း၊ ဘာတွေ ဖြစ်နေတာလဲ။"

"စူးဇီချန်း ... အရင်ဆုံး ထလိုက်ဦး။ ငါ ယဲ့ချန် က ပြောရင် ပြောတဲ့အတိုင်း လုပ်တဲ့သူပါ။ တကယ်လို့ မင်း ငါပြောတာကို ပြီးမြောက်အောင် လုပ်နိုင်ရင် ငါ မင်းကို နောက်ထပ် စကားတစ်ခွန်းမှ မပြောဘဲ တပည့်အဖြစ် လက်ခံမယ်။"

ယဲ့ချန်၏ မျက်ဝန်းများထဲတွင် နောက်ပြောင်လိုသော အမူအရာများဖြင့် ပြည့်နှက်နေခဲ့သည်။

"ဟုတ်ကဲ့ပါ ခင်ဗျာ။"

စူးဇီချန်းသူ၏ အားအင်အားလုံးကို စုစည်းပြီး မတ်တပ်ရပ်လိုက်သည်။

"ဆရာကြီးစူး ကယ်ပါဦး ကျွန်တော့်ရဲ့ အသက်ကို ကယ်ပေးပါဦး။"

သခင်လေးစု အလျင်အမြန် ပြောလိုက်၏။ သူ ခဏမျှ ရပ်တန့်လိုက်ပြီးသူ၏ ဗိုက်ကို ငုံ့ကြည့်ကာ သူ၏ အမူအရာမှာ အလွန်ပင် ကြောက်လန့်နေခဲ့ပြီး တုန်ရီနေသောအသံဖြင့် ဆိုလိုက်သည်။

"ဆရာကြီးဇူ ... လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက ကျွန်တော့်ရဲ့ အစားအသောက် စားချင်စိတ်က နေ့တိုင်း အကြီးအကျယ် မြင့်တက်လာခဲ့တာပါ။ ပြီးတော့ သန်းခေါင်ယံအချိန် ရောက်တိုင်း ကျွန်တော် အရမ်း ဆာလောင်လွန်းလို့ ရင်ဘတ်နဲ့ ကျောနဲ့ ကပ်မတတ် ဖြစ်သွားခဲ့ရပြီး အဆက်မပြတ် စားနေခဲ့ရပါတယ်... အဆက်မပြတ် စားနေရတာပါ... ဒါပေမဲ့ စားလေလေ ပိုပြီး ဆာလောင်လေလေ ဖြစ်နေခဲ့တာပါ... ဒါက တကယ့်ကို နှိပ်စက်မှုကြီးတစ်ခုပါပဲ..."

"ကျွန်တော် ဆေးရုံကို သွားပြီး စစ်ဆေးမှုတွေ လုပ်ခဲ့ပေမဲ့ ခန္ဓာကိုယ်မှာ ဘာမှမရှိဘူးလို့ ပြောကြတယ်... အစာအိမ်မှန်ပြောင်းလည်း ကြည့်ဖူးတယ် အားလုံး အဆင်ပြေပါတယ်..."

စုလွမ် အလွန်ပင် စိတ်သောက ရောက်နေခဲ့သည်။

"ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာဆိုရင် အိပ်ပျော်နေတုန်း သရဲစီးတာမျိုးကိုတောင် ခံစားခဲ့ရတယ်... ဒီကိစ္စကို ဆက်ပြီး ဆွဲဆန့်ထားလို့ မရတော့ဘူးဆိုတာ ကျွန်တော် သိလိုက်တယ်။ ဆရာကြီးစူး ထန်မြို့တော် ကနေ ထွက်ခွာပြီး ယန်မြို့တော်ကို ရောက်လာတယ်လို့ ကြားတာနဲ့ ကျွန်တော့်ကို ကယ်တင်ပေးဖို့အတွက် အမြန်ဆုံး ပြေးလာခဲ့တာပါ ခင်ဗျာဆရာကြီးစူး... အမှန်အတိုင်း ပြောရရင် ကျွန်တော် အရမ်း ကြောက်နေပါပြီ။"

စုလွမ်ကြောက်ရွံ့နေခဲ့သော်လည်း မျှော်လင့်ချက်မဲ့နေခြင်းမျိုး မဟုတ်ပေ။

အထူးသဖြင့် ဆရာကြီးစူးကို မြင်တွေ့လိုက်ရသည့်နောက်တွင် သူ ပိုမို စိတ်သက်သာရာရသွားခဲ့သည်။ သခင်လေးစု၏ ပြောကြားချက်ကို ကြားလိုက်ရသည့်အခါ ထိုနေရာရှိ လူတိုင်း ၎င်းတို့၏ ဆံပင်များ ထောင်ထသွားသကဲ့သို့ ခံစားလိုက်ကြရ၏။ ဤအခိုက်အတန့်တွင် ညဉ့်နက်နေပြီဖြစ်ကာ ကောင်းကင်ကြီးမှာ ပိုက်ကွန်တစ်ခုဖြင့် ဖုံးအုပ်ထားသကဲ့သို့ မှောင်မိုက်ပြီး မွန်းကြပ်နေခဲ့သဖြင့် အသက်ရှူရန် ခက်ခဲစေသည်။

"အင်း... ဒီဆရာကြီး နားလည်ပါပြီ။"

သခင်လေးစု ၏ ရှေ့မှောက်တွင် စူးဇီချန်း သည် အမူအရာလုပ်ကာ ကျွမ်းကျင်သူတစ်ဦး၏ ပုံစံကို ထိန်းသိမ်းထားဆဲ ဖြစ်သည်။

"မင်းရဲ့ ဗိုက်ထဲမှာ သရဲတစ်ကောင် ရှိနေတာပဲ။"

"အားးးး"

စုလွန်ကြောက်လွန်းသဖြင့် ဆီးထွက်မတတ် ဖြစ်သွားခဲ့ရ၏။

"ဒါပေမဲ့... ဒီဆရာကြီးအနေနဲ့ ဒီသရဲကို နှိမ်နင်းနိုင်ဖို့အတွက် ယုံကြည်ချက် ရှိပါတယ်။"

စူးဇီချန်း၏ မျက်ဝန်းထဲတွင် ယုံကြည်မှုများ ဖြတ်ပြေးသွားခဲ့ပြီးနောက် ယဲ့ချန်ကို ရိုသေစွာ ကြည့်လိုက်သည်။

"ဆရာကြီးယဲ့... ကျွန်တော့်မှာ အစီအစဉ် ရှိပါတယ် ခင်ဗျာ။"

"အဲဒီလိုလား။"

ယဲ့ချန်နောက်ပြောင်လိုသော အပြုံးဖြင့် ပြုံးလိုက်သည်။

"မင်း အောင်မြင်ဖို့ ဘယ်လောက် ရာခိုင်နှုန်း ရှိလဲ။"

စူးဇီချန်းခဏမျှ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။

"အနည်းဆုံးတော့ ၇၀ ရာခိုင်နှုန်း ရှိပါတယ် ခင်ဗျာ။"

"ကောင်းတယ် ကောင်းတယ် ကျွန်တော် အသက်ရှင်ရပြီ။"

စုလွမ်မှာ အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာခဲ့သကဲ့သို့ ဝမ်းသာအားရဖြင့် တစ်ကိုယ်လုံး တုန်ခါနေခဲ့သည်။

"ဆရာကြီးယဲ့.. သီးသန့်အခန်းထဲကို ရွှေ့ကြရအောင်ပါ... တပည့်ဖြစ်သူက အခန်းထဲမှာ စုလွမ်၏ ဗိုက်ထဲက သရဲကို မောင်းထုတ်ပေးပါ့မယ်။"

စူးဇီချန်းက ဆိုလိုက်၏။

"ကောင်းပြီ။"

ယဲ့ချန်ခေါင်းငြိမ့်လိုက်သည်။ ချက်ချင်းဆိုသလိုပင် စူးဇီချန်းသည် ယဲ့ချန်ကို သီးသန့်အခန်းထဲသို့ ဖိတ်ခေါ်လိုက်သည်။ ရှယန်နန်သည် ယဲ့ချန် ၏ နောက်ကွယ်မှ ကပ်လျက် လိုက်ပါသွားခဲ့သည်။ ထန်မော့ရွှေခဏမျှ စဉ်းစားလိုက်ပြီးနောက် သီးသန့်အခန်းထဲသို့ လိုက်ပါ ဝင်ရောက်သွားခဲ့သည်။

"ဆရာကြီးစူးက သရဲဖမ်းတော့မှာ ဟုတ်လား ဒါက ဘဝမှာ တစ်ခါမှ ကြုံရခဲတဲ့ အခွင့်အရေးပဲ သွားကြစို့ သွားကြစို့ ငါတို့လည်း သွားပြီး ကြည့်ရအောင်။"

ရှယန်နန်၏ အတန်းဖော်တစ်ဦးက မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

"ဟုတ်တယ် အားလုံး အတူတူ သွားကြည့်ကြရအောင်။ ဆရာကြီးစူး ရှိနေတာပဲ ဘာမှ မှားယွင်းမှာ မဟုတ်ပါဘူး။"

ကျင်းဟန်က သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်သည်။

"ဒါနဲ့... အဲဒီကောင်က တကယ်ပဲ ဆရာကြီးစူးကို နှိမ်နင်းနိုင်တဲ့ စွမ်းရည် ရှိတာလား ဒါမှမဟုတ် သူက အရှိန်အဝါ အလဟဿ ပြနေပြီး နာမည်ပဲရှိပြီး အနှစ်မရှိတဲ့သူလားဆိုတာကိုလည်း စောင့်ကြည့်ရသေးတာပေါ့။"

ချက်ချင်းပင် ရှယန်နန် ၏ အတန်းဖော်များသည် သီးသန့်အခန်းထဲသို့ အုန်းခနဲ တိုးဝှေ့ဝင်ရောက်သွားကြတော့၏။ အခန်းမှာ ဤမျှလောက်များပြားသော လူများကို ဆံ့လောက်အောင် ကျယ်ဝန်းလှသည်။

စူးဇီချန်းသည် ကုလားထိုင်တစ်လုံးကို အင်တိုက်အားတိုက် ရွှေ့ပေးလိုက်ပြီး ယဲ့ချန် ကို ထိုင်ရန် ဖိတ်ခေါ်လိုက်သည်။

ယခုအချိန်တွင် ယဲ့ချန်မှာ စာမေးပွဲစစ်ဆေးသူတစ်ဦးနှင့် တူနေခဲ့သည်။ စူးဇီချန်းမှာမူ စာမေးပွဲဖြေဆိုနေသည့် ကျောင်းသားတစ်ဦးကဲ့သို့ အလွန်ပင် စိုးရိမ်ပူပန်နေခဲ့ရသည်။

ရှယန်နန်သည် မိမိဘာသာ ကုလားထိုင်တစ်လုံးကို ရှာဖွေကာ ယဲ့ချန် ၏ ဘေးတွင် ထိုင်လိုက်ပြီး အခြားသူများမှာမူ မတ်တပ်ရပ်နေခဲ့ကြသည်။

သခင်လေးစုက စားပွဲဘေးတွင် မတ်တပ်ရပ်နေခဲ့သည်။

"စုလွမ်... မင်းရဲ့ အင်္ကျီကို ချွတ်လိုက်စမ်း။"

ဆရာကြီးစူး က အမိန့်ပေးလိုက်သည်။ အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသဖြင့် သခင်လေးစုသည် အချိန်ဆွဲမနေတော့ဘဲ သူ၏ အင်္ကျီကို အဆင်သင့် ချွတ်ပစ်လိုက်သည်။

ဤအခိုက်အတန့်တွင် သူ၏ ဗိုက်ပတ်လည်၌ ဗိုက်ချပ်ပတ်တီးတစ်ခုကို စည်းနှောင်ထားသည်ကို လူတိုင်း မြင်တွေ့လိုက်ကြရသည်။ သခင်လေးစု သည် ဗိုက်ချပ်ပတ်တီးကို ဖြည်လိုက်ရာ ရုတ်တရက် သူ၏ ဗိုက်အောက်ပိုင်းမှာ ဆယ်လသား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကဲ့သို့ အပြင်သို့ အကြီးအကျယ် ထွက်ပေါ်လာခဲ့သည်။

၎င်းမှာ အလွန်ပင် ထူးဆန်းလှပြီး လူများကို ကြောက်လန့်စေ၏။

စူးဇီချန်းသည် သူ၏ ရင်ဘတ်ထဲမှ အဆောသ်များ ရေးဆွဲထားသည့် ခြောက်သွေ့သော မိုးမခရွက်တစ်ခုကို ထုတ်ယူလိုက်ပြီး သူ၏ မျက်ခွံများပေါ်တွင် ဆက်တိုက် ပွတ်သပ်နေခဲ့သည်။

မကြာမီ သူ၏ သူငယ်အိမ်များထဲတွင် အားနည်းသော အလင်းရောင်အချို့ တောက်ပလာခဲ့သည်။ စူးဇီချန်းသည် သခင်လေးစု၏ ဗိုက်ကို သေချာစွာ စိုက်ကြည့်လိုက်ပြီးကြည့်ရင်းဖြင့် ခေါင်းကို တဆက်ဆက် ငြိမ့်လိုက်သည်။

"ငါ မြင်ပြီ ငါ ဒီတစ်ကြိမ်တော့ သေချာပေါက် မြင်ပြီ ဟုတ်တယ် ဟုတ်တယ် ဒီဆရာကြီး အခု သိသွားပြီ။"

အချိန်အတော်ကြာ ကြည့်ရှုပြီးနောက် ဆရာကြီးဇူသည် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ယဲ့ချန်ကို ရိုသေစွာ ပြောလိုက်သည်။

"ဆရာကြီးယဲ့... တပည့်ဖြစ်သူက စုလွမ်၏ ဗိုက်ထဲက သရဲကို သေချာပေါက် မြင်တွေ့လိုက်ရပြီး အတည်ပြုနိုင်ပါပြီ ခင်ဗျာ။ ဒီတစ်ကြိမ်တော့ ဆယ်ပုံကိုးပုံ သေချာပါတယ်။"

"ကြည့်ရတာ မင်း ဒီတစ်ကြိမ်တော့ တကယ်ပဲ ယုံကြည်ချက် ရှိနေတာပဲနော်။"

ယဲ့ချန်က ပြုံးလျက် ဆိုလိုက်၏။

"ဒါဆိုရင် ပြောပြစမ်းပါ။"

"တပည့်ဖြစ်သူ ထင်မမှားဘူးဆိုရင်တော့... စုလွမ်ရဲ့ဗိုက်ထဲမှာ ရှိနေတာက ငတ်မွတ်ခြင်းသရဲဖြစ်ရပါမယ်။"

စူးဇီချန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ဘာလို့လဲဆိုတော့ ဒီသရဲက အလွန်ဆာလောင်နေတဲ့အတွက် လူတွေရဲ့ ဝိညာဉ်သုံးပါးနဲ့ အသက်လိပ်ပြာ ခုနစ်ပါးကို စားသုံးရတာကို နှစ်သက်တာကြောင့်ပါ။ လူတစ်ယောက်ကို မသတ်ဖြတ်ခင်မှာ ၎င်းက သားကောင်ရဲ့ ဗိုက်ထဲမှာ ကပ်ညှိနေတတ်ပြီး သားကောင်ကို နေ့တိုင်း အလွန်အမင်း ဆာလောင်စေကာ အစွမ်းကုန် စားသောက်အောင် တွန်းအားပေးတတ်ပြီး နောက်ဆုံးမှာတော့ သူတို့တွေ စားရင်းနဲ့ပဲ သေဆုံးသွားကြရတာပါ။"

"အဲဒီလူ သေဆုံးသွားပြီးနောက်မှာတော့ ငတ်မွတ်ခြင်းသရဲက သူတို့ရဲ့ ဝိညာဉ်သုံးပါးနဲ့ အသက်လိပ်ပြာ ခုနစ်ပါးကို စားသုံးပစ်တာ ဖြစ်ပါတယ်။ တကယ်လို့ သာမန်လူတစ်ယောက်က ငတ်မွတ်ခြင်းသရဲနဲ့ တွေ့ဆုံမိရင် သေချာပေါက် သေဆုံးရမှာပါ ဒါပေမဲ့ တပည့်ဖြစ်သူ မိမိမျက်စိနဲ့ တပ်အပ် မြင်တွေ့ခဲ့ရတာကတော့... စုလွမ်၏ ဗိုက်ထဲက ငတ်မွတ်ခြင်းသရဲက အလွန်ပင် သေးငယ်လှပြီး မွေးကင်းစကလေးငယ်တစ်ဦးလိုပဲ ရှိပါသေးတယ်။ သေးငယ်တဲ့ သရဲလေးတစ်ကောင်သာ ဖြစ်ရပါမယ် ဒါကြောင့်စုလွမ်က လပေါင်းများစွာ ပတ်သက်မှုကို ခံထားရပေမဲ့ အခုထိ အသက်ရှင်နေသေးတာ ဖြစ်ပါတယ်။"

စူးဇီချန်းက ပြောလေလေ ပိုမို ယုံကြည်မှု ရှိလာလေလေ ဖြစ်ပြီး ခေါင်းကို တခါခါ လုပ်နေခဲ့သည်။

"တကယ်လို့ ဒါက ကြောက်မက်ဖွယ်ကောင်းတဲ့ သရဲရိုင်းတစ်ကောင်သာ ဖြစ်နေမယ်ဆိုရင် စုလွမ်အနေနဲ့ တစ်ပတ်တောင် ခံနိုင်မှာ မဟုတ်ပါဘူး။ သူ လွန်ခဲ့တဲ့အချိန်ကတည်းက သေဆုံးသွားခဲ့ရမှာဖြစ်ပြီး သူ၏ ဝိညာဉ်သုံးပါးနဲ့ အသက်လိပ်ပြာ ခုနစ်ပါးလည်း ဝါးမြိုခြင်း ခံထားရလောက်ပါပြီ။"

စူးဇီချန်းစိတ်လှုပ်ရှားလာခဲ့သည်။

"တပည့်ဖြစ်သူမှာ လွန်ခဲ့တဲ့အချိန်က ငတ်မွတ်ခြင်းသရဲကို နှိမ်နင်းခဲ့ဖူးတဲ့ အတွေ့အကြုံ ရှိခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကျွန်တော် စုလွနမ်၏ ဗိုက်ထဲက သရဲအသေးစားလေးကို သေချာပေါက် အမြစ်ပြတ် သုတ်သင်နိုင်မှာပါ ခင်ဗျာ။ ကျွန်တော် ဒီသရဲကို နှိမ်နင်းနိုင်တာနဲ့တစ်ပြိုင်နက်... တပည့်ဖြစ်သူ ဆရာကြီးယဲ့ ၏ တံခါးအောက်ကို ဝင်ရောက်ခွင့်ရတော့မှာ ဖြစ်ပါတယ် ဟားဟားဟားဟား။"

အဆုံးသတ်၌ စူးဇီချန်းမှာ အနည်းငယ်ပင် ကျေနပ်ဂုဏ်ယူနေခဲ့သည်။ မူလက သူသည် ယဲ့ချန်က မိမိအား မဖြစ်နိုင်သော စမ်းသပ်မှုတစ်ခုကို ပေးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။

ယခုကြည့်ရသည်မှာ ဤစမ်းသပ်မှုက အလွန်ပင် လွယ်ကူလှသည်။သို့မဟုတ် လက်တစ်ဖက်တည်းဖြင့်ပင် ဖြေရှင်းနိုင်သောအရာ ဖြစ်နေသည်။

"မင်းရဲ့ ဆုံးဖြတ်ချက်အပေါ် မင်း ဒီလောက်တောင် ယုံကြည်နေမှတော့... သွားပြီးတော့ လုပ်လိုက်စမ်းပါ။"

ယဲ့ချန်က ပြုံးလျက် ဆိုလိုက်သည်။

"ကောင်းပါပြီ တပည့်ဖြစ်သူ ငတ်မွတ်ခြင်းသရဲ ကို တားဆီးဖို့အတွက် သီးသန့်ရေးဆွဲထားတဲ့ အဆောင်ရှိပါတယ်။"

စူးဇီချန်းသည် သူ၏ အိတ်ထဲမှ ဝါးရောင်စက္ကူ အဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။ အဆောင်ပေါ်တွင် အားနည်းသော ဝိညာဉ် စွမ်းအင်အချို့ လှည့်ပတ်နေခဲ့သည်။

"ဆရာကြီး... သူ တကယ်ရော စွမ်းလို့လားဟင်။"

ရှယန်နန်က ယဲ့ချန်၏ နားနားတွင် တိုးတိုးလေး မေးလိုက်သည်။

ယဲ့ချန်က တည်ငြိမ်စွာ ပြောလိုက်သည်။

"ဒီလူကတော့ ပုံမှန် ရေတစ်ဝက်ပဲပါပြီး အသံမြည်နေတဲ့ ပုလင်းမျိုးပဲလေ... သူက သာမန် သရဲသရဲမိစ္ဆာတွေကိုတော့ သဘာဝကျကျ သတ်နိုင်ပါတယ် ဒါပေမဲ့ နည်းနည်းလောက် ပိုပြီး စွမ်းအားကြီးတာနဲ့ ကြုံရင်တော့ သူ ကန်းကန်းကုတ်ကုတ်နဲ့ ရမ်းမှန်းရုံပဲ ရှိတာပေါ့။ ငါလည်း မြင်ပြီးပါပြီ။ အဲဒီသခင်လေးစု ၏ ဗိုက်ထဲက သရဲက ငတ်မွတ်ခြင်းသရဲ လုံးဝ မဟုတ်ဘူး။ ဒါက... ငတ်မွတ်ခြင်းသရဲထက် ပိုပြီးတော့ ကြောက်ဖို့ကောင်းကာ ပိုပြီး မိစ္ဆာဆန်ပြီး ပိုပြီး ရက်စက်တဲ့ သရဲအမျိုးအစား ဖြစ်နေတာ။"

ယဲ့ချန်သည် မိမိအနေဖြင့် သရဲဖမ်းရခြင်းနှင့် မိစ္ဆာများကို မောင်းထုတ်ရခြင်းကို နှစ်သက်ကြောင်း ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤအလုပ်ကို လုပ်ကိုင်ခြင်းက အလွန်ပင် ကောင်းမွန်လှသော ဆုလာဘ်များကို ရရှိစေသောကြောင့်ပင် ဖြစ်သည်။ ယနေ့တွင်လည်း နောက်ထပ် ကြီးမားသော အလုပ်ကြီးတစ်ခု ဖြစ်နေခဲ့သည်။ စနစ်၏ သာမန်အလေ့အထအရ ဆိုလျှင်ကြည့်ရတာ သူ့အတွက် နောက်ထပ် သရဲတစ်ကောင် ထပ်ပြီး ထွက်လာစေဦးမှာကို စိုးရိမ်မိသည်။

ဤအခိုက်အတန့်တွင် စူးဇီချန်းသည် အဆောင်ကို လက်ထဲတွင် ကိုင်ဆောင်ထားပြီး နှုတ်မှ ဂါထာမန္တန်များကို ရွတ်ဖတ်ရင်း သခင်လေးစု ၏ ဘေးပတ်လည်တွင် လှည့်ပတ်နေခဲ့ကာရုတ်တရက် အော်ဟစ်လိုက်ပြီး သူ၏ လက်ထဲတွင် ရွှေရောင်အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့ကာ အဆောင်ပြားကို သခင်လေးစု၏ ဖောင်းကားနေသော ဗိုက်အောက်ပိုင်းပေါ်သို့ ဖြတ်ရိုက်လိုက်တော့သည်။

ဝိညာဉ် စွမ်းအင်များ၏ ထိတွေ့မှုနှင့်အတူ အဆောင်သည် ချက်ချင်းပင် ရွှေရောင်အလင်းတန်းတစ်ခုအသွင်သို့ ပြောင်းလဲသွားခဲ့ပြီး အားနည်းစွာဖြင့် ဖားလောင်းသဏ္ဌာန် မန္တန်စာလုံးအချို့ ဖြတ်ပြေးသွားခဲ့ကြသည်။

၎င်းမှာ အလွန်ပင် ကြည့်ကောင်းလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဤမန္တန်စာလုံးများအားလုံး သခင်လေးစု၏ ဗိုက်ထဲသို့ တိုးဝင်သွားကြတော့သည်။

"ငတ်မွတ်ခြင်းသရဲလေး... မင်း ဒီနေ့ အရှုံးမပေးသေးဘူးလား။"

စူးဇီချန်းက တရားမျှတမှု အရှိန်အဝါများဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သီးသန့်အခန်းထဲတွင် ထန်မော့ရွှေ ၊ ကျင်းဟန် နှင့် အခြားသူများအားလုံး စူးဇီချန်း ၏ အလွန်မိုက်လှသော နည်းလမ်းများကြောင့် ဆွံ့အသွားခဲ့ကြရပြီး တစ်ယောက်ပြီးတစ်ယောက် အော်ဟစ်အားပေး ကြတော့၏။

ဆရာကြီးတစ်ဦးက ဘယ်လိုလုပ်ပြီး လူလိမ်တစ်ယောက် ဖြစ်နိုင်ပါ့မည်နည်း။

All Chapters